← Chapters

အင်ပါယာများ၏ အကြွင်းအကျန်များ

Vol. 188 Ch. 2684

အင်ပါယာများ၏ အကြွင်းအကျန်များ

Vol. 188 Ch. 2684

သတ်ဖြတ်လိုသောအရှိန်အဝါတစ်ခုသည် သူတို့၏စိတ်များအတွင်းသို့ ကျူးကျော်လာလေသည်။ ရီဖူရှင်းသည် ချက်ချင်းပင် မရေမတွက်နိုင်အောင်များပြားသော ဝိညာဉ်များသည် သတ်ဖြတ်လိုသောရည်ရွယ်ချက်ဖြင့် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပျံဝင်လာသည်ကို တွေ့လိုက်လေသည်။ ရုတ်ခြည်းပင် သူသည် သူ၏အတွေးကို သတ်ဖြတ်လိုသောအရှိန်အဝါစက်ကွင်းအတွင်းသို့ ဖြန့်ကျက်လိုက်ပြီး ၎င်းအရှိန်အဝါသည် အခြေအနေတစ်ခုအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ ၎င်းသည် တဖြည်းဖြည်း ပုံပေါ်လာပြီး အလောင်းများသည်လည်း စုပုံလာသည်။

ရီဖူရှင်းသည် ထိုစက်ကွင်းအတွင်းရှိ သေဆုံးသွားပြီးဖြစ်သော ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ပုံရိပ်များကို ကြည့်သည်။ သို့သော် သူတို့သည် သူတို့စိတ်နှင့်သူတို့ကိုယ် မဟုတ်တော့ပေ။ အငြိုးကြီး‌သော ဝိညာဉ်များ၏ ကြောက်ရွံ့ဖွယ်အငွေ့အသက်တစ်ခုသည် ရီဖူရှင်းထံသို့ တလိပ်လိပ်ဝင်လာပြီး ဝိညာဉ်များသည် သတ်ဖြတ်လိုသောအငွေ့အသက်များဖြင့် ပျံဝင်လာကြသည်။

ရီဖူရှင်းသည် လက်အုပ်ချီလိုက်လျှင် သူ့တစ်ကိုယ်လုံးကို ဗုဒ္ဓအလင်းက လွှမ်းခြုံသွားသည်။ ရွှေရောင်အလင်းတစ်ခုသည် သူ့တစ်ကိုယ်လုံးကို နေရာလပ်မကျန် လွှမ်းခြုံထားပြီး မိစ္ဆာအားလုံးကို နှိမ်နင်းနေသည်။

ဝုန်း...

ထိုကြောက်မက်ဖွယ်ဝိညာဉ်များသည် ရွှေရောင်ဗုဒ္ဓအလင်းနှင့် ရိုက်ခတ်သွားကြပြီး အလင်းပြင်ပေါ်တွင် အက်ကြောင်းများကို ဖန်တီးနေသည်။ ရီဖူရှင်း အံ့အားသင့်သွားပြီး တွေးလိုက်သည်။

“ဒီနေရာမှ ပုန်းနေတဲ့ ဒီအငြိုးကြီးတဲ့ဝိညာဉ်တွေရဲ့ ဝိညာဉ်စွမ်းအားက နည်းနည်းစွမ်းအားကြီးတာပဲ”

ရီဖူရှင်း၏ ဗုဒ္ဓအလင်းသည် ဟွာဂျီယူ၊ ဟွာချင်းချင်းနှင့် သူကိုယ်တိုင်ကို ကာရံထားပေသည်။ အဆက်မပြတ်တိုက်ခိုက်မှုများသည် အလင်းကို ဦးတည်တိုက်ခိုက်နေပြီး အက်ကြောင်းများကို ပို၍ ကြီးမားလာစေလေသည်။

အလင်းပြင်သည် အစိတ်စိတ်အမွှာမွှာကွဲမသွားခင်တွင် ရီဖူရှင်းသည် ဗုဒ္ဓအသံတော်နှင့် ဗုဒ္ဓမန္တရားကို ရွတ်ဆိုလိုက်ပြီး သင်္ကေတများထွက်ပေါ်လာစေကာ ၎င်းတို့ကို အလင်းထဲတွင် မြှုပ်နှံလိုက်သည်။ အလယ်တွင် မဟာဝေရောစနတိုက်ပွဲဝင်ပုံစံ ထွက်ပေါ်လာပြီး အက်ကြောင်းများကို ဖုံးအုပ်လိုက်သည်။

သို့သော် တုန်ခါ်လှိုင်းများကဲ့သို့သော ရိုက်ခတ်မှုများသည် တဖြည်းဖြည်းပို၍ စွမ်းအားကြီးလာသည်။ သူတို့သည် အလောင်းတောင်ကုန်းနှင့် နီးကပ်လာသောအခါ စပါးအုံးများဝန်းရံနေသော ဒီမွန်းတစ်ကောင်၏ ပုံရိပ်ကို မြင်လာရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုဒီမွန်းသည် မဟော်ရာဂီဖြစ်ကြောင်း ရီဖူရှင်း သိလိုက်သည်။

မဟော်ရာဂီ၏ပတ်ပတ်လည်တွင် မိစ္ဆာဝိညာဉ်များ၏ စုစည်းထားသောဝိညာဉ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး ရီဖူရှင်းဘက်သို့ ပျံထွက်လာကာ ဒီမွန်းပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။

ဖြောက်...

မဟာဝေရောစနတိုက်ပွဲဝင်ပုံစံ၏ မြင်နိုင်သောအပိုင်းတိုင်းတွင် အက်ကြောင်းများထွက်ပေါ်လာပြီး နောက်ဆုံးတွင် ၎င်းသည် ပျက်စီးသွားသည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်တွင် သူ သူ၏မဟာဝေရောစနတိုက်ပွဲဝင်ပုံစံကို ထုတ်လိုက်သည်နှင့် သူ့ကိုရွေ့သွားအောင်လုပ်နိုင်သူသည် အနည်းငယ်သာ ရှိပေသည်။ ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်စွမ်းရည်များသည်ပင် သူ၏ခုခံမှုအောက်တွင် မှေးမှိန်သွားရပေသည်။ သို့သော် ထိုဝိညာဉ်စွမ်းအားများသည် ထိုတိုက်ပွဲဝင်ပုံစံကို စက္ကူတစ်စကဲ့သို့ ဖျက်ဆီးသွားသည်။

ထို့အပြင် ၎င်းတို့ထဲမှ ကြောက်စရာအကောင်းဆုံး မဟော်ရာဂီသည် ၎င်း၏နေရာမှ မရွေ့သေးပေ။

ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့၏ ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းများထွက်ပေါ်လာပြီး သူတို့ပတ်ပတ်လည်တွင် ‌ဗုဒ္ဓအသံတော်မှနေ၍ သင်္ကေတများထွက်ပေါ်လာကာ ဗုဒ္ဓမီးအိမ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ရီဖူရှင်းထုတ်လွှတ်လိုက်သော ဗုဒ္ဓအလင်းနှင့် သဟဇာတဖြစ်သွားသည်။ တစ်ဆက်တည်းမှာပင် ဟွာဂျီယူသည် သူမ၏ကိုယ်ပေါ်တွင် အလင်းထုတ်လွှတ်လိုက်ပြီး သူတို့၏ဗုဒ္ဓစွမ်းအားအတွင်းသို့ ပေါင်းစည်းလိုက်သည်။

မဟော်ရာဂီ၏မျက်လုံးထဲတွင် ဒီမွန်းအလင်းတစ်ချက် ဖြတ်သန်းသွားပြီး သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပျံဝင်လာလေသည်။ ကျယ်‌လောင်သော ပေါက်ကွဲသံကြီးတစ်သံကို ကြားလိုက်ရပြီး ဗုဒ္ဓအလင်းသည် ရုတ်ခြည်း ပျက်စီးသွားသည်။ ရီဖူရှင်းတို့ဘက်သို့ ကြောက်မက်ဖွယ်အားတစ်ခု ပျံဝင်လာပြီး ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုသွားကာ သူတို့၏စိတ်ကိုလည်း ဝါးမျိုရန် ကြံရွယ်နေလေသည်။

ရီဖူရှင်းသည် အချိန်ဖြုန်းမနေတော့ဘဲ သူ၏ကောင်းကင်တုန်ဟည်းနတ်တူကို ထုတ်ယူလိုက်ပြီး သူတို့ထံသို့ ပျံဝင်လာသည့် မိစ္ဆာစွမ်းအားကို ထုချလိုက်သည်။ ထို့နောက် သူသည် ဟွာဂျီယူတို့နှစ်ယောက်ကို ထိုစက်ကွင်းအပြင်သို့ ခေါ်သွားလိုက်သည်။

ထိုနေရာတစ်ခွင်လုံးသည် အပြင်အထန် တုန်ခါသွားပြီး ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် သူတို့သုံးဦးသည် စက်ကွင်းအပြင်ရှိ အဝေးတစ်နေရာတွင် ပြန်ပေါ်လာ၏။ သူတို့သည် တုန်ခါနေဆဲဖြစ်ပြီး အလောင်းတောင်ကုန်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် ထိတ်လန့်ဖွယ်မြင်ကွင်းကို မမြင်ရတော့သော်လည်း ကောင်းကင်တုန်ဟည်းနတ်တူကြောင့် ဖြစ်ပေါ်လာသော မဟာလမ်းစဉ်စွမ်းအားပါဝင်သည့် တုန်ခါမှုကိုမူ ခံစားရနေပေသေးသည်။

မဟာအင်ပါယာအဆင့်လက်နက်၏ တိုက်ခိုက်မှုသည်ပင် အလောင်းတောင်ကုန်းကြီးကို မဖျက်ဆီးပစ်နိုင်ခဲ့ပေ။ ထိုမကောင်းသတင်းဖြင့်ကျော်ကြားသော တောင်ကုန်းကြီးသည် ဤတစ်လျှောက်လုံး ကျင့်ကြံသူများ၏ လမ်းတွင် ပိတ်ထားနိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။

“ရီဖူရှင်း...”

ရှီးချီယောင်သည် ရီဖူရှင်းထံ ရောက်လာပြီး ပြောလိုက်၏။

“သတိထားပါ... အဲဒီနေရာမှာ လူပေါင်းများစွာ ဝါးမျိုခံခဲ့ရပြီး သေသွားခဲ့ကြတယ်”

ရှီးချီယောင်သည် ထိုအလောင်းတောင်ကုန်းအကြောင်းကို လိုက်လံမေးမြန်းစုံစမ်းပြီးသောအခါ ၎င်းသည် မည်မျှစွမ်းအားကြီးကြောင်းကို သိခဲ့ပေသည်။

“အင်း... ဒီအလောင်းတောင်ကုန်းက မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီ။ ကျုပ် အဲဒါကို ဗုဒ္ဓစွမ်းအားသုံးပြီး သန့်စင်ပစ်ဖို့ အရင်ဆုံး တွေးမိခဲ့တယ်။ ဒါပေမဲ့ အခု ကျုပ်တို့အဲဒါကို အားသုံးပြီး ဖြတ်သွားရတော့မယ့်ပုံပဲ”

ရီဖူရှင်းသည် လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်၍ ရှေ့သို့လျှောက်သွားရင်း ပြောလိုက်၏။ ထိုအချိန်တွင် သူသည် အားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရပေသည်။ အခြားသူများအားလုံးသည် အစောကတည်းက ထိုအလောင်းတောင်ကုန်းကြီးကို တိုက်ခိုက်ခဲ့သော်လည်း ၎င်းသည် တစ်လက်မပင် မ‌ရွေ့သွားခဲ့သည် မဟုတ်ပါလား။

ရီဖူရှင်းက ကောင်းကင်ထက်သို့ ခုန်တက်ကာ ရှေ့သို့ ပျံသန်းသွားလိုက်ပြီး အလောင်းတောင်ကုန်းကြီးဆီသို့ ကြောက်မက်ဖွယ် တုန်ခါလှိုင်းတစ်ခု ပစ်လွှတ်လိုက်သည်။ သို့သော် ၎င်းလှိုင်းသည် စွမ်းအားကြီးအားနှင့် ထိခတ်ကာ ကာရံခံလိုက်ရ၏။ ထိုတောင်ကုန်းကို တစ်ချိန်က ဂုဏ်ရှိန်ပြောင်ခဲ့သော မဟာအင်ပါယာတစ်ပါးဖြစ်သည့် အရှင်မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားက အုပ်စိုးထားကြောင်း ထင်ရှားပေသည်။

ဝီ...

ရီဖူရှင်းသည် သူ့ကိုယ်တွင်းရှိ မဟာလမ်းစဉ်စွမ်းအားကို ဗုဒ္ဓစွမ်းအားအဖြစ် ပြောင်းလဲလိုက်ကာ ၎င်းစွမ်းအားကို သူ၏ကောင်းကင်တုန်ဟည်းနတ်တူအတွင်းသို့ ထည့်သွင်းလိုက်သည်။ ရုတ်ခြည်းပင် သူ့လက်နက်ပတ်ပတ်လည်ရှိ တုန်ခါလှိုင်းပေါ်တွင် ဗုဒ္ဓအလင်းတောက်ပလာသည်။

ဗုဒ္ဓအသံတော်သည် ပဲ့တင်ထပ်နေပြီး လေထဲတွင် ဗုဒ္ဓပုံရိပ်တစ်ခု ရုတ်ခြည်းထွက်ပေါ်လာကာ ပတ်ပတ်လည်ရှိ စွမ်းအားကြီးကျင့်ကြံသူများစွာကို နောက်လှည့်ကာ ရီဖူရှင်းထံသို့ ကြည့်လိုက်စေလေသည်။ ထို့နောက်တွင် သူသည် သူ၏ ကောင်းကင်တုန်ဟည်းနတ်တူကို မြှောက်ကာ အလောင်းတောင်ကုန်းထံသို့ ပျံဝင်သွားလိုက်သည်ကို မြင်လိုက်ရ၏။

အဖျက်မုန်တိုင်းတစ်ခုသည် သူ့မျက်လုံးအရှေ့ရှိ အရာအားလုံးကို ဖြတ်သန်းရိုက်ခတ်သွားသည်။ ထိုတိုက်ခိုက်မှုသည် အလောင်းတောင်ကုန်းကို ထိမှန်သွားသောအခါ မရေမတွက်နိုင်အောင်များပြားသော မိစ္ဆာဝိညာဉ်များ၏ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး စက်ကွင်းတစ်ခုလုံးတွင် အညိုးကြီးသော ဝိညာဉ်များနှင့် ပြည့်နှက်သွားသည်။ သို့သော် ဗုဒ္ဓအလင်းလွှမ်းခြုံထားသော တုန်ခါလှိုင်းသည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို သန့်စင်သွားသည်။ အကြွင်းအကျန်ဝိညာဉ်များသည် ဤလောကအတွင်းမှ ဖယ်ရှားခံလိုက်ရ၏။

စွမ်းအားကြီးဝိညာဉ်စွမ်းအားတစ်ခုဖြစ်ပေါ်လာပြီး ဧရာမ မဟော်ရာဂီဝိညာဉ်ပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွား၏။ သို့သော် ၎င်းသည်လည်း ဖျက်ဆီးခံရမည့်ကံကြမ္မာမှ မလွတ်မြောက်ခဲ့ပေ။

ဝုန်း...

မြင်ကွင်းအတွင်းရှိ အရာအားလုံးသည် လေထဲတွင် ပျောက်ကွယ်သွားကြပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ အလောင်းတောင်ကုန်းသည် အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွား၏။ စွမ်းအားကြီးတုန်ခါလှိုင်းသည် အရာအာလုံးကို ဖျက်ဆီးကာ လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့ပေပြီ။  ၎င်းသည် မိုးကုပ်စက်ဝိုင်းအထိ ဆက်၍ရွေ့လျားသွားပြီး လမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်နေစေလေသည်။

“အဲဒါ ပွင့်သွားပြီ”

ကျင့်ကြံသူများစွာသည် ရီဖူရှင်းတစ်ယောက် အလောင်းတောင်ကုန်းကို ဖျက်ဆီးပစ်၍ ရှေ့သို့သွားနိုင်မည့် လမ်းကြောင်းတစ်ခု ဖွင့်လိုက်သည်ကို မြင်လိုက်သောအခါ အနီးသို့ကပ်လာကြသည်။

ထိုနယ်မြေသည် မဟော်ရာဂီမျိုးနွယ်စုပိုင်သော နယ်မြေပေလော။ ထိုနယ်မြေထဲတွင် မည်သည့်အရာများကို ဝှက်ထားမည်နည်း။

“ကောင်းကင်တုန်ဟည်းနတ်တူရဲ့ တုန်ခါလှိုင်း လုံးလုံးပျောက်သွားပြီ”

ရီဖူရှင်းသည် သူ့ရှေ့ရှိ မြင်ကွင်းကို ငေးကြည့်နေရင်း အဝေးမှနေ၍ စွမ်းအားကြီးအရှိန်အဝါများစွာ လာနေသည်ကို ခံစားလိုက်ရ၏။ ထိုအရှိန်အဝါများသည် အဝေးတွင်သာရှိသေးသော်လည်း သူသည် ယင်းအရှိန်အဝါများကို တိတိပပခံစားနေရလေသည်။

“ကျုပ်နောက်က လိုက်ခဲ့”

ရီဖူရှင်း နှိုးဆော်လိုက်သည်။ ထိုအခါ စီဝေ့အင်ပါယာနန်း‌တော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများအားလုံးသည် ပြန်၍အတူတကွစုဝေးလိုက်ပြီး အရှေ့သို့ လျင်မြန်စွာ သွားလိုက်လေသည်။

ကျန်လူများသည်လည်း နေရာအသီးသီးမှနေ၍ သူတို့ထံ အပြေးအလွှားလာလိုက်ကြပြီး ထိုနယ်မြေအတွင်းသို့ ဝင်သွားကြသည်။ ထိုအထဲတွင် လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူအချို့လည်း ပါဝင်ပေသည်။ သူတို့အားလုံးသည် ရီဖူရှင်းမတိုင်ခင်က လမ်းဖွင့်ရန် ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့ကြသည်။ သူတို့၏ စွမ်းအားကြီးတိုက်ခိုက်မှုများသည်ပင် ထိုအလောင်းတောင်ကုန်းကို တစ်လက်မပင် ‌ရွေ့မသွားစေခဲ့ပေ။ သို့သော် ရီဖူရှင်းသည် ၎င်းတောင်ကုန်းကို အလုံးစုံဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူ၏အောင်မြင်မှုသည် မဟာအင်ပါယာအဆင့်လက်နက်ကြောင့်လည်းပါပြီး သူ၏လက်နက်အတွင်းသို့ ဗုဒ္ဓစွမ်းအားကို ပေါင်းထည့်ခဲ့ခြင်းကြောင့်လည်းပါပေသည်။

သူတို့ ထိုနယ်မြေအတွင်းပိုင်းသို့ရောက်လာသည်နှင့် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးသော အရှိန်အဝါများသည် သူတို့၏အာရုံများကို မွန်းကြပ်နေစေလေသည်။ ရီဖူရှင်းသည် ရုတ်ခြည်းပင် ဟင်းလင်းပြင်ကို ဖြတ်၍ ကြည့်လိုက်ပြီး အတွင်း၌ လျှို့ဝှက်ထားသောအရာများကို လေ့လာလိုက်သည်။ သူသည် မနှစ်မြို့ဖွယ် မြင်ကွင်းတစ်ခုကိုသာ တွေ့လိုက်ရပြီး တစ်ကိုယ်လုံး တုန်ရင်သွားသည်။

ကာရူရာအိမ်တော်ကိစ္စတွင်မူ ဒီမွန်းကလန်သည် သူတို့ကို စစ်ကြေညာခဲ့ခြင်းပင်။ သို့သော် ဤနေရာတွင်မူ အခြေအနေများ ကွဲပြားပေသည်။ ဤနေရာတွင် မဟာအင်ပါယာများက မဟော်ရာဂီမျိုးနွယ်စုကို သုတ်သင်ပစ်ရန် ကျုးကျော်လာခြင်းကြောင့် အလွန်ပြင်းထန်သော စစ်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့သည့်ပုံပင်။

ထိုမဟာအင်ပါယာများသည် ဒီမွန်းအရှင်ကဲ့သို့သော သူများလောက် စွမ်းအားမကြီးသော်လည်း သူတို့အင်အားစုများ၏ အရေအတွက်သည် ဒီမွန်းကလန်ထက် ပိုများလောက်ပေသည်။

ဤနေရာရှိ လေထုသည် ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးအားကြီးပေသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ခုသည် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီး နေရာအနှံ့တွင် အားကောင်းသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။

သိသာပေါ်လွင်သော နေရာတစ်ခုတွင် ရွှေရောင်လှံပုဆိန်တစ်ခု ရှိနေသည်။ ၎င်းသည် မြေကြီးထဲတွင် ညပ်နေခြင်းဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ကို ရွှေရောင်ပြောင်းနေစေလေသည်။ ထို့ကြောင့် မြေပြင်သည် သန့်စင်သောရွှေဖြင့် ပြုလုပ်ထားသည်ဟု ထင်ရပေသည်။ ဟင်းလင်းပြင်သည်လည်း ‌ရွှေ‌ရောင်သမ်းနေသည်။ ရွှေရောင်နတ်အလင်းကို နမိတ်မကောင်းသော တိမ်မည်းများက အရိပ်ထိုးထားသော်လည်း လှံပုဆိန်အထက်တွင် ‌ရွှေရောင်ခြည်တစ်ခုကို မြင်ရလေသည်။ ထိုမြင်ကွင်းသည် ထူးဆန်းသော မြင်ကွင်းပင်။

၎င်းသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသဖြင့် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ ထို့အပြင် ၎င်းအတွင်း၌ ဝိညာဉ်စွမ်းအားတစ်ခုကို ချိပ်ပိတ်ထားခြင်းလည်း ဖြစ်နိုင်လေသည်။

အခြားတစ်နေရာတွင် မည်းနက်နေသော လှံတစ်ချောင်းသည် အတုမဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။  ၎င်း၏ပတ်ဝန်းကျင်တွင် မရဏလေစီးကြောင်းတစ်ခုရှိနေပြီး ကြောက်မက်ဖွယ် စက်ကွင်းတစ်ခုကို ဖန်တီးထားလေသည်။ ၎င်းထံမှနေ၍ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုသည် အထက်သို့ တောက်ပနေသည်။

ထိုနေရာနှင့် မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခုသည် မထိမခိုက် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်ရလေသည်။ ၎င်း၏ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်တွင် အဖျက်မဟာစွမ်းအားစက်ကွင်းကို ဖန်တီးထားသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် သေဆုံးခဲ့သည်မှာ ကြာပြီဖြစ်ပြီး အမေ့လျော့ခံခေတ်မှ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်။

ခဲတစ်ပစ်အကွာရှိ မြေပြင်ပေါ်တွင် ကြာပွင့်တစ်ပွင့် ပေါက်နေသည်ကို တွေ့ရ၏။ ၎င်းသည် အားကောင်းသော အသက်စွမ်းအားရှိပေသည်။ သို့သော် ၎င်း၏ဝိညာဉ်စွမ်းအားသည် ထိုစက်ကွင်းအတွင်းရှိ ပြင်းထန်သော ဖိအား၏ ဖိနှိပ်မှုကို ခံထားရလေသည်။

ရီဖူရှင်းသည် သူ့မျက်လုံးအရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်စွာ တုန်လှုပ်နေသည်။ သူ့အပြင် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများသည်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကို ရှုစားလိုက်ရသောအခါ အပြင်းအထန် ရင်တုန်ကာ မှင်တက်နေကြသည်။

ဤနေရာသည် ကျဆုံးသွားသော မဟာအင်ပါများ၏ အကြွင်းအကျန်များ ရှိသည့် တစ်ချိန်က ပြင်းထန်သော စစ်ပွဲကြီးတစ်ပွဲဖြစ်သွားခဲ့သောနေရာပင်။ ထိုစစ်ပွဲအတွင်းတွင် မဟာအင်ပါယာများစွာ သေဆုံးခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များသည် ဤနေရာတွင် ထာဝရမြှုပ်နှံ့ခံခဲ့ရလေသည်။

သူတို့နောက်မှ ရောက်လာသော အခြားလူများသည်လည်း သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တုန်လှုပ်သွားကြသည်။ သူတို့သည် ရင်ခုန်မြန်လာပြီး ထွက်သက်ဝင်သက်လည်း တိုတောင်းလာကာ ခြေလှမ်းများ နှေးကွေးသွားသည်။

ထိုအရာသည် ရူးသွပ်မှုပင်။

ဤနေရာတွင် မဟာအင်ပါယာများစွာကို မြှုပ်နှံထားသည်ကို တွေးလိုက်ရုံဖြင့်ပင် အရိုးစိမ့်သွားစေလေသည်။ ရှေးခေတ်မှ စစ်ပွဲကြီးသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းခဲ့သနည်း။ မဟော်ရာဂီမျိုးနွယ်စုသည် မဟာအင်ပါယာများစွာကို သတ်ပစ်နိုင်ခဲ့ပြီး သူတို၏ အလောင်းများကို ဤနေရာတွင် ချန်ထားနိုင်ခဲ့ရာ သူတို့၏အင်အားသည် မည်မျှကြီးပေသနည်း။

***

All Chapters