← Chapters

အံ့အားသင့်စရာကောင်းတဲ့ပေးချေမှု

Vol. 87 Ch. 1226

အံ့အားသင့်စရာကောင်းတဲ့ပေးချေမှု

Vol. 87 Ch. 1226

နောက်ထပ်တိုက်ပွဲဒါဇင်ကျော်ပြီးနောက် အလောင်းအစားတိုက်ပွဲက ပြီးဆုံးသွားလေတယ်။

ဒါပေမယ့် ဒီအချိန်မှာ ပွဲတော်မပြီးဆုံးခင် လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် လည်ပတ်‌နေကြပြီး သူတို့ရဲ့လူမှုအသိုင်းအဝိုင်းကို ချဲ့ထွင်ဖို့ ကြိုးစားနေကြတယ်။

လီဖူချန်းနေရာက အသက်ဝင်အလှုပ်ရှားဆုံးပေါ့၊ သူ့ကို သိချင်တဲ့သူတွေ အများကြီးရှိတယ်လေ။

လီဖူချန်းက နောက်ခံမရှိတာကြောင့် ဖြစ်နိုင်တယ်။

ဒါပေမယ့် သူတို့က အပြင်တွေထွက်ပြီး လူတွေနဲ့ဆက်ဆံရတဲ့အခါ မိသားစုတွေ၊ နောက်ခံတွေအပြင် မိတ်ဆွေတွေကလဲ အရေးပါလာတယ်။

မင်းမှာ သန်မာတဲ့မိတ်ဆွေတွေရှိရင် သူတို့က မျက်နှာသာပေးလိမ့်မယ်။ မင်းမှာ သန်မာတဲ့မိတ်ဆွေတွေရှိရင် ပိုသန်မာတဲ့မိတ်ဆွေတွေကို ရရှိနိုင်လိမ့်မယ်။

"အကိုပိုင်ရှန်၊ မင်း မနက်ဖြန်အားရဲ့လား။ ငါ စားသောက်ဧည့်ခံပွဲတစ်ခုကို ကျင်းပလိမ့်မယ်။ မင်း အချိန်ရရင် လာခဲ့ပေါ့"

"အကိုပိုင်ရှန်၊ မင်းနဲ့ငါမတွေ့ရတာ တော်တော်ကြာပြီ၊ ဒီတစ်ခါတော့ ငါတို့တွေ ကောင်းကောင်းစကားပြောရမယ် "

"အကိုပိုင်ရှန်၊ ငါ့မှာ ဓားတာအိုရတနာတစ်ခုရှိတယ်။ မင်းအတွက် အသုံးဝင်မလားတော့ မသိဘူး"

လီဖူချန်းနဲ့မိတ်ဆွေဖြစ်ချင်ရင် ယန်ပိုင်ရှန်နဲ့မိတ်ဆွေဖြစ်ဖို့ အရင်လိုမှန်း သိတယ်။ ဒါက အခြေခံအကျဆုံးစည်းမျဉ်းပါပဲ။

အဝေးမှာ ယန်ပိုင်ရှန်ရဲ့ရန်သူတော်တွေကတော့ ဒေါသတွေထွက်လျက်ရှိနေတယ်။

လူတိုင်းရဲ့အာရုံစိုက်မှုရရမှာ သူတို့ပဲ ဖြစ်ရမှာ၊ အခု‌တော့ကွာ......

ဒါတွေအားလုံးက ဟိုလီဖူချန်းကို အပြစ်တင်ရမှာပဲ၊ သူ ဘာလို့ ဒီလောက်သန်မာရတာလဲ။

ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ပါပဲ၊ ဆန်းကြယ်နတ်ဘုရားတစ်ယောက်က သူ့ကို အလွယ်တကူဖျက်ဆီးနိုင်တာပဲ။

လူအချို့ရဲ့မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းဆန္ဒတွေ တလက်လက်ဖြစ်နေတယ်၊ သူတို့က လီဖူချန်းကို သတ်ဖို့ အခွင့်အလမ်းတစ်ခုကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။

ယန်ပိုင်ရှန်က ငတုံးမဟုတ်ပါဘူး။ ဘယ်သူတွေက မိတ်ဆွေဖြစ်သင့်တယ်၊ ဘယ်သူတွေက အသေးအဖွဲမျှပဲဆိုတာ သူ ကောင်းကောင်းသိတယ်၊ ဒါကြောင့် သူက အချို့ဖိတ်ခေါ်ချက်တွေကို လက်ခံပြီး အချို့ဖိတ်ခေါ်ချက်တွေကို ယဉ်ယဉ်ကျေးကျေးငြင်းပယ်ခဲ့တယ်။

ဒါပေမယ့် သူ ဖိတ်ခေါ်ချက်ကို လက်ခံတဲ့အကြောင်းရင်းက လီဖူချန်းကြောင့်ပါပဲ။

လီဖူချန်းမှာ နောက်ခံမရှိဘူး၊ သန်မာတဲ့မိသားစုနောက်ခံတွေနဲ့ မိတ်ဆွေဖြစ်နိုင်ရင် သူ့အတွက် ကောင်းတဲ့အရာတစ်ခုပဲ။

အထူးသဖြင့် ပင်မမိသားစုရှစ်ခုကကလေးတွေရဲ့ဖိတ်ခေါ်မှုတွေကို ယန်ပိုင်ရှန်က သဘောတူခဲ့တယ်။

"အကိုဖူချန်း၊ မင်းက အနာဂတ်မှာ လုပ်စရာတစ်ခုခုရှိရင် ဆက်သွယ်ရေးတိုကင်ကို သုံးပြီး ငါ့ကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်" သုန်ဖန့်လီရီ၊ ပင်မမိသားစုရှစ်ခုထဲကတစ်ခုဖြစ်တဲ့သုန်ဖန့်မိသားစုရဲ့တိုက်ရိုက်မျိုးဆက်က ရင်ဘက်ကို ပုတ်ကာ ရဲရဲဝံ့ဝံ့ပြောလိုက်တယ်။

"ဒါပေါ့၊ သေချာတာပေါ့"

လီဖူချန်းက သမာဓိကျောက်ဖိလွန်းတဲ့လူတစ်ယောက်မဟုတ်ပါဘူး၊ သူအနေနဲ့ နောက်ခံကောင်းတဲ့သူတွေနဲ့ မိတ်ဆွေဖြစ်တာ ကောင်းမှန်း သူလဲ သိပါတယ်။

ဘာမှမပြောနဲ့အုံး၊ အနာဂတ်မှာ သူက ဆေးလုံးတွေ သန့်စင်တဲ့အခါ ပစ္စည်းအချို့ကင်းမဲ့ရင် တစ်ဖက်လူကို ကူညီဝယ်ပေးဖို့ မေးနိုင်တယ်။

"အကိုဖူချန်း၊ ငါ့ရဲ့ဝမ်းကွဲက အတော်လေးရှက်တတ်တော့ မင်းနဲ့ လာစကားမပြောရဲဘူး။ ညကျမှ ငါတို့ပြောကျရင် မကောင်းဘူးလား" ကြယ်ငါးလုံးမိသားစုရဲ့ကလေးတစ်ယောက်က တစ်ခုခုကို စဉ်းစားမိတယ်၊ ဘယ်လောက်ပဲ မိတ်ဆွေကောင်းဖြစ်နေပါစေ၊ ဆွေမျိုးတွေ မဖြစ်နိုင်ဘူးလေ။ လီဖူချန်းက သူ့ရဲ့ဝမ်းကွဲကို လက်ထပ်နိုင်ရင် သူတို့က ဆွေမျိုးတွေဖြစ်ပြီးပေါ့၊ ဒါက ဘယ်အရာထက်မဆို ပိုကောင်းပါတယ်လေ။

ဒါကို ကြားပြီး လူတိုင်းက တုံ့ပြန်လာခဲ့ကြတယ်၊ သူတို့က မိသားစုထဲရှိ ညီမတွေကို လျို့ဝှက်မိတ်ဆက်ပေးခဲ့ကြတယ်၊ သူတို့က သူတို့ရဲ့ညီမတွေကို လီဖူချန်းရဲ့အိပ်ရာထဲသို့ ချက်ချင်းပို့တော့မယ့်အတိုင်းပါပဲ။

ဒီအခါမှာတော့ လီဖူချန်းနဲ့ယန်ပိုင်ရှန်က ပြုံးတောင် မပြုံးနိုင်တော့ဘူး၊ ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းပယ်ခဲ့ရတယ်။

"လီဖူချန်း၊ ဒီည မင်း ငါနဲ့ တွေ့နိုင်မလား"

လီဖူချန်းရဲ့နားထဲမှာ နန်ကုန်းဖှေးဖန်ရဲ့အသံက ထွက်ပေါ်လာတယ်။

"ကောင်းပြီလေ"

လီဖူချန်းက သဘောတူခဲ့တယ်။

ဘယ်လိုပဲပြောပြော၊ တစ်ဖက်လူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်လေ၊ သူက မျက်နှာသာအနည်းငယ်ပေးရမှာပေါ့။

ထပ်ပြောရရင် သူ့ကို ဖိတ်ခေါ်ဖို့ တစ်ဖက်လူက ဘာပေးမလဲကို သူ သိချင်တယ်။

တန်ဖိုးက နိမ့်လွန်းရင် သူက သဘောတူမှာမဟုတ်ဘူး။

"ကျေးဇူးတင်ပါတယ်"

နန်ကုန်းဖှေးဖန်ရဲ့လေသံက အများကြီးငြင်သာလာတယ်ပဲ။

အချိန်က ကုန်ဆုံးလာနေသလို ပွဲတော်က ပြီးဆုံးသွားပါပြီ။

စမ်းလေညှင်းအိမ်တော်မှ ထွက်လာတဲ့အချိန်မှာ တော်တော်လေးနောက်ကျနေပြီလို့ ဆိုရမယ်။

လီဖူချန်းနဲ့ယန်ပိုင်ရှန်က တစ်ခုခုကို ပြောပြီးနောက် ခွဲထွက်လာခဲ့ကြတယ်။

တည်းခိုခန်းသို့ မပြန်ဘဲ လီဖူချန်းက နန်ကုန်းဖှေးဖန်ပြောတဲ့စားသောက်ဆိုင်ရှိရာသို့ သွားခဲ့တယ်။

စားသောက်ဆိုင်ကို တင်းသင်းစားသောက်ဆိုင်လို့ခေါ်ပြီး ဟွမ်ဖုန်မြို့ရဲ့ထိပ်တန်းစားသောက်ဆိုင်ဆယ်ဆိုင်ထဲကတစ်ခုဖြစ်တယ်။

တင်းသင်းစားသောက်ဆိုင်က အလွန်ကြီးပြီး စားသောက်ဆိုင်တစ်ခုလုံးကို နေရာလပ်နတ်ဘုရားဝင်္ကပါတစ်ခုက ဝန်းရံထားတယ်၊ ဒါကြောင့် ဝင်သွားတဲ့အခါမှာ နတ်ဘုရားမြို့တစ်မြို့ထဲကို ဝင်ရောက်သွားသလိုပါပဲ။

"လီဖူချန်း၊ ဒီမှာ"

နန်ကုန်းဖှေးဖန်က လီဖူချန်းကို လက်ဝှေ့ယမ်းပြလိုက်တယ်။

ဒါကို မြင်ပြီး လီဖူချန်းက လျှောက်သွားတယ်။

" ကျေးဇူးပြုပြီး ထိုင်ခုံတစ်ခုမှာ ထိုင်လိုက်ပါ" နန်ကုန်းဖှေးဖန်က အလွန်ယဉ်ကျေးပျူငှာနေတော့တယ်။

"ကောင်းပြီ" လီဖူချန်းက ထိုင်ချလိုက်တယ်။

လီဖူချန်းအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးပြီးနောက် နန်ကုန်းဖှေးဖန်က လိုရင်းကို တည့်တိုးပဲ ပြောလိုက်တယ်"ငါ့နန်ကုန်းမိသားစုနဲ့အင်ပါယာသားရဲမိသားစုတွေက နတ်ဘုရားသားရဲလျို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့ပြီး ဒီလျှို့ဝှက်နယ်မြေထဲမှာ အသေးစားလျှို့ဝှက်နယ်မြေတစ်ခုလဲရှိတယ်.....စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ အသေးစားလျှို့ဝှက်နယ်မြေကို ဝင်ရောက်နိုင်တယ်၊ ဒါကြောင့် မင်းကို ငါတို့နန်ကုန်းမိသားစုကိုယ်စား အသေးစားလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ဖို့ ငါက မင်းကို ဖိတ်ခေါ်ချင်တယ်။ ဆုလာဒ်အတွက်က‌တော့ ငါ မင်းကို အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံ၊ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံနဲ့ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပေးမယ်......"

ပြောရမယ်ဆိုရင် ဒီဆုလာဒ်က အရမ်းဖြား‌‌ယောင်းသွေးဆောင်နိုင်ပါတယ်။

အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံ၊ အဲဒါက သေချာပေါက်မှင်တက်စရာကောင်းတဲ့ပုံရိပ်တစ်ခုပဲ။ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေက ၁.၅ထရီလီယံပဲရှိတာလေ။

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံအတွက်ကတော့ အဲဒါက ပိုတောင် မှင်တက်စရာကောင်းတယ်။

အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံနဲ့ ညီမျှတယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံလောက် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ရတယ်။

ဒါပေမယ့် အဲဒီလိုတွက်ချက်လို့မရနိုင်ပါဘူး။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေကို ပုံမှန်လမ်းကြောင်းအတိုင်း ဝယ်ယူလို့မရနိုင်ပါဘူး။ ပြောရမယ်ဆိုရင် မင်းမှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေ ဘယ်လောက်ပဲရှိရှိ၊ လမ်းကြောင်းမရှိရင် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေကို ဝယ်ယူရရှိနိုင်မှာမဟုတ်ပါဘူး။

အဆင့်မြင့်နတ်ဘုရား‌ကျောက်တုံးတွေရဲ့အရေးကြီးမှုကတော့ ကျင့်ကြံခြင်းအရှိန်ကို ပိုမြန်ဆန်စေတာပဲ။

ပုံမှန်အားဖြင့် ပိုင်နက်နတ်ဘုရားတွေကပဲ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေကို အသုံးပြုကြပေမယ့် နောက်ခံကြီးမားတဲ့သူတွေကတော့ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်နဲ့ဆန်းကြယ်နတ်ဘုရားအဆင့်မှာတောင် ကျင့်ကြံဖို့အတွက် အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေကို စတင်အသုံးပြုကြတယ်၊ ဒါက သူတို့ရဲ့ကျင့်ကြံခြင်းအရှိန်ကို သာမန်လူဆတွထက် ဆယ်ဆ ဒါမှမဟုတ် အဆအနည်းငယ် ပိုမြန်စေတယ်။ အလားအလာက တူညီတယ်ဆိုရင် သူတို့ရဲ့အနာဂတ်အောင်မြင်မှုက ပိုမြင့်မားပေလိမ့်မယ်။

အတိုချုပ်အားဖြင့် အလယ်ဆင့်နတ်ဘုရားကျောက်တုံးတွေမရှားတဲ့သူတွေအတွက်ကတော့ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတွေက ပိုအရေးကြီးတယ်။

ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံကို အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံနဲ့ ဖလှယ်ရမယ်ဆိုရင်တော့ သူတို့က တွန့်ဆုတ်ကြပါတယ်။ တကယ်တော့ အဆင့်မြင့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံက သူတို့ကို မြင့်မားတဲ့အဆင့်တစ်ခုအထိ မကျင့်ကြံစေနိုင်ပါဘူးလေ။

နတ်ဘုရားကျောက်တုံးတွေနဲ့ယှဉ်ရင် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကလဲ အလွန်ဆွဲဆောင်နိုင်ပါတယ်။

ယေဘုယျပြောရရင် အသုံးအဆောင်ပစ္စည်းအာကာသယာဉ်ရဲ့တန်ဖိုးက အသုံးအဆောင်ပစ္စည်းတစ်ခုထက် အဆတစ်ထောင်ပိုပါတယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးက အနည်းဆုံးအလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာဘီလီယံထိုက်တန်တယ်။ အရည်အသွေးက ပိုမြင့်မားရင် အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို ကျော်လွန်ဖို့က အလွယ်လေးပါပဲ။

"အလယ်ဆင့်နတ်ဘုရားကျောက်တုံးငါးထရီလီယံ၊ အဆင့်မြင့်နတ်ဘုရားကျောက်တုံးသုံးဘီလီယံနဲ့ ထူးကဲအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီး၊ အသေးစားလျှို့ဝှက်နယ်မြေထဲမှာ တစ်ယောက်မှ နန်ကုန်းမိသားစုကို ဘာမှမလုပ်နိုင်ဘူးလို့ ငါ အာမခံတယ်၊ ဒါကြောင့် မင်းတို့က အကျိုးအမြတ်အကြီးမားဆုံးရရှိနိုင်မှာပါ"

လီဖူချန်းက ပြောလိုက်တယ်။

ဒါကို ကြားပြီး နန်ကုန်းဖှေးဖန်က ပင့်သက်ရှိုက်မိတယ်၊ တစ်ဖက်လူက တကယ်ကို ပြောရဲတာပဲ။

ဒါပေမယ့် သူမက လီဖူချန်းရဲ့ဆိုလိုရင်းကို ကြားနိုင်တယ်။

အလောင်းအစားတိုက်ပွဲထဲရှိလီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်မဟုတ်ဘူးဆိုတာပဲ။ သူ့ရဲ့အစစ်အမှန်ခွန်အားက အလောင်းအစားတိုက်ပွဲထက် ပိုကြောက်စရာကောင်းတယ်။

"ငါ မင်းကို ယုံလို့ရနိုင်မလား"နန်ကုန်းဖှေးဖန်က အနည်းငယ်တုံ့ဆိုင်းသွားတယ်။ ဒါက လီဖူချန်းရဲ့အပြောပဲလေ။ သူမရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ရတာမှမဟုတ်တာ။ အသေးစားလျှို့ဝှက်နယ်မြေကို ဝင်ရောက်တဲ့အခါ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းကသူတွေ ထွက်ပေါ်လာဖို့ အလွန်များတယ်။ ဒီလိုပထမဏတစ်ခုပေးပြီးနောက် နန်ကုန်းမိသားစုက အများကြီးမရရင် ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်တယ်။

ထပ်ပြောရရင် လီဖူချန်းပြောတဲ့နှုန်းက မြင့်မားလွန်းပါတယ်။ အဆင့်မြင့်နတ်ဘုရားကျောက်တုံးအရေအတွက်က သူမရဲ့လျာထားချက်ကို အနည်းငယ်ကျော်လွန်နေတယ်။

ဒါပေမယ့် လီဖူချန်းကို လက်လျော့ဖို့က ပိုတောင်မဖြစ်နိုင်ပါဘူး။ ဒီလိုအားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို လက်လွှတ်မိရင် သူမက သေချာပေါက် နောင်တရလိမ့်မယ်။

ဒါကြောင့် 'ငါ မင်းကို ယုံလို့ရနိုင်မလား'လို့ သူမက ပြောခဲ့တာပဲ။

"မင်း ငါ့ကို ယုံလို့ရတယ်"

လီဖူချန်းက သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ အနက်ရောင်ဓားချီမျှင်တစ်ခုက သူ့လက်ဖဝါးမှ ထွက်လာတယ်။

ဒိီဓချီမျှင်ကို မြင်ပြီး သူမရဲ့အရေပြားမှာ တရွရွစပ်ဖျင်းဖျင်းနာကျင်မှုတစ်ခုကို ခံစားရတယ်၊ သူမက အံ့အားမသင့်ဘဲ မနေနိုင်ပါဘူး။

သူမက ဘယ်သူလဲ၊ သူမက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်လေ၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့အရေပြားကို စပ်ဖျင်းဖျင်းဖြစ်စေတယ်ဆိုတော့ ဒီဓားချီက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲကို တွေးတောနိုင်တယ်။

"ကောင်းပြီ၊ ငါ ကတိပေးတယ်" နန်ကုန်းဖှေးဖန်က တုံ့ဆိုင်းမနေတော့ဘူး။

"အရမ်းဉာဏ်ကောင်းတယ်" လီဖူချန်းက သူ့ရဲ့အနက်ရောင်ဓားချီကို သိမ်းလိုက်တယ်။

"‌သောက်ပါ၊ စားပါ"

ညှိနှိုင်းပြိးနောက် နှစ်ယောက်သား စားသောက်နေလိုက်တယ်။

"နန်ကုန်းမိသားစုက ဒီတစ်ခါတော့ အကျိုးအမြတ်ရတော့မှာပဲ၊ ထျန်းဟန်မိသားစုကို ဒီတစ်ခါတော့ ဦးဆောင်ခွင့်မပြုတော့ဘူး" လီဖူချန်းက မကြာသေးမီကမှ ထွက်သွားခဲ့ပြီ၊ နန်ကုန်းဖှေးဖန်ရဲ့မျက်နှာက ပြုံးယောင်သမ်းနေတော့တယ်။

သူမပြောတဲ့ ထျန်းဟန်မိသားစုက စန်းလန်မြို့ရဲ့နံပါတ်တစ်သားရဲမိသားစုလေ။ သူတို့က တစ်ခုခုကို ရသရွေ့ နန်ကုန်းမိသားစုက အချည်းနှီးမဖြစ်ဘူးလို့ သူမက မျှော်လင့်ထားတယ်၊ ဒါပေမယ့် အခုတော့ နန်ကုန်းမိသားစုက အကျိုးအမြတ်တွေကို အကြီးမားဆုံးခံစားရမယ်လို့ သူမက ခံစားမိတယ်။ ဒိီအကျိုးအမြတ်တွေက နန်ကုန်းမိသားစုရဲ့အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်။

နန်ကုန်းမိသားစုက ပထမဆုံးကြယ်ငါးလုံးအဆင့်မြင့်သားရဲမိသားစုဖြစ်လာနိုင်မလားဆိုတာ အသေးစားလျှို့ဝှက်နယ်မြေခရီးအပေါ် မူတည်တယ်။

"ကံကြမ္မာက တကယ်ကို မခန့်မှန်းနိုင်ဘူးပဲ"

စားသောက်ဆိုင်သို့အပြန်မှာ ဒီရက်က အိမ်မက်တစ်ခုလားလို့တောင် လီဖူချန်းက ခံစားမိတယ်။

အခု သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၂၅ထရီလီယံ၊ အဆင့်မြင့်နတ်ဘုရားကျောက်တုံး၁.၅ဘီလီယံရှိတယ်။ ဒီနတ်ဘုရားကျောက်တုံးတွေကို ဘယ်လိုသုံးစွဲရမလဲတောင် မသိဘူးဖြစ်နေတယ်။

ဒီမတိုင်ခင်က သူက နတ်ဘုရားဆေးလုံးတွေကို ကြိုးစားသန့်စင်ပြီး နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို မြှင့်တင်ဖို့ နတ်ဘုရားကျောက်တုံးတွေ ရှာခဲ့ရတယ်။

"ဒါတွေအားလုံးက ခွန်အားကြောင့်ပါပဲ။ ခွန်အားမရှိရင် အရာအားလုံးက လွင့်မျောနေတဲ့တိမ်ပမာပါပဲလေ"

***

All Chapters