← Chapters

အနောက်အင်ပါယာနန်းတော်သခင်

Vol. 188 Ch. 2678

အနောက်အင်ပါယာနန်းတော်သခင်

Vol. 188 Ch. 2678

ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စိုက်ကြည့်သည်။ သူသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်ပေသည်။ ကြည့်ရသည်မှာ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ဤတစ်ကြိမ်တွင် သူတို့၏ဝှက်ဖဲများကို စေလွှတ်လိုက်သည့်ပုံပင်။ ရှေးဟောင်းနတ်ဘုရားကလန်များတွင် လက်ဆင့်ကမ်းခဲ့ကြသော မဟာအင်ပါယာများ၏ဝိညာဉ်စွမ်းအားများသည် အခွင့်အရေးများ ရနိုင်ရန် ဤရှေးဟောင်းကုန်းမြေသို့ လိုက်လာခဲ့ကြ၏။

“ခင်ဗျား ကျုပ်ကို အရင်သတ်နိုင်မှ ရလိမ့်မယ်”

ရီဖူရှင်းက ပြန်ပြောလိုက်၏။ ကောင်းကင်တုန်ဟည်းနတ်တူမှနေ၍ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်ဆီသို့ ပျံဝင်သွားသည်။

ထန်း...

ကျယ်လောင်သော သတ္တုထိခတ်သံတစ်သံ ထွက်ပေါ်လာ၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်၏ခန္ဓာကိုယ်သည် ရွှေအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ဖျက်ဆီး၍မရနိုင်သောဗုဒ္ဓပုံစံ၏ နတ်ခန္ဓာဖြစ်သည်။ ဤခန္ဓာသည် ရွှေအစစ်ဖြင့် ထုဆစ်ထားသည်ဟု ထင်ရပြီး ရွေ့သွားအောင် လုပ်၍မရနိုင်ပုံပင်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ ခန္ဓာကိုယ်ထဲတွင် အရှိန်အဝါကြီးသော နတ်စွမ်းအားတစ်ခု လှည့်လည်လာသည်ကို အာရုံခံမိသည်။ ထိုအတတ်သည် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ ကျင့်ကြံသော ထူးခြားသည့်အတတ်တစ်ခုဖြစ်ပြီး ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားဟု ခေါ်ပေသည်။

ရီဖူရှင်းကို ပို၍အံ့အားသင့်စေသည့်အရာမှာ ဗုဒ္ဓကုန်းမြေအရှင်သခင် ကျင့်ကြံထားသော ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် ဗုဒ္ဓနတ်သူငယ်၏စွမ်းအားထက် သာလွန်နေခြင်းဖြစ်သည်။ ၎င်းစွမ်းအားသည် ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းအင်ပါယာ၏အရှိန်အဝါနှင့်ပင် ဆင်တူနေပြီဖြစ်သည်။

ဗုဒ္ဓကုန်းမြေမှ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် နတ်စွမ်းအားဖြစ်လာကာ ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် ပေါင်းစည်းသွားခြင်းပေလော။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့်‌ ပေါင်းစည်းရန် ကြိုးစားနေခြင်းလော။ ရီဖူရှင်းသည် သူ့ဘာသာ တွေးလိုက်သည်။ အကယ်၍ ထိုသို့သာဖြစ်လျှင် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ စွမ်းရည်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။

ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် နဂိုကပင် စွမ်းအားကြီးကာ လွှမ်းမိုးအားကောင်းသော တိုက်ခိုက်မှုအတတ်ဖြစ်သည်။ အကယ်၍ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည်သာ နတ်စွမ်းအားအဖြစ် ပြောင်းလဲသွားခြင်းဖြစ်လျှင် ၎င်းသည် အမှန်ပင် နတ်ဘုရားစွမ်းအားဖြစ်လာပေလိမ့်မည်။

၎င်းသည် မည်မျှ စွမ်းအားကြီးမည်ကို တွေးကြည့်ရန်ပင် ခက်လေသည်။

အထက်ကောင်းကင်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် အာကာပြင်ကို လွှမ်းခြုံသွားသည်။ အားလုံးသည် မွန်းကြပ်ဖွယ်ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ဗုဒ္ဓကုန်းမြေ၏ စက်ကွင်း ဖိနှိပ်ကျဆင်းလာပြီး ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားတစ်ခုတည်းသာ ၎င်းစက်ကွင်းထဲတွင် လှည့်ပတ်နေသည်။

ဗုဒ္ဓကုန်းမြေအရှင်သခင်သည် လေထဲတွင် ရပ်နေလေသည်။ သူက လက်မြှောက်လိုက်ပြီး ရီဖူရှင်းကို လက်ညှိုးညွှန်လိုက်သည်။ ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် ရုတ်ခြည်းပင် လက်ချောင်းအတွင်းသို့ ပေါင်းစည်းသွားသည်။ ဖျက်ဆီး၍မရနိုင်သော အလင်းတန်းတစ်ခု ပျံထွက်လာသည်။ ၎င်းသည် အာကာပြင်ကို ဖောက်ထွင်းကာ ရီဖူရှင်းထံသို့ တိုက်ရိုက်ပျံသန်းသွားသည်။

ထိုလက်ချောင်း ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတစ်ချက် ထွက်ပေါ်လာ၏။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

ရီဖူရှင်းက ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်ပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်ထံသို့ လွှဲရမ်းပစ်လွှတ်လိုက်သည်။ ၎င်းသည် လွှမ်းမိုးအားကြီးသော လက်ချောင်းနှင့် ထိတိုက်သွားပြီး ကြောက်မက်ဖယ် ထိတိုက်သံတစ်သံ ထွက်ပေါ်လာလေသည်။ လက်ချောင်းသည် တုန်ခါလှိုင်းကို ဖောက်ထွင်းသွားပြီး ရီဖူရှင်းထံသို့ ဆက်ဝင်လာသည်။ ၎င်းသည် ရီဖူရှင်းထံသို့ ဆက်၍ပျံဝင်လာပြီး သူ့အနီးသို့ရောက်သောအခါမှသာ တုန်ခါလှိုင်းများ၏ စွမ်းအားကြောင့် ကွဲအက် ပျက်ဆီးကာ အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားသည်။

၎င်းသည် လွန်စွာ စွမ်းအားကြီးလွန်း၏။ လူအုပ်သည် ထိုမြင်ကွင်းကိုကြည့်ကာ ရင်တုန်ပန်းတုန်ဖြင့် တွေးလိုက်ကြသည်။ ထိုလက်ချောင်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက်မှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများကို တိုက်ရိုက်ထွင်းဖောက်သွားနိုင်၏။ ၎င်းသည် မဟာအင်ပါယာတစ်ပါး၏ လက်ချောင်းဟု ထင်ရ၏။

လက်ရှိ ဗုဒ္ဓကုန်းမြေအရှင်သခင်၏တိုက်ခိုက်စွမ်းအားသည် မဟာအင်ပါယာ၏ နတ်စွမ်းအားကြောင့် ဒုတိယကပ်ဘေးအဆင့် တိုက်ခိုက်စွမ်းအားထက် သာလွန်နေပုံ‌ပေါ်ပြီး နောက်တစ်ဆင့်သို့ ရောက်နေသည်ဟု ထင်ရသည်။ တိုက်ပွဲကို လေ့လာနေသော ထိပ်သီးကျင့်ကြံသူနှစ်ဦးသည်ပင် အံ့အားသင့်သွားကြသည်။ ယခုတွင် ဗုဒ္ဓကုန်းမြေအရှင်သခင်သည် လွန်စွာ အန္တရာယ်များပေသည်။ သူ၏စွမ်းရည်သည် နတ်ဘုရားတစ်ဝက်စာရင်းမှ သူများနှင့် ယှဉ်လျှင်ပင် အောက်မကျချေ။

ရီဖူရှင်းမှာလည်း ဗုဒ္ဓကုန်းမြေအရှင်သခင်က စွမ်းအားကြီးသည်ကို သိရှိသွားသည်။ သူသည် အသင့်အနေထားရပ်ကာ ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စိုက်ကြည့်သည်။ တစ်ချိန်တည်းမှာပင် သူ၏အသက်ဝိညာဉ်အရှိန်အဝါသည် မဟာအင်ပါယာအဆင့်လက်နက်အတွင်းသို့ တဟုန်တိုးဝင်ရောက်သွားသည်။ ထို့နောက်တွင် ကောင်းကင်တုန်ဟည်းနတ်တူသည် လမ်းစဉ်ဖျက်ဆီးနတ်အရှိန်အဝါနှင့် ပြည့်နှက်သွားတော့သည်။ ၎င်းထံမှ လွှမ်းမိုးအားကောင်းသော စွမ်းအားကြီးဖိအားလည်း လျှံထွက်နေ၏။

“အားလုံးပဲ ကျုပ်နောက်ကို သွားလိုက်ကြပါ”

ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ချက်ချင်းပင် သူ့အနောက်သို့ သွားလိုက်ကြသည်။ ဤတိုက်ပွဲသည် အန္တရာယ်များပေသည်။ သူတို့၏တိုက်ခိုက်မှုများ၏ အဟုန်လှိုင်းများသည်ပင် လူအုပ်ကို ဖျက်ဆီးသွားနိုင်အောင် လုံလောက်သော စွမ်းအားရှိပေသည်။

ဗုဒ္ဓကုန်းမြေမှ အခြားကျင့်ကြံသူများသည်လည်း ဗုဒ္ဓကုန်းမြေအရှင်သခင်၏အနောက်တွင် ရပ်လိုက်ကြသည်။ သူတို့သည် မဆင်မခြင် မပြုမူဝံ့ပေ။

အပြင်ဘက်သို့ နတ်အရှိန်အဝါတစ်ခု ထွက်လာ၏။ အထက်ကောင်းကင်တွင် ကြောက်မက်ဖွယ် ရွှေ‌ရောင်နတ်အလင်းသည် ဗုဒ္ဓကုန်းမြေစက်ကွင်းထဲတွင် စီးဆင်းနေသည်။ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူ့အနောက်မှ ကျင့်ကြံသူအားလုံးသည်လည်း သူ့အနောက်သို့ လိုက်သွားကြပြီး သူ့အနောက်တွင်ပင် ဆက်နေလိုက်သည်။

ကြောက်မက်ဖွယ်ထစ်ချုန်းသံကို ကြားလိုက်ရ၏။ သူက လက်မ၍ အောက်သို့သို့ လက်ညှိုးညွှန်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် မရေမတွက်နိုင်အောင်များသော ဗုဒ္ဓကုန်းမြေစွမ်းအားတန်းများ ထွက်သွားသည်။ ၎င်းတို့သည် လောကကို ဖျက်ဆီးပစ်နိုင်သည့် စီးဆင်းနေသော အလင်းတန်းများနှင့် ဆင်တူလေသည်။ ၎င်းတို့သည် အောက်ဘက်သို့ တဟုန်တိုးပျံဆင်းလာကြသည်။ ထိုတိုက်ခိုက်မှု ထွက်ပေါ်လာသည့် ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်ပင်ပျောက်ကွယ်သွားတော့မည်ဟု ထင်လိုက်ရပေသည်။

ရီဖူရှင်းက ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်လိုက်ပြီး ကောင်းကင်ထက်သို့ လွှဲယမ်းလိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် ကွဲအက်သွားပြီး ထောင်ချီသော တုန်ခါလှိုင်းများ ပျံထွက်သွားကြသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။

တိုက်ခိုက်မှုနှစ်ခု ထိခတ်သွားသောအခါ ဒီမွန်းလိုဏ်ဂူသည် အပြင်းအထန်တုန်ခါသွားသည်။ မြို့တစ်ခွင်လုံးတွင် ငလျင်လှုပ်သွားသကဲ့သို့ပင် ခံစားလိုက်ရ၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ဗုဒ္ဓကုန်းမြေစက်ကွင်းနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ပင်။ ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသည်ဟုပင် ထင်ရသည်။ ထောင်ချီသော စွမ်းအားတန်းများ ကျဆင်းလာပြီး တုန်ခါလှိုင်းများနှင့် ရိုက်ခတ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် အားလုံးသည် အသက်ရှူရန်ပင် ခက်ခဲလာသည်ဟု ခံစားလိုက်ရ၏။

“သတိထား...”

တစ်စုံတစ်ယောက်က ပြောလိုက်၏။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ မျက်နှာထားပြောင်းသွားကြသည်။ သူတို့သည် သူတို့၏ မဟာလမ်းစဉ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့အားလုံးသည် သူတို့အကြားမှ စွမ်းအားအကြီးဆုံး ကျင့်ကြံသူများနောက်တွင် ပုန်းကွယ်နေကြရသည်။ အချို့ကျင့်ကြံသူများမှာမူ သွေးရူးသွေးတန်းနှင့် ထွက်ပြောကြသည်။ သူတို့သည် တုန်ခါလှိုင်းများက သူတို့ကိုပါ ဖျက်ဆီးသွားမည်ကို စိုးရိမ်နေကြသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ မဟာလမ်းစဉ်သည် ပြိုလဲကာ ပေါက်ကွဲသွားပုံပင်။ ရီဖူရှင်းက ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ကာ အပြင်ဘက်သို့ ထပ်မံလွှဲယမ်းလိုက်ပြန်သည်။ သူနှင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ အရှေ့တွင် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓကုန်းမြေအရှင်သခင်သည်လည်း ထို့အတူ ပြုလုပ်လိုက်သည်။ ဧရာမဗုဒ္ဓကုန်းမြေနတ်ချိပ်စည်းကြီးတစ်ခုသည် အကာအရံတစ်ခုအဖြစ် ကာရံလိုက်ပြီး အဖျက်မုန်တိုင်းကို တားဆီးပေးထားလေသည်။ သူတို့သည် သူတို့၏အဖွဲ့ဝင်များကို သူတို့၏တိုက်ခိုက်မှုများထံမှ ကာကွယ်ပေးရန် အမှန်ပင် လိုအပ်ပေသည်။ ထိုအခြင်းအရာသည် ထူးဆန်းပုံပေါ်သော်လည်း လူအုပ်၏ မျက်လုံးများအရှေ့မှာပင် ဖြစ်ပျက်ခဲ့ခြင်းပင်။

အဖျက်မုန်တိုင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုသဏ္ဍာန်မဲ့မုန်တိုင်းသည် ဒီမွန်းလိုဏ်ဂူအတွင်းရှိ အကြွင်းအကျန် ဒီမွန်းဝိညာဉ်စွမ်းအားများကို ဖျက်ဆီးသွားပြီး အမှုန့်ဖြစ်သွားစေလေသည်။ မဟာအင်ပါယာအဆင့်လက်နက်ကြောင့် ဤနေရာသို့ ရောက်ရှိလာကြသော ကျင့်ကြံသူများစွာသည် အဟုန်လှိုင်းများကြောင့် ဒဏ်ရာရသွားပြီး သွေးများအန်ကုန်ကြသည်။ အဝေးတွင် ရှိနေသော သူများသည်ပင် တိုက်ခိုက်မှုများ၏ အဟုန်လှိုင်းများ၏ ရိုက်ခတ်မှုကို ခံခဲ့ရလေသည်။

၎င်းတို့သည် အဟုန်လှိုင်းလေးများသာ ရှိပေသေးသည်။ အကယ်၍ ထိုတိုက်ခိုက်မှုများနှင့်သာ တိုက်ရိုက်ထိမှန်သွားပါက သူတို့သည် မည်မျှထိခိုက်သွားမည်ကို တွေးပင်တွေးမကြည့်နိုင်ပေ။ သူတို့သည် ရုတ်ခြည်း သေဆုံးသွားနိုင်ပေသည်။

မုန်တိုင်း လွင့်ပါးသွားသောအခါ ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စိုက်ကြည့်သည်။ နှစ်ဘက်စလုံးသည် အစွမ်းအကုန်မတိုက်ကြသည့်ပုံပင်။ မဟုတ်လျှင် ထိခိုက်မည့်အဝန်းအဝိုင်းသည် ပို၍ပင် ကြီးမားသွားနိုင်ပေသည်။

သို့သော် သူတို့သည် သူတို့၏အဖွဲ့ဝင်များ၏ လုံခြုံရေးကိုလည်း ထည့်တွက်ရသဖြင့် အထိန်းအကွပ်မရှိ အစွမ်းကုန်တိုက်ခိုက်ရန် ခက်ခဲပေသည်။

သို့ရာတွင် အစောက တိုက်ခိုက်မှုမှနေ၍ ဗုဒ္ဓကုန်းမြေအရှင်သခင်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု ကိုင်ဆောင်ထားသော ရီဖူရှင်း၏ တိုက်ခိုက်စွမ်းရည်သည် သူ့ထက်မနိမ့်ကြောင်း သိရှိခဲ့၏။ သူ၏ ဗုဒ္ဓကုန်းမြေ နတ်ဘုရားစွမ်းအား အစစ်အမှန်ဖြင့်ပင် ရီဖူရှင်းကို သတ်ရန် လွယ်မည်မဟုတ်ပေ။

ယခုတွင် စီဝေ့အင်ပါယာနန်းတော်မှ လူများသည်လည်း သူတို့၏ ဒုတိယ မဟာအင်ပါယာအဆင့်လက်နက်ကို ရနိုင်တော့ပေမည်။ အကယ်၍ အမှန်သာ ထိုသို့ဖြစ်လာပါက ဗုဒ္ဓကုန်းမြေမှ လူများအတွက် လွန်စွာအခြေအနေဆိုးသွားပေလိမ့်မည်။

“ခင်ဗျားတို့နှစ်ယောက်က ကြည့်ပဲနေကြတော့မှာလား...”

ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ပေ့ကုန်းနတ်ဆိုးအိုနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားကိုကြည့်၍ ‌မေးလိုက်သည်။ ထိုနှစ်ဦးသည် နတ်ဘုရားတစ်ဝက်များဖြစ်ကြသည်။ အကယ်၍ သူတို့လည်း ဒီမွန်းမဟာအင်ပါယာအဆင့်လက်နက်ကို လုယူရန် တိုက်ခိုက်ခဲ့လျှင် ရီဖူရှင်းသည် သူတစ်ယောက်တည်းဖြင့် သူတို့ကို မည်သို့ယှဉ်နိုင်မည်နည်း။

သူတို့ တိုက်ခိုက်သည်နှင့် စီဝေ့အင်ပါယာနန်းတော်မှ လူအားလုံး သေချာပေါက် ပါဝင်လာမည်ဖြစ်သည်။ ထိုရလဒ်သည် ဗုဒ္ဓကုန်းမြေအရှင်သခင် မြင်လိုနေသော ရလဒ်ပင်ဖြစ်သည်။

“နန်းတော်သခင်ရီ...”

အသံတစ်သံက ခေါ်လိုက်သည်။ ထိုစဉ်တွင် ဤနေရာသို့ လူတစ်စု လာနေလေသည်။ ထိုအသံသည် ကျင့်ကြံသူများစွာကို အာရုံစိုက်သွားစေသည်။ ရီဖူရှင်းသည် ထိုသို့ ပြောလိုက်သူကို ကြည့်သည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ရောက်ရှိလာပြီဖြစ်ပြီး သူတို့၏ခေါင်းဆောင်မှာ ရှီးချီယောင်ဖြစ်လေသည်။

ဟမ်...

ရီဖူရှင်း၏မျက်နှာထားသည် ထူးဆန်းသွားသည်။ ရှီးချီယောင်သည် အချိန်အများစုတွင် စီဝေ့အင်ပါယာနန်းတော်ထဲတွင်သာ ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ သူသည် သူမနှင့် အလွန်ရင်းနှီးပေသည်။ သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ မကြာသေးပေ။ သို့သော် ရှီးချီယောင်၏ ဟန်ပန်အရှိန်အဝါသည် ပြောင်းလဲသွားပြီဟု သူခံစားနေရသည်။

သူမ၏ဟန်ပန်အရှိန်အဝါသာ မဟုတ်ပေ။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ပြောင်းလဲသွားခဲ့ပေပြီ။ သူမသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးခဲ့ပြီဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်တက်နှုန်းသည် ကြောက်စရာပင် ကောင်းပေတော့သည်။ သူ၏နတ်ဘုရားတစ်ဝက်ဆေးလုံး၏ အကူအညီဖြင့်ဆိုလျှင်ပင် ဤနှုန်းသည် မြန်လွန်းနေသေးပေသည်။

ရီဖူရှင်းသည် ရှီးချီယောင်ထံမှ ထူးခြားသောအရှိန်အဝါတစ်ခုကိုလည်း အာရုံခံမိခဲ့သည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်တက်သွားသည် ဆိုရုံလောက်ကဲ့သို့ ရိုးရှင်းသည့်ပုံမပေါ်ပေ။

ဤတစ်ကြိမ်တွင် ရှေးဟောင်းနတ်ဘုရားကလန်အသီးသီးသည် သူတို့၏ ဝှက်ဖဲများကို နတ်ဘုရားသင်္ချိုင်းသို့ ယူဆောင်လာခဲ့ကြ၏။ အနောက်အင်ပါယာနန်းတော်သည်လည်း ထို့အတူပင် ဖြစ်ပေမည်။ ရှီးချီယောင်၏ခန္ဓာကိုယ်ထဲတွင် အနောက်အင်ပါယာနန်းတော်မှ အနောက်အင်ပါယာ၏ဝိညာဉ်စွမ်းအားရှိနေခြင်းလော။

ဗုဒ္ဓကုန်းမြေအရှင်သခင် မျက်မှောင်ကြုတ်လိုက်သည်။ အနောက်အင်ပါယာနန်းတော်နှင့် စီဝေ့အင်ပါယာနန်းတော်သည် ရင်းနှီးသောဆက်ဆံရေးရှိကြောင်း သူသိပေသည်။ သူတို့သည် မဟာမိတ်ဖွဲ့ထားသည့်ပုံပင်။ ယခုတွင် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ရောက်ရှိလာပြီဖြစ်၍ ထိုအရာသည် သူ့အတွက် သတင်းကောင်းမဟုတ်ပေ။

“အနောက်အင်ပါယာနန်းတော်က ဝင်ပါချင်တာလား...”

ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ရှီးချီယောင်ကိုကြည့်၍ မေးလိုက်သည်။

“ဝင်ပါတယ်ဟုတ်လား...”

ရှီးချီယောင်သည် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို ပြန်ကြည့်၍ ပြောလိုက်၏။

“အနောက်အင်ပါယာနန်းတော်က အရင်ကတည်းက နန်းတော်သခင်ရီနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တာပဲ။ တကယ်လို့ ဗုဒ္ဓကုန်းမြေအရှင်သခင်က နန်းတော်သခင်ရီနဲ့ ရန်သူဖြစ်ချင်တယ်ဆိုရင် အနောက်အင်ပါယာနန်းတော်ရဲ့ ရပ်တည်ချက်က ဘယ်လိုဆိုတာ ထပ်ပြီးရှင်းပြနေစရာလိုမယ် မထင်ပါဘူး”

“အခု အနောက်အင်ပါယာနန်းတော်ကို သူ့လို မနူးမနပ်လေးက အုပ်ချုပ်နေတာလား”

ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ခက်ထန်၍ စွမ်းအားကြီးသောလေသံဖြင့် မေးလိုက်သည်။ သူသည် ရှီးချီယောင်အနောက်တွင် ရပ်နေသော ကျင့်ကြံသူကို ကြည့်သည်။ ထိုကျင့်ကြံသူသည် မူလ အနောက်အင်ပါယာနန်းတော်သခင်ဖြစ်သည်။

သို့သော် သူသည် ဤအခြေအနေကို ရှီးချီယောင်အား ကိုင်တွယ်စေခဲ့သည်။

“နန်းတော်သခင်ရာထူးကို ရှီးချီယောင်ကို လွှဲပြောင်းပေးပြီးသွားပါပြီ။ အခု သူက အနောက်အင်ပါယာနန်းတော်သခင်ပါပဲ။ ဒီတော့ သူကပဲ တပ်ဖွဲ့တွေကို ထိန်းချုပ်တာပေါ့”

မူလ အနောက်အင်ပါယာနန်းတော်သခင်က ပြောလိုက်၏။ ထို့စကားကြောင့် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ မျက်နှာထားသည် ထူးဆန်းသွားသည်။

အနောက်အင်ပါယာနန်းတော်သခင်ရာထူးကို ရှီးချီယောင်ထံ လွှဲပြောင်းပေးခဲ့ပြီလော။

ရီဖူရှင်းသည်ပင် သူမတို့ထံသို့ စိတ်ဝင်တစားကြည့်လိုက်လေသည်။ ရှီးချီယောင်သည် သူ့ထံသို့ အတွေးပို့လွှတ်ကာ ပြောလိုက်၏။

“နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေ ထွက်ပေါ်လာခဲ့တယ်လေ... ကျွန်မတို့ ဒီကိုမလာခင်မှာပဲ နန်းတော်သခင်ရာထူးကို ဆက်ခံရရှိခဲ့တယ်”

ရီဖူရှင်းသည် မသိမသာ ခေါင်းညိတ်ပြလိုက်သည်။ ကြည့်ရသည်မှာ ရှီးချီယောင်သည် အနောက်အင်ပါယာ၏ဝိညာဉ်စွမ်းအားကို အပြည့်အဝဆက်ခံရရှိခဲ့သည့်ပုံပင်။ ထို့ကြောင့် သူမသည် နန်းတော်သခင်ရာထူးကို တရားဝင်လက်ခံခဲ့ခြင်းဖြစ်သည်။

“ဒီလို မနူးမနပ်ကလေးမလေးက အဲဒီရာထူးနဲ့ မထိုက်တန်ဘူး”

ဗုဒ္ဓကုန်းမြေအရှင်သခင်သည် မာန်ပါသောလေသံဖြင့် ခနဲ့လိုက်သည်။ သူ့ထံမှနေ၍ မဟာလမ်းစဉ် နတ်အရှိန်အဝါထွက်ပေါ်လာပြီး ရှီးချီယောင်ကို ဖိနှိပ်လိုက်သည်။

ထိုစဉ်တွင် ရှီးချီယောင်သည် သူမ၏လက်ကို ဆန့်တန်းလိုက်၏။ သူမ၏လက်ထဲတွင် လွန်စွာ သေးသွယ်သောဓားတစ်ချောင်း ထွက်ပေါ်လာ၏။

ထိုဓားထွက်ပေါ်လာသောအခါ ရုတ်ခြည်းပင် ပတ်ဝန်းကျင်တွင် မိုးရွာသွန်းလာ၏။ ယင်းနတ်ဓားမှနေ၍ ကြောက်မက်ဖွယ်နတ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါသည် မဟာအင်ပါယာတစ်ပါး၏အရှိန်အဝါပင်။

“မိုးစက်နတ်ဓား...”

ဗုဒ္ဓကုန်းမြေအရှင်သခင်က နတ်ဓားကိုကြည့်၍ ရေရွတ်လိုက်သည်။

ထိုဓားသည် မဟာအင်ပါယာတစ်ပါးက ထုလုပ်ထားသော ဓားမဟုတ်သဖြင့် ပြီးပြည့်စုံသော မဟာအင်ပါယာအဆင့်လက်နက်တစ်ခု မဟုတ်ပေ။ သို့သော် ၎င်းသည် အနောက်အင်ပါယာ၏ လက်သုံးတော်ဓားဖြစ်ခဲ့ဖူးပေသည်။ ဓားသည် ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ပေသည်။ ၎င်းသည် မဟာအင်ပါယာအဆင့်ဓားတစ်ချောင်းမဟုတ်သော်လည်း ၎င်းထဲတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားရှိနေသဖြင့် ထိုဓားကို မဟာအင်ပါယာတစ်ဝက်လက်နက်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။

ထိုစဉ်တွင် ဗုဒ္ဓကုန်းမြေအရှင်သခင်သည် အနောက်အင်ပါယာနန်းတော်၏ ဝှက်ဖဲသည် မည်သည့်အရာဖြစ်ကြောင်း သိရှိသွားသည်။ ကြည့်ရသည်မှာ အနောက်အင်ပါယာနန်း‌တော်၏ ဝှက်ဖဲသည် သူတို့၏ဝှက်ဖဲနှင့် တူညီပုံပင်။ သူတို့၏ မဟာအင်ပါယာသည်လည်း လောကထဲတွင် ထွက်ပေါ်လာခဲ့သည်။ ရှီးချီယောင်သည် အနောက်အင်ပါယာနန်းတော်သခင်ရာထူးကို ဆက်ခံခဲ့သည်။ သူမသည် မိုးစက်နတ်ဓားကို ကိုင်ဆောင်ခဲ့သည်။ အကယ်၍ သူတို့သာ စတင်တိုက်ခိုက်ကြလျှင် သူသည် အသာစီးရမည်မဟုတ်ပေ။

ထိုစဉ် ကြောက်မက်ဖွယ် ဒီမွန်းအလင်းတန်းတစ်ခုသည် တိမ်တိုက်များကို ထွင်းဖောက်သွားသည်။ လူအုပ်သည် ဒီမွန်းဓားဘက်သို့ ကြည့်လိုက်ကြသည်။ ဓားသခင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ဒီမွန်းဓားကို ဆွဲထုတ်လိုက်သည်။ ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ သူသည် ဒီမွန်းဓားကို ဆက်ခံရရှိခဲ့ပေပြီ။

စီဝေ့အင်ပါယာနန်းတော်၏ ဒုတိယမြောက် မဟာအင်ပါယာအဆင့်လက်နက် ထွက်ပေါ်လာပေပြီ။

ပေ့ကုန်းနတ်ဆိုးအိုသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ နောက်လှည့်၍ ထွက်ခွာသွားသည်။ အခြားကျင့်ကြံသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကာ ထွက်သွားကြသည်။ သူတို့အတွက် မျှော်လင့်ချက်မရှိတော့ကြောင့် သူတို့သိသဖြင့် ဤနေရာတွက် ဆက်၍အချိန်ဖြုန်းမနေလိုကြတော့ပေ။ သူတို့သည် စွန့်စား၍ စတင်တိုက်ခိုက်မည်မဟုတ်ပေ။

ဗုဒ္ဓကုန်းမြေအရှင်သခင် မျက်စိ၊ မျက်နှာပျက်သွားသည်။ သို့သော် ယခုတွင် တစ်ခုတည်းသောရွေးချယ်စရာမှာ ထွက်သွားရန်ပင် ဖြစ်ပုံပင်။

သူသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများနှင့်အတူ ချက်ချင်း ထွက်သွားလိုက်လေသည်။

***

All Chapters