← Chapters

လုမိသားစု ရှိ သရဲများ

Vol. 1 Ch. 6

လုမိသားစု ရှိ သရဲများ

Vol. 1 Ch. 6

လုရှန်း ကိုယ်ပေါ် ကိုယ်ပျောက်ဂါထာစာရွက်ကို တင်လိုက်သည်နှင့်တပြိုက်နက် ချက်ချင်းပျောက်ကွယ်သွားသည်။

လုရှန်း လုနိုင်း ရှိတဲ့ အခန်းကို လျှောက်သွားကာ အချိန်ကို တွက်ချက် ပြီး တံခါးကို သုံးကြိမ်ခေါက်လိုက်သည်။

"လာပြီ…။"

ချုမိသားစု က သူမကို အကောင်းမမြင်လို့ လုနိုင်း က စိတ်ဆိုးနေတုန်းပဲ။ လုရှန်း ရဲ့ အလောင်း ပျောက်ဆုံးမှုသည် သူမ၏ ညစ်ညမ်းသော စိတ်ဓာတ်ကို ပိုမိုဆိုးရွားစေတယ်။

တံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ရတော့ အမျိုးသမီး လျို လာသည်လို့ပဲ တွေးလိုက်မိသည်။

သို့သော် တံခါးကို ဖွင့်လိုက်ချိန် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး သူမအရှေ့ကို ဖြတ်တိုက်ခတ်သွား

၏ အပြင်မှာလည်း ဘယ်သူမှ ရှိမနေဘူး။

လုနိုင်း အနည်းငယ် သံသယဖြစ်လာသည်။ သူမ မျက်စောင်းထိုးကာ "တံခါးကိုဘယ်သူခေါက်တာလဲ? “

ဘယ်သူမှ ပြန်မဖြေတော့ တံခါးကို အမြန်ပြန်ပိတ်လိုက်ပြီး သော့ခတ်လိုက်သည်။

သို့သော် သူမကိုယ်သူမ မသိလိုက်ခင် တံခါးဝမှာ ခဏတာ မှင်တက်စွာ ရပ်နေချိန် လုရှန်း သူ့ကို ဖြတ်ပြီး အခန်းထဲကို ဝင်သွားသည်။

လုနိုင်း အခန်းထဲပြန်ရောက်တော့ ပို၍ကြောက်လာသည်။

သူမ တံခါးအပြင်ဘက် အသံကို သေချာနားထောင်ပြီး ဘာသံမှာ မကြားရတော့မှ သက်ပြင်းတစ်ချက် ချလိုက်သည်။

"လုနိုင်း နင် ငါ့ကို ရှာနေတာလား?"

လုရှန်း ရဲ့ တည်ငြိမ်တဲ့ အသံက အခန်းထဲက ရုတ်တရက် ထွက်လာ၏။

လုနိုင်း ခဏရပ်ပြီး ရုတ်တရက် ထအော်တော့သည်။

ခြောက်နှစ်ကြာ အတူနေထိုင်ခဲ့တဲ့လုနိုင်း လုရှန်း ရဲ့ အသံကို အလွန်ရင်းနှီးသည်။

လုနိုင်း ကြောက်လန့်တကြားနဲ့ အခန်းလွတ်ကို စိုက်ကြည့်သည် ။ထို့နောက် နောက်ပြီး တံခါးဆီသို့ ပြေးသွားပြီး သော့ကို ဆွဲဖွင့်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်။

လုရှန်း လုနိုင်းကိုကြည့်ရင်း နှုတ်ခမ်းစူကာ တံခါးအပြင်ကို ထွက်သွားသည်။

အမျိုးသမီး လျို က လုနိုင်း ရဲ့ အော်သံကိုကြားတော့ တံခါးကိုဖွင့်ပြီး အလျင်အမြန်ထွက်လာသည်။

"အားနိုင်း ဘာဖြစ်နေတာလဲ" အမျိုးသမီး လျို မျက်မှောင်ကြုံ့ရင်းဆိုသည်။

"အမေ၊ အမေ!"

လုနိုင်း တုန်တုန်ယင်ယင်လက်များဖြင့် အမျိုးသမီး လျို ရဲ့ လက်တွေကို ဆွဲပြီး"အဲဒါ။ လုရှန်း ပဲ! သူပြန်လာပြီ!"

လုနိုင်း စကားပြောရင်း မျက်နှာ ဖြူဖျော့နေကာ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။

အမျိုးသမီး လျို အံ့အားသင့်သွား၏ ။ အမျိုးသမီး လျို တစ်ခုခုပြောချင်ပေမဲ့ လုဒါဟွား အနောက်မှ ထွက်လာသည်ကို သတိပြုမိတော့ ရပ်လိုက်သည်။ ။

"ဘာမှားလို့လဲ?" လုဒါဟွား လုနိုင်း ကို သံသယဖြင့် ကြည့်၏။

"ဘာမှမဟုတ်ပါဘူး" အမျိုးသမီး လျို ညင်သာစွာပြောလိုက်သည်။ "သူမ အိပ်မက်ဆိုးတစ်ခုမက်ပြီး ကြောက်နေတာ။"

လုဒါဟွား စကားပြန်မပြောခင် အမျိုးသမီး လျို က "ဒါဟွား ရှင် အားဂျန်၊အားရှင်းတို့နဲ့အတူ အိပ် ကျွန်မ အားနိုင်းနဲ့အတူအိပ်မယ်။”

လုဒါဟွား ဘာမှပြန်မပြောဘူး သမ်းဝေရင်း သူ့အခန်းထဲမပြန်ခင် စောစောအိပ်ဖို့ ပြောခဲ့သည်။

အမျိုးသမီး လျို က လုနိုင်း ကို သူ့အိပ်ခန်းထဲ အမြန်ဆွဲထုတ်ပြီး "ဘာဖြစ်တာလဲ" လို့ တိုးတိုးလေး မေးလိုက်သည်။ ။

"လုရှန်း။ပြန်လာပြီ။ အခုပဲ ခေါက်သံကြားလို့ စစ်ဆေးဖို့ ထွက်လာခဲ့တာ ဒါပေမယ့် အပြင်မှာ ဘယ်သူမှ မရှိဘူး။ ပြီးတော့ အခန်းထဲမှာ လုရှန်း ပြောနေတာကြားလိုက်တယ် ။ “ ဟင်းးးးးးးးးးးး”

လုနိုင်း ရုတ်တရက် ငိုချလိုက်ပြီး အမျိုးသမီး လျို ကို လက်မလွှတ်ဘဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၏။ ။

"သမီး ထင်ယောင်ထင်မှားဖြစ်နေတာများလား? “ အမျိုးသမီး လျို ရယ်မောရင်း "ဒီကမ္ဘာမှာ သရဲတစ္ဆေ ဘယ်လိုလုပ်ရှိမှာလဲ?” ဒီနှစ်ရက်လုံး ကောင်းကောင်းအိပ်မပျော်လို့ အကြားမှားတာနေမယ်။”

"မဖြစ်နိုင်ဘူး!" လုနိုင်း ခေါင်းယမ်းရင်း “ရှင်းရှင်းလင်းလင်းကြားလိုက်တာ တကယ် လုရှန်း ရဲ့ အသံ ပဲ။ အမေ၊ အမေ! သူမ။ ငါတို့ကို သတ်ဖို့ ပြန်လာတာဖြစ်မယ်!"

အမျိုးသမီး လျို မယုံဘူးဆိုတာကို မြင်တော့ လုနိုင်း အရမ်းစိုးရိမ်သွားပြီး တစ်ကိုယ်လုံး တုန်သွား၏။

အမျိုးသမီး လျို သူ့လက်ကို ပုတ်ပြီး “မြန်မြန်အိပ်။အမေတို့အတူအိပ်ကြမယ်။ မနက်ဖြန် အိပ်ယာနိုးရင် အဆင်ပြေမှာပါ"

လုနိုင်း သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ဘယ်သူမှမရှိတာကို မြင်မှ ကုတင်ပေါ်တက်ပြီး စောင်ကို တင်းတင်းကြပ်ကြပ် ခြုံလိုက်သည်။

အမျိုးသမီး လျို ပြုံးပြီး သူ့သမီးနံဘေးဝင်လှဲ၏။ သို့ပေမဲ့

ထိုအချိန် သော့ခတ်ထားတဲ့ တံခါးက ရုတ်တရက် ပွင့်ထွက်သွားပြီး အေးစက်သော လေပြင်းများ ဝင်ရောက်လာတာကြောင့် နှစ်ယောက်စလုံး အံ့အားသင့်သွားပြီးအမြန်ထထိုင်လိုက်ကြသည်။ ။ လုနိုင်း အမျိုးသမီး လျို ရဲ့ ခါးကိုဆွဲကိုင်ကာ အော်ဟစ် တော့သည်။

"မဟုတ်ဘူး။ ဘာမှမဖြစ်ဘူး! တံခါးကို တင်းတင်းကျပ်ကျပ် မပိတ်ခဲ့တာ ဖြစ်နိုင်တယ်။ လေတိုက်လို့ ပွင့်သွားတာ။”

အမျိုးသမီး လျို လုနိုင်း ကို နှစ်သိမ့်နေသလား မသိ သူ့ကိုယ်သူနှစ်သိမ့်နေသလား မသိပေ။ သူ တံခါးကို သော့ခတ်ထားသည်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။

All Chapters