နန်ကုန်းဖှေးဖန်ရဲ့ဖိတ်ခေါ်မှု
Vol. 87 Ch. 1221
"နာထရပ်"
လောင်းကြေးနဲ့ပတ်သက်ပြီးပြောပြီးနောက် ဝမ့်ထောင်ရဲ့မိတ်ဆွေက နေရာလပ်ထဲသို့ အရင်ဝင်ရောက်သွားခဲ့တယ်။
"လီဖူချန်း"
လီဖူချန်းက နောက်မှ အနီးကပ်လိုက်သွားတယ်။
နာထရပ်က ဓားသမားတစ်ယောက်မဟုတ်ပေမယ့် သူက ငွေရင့်ရောင်ဓားတစ်လက်ကို အသုံးပြုတယ်။
သူက လီဖူချန်းနဲ့ အလောင်းအစားပြုလုပ်ရတဲ့အကြောင်းပြချက်ကတော့ လီဖူချန်းကို မကျေမနပ်ဖြစ်လို့တော့ မဟုတ်ဘူး၊ သူ့ကို အခြားသူတွေက ခိုင်းလို့ပဲ။ တစ်ဖက်လူက သူ့ကို လီဖူချန်းရဲ့ခွန်အားကို စမ်းသပ်စေချင်ခဲ့တယ်၊ သေချာတဲ့ဆုလာဒ်တစ်ခုပေးဖို့ သူ့ကို ကတိပေးခဲ့တယ်။ လောင်းကြေးကလဲ တစ်ဖက်လူရဲ့ဟာပဲလေ။
"ဂရုစိုက်ပါ" နာထရပ်ရဲ့လက်ထဲရှိဓားက အလင်းတွေ ထွက်ပေါ်လာပြီး ဓားတစ်လက်က ရုတ်တရက်ထိုးဖောက်သွားတယ်။ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ပန်းပွင့်တွေက ဖူးပွင့်လာပြီး ပန်းပွင့်တစ်ခုစီမှာ ဓားစွမ်းအင်တစ်ခုပါဝင်တယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်- အသင်္ချေပန်းဆူး။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်"
နာထရပ်ရဲ့စွမ်းအားကို ခံစားမိပြီး လူတော်တော်များများက အံ့အားသင့်သွားကြတယ်။
နာထရပ်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပါဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကပဲ ဒီလိုအားကောင်းတဲ့စွမ်းအားကို ပေါက်ကွဲထွက်စေနိုင်တာလေ။
"ပျံသန်းနဂါးခုတ်ချက်ရဲ့ခွန်အားကို အရင်ပြရတာပေါ့"
လီဖူချန်းက နတ်ဘုရားဓားကို ဆွဲထုတ်ကာ ပျံသန်းနဂါးခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။
ပျံသန်းနဂါးခုတ်ချက်က သူဖန်တီးထားခဲ့တဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်ပေမယ့် ထူးကဲအဆင့်သာ ရှိတယ်၊ မူလအဆုံးစွန်းခုတ်ချက်နဲ့စပ်ကြောင်းမဲ့ခုတ်ချက်တို့ထက် အများကြီးအားနည်းတယ်။
သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တော်တော်များများကို ဖန်တီးဖို့ စီစဉ်ထားတယ်၊ ပြိီးရင် သူတို့ကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေအဖြစ် တွန်းပို့ပြီး ဆန်းကြယ်နတ်ဘုရားအဖြစ် ခြေချဖို့ စီစဉ်ထားတယ်။
အဆင့်မြင့်ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေနဲ့ယှဉ်ရင် အဆင့်မြင့်ဓားတာအိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ လွယ်ပါတယ်။ ပျံသန်းနဂါးခုတ်ချက်က သူမကြာသေးမီကမှဖန်တီးထားခဲ့တဲ့ဓားတာအိုတိုက်ခိုက်ရေးစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေထဲကတစ်ခုပါပဲ။
လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်ဓားချီတစ်ခုက အနက်ရောင်ပျံသန်းနဂါးတစ်ကောင်ပမာ ရိုက်ခတ်လာတယ်။
အုန်း......
နေရာလပ်ထဲမှာ လေလှိုင်းက ပျက်ဆီးသွားပြီး နာထရပ်က နောက်သို့ ခြေလှမ်းဒါဇင်ဆုတ်သွားရတယ်၊ သူ့ခန္ဓာကိုယ်ပေါ်မှာတော့ ဓားအမှတ်အသားအချို့ရှိသွားလေရဲ့။
ရန်သူရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက ဆန်းကြယ်လွန်းပြီး သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက နိမ့်ကျပါတယ်လေ။
"ထပ်လာစမ်း"
သူ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာတွေက အသေးစားဒဏ်ရာတွေတောင် မဟုတ်ဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားဆုံးရှုံးမှုက နည်းပြီး နာထရပ်က လီဖူချန်းကို ထပ်မံတိုက်ခိုက်လိုက်တယ်။
"အရိပ်တစ်ထောင်"
ဒီတစ်ခါမှာတော့ နာထရပ်က ရွေ့လျားရေးနတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ နာထရပ်ပုံရိပ်ယောင်တစ်ထောင် ဓားကို ကိုင်လျက် လီဖူချန်းကို ခုတ်ပိုင်းလိုက်တယ်။
"လှိုင်းဂယက်ခုတ်ချက်....."
လီဖူချန်းက မလောပါဘူး၊ သူက ဓားနဲ့ ခုတ်ပိုင်းလိုက်ရာ ပတ်ဝန်းကျင်ဟင်းလင်းပြင်က တည်ငြိမ်တဲ့ကန်ရေထဲသို့ပစ်ထည့်လိုက်တဲ့ကျောက်စရစ်ခဲတစ်ခုပမာ လှိုင်းဂယက်တွေက ပျံ့နှံ့သွားတယ်။ လှိုင်းဂယက်တွေနဲ့ ထိတွေ့တဲ့အခါမှာတော့ နာထရပ်ပုံရိပ်တစ်ထောင်က ဗလာနတ္ထိအဖြစ် ရုတ်တရက် ပြောင်းလဲသွားတော့တယ်။
နာထရပ်က နောက်သို့ ဆုတ်လိုက်ရပြန်တယ်၊ ဒီတစ်ခါမှာတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဓားအမှတ်အသားတွေ ပိုများလာတယ်။
အဓိကအကြောင်းရင်းကတော့ နဂါးခုတ်ချက်က ပစ်မှတ်တစ်ခုထားတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး လှိုင်းဂယက်က ဧရိယာတိုက်ခိုက်မှုတစ်ခုဖြစ်တယ်၊ ရှောင်တိမ်းရတာ ပိုခက်ခဲပြီး ခုခံရုံသာ တတ်နိုင်တယ်။
ဆယ်ကွက်၊ အကွက်နှစ်ဆယ်။
အဆောက်အဦးတစ်ခုအထဲမှာ ယန်ပိုင်ရှန်က မျက်မှောင်ကြုတ်လိုက်တယ်။ ဒီနာထရပ်က သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်သာဖြစ်တယ်။ လီဖူချန်းက ဘာလို့ ဒီလောက်ကြာတဲ့အထိ တိုက်ခိုက်နေရတာလဲ။
ဒီလိုလား။
ယန်ပိုင်ရှန်က ရယ်လိုက်တယ်၊ လီဖူချန်း ဘာစဉ်းစားနေသလဲဆိုတာ သူက ခန့်မှန်းမိခဲ့တယ်။
လီဖူချန်းက ခွန်အားအများကြီးကို မထုတ်ပြချင်တာ သေချာတယ်။ တကယ်တော့ သူ့ခွန်အားအားလုံးကို ထုတ်ပြလိုက်တာနဲ့ လူအနည်းငယ်ကပဲ သူနဲ့ အလောင်းအစားလုပ်ရဲတော့မှာလေ၊ သူက ငွေအမြောက်အများဘယ်ရတော့မှာလဲ။
သူက နာထရပ်ထက် ပိုကောင်းရုံတင် ရပါပြီ၊ အများကြီးပိုကောင်းစရာမလိုပါဘူး။
တစ်ခဏကြည့်ရှုပြီးနောက် နန်ကုန်းဖှေးဖန်က သူမရဲ့ခေါင်းကို ခါယမ်းလိုက်တယ်။ သူတို့နှစ်ယောက်က အားမနည်းပါဘူး၊ သူတို့က သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေဖြစ်တယ်။ ကံမကောင်းစွာနဲ့ သူမ အခုလိုအပ်တာက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ နီးကပ်တဲ့သူ ဒါမှမဟုတ် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုရင်တော့ ပိုကောင်းတာပေါ့။
ကံမကောင်းစွာနဲ့ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ထွက်ပေါ်လာဖို့ မလွယ်ပါဘူး။
အကွက်သုံးဆယ်ပြီးနောက် လီဖူချန်းက နာထရပ်ကို အနိုင်ယူခဲ့တယ်။
"မင်းရဲ့ အလှူအတွက် ကျေးဇူးတင်ပါတယ်"
လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံကို သိမ်းလိုက်တယ်။
နတ်ဘုရားကျောက်တုံးတွေရဖို့က အရမ်းလွယ်တာပဲဟ။
"ခွန်အားတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ငါ့ပြိုင်ဘက်တော့ မဖြစ်နိုင်ဘူး" အစကနေအဆုံးထိမြင်ခဲ့တဲ့စွေ့ဟောင်က ရယ်လိုက်တယ်။ သူက လီဖူချန်းနဲ့ အလောင်းအစားတိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တယ်၊ သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို မရရင်တောင် ငွေအချို့တော့ ရနိုင်မှာပါ။
"သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်က စိတ်ဝိညာဉ်ခွဲဖြာဓားအတွက် ငါနဲ့ ယှဉ်ပြိုင်ရဲတာပေါ့လေ၊ ဘယ်လိုသေရမလဲဆိုတာ မသိဘူးပဲ" နဂါးနက်ဂိုဏ်းရဲ့လူရွယ်က နှာခေါင်းရှုံ့လိုက်တယ်။
အဖြူရောင်ပန်းပွင့်တွေအနီးရှိအဆောက်အဦးထဲမှာ ပုရွှမ်က မျက်မှောင်ကြုတ်လိုက်တယ်။ ဒါက သူ့ရဲ့ခွန်အားအပြည့်မဖြစ်သင့်ဘူး.......
အရိုးသားဆုံးပြောရရင် လီဖူချန်းရဲ့ခွန်အားက သူမကို အနည်းငယ်မကျေမနပ်ဖြစ်စေခဲ့တယ်။
ပြိုင်ဘက်မှာ ဒီခွန်အားလောက်သာရှိရင် သူတို့က စိတ်ဝိညာဉ်ခွဲဖြာဓားရှိဖို့ လုံးဝမထိုက်တန်ပါဘူး။
"ငါက စိတ်ဝိညာဉ်ဓားဆယ့်ရှစ်ပဲ၊ ငါ မင်းနဲ့ အလောင်းအစားလုပ်ချင်တယ်" နာထရပ်ကို အနိုင်ယူပြီးနောက် ဓားနတ်ဘုရားတစ်ယောက်က နေရာလပ်ဆီ ရောက်ရှိလာခဲ့တယ်။
"စိတ်ဝိညာဉ်ဓားဆယ့်ရှစ်လား။ အဆုံးစွန်းဓားဂိုဏ်းရဲ့တပည့်တစ်ယောက်လား"
"အဆုံးစွန်းဓားဂိုဏ်းရဲ့တပည့်တွေလဲ ဒီနေရာမှာ ရှိနေတာပဲ။ ဒါ တကယ်ကို စည်းကားတော့မှာပဲ"
"အဆုံးစွန်းဓားဂိုဏ်းက စန်းလန်မြို့ရဲ့ထိပ်တန်းကြယ်ငါးလုံးဂိုဏ်းဆယ်ဂိုဏ်းထဲကတစ်ခုပဲ။ ဓားဂိုဏ်းရဲ့တပည့်တွေအားလုံးက ဓားတာအိုမှာ သန်မာတယ်"
နေရာလပ်ပတ်လည်ရှိအဆောက်အဦးတွေထဲမှာ ဆွေးနွေးသံတွေ ထွက်ပေါ်လာနေတော့တယ်။
ယန်ပိုင်ရှန်ရဲ့အသံက လီဖူချန်းရဲ့နားထဲသို့ ရောက်လာတယ်"အကိုဖူချန်း၊ စိတ်ဝိညာဉ်ဓားဆယ့်ရှစ်က အဆုံးစွန်းဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ၊ အဆုံးစွန်းဓားဂိုဏ်းက အရမ်းအားကောင်းတယ်၊ ကြယ်ငါးလုံးဂိုဏ်းတွေကြားထဲမှာ အားအကောင်းဆုံးဖြစ်တယ်။ အဆုံးစွန်းဓားဂိုဏ်းထဲမှာ ဓားတာအိုပိုင်နက်ဆရာသခင်တွေအများကြီးရှိတယ်။ အဆုံးစွန်းဓားဂိုဏ်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေနဲ့ဆန်းကြယ်နတ်ဘုရားတွေမှာ သီးသန့်နာမည်တွေ ရှိတယ်။ စိတ်ဝိညာဉ်ဓားဆယ့်ရှစ်ဆိုတာက သူ့အရှေ့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆယ့်ခုနှစ်ယောက်ရှိတယ်လို့ ဆိုလိုတယ်။ မင်း ဂရုစိုက်သင့်တယ်"
လက်ရှိအချိန်မှာ သူက စိတ်ဝိညာဉ်ဓားဆယ့်ရှစ်ရဲ့ခွန်အားကို မသိပေမယ့် ဂရုစိုက်တာ ပိုကောင်းတာပေါ့လေ။
"ကြယ်ငါးလုံးဂိုဏ်းတစ်ခုမှာ ဒီလောက်များတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေရှိတာပေါ့လေ၊ ဒါ တကယ်ကို အားကောင်းတာပဲ" လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်မိတယ်။
အတွေးတွေ ရွေ့လျားနေရင်း လီဖူချန်းက စိတ်ဝိညာဉ်ဓားဆယ့်ရှစ်ကို ပြောလိုက်တယ်"လောင်းကြေးကရော ဘယ်လိုလဲ"
"အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ဘီလီယံ" စိတ်ဝိညာဉ်ဓားဆယ့်ရှစ်က ပြောလိုက်တယ်။
"ကောင်းပြီ"
လီဖူချန်းက သဘောတူခဲ့တယ်။
တစ်ဖက်လူက သူ့ကို အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ဘီလီယံကို ပေးချင်မှတော့ သူ ဘယ်ငြင်းနိုင်မှာလဲ။
ဓားနတ်ဘုရားတွေကြားရင်ဆိုင်မှုက သာမန်တိုက်ပွဲထက် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။
နာထရပ်ရံလက်နက်က ဓားရှည်တစ်လက်ဖြစ်ပေမယ့် သူက ဓားနတ်ဘုရားတစ်ယောက်မဟုတ်ပါဘူး။
စိတ်ဝိညာဉ်ဓား၁၈က မတူပါဘူး။ စိတ်ဝိညာဉ်ဓား၁၈ရဲ့လက်နက်က အဝါရောင်ဓားတစ်လက်ဖြစ်တယ်။ အဝါရောင်ဓားချီနဲ့အတူ အဆုံးမဲ့ဓားတာအိုဥပဒေသက လီဖူချန်းဆီ ရိုက်ခတ်လာတယ်၊ မုန်တိုင်းတိုက်သလို၊ မြေပြိုကျသလို၊ လေပြင်းတိုက်ခတ်သလိုပါပဲ။
ကြည့်ရှုနေသူတွေက စိတ်ဝိညာဉ်ဓား၁၈ရဲ့ဓားကို မြင်တဲ့အခါ သူတို့က အသက်တောင် မရှုနိုင်တော့ပါဘူး။ တစ်ဖက်ရဲ့ဓားက သန်မာလွန်းကာ သူတို့အားလုံးကို သက်ရောက်နေခဲ့တယ်။
"အဆုံးစွန်းဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ဆိုတဲ့အတိုင်းပဲ၊ ငါ ခေါ်ယူကြည့်ရမယ်" နန်ကုန်းဖှေးဖန်က ခေါ်ယူဖို့ စိတ်အားထက်သန်နေလေတယ်။
ပိုင်နက်နတ်ဘုရားသားရဲရဲ့ဆန်းကြယ်နယ်မြေမှာပါဝင်နေတဲ့သားရဲမိသားစုတွေထဲကတစ်ခုကလဲ အဆုံးစွန်းဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တယ်လေ။
"ဓားက ပြင်းထန်လှပါလား"
လီဖူချန်းက ပြုံးကာ ပျံသန်းနဂါးခုတ်ချက်ကို အသုံးပြုခဲ့တယ်။ ပျံသန်းနဂါးခုတ်ချက်ပိုင်ဆိုင်တဲ့ဓားရပ်တည်ချက်ကလဲ ပေါက်ကွဲထွက်လာခဲ့တယ်။
အော်.....
နဂါးဟိန်းသံက ပရိသတ်ကို တုန်လှုပ်သွားစေပြီး ကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသက အနက်ရောင်လျှပ်စီးပမာ ပတ်ဝန်းကျင်ဧရိယာနဲ့ ပေါင်းစပ်သွားခဲ့တယ်။
ဖြောက်.....
စိတ်ဝိညာဉ်ဓား၁၈မှထုတ်လွှတ်နေတဲ့ဓားရပ်တည်ချက်က ပျံသန်းနဂါးခုတ်ချက်ဓားရပ်တည်ချက်ရဲ့ရှေ့မှာ အဝတ်စတစ်ခုပမာ တစ်လက်မတိုင်းက ဆုတ်ပြဲသွားခဲ့တယ်။
အနက်ရောင်ဓားတာအိုဥပဒေသကို မြင်ပြီး စိတ်ဝိညာဉ်ဓား၁၈က နောက်ဆုံးမှာ အရောင်ပြောင်းသွားခဲ့တယ်။
သူက လီဖူချန်းကို အထင်သေးမိခဲ့တယ်လို့ ဝန်ခံရမှာပဲ။
မဟုတ်ဘူး၊ လီဖူချန်းနဲ့နာထရပ်က သူတို့ရှေ့မှာတင် တိုက်ခိုက်ခဲ့တာ၊ သူက သူရဲ့ခွန်အားအကုန်လုံးကို မပြခဲ့ဘူးပဲ။
ဒါကို စဉ်းစားကြည့်လိုက်တော့ ပုံမှန်ပါပဲလေ။ ပထမဆုံးအလောင်းအစားတိုက်ပွဲမှာ ဘယ်သူကများ သူတို့ရဲ့ခွန်အားကို အလုံးစုံပြသမှာလဲ။
"စိတ်ဝင်စားစရာပဲ" လီဖူချန်းရဲ့ဓားရပ်တည်ချက်က စွေ့ဟောင်ကို အနည်းငယ်တုန်လှုပ်သွားစေခဲ့ပေမယ့် သူ့စိတ်ကူးထားတာကိုတော့ မကျော်လွန်ခဲ့ပါဘူး၊ သူက ရန်သူကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိပါသေးတယ်။
"မင်းက မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာလား။ ငါ မင်းကို နောက်ကျရင် ဖိတ်ခေါ်ရမယ်" နန်ကုန်းဖှေးဖန်က လီဖူချန်းကို ကြည့်လိုက်တယ်၊ သူမက စိတ်ဝိညာဉ်ဓား၁၈နဲ့လီဖူချန်းတို့နှစ်ယောက်လုံးကို ခေါ်ယူဖို့ စီစဉ်ထားခဲ့တယ်။
အုန်း......
ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုတစ်ခု။
အနီးကပ်ကြည့်လိုက်တော့ ဒါ ရိုးရှင်းတဲ့ချီလှိုင်းတစ်ခုမဟုတ်ဘူးပဲ၊ အဲဒါက အဆုံးမဲ့ဓားချီတွေပါဝင်နေတဲ့ဓားချီလှိုင်းတစ်ခုပဲ။
သူတို့နှစ်ယောက်ပထမဆုံးထိပ်တိုက်ဆုံတဲ့အခါမှာတင် ကမ္ဘာတုန်လှုပ်မတတ်ပေါက်ကွဲစေခဲ့တာပဲ။
စိတ်ဝိညာဉ်ဓား၁၈က လီဖူချန်းကို အလေးအနက်ထားကာ ကြည့်လိုက်တယ်။
စောစောက ဓား၊ ဓားစွမ်းအားပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားတစ်ခုခုပဲဖြစ်ဖြစ်၊ သူက တစ်ဖက်လူထက် ပိုအားနည်းခဲ့တယ်။
"ကောင်းကင်ဘုံဓားအက"
စိတ်ဝိညာဉ်ဓား၁၈က ပြိုင်ဘက်ကင်းဓားတစ်ကွက်ကို ထုတ်ဖော်ခဲ့တယ်၊ သူ့လက်ထဲရှိအဝါရောင်ဓားရှည်က ကခုန်သွားပြီး အဆုံးမဲ့ဓားချီတွေက သူ့လက်ထဲမှ ထွက်လာကာ လီဖူချန်းဆီ ရိုက်ခတ်လာတော့တယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-ကောင်းကင်ဘုံဓားအက။
စိတ်ဝိညာဉ်ဓား၁၈ရဲ့ပြိုင်ဘက်ကင်းတိုက်ကွက်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ လီဖူချန်းက ပျံသန်းနဂါးခုတ်ချက်ကို ထုတ်ဖော်ခဲ့တယ်။
အနက်ရောင်ပျံသန်းနဂါးက ၎င်းရဲ့သွားကိုဟ၊ ၎င်းရဲ့လက်သည်းကို ကခုန်စေကာ ဓားချီကို ဆုတ်ဖြဲခဲ့ပြီး စိတ်ဝိညာဉ်ဓား၁၈ဆီ ရွေ့လျားသွားတော့တယ်။
ဟေး......
နှစ်ယောက်သား တစ်ပြိုင်နက်တည်း အော်လိုက်လေတယ်။
စိတ်ဝိညာဉ်ဓား၁၈အော်တယ်ဆိုတာက သူ့ရဲ့ကောင်းကင်ဘုံဓားအကကို လီဖူချန်းရဲ့ပျံသန်းနဂါးခုတ်ချက်က ဆုတ်ဖြဲခဲ့လို့လေ၊ ဒါက လီဖူချန်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ယခင်ကထက် ပိုသန်မာတာကို ပြတယ်။
လီဖူချန်းက အော်လိုက်တဲ့အကြောင်းကတော့ ကောင်းကင်ဘုံဓားအကက ဆုတ်ဖြဲသွားပေမယ့် အဲဒါက ပြန်စုစည်းသွားပြီး ဆက်လက်ရိုက်ခတ်လာလို့ပဲ။
အနည်းငယ်အရှက်ရသွားပုံရတယ်၊ စိတ်ဝိညာဉ်ဓား၁၈က ဓားအချို့ကို ပစ်လွှတ်ကာ ပျံသန်းနဂါးကို ပိုင်းဖြတ်လိုက်တယ်။
လီဖူချန်းက တည်တည်ငြိမ်ငြိမ်နဲ့ လှိုင်းဂယက်ခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်၊ ကောင်းကင်ဘုံဓားအကက ၎င်းရဲ့စွမ်းအားကို ဆုံးရှုံးသွားပုံရတယ်၊ ၎င်းက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လီဖူချန်းအနားကို လုံးဝမကပ်နိုင်ခဲ့ပါဘူး။
"ကြည့်ရတာ စိတ်ဝိညာဉ်ဓား၁၈က လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်ဘူးပဲ။ ဒီလီဖူချန်းက သူ့ရဲ့ခွန်အားကို အရင်က ဖုံးကွယ်ထားခဲ့တာပဲ"
"ဒီတစ်ကြိမ်မှာရော သူ ဖုံးကွယ်ထားအုံးမလားမသိ"
"ဒီတစ်ကြိမ်မှာလဲ ဖုံးကွယ်ထားပေမယ့် အများကြီးတော့ ဖုံးကွယ်မထားဘူးလို့ ငါ ထင်တယ်"
အနေအထားကို မြင်ပြီး လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်က ထုတ်ပြနေတော့တယ်။
အကွက်လေးဆယ်ရှိလာပါပြီ၊ လီဖူချန်းက ပျံသန်းနဂါးခုတ်ချက်ကို အသုံးပြုကာ စိတ်ဝိညာဉ်ဓား၁၈ရဲ့အကာအကွယ်ကို ချိုးဖြတ်ပြီး ပြိုင်ဘက်ကို ရိုက်ချလိုက်တယ်။
စိတ်ဝိညာဉ်ဓား၁၈က အရှုံးကို ဝန်ခံလိုက်ရတော့တယ်။
တစ်ခဏကြာမှာတော့ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ဘီလီယံကို ရရှိခဲ့တယ်၊ သူက စိတ်အခြေအနေအလွန်ကောင်းနေတော့တယ်။
"လီဖူချန်းလား။ ငါ နန်ကုန်းဖှေးဖန်ပါ။ ငါက နန်ကုန်းမိသားစုရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ......."
လီဖူချန်းရဲ့နားထဲသို့ အမျိုးသမီးအသံတစ်ခုက ရောက်ရှိလာတယ်။
လက်ရှိ သူ ပြသခဲ့တဲ့ခွန်အားအရ လက်ရှိအချိန်မှာ နန်ကုန်းဖှေးဖန်က လီဖူချန်းကို ခေါ်ယူဖို့ ပိုစိတ်ဝင်စားလာတယ်။
လီဖူချန်းရဲ့ခွန်အားက ဒိီလောက်ပဲဆိုရင် သူက သဘောတူလိုက်မှာပါ။
ကံမကောင်းစွာနဲ့ သူ ပြသခဲ့တဲ့ခွန်အားက သူ့ခွန်အားရဲ့အဖျားပိုင်းလောက်သာရှိတယ်။
ဒါကြောင့် လီဖူချန်းက ငြင်းပယ်ခဲ့တယ်။
လီဖူချန်း ငြင်းပယ်တာကို မြင်ပြီး နန်ကုန်းဖှေးဖန်က ဆက်မဖိတ်ခေါ်ခဲ့ပါဘူး။ လီဖူချန်းက ဘယ်လောက်ပဲသန်မာနေပါစေ၊ သူက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်သာ ဖြစ်တယ်။ တစ်ခါဖိတ်ခေါ်ရုံနဲ့တင် လုံလောက်ပါပြီ။
"ငါ၊ စွေ့ဟောင် မင်းနဲ့ အလောင်းအစားလုပ်ချင်တယ်။ မင်း အလောင်းအစားအတွက် စိတ်ဝိညာဉ်ခွဲဖြာဓားကို ထုတ်ရဲလား"
စွေ့ဟောင်က သည်းမခံနိုင်တော့ပါဘူး၊ သူက ပျံသန်းထွက်လာပြီး လီဖူချန်းအရှေ့မှာ ရပ်နေတော့တယ်။
***