နောင်တရလျှင် မင်း ကယ်တင်ခြင်းခံရမည်ဟု ဆိုသလော
Vol. 188 Ch. 2689
ရီဖူရှင်းသည် အမွေအနှစ်နယ်မြေအတွင်း၌ ကျင့်ကြံနေသည်။ သူသည် အမွေအနှစ်နယ်မြေ၏ ဝိညာဉ်စွမ်းအားနှင့် တစ်သားတည်းဖြစ်နေ၏။ သူသည် မူမမှန်သော တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်လုံးများဖွင့်ကာ အဝေးသို့ ငေးကြည့်သည်။ ထို့နောက် သူသည် မျက်လုံးတစ်စုံကို သတိပြုမိသည်။
ထိုမျက်လုံးများသည် နတ်မျက်လုံးတစ်စုံဖြစ်သည်။ ၎င်းတို့သည် တောက်ပနေပြီး ကောင်းကင်ထက်မှနေ၍ အရာအားလုံးကို ငုံ့ကြည့်နေသည်။ ၎င်းတို့သည် အာကာပြင်ကို ဖောက်ထွင်းကာ ရီဖူရှင်းကို တိုက်ရိုက် စိုက်ကြည့်နေသည်။
ရီဖူရှင်းမှာလည်း နတ်မျက်လုံးများကို ပြန်စိုက်ကြည့်လိုက်၏။ နှစ်ဖက်စလုံးသည် တစ်ဖက်ကိုတစ်ဖက် သိရှိလိုက်ကြသည်။
“ရီဖူရှင်း...”
အသံတစ်သံက ရေရွတ်လိုက်သည်။ ထိုသို့ပြောလိုက်သူသည် သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်နေကြောင်း ထင်ရှား၏။
“ရှန်းယန်ဗုဒ္ဓအရှင်...”
ရီဖူရှင်းသည် မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။ သူသည် နတ်မျက်လုံးများကို စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။
ကြည့်ရသည်မှာ ရှန်းယန်ဗုဒ္ဓအရှင်၏ကျင့်ကြံခြင်းသည် တိုးတက်လာသည့်ပုံပင်။ သူ၏မျက်လုံးများသည် စစ်မှန်သော နတ်မျက်လုံးများအဖြစ် ပြောင်းလဲသွားခဲ့သည့်ပုံပင်။ ၎င်းတို့သည် မဟာလမ်းစဉ်ဝိညာဉ်စွမ်းအား၏ ချိပ်စည်းကို ဖောက်ထွင်းကာ အမွေအနှစ်နယ်မြေအတွင်းရှိ မြင်ကွင်းကို အဝေးမှနေ၍ပင် လှမ်းမြင်နိုင်ပေသည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် သူ၏အကြည့်ကို ပြန်မရုတ်သိမ်းလိုက်ပေ။ သူ၏နတ်မျက်လုံးများသည် ပတ်ဝန်းကျင်ကို စူးစမ်းနေပြီး အမွေအနှစ်နယ်မြေ၏ အတွင်းပိုင်းဖွဲ့စည်းပုံကို လေ့လောနေလေသည်။
ရီဖူရှင်း၏ နှလုံးသားသည် အေးစက်သွားသည်။ သူသည် သူနှင့်ဗုဒ္ဓဂိုဏ်းများ၏ ရင်းနှီးမှုကို ထောက်၍ ရှန်းယန်ဗုဒ္ဓအရှင်ကို သူမတိုက်ခိုက်လိုပေ။ သို့သော် ရှန်းယန်ဗုဒ္ဓအရှင်ကမူ သူ့ကို အမြဲ အပြစ်ရှာနေခဲ့သည်။ ယခု ထိုနတ်မျက်လုံးများ ထွက်ပေါ်လာမှုသည်လည်း သူသည် ရီဖူရှင်းကို ထပ်မံပြဿနာရှာတော့မည်ဟူသော အဓိပ္ပာယ်ပင်။
အမွေအနှစ်နယ်မြေ အပြင်ဘက်တွင် ရှန်းယန်ဗုဒ္ဓအရှင်သည် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ကောင်းကင်ထက်ရှိ နတ်မျက်လုံးများလည်း ပျောက်ကွယ်သွားသည်။ သူသည် နောက်လှည့်၍ လူအုပ်ကို ကြည့်သည်။ သူတို့အများစုသည် သူ့ကို မေးလိုက်၏။
“ဗုဒ္ဓအရှင် အထဲမှာ ဘယ်လိုအခြေအနေရှိလဲ”
“အမွေအနှစ်နယ်မြေထဲမှာ ရီဖူရှင်းက စီဝေ့အင်ပါယာနန်းတော်နဲ့ အနောက်အင်ပါယာနန်းတော်က ကျင့်ကြံသူတွေနဲ့အတူ ကျင့်ကြံနေတယ်။ သူက ကိုယ်တော်တို့ အကုန်လုံးကို လိမ်ခဲ့တာပဲ”
ရှန်းယန်ဗုဒ္ဓအရှင်က ပြောပြလိုက်သည်။
“ရီဖူရှင်းနဲ့ စီဝေ့အင်ပါယာနန်းတော်က တပ်ဖွဲ့ရှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ မဟော်ရာဂီအိမ်တော်ရဲ့ အမွေအနှစ်နယ်မြေကို သိမ်းပိုက်လိုက်ပြီ”
“ရီဖူရှင်း...”
လူအုပ်သည် အံ့အားသင့်စွာ မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်မှလူများ အသက်ရှင်နေလိမ့်ဦးမည်ဟု မထင်ခဲ့ပေ။ သို့သော် သူတို့သည် မသေသည့်အပြင် မဟော်ရာဂီအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားကာ ထိုနယ်မြေအတွင်း၌ အချိန်ကြာမြင့်စွာ ကျင့်ကြံနေခဲ့ပေသည်။
ထိုအမွေအနှစ်နယ်မြေထဲတွင် အမွေအနှစ်များ အများအပြား ရှိပေသည်။
“အစကတည်းက တစ်ခုခုက မူမမှန်ဘူးဖြစ်နေတာ။ ကျုပ်တို့လည်း သံသယဝင်ခဲ့ကြတယ်ဆိုပေမယ့် သူတို့က ကျုပ်တို့ကို တကယ်လိမ်ထားလိမ့်မယ်လို့ မထင်ခဲ့ဘူး”
တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်၏။
“ကျုပ်တို့ ဒီအကြောင်းကို လူတိုင်းကို ပြောပြရမယ်”
သူတို့သည် အမှန်တရားကို သိရှိသွားပြီဖြစ်သော်လည်း မည်သူမှ အမွေအနှစ်နယ်မြေအတွင်းသို့ မဆင်မခြင် ဝင်မသွားဝံ့ကြပေ။ ရီဖူရှင်းသည် အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားပြီဖြစ်၍ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းခဲ့ပြီး ဖြစ်ရပေမည်။
ရှန်းယန်ဗုဒ္ဓအရှင်သည် အမွေအနှစ်နယ်မြေကို တစ်ချက်ကြည့်သည်။ ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် မဟော်ရာဂီ၏ အမွေအနှစ်နယ်မြေကို တစ်နှစ် သိမ်းပိုက်ထားခဲ့သည်။ တပ်ဖွဲ့ရှစ်ဖွဲ့၏ အခြားနယ်မြေခုနစ်ခုသည်လည်း အင်ပါယာအဆင့် အင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေသည်။
ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ဘယ်သူထင်သနည်း။ သူတို့သည် တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုကို အခြားသူများနှင့် မဝေမျှဘဲ မောင်ပိုင်စီးထားဝံ့ပေသည်။
ယခုတွင် ရှန်းယန်ဗုဒ္ဓအရှင်သည် ရီဖူရှင်းနှင့် စီဝေ့အင်ပါယာနန်းတော်သည် လူတိုင်း၏ ဘုံရန်သူဖြစ်လာမည်လောကို စောင့်၍ ကြည့်ရန်သာ ရှိတော့သည်။
သတင်းသည် ရှေးဟောင်းကုန်းမြေပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မကြာခင်မှာပင် အင်အားစုအသီးသီးသည် ရီဖူရှင်းနှင့် သူ၏အုပ်စူက မဟော်ရာဂီ၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားကြောင်း သိသွားကြသည်။ ကျင့်ကြံသူ အများအပြားသည် ဤနေရာသို့ ရောက်လာကြသည်။
တစ်ချိန်တည်းမှာပင် အမွေအနှစ်နယ်မြေအတွင်း၌ ရီဖူရှင်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူသည် အရေးမစိုက်သော အကြည့်ဖြင့် ကြေညာလိုက်သည်။
“ကျုပ်တို့ ပြဿနာနဲ့ ရင်ဆိုင်ရလောက်တော့မယ်”
အင်အားစုအသီးသီးသည် သတင်းရသွားလျှင် ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာလောက်ပေသည်။
“သူတို့သာ ကျူးကျော်လာရင် ငါတို့ သူတို့ကို စစ်ကြေညာလိုက်မယ်”
ထီမထင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုသို့ပြောလိုက်သူမှာ ဓားဧကရာဇ်အရှင် ဖြစ်လေသည်။ သူ့ကို ဓားဝိညာဉ်စွမ်းအားက ဝန်းရံထားပြီး သူ၏အရှိန်အဝါသည်လည်း ကြောက်မက်ဖွယ်ကောင်းနေသည်။ ဓားဧကရာဇ်အရှင်သည် နတ်ဘုရားတစ်ဝက်အဆင့်ဖြစ်သဖြင့် သူနှင့်ယှဉ်နိုင်သူသည် အနည်းငယ်သာ ရှိလေသည်။ သူသည် ကျင့်ကြံခြင်းလောက၌ ထိပ်ပိုင်းတွင် ရပ်တည်နိုင်ပေသည်။
သူသည် ဤအမွေအနှစ်နယ်မြေအတွင်း၌ မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ရရှိခဲ့သည်။ ထို့ကြောင့် သူသည် မည်သူ့ကိုမှ မကြောက်ဘဲ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေသည်။
“ဓားဧကရာဇ်... လက်ရှိ ဒီရှေးဟောင်းကုန်းမြေပေါ်မှာ အင်အားစုတွေက တစ်ခု၊ နှစ်ခု မကဘူး”
ရီဖူရှင်း ရှင်းပြလိုက်သည်။
“ပြီးတော့ ဒီမှာ အင်ပါယာအဆင့်အင်အားစု ခုနစ်စုလည်း ရှိနေတယ်”
“အဲဒါအမှန်ပဲ... ငါတို့ တိုးတက်လာအောင် လုပ်နေတဲ့အချိန်မှာ သူတို့လည်း အလကားထိုင်နေကြမှာ မဟုတ်ဘူး”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။
“မိတ်ဆွေလေးရီ... မင်းက အခု မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်နေပြီ။ မင်းရဲ့ လက်ရှိ တိုက်ခိုက်စွမ်းရည်က ဘယ်လိုလဲ”
လွန်ခဲ့သောတစ်နှစ်က မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား နိုးထာလာချိန်တွင် ကျင့်ကြံသူအားလုံးသည် ၎င်းစွမ်းအားကို ခုခံရန် ခက်ခဲခဲ့သည်။ သူတို့သည် ဝိညာဉ်စွမ်းအား၏ ဝါးမျိုမှုကိုပင် ခံရလုနီးပါး ဖြစ်ခဲ့ကြသည်။ ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်၍ သူ၏အစွမ်းသည် သေချာပေါက် တိုးတက်လာရပေမည်။
ရီဖူရှင်းက ပြန်ဖြေလိုက်၏။
“ကျုပ် အခုထိတော့ စမ်းမကြည့်ရသေးပါဘူး... ဒါပေမဲ့ စီနီယာက မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ထားမယ်ဆိုရင်တောင် ကျုပ် စီနီယာနဲ့ တိုက်ခိုက်နိုင်ပါလိမ့်မယ်”
ဓားဧကရာဇ်အရှင်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီဖြင့်ဆိုလျှင် သူသည် မဟာအင်ပါယာအဆင့်အောက်မှ လူများအားလုံးအကြားတွင် တိုက်ခိုက်စွမ်းရည်အမြင့်ဆုံး ဖြစ်နိုင်ပေသည်။
မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသော နတ်ဘုရားတစ်ဝက်တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်သည် ယခင်က နတ်ဆိုးလောက၏ ယန်ကွေ့ရီ၏တိုက်ခိုက်စွမ်းရည်နှင့် တူညီပေလိမ့်မည်။ သူတို့သည် အရှင်ထျန်းယန်၏ ဝိညာဉ်စွမ်းအားပါသော မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ဆောင်ထားသည့် ဝမ်ရှောင်နှင့် လက်ရည်တူခဲ့ပေသည်။
“အင်း...”
ဓားဧကရာဇ်အရှင် ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် ထိုသို့ပြောသော်လည်း သူ၏တိုက်ခိုက်စွမ်းရည် အတိအကျကိုမူ မသေချာသေးပေ။
ထိုအခိုက်တွင် သူတို့သည် မီးစဉ်ကြည့်ကရုံသာ ရှိလေသည်။ သူတို့သည် နယ်မြေအတွင်းသို့ ဝင်လာသော ကျင့်ကြံသူများအပေါ်မူတည်၍ မည်သို့ပြန်တုံ့ပြန်ရမည်ကို ဆုံးဖြတ်ရမည်သာဖြစ်သည်။
****
ကျင့်ကြံသူများစွာသည် မဟော်ရာဂီအမွေအနှစ်နယ်မြေအပြင်တွင် စုဝေးလာကြသည်။ သူတို့သည် အခြားအမွေအနှစ်နယ်မြေများမှ လာခဲ့ကြခြင်းပင်။ သူတို့သည် လောလောဆယ်တွင် မလှုပ်ရှားသေးဘဲ လူများထပ်ရောက်လာမည်ကို စောင့်နေကြသည်။
ရီဖူရှင်းသည် အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားပြီး မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံထားသဖြင့် သူတို့သည် မဆင်မခြင် မပြုမူဝံ့ကြပေ။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကျင့်ကြံသူအရေအတွက်သည် ပိုများလာသည်။ သူတို့အများစုသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်အားလုံးသည် ဤနေရာသို့ ရောက်နေကြသည်။ သူတို့သည် အစကတည်းက ရီဖူရှင်းနှင့် ရန်ငြိုးများရှိသဖြင့် အခြားသူများနှင့်ပေါင်းကာ ရီဖူရှင်းကို တိုက်ခိုက်နိုင်မည့် ဤအခွင့်အရေးကို သေချာပေါက် လက်လွတ်ခံမည် မဟုတ်ပေ။
ရှေးဟောင်းနတ်ဘုရားကလန်များသည် ဤကုန်းမြေသို့ ခရီးစဉ်တွင် အကျိုးကျေးဇူး တော်တော်များများ ရရှိခဲ့သည်။ သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်ထိန်းချုပ်ထားသော နာဂါအမွေအနှစ်နယ်မြေထဲတွင် ကျင့်ကြံခွင့်ရခဲ့သည်။ သူတို့သည် သင်ကြားမှုများကို များနိုင်သမျှများများ လေ့လာခဲ့သည်။ သူတို့သည် ရီဖူရှင်း၏သတင်းကို ကြားသောအခါ နာဂါအမွေအနှစ်နယ်မြေကို ချက်ချင်းစွန့်ခွာ၍ ဤနေရာသို့ အပြေးအလွှား လာခဲ့ကြခြင်းပင်။
သူတို့အပြင် လောကအသီးသီးမှ ကျင့်ကြံသူများလည်း ဤနေရာတွင် ရှိနေလေသည်။ သူတို့အားလုံးသည် အမွေအနှစ်နယ်မြေကို စိုက်ကြည့်နေကြသည်။
ဟောင်ထျန်းကလန်သခင်က ပြောလိုက်၏။
“ကောလာဟလတွေအရတော့ တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှာ မဟော်ရာဂီက စစ်နတ်ဘုရားတဲ့။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တယ်... ပြီးတော့ သူက မဟာအင်ပါယာတော်တော်များများကို သတ်ပစ်ခဲ့တယ်။ ဒီအမွေအနှစ်နယ်မြေထဲမှာ မဟာအင်ပါယာတွေရဲ့ သင်ကြားမှုတွေအများကြီး ရှိနေလောက်မှာပဲ။ ဒီအချိန်အတော်အတွင်းမှာ စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေက အကျိုးကျေးဇူးတွေအများကြီး ရခဲ့လောက်တယ်။ အင်ပါယာအဆင့်အင်အားစုတွေကလွဲလို့ တခြားဘယ်အင်အားစုကမှ သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး”
သူသည် ထိုသို့ပြောရင်း အမွေအနှစ်နယ်မြေကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေလေသည်။
“စီဝေ့အင်ပါယာနန်းတော်က မူလဘုံက အစပြုခဲ့တာပဲ။ သူတို့ ကျော်ကြားလာတာ ဆယ်စုနှစ်နည်းနည်းလောက်ပဲ ရှိသေးတယ်... အခု သူတို့က အင်ပါယာအဆင့်အင်အားစုတွေနဲ့ ခြေရာချင်းတိုင်းချင်နေပြီလား။ သူတို့က အမွေအနှစ်နယ်မြေတစ်ခုကို သူတို့ဘာသာ သိမ်းပိုက်ထားတယ်ဆိုတော့ သူတို့က တကယ့်ကို ရည်မှန်းချက်ကြီးတာပဲ”
ဗုဒ္ဓကုန်းမြေအရှင်က ထပ်ပြော၍ လူအုပ်ကို ဆွပေးလိုက်သည်။
ထိုနေရာရှိ ကျင့်ကြံသူများသည် သူတို့ ဘာရည်ရွယ်ချက်ကြောင့် ထိုစကားများ ပြောနေခြင်းဖြစ်ကြောင်း သိပေသည်။ သို့သော် သူတို့သည်လည်း ထိုသူတို့ပြောသည်မှာ အကျိုးအကြောင်းလျော်ညီသည်ဟု တွေးမိလေသည်။ စီဝေ့အင်ပါယာနန်းတော်သည် အမွေအနှစ်နယ်မြေတစ်ခုကို အမှီအခိုကင်းကင်း သိမ်းပိုက်ထားရန် မထိုက်တန်ဟု သူတို့ ခံစားရပေသည်။ အင်ပါယာအဆင့်အင်အားစုများသာ တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုစီကို သိမ်းပိုက်ထားခွင့်ရှိသည်။ တပ်ဖွဲ့ရှစ်ဖွဲ့၏ ဤနောက်ဆုံးအမွေအနှစ်နယ်မြေအတွင်းသို့ လူတိုင်းဝင်နိုင်ခွင့် ရှိသင့်ပေသည်။
သူတို့ စကားပြောနေစဉ်တွင် အမွေအနှစ်နယ်အတွင်းမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ အဝေးတွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်အရှိန်အဝါတစ်ခုသည် လည်ပတ် မြည်ဟည်းနေသည်။ မိုးကုပ်စက်ဝိုင်းအထက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာ၏။ ထိုပုံရိပ်သည် မဟော်ရာဂီ၏ပုံရိပ်ဖြစ်ပေသည်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် ကောင်းကင်ထက်တွင် မြင့်မားစွာ ရပ်နေပြီး အားလုံးကို ငုံကြည့်နေသည်။ သူသည် လှောင်ပြောင်သရော်လိုက်၏။
“ခင်ဗျားတို့အားလုံးက မကျေနပ်ဘူးဆိုတော့ ဘာလို့ အမွေအနှစ်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး ဒီနေရာကို ကျုပ်လက်ထဲက လုမယူကြတာလဲ”
သူ၏အသံသည် ဩဇာကြီးပြီး ရန်စနေသော လေသံပေါက်နေသည်။ ယခု မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နေသူမှာ ရီဖူရှင်း ဖြစ်ပေသည်။ သူသည် လူအုပ်ကို စိုက်ကြည့်သည်။ အင်ပါယာအဆင့်အင်အားစုများက တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေများကို သိမ်းပိုက်ခဲ့စဉ်က မည်သူမှ မကန့်ကွက်ဝံ့ခဲ့ကြပေ။ သို့သော် သူ အမွေအနှစ်နယ်မြေတစ်ခုကို သိမ်းပိုက်လိုက်သောအခါ လူအားလုံးသည် ဤနေရာသို့ ရောက်လာကြသည်။
ရီဖူရှင်းက သူတို့ကို စိန်ခေါ်ပြီးနောက်တွင် ထိုနေရာသည် တိတ်ဆိတ်သွားသည်။ သူ့ထံမှ အမွေအနှစ်ကို ပြန်လုရမည်လော။
မည်သူသည် ထိုနယ်မြေအတွင်းသို့ ဝင်ဝံ့မည်နည်း။
“ရီဖူရှင်း... ရှေးဟောင်းကုန်းမြေပေါ်က အမွေအနှစ်နယ်မြေတွေက လူတိုင်းနဲ့သက်ဆိုင်တဲ့ ဘုံပိုင်နယ်မြေတွေပဲ။ အဲဒီနယ်မြေတွေထဲမှာ ကျင့်ကြံသူတိုင်း ဝင်ကျင်ကြံခွင့် ရှိတယ်။ မင်းက ဒီအမွေအနှစ်နယ်မြေကို မင်းဘာသာ သိမ်းပိုက်ထားပြီး မဟာအင်ပါယာတွေရဲ့ သင်ကြားမှုတွေကို မောင်ပိုင်စီးထားချင်လို့ ဘယ်ရမလဲ... အဲဒါက နည်းလမ်းမမှန်ဘူး။ အခု မင်း အမွေအနှစ်နယ်မြေကို ငါတို့လက်ထဲ လွှဲပေးပြီး ကျင့်ကြံသူအကုန်လုံးကို အဲဒီနယ်မြေထဲမှာ လေ့လာကျင့်ကြံခွင့် ပြုသင့်ပြီ။ အဲဒါကမှ နည်းလမ်းအမှန်ပဲ။ မင်း အမှားတွေကို ထပ်မလုပ်သင့်တော့ဘူး”
ထုံချန်းဗုဒ္ဓအရှင်က လက်အုပ်ချီ၍ ပြောလိုက်၏။ သူ့ခန္ဓာကိုယ်ကို ဗုဒ္ဓအလင်းက လှည့်ပတ်နေသည်။ သူသည် လူတိုင်းအတွက် ကောင်းကျိုးရရန် ပြောပေးနေသကဲ့သို့ပင်။ သူသည် ရီဖူရှင်းကို အမွေအနှစ်နယ်မြေကို ဖွင့်၍ လူတိုင်းကို ထိုနယ်မြေအတွင်းဤ ကျင့်ကြံခွင့်ပြုရန် တောင်းဆိုနေသည်။
“နောင်တရမယ်ဆိုရင် မင်း ကယ်တင်ခြင်းခံရလိမ့်မယ်”
ထုံချန်းဗုဒ္ဓအရှင်ဘေးတွင် ရပ်နေသော ဗုဒ္ဓကျင့်ကြံသူများက ပြောလိုက်၏။ သူတို့သည် ရီဖူရှင်းက ကြီးလေးသောအပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့သဖြင့် ကယ်တင်ခြင်းခံရရန် လိုအပ်နေသကဲ့သို့ ပြောနေသည်။
“ဘာလို့ အကြွင်းမဲ့ဗုဒ္ဓက သူ့ရဲ့ဂိုဏ်းထဲမှာ ဒီလိုမျိုး ကြောင်သူတော် ကြွက်သူခိုးမျိုးကို လက်ခံထားရတာလဲ”
ဓားဧကရာဇ်အရှင်၏အသံသည် ထက်ရှသော ဓားတစ်လက်အလား အာကာပြင်ကို ထွင်းဖောက်သွားသည်။ သူ၏အသံသည် ပဲ့တင်ထပ်နေပြီး သူဆက်ပြောလိုက်၏။
“မင်းတို့က ရှေးဟောင်းကုန်းမြေပေါ်က အမွေအနှစ်နယ်မြေတွေက လူတိုင်းနဲ့သက်ဆိုင်တယ်လို့ ပြောနေမှတော့ ဘာလို့ ဗုဒ္ဓဂိုဏ်းတွေကို သူတို့သိမ်းပိုက်ထားတဲ့ အမွေအနှစ်နယ်မြေတွေကို ပြန်ပေးဖို့ သွားမပြောကြတာလဲ။ ကောင်းကင်ဒေသ၊ နတ်ဆိုးလောကနဲ့ တခြားအင်ပါယာအဆင့်အင်အားစုတွေကလည်း သူတို့သိမ်းပိုက်ထားတဲ့ အမွေအနှစ်နယ်မြေတွေကို ဖွင့်ပေးပြီး လူတိုင်းကို အဲဒီနယ်မြေတွေထဲမှာ ကျင့်ကြံခွင့်ပြုသင့်တယ်မလား”
ထုံချန်းဗုဒ္ဓအရှင်က ရှင်းပြလိုက်၏။
“မဟာအင်ပါယာတွေက အင်ပါယာအဆင့်အင်အားစုတွေရဲ့ အကူအညီနဲ့ လောကကြီးရဲ့ မျှခြေကို ထိန်းသိမ်းထားရတဲ့ သူတွေပဲ။ သူတို့ကို တန်းတူ မဆက်ဆံသင့်ဘူးလေ။ ရီဖူရှင်းကကျတော့ ဂျူနီယာလေးတစ်ယောက်ပဲ။ သူက အမွေအနှစ်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ထားဖို့ အရည်အချင်းမမီဘူး”
သူ၏အသံသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်ပြီး ထိုနေရာတစ်ခွင်လုံးရှိ လူတိုင်း ကြားရစေလေသည်။ သူပြောသောစကားသည် ယုတ္တိအမှားဖြစ်သော်လည်း အမွေအနှစ်နယ်မြေအပြင်ရှိ ကျင့်ကြံသူအားလုံးသည် သူ့စကားကို သဘောတူလိုက်ကြသည်။
လောကအတွင်းမှ ကိစ္စများတွင် အကြွင်းမဲ့မှန်သည် သို့ဟုတ် အကြွင်းမဲ့မှားသည်ဟူ၍ မရှိပေ။ ကျင့်ကြံသူများသည် သူတို့အတွက် အကျိုးအမြတ်ရှိမည့်ဘက်တွင်သာ နေကြပေလိမ့်မည်။
“မင်းတို့ပြောတာအမှန်ပဲ။ ရှေးဟောင်းကုန်းမြေပေါ်က အမွေအနှစ်နယ်မြေတွေက လူတိုင်းနဲ့သက်ဆိုင်တယ်။ ရီဖူရှင်းက ဒီအမွေအနှစ်နယ်မြေကို သူ့ကိုယ်ပိုင်စွမ်းရည်နဲ့ သိမ်းပိုက်ထားတာပဲ။ ဒီတော့ သူ ဒီနေရာမှာ ကျင့်ကြံနေတာ ဘာမှားလို့လဲ”
ဓားဧကရာဇ်အရှင်က ဆက်ပြောလိုက်၏။
“တကယ်လို့ မင်းတို့က ဒီနေရာကို ငါတို့လက်ထဲက လုယူချင်တယ်ဆိုရင် ဝင်လာခဲ့ကြပါ။ ပါးစပ်ကချည်း ပြောမနေကြနဲ့တော့”
ရီဖူရှင်း ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကျုပ် တစ်ချိန်တုန်းက ဗုဒ္ဓလောကမှာ ကျင့်ကြံခဲ့ပြီး ဗုဒ္ဓဂိုဏ်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ ကျုပ်က သူတို့အပေါ် အကြွေးတင်နေပါတယ်... အဲဒါကြောင့် ကျုပ် ခင်ဗျားတို့နဲ့ ရန်ငြိုး ရန်စ မရှိချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ထဲက အနည်းငယ်က ကျုပ်ကို ပစ်မှတ်ထားနေပြီ။ ဒါက ခင်ဗျားတို့ ကျုပ်ကို ဒုက္ခရောက်အောင် ကြိုးစားတာ ပထမဆုံးအကြိမ် မဟုတ်ဘူး။ အဲဒီလိုဆိုမှတော့ ကျုပ်တို့ကြားမှာ ဘာပဲဖြစ်လာလာ အဲဒါက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပဲ... ဗုဒ္ဓဂိုဏ်းတွေနဲ့ မသက်ဆိုင်ဘူး။ ဗုဒ္ဓဂိုဏ်းတွေက ကရုဏာတရားကြီးမားပြီး ခင်ဗျားတို့လို အလကားလူဖျင်းတွေ မဟုတ်ဘူးလို့ ကျုပ်ယုံကြည်ပါတယ်။ ခင်ဗျားတို့က ဗုဒ္ဓလောကကို အရှက်ရစေတဲ့ သူတွေပဲ”
သူ၏အသံသည် ထိုနေရာတစ်ခွင်တွင် ပဲ့တင်ထပ်သွားပေသည်။
***