← Chapters

အလောင်းအစား

Vol. 87 Ch. 1220

အလောင်းအစား

Vol. 87 Ch. 1220

စွေ့ဟောင်က အရင်နှုတ်ထွက်သွားခဲ့တယ်။

လီဖူချန်းနဲ့ပုရွှမ်းတို့နှစ်ယောက်ထဲကတစ်ယောက်က စိတ်ဝိညာဉ်ခွဲဖြာခြင်းဓားကို အနိုင်ရမယ်ဆိုတာ သူက မြင်နိုင်တယ်။ ဒီဓားရဲ့နောက်ဆုံးတန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံအထက်မှာ ရှိလာနိုင်တယ်၊ ဒါက သူ့တတ်နိုင်တာထက် နည်းနည်းကျော်လွန်နေတယ်။

လေလံပွဲမှ နှုတ်ထွက်ခဲ့တဲ့ ဒုတိယမြောက်ပုဂ္ဂိုလ်က နဂါးနက်ဂိုဏ်းမှလူရွယ်ပါပဲ။ သူ ဘာကြောင့် နှုတ်ထွက်ခဲ့သလဲကိုတော့ မသိပါဘူး။

အဆုံးမှာ လီဖူချန်းနဲ့ပုရွှမ်းတို့ပဲ ကျန်တော့တယ်။

"ကိုးဆယ်ဘီလီယံ" လီဖူချန်းက လက်မြှောက်လိုက်တယ်။

"တစ်ရာဘီလီယံ" ပုရွှမ်းက ဆယ်ဘီလီယံ တိုးပေးလိုက်တယ်။

"တစ်ရာ့တစ်ဆယ်ဘီလီယံ" လီဖူချန်းကလဲ တစ်ဆယ်ဘီလီယံ တိုးပေးလိုက်တယ်။

အဆုံးမှာတော့ ပုရွှမ်းက လက်လျော့လိုက်တော့တယ်။

သူမခန္ဓာကိုယ်ပေါ်မှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံးအရေအတွက်က တစ်ရာဘီလီယံပဲရှိတာလေ။

"ဂုဏ်ယူပါတယ်" ပုရွှမ်းက သူမရဲ့အသံကို လီဖူချန်းထံ ပို့လွှတ်လိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"နောက်ထပ်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ရှိချင်ရှိလာနိုင်မှာပါ။ ငါ ဒီဓားကို အရင်လက်ခံလိုက်ပါမယ်"

အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာ့တစ်ဆယ်ဘီလီယံကို ပေးပြီးနောက် လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားကို လက်ခံရရှိလာခဲ့တယ်။

"အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုတဲ့အတိုင်းပါပဲလား"

သူစိတ်ဝိညာဉ်ခွဲဖြာဓားကို ဆုပ်ကိုင်တဲ့အခိုက်အတန့်မှာ ထူးခြားတဲ့ဓားချီတစ်ခုက စိတ်ဝိညာဉ်ခွဲဖြာဓားထဲမှာ လှိုင်းထနေတာကို လီဖူချန်းက ခံစားမိတယ်။ ဒီဓားချီနဲ့ယှဉ်ရင် လီဖူချန်းရဲ့ကိုယ်ပိုင်ဓားချီက အားနည်းလွန်းပါတယ်။

"ငါ အရင်တုန်းက ရခဲ့တဲ့ ငွေရောင်တူရဲ့အရည်အသွေးက သာမန်သာဖြစ်ပြီး ၎င်းရဲ့စွမ်းအားက အလွန်အားကောင်းတယ်။ ၎င်းက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့ခွန်အားကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ရဲ့အဆင့်အထိ မြှင့်တင်နိုင်တယ်။ ဒီစိတ်ဝိညာဉ်ခွဲဖြာဓားရဲ့ခွန်အားကရော ဘယ်လိုရှိမလဲ "

လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားရဲ့စွမ်းအားကို မျှော်လင့်စောင့်စားနေတော့တယ်။

သူနဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေအကြားကွာဟချက်က ကျဉ်းမြောင်းလွန်းတယ်။ သူက အားအနည်းဆုံးဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေထက်တောင် အားမနည်းဖို့ ဖြစ်နိုင်တယ်။

အခု သူ့မှာ စိတ်ဝိညာဉ်ခွဲဖြာဓားရှိပြီးဆိုတော့ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအများစုကို တိုက်ခိုက်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိလာတယ်။

လီဖူချန်းက အမှတ်မထင်‌ပြောခဲ့ပေမယ့် သူ့ရဲ့အမှတ်မထင်အပြောက တကယ်မှန်လာခဲ့ပါတယ်။ လေလံပွဲမှာ နောက်ထပ်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ထွက်ပေါ်လာခဲ့တယ်လေ။

ဒီတစ်ခါမှာတော့ အဲဒါက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဓားတစ်လက်ဖြစ်ပြီး အရည်အသွေးက သာမန်အဆင့်သာ ဖြစ်တယ်၊ ကြမ်းခင်းဈေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံပါပဲ။

အဆုံးမှာတော့ ပုရွှမ်းက ဒီအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဓားကို ဘီလီယံသုံးဆယ်နဲ့ အနိုင်ရခဲ့တယ်။

"ဂုဏ်ယူပါတယ်" လီဖူချန်းက ပုရွှမ်ထံ အသံပို့လိုက်တယ်။

ပုရွှမ်က မေးငေါ့လိုက်တယ်"သာမန်အရည်အသွေးအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အတွေ့များပါတယ်၊ မရှိတာထက်တော့ ကောင်းပါတယ်လေ"

အဆုံးစွန်းအရည်အ‌သွေးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ယှဉ်ရင် သာမန်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တကယ်ကို အတွေ့များပါတယ်။ သူတို့မှာ ထူးခြားတဲ့လက္ခဏာရပ်တွေ မရှိဘူး၊ သူတို့က အဆင့်အားဖြင့် ပိုမြင့်ပြီး ပိုသန်မာတဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားပါဝင်ရုံမျှပဲ။

သူမက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားကို အများဆုံးဆယ်ကြိမ်အထိပဲ အသက်သွင်းနိုင်တယ်လို့ ပုရွှမ်က ခန့်မှန်းမိတယ်။

လေလံပွဲရဲ့အဆုံးမှာ ပစ္စည်းအရည်အသွေးက တိုးတိုးလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ စိတ်ဝိညာဉ်နတ်ဘုရားတွေက လေလံပစ်တာကို ရပ်တန့်ခဲ့ပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေက စတင်ဈေးပေးလာကြတယ်။

"ငါးရာဘီလီယံ"

နန်ကုန်းဖှေးဖန်က သူမရဲ့လက်ကို မြှောက်လိုက်တယ်။

သူမက ထူးကဲအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံတစ်တုံးကို ဝယ်ယူခဲ့တာလေ။

ကျွတ်ကျွတ်......

ဒီဆန်းကြယ်နတ်ဘုရားတွေ ဈေးပေးတာကို မြင်ပြီး စိတ်ဝိညာဉ်နတ်ဘုရားတွေက မှင်တက်သွားခဲ့ကြတယ်။

စိတ်ဝိညာဉ်နတ်ဘုရားတွေနဲ့ယှဉ်ရင် သူတို့ရဲ့အသားတင်ကြွယ်ဝမှုက မလုံလောက်ပါဘူး။

လေလံပွဲက နောက်ဆုံးတော့ ပြီးပါပြီ၊ အချို့က ပျော်ရွှင်ပြီး အချို့က စိုးရိမ်နေကြတယ်။

နဂါးနက်ဂိုဏ်းမှလူငယ်က သူ့ကို မကြာခဏစိုက်ကြည့်နေတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။

ဒါပေမယ့် လီဖူချန်းက ဂရုမစိုက်ပါဘူး။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ လူတိုင်းက လေလံကျင်းပရာနေရာမှ ကျယ်ပြန့်တဲ့ဥယျာဉ်တစ်ခုဆီ သွားရောက်ခဲ့ကြတယ်။

ဥယျာဉ်က ပန်းပွင့်တွေနဲ့ ပြည့်နှက်နေတယ်။

ဥယျာဉ်ရဲ့အလယ်ဗဟိုပတ်ပတ်လည်မှာအဆောက်အဦးတွေနဲ့ ကြီးမားတဲ့နေရာလပ်တစ်ခုရှိတယ်။

"ဒါက အလောင်းအစားတိုက်ပွဲအတွက် နေရာတစ်ခုပဲ" ယန်ပိုင်ရှန်က မိတ်ဆက်‌လိုက်တယ်။

သူက လေလံပွဲမှာ ဘာမှ မဝင်ဆွဲခဲ့ပါဘူး။ သူ့မှာ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ရှိနေတာ ကြာလှပေါ့။ အဲဒါက သူ့ကို သူမိသားစုက ပေးအပ်ခဲ့တဲ့ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဓားတစ်လက်ပဲလေ။

ယန်ပိုင်ရှန်နဲ့လီဖူချန်းတို့က ထိုင်ဖို့ သေးငယ်တဲ့အဆောက်အဦးတစ်ခုကို ရွေးချယ်ခဲ့တယ်။

အဆောက်အဦးထဲမှာ စားပွဲနဲ့ကုလားထိုင်တွေ ရှိတယ်၊ စားပွဲက သစ်သီးတွေ၊ အဆာပြေစားစရာတွေနဲ့ ပြည့်နေတယ်။

သူက ရောင်းစုံသစ်သီးတစ်လုံးကို ကောက်ယူကာ တစ်ကိုက်ကိုက်ပြီးနောက် ယန်ပိုင်ရှန်က လီဖူချန်းကို ပြောလိုက်တယ်"အလောင်းအစားလုပ်တဲ့အခါ နှစ်ဖက်စလုံးက လောင်းကြေးကို ပြရလိမ့်မယ်။ နှစ်ဖက်လုံးက သဘောတူတဲ့အခါမှ အလောင်းအစားက စတင်လိမ့်မယ်။ တစ်ယောက်ယောက်က မင်းနဲ့ တိုက်ခိုက်ချင်ရင် မင်း စိတ်လိုက်မာန်ပါပြုလုပ်လို့မရဘူး"

လီဖူချန်းက ထိခိုက်နစ်နာမှုတွေ ဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် ယန်ပိုင်ရှန်က သတိပေးလိုက်တယ်။

"ငါ နားလည်ပြီး"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

ဒုတိယထပ်ရှိအဆောက်အဦးတစ်ခုအထဲမှာ စွေ့ဟောင်ဝမ်က အရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေပြီး စွေ့မိသားစုရဲ့အခြားကလေးတွေက အခြားနေရာတွေမှာ ထိုင်နေကြတယ်။ စွေ့မိသားစုရဲ့ကလေးတစ်ယောက်က လီဖူချန်းကို အဝေးမှ ကြည့်ကာ ပြောလိုက်တယ်"အကိုဟောင်၊ မင်း ငါ့ကို စောင့်နေပါ။ မင်း သူနဲ့ ‌အလောင်းအစားတိုက်ခိုက်ပြီး စိတ်ဝိညာဉ်ခွဲဖြာဓားကို ယူလာခဲ့ပေါ့"

စွေ့ဟောင်ဝမ်က ပြောလိုက်တယ်"တစ်ဖက်လူက အရူးမဟုတ်ဘူး၊ သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို လောင်းကြေးအနေနဲ့ ဘယ်လိုလုပ်ပြီး သတ်မှတ်မှာလဲ။  ဒါ့အပြင် သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို ယူထုတ်ရင် ငါကလဲ တန်ဖိုးညီမျှတဲ့ရတနာတွေဒါမှမဟုတ်နတ်ဘုရားကျောက်တုံးကို ယူထုတ်ရလိမ့်မယ်"

လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားကို လောင်းကြေးအနေနဲ့ အသုံးပြုဖို့ စွေ့ဟောင်ဝမ်က မျှော်လင့်ထားတယ်။ သူက သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို အလွန်ယုံကြည်ချက်ရှိတယ်။ သူကလဲ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်ပြီး သာမန်စိတ်ဝိညာဉ်ဆရာသခင်တွေထက် အများကြီးပိုသန်မာတယ်။

"အကိုထျန်းဟောင်၊ ယန်ပိုင်ရှန်ခေါ်လာတဲ့သူက အနိမ့်ဆုံးအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်မယ်လို့ မင်း ပြောတာလား" ချန်ယုက အံ့အားသင့်သွားတယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက တရုတ်ဂေါ်ဖီထုပ်တွေမဟုတ်ဘူး။ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ဟွမ်ဖုန်မြို့မှာ ရှားတယ်ဆိုရင် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ပိုတောင် ရှားတယ်။

ကံကောင်းစွာနဲ့ သူက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဖြစ်တဲ့လီထျန်းဟောင်ကို ဖိတ်ခေါ်ခဲ့တာပဲ၊ သို့မဟုတ်ရင် သူက ဒီတစ်ကြိမ်မှာ အရှုံးကြီးရှုံးသွားနိုင်တယ်။

လီထျန်းဟောင်က ထူးမခြားနားစွာ ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ သူက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုရင်တောင် သူက ငါ့လက်ထဲမှာ ချေမွခံသွားရမှာပဲ"

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တော့ တူတူပဲ၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့အားကောင်းစိတ်ဝိညာဉ်ဆရာသခင်တွေကြားကွာဟချက်က ကြီးမားပြီး အားကောင်းစိတ်ဝိညာဉ်ဆရာသခင်တွေကြားကွာဟချက်က မသေးပါဘူး။

နောက်တစ်ကြိမ်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဖွင့်လှစ်တဲ့အချိန်ကျရင် သူက ဝင်ရောက်နိုင်မယ်လို့ လီထျန်းဟောင်က ယုံကြည်တယ်။

ဒါကြောင့် သူက လီဖူချန်းနဲ့ပတ်သက်ပြီး အများကြီးဂရုမစိုက်ပါဘူး၊ သူ တကယ်ဂရုစိုက်တာက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပါပဲ။

"ဒီတစ်ခါမှာလဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်‌တွေ ဘယ်လောက်ထိ ထွက်ပေါ်လာမလဲမသိ"

အဆောက်အဦးတစ်ခုအထဲမှာ နန်ကုန်းဖှေးဖန်က ထိုင်နေတယ်၊ သူမရဲ့ဘေးနှစ်ဖက်မှာတော့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအစေခံနှစ်ယောက်ရှိတယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို ခေါ်ယူဖို့အတွက် သူမက ဒီစုဝေးပွဲကို တက်ရောက်လာခဲ့တာ။

အရင်က ကြယ်ငါးလုံးသားရဲမိသားစုငါးခုနဲ့ကြယ်လေးလုံသားရဲမိသားစုသုံးဆယ့်ရှစ်ခုတို့ကပဲ ပိုင်နက်သားရဲလျို့ဝှက်နယ်မြေထဲမှာ ပါဝင်ခဲ့တာ။ လက်ရှ်ိမှာတော့ စန်းလန်မြို့ရဲ့သားရဲမိသားစု‌တွေအားလုံးက ပါဝင်လာခဲ့တယ်။ နန်ကုန်းမိသားစုရဲ့ဖိအားက ပိုကြီးမားလာတာပေါ့။

ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေထဲမှာ အသေးစားလျို့ဝှက်နယ်မြေတစ်ခုရှိ‌မယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ပြီးတော့ ဒီအသေးစားလျှို့ဝှက်နယ်မြေက ဆန်းကြယ်နတ်ဘုရားတွေရဲ့ဝင်ရောက်မှုကို ကန့်သတ်ထားပြီး စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ ဝင်ရောက်နိုင်တာလေ။

ဒါကြောင့် အဓိကသားရဲမိသားစုတွေအားလုံးက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို ခေါ်ယူစုဆောင်းနေရတာပေါ့။

နန်ကုန်းဖှေးဖန်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အချို့ကို စုဆောင်းခဲ့ပြီးဆိုပေမယ့် သူတို့အားလုံးက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေပါပဲ။

အ‌သေးစားလျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုကို ရရှိဖို့ဆိုရင် အနိမ့်ဆုံးအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဦးဆောင်သွားသင့်တယ်လို့ နန်ကုန်းဖှေးဖန်က ခံစားမိတယ်။

နန်ကုန်းဖှေးဖန်ရဲ့အတွေးတွေက လှုပ်ရှား‌နေစဉ်မှာပဲ အလောင်းအစားတိုက်ပွဲက စတင်လာခဲ့တယ်။

"ချမ်ကွမ်း၊ တိုက်ခိုက်ကြရအောင်"

"ကျုံးမင်၊ မင်းက ငါနဲ့ တိုက်ခိုက်ချင်ရင် မင်းရဲ့လောင်းကြေးကရော ဘယ်လိုလဲ "

"အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ"

"ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်၊ ငါလဲ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ"

လောင်းကြေးနဲ့ပတ်သက်ပြီး ပြောပြီးနောက် ပုံရိပ်နှစ်ခုက နေရာလပ်ထဲမှာ ထွက်ပေါ်လာပြီး ချက်ချင်း တိုက်ခိုက်ခဲ့ကြတယ်။

ဒီလူနှစ်ယောက်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေမဟုတ်ဘူး၊ သူတို့က ဒုတိယအဆင့်အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသခင်တွေပဲ၊ ဒါကြောင့် အလေးအနက်ထားကြည့်ရှုနေတဲ့လူ‌တွေအများကြီးမရှိဘူး၊ လူတိုင်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ ထွက်ပေါ်အလာကိုပဲ စောင့်နေကြတယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရဲ့တိုက်ပွဲက အံ့ဩစရာကောင်းတယ်လေ။

ဒါပေမယ့် အလောင်းအစားတိုက်ပွဲဒါဇင်ကျော်ပြိီးတာတောင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ မထွက်ပေါ်လာခဲ့ဘူး။

"အကို ပိုင်ရှန်၊ မင်း ဘေးနားကလူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်လားတော့ ငါ မသိဘူး။ ငါ့မိတ်ဆွေက သူနဲ့ အလောင်းအစားတိုက်ခိုက်ချင်တယ်တဲ့" အိမ်တော်တစ်ခုအထဲမှာ လူရွယ်တစ်ယောက်က ယန်ပိုင်ရှန်ကို ပြောခဲ့တယ်။

ယန်ပိုင်ရှန်က တစ်ဖက်လူကို ကြည့်လိုက်တယ်။ သူက ဒီလူကို သိတယ်။ သူ့နာမည်က ဝမ့်ထောင်လို့ခေါ်တယ်။ တစ်ဖက်လူရဲ့မိသားစုကလဲ ကြယ်ငါးလုံးမိသားစုဖြစ်ပေမယ့် ယန်မိသားစုလောက် မကောင်းပါဘူး။

ယန်ပိုင်ရှန်က ချက်ချင်း သဘောမတူခဲ့ပါဘူး၊ သူက လီဖူချန်းကို မေးလိုက်တယ်"အကိုဖူချန်း၊ မင်း ဘယ်လိုထင်လဲ"

လီဖူချန်းက ဆန္ဒရှိသလားကို သူ မသိပါဘူး။

"လောင်းကြေးက လုံလောက်နေသရွေ့ ငါ လက်ခံတယ်" လီဖူချန်းမှာ နတ်ဘုရားကျောက်တုံးတွေ အရမ်း‌နည်းနေပြီ။ နတ်ဘုရားဆေးတွေရောင်းချရာကနေ သူရခဲ့တဲ့နတ်ဘုရားကျောက်တုံးတွေက တစ်ဝက်ကျော်ကျော်ကို တစ်ချက်တည်းနဲ့ သူ အသုံးပြုခဲ့လိုက်တာလေ။

ရှုံးဖို့ဆိုတာကိုတော့ သူ ဘယ်တော့မှ မတွေးပါဘူး။

သာမန်စိတ်ဝိညာဉ်နတ်ဘုရားသခင်တစ်ယောက်ကို အသာထား၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါမှမဟုတ် အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုရင်တောင် လီဖူချန်းက အများကြီးဂရုမစိုက်ပါဘူး။

လီဖူချန်းက လက်ခံတာကို မြင်ပြီးနောက် ယန်ပိုင်ရှန်က တစ်ဖက်လူနဲ့ လောင်းကြေးအကြောင်း ပြောခဲ့တယ်"ဝမ့်ထောင်၊ ငါ့မိတ်ဆွေက အလောင်းအစားလုပ်ဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် အဲဒါကလဲ မင်းရဲ့အလောင်းအစားက လုံလောက်သလားအပေါ်မှာ မူတည်တယ်၊ နည်းရင်တော့ မေ့လိုက်တော့"

လီဖုချန်းရဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခွန်အားနဲ့ဆိုရင် သူက ဒီအလောင်းအစားကို အနိုင်ရမှာ သေချာတယ်။ သူက အခွင့်အရေးကို ဘယ်လ်ိုလုပ် လက်လျော့ရမှာလဲ။

အဆုံးမှာတော့ နှစ်ဖက်ကြားလောင်းကြေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံ ဖြစ်လာခဲ့တယ်။

"အကိုလီဖူချန်း၊ ဘယ်လိုလဲ" ယန်ပိုင်ရှန်က ပြောလိုက်တယ်။

လီဖူချန်းက ထရပ်လိုက်တယ်"ဒါပေါ့၊ တိုက်ခိုက်ရမှာပေါ့"

အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံက များပါတယ်။ သူ အဲလောက်ထိရဖို့ နတ်ဘုရားဆေးလုံးတွေကို လဝက်လောက် သန့်စင်ရမှာ။

***

All Chapters