← Chapters

ကောင်လေးဝမ်လင်း

Vol. 146 Ch. 2020

ကောင်လေးဝမ်လင်း

Vol. 146 Ch. 2020

မဟာအင်ပါယာတောက်ရီက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ၏ဉာဏ်ရည်ဖြင့် သူသည် ဝူဖန်၏စကားများ၏ အဓိပ္ပာယ်ကို တွေ့မြင်သည်သာ။ သို့ပေမည့် သူသည် ခုလိုမျိုး အလွယ်တကူ အလျှော့ပေးချင်စိတ် မရှိပေ။

“ငါ စောစောရောက်လာခဲ့တာပဲ။ ငါ နောက်ကျမှ လာခဲ့သင့်တာ။ အဲ့တာဆို တခြားသူတွေ သူတို့ရဲ့ကမ်းလှမ်းမှုတွေကို လုပ်ပြီးတဲ့နောက် အခြေအနေကို သုံးသပ်လို့ရမှာ…”

အမှန်တော့ သူ စောစောလာခဲ့ခြင်းက ဝမ်လင်းကို ဦးဆုံး စည်းရုံးနိုင်ဖို့ ကြိုးစားလိုက်ခြင်းကြောင့်ပင်။ သူ့အနေဖြင့် ဝမ်လင်းသည် ရတနာများနှင့် ပတ်သတ်၍ အတော်လေး ဂရုစိုက်သည်ဟု ခံစားမိသောကြောင့်လည်း ဖြစ်၏။ ထို့ကြောင့် သူက စောစော ရောက်လာခဲ့ကာ ဝမ်လင်းကို တုန်လှုပ်စေချင်ခဲ့တာပင်။ သည်အခိုက်၌ တောက်ရီ၏ ဝတ်ရုံက လေဖြင့် တဖျတ်ဖျတ်လွင့်နေ၏။ သူက သူ့လက်ကို ဖြည်းဖြည်းချင်း ဖြန့်လိုက်ရာ ရောင်စုံသလင်းတစ်ခု သူ့လက်ထဲတွင် ပေါ်လာတော့သည်။

“တကယ်တော့ ငါ မပြီးသေးဘူး။ ဒီအရှင်က နောက်ဆုံးပစ္စည်းတစ်ခုကို ထုတ်ယူဖို့ ကျန်သေးတယ်…”  တောက်ရီက ပြတ်သားသောအကြည့်ကို လှစ်ဟဖော်ကာ သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူက လက်သီးခပ်တင်းတင်းဆုပ်၏။

“ဝမ်လင်း…ဒီသလင်းကျောက်က ငါ့တာအိုစိတ်ဆန္ဒကနေ ဖြစ်ပေါ်လာတဲ့ဟာပဲ။ မင်း သေသွားခဲ့မယ်ဆိုရင် ဒီအရှင်က ဒဏ်ရာရလိမ့်မယ်။ ငါ ဒဏ်ရာရခဲ့ရင်တော့ မင်းအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး။ ဒီစိတ်ဆန္ဒက ငါ့အပေါ်မှာပဲ သက်ရောက်မှု ရှိတာ…”

“အဲ့အခါကျရင် မင်းကို တိုက်ခိုက်ဝံ့တဲ့သူဟာ ငါ့ ရန်သူ ဖြစ်လာလိမ့်မယ်…”  မဟာအင်ပါယာတောက်ရီ၏ စိတ်နှလုံးမှာ ကိုက်ခဲမိနေ၏။ ဤသည်မှာ သူ၏ အစွမ်းကုန်လုပ်ပေးနိုင်တာ ဖြစ်၏။ သူက ဤသည်ကို မထုတ်ရဖို့ မျှော်လင့်မိခဲ့၏။ သို့သော် ဝူဖန်၏ စကားတို့က သူ့ကို သူ၏အကြီးမားဆုံးဝှက်ဖဲအား ထုတ်ရစေတော့သည်။

၎င်း ပေါ်လာသည့်အခါ ဝူဖန်၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက တောက်ရီကို ကြည့်သည်။ ဝမ်လင်းကိုလည်း ကြည့်လိုက်၏။

“မဟာအင်ပါယာတွေဟာ ဒီလိုတာအိုသလင်းကျောက်တွေကို ထုတ်ဖော်ခဲတယ်။ ဒါက မင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် သေချာအောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ မဟာအင်ပါယာကျိုးသဲကို စောင့်ဖို့ ငါ မင်းကို အကြံပေးချင်သေးတယ်…”

“ဝူဖန်…။မင်းက သူ့ကို စည်းရုံးဖို့ မျှော်လင့်ချက်မဲ့သလိုများ ခံစားနေရတာလား။ ဒါ့ကြောင့် မင်းက သူနဲ့ ဆက်ဆံရေး‌ကောင်း တည်ဆောက်ချင်နေတာမလား…”

မဟာအင်ပါယာတောက်ရီက မာန်သွင်းလိုက်၏။

“အဲ့လိုဆိုတော့ရော ဘာဖြစ်သေးသလဲ…” မဟာအင်ပါယာဝူဖန်က ရယ်မောလိုက်သည်။ သူသည် အမှန်တကယ်ပင် ထိုသို့ တွေးနေခြင်း ဖြစ်၏။ ဝမ်လင်းက သူ့နောက်သို့ လိုက်ခဲ့ပါကလည်း သူသည် ဝမ်လင်းကို ကောင်းမွန်စွာ ဆက်ဆံမည် ဖြစ်၏။ ဝမ်လင်းက သူ့နောက်သို့ မလိုက်ခဲ့ပါကလည်း သူ၏ကူညီပေးမှုက သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကောင်းတစ်ခုကို ဖန်တီးပေလိမ့်မည်။ ၎င်းက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်တာ ဖြစ်သလို သူတို့နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း ကောင်းပေသည်။

“ဒီတော့…ဝူဖန် မင်းကော ဘာပစ္စည်းများ ထုတ်ပေးမလဲ ငါ သိချင်မိတယ်…”

တောက်ရီက အတော်လေး စိတ်ကသိကအောက် ဖြစ်နေ၏။ သို့သော် မဟာအင်ပါယာများကြား၌ သူနှင့် ဝူဖန်တို့က အဆင့်တူပင် ဖြစ်၍ ဝူဖန်က ထိုသို့ ပြုမူလာလျှင်ပင် သူ့အနေဖြင့် အများအပြား ပြောနေစရာ မလိုတော့ပေ။

“ငါ့မှာ မင်းလောက် ကောင်းမွန်တဲ့ အရာတွေ ထုတ်ပေးဖို့ မရှိဘူး။ ထာဝရနတ်ဘုရားနယ်မြေမှာ ငါ့ကံက မင်းလောက် မကောင်းခဲ့ဘူး…”

ဝူဖန်က တည်ငြိမ်စွာ ဆို၏။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီး သူ၏မျက်လုံးတို့က ကြည်လင်နေပေသည်။ ထို့နောက် သူက ပြောလာသည်။

“ဒါပေမဲ့ ဝမ်လင်း…မင်း ငါ့နောက်လိုက်ရင် မင်းဟာ ငါ့လက်အောက်မှာ ရှိမှာ မဟုတ်ဘူး။ ငါ မင်းကို ငါ့ဆရာရဲ့ တပည့်တစ်ယောက်အဖြစ် မှတ်ယူမှာသာ ဖြစ်တယ်။ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာ ကွာခြားပေမဲ့ ငါတို့ရဲ့ အဆင့်အတန်းဟာ တူတူပဲ ဖြစ်လိမ့်မယ်…”

“မင်း ဘယ်လိုထင်လဲ။ ဒါက ငါ မင်းကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပဲ…”  ဝူဖန်က ဝမ်လင်းကို ကြည့်လိုက်၏။ သူက ဝမ်လင်းသည် မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ချေ မြင့်မားသည်ဟု ခံစားမိခဲ့၏။ ထိုသို့သော သူမျိုးအတွက် သူ့အနေဖြင့် ဒီလိုကတိကဝတ်ဖြင့် ကမ်းလှမ်းမှုက ထိုက်တန်ပေသည်။

ဝူဖန်၏ စကားတို့က မဟာအင်ပါယာတောက်ရီကိုလည်း မင်သက်မိသွားစေသည်။ သည်လိုကမ်းလှမ်းမှုမျိုးက သူ ကမ်းလှမ်းခဲ့သော ရတနာများထက် များစွာ ပိုသာနေပေ၏။

“ဒီဝူဖန်က အဆင်အခြင်မဲ့တဲ့လူပဲ။ ဒီကောင်လေးဟာ ထူးကဲလှပေမယ့် ဒီလိုတန်ကြေးမျိုးပေးဖို့အတွက်တော့ သူက မထိုက်တန်ဘူး။ ငါ့တာအိုစိတ်ဆန္ဒဟာ မဟာအင်ပါယာတစ်ယောက်အနေနဲ့ ငါ့ရဲ့ အကန့်အသတ်ပဲ…”

“ဒါပေမဲ့လည်း သူက ဒီလိုမျိုး လောင်းဝံ့မှတော့ စိတ်ဝင်စားစရာပဲ။ ဝူဖန်က ဒီကောင်လေးကို မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်မယ်ဆိုပြီး ခုလိုမျိုး ကမ်းလှမ်းခဲ့တာပဲ…”

“တူညီတဲ့အဆင့်အတန်း…။ သူသာ မန်တောက်ကို ဒီလိုမျိုး ကမ်းလှမ်းခဲ့မယ်ဆိုရင် မန်တောက်တောင်မှ အတော့်ကို လှုပ်ရှားသွားရလိမ့်မယ်။ သူဟာ ကောင်းကင်ဘုံအင်ပါယာနောက်ကို မလိုက်ခဲ့တာတောင် ဖြစ်နိုင်သေးတယ်။ သူဟာ ဝူဖန်ရဲ့ ဂျူနီယာညီပဲ ဖြစ်ခဲ့လောက်တယ်…”

“ဝမ်လင်းသာ သဘောတူခဲ့ရင် သူ့အတွက် အကျိုးကျေးဇူးအများအပြား ရမှာပဲ…”

ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းလိုက်၏။ သူက ဝူဖန်သည် ထိုသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ဝူဖန်ကလေးနက်သော ဟန်ပန်ဖြင့် ရှိနေသဖြင့် သူက ဤစကားတို့ကို လက်လွတ်စပယ် ပြောလိမ့်မည် မဟုတ်ပေ။

“ငါ ပြောခဲ့သလို အမှန်ပဲ။ ငါ့သွေးမျိုးဆက်နဲ့ ကျိန်ဆိုချက် လုပ်ပေးနိုင်တယ်…”

ဝူဖန်က တခွန်းချင်း ဝမ်လင်းကို ပြော၏။

“ဒီဝူဖန်က ရူးသွားပြီလားဟ…”  တောက်ရီ၏အမူအရာက ပို၍ သုန်မှုန်လာ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင် အရိပ်အမြွက်ပင် ဖြစ်ပေါ်သည်။

ဝမ်လင်း၏အမူအရာက ဝူဖန်ကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ သူက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ကောင်းကင်ဘုံကလန်၌ အချိန်ကြာမြင့်စွာ နေထိုင်ဖို့ စိတ်ကူးရှိပါက ဝူဖန်၏ ကတိက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။ သို့သော်…

“ကျေးဇူးပါ…မဟာအင်ပါယာဝူဖန်။ ကျုပ်ကိုတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စဉ်းစားခွင့် ပြုပါအုံး…”

ဝမ်လင်းက သက်ပြင်းချကာ ဝူဖန်ထံ လက်နှစ်ဖက်ဆုပ်ကာ တလေးတစား ပြောလိုက်၏။

“ပြသနာ မရှိဘူး။ မဟာအင်ပါယာကျိုးသဲဟာ ငါတို့ကြားမှာ အစွမ်းထက်ဆုံးပဲ။ သူက ပိုကောင်းတဲ့ အခြေအနေတစ်ခု ပေးချင်ပေးနိုင်မှာပါ…”  ဝူဖန်က ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချပြီး ပြုံးလိုက်၏။

“သူ ရောက်လာပြီ…”

ဝူဖန် ထိုသို့ ပြောပြီးရုံရှိသေး ကောင်းကင်ထက်တွင် အလင်းလှိုင်းဂယက်တစ်ခု ပေါ်လာကာ ပုံရိပ်နှစ်ခု လှမ်းလျှောက်ထွက်လာသည်။ ယင်းတို့မှာ အင်ပါယာအတုဟိုင်းဇီနှင့် သူ့ဆရာတို့ပင်။

“ဝမ်လင်း…”  အင်ပါယာအတု ဟိုင်းဇီ၏အသံတွင် ပျော်ရွှင်မှုတို့ ပြည့်နေ၏။ သူမက ရှေ့သို့ လှမ်းထွက်ကာ ဝမ်လင်းနားသို့ ရောက်လာသည်။

“နင် ပျောက်သွားတာ အတော်လေး အချိန်ကြာခဲ့တာပဲ။ ပြီးတော့ နင် ပြန်ပေါ်လာတာနဲ့ အင်ပါယာစမ်းသပ်ကွင်းကို သွားခဲ့ပြီး ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို အမှန်တကယ် ဖြတ်သန်းနိုင်ခဲ့တယ်…”

“ကံကောင်းလို့ပါ…”  ဟိုင်းဇီက ဝမ်လင်းနှင့် နီးနီးကပ်ကပ် ရှိနေသည်။ ထို့ကြောင့် သူမ၏ မွှေးရနံ့က သူ့ရှိ ရောက်လာနေ၏။ ဝမ်လင်းသည် နောက်မဆုတ်ဘဲ နေရာတွင်သာ ရပ်နေ၏။ သူသည် သူ့အတွက် ပြောဆိုပေးခဲ့သော သူမ၏ စကားများကို မှတ်ထားပေသည်။

အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလာ၏။ “ကောင်းပါပြီ။ ငါတို့ ဒီအကြောင်းကို မပြောတော့ဘူး။ အင်ပါယာတောင်နဲ့ ပတ်သတ်လို့ ငါ နင့်ကို ပြောခဲ့ဖူးတာ မှတ်မိတယ်မလား။ ငါတို့ နွေဦးသစ်ရွက်တွေကို အတူကြည့်ကြစို့လေ…အဆင်ပြေတယ်မလား…”

ဝမ်လင်းက တုံ့ဆိုင်းဆိုင်း ဖြစ်နေ၏။ သူက သက်ပြင်းချကာ သူ့ရှေ့ရှိ အကြွင်းမဲ့အလှပိုင်ရှင်ဟိုင်းဇီကို ကြည့်မိသည်။

“ငါ လာခဲ့ပါ့မယ်…”

“အခု မဟုတ်ဘူးလား…” ဟိုင်းဇီက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ဆို၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ သူ၏ အသက်အရွယ်နှင့်  အတွေ့အကြုံအရ သူသည် သူမ၏စကားများ၏ အဓိပ္ပာယ်ကို မသိဘဲ မည်သို့ နေပါ့မည်နည်း။ သည်မိန်းမလှက ခုထိ သူ့အပေါ်၌ ခံစားချက်များ မရှိသေးသော်လည်း သူ့အပေါ် အထင်ကြီးခြင်း ရှိနေပေသည်။ ထိုအထင်ကြီးခြင်းကလည်း တချို့သော ခံစားချက်များအဖြစ် ပြောင်းလဲသွားတာ ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်လား။

သို့ရာတွင် ဝမ်လင်းက ထိုသို့ ဖြစ်ခွင့်ပြုမည် မဟုတ်ပေ။ သူက သူမကို လှိုဏ်ဂူလောကမှာ တုန်းက အမျိုးသမီးများကဲ့သို့ အဆုံးမသပ်စေချင်ပေ။

ဝမ်လင်း၏ ငြိမ်သက်နေမှုက အင်ပါယာအတုဟိုင်းဇီကို စိတ်ထဲကနေ သက်ပြင်းချမိစေ၏။ သို့သော် သူမက ပြုံးလိုက်၏။ သူမ၏ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်း၏ နောက်ကျောကို လှမ်းပုတ်ကာ ဆိုသည်။

“နင်…အယ်။ ငါက နင့်ကို  အင်ပါယာတောင်ကို ဖိတ်ကြားပြီး အမျိုးသမီးတချို့နဲ့ မိတ်ဆက်ပေးချင်ရုံပါပဲ။ ဟက်ဟက်…နင် မလာချင်ရင်လည်း ထားလိုက်ပါ။ ငါ တခြားတစ်ယောက်ယောက်ကို ရှာလိုက်မယ်…”

ဝမ်လင်းက ခါးသီးစွာ ပြုံးမိ၏။

ဟိုင်းဇီ…မရှုပ်နဲ့…” ကောင်းကင်ထက်တွင် မဟာအင်ပါယာကျိုးသဲ၏ အမူအရာကအလေးအနက် ဖြစ်နေ၏။ သို့သော် သူ့ထံမှ မဟာအင်ပါယာတစ်ယောက်၏ ထည်ဝါခမ်းနားမှုမျိုး ပေးစွမ်းမနေပေ။ ထို့ကြောင့် သူ အလေးအနက်ဖြစ်နေချိန်၌ပင် သူက သာမန်အတိုင်းသာ ရှိ၏။

“ဝမ်လင်း…ဒီအဘိုးအိုက မင်းကို တပည့်တစ်ယောက်အဖြစ် လက်ခံမယ်။ မင်း သဘောတူလား…”  မဟာအင်ပါယာကျိုးသဲက ကောင်းကင်ဘုံဘိုးဘေးနှင့် တခေတ်တည်းမှ တစ်စုံတစ်ယောက် ဖြစ်သည်ဟု ဆိုကြ၏။

“မင်းသာ သဘောတူမယ်ဆိုရင် ဒီအဘိုးအိုက ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟတာနဲ့ မင်းကို နယ်မြေအတွင်း ပို့ဆောင်ပေးဖို့ ကူညီပေးနိုင်တယ်လို့ ကတိပေးတယ်။ ပြီးတော့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာအောင်လည်း ကူညီပေးမယ်…”

ယင်းသို့သော ကတိကဝတ်မျိုးကို မဟာအင်ပါယာများက ပြုခဲပေ၏။ အကြောင်းမှာ မဟာအင်ပါယာများကသာ ယင်း၏တန်ဖိုးကို သိသောကြောင့်ပင်။

သူသည် ဩဇာအင်ပါယာမန်တော်ကိုလည်း အတိတ်တုန်းက ထိုသို့ ပြောခဲ့ဖူး၏။ သို့သော် ကောင်းကင်ဘုံအင်ပါယာ၏ အမျိုးအမည်မသိရသော ကမ်းလှမ်းမှုကြောင့် မန်တောက်က ကျိုးသဲကို မရွေးချယ်ခဲ့ပေ။

“ငါ့အကူအညီနဲ့ဆို ထာဝရနတ်ဘုရားနယ်မြေ ပွင့်ဟတာနဲ့ မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်တဲ့ မင်းရဲ့ အခွင့်အရေးဟာ သုံးဆယ်ရာခိုင်နှုန်း မြင့်တက်လာလိမ့်မယ်။ မင်းသာ ငါ့တပည့် ဖြစ်ခဲ့ရင် ကောင်းကင်ဘုံအင်ပါယာတောင် မင်းကို ဆန့်ကျင်ဝံ့လိမ့်မှာ မဟုတ်ဘူး…”

“မင်းတို့နှစ်ယောက်ကြားမှာ ဘယ်လို ရန်ငြှိုးပဲ ရှိရှိ ငါ လုံးဝ ပြေလည်အောင် ဖြေရှင်းဖို့ ကူညီပေးနိုင်တယ်…”

“မဟာအင်ပါယာတွေကြားမှာ သေသွားတဲ့ တန်လင်းကလွဲလို့ ကန်းနီတစ်ယောက်ကသာ ဒီအဘိုးအိုနဲ့ ယှဉ်နိုင်တယ်။ ဒါပေမဲ့ သူမရဲ့ နောက်ဆုံးပြန်လည်မွေးဖွားစဉ်အတွင်း ကန်းနီဟာ မတော်တဆမှုတစ်ခု ကြုံခဲ့ရပြီး သူမရဲ့ စိတ်ဝိညာဉ်ဟာ ကွဲထွက်ပြီး သူမရဲ့ အစောပိုင်းနှစ်တွေရှိ ပြန်ရောက်သွားခဲ့တယ်။ သူမဟာ အတော့်ကို အားနည်းနေပြီ…”

“ဒီအဘိုးအိုက မင်းအတွက် အကောင်းဆုး ရွေးချယ်မှုပဲ…” မဟာအင်ပါယာကျိုးသဲက ဖြည်းဖြည်းချင်း ပြောလာ၏။

ဝမ်လင်းက တောက်ရီ၊ ဝူဖန်နှင့် ကျိုးသဲတို့ကို ကြည့်၏။ သူတို့သုံးယောက်က မတူညီသော အနေအထားများဖြင့် သူ့ကို ကမ်းလှမ်းခဲ့ပေသည်။ တောက်ရီ၏ ရတနာများ၊ ဝူဖန်၏ မျှတမှု၊ ကျိုးသဲ၏ ကတိ။

သူသာ ကောင်းကင်ဘုံကလန်၌ အချိန်ကြာကာ နေမည့် ရည်ရွယ်ချက်ရှိပါက ကျိုးသဲက သူ့အတွက် အလုံခြုံဆုံး ဖြစ်နိုင်၏။ ဝူဖန်ကို ရွေးချယ်လျှင်လည်း သူ ဆန္ဒရှိသလို လုပ်နိုင်မည်သာ။ တောက်ရီတစ်ယောက်သာ ဝမ်လင်း လက်လွတ်စပယ် မရွေးချယ်နိုင်သူ ဖြစ်၏။ တကယ်တော့ သူက သူ့ဆရာနှင့် တောက်ရီတို့သည် အရင်က တိုက်ခိုက်ခဲ့ဖူးတာကို သိ၏။ ခုနစ်ရောင်စုံ ကောင်းကင်ဘုံအုပ်စိုးသူက သူတို့၏တိုက်ပွဲအတွင်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရရှိခဲ့တာ မဟုတ်လား။

သို့သော် တောက်ရီကိုလည်း ဝမ်လင်းအနေဖြင့် ရွေးချယ်နိုင်သည်သာ။ တောက်ရီနှင့် ပတ်သတ်၍ သိပ်မဆိုးဟုလည်း သူ ခံစားမိ၏။ တောက်ရီ၏ ရတနာများသည် ဝမ်လင်းလိုချင်သော အရာများပင်။ သို့သော် ကောင်းကင်ဘုံအင်ပါယာက အမှန်တကယ် လှုပ်ရှားလာပါက ဝမ်လင်းသည် ထိုသူက ကူညီပေးမည်လားအပေါ် မသေချာပေ။

“ကျိုးသဲဟာ မဟာအင်ပါယာတွေကြားမှာ အစွမ်းထက်ဆုံးပဲ။ ငါ သူ့ရဲ့ နေရာအဆင့်အတန်းနဲ့ ပတ်သတ်ပြီး ဂရုစိုက်ရမယ်။ ဒါ့အပြင် သူဟာ ဗဟိုကုန်းမြေကလည်း ဖြစ်တယ်။ ဒါ့ကြောင့် အင်ပါယာမြို့ကို သွားတဲ့ ငါ့ခရီးစဉ်မှာ သူဟာ အကူအညီ အများကြီး ဖြစ်စေနိုင်တယ်…”

ဝမ်လင်းက စဉ်းစားနေ၏။ သူက ကျိုးသဲထံ လက်နှစ်ဖက်ဆုပ်ကာ စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် ကျိုးသဲက ရုတ်တရက် ခေါင်းမော့လာ၏။ သူနှင့်အတူ ဝူဖန်နှင့် တောက်ရီတို့ကလည်း အလေးအနက်အသွင်ဖြင့် ခေါင်းမော့ကြည့်လာသည်။ တအောင့်အကြာတွင် အလင်းတန်းသုံးခုက နီးကပ်လာ၏။

“ကောင်လေးဝမ်လင်း၊ အား…တကယ့်ကို နင်ပဲကို…”  ကောင်းကင်ထက်မှ မြူးထူးသော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းသုံးခုက နီးကပ်လာစဉ် မဟာအင်ပါယာကန်းနီနှင့် အင်ပါယာအတု ကူးရဲ့တို့ ပေါ်လာကြသည်။

ထိုရယ်မောသံ ပဲ့တင်ထပ်နေစဉ် ဝါဝါဟု အမည်ရသော မိန်းကလေးငယ်က ဝမ်လင်းနားတွင် ပေါ်လာပြီး သူမက လက်ခုပ်လက်ဝါးတီးကာ ဝမ်လင်းကို လှည့်ပတ်သည်။

“ကောင်လေး ဝမ်လင်း…နင် ငါ့ကို မှတ်မိသေးလား…”

“ကောင်လေး ဝမ်လင်း…နင် ငါ့ကိုရော မှတ်မိသေးလား…”  ဟန်ဟန်အမည်ရှိ မိန်းကလေးငယ်ကလည်း ဝါဝါ ဘေးတွင် ရပ်၏။ သူမက မျက်နှာကို လက်ဖြင့် အုပ်ထားသော ကျင့်ကြံသူတစ်ယောက်ကို ဂုတ်ကနေ ကိုင်ထားကာ ဘေးတစ်ဖက်သို့ ပစ်လွှတ်လိုက်သည်။

ဝမ်လင်းက ထိုကျင့်ကြံသူကို ကြည့်၏။ သူ၏ မျက်နှာကို ဖုံးထားသော လက်နှစ်ဖက်က ဖယ်ရှားသွားသည်။

“လောဘကြီး…”

“အယ်…ရောင်းရင်းကျင့်ကြံသူဝမ်…မတွေ့ရတာ ကြာပြီ…” လောဘကြီးက ထိုသို့ ပြောနေလျက် သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာသည်ဟုပင် ထင်ရသည်။

“ကောင်းပြီ။ ကတုံးပြောင်၊ မျက်နှာဖုံးနဲ့ကောင်၊ လူအိုကြီး…နင်တို့အားလုံး ထွက်သွားနိုင်ပြီ။ ဒီကောင်လေး ဝမ်လင်းဟာ ငါတို့ အပိုင်ပဲ..”  ဝါဝါက သူမ၏ဘယ်လက်ကို ခါးပေါ်ထောက်ကာ ညာလက်ကို ပင့်မြှောက်၏။ သူမက အသက်ကြီးရင့်ပြီး ဉာဏ်ကြီးသည့် ဟန်အမူအရာ လုပ်ကာ လက်ညှိုးထိုးလိုက်၏။

“ဟုတ်တယ်။ သူက ငါတို့အပိုင်ပဲ။ နင်တို့ မနာခံဘဲ နေဝံ့ရင်တော့…ဟက်…ဟက်…ဟက်…။ ငါ နင်တို့ကို ရိုက်ထုတ်ပစ်မယ်…”  ဟန်ဟန်က သူမ၏ ညာလက်ကို ပင့်မြှောက်ကာ တစုံတစ်ယောက်ကို ရိုက်မည့်ဟန် လုပ်၏။

ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်းကို မင်သက်သွားစေ၏။

အင်ပါယာအတုကူးရဲ့က ခါးသီးစွာ ပြုံး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပါဝင်ဖို့ အရည်အချင်း မရှိသဖြင့် ဘိုးဘေးလေးနှစ်ယောက်က ဒီကိစ္စကို ရင်ဆိုင်နေတာအား စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။

All Chapters