စိတ်ဝိညာဉ်ခွဲဖြာဓား
Vol. 87 Ch. 1219
စမ်းလေညှင်းအိမ်တော်။
အာရုဏ်တက်ချိန်မှာ မိသားစုဝင်တွေနဲ့ဂိုဏ်းတပည့်များစွာက စမ်းလေညှင်းအိမ်တော်ကို ရောက်ရှိလာကြတယ်။
"ကောင်းသခင်လေး၊ မင်း လာတာ စောလှချည်လား"
"စုယွင်၊ မင်းလဲ စောတာပဲ"
"ချန်သခင်လေး၊ မင်းက ဒီတစ်ခါမှာ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တယ်လို့ ငါ ကြားတယ်"
လူတိုင်းက တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်နေကြတယ်။
"ဒါက ချန်ယုပဲ၊ ချန်မိသားစုရဲ့သခင်ငယ်လေး၊ ငါ့ရဲ့ရန်သူတွေထဲကတစ်ယောက်ပဲ" ယန်ပိုင်ရှန်က လူရွယ်တစ်ယောက်ကို ကြည့်ကာ လီဖူချန်းကို ပြောလိုက်တယ်။
ချန်မိသားစုရဲ့ခွန်အားက ယန်မိသားစုထက် မနိမ့်ကျပါဘူး။ မိသားစုထဲမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက်ရှိတယ်။ ချန်ယုက သူ့ထက် မနိမ့်ကျပါဘူး၊ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။
"ယန်ပိုင်ရှန်၊ ဒါက မင်း ဖိတ်ခေါ်ခဲ့တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လား၊ ကြည့်ရတာ ဘာမှမဟုတ်ပါလား၊ အလောင်းအစားတိုက်ပွဲမှာ အရှက်မကွဲစေနဲ့ဦးနော်" ချန်ယုလဲ ယန်ပိုင်ရှန်ကို မြင်ခဲ့တယ်၊ သူက ထေ့ငေါ့ပြောလိုက်တယ်။
ယန်ပိုင်ရှန်က ပြောလိုက်တယ်"ချန်ယု၊ အလောင်းအစားတိုက်ပွဲက မစသေးပါဘူး။ မင်း နိုင်မယ်လို့ မင်း ဘယ်လိုလုပ်သိလဲ၊ မင်း ဖိတ်ခေါ်ခဲ့တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကလဲ ဘာမှမဟုတ်သလိုပဲနော်"
ဒါကို ကြားပြီး ချန်ယုက သူ့ဘေးနားရှိရွှေရောင်ချပ်ဝတ်လူရွယ်ကို ပြောလိုက်တယ်"အကိုထျန်းဟောင်၊ မင်းက ဘာမှမဟုတ်ဘူး၊ သာမန်ပဲလို့ တစ်ယောက်ယောက်က ပြောနေတယ်"
သူပြောခဲ့တဲ့အကိုထျန်းဟောင်၊ လီထျန်းဟောင်က အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ။ တစ်ဖက်လူကို ခေါ်ဖို့ သူ အများကြီး ကုန်ကျခဲ့ရတာ။ ဒီတစ်ခါမှာတော့ သူက ယန်ပိုင်ရှန်ကို သေချာပေါက် အရှက်ရအောင် လုပ်နိုင်လိမ့်မယ်။
"လျှာကို အသုံးပြုနေတာလား၊ အလောင်းအစားတိုက်ပွဲပြုလုပ်တဲ့အချိန်မှာ အရာအားလုံး သိလာမှာပါ"
လီထျန်းဟောင်က ယုံကြည်ချက်အပြည့်ဖြစ်နေတယ်။
တမင်တကာလုပ်တာလားမလုပ်တာလားတော့ သူ မသိဘူး၊ လီထျန်းဟောင်က ထက်ရှတဲ့ချီတစ်ခုကို ထုတ်လွှတ်ကာ လီဖူချန်းဆီ ပို့လိုက်လေတယ်။
အုန်း......
ထက်ရှတဲ့ချီက ပျောက်ကွယ်သွားပြီး လီဖူချန်းကလဲ ထက်ရှတဲ့ချီတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။
"အမ်၊ မဆိုးဘူးပဲ" လီထျန်းဟောင်က အနည်းငယ်အံ့အားသင့်သွားတယ်။ ဒါကို ကြည့်ရင် တစ်ဖက်လူက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မဟုတ်မှန်း သိသာပါတယ်။
"ကောင်းတာပေါ့၊ အားနည်းတဲ့သူကို အနိုင်ယူရရင် ဘယ် ပျော်ဖို့ကောင်းတော့မလဲ" သူ့ချီကို ရုတ်သိမ်းကာ လီထျန်းဟောင်က ပြန်လှည့်ကာ ထွက်ခွာသွားခဲ့တယ်။
ယန်ပိုင်ရှန်ပြောခဲ့သလိုပဲ၊ စုဝေးပွဲကို တက်ရောက်တဲ့သူတွေက အမြောက်အများပဲ။ စုဝေးပွဲရဲ့စည်းမျဉ်းကြောင့်ဖြစ်မယ်ထင်တယ်၊ စုဝေးပွဲကိုတက်ရောက်သူတဲ့အားလုံးက အနိမ့်ဆုံးဆန်းကြယ်နတ်ဘုရားအဆင့်ရှိတယ်။ သူတို့အထဲမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေနဲ့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နှစ်ယောက်တောင် ပါတယ်။
ယန်ပိုင်ရှန်က လီဖူချန်းရဲ့သံသယကို သိတယ်"စုဝေးပွဲရဲ့စည်းမျဉ်းကတော့ အသက်တစ်သိန်းအောက်နဲ့ နယ်ပယ်အဆင့်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအထက် မြင့်တဲ့သူတွေကပဲ ပါဝင်နိုင်တယ်"
အသက်တစ်သိန်းအောက်လား။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
"ဟမ်"
ရုတ်တရက် လီဖူချန်းရဲ့မျက်လုံးတွေက ရွှေရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်ဆီ ကျရောက်သွားတယ်။
ဒီအမျိုးသမီးက......
နန်ကုန်းဖှေးဖန်၊ ငွေရောင်ငှက်တောင်မွေးမြို့ထဲမှာ ထွက်ပေါ်လာခဲ့တဲ့သူပဲ။
ယန်ပိုင်ရှန်က တိုးတိုးလေးပြောလိုက်တယ်"ဒိီအမျိုးသမီးက နန်ကုန်းဖှေးဖန်လေ၊ နန်ကုန်းမိသားစုရဲ့ဒုတိယသခင်မလေးလေ။ ကြယ်ငါးလုံးသားရဲမိသားစု အနေနဲ့ နန်ကုန်းမိသားစုက အရမ်းနာမည်ကြီးပြီး ဟွမ်ဖုန်မြို့ရဲ့မိသားစုရှစ်စုထက် မနိမ့်ကျပါဘူး။ မင်း သူမနဲ့ အဆက်အသွယ်မလုပ်ဖို့ ငါ အကြံပေးချင်တယ်၊ ကြယ်ငါးလုံးမိသားစုရဲ့ကလေးတွေ၊ ကြယ်ငါးလုံးဂိုဏ်းရဲ့တပည့်တွေတော်တော်များများက သူမကို လိုက်နေတာ၊ မင်း သူမနဲ့ တစ်ခုခုပတ်သက်ခဲ့ရင် မင်းအတွက် ပြဿနာတွေပဲ ဖြစ်လာလိမ့်မယ်" ယန်ပိုင်ရှန်က လီဖူချန်းကို သတိပေးခဲ့တယ်။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ငါ သူမနဲ့ ဘာမှလုပ်စရာမရှိပါဘူး"
ယန်န်ပိုင်ရှန်က ပြောလိုက်တယ်" ဒါက တကယ်တော့ မလိုအပ်ပါဘူး၊ စန်းလန်မြို့ရဲ့ကြယ်ငါးလုံးသားရဲမိသားစုတွေနဲ့ကြယ်လေးလုံးသားရဲမိသားစုတွေက ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ရဲ့လျို့ဝှက်နယ်မြေတစ်ခုအတွက် မရပ်မနားတိုက်ခိုက်နေခဲ့တယ်လို့ ငါ ကြားတယ်၊ အထူးသဖြင့် မကြာသေးတဲ့နှစ်တွေကပေါ့၊ သားရဲမိသားစုတွေအားလုံးက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို စုဆောင်းနေတယ်လို့ ငါ ကြားတယ်၊ လျို့ဝှက်နယ်မြေမှာ စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ ဝင်နိုင်တဲ့နေရာတစ်ခုရှိတယ်လို့ဆိုကြတယ်"
လီဖူချန်းက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး။ နန်ကုန်းဖှေးဖန်က မျက်စိမကန်းရင်တော့ သူမက လီဖူချန်းကို သေချာပေါက် ခေါ်ယူမှာပါ။
ဒါကို ကြားပြီး လီဖူချန်းက ဘာမှ မပြောပါဘူး။ တစ်ဖက်လူက သူ့ကိုစိတ်လှုပ်ရှားနိုင်တဲ့ပမဏတစ်ခုပေးနိုင်သရွေ့ သူက မငြင်းပါဘူး။
တစ်နာရီကြာပြီးနောက် စမ်းလေညှင်းအိမ်တော်မှာ မိသားစုနဲ့ဂိုဏ်းတပည့်တွေ ထောင်ကျော် စုဝေးလာခဲ့တော့တယ်။
မကြာမီမှာပဲ၊ လေလံပွဲက စတင်ပါပြီ။
"ပထမဆုံးလေလံတင်မယ့်ပစ္စည်းက ဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးတစ်တုံးပဲ၊ အဲဒါက ပြီးပြည့်စုံခြင်းအဆင့်နိမ့်မီးတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့မီးခုတ်ချက်ကို ချိတ်ပိတ်ထားတယ်၊ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၂၀ဘီလီယံပဲ"
လေလံပွဲရဲ့ပထမဆုံးပစ္စည်းကတင် စိတ်ဝင်စားစရာကောင်းနေပါပြီ။
ဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက ကြယ်ငါးလုံးမိသားစုနဲ့ကြယ်ငါးလုံးဂိုဏ်းတွေမှာတောင် ရှားတယ်။
"ဒါ တကယ် တန်တယ်"
ယန်ပိုင်ရှန်ကလဲ အနည်းငယ်အံ့အားသင့်သွားတယ်။
ယန်မိသားစုက ကြယ်ငါးလုံးမိသားစုတစ်စုဖြစ်ပြီး မိသားစုထဲမှာ အဆင့်မြင့်ပိုက်နက်နတ်ဘုရားတွေရှိပေမယ့် ဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေ အများကြီးရှိလှတယ်တော့ မဟုတ်ပါဘူး။
အဆုံးမှာတော့ မီးခုတ်ချက်ချိတ်ပိတ်ကျောက်တုံးကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကိုရောက်ရှိထားတဲ့ကြယ်ငါးလုံးဂိုဏ်းရဲ့တပည့်တစ်ယောက်က အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၈၀ဘီလီယံနဲ့ လေလံအောင်ခဲ့တယ်။
အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၈၀ဘီလီယံက အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁၈၀၀ထရိီလီယံနဲ့ ညီမျှတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိအဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေအားလုံးပေါင်းမှ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၂၀၀၀ထရိီလီယံသာ ရှိတာ။
"အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပဲ၊ သူ့ရဲ့အသားတင်ကြွယ်ဝမှုက တကယ်များပြားတာပဲ"
လီဖူချန်းက ခေါင်းကို ခါယမ်းလိုက်မိတယ်။ သူ့ရဲ့အသားတင်ကြွယ်ဝမှုက စိတ်ဝိညာဉ်နတ်ဘုရားတွေကြားမှာ အကောင်းဆုံးဖြစ်ပေမယ့် ဆန်းကြယ်နတ်ဘုရားတွေနဲ့ ယှဉ်ရင် သူက ကလေးသာသာမျှပါပဲ။
ဒုတိယမြောက်လေလံပစ္စည်းက အရမ်းမထူးခြားလှဘူး၊ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးသန်းရာအနည်းငယ်သာ ရှိတယ်။
ဆယ်ခုမြောက်လေလံပစ္စည်းကတော့ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။
ဒါပေမယ့် ဒါက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတုတ်ရှည်တစ်ချောင်းပဲ၊ ဒါက လီဖူချန်းအတွက် မသင့်လျော်ပါဘူး။
ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတုတ်ရှည်က အလွန်နာမည်ကြီးပြီး တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံမှ နှစ်ဘီလီယံအထိ တက်သွားပြီး နောက်ဆုံးမှာ ထိပ်ပြောင်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က ဝယ်ယူခဲ့တယ်။
သုံးဆယ်သုံးကြိမ်မြောက်လေလံပစ္စည်းအလှည့်မှာတော့ လီဖူချန်းက အလိုအလျောက်ထရပ်လိုက်မိတယ်။
ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်တစ်လက်က ထွက်ပေါ်လာပြီလေ။
လေလံစားပွဲပေါ်မှာ အစိမ်းရောင်ဓားရှည်တစ်ချောင်းရှိတယ်။ ဓားရှည်မှထုတ်လွှတ်နေတဲ့စွမ်းအားက ကျယ်ပြန့်ကာ အဆုံးမဲ့တယ်။
အဆုံးစွန်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းစိတ်ဝိညာဉ်ခွဲဖြာဓား၊ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးလေးဆယ်ဘီလီယံ။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာလဲ အရည်အသွေးမတူသလို ဈေးနှုန်းလဲ ကွဲပါတယ်။
အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတုတ်ရှည်က ထူးကဲအရည်အသွေးသာရှိတယ်။
ပုံမှန်အခြေအနေအောက်မှာ သာမန်အရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးသန်းတစ်ရာပတ်လည်ရှိတယ်။
ပျမ်းမျှအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံပတ်လည်ရှိတယ်။
ထူးကဲအရည်အသွေးက ဆယ့်နှစ်ဘီလီယံပတ်လည်ရှိတယ်။
ဒါပေမယ့် ပြီးပြည့်စုံခြင်းအရည်အသွေးကို ရောက်တဲ့အခါ တန်ဖိုးက အဆအနည်းငယ်တိုးလာတယ်။
ပြီးပြည့်စုံခြင်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အနည်းဆုံးအလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံရှိတယ်။
အကြောင်းကတော့ ကြယ်လေးလုံးအဆင့်နိမ့်အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ယောက်ကပဲ ပြီးပြည့်စုံခြင်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သန့်စင်နိုင်ပြီး ကြယ်လေးလုံးအလယ်ဆင့်အသုံးအဆောင်ပစ္စည်းဆရာသခင်တစ်ယောက်က မသန့်စင်နိုင်ပါဘူး။
အဆုံးစွန်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးကတော့ အနည်းဆုံးအလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံအထက်ရှိတယ်။
တကယ်တော့ ကြယ်လေးလုံးအဆင့်နိမ့်အသုံးအဆောင်ပစ္စည်းနတ်ဘုရားတစ်ရာမှတစ်ယောက်တောင် အဆုံးစွန်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို မသန့်စင်နိုင်ပါဘူး။
အရည်အသွေးပိုမြင့်လေ၊ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားက ပိုသန်မာလေပါပဲ။
ပြီးပြည့်စုံခြင်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့စွမ်းအားက သာမန်အရည်အသွေးအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းထက် မနိမ်ကျပါဘူး။
အဆုံးစွန်းအရည်အသွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ပျမ်းမျှအရည်အသွေးအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် စွမ်းအားချင်း ယှဉ်နိုင်ပါတယ်။
ပြီးတော့ အရေးကြီးဆုံးကတော့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ဘယ်လောက်ပဲအားကောင်းနေပါစေ၊ နတ်ဘုရားစွမ်းအားလိုအပ်ချက်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေလောက် မမြင့်မားပါဘူး။
သို့မဟုတ်ရင် စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရင်တောင် သူက အဲဒါကို အသက်မသွင်းနိုင်ပါဘူး၊ ထုတ်ဖော်လိုက်တဲ့စွမ်းအားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလောက် မကောင်းပါဘူး။
ရလဒ်တစ်ခုအနေနဲ့ ပြီးပြည့်စုံခြင်းအရည်အသွေးနဲ့အဆုံးစွန်းအရည်အသွေးရှိအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက သာမန်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် ပိုဈေးကြီးတာပဲ။
"လေးဆယ့်နှစ်ဘီလီယံ"
"လေးဆယ့်သုံးဘီလီယံ"
"လေးဆယ့်ငါးဘီလီယံ"
လေလံပစ်သူရဲ့အသံက ထွက်ပေါ်လာပြီးနောက် လူတိုင်းက စတင်ယှဉ်ပြိုင်လာကြတော့တယ်။
လူတိုင်းက စိတ်ဝိညာဉ်ခွဲဖြာဓားကို အရမ်းစိတ်ဝင်စားနေမှန်း သိသာတယ်။
"ငါးဆယ်ဘီလီယံ"
"ခြောက်ဆယ်ဘီလီယံ"
တန်ဖိုးမြင့်တက်တာ မြန်လွန်းတာကြောင့် လီဖူချန်းအတွက် သတိမေ့ချင်စရာပင်။
ဒီစုဝေးပွဲမှာ ပါဝင်ဖို့အတွက် သူက သူ့ခန္ဓာကိုယ်ပေါ်ရှိအဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ထောင်ထရီလီယံကို အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၉၀ဘီလီယံကျော်နဲ့ အစားထိုးခဲ့တယ်။
"အေးဆေးပါ၊ နတ်ဘုရားတွေက မရှိရင် ပြန်ရှာလို့ရတယ်၊ အဆုံးစွန်းအရည်အသွေးအဆင့်နိမ့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ဓားရှည်ကို ရရှိဖို့က ရှားပါးတဲ့အခွင့်အလမ်းတစ်ခုပဲ"
သူ ဘယ်လောက်ပဲပေးရပါစေ၊ စိတ်ဝိညာဉ်ခွဲဖြာခြင်းဓားကို သူ ရရမယ်လို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။
"အလယ်ဆင့်နတ်ဘုရားကျောက်တုံးခုနှစ်ဆယ်ဘီလီယံ" ဈေးပေးတဲ့သူက အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေတဲ့ချီက အလွန်စူးရှတယ်။
ယန်ပိုင်ရှန်က မိတ်ဆက်ပေးလိုက်တယ်"ငါ ဒိီလူကို သိတယ်။ သူက ကြယ်လေးလုံးမိသားစုတစ်ခုရဲ့ကလေးပဲ။ သူ့နာမည်က စွေ့ဟောင်ဝမ်လို့ခေါ်တယ်။ သူ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ကို ရောက်ရှိထားတယ်။ ဒါက မှန်လားမှားလားတော့ ငါ မသိဘူး"
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လား" လီဖူချန်းက ပြိုင်ဘက်ရဲ့ခွန်အားကို ဂရုမစိုက်ပါဘူး၊ သူ ဂရုစိုက်တာက ရန်သူရဲ့မိသားစုနောက်ခံပါပဲ။
ယန်ပိုင်ရှန်ရဲ့မျက်လုံးတွေထဲမှာ ကြယ်လေးလုံးမိသားစုက မိသားစုကလေးတစ်ခုဖြစ်ပေမယ့် လီဖူချန်းရဲ့မျက်လုံးတွေထဲမှာတော့ ကြယ်လေးလုံးမိသားစုမှာ ဆန်းကြယ်နတ်ဘုရားတွေရှိတယ်ဆိုတာပဲ။
သူ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကို မယှဉ်ပြိုင်နိုင်ပါဘူး၊ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတို့ဆိုရင် ပြောမနေနဲ့တော့။
ဒါပေမယ့် လီဖူချန်းအနေနဲ့ စိတ်ဝိညာဉ်ခွဲဖြာခြင်းဓားကို လက်လျော့ဖို့က မဖြစ်နိုင်ဘူး။
"ခုနှစ်ဆယ့်ငါးဘီလီယံ" လီဖူချန်းက ဈေးပေးလိုက်တယ်။
ယန်ပိုင်ရှန်က ဆက်ပြောလိုက်တယ်"မင်း စိုးရိမ်စရာမလိုဘူး၊ စွေ့မိသားစုရဲ့ခွန်အားက ကြယ်လေးလုံးမိသားစုရဲ့အောက်ခြေမှာ ရှိတယ်။ မိသားစုထဲမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအနည်းငယ်နဲ့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ပဲရှိတာ။ ငါ မင်းအကြောင်းအသေးစိတ်ကို မသိပေမယ့် စွေ့မိသားစုအနေနဲ့ မင်းကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး၊ မင်းက ငါနဲ့အတူထိုင်နေရင် သူတို့က နည်းနည်းမေးလိုက်ရုံနဲ့ မင်းက ငါ့မိတ်ဆွေဆိုတာ သူတို့က သိမှာပဲ၊ စွေ့မိသားစုက ငါ့ကို ဆန့်ကျင်ဖို့ သတ္တိမရှိမှာ သေချာတယ်"
စွေ့ဟောင်ဝမ်ကို စိုးရိမ်စရာမလိုပေမယ့် စွေ့ဟောင်ဝမ်တစ်ယောက်ပဲ လေလံဝင်ပစ်နေတာမဟုတ်ပါဘူး။
တန်ဖိုးက ၇၅ဘီလီယံကို ရောက်ရှိပြီးနောက် နောက်ထပ်လေးယောက်က လေလံပွဲမှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တယ်။ ဒီလူလေးယောက်က လီဖူချန်း၊ စွေ့ဟောင်ဝမ်၊ အဖြူရောင်အမျိိုးသမီးနဲ့ ဝတ်ရုံပေါ်မှာအနက်ရောင်နဂါးပုံပန်းထိုးထားတဲ့အေးစက်စက်လူရွယ်တစ်ယောက်တို့ပါပဲ။
"အဖြူရောင်အမျိုးသမီးကို ပုရွှမ်းလို့ ခေါ်တယ်၊ သူမက ကြယ်ငါးလုံးဂိုဏ်ဖြစ်တဲ့ယွင်ထျန်းဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ။ သူမက အသက်နှစ်ထောင်ကျော်သာရှိပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဝတ်ရုံပေါ်မှာအနက်ရောင်နဂါးပုံပန်းထိုးထားတဲ့အေးစက်စက်လူရွယ်ကိုတော့ သတိထားပါ၊ သူက နဂါးနက်ဂိုဏ်းရဲ့တပည့်ပဲ။ နဂါးနက်ဂိုဏ်းက ဂုဏ်သတင်းမကောင်းဘူး၊ သူတို့ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ဆိုရင် ဘာမဆို ပြုလုပ်နိုင်တယ်"
***