အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရား
Vol. 87 Ch. 1217
ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားမီးနဂါးမီးလျှံ၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရှစ်ဆယ်ထရီလီယံ။
ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားမီးအဏုမြူနတ်ဘုရားမီး၊ ကိုးဆယ့်ငါးထရီလီယံအဆင့်နိမ့်နတ်ဘုရားကျောက်တုံး။
ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားမီးရောင်စုံမြက်နတ်ဘုရားမီး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံ။
နတ်ဘုရားမီးရဲ့ဈေးနှုန်းက ကြီးမားလွန်းတယ်။ ကြယ်သုံးလုံးအဆင့်မြင့်ကို ရောက်ရှိလာပြီးနောက် တစ်ရာထရီလီယံပတ်လည်မှာ ရှိတယ်။
ဒါက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အများစုရဲ့အသားတင်ကြွယ်ဝမှုတစ်ခုလုံးနဲ့ ညီမျှတယ်။
အဆုံးမှာတော့ လီဖူချန်းက ရောင်စုံမြက်နတ်ဘုရားမီးကို ရွေးချယ်ခဲ့တာပေါ့။
တစ်ရာထရီလီယံလောက်က သူ့အတွက် ပြဿနာမရှိပါဘူး။
ရောင်စုံမြက်နတ်ဘုရားမီးကို ရရှိပြီးနောက် လီဖူချန်းက ၎င်းကို မီးနတ်ဘုရားစွမ်းအားထဲသို့ ချက်ချင်း ပေါင်းစပ်ခဲ့တယ်။
"ခံစားရတာ အံ့မခန်းပါလား"
ရောင်စုံမြက်နတ်ဘုရားမီးကို ပေါင်းစပ်ပြီးနောက် သူ့ရဲ့မီးတာအိုနတ်ဘုရားစွမ်းအားက အဆတစ်ရာပိုသန်မာလာတာကို လီဖူချန်းက ခံစားမိတယ်။ အရင်က သူ့ရဲ့မီးတာအိုနတ်ဘုရားစွမ်းအားက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာသာရှိပေမယ့် အခုဆိုရင် သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရုတ်ချည်းမြင့်တက်လာခဲ့ပြီလေ။
ဖြောက်.....
လက်ဖျောက်တီးလိုက်ရာ လီဖူချန်းရဲ့လက်ချောင်းထိပ်ဖျားတွေပေါ်မှာ ပုံဆောင်ခဲနဲ့တူတဲ့မီးလျှံတစ်ခုက ထွက်ပေါ်လာပြီး ယိုယမ်းဒီယိမ်းနဲ့ လှုပ်ရှားထကြွနေတော့တယ်။
"မျှော်လင့်ထားသလို အလုပ်ဖြစ်ပါစေကွာ"
လီဖူချန်းက မျှော်လင့်ချက်အပြည့်ဖြစ်နေတယ်။
အချိန်အတော်ကြာလှည့်လည်ပြီးနောက် လီဖူချန်းက အသက်နယ်ပယ်ကို တိုးစေနိုင်တဲ့ထိပ်တန်းအဆင့်ဆေးတွေ သန့်စင်ဖို့အတွက် အဓိကပစ္စည်းကို မမြင်တွေ့ခဲ့ပါဘူး။
"ကြည့်ရတာတော့ ငါက သာမန်နတ်ဘုရားဆေးလုံးတွေကိုပဲ ဆက်ဝါးမျိုရမယ့်ပုံပဲ"
လီဖူချန်းက တည်းခိုခန်းသို့ ပြန်လာတယ်။
……
ခြံဝင်းရှိ ဆေးခန်းမ။
"ဒီလောက်တောင်လွှမ်းမိုးနိုင်ပါလား၊ ငါက အဆင့်နိမ့်ကြယ်သုံးလုံးထူးကဲအရည်အသွေးနတ်ဘုရားဆေးကို တကယ်သန့်စင်နိုင်ခဲ့တာပဲ"
ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားမီးရဲ့အစွမ်းက လီဖူချန်းရဲ့မျှော်မှန်းချက်တွေကို ကျော်လွန်ခဲ့တာပဲ။
အတိတ်မှာတုန်းက လီဖူချန်းက ထူးကဲအရည်အသွေးအဆင့်နိမ့်ကြယ်သုံးလုံးနတ်ဘုရားဆေးကိုပဲ သန့်စင်နိုင်ခဲ့တာလေ။
"ဒီအဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံက အချည်းနှီးတော့ မဖြစ်သွားပါဘူးလေ" လီဖူချန်းက ပြုံးလိုက်တယ်။
နောက်တော့ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးကို စတင်သန့်စင်ခဲ့တယ်။
အတိတ်မှာ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်သာမန်အရည်အသွေးနတ်ဘုရားဆေးကိုပဲ သန့်စင်နိုင်ခဲ့တာ။
ဒါပေမယ့် အဲ့တုန်းက သူ့ကို မီးတာအိုနတ်ဘုရားစွမ်းအားလုံလုံလောက်လောက်မသန်မာမှုကပဲ ကန့်သတ်ထားခဲ့တာ။ သို့မဟုတ်ရင် ကြယ်သုံးလုံးအလယ်ဆင့်ပျမ်းမျှအရည်အသွေးနတ်ဘုရားဆေးကို သန့်စင်ရတာ ခက်ခဲမှာမဟုတ်ဘူးလို့ လီဖူချန်းက ခံစားမိတယ်။
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးလုံးပထမအသုတ်ကို ထုတ်လိုက်ချိန်မှာတော့ လီဖူချန်းက ပြုံးလိုက်မိရပြန်တယ်။
ဒီတစ်ခါမှာတော့ သူက အဆုံးစွန်းအရည်အသွေးနတ်ဘုရားဆေးကို မသန့်စင်နိုင်ခဲ့ပေမယ့် မဆိုးပါဘူး။ ဒီကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေအားလုံးက ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေခဲ့တယ်။
အခြစကားဖြင့်ဆိုရရင် အပြင်လူတွေရဲ့မျက်လုံးထဲမှာ သူက အခုဆိုရင် ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးဆရာတစ်ယောက်ဖြစ်နေပြီပေါ့။
ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို သန့်စင်ဖို့ အလျင်မလိုဘဲ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးကို ဆက်လက်သန့်စင်ခဲ့တယ်။
ဆယ်သုတ်၊ အသုတ်နှစ်ဆယ်၊ အသုတ်သုံးဆယ်......
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတစ်သုတ်ကို ထုတ်လိုက်တယ်၊ လီဖူချန်းရဲ့ဆေးနည်းစနစ်တွေက ပိုပိုကျွမ်းကျင်လာပြီး ရေးတေးတေးမှုန်ဝါးဝါးသဘောတရားတစ်ခုက လီဖူချန်းရဲ့စိတ်ထဲမှာ အချိန်နဲ့အမျှ ထွက်ပေါ်လာနေတော့တယ်။
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးလေးဆယ့်ရှစ်ကြိမ်မြောက်အသုတ်။ ဒီတစ်ခါမှာတော့ နတ်ဘုရားဆေးတွေအားလုံးက အမြင့်ဆုံးအရည်အသွေးရှိတယ်။
အတိတ်မှာ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးအဆုံးစွန်းအရည်အသွေးကိုလဲ သန့်စင်နိုင်ခဲ့ပေမယ့် အများဆုံးတစ်လုံးမျှပဲ။
လေးဆယ့်ကိုး၊ ငါးဆယ့်ငါး.......
နောက်ထပ်အသုတ်အနည်းငယ်ထဲမှာ ချွင်းချက်မဲ့အဆင့်မြင့်ဆုံးအရည်အသွေးနတ်ဘုရားဆေးတွေပါပဲ။
ဒီနေရာမှာ အဆင့်မြင့်ဆေးဆရာတစ်ယောက်ရှိရင် လီဖူချန်းရဲ့တည်ငြိမ်မှုကို မြင်ပြီး သေချာပေါက် ထိတ်လန့်သွားပေလိမ့်မယ်။
ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးကို သန့်စင်ပြီးနောက် ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေး။
ပထမဆုံးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးအသုတ်က သာမန်အရည်အသွေးနတ်ဘုရားဆေးတွေသာဖြစ်တယ်။
အသုတ်အနည်းငယ်ပြီးနောက် ပျမ်းမျှအရည်အသွေးဆေးအဖြစ် ပြောင်းလဲလာခဲ့တယ်။
အသုတ်ဒါဇင်အနည်းငယ်ပြီးနောက် ထူးကဲအရည်အသွေးနတ်ဘုရားဆေးကို ရရှိလာခဲ့တယ်။
ဒါပေမယ့် အသုတ်ရာအနည်းငယ်ပြီးနောက် ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို မသန့်စင်နိုင်ခဲ့ပါဘူး။
နတ်ဘုရားဆေးတွေရဲ့အဆင့်တိုးလာတာနဲ့အမျှ သန့်စင်ခြင်းအခက်အခဲက တိုးလာလိမ့်မယ်ဆိုတာ လီဖူချန်းက သိတယ်၊ တကယ်တော့ ရောင်စုံမြက်နတ်ဘုရားမီးက ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားမီးသာဖြစ်တယ်လေ။
"အသက်နယ်ပယ်ကို တိုးတဲ့ ဆေးတွေ သန့်စင်ဖို့အချိန်ကျပြီ"
အသက်နယ်ပယ်ကို တိုးစေတဲ့ဆေးတွေက သန့်စင်ရတာ ခက်ခဲတယ်။
အသက်နယ်ပယ်ကို တိုးစေတဲ့ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးနှစ်မျိုးသာရှိတယ်၊ တစ်ခုက သွေးမြေနတ်ဘုရားဆေး၊ နောက်တစ်ခုက ပုလင်အသက်အားဆေး။
အမှားတစ်စုံတစ်ရာမရှိဘဲ လီဖူချန်းက သွေးမြေနတ်ဘုရားဆေးတစ်အိုးနဲ့ ပုလင်အသက်အားဆေးတစ်အိုးကို သန့်စင်နိုင်ခဲ့တယ်။
ဒိီနတ်ဘုရားဆေးနှစ်မျိုးလုံးက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့အသက်နယ်ပယ်ကို တိုးစေနိုင်တယ်။ ဆေးအညွှန်းအရ သွေးမြေနတ်ဘုရားဆေးခြောက်ထောင်က အသက်နယ်ပယ်ကို အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ထိ တိုးစေနိုင်ပြီး ပုလင်အသက်အားနတ်ဘုရားဆေးလေးထောင်က အသက်နယ်ပယ်ကို အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ တိုးစေနိုင်တယ်။
ပုလင်အသက်အားဆေးရဲ့အစွမ်းအာနိသင်က သွေးမြေနတ်ဘုရားဆေးထက် ပိုကောင်းမှန်းသိသာတယ်။
ဒါပေမယ့် ပုလင်အသက်အားဆေးကို သန့်စင်ဖို့ ပစ္စည်းအမြောက်အများလိုအပ်တယ်၊ သန့်စင်ခြင်းအခက်အခဲကလဲ အများကြီးရှိတယ်။
နောက်ဆုံးအကြိမ်အတွေ့အကြုံနဲ့အတူ ဒီတစ်ခါမှာတော့ လီဖူချန်းက သွေးမြေနတ်ဘုရားတစ်ထောင်ကို ဦးစွာသန့်စင်ခဲ့တယ်။
သွေးမြေနတ်ဘုရားဆေးလုံးတစ်ထောင်ကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အမြောက်အများတိုးတက်လာခဲ့ပြီး အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားစဦးအခြေအနေမှ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားပျမ်းမျှအခြေအနေအထိ ရောက်ရှိလာခဲ့တယ်။
"လုံလောက်တာ သေချာတယ်၊ စုပ်ယူခြင်းထိရောက်မှုက နှစ်ဆဖြစ်လာနေပြီ"
လီဖူချန်းက သွေးမြေနတ်ဘုရားဆေးကို ဆက်လက်အသုံးပြုနေရင် သက်ရောက်မှုက ပိုပိုဆိုးလာပါလိမ့်မယ်။
နတ်ဘုရားဆေးတစ်ခုဖြစ်သရွေ့ ခုခံမှုတစ်ခုရှိတယ်ဆိုတာ သဘာဝပါပဲ။ မင်းက အချိန်တိုအတွင်း အများကြီးအသုံးပြုခဲ့ရင် သန်မာတဲ့ခုခံမှုကို ဖြစ်ပေါ်စေလိမ့်မယ်။ အခြားအကြာကြီးမှ တစ်လုံးနှစ်လုံးပဲဆိုရင် ဒီလိုပြဿနာရှိလာမှာမဟုတ်ပါဘူး။
"အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနှောင်းပိုင်းအခြေအနေကို အရင်ရောက်အောင် လုပ်ရမယ်"
လီဖူချန်းက သွေးမြေနတ်ဘုရားဆေးတစ်ထောင်ကို သန့်စင်ခဲ့တယ်။
သွေးမြေနတ်ဘုရဆေးတစ်ထောင်ကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထွတ်အထိပ်သို့ တိုးတက်လာခဲ့ပြီး နှောင်းပိုင်းနယ်ပယ်ကို ရောက်ရှိဖို့ နည်းနည်းလေးပဲ လိုတော့တယ်။
"ဒါ ဆိုးလွန်းပါတယ်ကွာ"
လီဖူချန်းက ခေါင်းခါယမ်းလိုက်မိတယ်။
သွေးမြေနတ်ဘုရားဆေးကို သန့်စင်ပြီးနောက် လီဖူချန်းက ပုလင်အသက်အားဆေးကို စတင်သန့်စင်ခဲ့တယ်။
အသက်တစ်ခါရှုချိန်အတွင်း လီဖူချန်းက ပုလင်အသက်အားဆေးတစ်ထောင့်ငါးရာကို သန့်စင်ခဲ့တယ်။
အုန်း......
ပုလင်အသက်အားဆေးကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့အသက်နယ်ပယ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်အဆင့်သို့ ချိုးဖြတ်ခဲ့တယ်။ အသက်အနှစ်သာရတိုးတက်လာမှုက လီဖူချန်းကို အတော်လေးသက်သောင့်သက်သာရှိစေခဲ့ယ်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက စမ်းချောင်းတစ်ခုထဲမှာ စိမ်နေသလိုပါပဲ။
အသံတစ်ဝက်ကြာပြီးနောက် လီဖူချန်းရဲ့မျက်လုံးတွေက တောက်ပလာတယ်။
ဓားတာအိုနတ်ဘုရားစွမ်းအားက နောက်ထပ်ချိုးဖြတ်ဖို့အချိန်ပဲ။
မူလအဆုံးစွန်းခုတ်ချက်၊ စပ်ကြောင်းမဲ့ခုတ်ချက်နဲ့ ထာဝရတည်မြဲခြင်းဓားချီတို့ကို အဆုံးစွန်းအထိ မြှင့်တင်ပြီးနောက် လီဖူချန်းရဲ့ခွန်အားက ကြီးကြီးမားမားတိုးတက်လာခဲ့တယ်။ သူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ဆီးနှင်းခဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လောက် မကောင်းသေးပေမယ့် ကွာဟချက်က မကြီးပါဘူး၊ သို့မဟုတ်ရင် သူက မျက်နှာဖုံးစွပ်ကို ဓားတစ်ချက်တည်းနဲ့ ဘယ်သတ်နိုင်ပါ့မလဲ။
အခု သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ချိုးဖြတ်တော့မယ်ဆိုတော့ လီဖူချန်းက သူ့ခွန်အားဘယ်အတိုးအတာအထိ ရောက်ရှိမလဲကို မျှော်လင့်စောင့်စားနေတော့တယ်။
ဟွမ်ဖုန်မြို့က အပြင်ကမ္ဘာနဲ့ သီးခြားဖြစ်မနေဘူး၊ လီဖူချန်းရဲ့ချိုးဖြတ်မှုက ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ အာရုံအများကြီးကို မဆွဲဆောင်နိုင်ပါဘူး။
ဟွမ်ဖုန်မြို့ထဲမှာ သန်မာတဲ့သူတွေများစွာရှိတယ်၊ ပိုင်နက်နတ်ဘုရားများစွာ၊ မရေမတွက်နိုင်လောက်တဲ့ဆန်းကြယ်နတ်ဘုရားတွေ၊ နေရာတိုင်းမှာရှိတဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေ။
အခိုက်အတန့်တိုင်းမှာ မရေမတွက်နိုင်တဲ့သူတွေက နယ်ပယ်ချိုးဖြတ်နေတယ်လို့ ပြောနိုင်တယ်။
လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့ချိုးဖြတ်မှုက ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ဆန်းကြယ်နတ်ဘုရားထက် ကြီးမားဖို့က မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် လီဖူချန်းက ခြံဝင်းထဲမှာပဲ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို တိုးတက်စေခဲ့တယ်။
အုန်း......
ကြောက်စရာကောင်းတဲ့နတ်ဘုရားချီ(အသက်အား)အလင်းတန်းက ကောင်းကင်မှ ဆင်းသက်လာတယ်၊ ချီ(အသက်အား)တွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနေသလို နတ်ဘုရားဥပဒေသတွေကလဲ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့တယ်။
ဒီဥပဒေသတွေမရှိရင် လီဖူချန်းက အောင်မြင်စွာ ချိုးဖြတ်နိုင်လိမ့်မှာမဟုတ်ပါဘူး။
တစ်ချိန်တည်းမှာ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကြီးမားတဲ့ပမာဏတစ်ခုကို ယူထုတ်ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေထဲရှ်ိချီ(အသက်အား)ကို စတင်စုပ်ယူခဲ့တယ်။
တစ်ရာထရီလီယံ၊ နှစ်ရာထရီလီယံ၊ သုံးရာထရီလီယံ......
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အောက်ခြေမရှိတဲ့တွင်းတစ်ခုနဲ့တူတယ်၊ နတ်ဘုရားကမ္ဘာရဲ့ချီ(အသက်အား)နဲ့ နတ်ဘုရားကျောက်တုံးရဲ့ချီ(အသက်အား)တို့ကို အရူးအမူးဝါးမျိုနေတော့တယ်။
ဘယ်လောက်ကြာသလဲတော့မသိ၊ နတ်ဘုရားချီ(အသက်အား)အလင်းတန်းက တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကျင့်ကြံခြင်းအခြေခံက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ တည်ငြိမ်လာခဲ့တယ်။
ဒီအချိန်မှာ သူက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးခုနှစ်ရာထရီလီယံနဲ့ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံတို့ကို သုံးစွဲခဲ့ပြီဖြစ်တယ်၊ နတ်ဘုရားကျောက်တုံးအရေအတွက်က မလုံလောက်မှုနီးပါးပါပဲ။
ရလဒ်အနေနဲ့ လီဖူချန်းမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံနဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံးဘီလီယံအချို့သာ ကျန်တော့တယ်။
ဒါပေမယ့် ဒါတွေအားလုံးက ထိုက်တန်ပါတယ်လေ။ လက်ရှိအချိန်မှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်ခြောက်မှ အဆင့်ခုနှစ်အထိ တိုးလာခဲ့ပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၈ဘီလီယံကို ရောက်ရှိလာခဲ့တယ်၊ ဒါက နှစ်ဆကျော်သွားတာပဲ။
နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဆဆိုရင် ခွန်အားက ဆယ်ဆဆိုတာ မင်း သိရမယ်။ ဒါဆို ပြောကြည့်ရအောင်၊ လီဖူချန်းရဲ့ဓားတာအိုခွန်အားက ယခင်ကထက် ဆယ်ဆကျော်ပိုသန်မာလာတာပေါ့။
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ချိုးဖြတ်ပြီဆိုတော့ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားရဲ့အလှည့်ပေါ့။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသေးငယ်တဲ့ပမာဏတစ်ခုကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့နေရာလပ်-အချိန်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်အထိ ချိုးဖြတ်လာခဲ့တယ်။
လီဖူချန်းရဲ့နေရာလပ်-အချိန်ခွန်အားက အဆဒါဇင်ကျော်တိုးလာတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ တကယ်တိုက်ခိုက်ရင် နေရာလပ်-အချိန်ခွန်အားက ဓားတာအိုခွန်အားကို မရှုံးပါဘူး။ အိမ်မက်ပမာဘဝစီးမျောခြင်းက မင်းကို ကျယ်ပြောကာအဆုံးမဲ့တဲ့နေရာလပ်-အချိန်ထဲကို ခေါ်သွားပြီး မင်းရဲ့အသက်ကို နေရာလပ်-အချိန်စွမ်းအားက တိုက်စားသွားပေလိမ့်မယ်၊ နေရာလပ်-အချိန်ဖြတ်တောက်ခြင်းက မင်းနဲ့မင်းရှိနေတဲ့နေရာလပ်-အချိန်ကို နှစ်ပိုင်းဖြတ်နိုင်တယ်၊ ရန်သူက မင်းထက် အဆဒါဇင်ကျော်ပိုမသန်မာရင် နေရာလပ်-အချိန်ထာဝရတည်မြဲခြင်းက မင်းကို မသေဖို့ အာမခံတယ်။
အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့ကြယ်လိုက်ဖမ်းခြင်းရှိတယ်ဆိုတာ ဖော်ပြစရာမလိုပါဘူး။
လီဖူချန်းက ယုံကြည်ချက်ရှိတယ်။ ဒီအချိန်မှာ သူက ကြယ်လိုက်ဖမ်းခြင်းကို သုံးရင် အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအများစုက သူ့ကို လိုက်မမီနိုင်ဘူးလို့ပေါ့။
လက်တစ်ချောင်းဆန့်ထုတ်လိုက်ရာ လီဖူချန်းကသာမြင်နိုင်တဲ့နေရာလပ်-အချိန်သေတ္တာတစ်ခုက လက်ချောင်းထိပ်ဖျားမှ ထွက်ပေါ်လာတယ်။
နေရာလပ်-အချိန်သေတ္တာက ပိုကြီးလာပြီး လီဖူချန်းက ဝင်ရောက်သွားခဲ့တယ်။
ချက်ချင်းပဲ လီဖူချန်းက နေရာလပ်-အချိန်ထဲရှိဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့တယ်။ ဒီနေရာလပ်-အချိန်က အလွန်ကျယ်ပြန့်ပြီး ဟွမ်ဖုန်မြို့တစ်ခုလုံးထက် ပိုကြီးတယ်။
ဒါက အစစ်အမှန်နေရာလပ်-အချိန်ဆိုတာ သိရမယ်။
အစစ်အမှန်နေရာလပ်အချိန်ဖြစ်တာကြောင့် နေရာလပ်-အချိန်သေတ္တာထဲရှိနေရာလပ်-အချိန်က အရမ်းမကြီးဘူး၊ ဟွမ်ဖုန်မြို့ထက် အနည်းငယ်သာ ပိုကြီးတယ်၊။
"ဒါက နည်းနည်းမတည်မြဲသလိုပဲ။ ဘယ်အဆင့်ရောက်မှပဲ အမြဲတမ်းတည်ရှိတဲ့နေရာလပ်-အချိန်တစ်ခုကို ဖန်တီးနိုင်မလဲ ငါ မသိဘူး"
အခုဆိုရင် လီဖူချန်းဖန်တီးခဲ့တဲ့နေရာလပ်-အချိန်က ပူဖောင်းတစ်ခုပမာ အချိန်တစ်ခုအထိသာ တည်ရှိနိုင်တယ်။
***