← Chapters

ကျူးကျော် တိုက်ခိုက်ကြပြီ

Vol. 188 Ch. 2690

ကျူးကျော် တိုက်ခိုက်ကြပြီ

Vol. 188 Ch. 2690

ဗုဒ္ဓကျင့်ကြံသူများကို ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင်တို့က ထပ်မံဦးဆောင်လာခြင်းပင်။ ထိုဗုဒ္ဓနှစ်ပါးသည် ဘယ်တုန်းကမှ ရီဖူရှင်းနှင့် အဆင်မပြေခဲ့ပေ။

ယခုတွင် ဗုဒ္ဓနှစ်ပါးသည် နတ်ဘုရားအဆင့်သို့ ရောက်နိုင်မည့် တံခါးတစ်ချပ်ကို မြင်ခဲ့ပြီဖြစ်သည်။ ဤအမွေအနှစ်ကုန်းမြေပေါ်တွင် သူတို့၏ကျင့်ကြံခြင်းသည် ပြောင်းလဲမှုနှင့် ကြုံတွေ့ခဲ့ပြီး နတ်ဘုရားတစ်ဝက်အဆင့်သို့ တိုးတက်သွားခဲ့သည်။

“ဒါမတိုင်ခင်က မင်းက ဒီမွန်းအတတ်တွေကို ကျင့်ကြံတယ်လို့ ငါကြားခဲ့တယ်။ အခု ကြည့်ရတာတော့ ကောလာဟလတွေက မှန်တဲ့ပုံပဲ။ အကြွင်းမဲ့ဗုဒ္ဓက ကရုဏာကြီးမားလို့ မင်းကို ဘဝသစ်စနိုင်မယ့် အခွင့်အရေးတစ်ခုကို ပေးချင်နေတာပဲ။ ဒါပေမဲ့ မင်းက ခေါင်းမာနေမှတော့ ငါ့မှာ မင်းကို ဗုဒ္ဓအဆုံးအမအတိုင်း သုတ်သင်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့ဘူး”

ထုံချန်းဗုဒ္ဓအရှင်သည် သူ့ကိုယ်မှနေ၍ အတုမဲ့ ဗုဒ္ဓအလင်းကို ထုတ်လွှတ်ကာ ပြောလိုက်၏။

“အဲဒီလိုဆိုမှတော့ ခင်ဗျားတို့က ဘာတွေ စောင့်နေသေးတာလဲ... ဝင်ခဲ့လေ”

ရီဖူရှင်းသည် ကျင့်ကြံသူများကို အမွေအနှစ်နယ်မြေအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

ယခုတွင် ကျင့်ကြံသူ အများအပြားသည် အမွေအနှစ်နယ်မြေ အပြင်တွင် စုဝေးနေကြပြီဖြစ်သည်။ သို့သော် သူတို့အားလုံးသည် တုံ့ဆိုင်းနေကြပြီး ‌ရှေ့သို့ ဆက်မတိုးကြသေးပေ။ လောကအသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြ၏။ သူတို့သည် အထဲသို့ ဝင်သွားမည်လော သို့မဟုတ် မဝင်ဘဲနေမည်လော။

“အားလုံးပဲ... ကိုယ်တော်တို့ ဒီမိစ္ဆာကို အတူတူ နှိမ်နင်းကျမလား”

ထုံချန်းဗုဒ္ဓအရှင်းသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကိုကြည့်ကာ မေးလိုက်သည်။ သူထိုသို့ပြောလိုက်စဉ်တွင် ဗုဒ္ဓအလင်းသည် သူ့ကို လှည့်ပတ်နေသည်။ သူသည် အကန့်အသတ်မဲ့ ကုသိုလ်ရှိသည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးနှင့် ဆင်တူပေသည်။

“ကောင်းပါပြီ...”

လူများစွာသည် ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကို မိစ္ဆာဒီမွန်းတစ်ကောင်အဖြစ် မြင်နေကြသည်။

“အဲဒီလိုဆိုမှတော့ သွားကြတာပေါ့”

ထုံချန်းဗုဒ္ဓအရှင်က ပြောလိုက်၏။ ကျင့်ကြံသူတစ်စုသည် ချက်ချင်းပင် တောင်တန်းအတွင်းသို့ ဝင်သွားသည်။ ထုံချန်းဗုဒ္ဓအရှင်နှင့် ရှန်းယန်ဗုဒ္ဓအရှင်တို့၏ အုပ်စုသည် ရှေ့မှဦးဆောင်နေသည်။ သူတို့အပြင် ရှေးဟောင်းနတ်ဘုရားကလန်အချို့မှ ခေါင်းဆောင်များလည်း ပါလာလေသည်။ သူတို့သည်လည်း အမွေအနှစ်များမှနေ၍ ကြီးစွာသော အကျိုးကျေးဇူးများရခဲ့သည်။ သူတို့သည် ဤနေရာသို့ ‌ရှေးဟောင်းနတ်ဘုရားကလန်များမှ အင်ပါယာများ၏ ဝိညာဉ်စွမ်းအားများကိုလည်း ယူဆောင်လာပေသည်။ သူတို့သည် ရီဖူရှင်းကို မကြောက်ချေ။

ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားသည် ဆိုသော်လည်း သူတို့ဘက်တွင်လည်း မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများ ရှိပေသည်။ သူတို့ဘက်မှ မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများသည် အသိစိတ်ပင် ရှိပေသေးသည်။

ထိုတိုက်ပွဲအတွင်းတွင် သူတို့သည် ရီဖူရှင်းကို ရှင်းပစ်ရန်လိုပြီး သူတို့ကို ခြောက်လှန့်နေခဲ့သော ဘေးအန္တရာယ်ကို ပျောက်သွားအောင် လုပ်ရပေမည်။ သူတို့ ရီဖူရှင်းကို သတ်နိုင်ခဲ့လျှင် စီဝေ့ကြယ်ကောင်းကင်သည် လျင်မြန်စွာ ပြိုကွဲသွားမည်ဖြစ်သည်။ အမှန်တွင် ယခုတွင် နတ်ဘုရားများ၏ အမွေအနှစ်များ ထွက်ပေါ်လာပြီဖြစ်၍ သူတို့၏ စီဝေ့ကြယ်ကောင်းကင်အပေါ် စွဲလမ်းမှုသည် လျော့နည်းသွားပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်း သေရပေမည်။

အမွေအနှစ်နယ်မြေအတွင်းသို့ ရှေ့ဆုံးမှ ဝင်သွားသည် ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်အရှိန်အဝါများ ရှိလေသည်။ သူတို့၏ခန္ဓာကိုယ်များမှ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအား ထွက်ပေါ်နေပြီး သူတို့သည် လေပေါ်တွင်ပျံကာ ရှေ့သို့ သွားနေကြသည်။ သူတို့သည် နေရာအသီသီးတွင် ရပ်လိုက်ကြပြီး သူတို့တစ်ဦးချင်းစီသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့နောက်တွင် ကြီးမားသောစစ်တပ်ကြီးတစ်ခု ချီတက်လာသည်။ သူတို့အကြားတွင် လောကအသီးသီးရှိ ထိပ်တန်းအင်အားစုများမှ ကျင့်ကြံသူများ ပါဝင်ပေသည်။ ဦးဆောင်သူများရှိနေပြီဖြစ်၍ သူတို့သည် နောက်မှလိုက်ကာ အားပေးအားမြှောက်ပြုရန် ဝန်မလေးပေ။ ယခုတွင် ထိုကဲ့သို့သော စွမ်းအားကြီးကျင့်ကြံသူများနှင့်ဆိုလျှင် ရီဖူရှင်းကို ရှင်းပစ်ရန် လုံလောက်သင့်သည် မဟုတ်လော။

ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်မုန်တိုင်းကြီးများ စုဝေးလာသည်။ ဒီမွန်းတိမ်တိုက်တစ်ခုသည် လည်ပတ် မြည်ဟည်းလာသည်။ ၎င်းသည် ဧရာမမျက်နှာကြီးနအဖြစ် ပြောင်းလဲသွား၏။ ထိုမျက်နှာသည် မဟော်ရာဂီ၏ မျက်နှာပင်။ သို့သော် ယခင်ကနှင့်မတူသည်မှာ ထိုမုန်တိုင်းသည် ကျင့်ကြံသူများကို စုပ်ယူမနေခြင်းပင်။ ၎င်းသည် မည်သို့မှ မလုပ်ဘဲ ကျင့်ကြံသူများကို တောင်တန်းအတွင်းသို့ ဆက်ဝင်လာစေနေသည်။

အလုံးအရင်း ဝင်ရောက်လာသည့် ကျင့်ကြံသူများသည် မမြန်ပေ။ သူတို့သည် ဤတစ်ကြိမ်တွင် သူတို့အနိုင်ရလိမ့်မည်ဟု ယုံကြည်မှုရှိသော်လည်း အစွမ်းကုန် အားစိုက်ထုတ်မနေကြချေ။ သူတို့သည် မဆင်မခြင် မပြုမူဝံ့ကြသဖြင့် အချိန်တိုင်း သတိကြီးကြီးထားနေရလေသည်။

ထိုစဉ်တွင် တောင်ကုန်းများမှနေ၍ စွမ်းအားကြီး ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ကောင်းကင်အထက်ရှိ မုန်တိုင်းများနှင့် ပေါင်းစည်းနေသည်ဟု ထင်ရပေသည်။ တစ်ချိန်တည်းမှာပင် ဒီမွန်းစပါးအုံ အမြောက်အမြား ထွက်ပေါ်လာ၏။ ၎င်းတို့သည် နေရာအသီးသီးမှနေ၍ အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်လာသော ကျင့်ကြံသူများထံ သွားလိုက်ကြသည်။ ထိုဒီမွန်းစပါးအုံးများသည် အသိစိတ်ရှိပုံမပေါ်ဘဲ ကောင်းကင်ထက်ရှိ ဝိညာဉ်စွမ်းအား၏ ဆင့်ခေါ်မှုကိုသာ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ထင်ရသည်။

၎င်းတို့သည် ပို၍ များပြားလာသည်။ တောင်တန်းတစ်ခွင်လုံးရှိ ဒီမွန်းစပါးအုံးများသည် ဤနေရာတွင် ထွက်ပေါ်လာသည်ဟုပင် ထင်ရ၏။

ရုတ်ခြည်းအတွင်း ကြောက်မက်ဖွယ် ဒီမွန်းချီဓာတ်သည် ထိုလောကကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှနေ၍ ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားတစ်ခု ဆင်းသက်လာ၏။ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်း ထိုနေရာသည် ဝိညာဉ်စွမ်းအား၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ အမွေအနှစ်နယ်မြေတစ်ခွင်လုံးသည် စက်ကွင်းတစ်ခု ဖြစ်လာသည်။ ဝိညာဉ်စွမ်းအားသည် ထိုနယ်မြေကို ချိပ်ပိတ်လိုနေသည့်ပုံပင်။

“ဟင်း...”

ရှန်းယန်ဗုဒ္ဓအရှင်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏နတ်မျက်လုံးများသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် အာကာပြင်ကို ဖောက်ထွင်းသွားကာ မုန်တိုင်းအနောက်ရှိ ပုံရိပ်ကို မြင်လိုက်သည်။ သူသည် မဟော်ရာဂီရှိနေသာနေရာကို တွေ့လိုက်ပြီဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ထက်ရှသည့်ဗုဒ္ဓဓားတစ်ချောင်း သူ့မျက်လုံးများအတွင်းမှ ထွက်ပေါ်လာပြီး တောက်ပသော ဗုဒ္ဓအလင်းနှင့်အတူ ကောင်းကင်ကို ထွင်းဖောက်သွားသည်။

ထိုမတိုင်ခင်က ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ခုခံရန် ဗုဒ္ဓစွမ်းအားကို အသုံးပြုခဲ့သည်။ ယခုတွင် ဗုဒ္ဓအရှင်တစ်ပါးသည် ရီဖူရှင်းနှင့် ရင်ဆိုင်ရသောအခါ တူညီသောစွမ်းအားကို သုံးနေလေသည်။

ရွှီ...

ကျယ်လောင်သော တွန်သံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်ထက်တွင် ဧရာမစပါးအုံးနတ်ဘုရား၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ၎င်း၏သွေးစွန်းနေသော ပါးစပ်ကိုဟကာ ချက်ချင်းပင် နတ်ဓားအလင်းကို စုပ်ယူဝါးမျိုလိုက်သည်။ ၎င်းသည် လူအုပ်အထက်တွင် လှည့်ပတ်ပျံသန်းနေသည်။ ထိုစဉ်၌ လူအားလုံးသည် သူတို့လက်ကို မြှောက်လိုက်ရုံဖြင့်ပင် ထိုကြောက်မက်ဖွယ်စပါးအုံးနတ်ဘုရားကြီးကို ထိနိုင်လိမ့်မည်ဟု ခံစားနေကြရသည်။

ရုတ်ခြည်းအတွင်းမှာပင် အဖျက်မုန်တိုင်းသည် စက်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ရင်တုန်သွားသည်။ သူတို့အများစုသည် ထိုမတိုင်ခင်က မဟော်ရာဂီ၏ ကြောက်မက်ဖွယ်ကောင်းမှုကို မကြုံခဲ့ဖူးကြပေ။ သူတို့သည် ဤနေရာတွင် နိုးထလာသော မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားရှိပြီး မည်သူမှ အထဲသို့ မဝင်ဝံ့ကြဟူသော ကောလာဟလများကိုသာ ကြားခဲ့ရခြင်းဖြစ်သည်။ သို့သော် သူတို့သည် ဤနယ်မြေကို ထိန်းချုပ်ထားသူမှာ ရီဖူရှင်းဖြစ်သည်ဟူသော သတင်းကို ကြားလိုက်ရသောအခါ ဤနေရာသို့ ရောက်လာခဲ့ကြခြင်းပင်။ သို့ပေသည့် သူတို့သည် ထိုကြောက်မက်ဖွယ်စွမ်းအားကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရသောအခါ အလွန်အမင်း ရင်တုန်နေကြလေသည်။

ထိုစွမ်းအားသည် သူတို့တွေးထားခဲ့သည်ထက်ပင် ပို၍စွမ်းအားကြီးသည့်ပုံပင်။

ထုံချန်းဗုဒ္ဓအရှင်သည် လက်အုပ်ချီလိုက်၏။ ချက်ချင်းပင် ဗုဒ္ဓအလင်းသည် တောက်ပစွာ လင်းလက်လာသည်။ သူ့ကိုယ်ပေါ်မှနေ၍ ကြောက်မက်ဖွယ် ဗုဒ္ဓအလင်း ဖြာထွက်နေ၏။ သူက လက်မြှောက်လိုက်ပြီး စပါးအုံးနတ်ဘုရား ပုံရိပ်ကြီးထံ လက်ဝါးရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။ သူ၏လက်ဝါးရိုက်ချက်တွင် ဒီမွန်းစွမ်းအား အားလုံးကို သန့်စင်ပစ်နိုင်သော ဗုဒ္ဓနတ်မီးတောက် ပါဝင်ပေသည်။

စပါးအုံးနတ်ဘုရားကြီးသည် အောက်သို့ ပျံဆင်းလာသည်။ သို့သော် လက်ဝါးရိုက်ချက်သည် ပို၍ ပို၍ ကြီးမားလာပြီး ကောင်းကင်ထဲတွင် လှည့်ပတ်နေသည်။ ၎င်းသည် ဧရာမ ဝမ်စာလုံးသင်္ကေတကြီးကဲ့သို့ ထိုနေရာရှိ ကောင်းကင်ကို လျင်မြန်စွာ လွှမ်းခြုံသွားသည်။ ၎င်းသည် စပါးအုံးနတ်ဘုရားကြီးနှင့် ထိခတ်သွား၏။ ၎င်းတို့ ထိခတ်သွားချင်းချင်းမှာပင် ထိုလက်ဝါးချက်ပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော အလင်းကွင်းများ ထွက်ပေါ်လာ၏။ ၎င်းတို့သည် ဒီမွန်းသုတ်သင်ကွင်းမှ အလင်းကွင်းများ ဖြစ်သည်။

“မဟာအင်ပါယာအဆင့်လက်နက်...”

တစ်စုံတစ်ယောက်က ပြောလိုက်၏။ သူတို့သည် ထိုစွမ်းအားကို ခံစားလိုက်ရသောအခါ ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။

ထုံချန်းဗုဒ္ဓအရှင်သည် ရှေးဟောင်းရွှေဗုဒ္ဓတစ်ပါး ဖြစ်လာသကဲ့သို့ပင်။ သူ့ကို ရွှေရောင်ဗုဒ္ဓအလင်းက လှည့်ပတ်နေပြီး သူသည် ဗုဒ္ဓမှော်တိုက်ပွဲပုံစံအဖြစ် ပြောင်းလဲသွားသည်။ ထိုတိုက်ပွဲဝင်ပုံစံသည် မှော်ဗုဒ္ဓအရှင် အကျွမ်းကျင်ဆုံး စွမ်းရည်ဖြစ်သည်။ ဗုဒ္ဓဓမ္မများသည် အပြန်အလှန်ဆက်နွယ်နေသည်။ ထုံချန်ဗုဒ္ဓအရှင်၏ ဗုဒ္ဓဓမ္မအပေါ် သိမြင်နားလည်မှုသည် လွန်စွာနက်ရှိုင်း၏။ သူ့လက်အတွင်းရှိ ဝိညာဉ်လက်နက်သည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သော ဒီမွန်းသုတ်သင်မှော်ကွင်းဖြစ်သည်။ သူသည် ၎င်းကို ဤအမွေအနှစ်ကုန်းမြေပေါ်တွင် ရရှိခဲ့ခြင်းပင်။

ဒီမွန်းသုတ်သင်မှော်ကွင်းသည် မရေမတွက်နိုင်အောင်များပြောသော အလင်းကွင်းများ ဖြစ်လာပြီး ဧရာမစပါးအုံနတ်ဘုရားကို ချုပ်နှောင်လိုက်၏။ ၎င်းတို့သည် စပါးအုံးနတ်ဘုရား၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး ၎င်းကို ချုပ်တီးရန် ကြိုးစားနေသည်။

“တိုက်ကြ...”

ထိပ်သီးကျင့်ကြံသူများသည် ကြွေးကြော်၍ တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် အတုမဲ့စွမ်းအားများဖြင့် ကောင်းကင်ထက်ရှိ မဟော်ရာဂီပုံရိပ်ထံသို့ ပျံတက်သွားကြသည်။ တဒင်္ဂအတွင်းမှာပင် အကြွင်းမဲ့အဖျက်စွမ်းအားသည် ကောင်းကင်ကို အက်ကွဲသွားစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။ ထိုအဖြစ်အပျက်သည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် မဟော်ရာဂီကို သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူတို့၏တိုက်ခိုက်မှုများ ဆင်းသက်သွားသောအခါ မဟော်ရာဂီပုံရိပ်သည် ဝေဝါးလာကြောင်း သူတို့သတိပြုမိသည်။ မဟော်ရာဂီသည် အစစ်အမှန်ဟုပင် မထင်ရပေ။ သူသည် ဝိညာဉ်စွမ်းအားမှ ဖြစ်‌ပေါ်လာသည့် ပုံရိပ်ဖြစ်သဖြင့် ခန္ဓာကိုယ်အစစ်အမှန် မရှိချေ။

ကျင့်ကြံသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့နောက်တွင် ဝါးမျိုခြင်းမုန်တိုင်းတစ်ခုသည် သူတို့အ‌အောက်ရှိ ကျင့်ကြံသူများထံ ဝင်ရောက်လာသည်။ လူအချို့သည် အော်ဟစ်လိုက်ကြသည်။ ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ထိုမုန်တိုင်းဒဏ်ကို မခံနိုင်ကြပေ။ ထိုနေရာသည် လွန်စွာ ပရမ်းပတာဖြစ်လာလေသည်။

တစ်ချိန်တည်းမှာပင် ထိုပရမ်းပတာမုန်တိုင်းကြီးကြား၌ ပုံရိပ်များ ထွက်ပေါ်လာ၏။ ထိုထွက်ပေါ်လာ‌သော ကျင့်ကြံသူများသည်လည်း အံ့အားသင့်ဖွယ်အရှိန်အဝါများ ရှိပေသည်။ သူတို့ထဲမှ တော်တော်များများသည် နတ်လက်နက်များကို ကိုင်ဆောင်ထားကြလေသည်။

***

All Chapters