အံ့အားသင့်ဖွယ်ခွန်အား
Vol. 87 Ch. 1225
အလေးအနက်ထားပြောရရင် လီဖူချန်းရဲ့ဓားကွက်ကို မြင်ပြီး လီထျန်းဟောင်က အနည်းငယ်ဂနာမငြိမ်ဖြစ်လာတယ်။
ဒါပေမယ့် သူက အနိုင်ရဖို့ မသေချာဘူးဆိုတာ သူက ချန်ယုကို မပြောပါဘူး။
"ငါ သူ့ကို လျော့တွက်ခဲ့တာပဲ" ပုရွှမ်က မေးငေါ့လိုက်တယ်၊ သူမမျက်လုံးတွေမှာ တိုက်ခိုက်ချင်စိတ်တွေ ဖြစ်တည်လာနေတယ်။
လီဖူချန်းရဲ့ခွန်အားက အရမ်းအားကောင်းတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး၊ ဒါက သူမကို တိုက်ခိုက်လိုစိတ်တွေနိုးကြွလာစေတယ်။
ဒါပေမယ့် သူမက တစ်ဖက်လူနဲ့ အလောင်းအစားလုပ်ဖို့ အစီအစဉ်မရှိပါဘူး၊ နောင်အခွင့်အရေးတစ်ခုရှိလာမှ သူမက အဲဒါနဲ့ပတ်သက်ပြီး ပြောမှာပါ။
"တောက်၊ ယန်ပိုင်ရှန်က ဒီလိုအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဘယ်နေရာက သွားရှာလာတာလဲ။ ဘာလို့ ငါက မရှာနိုင်ရတာလဲ" ယန်ပိုင်ရှန်ရဲ့ပြိုင်ဘက်အချို့က ဂနာမငြိမ်ဖြစ်နေတော့တယ်။ အထူးသဖြင့် ပေါလီပဲ၊ ယန်ပိုင်ရှန်ကို အနိုင်ရခဲ့တဲ့စိတ်လှုပ်ရှားမှုကတောင် ဘယ်ပျောက်သွားလဲမသိ ဖြစ်နေရှာတယ်။
"အကိုထျန်းဟောင်၊ အခု ငါတို့အလှည့်ပဲ"
ချမ်ယုက လီထျန်းဟောင်ကို ကြည့်လိုက်တယ်။
လီထျန်းဟောင်က ခေါင်းညိတ်လိုက်တယ်။
ထရပ်ကာ ချမ်ယုက ကျယ်လောင်စွာ ပြောလိုက်တယ်"ယန်ပိုင်ရှန်၊ အခု မင်းနဲ့ငါ့ကြား အလောင်းအစားပြုလုပ်ဖို့အချိန်ပဲ။ မင်းနဲ့ငါ့ကြားလောင်းကြေးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရိီလီယံပဲ။ မင်းမိတ်ဆွေနဲ့ငါ့မိတ်ဆွေကြားလောင်းကြေးကလဲ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံပဲ၊ မင်း ရဲလား"
ဒါက အကြီးမားဆုံးအလောင်းအစားတိုက်ပွဲဆိုတာ သံသယရှိစရာမလို။
ဒါပေမယ့် ဒါကို စဉ်းစားကြည့်လိုက်တော့ ပုံမှန်ပါပဲ။ ယန်မိသားစုနဲ့ချန်မိသားစုနှစ်ခုလုံးက ကြယ်ငါးလုံးအဆင့်မြင့်မိသားစုတွေလေ။ မိသားစုထဲမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေ ရှိတယ်။ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ထရီလီယံလောက်က သူတို့က မွဲပြာကျမသွားစေပါဘူး။
သူတို့နှစ်ယောက်လုံးက မိသားစုရဲ့သခင်လေးတွေဆိုတာ သိရမယ်။ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ထရီလီယံက များတယ်ထင်ရပေမယ့် သူတို့အတွက်တော့ ဘာမှမဟုတ်ပါဘူး။
"ကောင်းပြီလေ"
သူက ချန်ယုရဲ့ပြိုင်ဘက်ဟုတ်သလားမဟုတ်သလားကို ယန်ပိုင်ရှန်က မသိပါဘူး။ မဟုတ်ရင်တောင် သူက အရှုံးပေးမှာ မဟုတ်ဘူး။
လီဖူချန်းအတွက်ကတော့ ယန်ပိုင်ရှန်က မစိုးရိမ်ပါဘူး။ စုန့်ပိုင်ယဲ့နဲ့တိုက်ပွဲမှာ သူ့ရဲ့ခွန်အားအပြည့်ကို မထုတ်ပြခဲ့ဘူးလို့ လီဖူချန်းက ပြောပြခဲ့ပြီသား။ ဒါက အံ့အားသင့်စရာကောင်းပေမယ့် လီဖူချန်းက ဟာသပြောတာတော့မဟုတ်ဘူးလို့ သူက ယုံကြည်တယ်။
"အကိုဖူချန်း၊ မင်းမှာ နတ်ဘုရားကျောက်တုံးအလုံအလောက်မရှိရင် ငါ ထုတ်ပေးမှာပါ" ယန်ပိုင်ရှန်က ပြောလိုက်တယ်။
လီဖူချန်းက ခေါင်းခါလိုက်တယ်"မစိုးရိမ်ပါနဲ့၊ ငါ ရှုံးမှာမဟုတ်ဘူး"
သူ့ရဲ့နတ်ဘုရားကျောက်တုံးတွေက တကယ်ပဲ မလုံလောက်ပါဘူး။ အလောင်းအစားတိုက်ပွဲကနေတစ်ဆင့် သူက အလယ်ဆင့်နတ်ဘုရားကျောက်တုံး၄၂၀ဘီလီယံကို ရရှိထားတယ်။ သူ့ကိုယ်ပိုင်အလယ်ဆင့်နတ်ဘုရားကျောက်တုံး၉၀ဘီလီယံပါပေါင်းထည့်လိုက်ရင် သူ့ခန္ဓာကိုယ်ပေါ်ရှိအလယ်ဆင့်နတ်ဘုရားကျောက်တုံးအရေအတွက်က ၅၀၀ဘီလီယံရှိတယ်၊ ကွာဟချက်က နှစ်ဆနီးပါးပါပဲ။
ဒါပေမယ့် သူက ရှုံးစရာအကြောင်းလဲမရှိဘူးလေ။
ဟာသလား၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းကသူတွေကိုတောင် သူ့ရဲ့ပြိုင်ဘက်လို့ လီဖူချန်းက တွေးထားတာမဟုတ်ဘူး။
ပထမဆုံးတိုက်ခိုက်တာက ယန်ပိုင်ရှန်နဲ့ချန်ယုတို့ပါပဲ။
ယန်ပိုင်ရှန်လိုပဲ ချန်ယုက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားတယ်။
သူတို့နှစ်ယောက်ကြားတိုက်ပွဲက စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မဆိုနိုင်ပါဘူး၊ လူတိုင်းက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နှစ်ယောက်ကြားတိုက်ပွဲကိုသာ စောင့်စားနေကြတယ်။
"မင်းပြောကြည့်၊ လီဖူချန်းနဲ့ချန်ယုဖိတ်ခေါ်ထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်မှာ ဘယ်သူက နိုင်မယ်ထင်တယ်"
"လီဖူချန်းပေါ့၊ မင်းလဲ မြင်ပြီးပြီပဲ၊ လီဖူချန်းရဲ့ခွန်အားက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းနောက်ကို လိုက်နေတယ်ဆိုတာ"
"ငါတော့ အဲလိုမထင်ဘူး။ တစ်ဖက်လူက အလောင်းအစားတိုက်ပွဲကို စတင်စိန်ခေါ်ရဲမှတော့ ယုံကြည်ချက်မရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တကယ်တော့ တစ်ယောက်မှ အရူးမဟုတ်ဘူးလေ"
"မင်းပြောတာ အဓိပ္ပါယ်ရှိပါတယ်"
"ယန်ပိုင်ရှန်နဲ့ချန်ယုကြားမှာ မဟာရန်ငြိုးတစ်ခုရှိတယ်လို့ ငါ ကြားတယ်။ ယန်ပိုင်ရှန်က လီဖူချန်းကို ဖိတ်ခေါ်နိုင်ရင် ချန်ယုဖိတ်ခေါ်ထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကလဲ ရိုးရှင်းမှာမဟုတ်လောက်ဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တောင် ဖြစ်နိုင်တယ်"
"နောက်လာမယ့်တိုက်ပွဲကို ငါ ကြည့်ချင်လှပြီ"
လူတိုင်းက ဆွေးနွေးနေစဉ်မှာပဲ ယန်ပိုင်ရှန်နဲ့ချန်ယုကြားတိုက်ပွဲက အဆုံးထိ ရောက်ရှိလာခဲ့တယ်။
ယန်ပိုင်ရှန်ကပဲ ကံဆိုးနေသလား မသိဘူး။ ချန်ယုရဲ့ခန္ဓာကိုယ်ပေါ်ရှိဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ယန်ပိုင်ရှန်ရဲ့တိုက်ခိုက်မှုက ရန်သူအပေါ် ကျရောက်သွားပေမယ့် တစ်ဖက်က အနည်းငယ်သာ တုန်ခါသွားရုံဖြစ်ပြီး စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနည်းနည်းလေးတောင် မဆုံးရှုံးခဲ့ပါဘူး။ တစ်ဖက်မှာတော့ ထူးကဲအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ ယန်ပိုင်ရှန်က ချန်ယုရဲ့တိုက်ခိုက်မှုကို ခက်ခက်ခဲခဲခုခံနေရတယ်။ ရန်သူတိုက်ခိုက်တဲ့အချိန်တိုင်း သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးနေခဲ့ရတယ်။
အချိန်တစ်ခုကြာပြီးနောက် ယန်ပိုင်ရှန်က မခံနိုင်တော့ပါဘူး။
တကယ်တော့ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို အသက်သွင်းရတာက စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအများစွာကို ကုန်ဆုံးစေတယ်လေ။
အဆုံးမှာတော့ ယန်ပိုင်ရှန်က ချန်ယုကို ရှုံးနိမ့်ပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလံကို ပေးလိုက်ရတယ်။
ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလံက ယန်ပိုင်ရှန်အတွက် ဘာမှမဟုတ်ဘူး။ သူ တကယ်စိုးရိမ်တာက လီဖူချန်းပဲ။
ance.
သန်မာတဲ့သူတွေမှာ သူတို့ရဲ့ကိုယ်ပိုင်မာနရှိတယ်။
သူတို့က တစ်ခုခုကို လိုချင်ရင် သူတို့က သူတိုကိုယ်သူတို့ပဲ အားကိုးလိမ့်မယ်၊ သူတို့က ဆုလာဒ်တွေကို လက်ခံမှာမဟုတ်ဘူး။
လီဖူချန်းက မရှုံးရင် ကောင်းတာပေါ့။ သူက ရှုံးနိမ့်သွားရင် ယန်ပိုင်ရှန်က အပြစ်ရှိသလို ခံစားနေရလိမ့်မယ်။
လီဖူချန်းက စင်မြင်ပေါ်သို့ တက်သွားခဲ့တယ်။
ထို့နောက် လီထျန်းဟောင်လဲ စင်မြင့်ပေါ်ကို ရောက်ရှိလာတယ်။
လီဖူချန်းရဲ့လက်နက်က ဓားတစ်လက်ပဲ။
လီထျန်းဟောင်ရဲ့လက်နက်က လှံတစ်ချောင်းပါပဲ။
ဓားနဲ့လှံ၊ နှစ်ယောက်လုံး စင်မြင့်ပေါ်ကို ရောက်သွားတာနဲ့ ဘာစကားတစ်ခုမှမပြောဘဲ သာလွန်ထူးကဲတဲ့အရှိန်အဝါနှစ်ခုက အတူတကွ ပြေးထွက်လာတယ်။
ဒါ ဘယ်လိုအရှိန်အဝါမျိုးလဲ။
လက်ရှိအချိန်မှာ သူတို့က နေရာလပ်ရဲ့အစွန်မှာရှိနေရင် သူတို့ကို ဒီအရှိန်အဝါနှစ်ခုက နစ်မြုပ်သွားစေပြီး အပိုင်းပိုင်းဖြစ်သွားစေမယ်လို့တောင် လူတိုင်းက သံသယရှိနေကြတယ်။
"ကြောက်စရာကောင်းတယ်၊ ဒါက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပဲလား"
"သူတို့က စိတ်ဝိညာဉ်ဆရာသခင်စာရင်းမှာမဟုတ်တောင် ဒီလောက်အားကောင်းနေပြီ။ သူတို့က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းမှာဆိုရင် သူတို့က ဘယ်လောက်တောင် အားကောင်းလိမ့်မလဲ"
"ဟုတ်ပါ့"
သူတို့လဲ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေပဲလေ။ ဘာလို့ ကွာဟချက်က ဒီလောက်ကြီးမားရတာလဲ"
လူတိုင်းက သူတို့နှစ်ယောက်ရဲ့အရှိန်အဝါကို ကြည့်ရင်း အံ့အားသင့်နေမိတော့တယ်။
နှစ်ယောက်စလုံးရဲ့အရှိန်အဝါက ဆက်လက်မြင့်တက်လာရင်း အပြာရောင်အကြောတစ်ခုက လီထျန်းဟောင်ရဲ့နဖူးပြင်ပေါ်မှာ ပေါက်ကွဲထွက်လာတယ်။ သူ့ရဲ့အရှိန်အဝါက ချက်ချင်းထိုးတက်သွားပြီး သိပ်သည်းလာခဲ့တယ်။ လှံတစ်ခုအဖြစ် သိပ်သည်းသွားသလို လီဖူချန်းကို သတ်ဖြတ်ဖို့ ကြိုးစားလာခဲ့တယ်။
လီဖူချန်းက ယဲ့ယဲ့လေးပြုံးလိုက်တယ်၊ သူ့ဓားက လွှမ်းမိုးနိုင်ပြီး လေနဲ့တိမ်ကို မွှေနောက်ကာ လီထျန်းဟောင်ရဲ့လှံဆီ ဝှေ့ယမ်းလိုက်တော့တယ်။
"သေစမ်း"
လီထျန်းဟောင်က လှုပ်ရှားမှူတစ်ခုပြုခဲ့တယ်။
သူ့လက်ထဲရှိရွှေရောင်လှံကို ရှေ့သို့ ထိုးလိုက်ပြီး လှံအရိပ်သန်းတစ်ရာက နေရာလပ်ကို ချိုးဖြတ်ကာ လီဖူချန်းကို ထိုးနှက်လာခဲ့တယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်လှံတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်-သတ်ဖြတ်သူတစ်ဘီလီယံ။
ဒိီလှံချက်က အားကောင်းလွန်းရကာ ဒါကို မြင်လိုက်တဲ့အချိန်မှာ စုန့်ပိုင်ယဲ့ရဲ့နှလုံးက ခုန်ပေါက်သွားခဲ့ရတယ်။ သူက လီဖူချန်းနေရာမှာ ဆိုရင် ထိုလှံချက်ကို တားနိုင်မှာမဟုတ်ဘူးဆိုတာ သူက သေချာတယ်။
"စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းခွန်အား"
နန်ကုန်းဖှေးဖန်က အံ့အားသင့်သွားတယ်။
သူမက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိလူတစ်ယောက်ကို မြင်တွေ့ခဲ့တယ်၊ ပြီးတော့ သူ့ရဲ့စွမ်းအားက လီထျန်းဟောင်နဲ့ တူတယ်။
"စိတ်ဝင်စားစရာပဲ"
လီဖူချန်းက လှိုင်းဂယက်ခုတ်ချက်ကို ထုတ်ဖော်ခဲ့တယ်။
ဒီအချိန်မှာ လှိုင်းဂယက်ခုတ်ချက်က သေးငယ်တဲ့လှိုင်းဂယက်တွေမဟုတ်တော့ဘဲ ပင်လယ်ပေါ်ရှိလှိုင်းတွေဖြစ်လာတယ်။ လှိုင်းတွေက ဘယ်တော့မှ မရပ်တန့်ဟန် စိတ်ကူးမယဉ်နိုင်တဲ့စွမ်းအားပါဝင်တယ်။
အုန်း......
စိတ်ဝိညာဉ်နတ်ဘုရားအတတ်နှစ်ခုက တရပ်စပ်တိုက်ခိုက်နေတယ်၊ ကမ္ဘာကြီးက ညှိုမှိုင်းပြီးလှိုင်းထန်တဲ့အခြေအနေတစ်ခုမှာ တည်ရှိနေကာ သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုတွေကို မရင်ဆိုင်နိုင်တော့ဟန်ဖြစ်နေတယ်။
လီထျန်းဟန်က ဒေါသထွက်သွားတယ်။ လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်က သူ့ရဲ့သတ်ဖြတ်သူတစ်ဘီလီယံထက် တစ်ဆင့်ပိုနိမ့်တယ်။
သူ့ရဲ့သတ်ဖြတ်သူတစ်ဘီလီယံက ပြီးပြည့်စုံခြင်းအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ဖြစ်ပြီး ပြိုင်ဘက်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားအတတ်က ထူးကဲအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအတတ်သာဖြစ်တယ်။
ဒါပေမယ့် ဒီတစ်ခါမှာ နှစ်ဖက်လုံးက ညီမျှနေတယ်။
ဒါ ဘာကို ဆိုလိုတာလဲ။
တစ်ဖက်လူက သူ့ထက် အခြားကဏ္ဍတွေမှာ ပိုကောင်းတယ်ဆိုတာ ပြသနေတယ်။
ဒါက သူလက်မခံနိုင်စရာပဲ။
"နတ်ဘုရားဒေါသ"
ပထမဆုံးတိုက်ခိုက်မှုရဲ့အဆုံးသတ်ကို မစောင့်တော့ဘဲ လီထျန်းဟောင်က ဒုတိယမြောက်တိုက်ခိုက်မှုကို စတင်ခဲ့တယ်။
ဒီတစ်ခါမှာတော့ သူက သူ့ရဲ့အသန်မာဆုံးပစ်မှတ်တစ်ခုထားတိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့တယ်။
ပြီးပြည့်စုံခြင်းအဆင့်မြင့်လှံတိုက်ခိုက်ရေးစိတ်ဝိညာဉ်နတ်ဘုရားအတတ်-နတ်ဘုရားဒေါသ။
ဒီစိတ်ဝိညာဉ်နတ်ဘုရားအတတ်က ရန်သူတစ်ယောက်တည်းကို ရင်ဆိုင်တဲ့အခါ အကောင်းဆုံးပဲ။
ခန္ဓာကိုယ်က အမြင့်သို့ ခုန်တက်သွားပြီး လီထျန်းဟောင်ရဲ့ပုံရိပ်က လှံရဲ့အဟုန်နဲ့အတူ နတ်ဘုရားတစ်ယောက်အလားပါပဲ။ နောက်အခိုက်အတန့်မှာတော့ သူက ရွှေရောင်လှံကို မြှောက်ကာ ခုတ်ပိုင်းထိုးချလိုက်တယ်။
ဖြောက် ဖြောက် ဖြောက်.......
လူတိုင်းက နေရာလပ်-အချိန်ပျက်ဆီးသွားတဲ့အသံကို ကြားလိုက်ပုံရတယ်။
ဒီလှံချက်ရဲ့စွမ်းအားက မခုခံနိုင်လောက်အောင်ပဲ၊ လူတိုင်းကို ခြောက်ချားသွားစေတယ်။
"ဒါက လှံအတတ်ကောင်းတစ်ခုပဲ၊ ဒါပေမယ့် ကံမကောင်းစွာနဲ့........"
လီဖူချန်းက နောက်ထပ်အလောင်းအစားလုပ်ဖို့ အစီအစဉ်မရှိတော့ဘူး။ လက်ရှိအချိန်အထိ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အားလုံးက တိုက်ခိုက်ပြီးသလောက်ရှိပြီလေ။ နောက်ထပ်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ မရှိမှတော့ သူက လီထျန်းဟောင်ထက် အနည်းငယ်ပဲ ပိုသန်မာသလို ဟန်ဆောင်နေရာမလိုပါဘူးလေ။
ဒိီလိုဆိုမှတော့ တိုက်ပွဲကို အမြန်ဆုံးဖြေရှင်းကြတာပေါ့......
ဒါပေမယ့် လီဖူချန်းက သူ့ခွန်အားအကုန်လုံးကိုတော့ မပြသပါဘူး၊ သူကိုယ်တိုင်က ဆန္ဒမရှိသလို လီထျန်းဟောင်အတွက်လဲ မထိုက်တန်လို့ပဲ။
သူက ခွန်အားအကုန်လုံးကို ထုတ်ပြလိုက်တာနဲ့ အခြားသူတွေအနေနဲ့ သူ့ကို ရင်ဆိုင်ရတာ အများကြီးပိုလွယ်ကူလာပါလိမ့်မယ်။
တစ်ဖက်လူတွေက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကိုပဲ ဖိတ်ခေါ်ရာမှု သူက သူ့ခွန်အားအလုံးစုံကို ထုတ်ပြလိုက်ရင် တစ်ဖက်က နှစ်ယောက်ဒါမှမဟုတ်သုံးယောက်ကို ဖိတ်ခေါ်သွားနိုင်တယ်။
မင်းက ဘယ်လောက်ပဲ သန်မာပါစေ၊ မင်း မကိုင်တွယ်နိုင်ဘူးလေ။
"ဓားသင်္ဂြိုလ်ခြင်း"
ဒါက ဓားသင်္ဂြိုလ်ခြင်းပဲ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ကောင်းကင်က အနက်ရောင်ပြောင်းသွားတယ်။ မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက အနက်ရောင်သင်္ချိုင်းကမ္မည်းကျောက်စာတိုင်တွေပမာ ကောင်းကင်မှ ကျဆင်းလာပြီး လီထျန်းဟောင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။ လီထျန်းဟောင်အတွက်ကတော့ သူ့ရဲ့နတ်ဘုရားဒေါသကို အပြည့်အဝအသုံးမပြုနိုင်ခဲ့ပါဘူး။
ဝှစ်.....
လေလျော့သွားတဲ့ပူဖောင်းတစ်လုံးအလား လီထျန်းဟောင်ရဲ့ချီက တစ်ခါတည်းနဲ့ အလုံးစုံလျော့ကျသွားခဲ့ပြီး သူ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုသာ ကျန်တော့တယ်။
အထူးသဖြင့် သူ့နတ်ဘုရားဒေါသရဲ့တုံ့ပြန်မှုက သူ့ကို သွေးတစ်ပွက်အန်ထွက်သွားစေပြီး သူ့ခန္ဓာကိုယ်ထဲရှိကျန်ရှိနေတဲ့နတ်ဘုရားစွမ်းအားက သူ့ခန္ဓာကိုယ်အရိုးတွေကို ဖျက်ဆီးခဲ့တယ်။
ဓားတစ်ချက်နဲ့အတူ လီထျန်းဟောင်က ရှုံးနိမ့်သွားခဲ့တယ်။
ရှုံးနိမ့်တောင်မှ မရှုမလှရှုံးနိမ့်ခဲ့တာ။
"ဒိီလိုနဲ့ နိုင်သွားတာလား" သူက လီဖူချန်းရဲ့အစစ်အမှန်ခွန်အားကို သိတယ်လို့ ယန်ပိုင်ရှန်က တွေးထားပေမယ့် သူက လီဖူချန်းရဲ့ခွန်အားတစ်စိတ်တစ်ပိုင်းလောာက်ကိုပဲ မြင်ခဲ့တယ်ဆိုတာ သူက သဘောပေါက်ခဲ့တယ်။ သူတောင် ဒီလိုဆိုရင် အခြားသူတွေကတော့........။
"အကိုထျန်းဟောင်က ရှုံးသွားတာလား"
ချန်ယုက သူ့မျက်လုံးတွေကို မယုံကြည်နိုင်ဖြစ်နေတယ်။
"ဟူး၊ မေ့ထားလိုက်တော့၊ ငါ သူ့ပြိုင်ဘက်မဟုတ်ဘူးပဲ"
ပိုင်ရွှမ်က သူ့ကိုယ်သူသိတယ်။ လက်ရှိအချိန်မှာ သူမက လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာ။
"ငါ ရှုံးတာ မမှားပါဘူး"
လီဖူချန်းကို ရှုံးနိမ့်လို့ စိတ်ဓာတ်ကျနေခဲ့တဲ့စွေ့ဟောင်က အခု စိတ်သက်သာရာရသွားပြီလေ။ လီဖူချန်းရဲ့ခွန်အားက သူနဲ့အဆင့်တူတောင် မဟုတ်ဘူး၊ သူ ရှုံးနိမ့်တာ မှားတယ်လို့ မဆိုနိုင်ဘူးပေါ့။
ဟော့လဲ အဲဒီအတိုင်း ခံစားခဲ့ရတယ်။
စုန့်ပိုင်ယဲ့ကတော့ သူ့မျက်နှာက မည်းမှောင်နေပြီး မနာလိုမှုနဲ့ခိုကိုးရာမဲ့ခံစားချက်တို့ရောထွေးနေတော့တယ်။
အတိုချုပ်ပြောရရင် လူတိုင်းမှာ အမူအရာအမျိုးမျိုးရှိနေတယ်၊ အများစုကတော့ သတ်ဖြတ်ခြင်းစိတ်ကို ဖုံးကွယ်ထားကြတယ်။
"သူ့ကို ဖိတ်ခေါ်ရမယ်၊ သေချာပေါက်ဖိတ်ခေါ်ရမယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ၊ မဟုတ်ဘူး၊ ဒါက မလုံလောက်ဘူး" သူမက လီဖူချန်းကို ခေါ်ယူရမယ်လို့ နန်ကုန်းဖှေးဖန်က ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့တယ်။
လီဖူချန်းတစ်ယောက်တည်းက အနိမ့်ဆုံးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဒါဇင်နဲ့ ညီမျှတယ်။ သူကသာ အသေးစားလျို့ဝှက်နယ်မြေခရီးမှာ အဖွဲ့ကို ဦးဆောင်ခဲ့ရင် နန်ကုန်းမိသားစုက ကြီးမားတဲ့အကျိုးအမြတ်တွေကို ရရှိလာမှာ အမှန်ပါပဲ။
"မဖြစ်နိုင်ဘူး၊ ငါ မရှုံးနိုင်ဘူး၊ ငါ့မှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းခွန်အားရှိတယ်၊ ငါ ဘယ်လိုလုပ်ရှုံးရမှာလဲ" လီထျန်းဟောင်က သူရှုံးတယ်ဆိုတာ မယုံကြည်ချင်ပါဘူး။
လီဖူချန်းက ပြောလိုက်တယ်"ဘာလဲ၊ ထပ်တိုက်ခိုက်ချင်လို့လား၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ မင်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်လို့ရတယ်၊ ငါ စောင့်နေမယ်"
လီဖူချန်းရဲ့မျက်လုံးတွေက ထူးမခြားနားပါပဲ။
ဒါပေမယ့် လီဖူချန်းရဲ့မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့မှုတွေ ရစ်ခိုနေတယ်။
သူ ဘယ်တော့မှ ဒိီလိုအနေအထားမျိုးကို ထပ်မရင်ဆိုင်ချင်ပါဘူး။
ဒါကြောင့် လီထျန်းဟောင်က နောက်ဆုတ်သွားတယ်၊ သူက လီဖူချန်းနဲ့ ထပ်မတိုက်ခိုက်ရဲတော့ဘူး၊ သူက ရှုံးအုံးမယ်ဆိုတာ သူ သိပြီးသားလေ။
လက်သီးကို ဆုပ်ရင်း သူ့နှလုံးမှ သွေးတွေ တစ်စက်စက်ယိုကျလျက် သူက ယခုကစပြီး ဆယ်ဆပိုကြိုးစားအားထုတ်ရမယ်လို့ လီထျန်းဟောင်က ကျိန်ဆိုခဲ့တယ်။
အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံနဲ့အတူ လိီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိအလယ်ဆင့်နတ်ဘုရားကျောက်တုံးအရေအတွက်က ၁.၅ထရီလီယံကို ရောက်ရှိလာတယ်။ မလာခင်တုန်းက ဒီလောက်များတဲ့နတ်ဘုရားကျောက်တုံးတွေ ရရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
"ဆေးလုံးသန့်စင်ဖို့အတွက် ဘာလို့ကြိုးစားအားထုတ်နေရမှာလဲ"
လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်တယ်။
ဒါပေမယ့် သူက ဟာသပြောနေတာပါလေ။ ဆေးလုံးတွေမရှိရင် သူက စိတ်ဝိညာဉ်ခွဲဖြာဓားကို လေလံတောင်ဆွဲနိုင်မှာမဟုတ်ဘူး။
စိတ်ဝိညာဉ်ခွဲဖြာဓားက ရတနာတစ်ခုပဲ။ ဒါနဲ့ဆိုရင် သူက သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မယ်လို့ သူက ယုံကြည်တယ်။
ဒါမရှိရင် အများဆုံး သူက ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုတောင်မပေါင်းစပ်ထားတဲ့ဒါမှမဟုတ်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုပေါင်းစပ်ထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေကိုပဲ တိုက်ခိုက်နိုင်မှာပါ။
နှစ်ခုကြားကွာဟချက်က ကြီးမားပါတယ်။
***