← Chapters

မင်း ဒါကို မြင်ရဲ့လား

Vol. 146 Ch. 2018

မင်း ဒါကို မြင်ရဲ့လား

Vol. 146 Ch. 2018

ဝမ်လင်း ထွက်ခွာသွား၏။ သို့သော် အင်ပါယာစမ်းသပ်ကွင်းအတွင်း၌ ပို၍ပင် အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ဝမ်လင်းက စမ်းသပ်ချက်များကို ဖြတ်ကျော်ခဲ့ခြင်းသည် လူတိုင်းကို စိတ်လှုပ်ရှားစေပြီး မတူကွဲပြားစွာ ခံစားချက်များ ဖြစ်စေ၏။

သို့သော် သူတို့က ဩဇာအင်ပါယာမန်တောက်၏ နေရာတွင် အစားဝင်ယူသွားသော နံပါတ်တစ်ဩဇာအင်ပါယာကျင့်ကြံသူ ဝမ်လင်း ဟူသည့် အမည်ကိုမူ မှတ်မိနေတော့မည်ပင်။

ဆံဖြူဩဇာအင်ပါယာ။

စိတ်ဝိညာဉ်ချပ်ဝတ်နှင့် ပတ်သတ်သော ထင်မြင်ချက်အားလုံးမှာလည်း သူတို့၏ စိတ်အတွင်း၌ မြှုပ်နှံ့လိုက်ကြပေပြီ။ ၎င်းအကြောင်းကို မည်သူကမျှ ထပ်မံ ထုတ်ဖော်ပြောနေတော့မည် မဟုတ်ပါ။ သူတို့က စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်ထားလျှင်ပင် သူတို့အနေဖြင့်ဆို ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်မည် မဟုတ်တာအား နားလည်ပေ၏။

ဝမ်လင်းက စမ်းသပ်ကွင်းတွင်း၌ လူများကို လှိုင်းထန်လှုပ်စေပြီးနောက် ကျင့်ကြံသူများစွာက သည်စမ်းသပ်မှုများကို ကြိုးစားလာကြတော့၏။

မဟာအင်ပါယာတောက်ရီက ထွက်ခွာသွားသော ဝမ်လင်းကို ငြိမ်သက်စွာ ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ခနဲ လှစ်ဟပေါ်ကာ သူလည်း ထွက်သွား၏။ သူသည် ဝမ်လင်းကို ချက်ခြင်း သွားရှာလိုပေသည်။ မည်သည့်တန်ကြေး ပေးရပါစေ သူက ဝမ်လင်းကို စည်းရုံးတော့မည် ဖြစ်၏။

ဝူဖန်ကလည်း သက်ပြင်းချမိသည်။ ဝမ်လင်း ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့တာအား မျက်မြင်တွေ့ပြီးနောက် သူက ဝမ်လင်းကို စည်းရုံးဖို့သည် ဩဇာအင်ပါယာမန်တောက်ထက် ပိုခက်တော့မည်ကို သိပေသည်။

ကံကောင်းစွာနဲ့ သူနဲ့ငါ့ကြားမှာ ဆက်ဆံရေးကောင်းတစ်ခု ဖြစ်ပေါ်စေခဲ့တာပဲ။ ငါ သူ့ကို မစည်းရုံးနိုင်ခဲ့ရင်တောင် သူနဲ့ ငါ့ကြားက ဆက်ဆံရေးက တခြားအင်ပါယာတွေထက် ပိုကောင်းနေမှာ ဖြစ်တယ်…” ဝူဖန်က ထိုသို့စဉ်းစားနေ၏။ ထို့နောက် သူသည်လည်း ပျောက်ကွယ်သွားတော့သည်။

အင်ပါယာနန်းတော်ထဲ၌ ကျယ်လောင်စွာ တုန်ဟည်းသံ ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံအင်ပါယာကြောင့် နဂါးပလ္လင်သည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားရလေပြီ။

သူ၏ဘေးတွင် ဩဇာအင်ပါယာမန်တောက်က မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲ၌ တက်ကြွမှု မရှိတော့ဘဲ သူသည် ငြိမ်သက်စွာ ခေါင်းငုံ့ထားသည်။

“မန်တောက်…မင်းကို ကောင်းကင်ဘုံဘိုးဘေးရဲ့ တံခါးပိတ်ကျင့်ကြံတဲ့ ဧရိယာကို သွားပြီး ကျင့်ကြံနိုင်မယ့် အခွင့်အရေး ပေးလိုက်မယ်။ မင်း ဒီအရှက်ရမှုကို ဖယ်ရှားနိုင်၊ မနိုင်ကတော့ မင်းပေါ်ပဲ မူတည်တယ်။ ဒီဝမ်လင်းဟာ အင်ပါယာမြို့ကို ရောက်လာအုံးမှာပဲ။ မင်း သူ့ကို သတ်နိုင်ရင်တော့ မင်းဟာ ဩဇာအင်ပါယာတွေကြားမှာ နံပါတ်တစ် ဖြစ်နေအုံးမှာပဲ…”

သည်တစ်ကြိမ်၌ မန်တောက်သည် အရင်ကကဲ့သို့ ချီတုံချတုံ ဖြစ်မနေတော့ပေ။ သူက ခေါင်းညိတ်၏။

ဗဟိုကုန်းမြေရှိ အင်ပါယာတောင်ထိပ်ပေါ်တွင် မဟာအင်ပါယာကျိုးသဲက တောင်ထိပ်ပေါ်၌ ထရပ်လာ၏။ နွေဦးသစ်ရွက်ထံမှ သူ့အကြည့်ကိုလည်း ပြန်ရုတ်သိမ်းလိုက်လေသည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာသည်။ သူ၏မျက်လုံးထံမှ အလင်းတစ်ခု လှစ်ဟပေါ်သည်။

“ငါ ဩဇာအင်ပါယာမန်တောက်ကို မစည်းရုံးနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခု ဝမ်လင်းနဲ့ ကောင်းကင်ဘုံအင်ပါယာကြားမှာ ရန်ငြှိုးတစ်ခုခု ရှိတဲ့ ပုံပဲ။ ဒီတော့ ဘယ်သူက ငါနဲ့ ယှဉ်ပြီး ဝမ်လင်းကို စည်းရုံးမလဲ ကြည့်ချင်မိသေးတယ်…”

မဟာအင်ပါယာကျိုးသဲက လှည့်၍ တဖြည်းဖြည်း မျက်လုံးဖွင့်လာသော သူ၏တပည့်မဖြစ်သူ အင်ပါယာအတုဟိုင်းဇီကို လှမ်းကြည့်ကာ ရယ်မောလိုက်သည်။

“ဟိုင်းဇီ…ဆရာ့နောက် လိုက်ခဲ့။ ဆရာက ဝမ်လင်းကို တပည့်အဖြစ် လက်ခံပြီး မင်းရဲ့ စီနီယာအစ်ကို ဖြစ်စေမယ်။ ဘယ်လိုလဲ…”

ဟိုင်းဇီသည် အံ့အားသင့်သွားသလို ပျော်လည်းပျော်သွား၏။

အရှေ့ပိုင်းကုန်းမြေ၊ ခရမ်းရောင်ယင်ကလန်၌ သက်လတ်ပိုင်းလူ၏ မျက်လုံးသည် အရောင်တောက်နေလျက် သူသည် အဆက်မပြတ် တတွတ်တွတ် ရွတ်နေသည်။

“ဆယ့်ခုနစ်ခုမြောက်နန်းတော်၊ ဒီလူဟာ တကယ်ပဲ ဖြတ်သန်းနိုင်ခဲ့တာပဲ။ သူ့ကို တခြားမဟာအင်ပါယာတွေက အပြိုင်အဆိုင် စည်းရုံးကြမှာပဲ။ ဘိုးဘေးလေး…နင် သူ့ရဲ့ တည်နေရာကို မြန်မြန် ရှေ့ဖြစ်ကြည့်တော့။ ကျုပ်တို့ သူ့ကို မြန်မြန် သွားရှာရမယ်…”

သူ့ဘေးရှိ မိန်းကလေးငယ်နှစ်ယောက်က မျက်လုံးပေကလပ်ပေကလပ် လုပ်ကာ ချက်ခြင်း ထရပ်၏။ သူတို့သုံးယေက်သည် လေပွေအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွား၏။ သို့သော် သူတို့ ပျောက်ကွယ်သွားရုံ ရှိသေး လက်လေးတစ်ဖက်က ပျော်မြူးနေသော လောဘကြီးဘေးတွင် ပေါ်လာ၏။

“အို…ဒီဝံပုလွေပေါက်ကို ခေါ်သွားဖို့ ငါ မေ့တော့မလို့။ စိတ်မပူပါနဲ့ ငါတို့ နင့်ကို မမေ့ပါဘူး။ အစောတုန်းက နင့်ရဲ့ စွမ်းဆောင်မှုက ကောင်းခဲ့တယ်။ ဒီတော့ ငါတို့နဲ့ အတူလိုက်ခဲ့ချေ…”

လောဘကြီးသည် ထိုလက်လေးက သူ၏လည်တိုင်ကို ဆွဲခေါ်တာ ခံလိုက်ရစဉ် မျက်ရည်များပင် ကျမိလေ၏။ ထို့နောက် သူလည်း ဒီကျောက်သားအခန်းထဲကနေ ပျောက်ကွယ်သွားတော့သည်။

မဟာပဏ္ဍိတကုန်းမြေ၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် သူ အင်ပါယာစမ်းသပ်ကွင်း၌ ရှိနေစဉ် ထိုင်နေလျက် ရှိ၏။ ၎င်း၏ခန္ဓာကိုယ်ကို အတော်လေး ကြုံ့ထားသော ပင်လယ်နဂါးက သည်နေရာတွင် ပျင်းရိပျင်းတွဲ လှဲလျောင်းနေသည်။ လျှိုကျင်းပြောင်က ထိုနဂါး၏ ခန္ဓာကိုယ်ပေါ်သို့ တက်ခုန်နေ၏။ တခါတရံ သူက နဂါးကြေးခွံများကိုပါ လက်ဖြင့် ညင်ညင်သာသာ လျှောက်ထိနေသေးသည်။

ပင်လယ်နဂါးက အလွန်သက်တောင့်သက်သာ ဖြစ်ဟန်ဖြင့် မျက်လုံးလှန်ကြည့်နေ၏။

“ဟားဟား…ဘယ်လိုလဲ၊ သက်တောင့်သက်သာ ဖြစ်တယ်မလား။ မင်း မင်းသားစုရဲ့ ဘိုးဘိုး ကျင်းက အတိတ်တုန်းက လှိုဏ်ဂူလောကမှာတုန်းက ကြမ်းကြုတ်တဲ့သားရဲတွေကို ကျေနပ်အောင် လုပ်ပေးတဲ့ အထူးနည်းလမ်းတစ်ခုကို သင်ယူထားခဲ့တယ်။ ဒါက အနှိပ်ပညာတစ်ခုပဲ။ ဒါကိုသာ နေ့တိုင်းအသုံးပြုရင် မင်းရဲ့ သွေးလေစီးဆင်းမှု အားကောင်းပြီး တိမ်တွေပေါ်မှာ လွင့်နေသလိုမျိုး ခံစားရစေလိမ့်မယ်။ တောင့်ခံထား၊ တောင့်ခံထား။ မလှုပ်နဲ့။ ဒါက မပြီးသေးဘူး…”

“မင်း တောင့်မခံထားနိုင်ရင် ငါ ဒီလိုမျိုး မင်းကို ထပ်လုပ်ပေးမှာ မဟုတ်တော့ဘူး…”

လျှိုကျင်းပြောင်သည် ချွေးများဖြင့် ရွှဲနစ်နေ၏။ သို့သော် သူက ပင်ပန်းသည်ဟု မခံစားရပေ။ သူက အချိန်အတန်ကြာ ထိုသို့ ခုန်ပေါက်နေပြီးနောက် လှဲချကာ လေကို ရှိုက်သွင်းလိုက်သည်။

“သေစမ်း…ငါ ပင်ပန်းလို့ သေတော့မယ်။ ငါတို့နှစ်ယောက်လုံးဟာ ပင်လယ်နဂါးတွေပဲ။ ငါ မင်းအတွက် လုပ်ပေးခဲ့ပြီးပြီ။ အခုတော့ မင်း အလှည့်ပဲ…”

လျှိုကျင်းပြောင်က ပင်လယ်နဂါးကို ကြည့်လိုက်၏။

“ငါဟာ အစစ်အမှန်ပင်လယ်နဂါးတစ်ကောင်ပဲ။ ငါ အရင်တည်းက မင်းကို မပြောခဲ့ဘူးလား။ ငါ့မှာ ရှေးဟောင်းနေရာတစ်ခု ရှိပြီး အဲ့ကမန္တာန်နဲ့ လူသားအသွင် ပြောင်းထားခဲ့တာ…”

ပင်လယ်နဂါးသည် လျှိုကျင်းပြောင်ကို ကြည့်ကာ သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်၏။ ၎င်းက အင်တင်တင် ဖြစ်သည့်အလား။ ပင်လယ်နဂါးက ထိုသို့ ပြုမူသည်ကို တွေ့သည့်အခါ လျှိုကျင်းပြောင်၏ မျက်လုံးသည် ပြူးကျယ်သွားကာ ဒေါသနှင့် ပြည့်သွား၏။

“ဟေး….မင်း အကြောင်းပြချက်ကို ပြောမလား၊ မပြောဘူးလား။ ငါ မင်းကို ခုပြောလိုက်မယ်။ မင်းသာ အဲ့လိုမလုပ်ရင် ငါ မင်းကို နောက်ထပ် နှိပ်ပေးတော့မှာ မဟုတ်ဘူး။ ဒါဟာ အပြန်အလှန် လဲလှယ်မှုပဲ။ မင်း သိပါတယ်။ ငါ မင်းကို ပြောပြမယ်။ သခင့်နောက်ကို လိုက်တဲ့ နောက်ထပ် ရှုလီကောဆိုတဲ့တစ်ယောက် ရှိသေးတယ်။ သူက အတော့်ကို ရက်စက်တာ။ မင်းသာ ငါနဲ့ မပူးပေါင်းရင်  သူ ရောက်လာတာနဲ့ မင်း ဂရုတစိုက်နေနေရတော့မယ်…”

လျှိုကျင်းပြောင်က ပင်လယ်နဂါးကို ထိုသို့ ပြောနေရင်း သူ့မျက်လုံးထဲတွင် ထိတ်လန့်မှု ရှိနေသည်။

ပင်လယ်နဂါးသည် ခဏတာ ချီတုံချတုံ ဖြစ်ပြီးနောက် ဒေါသနှင့် ပြည့်လာသည်။ သည်တစ်ကြိမ်၌ လျှိုကျင်းပြောင်က ရှုလီကောသည် ပင်လယ်နဂါးများကို နှိပ်စက်ရတာအား သဘောကျသည့်သူ ဖြစ်သည်ဟု သိမ်းသွင်းခဲ့ပေ၏။ ပင်လယ်နဂါးအနေဖြင့် ရှုလီကောင်ကို လုံးဝ မတွေ့မြင်ဖူးသော်လည်း လျှိုကျင်းပြောင်၏ စကားတို့က သူ့ကို မပျော်မရွှင် ဖြစ်စေသည်။

အချိန်အတန်ကြာပြီးနောက် ၎င်းက ပါးစပ်ဟကာ မူလအနှစ်သာရကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။ လျှိုကျင်းပြောင်က ၎င်းကို ချက်ခြင်း စုပ်ယူသည်။ ထို့နောက် သူက စတင်ကျင့်ကြံတော့သည်။

“ဟားဟား…ငါ လျှိုကျင်းပြောင်ဟာ ပိုသန်မာတဲ့သူပဲ။ ဒီပင်လယ်နဂါးကတော့ ငတုံးပဲ။ လွယ်လွယ်လေး လှည့်စားလို့ရတယ်။ ၎င်းရဲ့ အကူအညီနဲ့ဆို ငါ့ကျင့်ကြံမှုအဆင့်ဟာ လွယ်လွယ်လေး တိုးတက်လာနိုင်တယ်။ ပြီးတော့ ကောင်လေးရှုကို မုန်းတီးဖို့ ဒီနဂါးကို ငါ ဖြည်းဖြည်းချင်း လေ့ကျင့်ပေးရမယ်။ အဲ့တာဆို သိပ်မကြာခင် ငါ မပါရင်တောင် ဒီနဂါးက သူ့ကို ဖိနှိပ်လိမ့်မယ်။ ဟားဟား…စောင့်နေလိုက်အုံးပေါ့…ကောင်လေးရှုရေ…”

လျှိုကျင်းပြောင်က ဂုဏ်ဝင့်စွာ ခံစားနေစဉ် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက လျှိုကျင်းပြောင်နှင့် ပင်လယ်နဂါးကို တွေ့မြင်သည့်အခါ ခဏတာ မင်သက်သွား၏။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက ပင်လယ်နဂါးက ၎င်း၏မူလအနှစ်သာရကို လိုလိုချင်ချင် ပေးနေတာကို မြင်၍ သူ့အနေဖြင့် လစ်လျူရှုထားလိုက်တော့သည်။

အချိန်အတန်ကြာပြီးနောက် ပင်လယ်နဂါးသည် အသက်ရှုထုတ်လိုက်ပြီး ပျင်းရိပျင်းတွဲဟန်ဖြင့် နေရာတွင် လှဲလျောင်းနေတော့သည်။

လျှိုကျင်းပြောင်က ကျင့်ကြံပြီး ပင်လယ်နဂါးထံမှ မူလအနှစ်သာရကို စုပ်ယူပြီးနောက် ဝမ်လင်းက ထရပ်ကာ သူ့ကို လှမ်းကြည့်၏။

“ရေးကြီးခွင်ကျယ် လုပ်မနေနဲ့။ထွက်သွားရမယ့် အချိန်ကျပြီ…”

ဝမ်လင်းက သူ့ကို လှမ်းကြည့်သည့်အခါ လျှိုကျင်းပြောင်က သူ၏အတွေးအားလုံး ဖော်ထုတ်ခံရသလို ခံစားမိရ၏။ သူက မျက်လုံး ပေကလပ်ပေကလပ် လုပ်ကာ အရှက်ရဟန် အမူအရာကို ထုတ်ဖော်ကာ ခပ်သွက်သွက် ထရပ်သည်။

“သခင်ရဲ့ ကိစ္စပြီးသွားပြီလား။ ကောင်းပါပြိီ၊ ကောင်းပါပြီ။ အကျွန်တို့က သခင် ပြောတဲ့ ဘယ်နေရာကို မဆို သွားပါ့မယ်။ အကျွန်တို့ ရှုလီကောကိုရော ဘယ်အချိန်သွားရှာကြမလဲ…”

ပင်လယ်နဂါးက ထရပ်လာ၏။ သို့သော် ၎င်းက ရှုလီကော ဟူသောအမည်ကို ကြားသည့်အခါ ၎င်း၏မျက်လုံးထဲတွင် ဒေါသ ပေါ်လာသည်။ ၎င်းက ရှုလီကော ဟူသောအမည်ဖြင့်လူက ပင်လယ်နဂါးများကို အထူးအနိုင်ကျင့်ကြံသူအဖြစ် မှတ်သိထားကာ ထိုအမည်ဖြင့်လူကို မုန်းတီးနေပေသည်။

“ဧည့်သည်တွေ လာနေကြပြီ။ ငါတို့လည်း သိပ်မကြာခင် ဗဟိုကုန်းမြေရှိ သွားရတော့မှာ။ ရှုလီကောကို ရှာတွေ့ဖို့ကတော့ ကံကြမ္မာပေါ်ပဲ မူတည်တယ်…”  ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ကာ လျှိုကျင်းပြောင်နှင့် ပင်လယ်နဂါးတို့ကို သိမ်းဆည်းလိုက်သည်။ သူက လှိုဏ်ဂူထဲမှ လှမ်းထွက်ကာ တောင်ထိပ်ပေါ်တွင် ပေါ်လာသည်။ သူက နေရာတွင် ရပ်ကာ တောင်ပေါ်ရှိ လေများကို မျက်နှာချင်းဆိုင်လျက် သူ၏ဝတ်ရုံဖြူက တဖျတ်ဖျတ်လွင့်နေပေသည်။

“ဘယ်သူ အရင်ဆုံး ရောက်လာမလဲ…”   ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။

လျှိုကျင်းပြောင်သည် ပင်လယ်နဂါးကို ရှုလီကောအား စိတ်ဆိုးဒေါသထွက်စေရန် သင်ပေးနေစဉ် ဗဟိုကုန်းမြေရှိ အင်ပါယာမြို့အတွင်း၌ အပြာရောင်ဝတ်ရုံဖြင့် လူတစ်ယောက် ရှိနေသည်။ သူ့မျက်နှာသွင်ပြင်မှာ စိတ်ဓာတ်မကောင်းဟန် ပုံပေါ်နေ၏။ ရုတ်တရက် သူက နှာချေလိုက်မိသည်။

အင်ပါယာမြို့သည် ကောင်းကင်ဘုံကလန်၏ ဗဟိုချက်ဖြစ်၏။ ၎င်းက ဧရိယာများစွာကို ဖုံးလွှမ်းထားသည်။ ၎င်းမြို့သည် ကုန်းမြေတစ်ခုလုံးစာ အရွယ်အစားလောက်ကို ရှိ၏။

ထိုမြို့က ကြီးမားလွန်းလှချေ၏။

ထိုမြို့၏ အရှေ့ဘက်ပိုင်းတွင် လမ်းသားလမ်းလွှာများဖြင့် ရှုပ်ယှက်ခတ်နေသော လမ်းပေါ်တွင် ပန်းပွင့်အင်္ကျီဖြင့် လူငယ်တစ်ယောက် ရှိနေသည်။ ထိုလူငယ်က ကိုးယို့ကားယားဟန်ဖြင့် လျှောက်လာသည်။ သူ့နောက်တွင် အစောင့်အကြပ်ဒါဇင်ချီက လိုက်ပါလာသည်။ ထိုအစောင့်တစ်ဦးစီက တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ကြကာ ခရမ်းရောင်ဝတ်ရုံဖြင့်အစောင့်ဆို ရွှေအဆင့်ထိပ်သီးတစ်ယောက်ပင်။

ထိုအစောင့်များအားလုံးက အမျိုးသားများ ဖြစ်ကာ သူတို့က လူငယ့်နောက်မှ တိတ်တဆိတ် လိုက်ပါလာသည်။

လူငယ်၏ဘေးတွင် တခြားနှစ်ယောက်လည်း ရှိနေ၏။ သူတို့ထဲမှ တစ်ယောက်က ဆယ်ကျော်သက်အရွယ်ရှိကာ မောက်မာသည့်ပုံ ပေါ်ပြီး သူလည်း အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက တခြားသူများနှင့် မတူကွဲပြားစွာ လျှောက်လှမ်းလာသည်။

တခြားတစ်ယောက်ကတော့ အနီရောင်ဝတ်ရုံဖြင့် ရည်မှန်းချက် ရှိမည့်ပုံ ရသော လူငယ်တစ်ယောက်ပင်။ သည်အခိုက်၌ သူက ခုနစ်ကြိမ်၊ရှစ်ကြိမ်လောက် တဆက်တည်း နှာချေမိ၏။

“အို…အရှင်ရှု…သင် မနေ့ကတည်း လေအေးပတ်လို့ နေမကောင်းဖြစ်ပြီး နှာချေနေတာလို့ ကျုပ်တို့ ကြားခဲ့ရတယ်…” ဆယ်ကျော်သက်လူငယ်က ထိုသို့ ပြောလာ၏။ သူ၏အသံက စူးရှနေသည်။

“မင်း… မိန်းမမဟုတ်၊ယောက်ျားမဟုတ်တဲ့သူ…။ မင်းရဲ့ ဘိုးဘိုးရှုက မနေ့ညကတုန်းက ပျော်ပါးဖို့ သွားခဲ့တာ။ ဘာလဲ မင်း ငါနဲ့ လိုက်ချင်လို့လား။ ကောင်းပြီလေ…ငါတို့ ဒီနေ့ည သွားကြတာပေါ့…”

“ဟက်…မင်းက အရှက်မဲ့တဲ့ သူခိုးပဲ…” ထိုဆယ်ကျော်သက်က မျက်လုံး ကစားလိုက်၏။

“ငါက အရှက်မဲ့တာလား။ မင်းရဲ့ ဘိုးဘိုးရှုက အရှက်မဲ့တာလား။ မင်း ဒီနေ့ည ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ ငါ မင်းရဲ့ အခန်းထဲ ဒီညလာခဲ့မယ်။ ပြီးတော့ ငါက အရှက်မဲ့မယ်။ ဟီးဟီး…မင်း ဂရုစိုက်တာ ပိုကောင်းမယ်…”  လူငယ်ရှုက စိတ်ယုတ်ဖြင့် ပြုံးကာ ဆယ်ကျော်သက်ကို လှမ်းကြည့်သည်။

“ရန်စောင်ပြီး ပေါက်ပေါက်ဖောက် မနေကြနဲ့။ မင်းတို့နှစ်ယောက်လုံး ဆူတယ်။ စကားများနေတာ ပြီးမပြီးနိုင်တော့ဘူး။ အနီရောင်လေး…မင်း…တံခါးကို စောင့်ကန်လိုက်ပါ။ အိုမင်းနေတဲ့ လီမိသားစုကို ဒီဘုရင် ဘယ်လောက်အစွမ်းထက်လဲဆိုတာ ပြပေးမယ်။ သေစမ်း…သူ ငါ့ကို အနိုင်ကျင့်ဝံ့လား…”

“ပြီးတော့ ကောင်လေးချင်း…မှတ်ထားပါ။ တစ်ခုခုဆိုးရွားတာ ဖြစ်လာရင် ငါ့အစ်ကိုကြီးက သူတို့ကို သင်ခန်းစာပေးဖို့ ကျောက်စိမ်းပြားကို ခွဲလိုက်ဖို့ မမေ့ပါနဲ့…”

ရှေ့ဆုံးမှ ပန်းရောင်အင်္ကျီဖြင့် လူငယ်က နှာခေါင်းရှုံ့ကာ ရှေ့ရှိ ကြီးမားသောအိမ်တော်ထံ လက်ညှိုးထိုးလိုက်သည်။

ထိုအိမ်တော်က အတော့်ကို ကြီးမား၏။ ၎င်းထံမှ အားကောင်းသောဖိအားတစ်ခုကို ပေးစွမ်းနေပေသည်။ ယင်းအိမ်တော်တံခါးမှာ ပိတ်ထားကာ မည်သည့်အစောင့်အကြပ်မှ မရှိပေ။ တံခါးပေါ်၌ နောက်ခံအနီပေါ်တွင် ရွှေရောင်စာလုံးနှစ်လုံးကို ရေးထွင်းထားသည်။

လီအိမ်တော်…။

ထိုစကားနှစ်ခွန်းထံမှ တုန်လှုပ်ဖွယ်ဓားအော်ရာများကို ပေးစွမ်းနေသည်။

“ကောင်းပါပြီ…”  ရှုအမည်ဖြင့်လူငယ်က တက်ကြွလာ၏။ သူသည် ဤသို့သော အရာများကို လုပ်ဆောင်ရတာအား သဘောကျသည့်ပုံ ရ၏။ သူက တံခါးထံ အရှိန်ဖြင့် ပြေးသွားကာ စောင့်ကန်လိုက်၏။

ဘန်းခနဲ ပေါက်ကွဲသွားသော်လည်း တံခါးက တစ်စက်လေးမျှ မရွှေ့သွားပေ။ သို့ပေမည့် ရှုအမည်ဖြင့်လူငယ်က လုံးဝ ဂရုမစိုက်ပေ။ သူက ထိုသို့ ဖြစ်မည်ကို သိသည့်အလား။

“လီအိမ်တော်ရဲ့ လူတွေ။ ကောင်းကောင်း နားထောင်ကြ။ မင်းတို့ရဲ့ ဘိုးဘိုးရှု ရောက်နေတယ်။ တံခါးလာဖွင့်ပြီး မင်းတို့ရဲ့ ဧည့်သည်တွေကို လာကြိုပါ…”

ပန်းပွင့်အင်္ကျီဖြင့်လူငယ်က ထိုစကားကို ကြားသည့်အခါ ရယ်မော၏။ သူက စိတ်လှုပ်ရှားဟန် ပေါ်နေပြီး သူ့ဘေးရှိ အပြာရောင်ဝတ်ရုံဖြင့် လူငယ်ကို လှမ်းပြောလိုက်သည်။

“မင်း တွေ့လား။ မင်း တွေ့လား။ ဒီကောင်လေး ရှုရှိက သင်ယူထား။ ဒါ့ကြောင့်လည်း ဒီဘုရင်က ဒီရှကို တန်ဖိုးထားနေရတာ။  မင်းတို့ရဲ့ ဧည့်သည်တွေကို ကြိုဆိုပါတဲ့…ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ…”

All Chapters