← Chapters

လိုဏ်ဂူတစ်ရာဓားပိုင်နက်

Vol. 87 Ch. 1218

လိုဏ်ဂူတစ်ရာဓားပိုင်နက်

Vol. 87 Ch. 1218

ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားချိုးဖြတ်မှုက လီဖူချန်းရဲ့နတ်ဘုရားကျောက်တုံးကိုးဆယ်ရာခိုင်နှုန်းကျော်ကို သုံးစွဲခဲ့ပြီးဖြစ်တယ်၊ လီဖူချန်းက နတ်ဘုရားကျောက်တုံးတွေထပ်ရဖို့ နည်းလမ်းတစ်ခုကို ရှာဖွေရတော့မှာပါ။

ဒါပေမယ့် လီဖူချန်းက အလျင်မလိုပါဘူး၊ သူ့မှာ နတ်ဘုရားကျောက်တုံးတွေရဖို့ နည်းလမ်းကောင်းတစ်ခုရှိတယ်။

ဒါက နတ်ဘုရားဆေးတွေ ရောင်းချတာပဲ။

ဟွမ်ဖုန်မြို့ထဲမှာ သာမန်အရည်အသွေးကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးဆယ်သန်းပတ်လည်ရှိတယ်၊ ပျမ်းမျှအရည်အသွေးကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်သန်းခန့်ရှိတယ်။ အဆုံးစွန်းအရည်အသွေးကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးရဲ့တန်ဖိုးကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ‌နဲ့ ရောင်းချနိုင်တယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

တစ်လုံးဆိုရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ၊ တစ်ထောင်ဆိုရင် တစ်ထရီလီယံ၊ တစ်သောင်းဆိုရင် တစ်ဆယ်ထရီလီယံ။

သူက အခြားကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေနဲ့ မတူပါဘူး။ သူ့ရဲ့စိတ်ဝိညာဉ်အဆင့်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာရှိပြီး အဲဒါက သူ့ကို ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေကို အချိန်အကြာကြီး သန့်စင်နိုင်စေတယ်။

ဒါကို စဉ်းစားပြီးနောက် လီဖူချန်းက သူသန့်စင်နိုင်တဲ့ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေအားလုံးကို စတင်သန့်စင်ခဲ့တယ်။

လီဖူချန်းရဲ့စွမ်းဆောင်နိုင်စွမ်းက အလွန်မြင့်တယ်။ ပျမ်းမျှအားဖြင့် သူက တစ်ရက်တွင်း ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးသုံးထောင်ကျော်ကို သန့်စင်နိုင်တယ်။ နှစ်လအတွင်းမှာ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးနှစ်သိန်းကျော်ကို သန့်စင်ခဲ့တယ်။

"အခုက ရောင်းချဖို့အချိန်ပဲ"

လီဖူချန်းမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး‌နည်းနည်းပဲ ကျန်တယ်။ တကယ်တော့ နတ်ဘုရားဆေးတွေသန့်စင်တာက ပစ္စည်းတွေ လိုအပ်တယ်။ ပစ္စည်းတွေဝယ်ဖို့အတွက်နဲ့ သူက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံကို သုံးစွဲခဲ့တယ်လေ။

ထျန်းတန်အိမ်တော်။

ဟွမ်ဖုန်မြို့ရဲ့ထိပ်တန်းအဆင့်နတ်ဘုရားဆေးဆိုင်ဆိုင်ထဲကတစ်ခု။

"ဟွမ်ယွဲ့ချီစိတ်ဝိညာဉ်နတ်ဘုရားဆေး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁.၅ဘီလီယံ။ ဖေးရွှယ်နတ်ဘုရားဆေး၊ အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံး၁.၈ဘီလီယံ။ လုံလီနတ်ဘုရားဆေး၊ အဆင့်နတ်နတ်ဘုရားကျောက်တုံးနှစ်ဘီလီယံ......ကဲဘယ်လိုလဲ"

ထျန်းတန်ဆိုင်ရှင်က ဈေးပေးခဲ့တယ်။

"ကောင်းပြီလေ၊ ဒီဈေးပေါ့"

လီဖူချန်းက ဟွမ်ဖုန်မြို့ထဲရှိထိပ်တန်းအဆင့်ဆေးဆိုင်ဆယ်ဆိုင်လုံးကို သွားရောက်ခဲ့ပြီဖြစ်တယ်၊ ဝယ်ဈေးက တူတူလောက်ပါပဲ။

ဒီလိုနဲ့ ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးနှစ်သိန်းနဲ့အတူ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာထရီလီယံကျော်ကို ရောင်းချခဲ့ပြီး သူက ပစ္စည်းတွေ ဝယ်ဖို့ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်ထရီလီယံပဲ အသုံးပြုခဲ့ရတယ်။

ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေ သန့်စင်မှုများတာကြောင့် ဖြစ်ရမယ်၊ နောက်ဆုံးမှာ လီဖူချန်းက ပြီးပြည့်စုံခြင်းအရည်အ‌သွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို သန့်စင်နိုင်လာပါပြီ။

ပြီးတော့ ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးက အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးငါးဘီလီယံကျော် ထိုက်တန်တယ်။

ဒါက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးတွေ ရောင်းချတာထက် ပိုက်ဆံတွေ ပိုရစေတယ်။

ဒါပေမယ့် ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို သန့်စင်ရတာက ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးကို သန့်စင်ရတာထက် ပိုဒုက္ခများတယ်။ လီဖူချန်းက တစ်နေ့မှာ ဆေးလုံးနှစ်ထောင်ကိုပဲ သန့်စင်နိုင်ပြီး တစ်လမှာ ဆေးလုံးခြောက်သိန်းကို သန့်စင်နိုင်တယ်။

ဒီကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးလုံးခြောက်သောင်းက လီဖူချန်းကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာထရီလီယံကျော် ယူလာပေးခဲ့တယ်။ ပစ္စည်းကုန်ကျစရိတ်ကို ဖယ်ထုတ်လိုက်ရင် သူက နှစ်ရာထရီလီယံကျော် အမြတ်ကျန်ပါတယ်။

လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ၊ နောက်ထပ်လဝက်တာ ကုန်ဆုံးသွားပြီး‌နောက် လီဖူချန်းက အဆုံးစွန်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရား‌ဆေးကို ‌နောက်ဆုံးမှာ သန့်စင်နိုင်ခဲ့တယ်။

အဆုံးစွန်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရား‌ဆေး‌တွေပါဝင်လာတာကြောင့် ဒီလမှာတော့ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးလေးရာထရီလီယံကျော်ကို ရရှိခဲ့တယ်။

စုစုပေါင်းအားဖြင့် လေးလအတွင်းမှာ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကို ရရှိခဲ့တယ်။

"ဆေးတာအိုကနေ နတ်ဘုရားကျောက်တုံးတွေ ရဖို့က အလွယ်လေးပဲနော်"

လီဖူချန်းက စိတ်ခံစားချက်အပြည့်နဲ့ သက်ပြင်းချလိုက်တယ်။

သူက စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှာ ‌သေမတတ်တိုက်ခိုက်ခဲ့ရပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကျော်သာ ရရှိခဲ့ပြီး သူကုန်ဆုံးခဲ့တဲ့အချိန်က လေးလကျော်တယ်။

အခု သူက ‌ခြံဝင်းထဲမှာ‌ နေပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကို ရရှိနိုင်တယ်။ နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်လေ။

ဒါပေမယ့် ဒါက သူဖြစ်လို့ပဲ။ သူ့နေရာမှာ အခြားဆေးဆရာတွေဆိုရင် နတ်ဘုရားကျောက်တုံးရရှိခြင်းအရှိန်က သူ့ထက် အဆတစ်ထောင်ပိုနှေးပါလိမ့်မယ်။

‌ဆေးလုံးသန့်စင်ခြင်းက အလွန်အားစိုက်ထုတ်ရပြီး စိတ်ဝိညာဉ်က လုံလုံလောက်လောက်မသန်မာရင် အလွယ်တကူမောပန်းရလိမ့်မယ်။

ထပ်ပြောရရင် သူတို့အနေနဲ့ အဲဒါကို ပြုလုပ်ဖို့က မဖြစ်နိုင်ဘူး။

ယေဘုယျပြောရရင် သာမန်ဆေးဆရာတွေက သာမန်အရည်အသွေးဆေးတွေကိုပဲ သန့်စင်နိုင်တယ်၊ ပိုအားကောင်းတဲ့ဆေးဆရာတွေက အလယ်ဆင့်အရည်အသွေးဆေးတွေကို ထုတ်လုပ်နိုင်တယ်။ ပြီးပြည့်စုံခြင်းအရည်အသွေးနတ်ဘုရားဆေးကို သန့်စင်နိုင်တာက ဆေးနတ်ဘုရားတွေဖြစ်တယ်။

လီဖူချန်းက အဆုံးစွန်းအရည်အသွေးနတ်ဘုရားတေးတစ်ရာခိုင်နှုန်းကို သန့်စင်နိုင်တယ်။ ဒါက ဆေးနတ်ဘုရားတွေကြားမှာ အလွန်ရှားပါးတဲ့တည်ရှိမှုတစ်ခုဖြစ်ပြီး တစ်သောင်းမှာ တစ်ယောက်မရှိပါဘူး။

ထပ်ပြောရရင် ကြယ်လေးလုံးဆေးမီးပြင်းဖိုကူရွှယ်ဆေးမီးပြင်းဖိုက လီဖူချန်းကို အမြောက်အများကူညီပေးခဲ့တယ်။ ကြယ်လေးလုံးဆေးဆရာအများစုမှာတောင် ကြယ်လေးလုံးဆေးမီးပြင်းဖိုမရှိဘူးဆိုတာ မင်း သိရမယ်။

သူက ဆေးတာအိုကို မရပ်တန့်ခဲ့ပါဘူး။ လဝက်ကြာပြီးနောက် လီဖူချန်းက အဆုံးစွန်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးကို သန့်စင်နိုင်ခဲ့ပြီး အဆုံးစွန်းအရည်အသွေးကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံ ထိုက်တန်တယ်။

နှစ်လက ကုန်ဆုံးသွားတယ်၊ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ထရီလီယံကို ထပ်မံရရှိခဲ့တယ်။

နှစ်ဝက်အတွင်းမှာ သူက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ထောင်ထရီလီယံကို ရရှိလာခဲ့တယ်။

ကြယ်သုံးလုံးအဆင့်မြင့်ဆေးကို ဆက်လက်မသန့်စင်တော့ဘဲ ဓားတာအိုကို အာရုံစိုက်ဖို့ အချိန်ရောက်ပြီလို့ လီဖူချန်းက ခံစားမိတယ်။

သူ့ရဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက နည်းလွန်းတယ်။ လက်ရှိမှာ လီဖူချန်းက ထာဝရတည်မြဲခြင်းဓားချီ၊ မူလအဆုံးစွန်းခုတ်ချက်နဲ့ စပ်ကြောင်းမဲ့ခုတ်ချက်တို့ကို အဆုံးစွန်းအဆင့်သို့ တွန်းပို့ခဲ့ပြီဖြစ်တယ်။

"အရင်ဆုံး ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်တွေကို ဖန်တီးရမယ်"

ဆေးတာအိုကို သင်ယူတဲ့ ဒီအချိန်အတောအတွင်း  လီဖူချန်းရဲ့ဓားတာအိုက ဘာအကျိုးအမြတ်မှ မရရှိတာတော့ မဟုတ်ပါဘူး။ နတ်ဘုရားဆေးလုံးသန့်စင်ခြင်းက အလွန်သိမ်မွေ့တဲ့အလုပ်တစ်ခုဖြစ်တယ်။ မင်းက နည်းနည်းလေးလစ်လျူရှုမိတာနဲ့ ကျရှုံးသွားရလိမ့်မယ်။ ဒါက ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ဖန်တီးတာနဲ့ အလားသဏ္ဍာန်တူတယ်။ ဥပမာအားဖြင့် ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ဖန်တီးတာက အလွန်အနုစိပ်ဖို့ လိုအပ်တယ်၊ သို့မဟုတ်ရင် အနည်းငယ်သွေဖည်မှုဖြစ်ရင်တောင် ဓားတာအိုပိုင်နက်ကို ပျက်ဆီးသွားစေပြီး နတ်ဘုရားကမ္ဘာဥပဒေသက အသိအမှတ်ပြုလိမ့်မှာမဟုတ်ပါဘူး။

ထပ်ပြောရရင် လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်သို့ ရောက်ရှိလာတာကြောင့် သူ့ရဲ့စိတ်ဝိညာဉ်ကလဲ တိုးတက်လာခဲ့တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ရဲ့စိတ်ဝိညာဉ်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိလာခဲ့တယ်။

ပြီးတော့ စိတ်ဝိညာဉ်အဆင့်ပိုမြင့်လေလေ၊ အတွေးမြန်နှုန်းနဲ့ထိုးထွင်းသိမြင်မှုက တိုးလာလေလေပါပဲ။

ဒါ သိပ်မကြာဘူးလို့တော့ သူက ခံစားမိတယ်၊ သူက အဆင့်မြင့်ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တော့မှာပါ။

……

"လိုဏ်ဂူတစ်ရာဓားပိုင်နက်"

ခြံဝင်းထဲမှာ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်သွားပြီး ဓားပန်းပွင့်တစ်ပွင့်က ဖူးပွင့်လာတယ်။

အဝေးမှ လီဖူချန်းက အနက်ရောင်အပေါက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရကာ အနက်ရောင်တောက်ပမှုတစ်ခုကို ထုတ်လွှတ်နေခဲ့တယ်။

"ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို နောက်ဆုံးတော့ ဖန်တီးနိုင်ပြီပေါ့လေ"

ဓားပန်ပွင့်က စုဆုံသွားပြီး လီဖူချန်းက လန်းဆန်းသွားလေတယ်။

လိုဏ်ဂူတစ်ရာဓားပိုင်နက်က အနက်ရောင်အပေါက်နဲ့တူတယ်၊ ချွင်းချက်တစ်ခုပဲ၊ အနက်ရောင်အပေါက်မှာ နေရာလပ်-အချိန်ဥပဒေသပါဝင်ပြီး လိုဏ်ဂူတစ်ရာဓားပိုင်နက်မှာ ဓားတာအိုဥပဒေသပါဝင်တယ်။ တစ်ယောက်ယောက်က လိုဏ်ဂူတစ်ရာဓားပိုင်နက်ထဲသို့ ဝင်ရောက်သွားမိတာနဲ့ သူက အထဲမှာ ချက်ချင်း ပိတ်မိသွားပေလိမ့်မယ်။

"လိုဏ်ဂူတစ်ရာဓားပိုင်နက်နဲ့ဆိုရင် ငါ့ခွန်အားက အနည်းဆုံးအဆအနည်းငယ်တိုးလာမှာပဲ"

လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို ဖန်တီးပြီးနောက် လီဖူချန်းက ခံစစ်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို စတင်ဖန်တီးခဲ့တယ်။

အနာဂတ်မှာ သူတွေ့ရမယ့်ရန်သူတွေက ပိုပိုသန်မာလာမှာပဲ၊ သူက လိုဏ်ဂူတစ်ရာဓားတာအိုပိုင်နက်နဲ့ ရန်သူတိုင်းကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလေ။ ထိုအချိန်မှာ ဓားတာအိုခံစစ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်က အသုံးဝင်လာပါလိမ့်မယ်။ အနည်းဆုံး သူက တစ်ခဏတာ အချိန်ဆွဲနိုင်ပြီး သူ့အသက်ရှင်သန်ဖို့အတွက် အခွင့်အရေးရှိလာပါလိမ့်မယ်။

စိတ်ဝိညာဉ်အဆင့်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်။ လီဖူချန်းအနေနဲ့ စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ဖန်တီးရတာ လွယ်ပါတယ်လေ။ ရက်အနည်းငယ်အတွင်း သူ့ရဲ့စိတ်ထဲမှာ ခံစစ်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်နဲ့ပတ်သက်ပြီး အတွေးအချို့ရှိလာတယ်။

ဒီနေ့မှာ။

"ဓားတွေက လည်ပတ်နေတယ်"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အဆုံးမဲ့ဓားအလင်းတွေက ဓားဘီးတစ်ခုအဖြစ် ပေါင်းစပ်သွားတယ်၊ ဓားဘီးက လှည့်ပတ်လာပြီး မဖျက်ဆီးနိုင်တဲ့အရှိန်အဝါတစ်ခုက ပျံ့နှံ့သွားတယ်။

ဓားတာအ်ိုခံစစ်စိတ်ဝိညာဥ်နတ်ဘုရားအတတ်လဲ ဖြစ်ပေါ်လာပါပြီ။

"အခုက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ဆန်းကြယ်နတ်ဘုရားအတတ်အဆင့်သို့ မြှင့်တင်ဖို့အချိန်ပဲ"

ကျင့်ကြံခြင်းအဆင့်တိုးတက်လာမှုနဲ့အတူ နယ်ပယ်ကျော်ဖြတ်တဲ့နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ ပိုပိုခက်ခဲလာတယ်။

အတိတ်မှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာရှိပြီး သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်မှာ ရှိတယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေအဖြစ် မြှင့်တင်ဖို့က မလွယ်ပါဘူး၊ အဲဒါက ရာစုနှစ်ကြာလိုအပ်တယ်။

ယခု လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားပြီး သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားအဆင့်ကို ရောက်ရှိထားမယ်လို့ ခန့်မှန်းထားတယ်။ စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်သို့ မြှင့်တင်ဖို့က မခက်ခဲတော့ပါဘူး၊ စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်လေ။

တယ်တော့ တစ်ကြိမ်အောင်မြင်တာနဲ့ မင်းရဲ့ခွန်အားက အနည်းငယ်ပဲ တိုးတက်လာမှာမဟုတ်ဘူး၊ အနည်းဆုံးအဆဒါဇင်အထိ တိုးတက်လာမှာ။

ထိုအချိန်ကျရင် နယ်ပယ်ကျော်ပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနဲ့ တိုက်ခိုက်ဖို့က မခက်ခဲတော့ပါဘူး။

လီဖူချန်းက မူလအဆုံးစွန်းခုတ်ချက်ကို ရွေးချယ်ခဲ့တယ်။

"အကိုဖူချန်း၊ မနက်ဖြန်ကျရင် စမ်းလေညှင်းအိမ်တော်မှာ စုဝေးပွဲတစ်ခုကို ကျင်းပလိမ့်မယ်။ စုဝေးပွဲကိုတက်ရောက်မယ့်သူတွေအားလုံးက ကြယ်ငါးလုံးမိသားစုရဲ့ကလေးတွေဒါမှမဟုတ် ကြယ်လေးလုံးမိသားစုရဲ့ကလေးတွေပဲ၊ ပြီးတော့ ကြယ်ငါးလုံးဂိုဏ်းဒါမှမဟုတ်ကြယ်လေးလုံးဂိုဏ်းရဲ့တပည့်တွေလဲ ပါတယ်။ မင်း ပါဝင်ဖို့ စိတ်ဝင်စားသလားမသိဘူး" လွန်ခဲ့တဲ့ခြောက်လအတွင်း ယန်ပိုင်ရှန်က လီဖူချန်းက အကြိမ်ပေါင်းများစွာ ချဉ်းကပ်ခဲ့တယ်။

လီဖူချန်းက ပြောလိုက်တယ်"ဒီပွဲတော်နဲ့ပတ်သက်ပြီး ဘာထူးခြားချက်တွေများရှိလို့လဲ"

ယန်ပိုင်ရှန်က ပြောလိုက်တယ်"ပွဲတော်ကို တက်ရောက်မယ့်သူတွေအများကြီးပဲ၊ သူတို့အားလုံးက အဆင့်အတန်းကောင်းရှိတဲ့သူတွေကြီးပဲ။ အဲအချိန်မှာ လူတိုင်းက သူတို့မသုံးတဲ့ရတနာတွေ ထုတ်ပြီး လေလံပွဲတစ်ခုကို ကျင်းပမှာ။ မင်းက ဆန်းကြယ်နတ်ဘုရားဓားတစ်လက်ကို လိုချင်နေတာမလား။ အဲဒါက လေလံပွဲမှာ ထွက်ပေါ်လာနိုင်တယ်။ ပြိီးရင် အလောင်းအစားတိုက်ပွဲတွေကို ကျင်းပမှာ။ မင်းကိုယ်တိုင်ပါဝင်လို့ရသလို မင်းရဲ့လူတွေကို လွှတ်လဲရတယ်။ မင်းရဲ့ပြိုင်ဘက်နဲ့ တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ရတယ်။ အနိုင်ရသူက တစ်ဖက်လူရဲ့လောင်းကြေးကို ရမယ် အဲဒါတွေက  နတ်ဘုရားကျောက်တုံးလဲ ဖြစ်နိုင်တယ် ဒါမှမဟုတ် ရတနာတစ်ခုလဲ ဖြစ်နိုင်တယ်"

"စကားကို ကြားရတာ တော်တော်မိုက်မယ့်ပုံပဲ" လီဖူချန်းက အနည်းငယ်စိတ်ဝင်စားသွားတယ်။ သူ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားတွေကြားမှာ စိတ်ကူးမရနိုင်လောက်အောင်ရှိပေမယ့် သူ့ရဲ့ခွန်အားတိုးတက်မှာကို မလိုချင်တဲ့သူ ဘယ်သူမှ မရှိဘူး‌လေ။ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားနဲ့ဆိုရင် သူ့ခွန်အားက အဆများစွာ တိုးလာနိုင်မယ်။

"ကောင်းပြီလေ၊ မနက်ဖြန်ကျရင် ငါ မင်းကို လာခေါ်မယ်" ယန်ပိုင်ရှန်က အရမ်းပျော်သွားတော့တယ်။ သူက လီဖူချန်းကို ပွဲတော်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တကယ်တမ်းတော့ သူက တစ်ကိုယ်ကောင်းဆန်နေမိတာ။ ဟွမ်ဖုန်မြို့ထဲမှာ သူက ရန်သူအနည်းငယ်ရှိတယ်။ လီဖူချန်းမရှိရင် သူက ဘယ်လိုရင်ဆိုင်ရမလဲ မသိပေမယ့် လီဖူချန်းနဲ့ဆိုရင်တော့ မတူတော့ဘူး။ လီဖူချန်းက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဓားတစ်လက်နဲ့ သတ်ဖြတ်နိုင်ခဲ့တယ်။ အစ်အမှန်ခွန်အားက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဖြစ်ဖို့ဆိုတာ သေချာသလောက်ပဲလေ။

ဒါပေမယ့် သူက လီဖူချန်းကို အသုံးပြုဖို့ အစီအစဉ်မရှိပါဘူး။ လီဖူချန်းက ပါဝင်ဖို့ ဆန္ဒမရှိရင် သူက တစ်ဖက်လူကို ပါဝင်ဖို့ ဖိအားပေးမှာမဟုတ်ဘူး။

တစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားတယ်၊ နောက်တစ်နေ့မနက်စောစောမှာတော့ ယန်ပိုင်ရှန်က လီဖူချန်းကို လာခေါ်ခဲ့တယ်။

***

All Chapters