← Chapters

မှင်တက်ဖွယ်ရာအလောင်းအစား

Vol. 87 Ch. 1223

မှင်တက်ဖွယ်ရာအလောင်းအစား

Vol. 87 Ch. 1223

ထရပ်လျက် လီဖူချန်းက တစ်ဖက်လူရဲ့ရှေ့သို့ ခုန်ဝင်သွားတယ်။

မျက်လုံးလေးလုံးလူရွယ်ကို ဟော့လို့ခေါ်တယ်။ မျက်လုံးလေးလုံးရှိတဲ့အပြင် သူ့နှာခေါင်းက သာမန်လူတွေနဲ့ ကွဲပြားတယ်။ အဲဒါက နှာခေါင်းပေါက်နှစ်ခုပါတဲ့ဦးချိုတစ်ခုပါပဲ။

ဟော့က လီဖူချန်းကို ကြည့်လိုက်တယ်"မင်းရဲ့ဓားတာအိုနတ်ဘုရားအတတ်တွေက အရမ်းအားကောင်းတယ်၊ ဒါပေမယ့် မင်း ငါ့ရဲ့ခံစစ်ကို မချိုးဖြတ်နိုင်ပါဘူး"

သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေက ခံစစ်ကို အလေးပေးပြီး အဆင့်မြင့်နတ်ဘုရားသားရဲမျက်လုံးလေးလုံးကြံ့ရဲ့သွေးမျိုးဆက်ပါ ပေါင်းစပ်လိုက်တော့ ခံစစ်က အချို့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထက် ပိုသန်မာလာရတာပေါ့။

ဒါက သူ လီဖူချန်းနဲ့ အလောင်းအစားလုပ်ရတဲ့အကြောင်းပြချက်ဖြစ်တယ်။ တကယ်တော့ ခွန်အားရ သူက လီဖူချန်းနဲ့ ကွာဟချက်အချို့ ရှိပါတယ်လေ။

မစမ်းဘဲနဲ့ မင်း ဘယ်လိုလုပ်သိမှာလဲ"

လီဖူချန်းက ဂရုမစိုက်ပါဘူး။

တိုက်ပွဲက မကြာမီမှာပဲ စတင်လာတယ်။

ဟေး......

ဟော့က ကျယ်လောင်စွာ အော်လိုက်တယ်၊ လက်သီးကို ထိုးလိုက်ရာ လက်သီးအရိပ်တစ်ထောင်က လီဖူချန်းဆီ ရိုက်ချလာတော့တယ်။။

ဓားက ပထမဆုံးလက်သီးအရိပ်ကို ချိုးဖြတ်ပြီး လီဖူချန်းရဲ့ဓားချီက ဟော့အပေါ် ကျရောက်သွားတယ်။

ချွမ်း.....

မီးပွားတွေ ထွက်လာပေမယ့် ဟော့က နာကျင်ခြင်းမရှိပါဘူး။

"အသုံးမဝင်ဘူး၊ ခွဲဖြာခြေထောက်.....""

ဟော့က သူ့လက်မောင်းနဲ့သူ့ခြေထောက်တွေကို ဖွင့်ထုတ်ကာ သေနတ်ပစ်ခတ်နေတဲ့အလား လီဖူချန်းဆီ အရူးအမူးကန်ကျောက်လာတယ်။

"ကောင်းတယ်၊ ဓားသင်္ဂြိုလ်ခြင်း......."

လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ဆင်းသက်လာပြီး ဟော့ကို ထိုးဖောက်သွားခဲ့တယ်။

ဒင်း ဒင်း ဒင်း ဒင်း......

အနက်ရောင်ဓားအရိပ်တွေက များလွန်းကာ အဆုံးမဲ့ဖြစ်‌နေတယ်။ အစမှာ ဟော့က ထိန်းနိုင်ပေမယ့် အချိန်တစ်ခုကြာပြီးနောက် အပ်အရွယ်အစားအပေါက်တွေက သူ့ခန္ဓာကိုယ်ပေါ်မှာ  စတင်ထွက်ပေါ်လာတယ်၊ ထိုသွေးပေါက်တွေက ပိုပိုကြီးလာတယ်။ သူ့မျက်နှာပေါ်ရှိအမူအရာက ပိုနာကျင်ခံစားနေရတယ်။

ဟိန်းသံ......

ကျယ်လောင်တဲ့ဟိန်းသံတစ်ခုနဲ့အတူ နတ်ဘုရားသားရဲအရိပ်တစ်ခုက ဟော့ရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။

ဒါက မျက်လုံးလေးလုံးကြံ့တစ်ကောင်ပဲ၊ ‌၎င်းရဲ့ခန္ဓာကိုယ်က ရွှေနဲ့ပြုလုပ်ထားသလို ထင်ရကာ ဖျက်‌ဆီးမရနိုင်ဖြစ်နေပုံပေါ်တယ်။

မျက်လုံးလေးလုံးကြံ့က အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်ပါပဲ။

ဟော့က မျက်လုံးလေးလုံးရွှေရောင်ကြံ့ရဲ့သွေးမျိုးဆက်ကို နိုးဆွလိုက်တာကြောင့် ၎င်းရဲ့ခံစစ်က အဆအနည်းငယ်ချက်ချင်းတိုးလာပြီး အနက်ရောင်ဓားအရိပ်က ၎င်းရဲ့ခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိတော့ပါဘူး။

"ငါ့အလှည့်ပဲ"

ဟော့က လီဖူချန်းကို လက်သီးနဲ့ ထိုးလိုက်တယ်။

လက်သီးချင်းတူတူပဲ၊ ဒီတစ်ခါမှာတော့ လက်သီးအရိပ်တစ်ထောင်က ရွှေရောင်တောက်ပကာ အားကောင်းနေတယ်။

"ဓားလှည့်ပတ်ခြင်း"

လည်ပတ်နေတဲ့ဓားဘီးတစ်ခုက လီဖူချန်းရဲ့အရှေ့မှာ ထွက်ပေါ်လာပြီး ရွှေရောင်လက်သီးကို တားဆီးလိုက်တော့တယ်။

ဖြောက်......

မကြာမီမှာပဲ ဓားဘီးက ပျက်ဆီးသွားပြီး ရွှေရောင်လက်သီးအရိပ်က ဆက်လက်တိုက်ခိုက်လာတယ်။

"စိတ်ဝင်စားစရာပဲ။ ခံစစ်ပဲဖြစ်ဖြစ်၊ ခုခံမှုပဲဖြစ်ဖြစ် အဲဒါက အဆများစွာ တိုးတက်လာတာပဲ" လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိအဟုန်က စတင်ပေါက်ကွဲထွက်လာတယ်။ ယခင်က သူက မြစ်ငယ်တစ်စင်းဆိုရင် အခု သူက လှိုင်းထန်တဲ့မြစ်တစ်စင်းဖြစ်လာပါပြီ။

"ပျံသန်းနဂါးခုတ်ချက်"

ကမ္ဘာတစ်ခုလုံးက်ို ဝါးမျိုတော့မတတ် အနက်ရောင်ဓားချီက တစ်ဟုန်ထိုးထောင်တက်လာပြီး အနက်ရောင်နဂါးအရိပ်က ဟော့ရဲ့ခန္ဓာကိုယ်ကို ပွတ်တိုက်သွားတော့တယ်။

ဝှစ် ဝှစ် ဝှစ်.......

ဟော့ရဲ့မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်မှာ သွေးပေါက်တွေ ချက်ချင်းထွက်ပေါ်လာပြီး သွေးတွေက မြားတစ်ထောင်ပမာ ပန်းထွက်လာတယ်။

ရုတ်တရက် ဟော့ရဲ့အရှိန်အဝါက အားနည်းသွားပြီး သူ့နောက်ရှိမျက်လုံးလေးလုံးရွှေကြံ့အရိပ်က တုန်ခါနေတော့တယ်။

"ဓားတစ်ကွက်က ငါ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို ကုန်ခန်းစေခဲ့တာလား"

ဟော့က ထိတ်လန့်သွားတယ်။

"လီဖူချန်းက စွမ်းအားတွေ ဘယ်လောက်တောင် ကွယ်ဝှက်ထားတာလဲ"

"ဟော့ကိုတောင် အနိုင်ယူခဲ့တာပဲ။ ဟော့ရဲ့ခံစစ်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်များစွာကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့တာလေ"

"ဒါ အားကောင်းလွန်းတယ်၊ လီဖူချန်းရဲ့ခွန်အားက အားကောင်းစိတ်ဝိညာဉ်ဆရာသခင်တစ်ယောက်ထက် အားမနည်းလောက်ဘူး"

ထင်မြင်ချက်မျိုးစုံက ထွက်ပေါ်လာနေတော့တယ်။

"အားကောင်းစိတ်ဝိညာဉ်ဆရာသခင်တွေနဲ့ သူ့ကြားမှာ ကွာဟချက်တစ်ခုက သေချာပေါက် ရှိမှာပဲ ဒါပေမယ့် ဒီကွာဟချက်က မကြီးလောက်ဘူး"

လူတိုင်းက လီဖူချန်းရဲ့ခွန်အားကြောင့် အံ့ဩတုန်လှုပ်နေမိတော့တယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့အစစ်အမှန်ခွန်အားက ဘယ်လောက်ထိ ရှိနေမလဲကို အလွန်သိချင်နေကြတယ်။

သူ့ရဲ့အစစ်အမှန်ခွန်အားက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ကို ရောက်ရှိထားပြီလား။

"ငါ‌ စောစောကပြောခဲ့တဲ့အခြေအနေတွေကို သူ လက်မခံတာ အံ့ဩစရာမရှိဘူးပဲ" နန်ကုန်းဖှေးဖန်က သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်မိတယ်၊ သူမက လှည့်စားခံလိုက်ရတယ်လို့ တွေးနေမိတယ်။

"ပွဲပြီးတဲ့အထိ စောင့်ကြည့်ကြတာပေါ့"

နန်ကုန်းဖှေးဖန်က လီဖူချန်းကို ခေါ်ယူခြင်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အလောင်းအစားပြိုင်ပွဲပြီးတော့မှ သူမက လီဖူချန်းကို ထပ်ခေါ်ယူလိုက်တော့မယ်။

ဒီလီဖူချန်းက သူမထံ ကြီးမားတဲ့အံ့အားသင့်မှုတစ်ခုကို ယူဆောင်လာပေးမယ်လို့ သူမက ရေးတေးတေးခံစားနေမိတယ်။

"ဒါမှ စိတ်ဝိညာဉ်ခွဲဖြာဓားနဲ့ ထိုက်တန်တာ"

အဆောက်အဦးတစ်ခုအထဲမှာ ပုရွှမ်းက ခေါင်းညိတ်လိုက်တယ်။

လီဖူချန်း ထုတ်ပြခဲ့တဲ့ခွန်အားက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ နီးကပ်ပြီး စိတ်ဝိညာဉ်ခွဲဖြာဓားအတွက် ထိုက်တန်တယ်။

"တစ်ခုခုတော့ စိတ်ဝင်စားစရာကောင်းနေပြီ"

ယင်းလီရဲ့အမူအရာက မည်းမှောင်သွားပြီး သူ့မျက်လုံးတွေရဲ့အတွင်းနက်ပိုင်းထဲမှာ ဓားအရိပ်တစ်ခုက အနက်ရောင်မြွေတစ်ကောင်ပမာ လှည့်ပတ်နေတော့တယ်။

"ပုရွှမ်၊ နင်နဲ့ငါ အလောင်းအစားလုပ်ကြရအောင်"

အမျိုးသမီးတစ်ယောက်က ထွက်ပေါ်လာပြီး ပုရွှမ်ကို ကြည့်လိုက်တယ်။

တစ်ယောက်ယောက်က ထိုအမျိုးသမီးကို သိတယ်။

သူမက ကြယ်ငါးလုံးဂိုဏ်းဖြစ်တဲ့ခရမ်းရောင်လဓားဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ပြီး ဟော်ယွီလို့ ခေါ်တယ်၊ ခရမ်းရောင်လဓားဂိုဏ်းနဲ့ယွင်ထျန်းဓားဂိုဏ်းက အမြဲတမ်းရန်သူတွေပါပဲ။

‌"ကောင်းပြီ"

ပုရွှမ်က တက်သွားတယ်။

ဟော်ယွီရဲ့ခွန်အားက အလွန်သန်မာတယ်။ ပထမဓားကွက်ကို ထုတ်ဖော်လိုက်တဲ့အခါ သူမက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုတာ လူတိုင်းက သိလိုက်ရတယ်။

ပုရွှမ်က ပိုသန်မာနေတာကတော့ သနားစရာကောင်းပါတယ်လေ။

"အေးခဲခြင်းဓားဆန္ဒ" မမြင်နိုင်တဲ့အေးခဲဓားဆန္ဒအမျှင်တစ်ခုက ဟော်ယွီရဲ့ခံစစ်ကို ချိုးဖြတ်ကာ သူမရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။ နောက်အခိုက်အတန့်မှာတော့ ဟော်ယွီရဲ့ခန္ဓာကိုယ်တစ်ခုလုံးက နေရာမှာတင် အေးခဲသွားတော့တယ်။

ဒါက အေးခဲတာမဟုတ်ဘူး၊ ဓားဆန္ဒကြောင့် အေးခဲတာပဲ။

ပုရွှမ်ရဲ့ဓားတာအိုဥပဒေသမှာ အေးခဲခြင်းလက္ခဏာရပ်ပါဝင်မှန်း သိသာတယ်။

"ဒါ ကြောက်စရာကောင်းတယ်"

ပုရွှမ်ကိုကြည့်နေတဲ့လူတိုင်းရဲ့မျက်လုံးက ပြောင်းလဲသွားတော့တယ်။

အကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်။

ပုရွှမ်က အစစ်အမှန်အကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပဲ။

ပထမဆုံးအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ထွက်ပေါ်လာပါပြီပေါ့။

"စိတ်ဝင်စားစရာပဲ"

ချန်ယုဘေးနားရှိလီထျန်းဟောင်က ခေါင်းညိတ်လိုက်တယ်။

"ပုရွှမ်၊ ငါ မင်းနဲ့ အလောင်းအစားတိုက်ခိုက်မယ်"

ပြောလိုက်တဲ့သူက ငွေရောင်ဝတ်ရုံနဲ့အမျိုးသမီးတစ်ယောက်ပဲ။ သူမက နောက်ကျောမှာ အပြာရောင်ဓားတစ်လက်၊ ငွေရောင်ဓားတစ်လက်၊ ခရမ်းရောင်ဓားတစ်လက် စုစုပေါင်းဓားသုံးလက်ကို သယ်ဆောင်ထားတယ်။

"ဒါ အင်ပါယာဓားဂိုဏ်းရဲ့တပည့်ရှောင်ယင်းပဲ"

တစ်ယောက်က အံ့အားသင့်စွာ‌ ပြောလိုက်တယ်။

အင်ပါယာဓားဂိုဏ်းကလဲ ကြယ်ငါးလုံးအဆင့်ဓားတာအိုဂိုဏ်းတစ်ခုဖြစ်တယ်။

အင်ပါယာဓားပညာ၊ နာမည်အတိုင်းပဲ၊ ဓားကို လေထဲမှာ ထိန်းချုပ်တဲ့ပညာရပ်ပါပဲ။

"ကောင်းပြီလေ၊ ငါလဲ အင်ပါယာဓားဂိုဏ်းရဲ့ဓားအတတ်တွေကို မြင်တွေ့ခွင့်ရတာပေါ့" ပုရွှမ်က ခေါင်းညိတ်လိုက်တယ်။

ဒင်း ဒင်း ဒင်း ဒုန်း......

နှစ်ယောက်သား လျင်မြန်စွာ တိုက်ခိုက်လာကြတယ်။

သူမက ထွက်လာလျှင်ချင်း ရှောင်ယင်းက အပြာရောင်ဓားနဲ့ငွေရောင်ဓားတို့ကို ထိန်းချုပ်ကာ ပုရွှမ်ကို တိုက်ခိုက်ခဲ့တယ်။

သူမရဲ့ထိန်းချုပ်မှုအောက်မှာ ဒီဓားနှစ်လက်က အသက်ဝင်‌နေပုံရတယ်၊ ရှောင်ယင်းနှစ်ယောက်က ပုရွှမ်ကို တိုက်ခိုက်နေသလိုပေါ့။

ပြီးတော့ ဒီဓားနှစ်လက်ရဲ့တိုက်ခိုက်ရေးစွမ်းအားက မှင်တက်စရာကောင်းတယ်၊ ခရမ်းရောင်လဓားဂိုဏ်းရဲ့ဟော်ယွီထက် အဆအနည်းငယ်ပိုသန်မာတယ်။

ရှောင်ယင်းလဲ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်မှန်း သိသာတယ်။

"နင့်ရဲ့ဓားအတတ်တွေက တကယ်အားကောင်းပါတယ်။ အေးခဲဓားဆန္ဒ" ပုရွှမ်က ပြောနေစဉ်မှာပဲ ရေခဲဓားဆန္ဒအမျှင်တစ်ခုက အပြာရောင်ဓားနဲ့ငွေရောင်ဓားတို့ကို ရစ်ပတ်သွားတယ်။

"ဓားသုံးလက်တစ်ပြိုင်နက်"

ရှောင်ယင်းရဲ့မျက်နှာက ပြောင်းသွားတယ်၊ သူမရဲ့နောက်ကျောမှ ခရမ်းရောင်ဓားကို ဆွဲထုတ်ကာ ပုရွှမ်ရဲ့‌အေးခဲဓားဆန္ဒကို ခုခံလိုက်တယ်။

တစ်ယောက်တည်း ဓားသုံးလက်ကို ထိန်းချုပ်ထားတာတောင်မှ ရှောင်ယင်းက ပုရွှမ်ကို ခုခံနေရတယ်။

"ဘယ်လိုလုပ် ဒီလောက်ထိ သန်မာရတာလဲ"

တဖြည်းဖြည်းနဲ့ ရှောင်ယင်းက ရုန်းကန်နေရတော့တယ်။

ပုရွှမ်ရဲ့အေးခဲဓားဆန္ဒက အစက ဘာမှ မဖြစ်ပေမယ့် အချိန်တစ်ခုကြာပြီးနောက် သူမရဲ့အတွေးနဲ့အပြုအမှုတွေကို နှေးကွေးလာစေခဲ့တယ်။

"ချင်းလွမ်ဓားဆန္ဒ........"

နောက်ဆုံးအားကိုးရာအနေနဲ့ ရှောင်ယင်းက သူမရဲ့အဆုံးသတ်တိုက်ကွက်ကို ထုတ်ဖော်ခဲ့တယ်။

"ကောင်းကင်အေးခဲဓားဆန္ဒ"

ရှောင်ယင်းမှာ အဆုံးသတ်တိုက်ကွက်ရှိသလို ပုရွှမ်မှာလဲ ရှိတယ်။ ကောင်းကင်အေးခဲဓားဆန္ဒက အေးခဲဓားဆန္ဒထက် ပိုအေးစက်ပြီး ခုခံရတာ ပိုခက်ခဲတယ်။

ချင်းလွမ်က အေးခဲသွားပြီး ရှောင်ယင်းကလဲ အေးခဲသွားတယ်။

သူတို့နှစ်ယောက်လုံးက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေဖြစ်ပေမယ့် ကွဲပြားပါတယ်။ ပုရွှမ်က ပိုသန်မာတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

"ငါ သူမကို လျော့တွက်ခဲ့တာပဲ"

သူက ပုရွှမ်ကို လျော့တွက်မိတယ်ဆိုတာ လီထျန်းဟောင်က ဝန်ခံရမှာပဲ။

တစ်ဖက်လူက သူ့ကို အလေးအနက်ဖြစ်စေဖို့ အရည်အချင်းပြည့်မှီတယ်။

"ဒီပွဲလာတာ မှန်သွားတဲ့ပုံပဲ" နန်ကုန်းဖှေးဖန်က အလွန်အံ့အားသင့်နေတယ်။ ပုရွှမ်ပဲဖြစ်ဖြစ်ရှောင်ယင်းပဲဖြစ်ဖြစ် သူမက သူတို့ကို မရမကဖိတ်ခေါ်ရမယ်။ ခရမ်းရောင်လဓားဂိုဏ်းမှ ဟော်ယွီကိုလဲ ဖိတ်ခါ်ရမယ်။

တစ်ဖက်ပေါ်မှာ လီဖူချန်းအပေါ် နန်ကုန်းဖှေးဖန်ရဲ့စိတ်ဝင်စားမှုက လျော့ကျလာတယ်။

သူက ဘယ်လောက်ပဲ သန်မာပါစေ၊ ပုရွှမ်လောက် သန်မာမှာတဲ့လား။

"ဒီကောင်လေးနဲ့ စကားအများကြီး မပြောရဖို့ မျှော်လင့်ပါတယ်" သူမရဲ့စိတ်က အနည်းငယ်လျော့ကျလာပေမယ့် ‌နန်ကုန်းဖှေးဖန်က လီဖူချန်းကို လိုချင်နေတုန်းပဲ။ အသေးစားလျို့ဝှက်နယ်မြေမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအများကြီးရှိတယ်၊ တစ်ယောက်နှစ်ယောက်လောက်နဲ့ လုံးဝအဆင်မပြေဘူးလေ။

ဒါ့ပြင် ပုရွှမ်နဲ့ရှောင်ယင်းတို့ကရော သူမရဲ့ဖိတ်ခေါ်မှုကို လက်ခံမလားဆိုတာ သူမက မသိပါဘူး။

အလောင်းအစားတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေလျက်ပါပဲ။

"ယန်ပိုင်ရှန်၊ ငါနဲ့ငါ့မိတ်ဆွေက မင်းနဲ့မင်းမိတ်ဆွေလီဖူချန်းနဲ့ အလောင်းအစားလုပ်ချင်တယ်။ မင်း ရဲလား"

အလောင်းအစားတိုက်ပွဲရဲ့ဒုတိယပိုင်းတစ်ဝက်လောက်မှာ ယန်ပိုင်ရှန်ရဲ့အကုသိုလ်ဝိပါက်က ရှောင်လွှဲလို့ မရတော့ပါဘူး။

လက်ရှိအကုသိုလ်ဝိပါက်ကတော့ ချန်ယုတော့ မဟုတ်ပါဘူး၊ နောက်ထပ်ကြယ်ငါးလုံးမိသားစုတစ်ခုဖြစ်တဲ့တာကိုမိသားစုရဲ့သခင်လေးတာကိုပေါလီပါပဲ။

"ငါက မရဲစရာလား၊ မင်းနဲ့မင်းမိတ်ဆွေမှာ လောင်းကြေးလုံလုံလောက်လောက်ရှိသလားကိုပဲ ငါ စိတ်ပူတာ"

ယန်ပိုင်ရှန်က နှာခေါင်းရှုံ့လိုက်တယ်။

"ငါတို့နှစ်ယောက်အတွက် လောင်းကြေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၀၀ဘီလီယံပဲ။ ငါ့မိတ်ဆွေရဲ့လောင်းကြေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ရာဘီလီယံပဲ။ ဘယ်လိုလဲ၊ မင်း ဒီလောင်းကြေးတွေကို သဘောတူလား" ဒီလောင်းကြေးက မနိမ့်ဘူးလို့ ပေါလီက ယုံကြည်တယ်။

"ကောင်းပြီလေ၊ မင်း ပြောတဲ့အတိုင်းပေါ့"

ယန်ပိုင်ရှန်က သဘောတူခဲ့တယ်။

ဒါပေမယ့် သူက လီဖူချန်းရဲ့သဘောတူညီချက်ကိ လက်ခံထားပြီးပါပြီ။

ပေါလီနဲ့ယန်ပိုင်ရှန်တို့က ပထမဆုံးတိုက်ခိုက်ကြတယ်။

သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ မဟုတ်ကြပေမယ့် နှစ်ယောက်လုံးမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတယ်၊ ဒါကြောင့် သူတို့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့ခွန်အားရှိတယ်လို့ ဆိုနိုင်တယ်။

ပေါလီရဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက လှံဖြစ်ပြီး လှံထိုးလိုက်တဲ့အခါ အရာအားလုံးကိုထိုးဖောက်မယ့်ချီအရှိန်အဝါတစ်ခုက ပျံ့နှံ့လာတယ်။

ယန်ပိုင်ရှန်က ဓားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဓားတစ်လက်ပဲပေါ့။

ဒါက ကျားခေါင်းဓားတစ်လက်ပဲ။ အလင်းတစ်ခုလက်သွားပြီး ကျားဟိန်းသံပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာတယ်။ ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရှိနေတဲ့အလား လူတွေကို အသက်ရှုဖို့ ခက်ခဲစေတယ်။

ဒန်းဒန်းဒန်း.......

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုက တစ်ခုနဲ့တစ်ခုပွတ်တိုက်သွားတယ်။

"ယန်ပိုင်ရှန်က အန္တရာယ်ရှိနေပြီ"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။ ပေါလီရဲ့ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံက ယန်ပိုင်ရှန်ရဲ့ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်ထက် အရည်အသွေးအရ ပိုမြင့်တယ်။

အချိန်ခဏလေးဆိုရင်တော့ ပြဿနာမဟုတ်ဘူးပေါ့။ အချိန်ကြာလာရင် ယန်ပိုင်ရှန်က ရပ်တန့်နိုင်မှာ မဟုတ်ဘူး။

ထင်ထားသလိုပဲ၊ အကွက်ဒါဇင်ကျော်ပြီးနောက် ယန်ပိုင်ရှန်ရဲ့လက်တွေက ထုံလာပြီး ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားက သူ့လက်ထဲမှ လွတ်ကျသွားတယ်။

"ဟားဟား၊ မင်း ရှုံးတော့မယ်"

ပေါလီရဲ့စွမ်းအားက အလျော့မပေးဘဲ လှံက ယန်ပိုင်ရှန်ကို လေထဲသို့ ရိုက်ခတ်သွားတယ်။

နတ်ဘုရားအုံးအဆောင်ပစ္စည်းလှံဆိုရင် ယန်ပိုင်ရှန်က ပြန်တိုက်ခိုက်နိုင်အုံးမှပါ။ ဒါပေမယ့် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံဖြစ်နေတာကြောင့် ယန်ပိုင်ရှန်က ပြုတ်ကျကာ သူ့ခွန်အားက တစ်ဝက်လောက် လျော့ကျသွားခဲ့တယ်။

"တောက်"

အဆုံးမှာ ယန်ပိုင်ရှန်က ပေါလီကို ရှုံးနိမ့်သွားကာ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၀၀ဘီလီယံကို ပေးလိုက်ရတော့တယ်။

အဆောက်အဦးကို ပြန်ရောက်ပြီးနောက် ယန်ပိုင်ရှန်က လီဖူချန်းကို ပြောလိုက်တယ်"ငါ ရှုံးတာက ပြဿနာမရှိဘူး၊ မင်း ရှုံးလို့မရဘူး"

လီဖူချန်းရဲ့လောင်းကြေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၀၀ဘီလီယံ၊ ဒါက ကြီးမားတဲ့ပမာဏတစ်ခုပဲ။

"မစိုးရိမ်ပါနဲ့"

လီဖူချန်းက နေရာလပ်သို့ ဝင်ရောက်သွားတယ်။

***

All Chapters