← Chapters

ဓားသင်္ဂြိုလ်ခြင်း

Vol. 87 Ch. 1222

ဓားသင်္ဂြိုလ်ခြင်း

Vol. 87 Ch. 1222

"စိတ်ဝိညာဉ်ခွဲဖြာဓားကို လိုချင်တာလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

တစ်ဖက်လူက စိတ်ဝိညာဉ်ခွဲဖြာဓားကို လိုချင်တယ်ဆိုရင် ဘာလို့ လေလံပွဲမှာ အရမယူခဲ့တာလဲ။ တကယ်တော့ သူက အရူးတစ်ယောက်မဟုတ်ပါဘူး။ သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို ရဖို့ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၁၀ဘီလီယံကို သုံးစွဲခဲ့ရတာ။

စွေ့ဟောင်ဝမ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၁၀ဘီလီယံမရှိသလို လေလံပွဲက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေကိုသာ လက်ခံပြီး ရတနာတွေကို လက်မခံမှန်း လီဖူချန်းက ဘယ်လိုလုပ်ပြီး သိမှာလဲ။

"ငါ့အနေနဲ့ စိတ်ဝိညာဉ်ခွဲဖြာဓားကို သုံးပြီး အလောင်းအစားလုပ်ဖို့ မဖြစ်နိုင်တာ‌တော့ မဟုတ်ဘူး။ မင်းက ဘာပေးနိုင်မှာလဲ။ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၁၀ဘီလီယံလို့တော့ ငါ့ကို မပြောနဲ့" လီဖူချန်းက တစ်ဖက်ကို အလွယ်တကူ ‌သဘောမတူခဲ့ပါဘူး၊ အဲလိုလုပ်ရင် အားနည်းချက်တွေ ထွက်ပေါ်သွားစေပြီး အခြားသူတွေရဲ့သံသယကို နိုးဆွစေသလိုဖြစ်သွားမှာပေါ့။

"အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံ၊ ပျမ်းမျှအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသားရေချပ်ဝတ်၊ သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပျံသန်းရေးလှေနဲ့ သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးတစ်တုံး"

စွေ့ဟောင်က ပြောလိုက်တယ်။

ဒါကို ကြားပြီး တစ်ဖက်လူရဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေက မလုံလောက်တာကြောင့် သူက အခြားတစ်ခုခုနဲ့ အစားထိုးခဲ့ရမှန်း လီဖူချန်းက သဘောပေါက်ခဲ့တယ်။

"အကိုပိုင်ရှန်၊ မင်း ဘယ်လိုထင်လဲ" အချို့ပစ္စည်းတွေရဲ့တန်ဖိုးကို သူက ကောင်းကောင်းမသိဘူး၊ ဒါကြောင့် လီဖူချန်းက ယန်ပိုင်ရှန်ကို မေးလိုက်တယ်။

"ယန်ပိုင်ရှန်က ပြောလိုက်တယ်" ခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက တိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့ငါးဆရှိတယ်။ ဒီပျမ်းမျှအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသားရေချပ်ဝတ်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဘီလီယံခန့်ထိုက်တန်တယ်။ အသုံးအဆောင်ပစ္စည်းပျံသန်းရေးလှေရဲ့တန်ဖိုးက တိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့ဆယ်ဆရှိပြီး အဲဒါလဲ အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဘီလီယံထိုက်တန်တယ်။ သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ဘီလီယံအောက်တော့ မကျဘူး"

"ဒီလိုဆို စုစုပေါင်းတန်ဖိုးအလယ်‌ဆင့်နတ်ဘုရားကျောက်တုံး၁၂၀ဘီလီယံပေါ့"

တကယ်တော့ လီဖူချန်းမှာ အဖြေရှိပြီးသားပါ။ တစ်ဖက်လူက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံနဲ့အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်တစ်ခုကို ပဲ ထုတ်ရင်တောင် သူက သဘောတူလိုက်မှာပါ။

"သဘောတူတယ်" လီဖူချန်းက လက်ခံလိုက်တယ်။ တစ်ချိန်တည်းမှာ သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို ယူထုတ်ပြီး နေရာလပ်ဘေးနားရှိကျောက်တုံးစင်မြင့်ပေါ် တင်ထားလိုက်တော့တယ်။

"သူက သဘောတူတယ်ပေါ့"

စွေ့ဟောင်က အပျော်ကြီးပျော်နေပြီး သူလဲ သူ့ရဲ့လောင်းကြေးတွေကို ကျောက်တုံးစင်မြင့်ပေါ် တင်ထားလိုက်တယ်။

အရိုးသားဆုံးပြောရရင်  လီဖူချန်းက သူ့ရဲ့ခွန်အားကို ကွယ်ဝှက်ထားမှာကို စွေ့ဟောင်ဝမ်က မစိုးရိမ်ပါဘူး၊ လီဖူချန်းက သူ့ရဲ့ခွန်အားကို ကွယ်ဝှက်ထားရင်တောင် သူက အနိုင်ယူဖို့ ယုံကြည်ချက်ရှိတယ်။

သူ၊ စွေ့ဟောင်ဝမ်က စွေ့မိသားစုရဲ့သမိုင်းမှာအား‌အကောင်းဆုံးဓားတာအိုပါရမီရှင်တစ်‌ယောက်မဟုတ်လား။

"ကောင်းကင်မြေကြီးပိုက်ကွန်"

စွေ့ဟောင်က ရောက်လာလျှင်ချင်း သူရဲ့ကိုယ်ပိုင်ပြိုင်ဘက်ကင်းအတတ်ဖြစ်တဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်လွှတ်ခဲ့တယ်။

ဓားကွက်ထွက်လာတာနဲ့ သိပ်သည်းတဲ့အရောင်မရှိဓားချီက ရောယှက်သွားပြီး ပိတ်ဆီးခြင်းဓားတာအိုဥပဒေသက လိုက်ပါလာကာ လီဖူချန်းကို ပိတ်ဖုံးလာတော့တယ်၊ ဒီဓားပိုက်ကွန်ရဲ့အရှေ့မှာ ဘယ်လိုရှောင်းတိမ်းတာမှ အဓိပ္ပါယ်မရှိတော့ဘူး၊

"ဒါ စွေ့ဟောင်လား။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူက ဒီလောက် မသန်မာဘူးမလား" စွေ့ဟောင်ကို သိတဲ့တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်တယ်။

"စွေ့ဟောင်ရဲ့ဓားတာအိုပါရမီက အလွန်သန်မာနေပြီးသားပဲ၊ ဒါပေမယ့် သူက ကြယ်လေးလုံးမိသားစုမှာ မွေးဖွားခဲ့တော့ သူ့ကို ကန့်သတ်ထားခဲ့တာလေ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူက ဓားတာအိုပိုင်နက်နတ်ဘုရားတစ်ယောက်ထံမှ လမ်းညွှန်မှု ရခဲ့တယ်လို့ ငါ ကြားတယ်။ အဲဒီလမ်းညွှန်မှုကြောင့်ပဲ သူက အခုလို ရုတ်ချည်တိုးတက်လာတာပဲဖြစ်ရမယ်"

အနက်ရောင်ဓားချီက နဂါးနက်တစ်ကောင်ပမာ ရိုက်ခတ်လာပြီး လီဖူချန်းက ဓားပိုက်ကွန်ဆီ ပျံသန်းနဂါးခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။

"အသုံးမဝင်ဘူးပဲ"

စွေ့ဟောင်က ပျံသန်းနဂါးခုတ်ချက်ရဲ့စွမ်းအားကို ခန့်မှန်းထားပြီးသား။ သုံးဆယ်ရာခိုင်နှုန်းပိုသန်မာရင်တောင် ကောင်းကင်မြေကြီးပိုက်ကွန်ကို ဆုတ်ဖြဲဖို့ ခက်ခဲပါလိမ့်မယ်။

ဖြောက်....

ဟင်းလင်းပြင်မှာ အက်ကွဲသံတစ်ခုက အဆက်မပြတ်ထွက်ပေါ်လာတယ်။ ပျံသန်းနဂါးခုတ်ချက်က ဓားပိုက်ကွန်တစ်ဝက်ကျော်ကို ဆုတ်ဖြဲပြီးနောက် ၎င်းကို ဓားပိုက်ကွန်က အစိတ်စိတ်ခွဲဖြတ်သွားတော့တယ်။

ဒီမြင်ကွင်းကို မြင်ပြီးနောက် စွေ့ဟောင်က ပိုတောင် ယုံကြည်ချက်ရှိလာတယ်။

နောက်မှာတော့ သူ့ရဲ့ကောင်းကင်မြေကြီးပိုက်ကွန်ကို လီဖူချန်းရဲ့လှိုင်းဂယက်တွေက အစိတ်စိတ်အမွှာမွှာကွဲထွက်သွားစေခဲ့တယ်။

"စိတ်ဝိညာဉ်ခွဲဖြာဓားကို ငါ ရတော့မှာပေါ့လေ"

စွေ့ဟောင်က နတ်ဘုရားအတတ်ကို အဆက်မပြတ် ထုတ်ဖော်နေခဲ့တယ်။ သူက လီဖူချန်းနဲ့ ရစ်တွယ်နေဖို့ အစီအစဉ်မရှိပါဘူး။

ကောင်းကင်မြေကြီးဓားတစ်သောင်းပူဆွေးခြင်းက ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။ အဲဒါကို ထုတ်ဖော်လိုက်တာနဲ့ ကမ္ဘာကြီးက ညှိမှိုင်းသွားပြီး တစ်သာင်းဓားချီက သစ်ရွက်တွေကိုတိုက်ခတ်နေတဲ့ဆောင်းလေ‌ပမာ လီဖူချန်းကို ရိုက်ခတ်လာတယ်။ ဒီဓားကွက်နဲ့အတူ စွေ့ဟောင်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ယှဉ်နိုင်တယ်လို့ ယုံကြည်တယ်။

"လီဖူချန်းက ရှုံးတော့မယ်"

"လီဖူချန်းက အားနည်းလွန်းတာတော့မဟုတ်ဘူး၊ စွေ့ဟောင်က သန်မာလွန်းလို့ပဲ"

"သူ့ကိုယ်သူအထင်ကြီးလွန်းတာကိုပဲ အပြစ်တင်ရမှာ။ သူက နာထရပ်နဲ့စိတ်ဝိညာဉ်ဓား၁၈ကိုနိုင်ရုံနဲ့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ထင်နေတာလေ"

လီဖူချန်းက ရှုံးလိမ့်မယ်လို့ လူတိုင်းက တွေးနေကြတယ်။

"ခွန်အားနည်းနည်းလေးပိုထုတ်ပြရတာပေါ့လေ"

ပျံသန်းနဂါးခုတ်ချက်ပါပဲ၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ ပျံသန်းနဂါးခုတ်ချက်က နှစ်ဆပိုသန်မာတယ်။ ကြောက်စရာကောင်းတဲ့နဂါးဟိန်းသံက ရူးသွပ်နေတဲ့နဂါးတစ်ကောင် ဟိန်းဟောက်နေတာနဲ့ တူတယ်၊ အချိန်နဲ့နေရာလပ်ကိုတောင် အစိတ်စိတ်အမွှာမွှာဖြစ်သွားစေတယ်၊ နောက်အခိုက်အတန့်မှာတော့ အနက်ရောင်ပျံသန်းနဂါးဓားက ပျံသန်းထွက်လာတယ်။

အုန်း.......

ဆောင်းလေက ပြန့်ကျဲသွားပြီး ကြွေကျနေတဲ့သစ်ရွက်တွေက ပျက်ဆီးသွားတယ်။

ကြောက်စရာကောင်းတဲ့ကောင်းကင်မြေကြီးဓားတစ်သောင်းပူဆွေခြင်းက ပြီးဆုံးသွားခဲ့လေပြီ။

အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရချိန်မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားရတာပဲလေ။

"မဖြစ်နိုင်ဘူး"

ဘာဖြစ်သွားခဲ့သလဲကို မယုံကြည်နိုင်ဟန် စွေ့ဟောင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။

"စီးဆင်းရေဓားခန္ဓာကိုယ်"

ပျံသန်းနဂါးဓားရဲ့အရှိန်က အလွန်မြန်ပြီး စွေ့ဟောင်က ရှောင်တိမ်ဖို့ အချိန်မရှိခဲ့ပါဘူး၊ ခုခံဖို့ အသာထားပေါ့။ ကံကောင်းစွာနဲ့ သူ့မှာ အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့စီးဆင်းရေဓားခန္ဓာကိုယ်ရှိပါသေးတယ်။

ဝူး......

ပျံသန်းနဂါးဓားချီက ရိုက်ခတ်လာတယ်၊ စွေ့ဟောင်ရဲ့ခန္ဓာကိုယ်က စီးဆင်းနေတဲ့ရေပမာ ဖြန့်ကြက်သွားပေမယ့် သူ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုက ပျက်သုန်းသွားလေတယ်။

ခန္ဓာကိုယ်က ပြန်သိပ်သည်းသွားပြီး စွေ့ဟောင်က လီဖူချန်းကို မည်းမှောင်တဲ့မျက်နှာနဲ့ စိုက်ကြည့်နေတော့တယ်။

သူ တွက်ချက်တာ မှားသွားတာပဲ။ လီဖူချန်းက သူ့ခွန်အားရဲ့အစိတ်အပိုင်းသေးသေးလေးကိုပဲ ဖုံးကွယ်ထားတာတာမဟုတ်ဘဲ သူ့ခွန်အားအများစုကို ဖုံးကွယ်ထားခဲ့တာကိုး။ အရိုးသားဆုံးပြောရရင် သူက အနိုင်ရဖို့ ယုံကြည်ချက်မရှိတော့တာပဲ။

အလားတူအံ့အားသင့်သွားရသူဆတွကတော့ ပရိသတ်တွေပါပဲ။ လီဖူချန်းက သူ့ခွန်အားအများစုကို ဖုံးကွယ်ထားမှန်း လူတိုင်းက မသိသေးဘူးလေ။

"ငါ သူ့ကို ပြန်ခေါ်ယူရမယ့်ပုံပဲ" နန်ကုန်းဖှေးဖန်က တိတ်တဆိတ် ပြောလိုက်တယ်။

စီးဆင်းရေဓားခန္ဓာကိုယ်နဲ့အတူ စွေ့ဟောင်က လီဖူချန်းရဲ့ခုတ်ချက်ကို လုံးဝမကြောက်တော့ပေမယ့် သူက လီဖူချန်းရဲ့အကာအကွယ်ကို မချိုးဖြတ်နိုင်ပါဘူး။

ဆယ်ကွက်၊ အကွက်နှစ်ဆယ်၊ အကွက်သုံးဆယ်။

မကြာမီမှာပဲ နှစ်ဖက်လုံးက အကွက်တစ်ရာကျော် တိုက်ခိုက်ခဲ့တယ်။

"ဓားသင်္ဂြိုလ်ခြင်း"

ရုတ်တရက် လီဖူချန်းက သူဖန်တီးထားခဲ့‌ပေမယ့်အသုံးမပြုရသေးတဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။ မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ကျဆင်းလာပြီး စွေ့ဟောင်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတော့တယ်။

စွေ့ဟောင်ရဲ့စီးဆင်းရေဓားခန္ဓာကိုယ်က လျင်မြန်စွာ ချေမှုန်းခံလိုက်ရတယ်။

ပြီးပြည့်စုံခြင်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-ဓားသင်္ဂြိုလ်ခြင်း။

ဓားတစ်ကွက်တည်းနဲ့အတူ စွေ့ဟောင်က ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်၊ နောက်ထပ်ဓားကွက်အနည်းငယ်နဲ့ဆိုရင် စွေ့ဟောင်က မတောင့်ခံနိုင်တော့တာ သေချာတယ်။

ဓားသင်္ဂြိုလ်ခြင်းက ကြောက်စရာကောင်းလှတယ်၊ ၎င်းက ရန်သူရဲ့နတ်ဘုရားစွမ်းအားနဲ့အသက်ကို လျင်မြန်စွာ ချေမှုန်းနိုင်တာပဲ။

ဒါပေမယ့် လီဖူချန်းက စွမ်းအားအချို့ကို ထုတ်လွှတ်ထားလို့ပဲ၊ အရင်စွမ်းအားအတိုင်းသာဆိုရင် ရန်သူရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို တစ်ကြိမ်တည်းနဲ့ ဒီလောက်ထိ ချေမှုန်းဖို့က ခက်ခဲပါလိမ့်မယ်။

စွေ့ဟောင်က အရှုံးကို မဝန်ခံသေးပါဘူး။

သူမရှုံးနိုင်ဘူး၊ သူ  အနိုင်ရလိမ့်မယ်။

အရှုံးကို မဝန်ခံဘူးပေါ့လေ။

ဓားကွက်သုံးကွက်ပြီးနောက် စွေ့ဟောင်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်အားက တစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့တယ်။

"အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်" နန်ကုန်းဖှေးဖန်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ ဒီတစ်ကြိမ်မှာ လီဖူချန်းပြသခဲ့တဲ့ခွန်အားက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ဆိုတာ သံသယရှိစရာမလိုဘူးပဲ။

တစ်ဖက်လူကို ဆွဲဆောင်ဖို့ သူမရဲ့အခြေအနေကို တိုးတက်အောင် လုပ်ရမယ့်ပုံပဲ။

စွေ့ဟောင်ကို အနိုင်ရတော့ လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၀၀ဘီလီယံ၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းသားရေချပ်ဝတ်တစ်ခု၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးတို့ကို ပိုင်ဆိုင်လာခဲ့ရတာပေါ့။

သူက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ခွန်အားကို ပြသခဲ့တာကြောင့် ဖြစ်နေမလား။ နောက်ပိုင်းမှာ တစ်ယောက်မှ သူနဲ့ အလောင်းအစားလုပ်ဖို့ စိန်လာမခေါ်ကြတော့ဘူးလေ။

အဆောက်အဦးကို ပြန်ရောက်လာပြီးနောက် နန်ကုန်းဖှေးဖန်ရဲ့အသံက လီဖူချန်းရဲ့နားထဲသို့ ရောက်ရှိလာပြန်တယ်။

ဒီတစ်ခါမှာတော့ နန်ကုန်းဖှေးဖန်ရဲ့စုဆောင်းမှုအခြေအနေက ငါးဆတိုးလာခဲ့တယ်။

လီဖူချန်းက ငြင်းပယ်ခဲ့တယ်။

ဒီကမ်းလှမ်းမှုက မလုံလောက်ပါဘူး။

နန်ကုန်းဖှေးဖန်က အနည်းငယ်မပျော်မရွှင်ဖြစ်သွားတယ်၊ လီဖူချန်းက ဆက်လက်ငြင်းပယ်နေခဲ့တယ်လေ။

"နင်တစ်ယောက်ပဲ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင် မဟုတ်ဘူး။ ထားလိုက်တော့၊ အလောင်းအစားတိုက်ပွဲက မပြီးသေးဘူး၊ အနောက်မှာ အခြားအလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ ရှိအုံးမှာ" နန်ကုန်းဖှေးဖန်က လီဖူချန်းရဲ့သဘောထားအပေါ် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိတယ်၊ တစ်ဖက်လူက လောဘကြီးလွန်းနေတာပဲ။

အချိန်ဖြတ်သန်းမှုနဲ့အတူ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ပြီးတစ်ယောက် စတင်အလောင်းအစားတိုက်ခိုက်လာခဲ့ကြတယ်။ သူတို့အထဲမှာ တောက်ပတဲ့သူတွေ အများကြီးရှိတယ်၊ ကြယ်ပျံတူကို လက်နက်အဖြစ် အသုံးပြုတဲ့လူရွယ်လိုပေါ့၊ တူတစ်ချက်နဲ့အတူ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကတောင် လွင့်ထွက်သွားရတယ်။ နောက်ပြီးတော့ တိုင်ယန်ခန္ဓာကိုယ်နဲ့အဆင့်မြင့်နတ်ဘုရားသွေးမျိုးဆက်ရှိတဲ့မျက်လုံးလေးလုံးလူရွယ်က ရန်သူရဲ့တိုက်ခိုက်မှုတွေကို တိုက်ရိုက်လစ်လျူရှုပြီး ရန်သူကို သွေးပွက်ပွက်အန်တဲ့အထိ ထိုးနှက်ခဲ့တယ်။

ဒိီနှစ်ယောက်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေလို့ လူတိုင်းက တွက်ချက်ထားကြတယ်။ သူတို့က ခွန်အားကို ဖုံးကွယ်ထားသလားကိုတော့ မသိပါဘူး။

"ကမ္ဘာလွှမ်းမိုးခြင်းခုတ်ချက်၊ နာမည်က အတော်လေးလွှမ်းမိုးနိုင်တာပဲ"

အဆောက်အဦးထဲမှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားချိတ်ပိတ်ကျောက်တုံးထဲသို့ ကျူးကျော်သွားခဲ့တယ်။

ကမ္ဘာလွှမ်းမိုးခြင်းခုတ်ချက်၊ နာမည်ကပဲ လွှမ်းမိုးနိုင်တာမဟုတ်ဘူး၊ အကွက်ကလဲ လွှမ်းမိုးနိုင်တယ်။ ၎င်းက ရိုးရှင်းတဲ့ဓားခုတ်ချက်တစ်ခုဖြစ်ပေမယ့် ကမ္ဘာကြီးက ပျက်ဆီးယိုယွင်းနေပြီး စကြာဝဠာက ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့လှည့်စားမှုပုံရိပ်ယောင်ကို လူတွေကို ပေးစွမ်းတယ်။

သူက ဒီကမ္ဘာလွှမ်းမိုးခြင်းခုတ်ချက်ကို သင်ယူနိုင်ရင် သူ့ခွန်အားက အဆများစွာ တိုးလာနိုင်တယ်။

"အကိုဖူချန်း၊ တစ်ယောက်ယောက်က မင်းနဲ့ အလောင်းအစားတိုက်ခိုက်ချင်နေတယ်"

ယန်ပိုင်ရှန်က ဘေးမှ လျှောက်လာတယ်။

"ဘယ်သူလဲ" လီဖူချန်းက နေရာလပ်ရဲ့ဗဟိုကို ကြည့်လိုက်တယ်။

အဲနေရာမှာ မျက်လုံးလေးလုံးလူရွယ်တစ်ယောက်က ရပ်နေရင်း လီဖူချန်းကို ကြည့်နေတယ်။

"ဒီလူရဲ့ခန္ဓာကိုယ်ထဲရှိ အဆင့်မြင့်နတ်ဘုရားသားရဲသွေးမျိုးဆက်က အလွန်သန်မာတဲ့ခံစစ်အမျိုးအစားပဲ ဖြစ်မယ်။ နတ်ဘုရားခန္ဓာကိုယ်နဲ့နတ်ဘုရားအတတ်တွေ ပေါင်းလိုက်တော့ ဖျက်ဆီးမရနိုင်ဘူးလို့ပြောနိုင်တာပေါ့။ မင်းက သူ့ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ရင်တော့ သူ့ကို လုံးဝအနိုင်မရနိုင်ဘူး" ယန်ပိုင်ရှန်က ပြောလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"သူက ငါနဲ့ အလောင်းအစားတိုက်ခိုက်ချင်မှတော့ ငါ သူ့ကို ကူညီပေးရမှာပေါ့"

တစ်ဖက်လူရဲ့လောင်းကြေးက အရမ်းတော့မများပါဘူး။ အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးဆယ်ဘီလီယံပါပဲ။

လီဖူချန်းက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၇၀ဘီလီယံကို ရရှိထားပြီလေ၊  နောက်ထပ်ငါးဆယ်ဘီလီယံရမှာကို ဘယ်လိုလုပ်ငြင်းပယ်ရမှာလဲ။

***

All Chapters