← Chapters

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၈)

Vol. 146 Ch. 2011

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၈)

Vol. 146 Ch. 2011

ရိုးရှင်းသော တာအိုဝတ်ရုံဖြင့် မဟာအင်ပါယာတောက်ရီသည် ပြုံး၍ လှမ်းထွက်လာသည်။ သူက ဆယ့်နှစ်ခုမြောက်နန်းတော်အပြင်ဘက်ရှိ ဝမ်လင်းကို လှမ်းကြည့်သည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်သာ။ သူကလည်း မဟာအင်ပါယာတောက်ရီကို ပြန်ကြည့်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် လက်နှစ်ဖက်ဆုပ်ကာ ဆိုသည်။

“ကျုပ်မှတ်မိပါတယ်။ ကျုပ်သာ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်တာနဲ့ မဟာအင်ပါယာတောက်ရီက ကျုပ်ကို စည်းရုံးဖို့ ထပ်လာမယ်လို့ ပြောထားခဲ့ပါတယ်…”

“ဒီကိစ္စက အလျင်လိုစရာ မလိုပါဘူး။ မိတ်ဆွေလေးဝမ်လင်းအနေနဲ့ အရင်ဆုံး ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်…”

မဟာအင်ပါယာတောက်ရီက ပြုံး၍ ဆို၏။ သူက မနီးအဝေးတွင် ရှိနေသော မဟာအင်ပါယာဝူဖန်ထံ လှမ်းကြည့်၏။

သူတို့က အကြည့်ချင်း ဆုံသွားကြသည်။

ထိုမြင်ကွင်းကို သည်နေရာရှိ ကျင့်ကြံသူအားလုံးက တွေ့မြင်ကြပေသည်။ အင်ပါယာအတုများ၏ မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်များ ဖြစ်ကုန်၏။ ဩဇာအင်ပါယာမန်တောက်ကအပြင် မဟာအင်ပါယာများ တစုံတစ်ယောက်ကို စည်းရုံးနိုင်ဖို့ ယှဉ်ပြိုင်ကြတာက ဤသည်မှာ ဒုတိယအကြိမ်ပင်။

မဟာအင်ပါယဝူဖန်က အေးစက်စက်အကြည့်ကို လှစ်ဟဖော်ကာ ဖြည်းဖြည်းချင်း ဆိုလာ၏။ “တောက်ရီ…ဒီကောင်လေးကို ငါ သဘောကျတယ်။ ငါနဲ့ လာလုဖို့ မတိုက်ခိုက်နဲ့…”

မဟာအင်ပါယာတောက်ရီက ပြုံး၍ နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်၏။ “ဝူဖန်…ငါတို့ဟာ ဩဇာအင်ပါယာတေကို အတင်းအကြပ် ဖိအားမပေးနိုင်ဘူး။ ဒါတွေအားလုံးက သူ့ကိုယ်ပိုင်ရွေးချယ်မှုပေါ်ပဲ မူတည်တယ်။ မင်း သူ့ကို သဘောကျတာက သူ မင်းနောက်ကို လိုက်လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး…”

“ဒါ့အပြင် သူက ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းတော့မှာ။ သူကသာ အဲ့နန်းတော်ကို ဖြတ်သန်းနိုင်လိုက်တာနဲ့ သူဟာ ဩဇာအင်ပါယာမန်တောက်နဲ့ ယှဉ်နိုင်သွားပြီး။ အဲ့အခါကျရင် မင်းနဲ့ငါ မဆိုနဲ့ ဟိုလူအိုကြီးကျိုးသဲပါ လှုပ်ရှားဖို့ ရောက်လာနိုင်တယ်…”

“ပြီးတော့ ကောင်းကင်ဘုံအင်ပါယာလည်း ရှိသေးတယ်။ ဩဇာအင်ပါယာမန်တောက်တုန်းက စည်းရုံးဖို့အတွက် သူ မန်တောက်ကို ဘယ်လိုမျိုး ကတိပေးခဲ့လဲ ငါလည်း မသိခဲ့ဘူး…”

သူတို့နှစ်ယောက်က ကောင်းကင်ထက်တွင် နတ်ဘုရားအာရုံဖြင့် စကားပြောဆိုနေကြစဉ် ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ ဆယ့်နှစ်ခုမြောက်နန်းတော်ထံ ခြေလှမ်းလိုက်လေပြီ။

သူ နန်းတော်ထဲ ဝင်ရောက်သည့်အခိုက်တွင် တောက်ရီနှင့်ဝူဖန်တို့က စကားပြောဆိုခြင်းကို ရပ်ကာ လှမ်းမော့ကြည့်၏။ သည်နေရာရှိ ကျင့်ကြံသူအားလုံးမှာလည်း မော့ကြည့်လာကြသည်။

အင်ပါယာစမ်းသပ်ကွင်းကို အပြင်ဘက်မှ ကြည့်နေသော လူအနည်းငယ်တွင်လည်း မတူညီသောအတွေးများ ရှိနေပေ၏။ ခရမ်းရောင်ယင်ကလန်မှ သက်လတ်ပိုင်းလူကလည်း ကြေးမုံကို ခါးသီးစွာ ကြည့်ကာ သက်ပြင်းလေးလေးပင်ပင် ချမိသွား၏။

“အား…သူ့အနေဲ့ ဆယ့်တစ်ခုမြောက်နန်းတော်ကို ဘယ်လို ဖြတ်သန်းနိုင်ခဲ့တာလဲ။ ဆယ့်တစ်ခုမြောက်နန်းတော်ဆို အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူဟာ ဆယ့်နှစ်ခုမြောက်နန်းတော်ကိုတော့ မဖြတ်သန်းနိုင်လောက်ဘူး။ သူသာ ဖြတ်သန်းနိုင်လိုက်တာနဲ့ ငါ သူ့ကို စည်းရုံးနိုင်ဖို့ ဘယ်လိုလုပ်ရပါ့မလဲ…”

“အဲ့အခါကျရင် သူဟာ ကောင်းကင်ဘုံအင်ပါယာနဲ့ မဟာအင်ပါယာကျိုးသဲတို့ရဲ့ စည်းရုံးမှုကိုပါ ခံရလိမ့်မယ်။ မဟာအင်ပါယာတောက်ရီနဲ့ ဝူဖန်တို့တောင် အဲ့နှစ်ယောက်ကို ယှဉ်ဖို့ခက်လိမ့်မယ်…”

“ကံမကောင်းခဲ့ဘူး။ ငါတို့ ခရမ်းရောင်ယင်ကလန်ရဲ့ မဟာအင်ပါယာကန်းနီက နောက်ဆုံးပြန်လည်မွေးဖွားစဉ်မှာ မတော်တဆမှုတစ်ခုသာ မကြုံခဲ့ရရင် ငါတို့ဟာ ကောင်းကင်ဘုံအင်ပါယာနဲ့ကျိုးသဲတို့ကို ယှဉ်နိုင်မှာပဲ…”

ထိုသက်လတ်ပိုင်းလူက ခါးသီးစွာ သက်ပြင်းချမိ၏။ သူက ဝမ်လင်းကို စည်းရုံးမည့် စိတ်ကူးကို လက်လျှော့ရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအခိုက်တွင် တံခါးသည် ကန်ဖွင့်ခံရကာ အနီရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်က အပြေးအလွှား ဝင်လာ၏။

“ကောင်လေးကူးရဲ့…နင် ဒီကြေးမုံအစုတ်ကို ကြည့်နေတုန်းလား။ ထွက်လာပြီး ငါနဲ့ဟန်ဟန်ကို ကူညီပြီး ဟိုမြွေးခွေးပေါက်ကို သင်ခန်းစာပေးဖို့ ကူညီပေးအုံး။ ဒီနေ့…အဲ့ဝံပုလွေပေါက်က  တော့်တော့်ကို ဆိုးနေတာ။ ငါ ဒီနေ့ သူ့ကို သင်ခန်းစာကောင်းကောင်း ပေးမှ ဖြစ်တော့မယ်…”

“ဘိုးဘေးလေး…”  ထိုသက်လတ်ပိုင်းလူက ငိုချင်သလိုပင် ဖြစ်လာမိ၏။

“အယ်…ဒီကြေးမုံအစုတ်ထဲက သူကို သိသလိုပဲ…” အနီရောင်ဝတ်ရုံဖြင့် မိန်းကလေးငယ်က ကြေးမုံကို ကြည့်ကာ မျက်မှောင်ကြုတ်ကာ စဉ်းစားဟန် ပြု၏။

“အယ်…ဘိုးဘေးလေး။ နင် သူတို့နဲ့ သိတာပေါ့။ သူတို့က မဟာအင်ပါယာဝူဖန်နဲ့တောက်ရီတို့ပဲလေ…”

သက်လတ်ပိုင်းလူက သက်ပြင်းချကာ ဆို၏။

“ကဲ သွားကြစို့။ ဘိုးဘေးလေး…ငါ နင့်ကို ဟိုမြေခွေးပေါက်နဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ ကူညီပေးမယ်…”

သက်လတ်ပိုင်းလူက သက်ပြင်းချကာ လောဘကြီးဟူသော သနားစရာကောင်းသည့် ကျင့်ကြံသူလေးကို သနားမိလေတော့၏။

“အဲ့ခေါင်းတုံးပြောင်နဲ့ကောင်ရယ်၊ ဟန်ဆောင်မျက်နှာဖုံးနဲ့ကောင်ရယ်ကို ပြောတာ မဟုတ်ဘူးဟ…” ထိုမိန်းကလေးငယ်က သူမ၏ လက်ကို ပင့်မြှောက်ကာ ဆယ့်နှစ်ခုမြောက်နန်းတော်ထံ ခြေလှမ်းဝင်သွားသော ဝမ်လင်းထံ လက်ညှိုးထိုးပြ၏။

“နေစမ်းပါအုံး။ ငါ သူ့ကို သိနေပါတယ်…။ ငါ စဉ်းစားကြည့်အုံးမယ်…” ထိုမိန်းကလေးငယ်က ခဏတဖြုတ် စဉ်းစားလိုက်၏။ ထို့နောက် သူမ၏မျက်လုံးက ရုတ်တရက် လက်ခနဲ တောက်ပသွားသည်။

“သူ့နာမည်က ဝမ်လင်းပဲ။ ငါ ဝံပုလွေပေါက်ကို ရှာတွေ့ခဲ့တဲ့အချိန်တုန်းက သူ့ကိုလည်း တွေ့မြင်ခဲ့ဖူးတာ မှတ်မိပြီ။ ဟန်ဟန်နဲ့ငါတောင် သူ့ကို တခါ ကူညီပေးခဲ့သေးတယ်…”

“အဲ့လူက နင် ပြောနေတဲ့ နင် စည်းရုံးချင်တဲ့သူလား။ ကောင်းတယ်။ ကောင်းတယ်…ငါနဲ့ဟန်ဟန်ပါ နင်နဲ့အတူ လိုက်ခဲ့မယ်…” ထိုမိန်းကလေးငယ်က လက်ခုပ်လက်ဝါးတီးကာ ရယ်မောကာ ပြောလိုက်လေ၏။

သက်လတ်ပိုင်းလူက သတွေးမြိုချကာ ထိုမိန်းကလေးငယ်ကို မင်သက်ကြောင်ရီစွာ ကြည့်နေမိ၏။ အချိန်အတန်ကြာပြီးနောက် သူ့အမူအရာက စိတ်လှုပ်ရှားဟန် ပေါက်လာသည်။

“ဘိုးဘေး…ဘိုးဘေးလေး…နင်တို့ အဲ့လူကို အရင်တုန်း ကယ်တင်ပေးခဲ့ဖူးတာ သေချာလား…”

ထိုမိန်းကလေးငယ်က မျက်မှောင်ကြုတ်သွားကာ စိတ်လှုပ်တရှားဖြစ်နေသော သက်လတ်ပိုင်းလူကို ကြည့်ကာ အသက်ကြီးရင့်ဟန်ပေါက်သော လေသံဖြင့် ပြောလိုက်၏။ “ကောင်လေးကူးရဲ့…နင်က အမိန့်မနာခံတော့ပြန်ဘူးလား…”

“မဟာအင်ပါယာကန်းနီးက သူ့ကို အရင်တုန်းက ကယ်တင်ပေးခဲ့ဖူးတယ်ဆိုမှတော့ ကျုပ်တို့ သူ့ကို အမှန်တကယ် စည်းရုံးနိုင်လောက်တယ်…”

သက်လတ်ပိုင်းလူက စိတ်လှုပ်တရှားဖြင့် ရယ်မောကာ ဆို၏။

ထိုမိန်းကလေးငယ်က ဤသည်ကို ကြားသည့်အခါ သူမက ချက်ခြင်း ပြုံး၍ အလွန်ဂုဏ်ယူဟန်အမူအရာ ဖြစ်ပေါ်သည်။

“ဟက်…ငါနဲ့ ဟန်ဟန်က ခု ဘယ်လောက်အစွမ်းထက်လဲ နင် သိပါတယ်။ ငါ နင့်ကို ထွက်သွားတဲ့သူတွေအကြောင်း မေ့ပစ်ဖို့ ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ နင် နားမထောင်ခဲ့ဘူး…”

“ငါ၊ မဟာအင်ပါယာကန်းနီက ဘယ်သူ့ကိုမျှ အတင်းအကြပ် မပြောဘူး။ သူတို့ ထွက်သွားချင်ရင် ထွက်သွားနိုင်တယ်။ ကံကြမ္မာစီးဆင်းမှုကို ဘယ်သူက ထိန်းချုပ်နိုင်မလဲ။ နင် လုပ်နိုင်လား။ ဒါမှမဟုတ် သူတို့လုပ်နိုင်လား။ နင် ကံကြမ္မာရေစက်ကို နားလည်ရဲ့လား…”

ထိုမိန်းကလေးငယ်က စကားဆက်ဆိုနေရင်း သူမသည် ပို၍ ဂုဏ်ဝင့်သလို ခံစားမိနေလေပင်။

“ဟုတ်ပါတယ်…ဟုတ်ပါတယ်…ဟုတ်ပါတယ်…။ မဟာအင်ပါယာကန်းနီက ကံကြမ္မာစီးဆင်းမှုကို ထိန်းချုပ်နိုင်ပါတယ်။ ကူးရဲ့ လေးစားပါတယ်။ လေးစားပါတယ်…”

ထိုသက်လတ်ပိုင်းလူက ခပ်မြန်မြန် ပြုံးကာ သူ့ရှေ့ရှိ မိန်းကလေးငယ်ထံ နှစ်လိုဖွယ်ကြည့်၏။

သူ၏ကျင့်ကြံမှုအဆင့်က ကင်းမဲ့သော်လည်း မဟာအင်ပါယာကန်းနီက သူမ၏ပြန်လည်မွေးဖွားစဉ်အတွင်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့ချိန်၌ သူသည် လူတိုင်း ထွက်သွားချိန်၌ မဟာအင်ပါယာကန်းနီ(ဝါ) ထိုမိန်းကလေးငယ်နှစ်ယောက်ကို ဂရုစိုက်ဖို့ရာအတွက် နေကျန်ခဲ့ပေသည်။  သူ သူမအတွက် ယခုအချိန်ထိ လုပ်ဆောင်ပေးခဲ့သမျှသည် သူမ၏အထွတ်အထိတ်အချိန်တုန်းက သူမ သူ့အပေါ် မျက်နှာသာပေးခဲ့မှုကြောင့်ပင် ဖြစ်၏။

အတိတ်တုန်းက သူက မဟာအင်ပါယာကန်းနီလက်အောက်မှ မထင်မရှားအင်ပါယာအတုတစ်ယောက်သာ ဖြစ်ခဲ့ပေ၏။ သို့သော် ခုခါတွင်မူ သူ တစ်ယောက်သာ မဟာအင်ပါယာကန်းနီလက်အောက်တွင် ကျန်ရှိပေတော့သည်။

ခရမ်းရောင်ယင်ကလန်အတွင်း၌ ရယ်မောနေကြစဉ် ဗဟိုကုန်းမြေရှိ အင်ပါယာတောင်ပေါ်၌ မူလတုန်းက ပျင်းရိပျင်းတွဲဟန်ဖြင့် ရှိနေသော မဟာအင်ပါယာကျိုးသဲသည် ခုခါ၌ သူ့ရှေ့ရှိ နွေဦးသစ်ရွက်ကို စိတ်ပါလက်ပါ စိုက်ကြည့်နေလေပြီ။

“ဆယ့်တစ်ခုမြောက်နန်းတော်ပြီးတဲ့နောက် ဆယ့်နှစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ ကြိုးစားတာ။ အဲ့တစ်ယောက်ကို ပုရွတ်ဆိတ်မဟုတ်ဘဲ လူတစ်ယောက်အဖြစ် သတ်မှတ်လို့ရပြီ။ ငါ သူ့ကို ကမ်းလှမ်းမှုတစ်ခုတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ ဟိုင်းဇီက အဲ့မှာ ရှိနေတော့ ငါ သာ သွားခဲ့ရင် ငါ အရင်က ပြောထားတာနဲ့ မလျော်ညီသလို ဖြစ်လိမ့်မယ်…”

ထိုအဘိုးအိုက ဤသို့ ခပ်တိုးတိုး ရေရွတ်လိုက်သော်လည်း သူက မျက်တောင်ပင်မခတ်ဘဲ နွေဦးသစ်ရွက်ကို စိုက်ကြည့်နေ၏။

“ထားလိုက်ပါတော့လေ။ ဒါက ဆယ့်တစ်ခုမြောက်နန်းတော်ပဲ ရှိသေးတယ်။ ဒီကောင်လေးဟာ ဩဇာအင်ပါယာမန်တောက်ကို မှီဖို့တော့ လိုသေးတယ်…”

ထိုအဘိုးအိုက မျက်လုံးပြန်မှိတ်လိုက်၏။ သို့သော် တအောင့်အကြာတွင် သူသည် ထပ်မံ၍ မျက်လုံးဖွင့်ကာ နွေဦးသစ်ရွက်ထံ လှမ်းကြည့်လိုက်ပြန်သည်။

“သူ ဖြတ်သန်းနိုင်မှာလား၊ မဖြတ်သန်းနိုင်ဘူးလား…”

ဗဟိုကုန်းမြေ၌ပင် အင်ပါယာမြို့အတွင်း၌ ခမ်းနားထည်ဝါသော နန်းတော်ထဲတွင် ဝတ်ရုံနက်ဖြင့် ဩဇာအင်ပါယာမန်တောက်က ပုံရိပ်ယောင်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။

“မင်း သူ့ကို အသက်တရှိုက်စာအချိန်အတွင်း သတ်နိုင်သေးလား…”  တည်ငြိမ်သောအသံတစ်သံ နန်းတော်အတွင်း၌ ထွက်ပေါ်လာ၏။

ဩဇာအင်ပါယာမန်တောက်က ငြိမ်သက်စွာ စဉ်းစားပြီး ခဏအကြာတွင် ပြောလာ၏။ “အသက်တရှိုက်စာက လုံလောက်ပါတယ်…”

ရယ်သံနှင့်အတူ ထိုအသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

“သူ ဆယ့်နှစ်ခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ပါဘူး။ သူ့ကောင်းကင်ဘုံနွားထီး စိတ်ဝိညာဉ်ဟာ ဆယ့်နှစ်ခုမြောက်နန်းတော်မှာတင် စွမ်းအားကုန်သွားလိမ့်မယ်။ တခြားသူတွေ သူ့အတွက် တိုက်ခိုက်ကြပါစေ။ ဒီအင်ပါယာကတော့ စိတ်မဝင်စားဘူး…”

သူ ထိုသို့ ဆိုပြီးပြောပြီးရုံရှိသေး နန်းတော်အတွင်းရှိ နဂါးပလ္လင်ထံမှ လှိုင်းဂယက်များထလာကာ ကောင်းကင်ဘုံဘိုးဘေးနှင့် ရုပ်ချင်းဆင်သည့် သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာလေသည်။

သူ၏မျက်လုံးထဲ၌ တုန်လှုပ်ဟန် အရိပ်အမြွက်တို့ ရှိနေလျက် သူက နန်းတော်တွင်းရှိ ပုံရိပ်ယောင်ကို ကြည့်နေသည်။ ပုံရိပ်ယောင်အတွင်းရှိ ဆယ့်နှစ်ခုမြောက်နန်းတော်သည် ရုတ်တရက် မျက်စိစူးလောက်သော ရွှေရောင်အလင်း ပေါက်ကွဲထွက်လာခဲ့ချေ၏။

ထိုရွှေရောင်အလင်းက အင်ပါယာစမ်းသပ်ကွင်းမှ ထွက်ပေါ်နေတာ ရှင်းလင်းပေ၏။ သို့သော် ၎င်းက လေဟာနယ်ကတဆင့် ဒီပုံရိပ်ယောင်ကိုပါ ဖြတ်ကာ နန်းတော်ကိုပင် လင်းထင်းသွားစေသလား မှတ်ရသည်။

“သူ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီ…” ရွှေရောင်ဝတ်ရုံဖြင့် သက်လတ်ပိုင်းလူက အတော်လေး အံ့အားတသင့် ဖြစ်နေမိပေသည်။

သူ့ဘေးရှိ ဝတ်ရုံနက်နှင့်လူငယ်က ရုတ်တရက် တုန်လှုပ်ဖွယ်သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လာသည်။ သူက ထိုပုံရိပ်ယောင်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်အေးစက်မှု လှစ်ဟပေါ်နေသည်။

မန်တောက်သည် ဝမ်လင်းက အတိတ်တုန်းက သူ့လိုပင် ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ပြီကို နားလည်၏။ ဝမ်လင်းက လူတိုင်း၏ အာရုံကို စွဲဆောင်ကာ မဟာအင်ပါယာများအားလုံးက သူ့ကို အသည်းအသန် လာရောက်စည်းရုံးကြပေတော့မည်။

ဝမ်လင်းသည် ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းက လူတိုင်း သူ့အကြောင်းကို ပြောသည့်အခါ ဝမ်လင်းအမည်ပါ တွဲဖက်ပါလာပေတော့မည် ဟူ၏။ ဤသည်က နံပါတ်တစ်ဩဇာအင်ပါယာဖြစ်သူ သူ့ကို အတော်လေး မပျော်မရွှင် ဖြစ်စေ၏။

ဩဇာအင်ပါယာမန်တောက်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ဆယ့်နှစ်ခုမြောက်နန်းတော်လေးပါပဲ။ ဒါကို ကျော်ဖြတ်နိုင်ခဲ့တဲ့သူ ကောင်းကင်ဘုံကလန်မှာ အနည်းငယ် ရှိပါသေးတယ်။ သူ့ကို သတ်ဖို့ဟာ  အသက်တရှိုက်စာဆို လုံလောက်နေတုန်းပဲ…”

သို့သော် ရွှေရောင်ဝတ်ရုံဖြင့်သက်လတ်ပိုင်းလူကမူ ပုံရိပ်ယောင်ကိုသာ စိုက်ကြည့်နေ၏။ သူ မည်သည်ကို တွေးနေသည်အား မသိရနိုင်ပါ။

တချိန်တည်းမှာ အင်ပါယာတောင်ပေါ်၌ အဘိုးအိုကျိုးသဲက ထရပ်လာပြီး သူ၏မျက်လုံးထံမှ ထူးခြားသောအလင်းဖြင့် တောက်ပလာ၏။ သို့သော် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူက ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်သည်။

“ငါ သူ့ကို အရင်က တခါ မြင်ခဲ့ဖူးတယ်။ ဒီကောင်းလေးမှာ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားတယ်။ ဒီချပ်ဝတ်စွမ်းအားနဲ့ သူ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာဟာဩဇာအင်ပါယာမန်တောက်ကို မယှဉ်နိုင်သေးဘူးလို့ ဆိုလိုတယ်…။ သူာ စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ ဆယ့်သုံးခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ခဲ့ရင် သူဟာ သာမန်ဩဇာအင်ပါယာတစ်ယောက်ပဲ…”  ထိုအဘိုးအိုကျိုးသဲက ထိုင်ချကာ မျက်လုံးမှိတ်၍ စဉ်းစား၏။

“ဟူး…ပင်ပန်းတယ်…။ ငါ သူ့ကို စည်းရုံးသင့်လား၊ မသင့်ဘူးလား…။ သူက ဆယ့်သုံးခုမြောက်နန်းတော်ကိုတော့ မချိုးဖျက်နိုင်လောက်ဘူး။ လက်လျှော့နိုင်လောက်တယ်…”  ထိုအဘိုးအိုက မျက်လုံးဖွင့်လာ၏။ သူက ဆယ့်နှစ်ခုမြောက်နန်းတော်အပြင်ဘက်ရှိ ဝမ်လင်းကို တွေ့မြင်သည်။ မမြင်ရသောရေခိုးရေငွေ့များက ထိုဝန်းကျင်ကို အလွှာလိုက် ဝန်းရံထားသည်။ လှိုင်းဂယက်များထံမှ ဖန်တီးသောဖိအားကို နွေဦးသစ်ရွက်ကို ဖြတ်၍ပင် ခံစားမိနိုင်သည်။

“အဆုံးစွန်ရေတာအို…”

ထိုအဘိုးအိုက နွေဦးသစ်ရွက်အတွင်း၌ ဝမ်လင်းပတ်လည်ရှိ မမြင်ရသော ရေခိုးရေငွေ့တို့ကို စောင့်ကြည့်နေရုံ ရှိသေး သူက ဝမ်လင်း လှုပ်ရှားသွားသည်ကို မြင်၏။ ဝမ်လင်းသည် လက်လျှော့ခြင်း မရှိဘဲ ဆယ့်သုံးခုမြောက်နန်းတော်ထံ တရကြမ်း ဦးတည်လေသည်။

ဖြတ်ခနဲအတွင်း ဝမ်လင်း၏ပုံရိပ်သည် တိမ်စိုင်များကြား ပျောက်ကွယ်သွားကာ သူသည် ဆယ့်သုံးခုမြောက်နန်းတော်ထံ အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။

ထိုမြင်ကွင်းက ဝတ်ရုံနက်ဖြင့် ဩဇာအင်ပါယာမန်တော်ကကို အေးတိအေးစက် နှာခေါင်းရှုံ့မိစေသည်။ သူ့မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ် လှစ်ခနဲ ပေါ်သည်။

“ကောင်းကင်ဘုံအင်ပါယာ…ကျုပ် ဆယ့်ခြောက်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ အင်ပါယာစမ်းသပ်ကွင်းကို သွားလိုက်အုံးမယ်…”

All Chapters