← Chapters

ထိတ်လန့်တုန်လှုပ်သွားစေခြင်း

Vol. 87 Ch. 1224

ထိတ်လန့်တုန်လှုပ်သွားစေခြင်း

Vol. 87 Ch. 1224

"မင်းရဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၀၀ဘီလီယံအတွက် ကျေးဇူးတင်ပါတယ်" စုန့်ပိုင်ယဲ့က ခါးမှာအနက်ရောင်ဓားပျော့တစ်ချောင်းရှိတဲ့လူရွယ်တစ်ယောက်ပဲ။ သူ့ရဲ့ထူးခြားတဲ့အသွင်အပြင်က လူတွေကို စိတ်ဝိညာဉ်ကိုထိုးဖောက်သွားတဲ့ခံစားချက်ကို ပေးစွမ်းတယ်။ ထပ်ပြောရရင် စုန့်ပိုင်ယဲ့မှာ နတ်ဆိုးစိတ်ဝိညာဉ်တစ်ခုရှိတယ်။ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကို ဓားဆန္ဒနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုတောင် ကြောက်စရာကောင်းလာစေတယ်။ အနည်းဆုံးစုန့်ပိုင်ယဲထွက်လာတဲ့အခိုက်အတန့်မှာ ငယ်ရွယ်တဲ့ဓားနတ်ဘုရားတော်တော်များများက သူတို့ရဲ့နှလုံးတွေ ရူးသွပ်စွာ ခုန်လာကြတယ်။

"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ဓားနတ်ဘုရားလဲ" ယန်ပိုင်ရှန်က အသက်ကို ရှုသွင်းလိုက်တယ်။

တစ်ဖက်လူရဲ့ယှဉ်ရင် သူ့ရဲ့ဓားက ဓားတုံးတစ်လက်လိုပါပဲ၊ လုံးဝ မယှဉ်နိုင်ပါဘူး။

"ဒါဆိုရင် မင်း စိတ်ပျက်သွားရလိမ့်မယ်"

စုန့်ပိုင်ယဲ့ရဲ့ဓားဆန္ဒက အခြားသူတွေကို ခြိမ်းခြောက်နိုင်ပေမယ့် လီဖူချန်းရဲ့မျက်လုံးထဲမှာတော့ အဲဒါက ဖော်ပြဖို့တောင် မထိုက်တန်လှပါဘူး။

သူက လုပ်ချင်ရင် ဓားတိုက်ခိုက်မှုတစ်ခုက ရန်သူပေါ်မှာ စိတ်ပိုင်ဆိုင်ရာအရိပ်တစ်ခုကို ချန်ထားရစ်ပြီး ရန်သူရဲ့စိတ်ဝိညာဉ်ကို နာကျင်စေနိုင်တယ်။

ဒါပေမယ့် စုန့်ပိုင်ယဲ့က အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဆိုတာ လီဖူချန်းက မြင်နိုင်တယ်။ သူ့မှာ အကြွင်းမဲ့ယုံကြည်ချက်မရှိဘဲနဲ့ စိန်ခေါ်ရဲမှာမဟုတ်ဘူးလေ။

ကံမကောင်းစွာနဲ့ သူက လီဖူချန်းနဲ့ တွေ့ဆုံခဲ့တာပဲ။

စုန့်ပိုင်ယဲ့က ပြုံးလိုက်တယ်"တစ်မိနစ်လောက်စောင့်၊ စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ခံစားခွင့်ပေးမယ်၊ ဝတ်ရုံဖြတ်လဓား"

စုန့်ပိုင်ယဲ့က တိုက်ခိုက်လိုက်တယ်၊ အားကောင်းတဲ့ဓားကွက်တစ်ခုပါပဲ။

ဓားကွက်ကို ထုတ်ဖော်လိုက်တာနဲ့ လေဥပဒေသကို ချိုးဖြတ်သွားပြီး နှစ်ဖက်လုံးကို တိုးဝှေ့လာခဲ့တယ်၊ အရာအားလုံးကို ဆုတ်ဖြဲမယ်လို့ထင်ရတဲ့ နတ်ဆိုးချီဓားသွားတစ်ခုက လီဖူချန်းကို ခုတ်ပိုင်းလာတယ်။

ဒီဓားက မြန်လွန်းတယ်။ ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးပဲ။

တိုက်ခိုက်မှုက အဆုံးစွန်းကို ရောက်တဲ့အခါ တိုက်ခိုက်ရေးစွမ်းအားက အရေးမကြီးတော့ပါဘူး။

မင်းက ထိပ်တန်းအဆင့်ဥပဒေသတွေကို မလေ့ကျင့်ထားရင် မင်းက ရိုးရှင်းတဲ့မြန်ဆန်မှုကိုပဲ ပြုလုပ်နိုင်တယ်။ ဥပမာအားဖြင့် အချိန်ဥပဒေသရဲ့အရှေ့မှာ မင်းရဲ့ဓားက ဘယ်လောက်ပဲ မြန်ပါစေ၊ မင်းရဲ့ဓားကို နှေးအောင် ပြုလုပ်နိုင်တယ်။ နေရာလပ်ဥပဒေသရဲ့အရှေ့မှာ မင်းရဲ့ဓားက နေရာလပ်ကို ဘယ်လောက်မြန်မြန်ချိုးဖြတ်နိုင်မှာလဲ။

ဒါပေမယ့် ထိပ်တန်းအဆင့်ဥပဒေသတွေကို ကျင့်ကြံသူတွေက အနည်းငယ်သာ ရှိပြီး ထိပ်တန်းအဆင့်ဥပဒေသတွေကို အဆင့်တစ်ခုအထိ ကျင့်ကြံသူတွေက ပိုတောင် နည်းတယ်။

ဒါကြောင့်  ပုံမှန်အခြေအနေအောက်မှာ တိုက်ခိုက်မှုမြန်နှုန်းက အလွန်လွှမ်းမိုးနိုင်ပါသေးတယ်။

ဝှမ်း......

မီးပွားတွေ ပက်ဖျန်းသွားပြီး စုန့်ပိုင်ယဲ့ရဲ့အလွန်သန်မာပြီးအလွန်မြန်တဲ့ဓားကို တားဆီးခဲ့တယ်။

ဘယ်အချိန်က ထုတ်လိုက်သလဲတော့ မသိဘူး၊ လီဖူချန်းရဲ့ဓားကို ထုတ်လိုက်တာနဲ့ ၎င်းက စုန့်ပိုင်ယဲ့ရဲ့ဓားချီကို ရိုက်နှက်သွားခဲ့တယ်။

အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်- ပုံဆွဲဓား။

အလွန်သာမန်ဆန်တဲ့နာမည်တစ်ခုပဲ၊ ခွင်းဝူစကြာဝဠာမှာ အချို့ဓားသမားတွေက နယ်ပယ်အလွန်နိမ့်တဲ့အချိန်မှာ သူတို့က ဓားရေးဆွဲခြင်းကို အမြဲလိုလိုလေ့ကျင့်ကြတယ်၊ ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံခြင်းက မြင့်လာတဲ့အခါ တစ်ယောက်မှ ဆက်မလေ့လာကြတော့ဘူး။

ဒါပေမယ့် ကိစ္စတွေက ပိုရိုးရှင်းလေ၊ သူတို့က ပိုအားကောင်းလေပဲ။

ဒါ့ပြင် လီဖူချန်းရဲ့ဓားပုံဆွဲခုတ်ချက်က သာမန်မဟုတ်ပါဘူး။

ဓားကို ဓားအိမ်မှ ထုတ်လိုက်တာနဲ့ သူက မရေမတွက်နိုင်တဲ့ဓားတာအိုဥပဒေသတွေကို သိပ်သည်းထားခဲ့ပြီး ပေါက်ကွဲဖို့ အခိုက်အတန့်ကို စောင့်နေရုံမျှပဲ။

ဒါကြောင့် ဓားကို မထုတ်ရင်လဲ မထုတ်ဘူး။ ထုတ်လိုက်တာနဲ့ ၎င်းက ကမ္ဘာတုန်လှုပ်ကာ မြန်ဆန်တဲ့ဓားတစ်လက်ဖြစ်လာတယ်။

သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို ဖိနှိပ်ထားတာကြောင့် မဟုတ်ရင် ဒီဓားကွက်နဲ့အတူ စုန့်ပိုင်ယဲ့တစ်ရာကို သတ်ဖြတ်ပြီးလောက်ပြီ။

"ဘယ်လိုတောင်မြန်ဆန်တဲ့ဓားလဲ၊ ဘယ်လိုတောင်ပြင်းထန်တဲ့ဓားလဲ"

စုန့်ပိုင်ယဲ့ရဲ့နှလုံးသားက ခုန်ပေါက်နေပြီး သူ့ခန္ဓာကိုယ်က လျင်မြန်စွာ လျှပ်တစ်ပြက်လက်သွားကာ ဓားကွက်ရဲ့နောက်ဆက်တွဲကို ရှောင်တိမ်းလိုက်တယ်။

"အရူးဓားဆယ်ချောင်း"

မနီးမဝေးမှ စုန့်ပိုင်ယဲ့က နောက်ထပ်ဓားတစ်ကွက်ကို ထုတ်ဖော်လိုက်တယ်။

ဒီတစ်ခါမှာတော့ ဓားနည်းစနစ်က မြန်ရုံသာမက မခန့်မှန်းနိုင်ပါဘူး။ သူက တစ်ကိုယ်တည်းဖြစ်ပေမယ့် မတူညီတဲ့ဓားရပ်တည်ချက်ဆယ်ခုကို ထုတ်ဖော်ခဲ့တယ်။

လီဖူချန်းကလဲ ဓားတစ်ကွက်ကို ပို့လွှတ်လိုက်တယ်။ လီဖူချန်း ဆယ်ယောက်က ထွက်ပေါ်လာပြီး လီဖူချန်းတစ်ယောက်ချင်းစီက စစ်မှန်ကာ သန်မာလွန်းတယ်။

ဖြောက်......

စုန့်ပိုင်ယဲ့ရဲ့ပြိုင်ဘက်ကင်းတိုက်ကွက်က ထပ်မံရှုံးနိမ့်သွားခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက လီဖူချန်းဓားချီရဲ့နောက်ဆက်တွဲကို ရှောင်တိမ်းဖို့ ကျရှုံးသွားခဲ့တယ်၊ ဓားအမှတ်အသားဆယ်ခုက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာပြီး သွေးတွေက ပက်ဖျန်းသွားတယ်။

ကြည့်ရှုနေသူတွေက တစ်ခဏကြာတဲ့အထိ မှင်တက်သွားခဲ့ကြတယ်။

စုန့်ပိုင်ယဲ့က အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်လေ။

လီဖူချန်းက သူ့ရဲ့ခွန်အားကို တကယ်ဖုံးကွယ်ထားမယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ဘူး။ သူ့ရဲ့အစစ်အမှန်ခွန်အားက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်သလို စုန့်ပိုင်ယဲ့ကို ဖိနှ်ိပ်နိုင်တဲ့အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်လဲဖြစ်တယ်။

လီဖူချန်းရဲ့ဓားအတတ်တွေက ပုံစံပြောင်းသွားခဲ့ပြီလေ။

အတိတ်မှာ သူက ဆောင်းလေညှင်းတစ်ခုဆိုရင် လက်ရှိမှာ သူက ကြမ်းတမ်းတဲ့မုန်တိုင်းတစ်ခုဖြစ်တယ်။ ဓားကို ဓားအိမ်မှ ချွတ်လိုက်တာနဲ့ အဲဒါက အလွန်အမင်းမြန်ကာ ပြိုင်ဘက်ကင်းတယ်။

"သူ စွမ်းအားဘယ်လောက်ထိ ဖုံးကွယ်ထားပါလိမ့်" တစ်ယောက်ယောက်က ပြောလိုက်တယ်။

"ခွန်အားကို ဒီလိုအတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ဖို့ဆိုတာ မလွယ်ဘူး"

"သူက ခွန်အားကို ဖုံးကွယ်ထားအုံးမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ သူက ခွန်အားကို ဖုံးကွယ်ထားသေးတယ်ဆိုရင် သူက ကြောက်စရာကောင်း‌နေပြီ" တစ်ယောက်ယောက်က ပြောလိုက်တယ်။

"ဒါ မဖြစ်နိုင်ဘူးလားလို့၊ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ကျော်ရင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ခွန်အားပဲ ရှိတော့တယ်"

လူတိုင်းက ဆွေးနွေးနေကြတော့တယ်။

"အကိုထျန်းဟောင်" ချန်ယုက လီထျန်းဟောင်ကို ကြည့်လိုက်တယ်၊ သူက အနည်းငယ်စိုးရိမ်လာတယ်။  လီဖူချန်းရဲ့ခွန်အားက သူ့မျှော်မှန်းထားတာထက်ကို သာလွန်နေတာပဲ။ လီထျန်းဟောင်က လီဖူချန်းကို ရင်ဆိုင်နိုင်အုံးမလားဆိုတာ သူ မသိဘူး။ ဒါဆိုရင်တော့ သူ့ကို ယန်ပိုင်ရှန်က ကောင်းကောင်းအရှက်ခွဲမယ်ဆိုတာ သေချာတယ်"

လီထျန်းဟောင်ရဲ့မျက်နှာက ပိုလေးနက်လာပေမယ့် သူ့လေသံက မပြောင်းပါဘူး"အကိုယု၊ မစိုးရိမ်ပါနဲ့၊ ဆန်းကြယ်နတ်ဘုရားတွေကလွဲပြီး ငါ့ပြိုင်ဘက်ဖြစ်နိုင်တာ တစ်ယောက်မှ မရှိဘူး။ အချိန်ကျရင်သာ မင်း စောင့်ကြည့်နေပါ"

"တကယ်လား။ ဒါဆိုလဲ ငါ စိတ်သက်သာရာရသွားပြီ"

လီထျန်းဟောင်ရဲ့အပြောနဲ့အမူအရာကို မြင်တဲ့အခါ ချန်ယုက စိတ်သက်သာရာရသွားတယ်။

"ယန်ပိုင်ရှန်၊ ယန်ပိုင်ရှန်၊ မင်းလဲ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ခေါ်ထားမယ်လို့ ငါ မထင်ထားဘူး။ ကံမကောင်းစွာနဲ့ ဒီတစ်ခါမှာတော့ ငါ့မှာ လီထျန်းဟောင်ရဲ့အကူအညီရှိတယ်။ မင်း ကံကြမ္မာဆိုးဝင်ပြီလို့သာ မှတ်ထား" ချန်ယုနဲ့ယန်ပိုင်ရှန်ကြားရန်ငြိုးက နှစ်တစ်ထောင်လောက်ရှိပြီ၊ ဒါတွေအားလုံးရဲ့အစကတော့ သူနှစ်သက်တဲ့အမျိုးသမီးကို ယန်ပိုင်ရှန်က ခိုးယူသွားလို့ပဲ။

ထိုအမျိုးသမီးအကြောင်းကို စဉ်းစားရင်း ချန်ယုရဲ့မျက်လုံးတွေက အမုန်းတွေနဲ့ ပြည့်နေတော့တယ်။

အရိုးသားဆုံးပြောရရင် သူက ထိုအမျိုးသမီးကို အရမ်းနှစ်သက်လှတယ်တော့ မဟုတ်ဘူး၊ သူက သူနှစ်သက်တဲ့အမျိုးသမီးကို တစ်ခြားသူတွေက ယူသွားတာကို လက်မခံနိုင်လို့ပဲ၊ အထူးသဖြင့် ဒီလူက သူ့ရဲ့ပြိုင်ဘက်ဖြစ်နေရင်ပေါ့၊ အခုဆိုရင် ထိုအမျိုးသမီးက ယန်ပိုင်ရှန်ရဲ့ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာပြီး ကလေးတစ်ယောက်တောင် မွေးပေးခဲ့ပြီလေ။

ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူက ယန်ပိုင်ရှန်ကို ဖိနှိပ်ရပါမယ်။

"ဒုတိယသခင်မလေး၊ လီဖူချန်းမှာ ခွန်အားကောင်းတွေရှိပုံရတယ်"

နန်ကုန်းဖှေးဖန်ဘေးနားရှိအ‌စေခံတစ်‌ယောက်က ပြောလိုက်တယ်။

အခြားအစေခံက ပြောလိုက်တယ်"ကောင်းတာထက် ပိုတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအောက်မှာ သူက ထိပ်တန်းပဲ၊ သူနဲ့ ယှဉ်နိုင်မယ့်သူဆိုတာ အများကြီးမရှိလောက်ဘူး၊ ငါတို့က သူ့ကို ‌ဖိတ်ခေါ်နိုင်ရင် အသေးစားလျှို့ဝှက်နယ်‌မြေဖွင့်တဲ့အခါ ငါတို့ရဲ့အနိုင်ရဖို့အခွင့်အလမ်းက အကြီးအကျယ်တိုးလာမှာ.......""

"ငါ မှားသွားတာ" နန်ကုန်းဖှေးဖန်က အနည်းငယ်စိတ်ပျက်မိသွားတယ်။ သူမက ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူမရဲ့အမြင်အာရုံက ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် လီဖူချန်းကိစ္စမှာတော့ မှားသွားခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားကို သူမက သိခဲ့ရင် ကမ်းလှမ်းမှုကို အဆတစ်ရာလောက် တိုးခဲ့ရမှာ။

"အခုလဲ နောက်ကျတာတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ်၊ ငါက သူ့ကို ဖိတ်ခေါ်ရမယ်။ ညှိနှိုင်းဖို့အတွက် နည်းနည်းပိုပေးရရုံပေါ့။ ဘယ်လိုပဲပြေယပြော အသေးစားလျို့ဝှက်နယ်မြေနဲ့ ယှဉ်ရင် ထိုက်တန်ပါတယ်လေ" နန်ကုန်းဖှေးဖန်က သူ့ရာသူ တွေးလိုက်တယ်။

အား.....

စုန့်ပိုင်ယဲ့က အရုးအမူးအော်လိုက်တယ်၊ ရေတံခွန်တစ်ထောင်က တစ်ပြိုင်နက်စီးဆင်းနေသလို နတ်ဆိုးဓားချီကို ဝှေ့ယမ်းပက်ဖျန်းလိုက်တယ်။

အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ရာဘီလီယံ၊ သူ့ရဲ့နတ်ဘုရားကျောက်တုံးအားလုံးကို ဆုံးရှုံးရလိမ့်မယ်လို့ သူက ဘယ်တော့မှ မတွေးထားခဲ့ဘူး။ လီဖူချန်းရဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၀၀ဘီလီယံက သူ့အိတ်ကပ်ထဲကဟာလို့ပဲ သူ တွေးထားခဲ့တာ။

ရူးသွပ်သဖွယ်ဖြစ်နေတဲ့စုန့်ပိုင်ယဲ့နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက အလွယ်တကူကိုင်တွယ်နိုင်ခဲ့တယ်။

"ဓားသင်္ဂြိုလ်ခြင်း"

မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက ကောင်းကင်မှ ကျလာပြီး စုန့်ပိုင်ယဲ့ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။

ဒီအကွက်က ရှင်းပြမတတ်နိုင်လောက်အောင်ပဲ။ ဘယ်လောက်ပဲမြန်နေပါစေ၊ အနက်ရောင်ဓားအရိပ်က ပိတ်လှောင်ထားလိမ့်မှာ။ ဒီမတိုင်ခင် စုန့်ပိုင်ယဲ့ကို အကြိမ်အနည်းငယ်ထိုးဖောက်သွားခဲ့ပြီး သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအမြောက်အများကို ဆုံးရှုံးလာခဲ့ရတယ်။

လီဖူချန်းကို ကြည့်ရင်း သူက လုံးဝဒဏ်ရာမရခဲ့ပါဘူး။

သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်က ရန်သူကို ဘာမှ မတတ်နိုင်ခဲ့ဘူး။

"ဒါ အဆုံးသတ်ပဲ"

သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လျော့နည်းနည်းလာတာကို မြင်ပြီး စုန့်ပိုင်ယဲ့က အထူးစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုဖြစ်တဲ့နတ်ဘုရားခန္ဓာကိုယ်လောင်ကျွမ်းခြင်းစိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်တဲ့သဘာဝလွန်စွမ်းအားကို ထုတ်ဖော်ခဲ့တယ်။

စိတ်ဝိညာဉ်စွမ်အားက အရူးအမူးလောင်ကျွမ်းနေပြီး စုန့်ပိုင်ယဲ့ရဲ့ဓားဆန္ဒက ချက်ချင်း ထိုးတက်လာတယ်။

တစ်ကြိမ်တည်းနဲ့ အဆအချို့ တိုးလာတယ်။

ပြိးတော့ ဒါက သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားမဟုတ်ဘဲ သဘာဝလွန်စွမ်းအားဖြစ်တယ်။

သဘာဝလွန်စွမ်းအားက နတ်ဘုရားစွမ်းအားရဲ့ပိုမြင့်မားတဲ့အဆင့်တစ်ဆင့်ဖြစ်တယ်။

မင်းက ပိုအားကောင်းလေလေ၊ မင်းရဲ့စွမ်းအားက ပိုသန်မာလေပဲ။

"အရိပ်မဲ့ဓား"

စုန့်ပိုင်ယဲ့က သူ့ရဲ့အသန်မာဆုံးဓားတာအိုအတတ်ကို ဖော်ထုတ်ခဲ့တယ်။ အရိုးသားဆုံးပြောရရင် သူ့ရဲ့ဒီဓားတာအိုနတ်ဘုရားအတတ်က အလွန်မမြင့်မားပေမယ့် သဘာဝလွန်စွမ်းအားရဲ့မောင်းနှင်မှုကြောင့် မှင်တက်စရာစွမ်းအားကို ထုတ်လွှတ်ဖို့ လုံလောက်တယ်။

မမြင်နိုင်တဲ့ဓားသွားအရိပ်က ထွက်ပေါ်လာချင်း အဆုံးစွန်းအထိ ဖောင်းကြွလာခဲ့တယ်။ နေရာလပ်တစ်ခုလုံး၊ မဟုတ်ဘူး၊ ဥယျာဉ်တစ်ခုလုံးကို ဒီဓားသွားအရိပ်က ပိတ်ဖုံးသွားခဲ့တယ်။

"အရမ်းသန်မာတဲ့ဓားကွက်ပဲ"

လီဖူချန်းက တစ်ချက်ဝေ့ကြည့်လိုက်တယ်။ သူ့ခွန်အားက ဒီလောက်မျှပဲဆိုရင် သူက ဒီဓားကွက်ကို ရင်ဆိုင်ရတဲ့အချိန်မှာ သူက မရှုမလှရှုံးနိမ့်သွားနေပြီ။

ဒါပေမယ့် ဒါက သူ့ခွန်အားအပြည့်မဟုတ်သလို တစ်ရာပုံတစ်ပုံတောင် မဟုတ်သေးပါဘူး။

"ပျံသန်းနဂါးခုတ်ချက်"

အနက်ရောင်ဓားချီက ဒေါသထွက်နေတဲ့နဂါးတစ်ကောင်ပမာပဲ။ ၎င်းက အကန့်အသတ်အထိ ချက်ချင်း ကြီးမားသွားတယ်၊ မမြင်နိုင်တဲ့ဓားအရိပ်ထက်တောင် ပိုကြီးမားလာကာ ဓားအရိပ်အထက်ကောင်းကင်ကို ပိတ်ဖုံးသွားတယ်။ ဥယျာဉ်ပတ်လည်ရှိ အတားအဆီးဝင်္ကပါကြောင့်မဟုတ်ရင် အနက်ရောင်နဂါးဓားချီက စမ်းလေညှင်းအိမ်တော်ကို ရိုက်ခတ်ကာ အရာအားလုံးကို ဖျက်ဆီးသွားလောက်ပြီ။

မမြင်နိုင်တဲ့ဓားအရိပ်က ချက်ချင်း ဆုတ်ပြဲသွားပြီး အနက်ရောင်နဂါးဓားချီက စုန့်ပိုင်ယဲ့ဆီ ရွေ့လျားလာတော့တယ်။

အနက်ရောင်နဂါးဓားချီ ပျောက်ကွယ်သွားတဲ့အချိန်မှာ စုန့်ပိုင်ယဲ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက ပျောက်သွားတာ ကြာလှပေါ့။

ဓားတစ်ချက်နဲ့အတူ စုန့်ပိုင်ယဲ့ကို ရှုံးနိမ့်စေခဲ့တယ်။

"ဒါ သူ့ရဲ့အစစ်အမှန်ခွန်အားလား"

လူတိုင်းက အံ့ဩတုန်လှုပ်သွားပြန်တယ်။

ယခင်က အံ့အားသင့်ခြင်းဆိုရင် အခုက ထိတ်လန့်အံ့ဩတုန်လှုပ်မှုပါပဲ။

စောစောကအနက်ရောင်နဂါးဓားချီက သူတို့ကို လွှမ်းမိုးကြီးစိုးကာမရပ်တန့်နိုင်တဲ့ဓားတာအိုနတ်ဘုရားအတတ်တစ်ခုလို့ ခံစားရစေတယ်။

"သေချာပေါက် သူ့ကို ဖိတ်ခေါ်ရမယ်"

နန်ကုန်းဖှေးဖန်က အလွန်ပြတ်သားနေလေတယ်၊ ဘယ်လောက်ပဲကုန်ကျပါစေ၊ သူမက လီဖူချန်းကို အရခေါ်ယူမယ်လို့ ဆုံးဖြတ်ခဲ့တယ်။

လွဲချော်မိရင် သူမက နောင်တရမိလိမ့်မယ်။

"ဒီလူရဲ့ခွန်အားက တကယ်ကို လွှမ်းမိုးနိုင်တယ်။ တစ်ချိန်တုန်းက ငါတို့ က သူ့ထက် အများကြီးပိုအားနည်းခဲ့တာပဲ" စုဝေးပွဲကို တက်ရောက်လာတဲ့ဆန်းကြယ်နတ်ဘုရားတွေ အများကြီးရှိတယ်၊ သူတို့ထဲမှာ ဘယ်သူကမှ အသက်တစ်သိန်းထက် မကျော်ပါဘူး။ ဒီအချိန်မှာတော့ လူတိုင်းက သက်ပြင်းချမိသွားလေတယ်။

အဆင့်၂နတ်ဘုရားမြို့ဖြစ်တဲ့စန်းလန်မြို့နဲ့အဆင့်၃နတ်ဘုရားမြို့ဖြစ်တဲ့ဟွမ်ဖန်မြို့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအများကြီးရှိတယ်။

ဒါပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်အထိ ကျင့်ကြံပြီးနောက် မင်းက ဆက်လက်တိုးတက်ချင်ရင် ပိုခက်ခဲလာပေလိမ့်မယ်။ သူတို့က ဆန်းကြယ်နတ်ဘုရားမဖြစ်ခင် လူအများစုက သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေသာ ဖြစ်ခဲ့ပြီး သူတို့ရဲ့ခွန်အားက အနည်းငယ်ပဲ တိုးတက်ခဲ့ကြတယ်။

ဒီလိုပြောနိုင်ပါတယ်၊ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ထိပ်တန်းပါရမီရှင်တွေဆိုရင် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက အထွတ်အထိပ်ပါရမီရှင်တွေဖြစ်ကြတယ်။ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ပြိုင်ဘက်ကင်းပါရမီရှင်တွေဖြစ်ကြပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကတော့ ပါရမီရှင်လို့တောင် မခေါ်ထိုက်တော့ဘဲ ကံကြမ္မာရဲ့ချစ်စရာကလေးငယ်တွေလို့ ဆိုနိုင်ပါတယ်။

***

All Chapters