← Chapters

ရုတ်တရက်ဆန်သော အလှည့်အပြောင်း

Vol. 146 Ch. 2014

ရုတ်တရက်ဆန်သော အလှည့်အပြောင်း

Vol. 146 Ch. 2014

“ကောင်းကင်ဘုံဘိုးဘေး…ဒါက ဘာအဓိပ္ပာယ်လဲ…”  မဟာအင်ပါယာဝူဖန်က အင်ပါယာအတုတစ်ယောက်၏ ဘေးပတ်လည်ရှိ ကောင်းကင်ဘုံဘိုးဘေး၏ အရိပ်ကို ကြည့်၏။

“ဝူဖန်…ဒေါသ ထွက်ဖို့ မလိုပါဘူး။ မန်တောက်ဟာ ဒီမှာရှိတဲ့ ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့သလို ဘာစည်းမျဉ်းကိုမှလည်း မချိုးဖျက်ခဲ့ဘူး…”  ကောင်းကင်ဘုံအင်ပါယာ၏အရိပ်က ပြုံး၍ ဆို၏။ သို့သော် သူ၏အမူအရာကို မေးခွန်းပြန်မထုတ်နိုင်သည့်အလား။ သူက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အပြင်ဘက်ရှိ ဝမ်လင်းကို ကြည့်ပင် မကြည့်ပေ။

“ပြောနေဖို့ မလိုပါဘူး။ ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ မထွက်လာဘဲ ဒီလက်ချောင်းကသာ ကျရောက်သွားခဲ့ရင် သူ့နတ်ဘုရားအာရုံဟာ တည်နေရာရွှေ့ပြောင်းနေစဉ်အတွင်းမှာ ထိခိုက်သွားနိုင်တယ်။ စည်းမျဉ်းကို ထားလိုက်အုံး။ ဒီအပြုအမူနဲ့တင် အတော့်ကို အရှက်မဲ့နေပြီ…”

မဟာအင်ပါယာဝူဖန်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ နောက်ဆုတ်ပေးမည့် အရိပ်အယောင် မရှိနေပေ။

ကောင်းကင်ဘုံအင်ပါယာဝူဖန်က ပြုံး၍ ပြောလာ၏။ “ဝူဖန်…မင်းရဲ့ စကားတွေက နည်းနည်းတော့ များပြီ။ အခု ဒီကောင်လေး ဒဏ်ရာရသွားလို့လား…”

ဝူဖန်က ကောင်းကင်ဘုံအင်ပါယာကို အေးစက်စက်ကြည့်၏။ သို့သော် သူက  စကားမဆိုတော့ပေ။

“အခု ဘာထိခိုက်မှုမှလဲ မရှိတော့ ခုလိုမျိုး ပြုမူနေဖို့ လိုသေးလို့လား။ ဝူဖန်…မင်း ဒီကောင်လေးကို စည်းရုံးချင်တာ ငါ သိတယ်။ ငါ မင်းနဲ့ တိုက်ခိုက်လိမ့်မှာ မဟုတ်ဘူး။ ဒီလိုကျင့်ကြံသူတစ်ယောက်အတွက်ပေါ့…”  ကောင်းကင်ဘုံအင်ပါယာက ထိုသို့ ပြောပြီး ဝမ်လင်းကို လှမ်းကြည့်သည်။

“သူ့လို ကျင့်ကြံသူက ငါ စည်းရုံးဖို့ မထိုက်တန်ဘူး။ သူ့မှာ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားတယ်။ ဒါ့ကြောင့်သာ သူက ဆယ့်သုံးထပ်မြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာ။ ဒါပေမဲ့ စိတ်ဝိညာဉ်ချပ်ဝတ် မရှိရင် သူဟာ ဩဇာအင်ပါယာတစ်ယောက် ဖြစ်လာဖို့တောင် ခက်လိမ့်မယ်…”

ကောင်းကင်ဘုံအင်ပါယာက အေးအေးသက်သာဟန်ဖြင့် ပြောလာ၏။

သူသည် ကောင်းကင်ဘုံအင်ပါယာဖြစ်၏။ မဟာအင်ပါယာအဆုံးစွန် ရှစ်ပါးလည်း ဟုတ်သည်။ သူ၏စကားတို့က မည်သည့်ဩဇာအင်ပါယာမထက်ဆို သာလွန်ပြီး အဓိပ္ပာယ် ရှိ၏။ သူ၏စကားတို့က ဒီအင်ပါယာစမ်းသပ်ကွင်းတွင် မုန်တိုင်းထန်သွားစေတော့သည်။

မဟာအင်ပါယာအတုများနှင့် ဩဇာအင်ပါယာအားလုံးနီးပါးသည် ဝမ်လင်းထံ၌ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်သည်ကို မသိထားကြပေ။ သူတို့က ဝမ်လင်းသည် ဆယ့်သုံးခုမြောက်နန်းတော်ထံ ဝမ်လင်း၏ကိုယ်ပိုင်ခွန်အားဖြင့်သာ ကျော်ဖြတ်ခဲ့တာဟု ထင်ထားကြ၏။ သို့သော် ခု ကောင်းကင်ဘုံအင်ပါယာ၏ စကားကို ကြားရသည့်နောက် ဆွေးနွေးဆူညံသံများ ပေါက်ကွဲထွက်ကုန်တော့သည်။

“သူ့မှာ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားတာလား။ ဒါက အတော့်ကို အရှက်မဲ့တာပဲ…”

“သူက ငါးခုမြောက်နန်းတော်ကနေ ဆယ့်သုံးခုမြောက်နန်းတော်ထိ ဘယ်လိုမျိုး တက်ရောက်ခဲ့တာလည်း ငါ သိချင်နေမိခဲ့တာ။ အခု သူက စိတ်ဝိညာဉ်ချပ်ဝတ်ရဲ့ စွမ်းအားအပေါ် မှီခိုခဲ့တာပဲ။ ဒါဆိုရင်တောင် ဒီလိုမျိုး ငါတောင် လုပ်နိုင်တယ်…”

“သူ နန်းတော်တွေကို ဒီလောက်မြန်မြန် ဖြတ်သန်းနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူ့အစစ်အမှန်စွမ်းအားဟာ ငါးခုမြောက်နန်းတော်ထိပဲ။ ဒါပေမဲ့ ချပ်ဝတ်ကြောင့် သူဟာ ဒီလောက်ထိ ရောက်လာနိုင်ခဲ့တာ။ သူ ငါတို့ကို လှည့်စားခဲ့တာပဲ။ ဒါပေမဲ့ သူ မဟာအင်ပါယာတွေကိုတော့ မလှည့်စားနိုင်ပါဘူး…”

“ငါတို့အားလုံးနီးပါး သူ လှည့်စားတာ ခံလိုက်ရတယ်။ ဒီဝမ်လင်းက အရှက်မဲ့လှချည်လား။ ဘာဩဇာအင်ပါယာလဲ။ သူက အင်ပါယာအတုတစ်ယောက်သာသာပဲ။ စိတ်ဝိညာဉ်ချပ်ဝတ်သာ မရှိရင် ငါ သူ့ကို အသက်တရှိုက်အတွင်း သတ်ပစ်နိုင်တယ်…”

“ဟက်…သူ့မှာ အင်ပါယာအတုအဆင့် ကျင့်ကြံမှုတောင် မရှိလို့ ငါ သံသယဝင်နေတာ။ သူ့ကျင့်ကြံမှုအဆင့်က လေဟာနယ်အတိဒုက္ခအလယ်အဆင့်ပဲ ရှိသေးတာ။ ရွှေအဆင့်တောင် မရောက်သေးဘူး။ သူက ခုလိုမျိုး လုပ်နိုင်တာ စိတ်ဝိညာဉ်ချပ်ဝတ်ကြောင့်ကိုး။ အစကတော့ ငါက သူ ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ထားတာလို့ ထင်ခဲ့သေးတယ်။ ဘယ်ဟုတ်မလဲ။ အခုတော့ သူက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူသာသာပဲ…”

“အခု မဟာအင်ပါယာတောက်ရီနဲ့ ဝူဖန်တို့က သူ ဆယ့်သုံးခုမြောက်နန်းတော်ကို ချိုးဖျက်ပြီးမှ ရောက်လာကြတာ အံ့အားသင့်စရာ မရှိတော့ဘူး။ မဟာအင်ပါယာကျိုးသဲဆို လုံးဝ မပေါ်လာခဲ့ဘူး။ ရှင်းနေတာပဲ။ မဟာအင်ပါယာကျိုးသဲက ဒီလူရဲ့ အရှက်မဲ့မှုကို ဖြတ်မြင်တော့ သူ့ကို အထင်သေးလို့ လာပြီးတော့ မစည်းရုံးတာ သိသာတယ်…”

“ဒီလူ့မှာ ဘယ်လိုအရည်အချင်းမျိုး ရှိနေတာလဲ။ သူက လူလိမ်တစ်ယောက်ဆိုတာ သိသာတယ်။ သူက ငါတို့အားလုံးကို လှည့်စားခဲ့တာပဲ။ ငါသာ ဒါကို ကြိုသိခဲ့ရင် လာကြည့်မိမှာတောင် မဟုတ်ဘူး…”

ယခုအခါ အင်ပါယာအတုကျင့်ကြံသူများသည် ဒေါသထွက်နေခြင်းမှာ မနာလိုမှုကြောင့်သာ ဖြစ်၏။ အစောပိုင်းတုန်းက ဝမ်လင်းနှင့် သူတို့ကြား ကွာခြားမှု ကြီးမားလွန်းခဲ့ပုံ ပေါ်၏။ သို့သော် အခု သူတို့က ဝမ်လင်း၏ လုပ်ဆောင်မှုသည် အတုအယောင်ကဲ့သို့ သိလာခဲ့သည့်အခါ သူတို့၏မနာလိုမှုက ပေါက်ကွဲထွက်လာခဲ့ကြခြင်းပင်။

ဩဇာအင်ပါယာအားလုံးသည် ထူးခြားသောအမူအရာများ ဖြစ်ကုန်၏။ သူတို့ကလည်း ဝမ်လင်းကို လှမ်းကြည့်နေသည်။

“သူ့မှာ စိတ်ဝိညာဉ်ချပ်ဝတ်တစ်ခု တကယ် ရှိနေတာပဲ။ ဒါပေမဲ့ စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ဆိုရင်တောင် ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ဟာ သူ့မှာ အရည်အချင်းအချို့ ရှိတယ်လို့ ဆိုလိုနေတယ်…”

“ဟူး..ငါတော့ ခုလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”

“ဒီလူရဲ့ ဂုဏ်သတင်းဟာ တတိယမြောက်အသန်မာဆုံး ဩဇာအင်ပါယာဆိုတဲ့ အဆင့်ကို ရောက်လာပြီးတဲ့နောက် ကောင်းကင်ဘုံအင်ပါယာက သူ့မှာ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်တယ်လို့ ထောက်ပြလာခဲ့တယ်။ ကောင်းကင်ဘုံအင်ပါယာနဲ့ သူ့ကြားမှာ ရန်ငြှိုးတစ်ခုခု ရှိနေလို့များလား…”

“ဒီကိစ္စနဲ့ ပတ်သတ်လို့ တခုခုမှားနေပြီ။ ဒါသာ ရိုးရှင်းတယ်ဆိုရင် မဟာအင်ပါယာတောက်ရီနဲ့ ဝူဖန်တို့က ကြည့်ရှုဖို့ ရောက်လာမှာ မဟုတ်ဘူး…”ပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုသံများက ဝမ်လင်း၏နားအတွင်း လှိုက်တက်လာ၏။ သူက နေရာတွင် ငြိမ်သက်စွာ ရပ်နေ၏။ စဉ်းစားနေလျက် သူ၏မျက်နှာက အနည်းငယ် ဖြူရောနေသည်။ သူက လူတိုင်း၏အာရုံစိုက်မှုကို ရနေတုန်းပင်။ သို့သော် အစောပိုင်းကနှင့် မတူသည်က အခုအာရုံစိုက်ခံရမှုသည် နေနှင့်ညကဲ့သို့ပင်။

ဤသည်မှာ ကောင်းကင်ဘုံအင်ပါယာ၏ ရည်ရွယ်ချက်ပင်။ သူက ဝမ်လင်းကို လွယ်လွယ်ကျော်ကြားခွင့် ရစေမည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူက ယခုကဲ့သို့ ထောက်ပြလာခြင်းပင်။ အခု သူက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စကားသံများကို နားထောင်ကာ ပြုံးနေ၏။

“ဒီတော့ မင်းက ဆယ့်သုံးခုမြောက်နန်းတော်ထိ ဖြတ်သန်းနိုင်ဖို့ စိတ်ဝိညာဉ်ချပ်ဝတ်ကို အားကိုးခဲ့တာပေါ့။ မင်း ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်သန်းပြီး ဘာကြောင့် အလျင်စလို ထွက်သွားချင်နေတာလဲ ငါ သိချင်နေခဲ့တာ။ ကြည့်ရတာ မင်းရဲ့ စိတ်ဝိညာဉ်ချပ်ဝတ်က အချိန်ပြည့်တော့မယ့် ပုံပဲ။ ဒါ့ကြောင့် မင်းအနေနဲ့ ဒီမှာ ရှိတဲ့ သူတွေကို အရူးထပ်လုပ်လို့ မရတော့တဲ့အတွက် ချက်ခြင်း ထွက်သွားချင်နေခဲ့တာ မလား…”

“ထားလိုက်ပါတော့လေ…မင်းလို ကျင့်ကြံသူက ငါ့အနေနဲ့ နောက်ထပ် ထပ်ကြည့်ရှုဖို့ မထိုက်တန်ပါဘူး…” ဩဇာအင်ပါယာမန်တောက်က ဝမ်လင်းကို ကြည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ထိုသို့ ပြောဆိုသည်။

“စိတ်ပျက်စရာပဲ…”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အထင်အမြင်သေးစွာ ပြောဆိုခံရမှုကို ရင်ဆိုင်ရသည့်အခါ မဟာအင်ပါယာတောက်ရီက တစ်ခုခု ဝင်ပြောရန် ဟန်ပြင်လိုက်သေး၏။ သို့သော် သူက စိတ်ထဲကနေသာ သက်ပြင်းချလိုက်တော့၏။ သူသည် ဝမ်လင်းဟူသော အမည်က ကောင်းကင်ဘုံကလန်၌ နာမည်ဆိုးဖြင့် ကျော်ကြားပြီကို သိလိုက်ပေသည်။

“ကောင်းကင်ဘုံအင်ပါယာက အခုအချိန်မှာ ဒီလိုမျိုး လာပြောနေတာဟာ သူ့အနေနဲ့ ဒီကောင်လေးနဲ့ ပတ်သတ်မှုအချို့ ရှိမယ့်ပုံပဲ။ ဒီလူ…သူက နာမည်ဆိုးနဲ့ကျော်ကြားနေပြီ။ ဒါ့ကြောင့် သူ့ကို မစည်းရုံးတာဟာ  အကောင်းဆုံးပဲ။ ဒီကောင်လေးရဲ့ နားမည်နိုင်စွမ်းဟာ တခုခုဆိုပေမယ့်လည်း အခုတော့ အားလုံးအချည်းနှီး ဖြစ်သွားပြီ…”

တောက်ရီက သက်ပြင်းချကာ စကားမဆိုတော့ပေ။ သူက ဝမ်လင်းကို စည်းရုံးဖို့ လက်လျှော့လိုက်လေပြီ။

ထိုအခိုက်၌ လူအုပ်ကြားမှ အမျိုးသမီးတစ်ယောက်၏ ဒေါသတကြီးအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ၌ သူ၏ကျင့်ကြံမှုအပြည့်အဝ ပါဝင်ကာ ဒီစမ်းသပ်ကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားစေသည်။

“သင်တို့အားလုံး…ပါးစပ်ပိတ်ထားကြ။ သင်တို့က ဘာမှလည်း မသိဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဝမ်လင်းဟာ စိတ်ဝိညာဉ်ချပ်ဝတ်မပါဘဲ ငါနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ သူက နင်တို့ ပြောသလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…”

“စိတ်ဝိညာဉ်ချပ်ဝတ် ရှိရင်ရော ဘာဖြစ်သေးသလဲ။ ဒါဟာ သူ့ကို ပြင်ပစိတ်ဝိညာဉ်က အသိအမှတ်ပြုပြီး စွမ်းအား ပေးအပ်ခဲ့တာမလား။ ဒါကလည်း သူ့ကျင့်ကြံမှုရဲ့ တစိတ်အပိုင်း ဖြစ်တယ်…”

“ဆယ့်သုံးခုမြောက်နန်းတော်။ သူ့မှာ ဆယ့်သုံးခုမြောက်နန်းတော်ကို ဖြတ်ကျော်နိုင်တဲ့ စွမ်းအား ရှိတယ်။ နင်တို့က သူ့ကို ဆန့်ကျင်ပြီး လှောင်ပြောင်ဝံ့တာလား။ နင်တို့အားလုံး မနာလိုနေတယ်ဆိုရင်လည်း နင်တို့ဘာသာ စိတ်ဝိညာဉ်ချပ်ဝတ်တွေကို ရအောင် သွားလုပ်ကြ။ ပြင်ပ စိတ်ဝိညာဉ်တွေဆီက အသိအမှတ်ပြုမှုနဲ့ အင်ပါယာစမ်းသပ်ကွင်းနဲ့ နှိုင်းယှဉ်ရင် ဘယ်အရာက ပိုခက်ခဲလဲ မြင်ရတာပေါ့…”

ထိုသို့ ဒေါသတကြီး ပြောဆိုလာသူမှာ အင်ပါယာအတုဟိုင်းဇီပင်။ သူမသည်လည်း ကောင်းကင်ဘုံကလန်၌ အတော်လေး နာမည်ကျော်ပေ၏။ ထိုသို့ နာမည်ကျော်ရသည့်အကြောင်းရင်းထဲမှတစ်ခုက သူမ၏ဆရာဖြစ်သူ မဟာအင်ပါယာကျိုးသဲကြောင့်လည်း ပါသလို သူမ၏ခွန်အားကြောင့်လည်း ဟုတ်ပေသည်။

သူမ၏စကားသံ ပဲ့တင်ထပ်လာသည့်နောက် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်သွားသည်။

ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အပြင်ဘက်တွင် ရပ်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ၏မျက်နှာမှာလည်း ဖြူရောနေပေသည်။ သံသဝင်သော အကြည့်များစွာ၏ အောက်တွင် သူက စိတ်လှုပ်တရှား၊ဒေါသထွက်နေသော အကွာအဝေးတစ်ခုရှိ ဟိုင်းဇီကို လှမ်းကြည့်လိုက်၏။

“ကောင်းကင်ဘုံအင်ပါယာက ခေါင်းခါကာ ပြောလာသည်။ “ကောင်မလေးဟိုင်းဇီ၊ နင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ နင်ဟာ အင်ပါယာအတုဖြစ်ဖြစ်၊ ဩဇာအင်ပါယာဖြစ်ဖြစ် နင့်ကျင့်ကြံမှုကိုယ်ပဲ နင် အာရုံစိုက်ထားဖို့က အရေးကြီးတယ်…”

ပြင်ပစွမ်းအားပေါ် မှီခိုတာဟာ အကန့်အသတ် ရှိတယ်။ ဒီဝမ်လင်းရဲ့ အကန့်အသတ်ဟာ ဆယ့်သုံးခုမြောက်နန်းတော်ပဲ။ သူ့အနေနဲ့ နှစ်ပေါင်းထောင်သောင်းချီကြာရင်တောင် နောက်ထပ်ရှေ့ဆက်ဖို့ ခြေတလှမ်းမလှမ်းနိုင်မှာ ငါ စိုးမိတယ်…။အခုအဆင့်က ယာယီပဲ…”

“မင်းတို့ကျင့်ကြံသူအားလုံး ဒါကို မှတ်ထားဖို့ လိုတယ်။ ပြင်ပစွမ်းအားကို မှီခိုတာဟာ မင်းတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုကို နှောင့်နှေးစေလိမ့်မယ်။ ဒီဝမ်လင်းက အားလုံးအတွက် ဥပမာပဲ…”

အချိန်အတန်ကြာ ငြိမ်သက်နေသော မဟာအင်ပါယာဝူဖန်က ရုတ်တရက် ပြောလာ၏။ “ပြင်ပအားလား…။ မဟာအင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်ကရော ပြင်ပအား မဟုတ်ဘူးလား။ ဒါက ထာဝရနတ်ဘုရားနယ်မြေကနေ အမွေလက်ခံရတားတာပဲ။ မင်း ပြောသလိုသာ အမှန်ဆိုရင် ကျုပ်တို့ထဲက ဘယ်တစ်ယောက်က ပြင်ပအားတစ်ခုခုအကူအညီမပါဘဲ မဟာအင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်ကို တကယ်ရနိုင်မလဲ…”

“မင်းဆိုတဲ့ ကောင်းကင်ဘုံအင်ပါယာ၊ မဟာအင်ပါယာအစွန်းရှစ်ပါးတောင်မှ ငါ မှတ်မိပါသေးတယ်။ မင်း အင်ပါယာအတုဖြစ်တဲ့အချိန်တုန်းက မင်းမှာသာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဒဏ္ဍာရီလာ သွေးမျိုးဆက်ကို အမွေဆက်ခံမထားရင် မင်းလည်း အဆုံးစွန်ရှစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်ကို ရနိုင်လိမ့်မယ်လို့ ထင်လား…”

“ပြင်ပအားဟာ နောက်ထပ်အားတစ်မျိုးပဲ။ ဒီစွမ်းအားနဲ့ မင်းလမ်းကြောင်းမှာ ရှိတဲ့ အရာအားလုံးကို ရိုက်ချနိုင်ရင် ဘယ်သူက မင်းကို ဘာပြောဝံ့မလဲ…”

မဟာအင်ပါယာဝူဖန်က ကောင်းကင်ဘုံအင်ပါယာကို အေးစက်စက်စိုက်ကြည့်ကာ ထပ်ပြောလာ၏။

“မင်းတို့အားလုံးက သူ့ကို မထိုက်တန်ဘူးလို့ ပြောနေကြတယ်။ ဒီတော့ ကောင်းကင်ဘုံဘိုးဘေးရဲ့  အမြင်မှတော့ မင်းလို မျိုးဆက်တစ်ယောက်ဟာလည်း မထိုက်တန်ဘူးပဲ…”

ဝူဖန်က အားနာမနေပေ။

ကောင်းကင်ဘုံအင်ပါယာက ဝူဖန်ကို စိုက်ကြည့်၏။ သူ၏အမူအရာက တဖြည်းဖြည်း အေးစက်လာသည်။

“စိတ်ဝိညာဉ်ချပ်ဝတ်နဲ့ မဟာအင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရပါ့မလဲ။ ဝူဖန်…မင်းက ဒီလိုလူကို ခုထိ တန်ဖိုးထားနေသေးတာ ငါ အံ့အားသင့်မိတယ်။ ဒီကောင်လေးဟာ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားရင်တောင် ဆယ့်သုံးခုမြောက်နန်းတော်ဟာ သူ့အကန့်အသတ်ပဲ။ ဒါပေမဲ့ မဟာအင်ပါယာရဲ့ဂုဏ်ပုဒ်ကို ရဖို့အတွက်ကတော့ သူဟာ ဆယ့်ကိုးထပ်မြောက်နန်းတော်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ရလိမ့်မယ်။ ဒီနှစ်ခုဟာ အတူတူပဲလို့ မင်း ထင်နေတာလား…”

“ဆယ့်ကိုးထပ်မြောက်မဆိုနဲ့အုံး။ သူသာ ဆယ့်ငါးထပ်မြောက်ကို ဖြတ်ကျော်နိုင်ခဲ့ရင် ဒီကနေ့ ငါ သူ့ကို ကူညီပေးလိုက်မယ်။ မဟာအင်ပါယာအောက်မှာ ရှိတဲ့ ကောင်းကင်ဘုံကလန်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို သူ့ကို ပေးအပ်တဲ့အကြောင်း တလောကလုံး သိအောင်လို့ ငါ တော်ဝန်အမိန့်ပြန်တမ်း ထုတ်ပေးလိုက်မယ်…”

“သူ လုပ်နိုင်မလား…ကြည့်ရတာပေါ့…”

ဝူဖန်က ငြိမ်သက်စွာ စဉ်းစားသွား၏။

ကောင်းကင်ဘုံအင်ပါယာသည် အနည်းငယ် ပြုံး၏။ သူသည် ဝူဖန် ပြောသည်ကို ဂရုမစိုက်သည့်အလား။ သူက တဖက်သို့ လှည့်ကာ သူ၏အရိပ်သည် ပျောက်ကွယ်တော့မည့်ဟန် ပြင်၏။

“မန်တောက်…နန်းတော်ကို ပြန်မယ်။ ဒီကိစ္စ ပြီးပြီ…”

တောက်ရီက သက်ပြင်းချမိ၏။ သူလည်း ထွက်သွားရန် ဟန်ပြင်သည်။ မဟာအင်ပါယာအတုများနှင့် ဩဇာအင်ပါယာများသည်လည်း ထွက်ခွာမည့် အတွေးနှင့် လှည့်လိုက်ကြ၏။ ဒီပြပွဲက ပြီးသွားလေပြီပင်။

မန်တောက်က ငြိမ်သက်နေသော ဝမ်လင်းကို အေးတိအေးစက် လှမ်းကြည့်သေး၏။ သူက နှာခေါင်းရှုံ့ကာ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် သက်ပြင်းချကာ ပျောက်ကွယ်တော့မည့် ကောင်းကင်ဘုံအင်ပါယာထံ လှမ်းကြည့်သည်။

“ဆယ့်ငါးထပ်မြောက်လား ကောင်းကင်ဘုံအင်ပါယာ၊ သေချာကြည့်ပါ…”  ဝမ်လင်း၏အမူအရာက တည်ငြိမ်နေပေသည်။ သို့သော် သူ၏ခန္ဓာကိုယ်တွင်း၌ အားတစ်ခု စုဝေးနေလေ၏။ သည်အခိုက်တွင် ၎င်းက ပေါက်ကွဲထွက်လာကာ သူသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။

သူ၏ ရုတ်တရက်ဆန်သော အပြုအမူက တောက်ရီကို ရပ်တန့်သွားစေသလို ကောင်းကင်ဘုံအင်ပါယာကိုလည်း မျက်မှောင်ကြုတ်သွားစေသည်။ သူ၏ လွင့်ပြယ်နေသော အရိပ်က တဖန် ပြန်သိပ်သည်းလာကာ သူက ဝမ်လင်းထံ လှမ်းကြည့်သည်။

ဝူဖန်၏မျက်လုံးက အရောင်တောက်သွား၏။ သူက နဂါးတစ်ကောင်အလား ကောင်းကင်ထက်သို့ ပျံတက်သွားသော ဝမ်လင်းကို လှမ်းကြည့်၏။

သူတို့သာမက အင်ပါယာစမ်းသပ်ကွင်းတွင်းရှိ လူတိုင်းက ခေါင်းမော့ကာ ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကြ၏။

“သူ ဘာလုပ်မလို့လဲ…”

“သူ တကယ်ပဲ ဆက်သွားမှာလား။ သူ့စိတ်ဝိညာဉ်ချပ်ဝတ်ဟာ အချိန်အကန့်အသတ် ရောက်နေပြီ။ သူ ဘယ်လိုလုပ်ဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ…”

ဩဇာအင်ပါယာမန်တောက်က ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ စိတ်နှလုံးတချက် ခုန်သွားမိ၏။ သူသည် ဆိုးဝါးသောခံစားချက်တစ်ခုကို ရလိုက်ပေ၏။

တချိန်တည်းမှာ အင်ပါယာစမ်းသပ်ကွင်းပြင်ပရှိ အင်ပါယာတောင်ပေါ်၌ မဟာအင်ပါယာကျိုးသဲက ရုတ်တရက် ထရပ်ကာ သူ့ရှေ့ရှိ နွေဦးသစ်ရွက်ကို စိုက်ကြည့်သည်။

သူသည် ကောင်းကင်ဘုံအင်ပါယာ၏ စကားများကို သဘောတူကာ ဖြစ်ပျက်သမျှကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူက ဝမ်လင်း ပျံတက်သွားသည်ကို တွေ့မြင်သည့်အခါ ဖြစ်တောင့်ဖြစ်ခဲ အံ့အားသင့်ဟန် ဖြစ်ပေါ်သည်။

“ဒီကောင်လေးမှာ ဝှက်ဖဲတချို့ ရှိနေသေးတာလား…”

ထိုအခိုက်တွင် ခရမ်းရောင်ယင်ကလန်၌ မဟာအင်ပါယာကန်းနီက ကစားနေတာကို ရပ်တန့်ပြီး သက်လတ်ပိုင်းလူ၏ ဘေးနားသို့ ရောက်နေခဲ့ပြီပင်။ သူတို့က ဝမ်လင်းကို နာမည်ဖျက်သည်ကို တွေ့မြင်သည့်အခါ ဒေါသပုန်ထကြ၏။ သူတို့က ဝမ်လင်း ကောင်းကင်ထက်သို့ ပျံတက်သွားသည်ကို တွေ့မြင်သည့်အခါ မျှော်လင့်ချက်တို့ ပြည့်လာသည်။

“ဝမ်…ဝမ်လင်း…” မဟာအင်ပါယာကန်းနီ၏ အနိုင်ကျင့်နှိပ်စက်ခံနေရသော လောဘကြီးက ကြေးမုံကို ကြည့်ကာ သူ၏စိတ်သည် ဗလာကျင်းသွားမိတော့၏။

All Chapters