အပိုင်း (၃၃၅)
Vol. 23 Ch. 335
“ဝူး”
မကောင်းဆိုးဝါးတစ္ဆေက ဒေါသတကြီးအော်ဟစ်လိုက်သည်။
မြင့်မားသော အနက်ရောင်သံမဏိချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေကြီးက ရှစ်ဖုန့်၏ အထက်တွင်ပေါ်လာသည်။၎င်းက ၎င်း၏ ထက်ရှသောအစွယ်တစ်ဖွေးဖွေးနှင့် ထူထဲသော အနက်ရောင်သံမဏိလှံအား ရှစ်ဖုန့်ထံသို့ ထိုးသွင်းလိုက်သည်။
“မကောင်းဆိုးဝါးသတ္တဝါကများ သေချင်နေတာပဲ”
အနက်ရောင်ချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေက သူ၏လမ်းကြောင်းအားပိတ်ဆို့
နေသည်ကို တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤမကောင်းဆိုးဝါးတစ္ဆေက အဆင့်ခြောက်အထွတ်အထိပ်နား
သို့နီးကပ်နေပြီဖြစ်သည်။
အတွေးတစ်ချက်ဖြင့် သူကသူ၏
ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် မကောင်းဆိုးဝါးတစ္ဆေထံသို့
တိုက်ခိုက်လိုက်သည်။
အနက်ရောင်ချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေက ရှစ်ဖုန့်၏ တိုက်ခိုက်မှုအောက်တွင် ပိုမို၍ ကြမ်းကြုတ်ခက်ထန်သည်ထက်
ခက်ထန်လာသည်။၎င်းက စိတ်မချမ်းမြေ့ဖွယ်ရာ ဆွဲဆွဲငင်ငင်ဟစ်အော်လိုက်သည်။
“အား…ဝူး….”
သို့သော်၎င်း၏ လက်အတွင်းရှိ အနက်ရောင်လှံကတော့ရှစ်ဖုန့်ထံသို့ ထိုးသွင်းဝင်လာဆဲဖြစ်သည်။
ရှစ်ဖုန့်က နတ်ဆိုးချီတို့ အားထုတ်လွှတ်နေသောသူ၏
နတ်ဆိုးလက်ချောင်းအား လှံထိပ်ဖျားထံသို့ထိုးညွှန်လိုက်သည်။
“ဘန်း”
စွမ်းအားကြီးမားလှသော စွမ်းအားတစ်ခုက အနက်ရောင်သံမဏိလှံအတွင်းသို့ ကူးပြောင်းသွားပြီး အနက်ရောင်ချပ်ဝတ်မကောင်း
ဆိုးဝါးတစ္ဆေမှာ ရှစ်ဖုန့်၏နတ်ဆိုးလက်ချောင်း
ကြောင့်နောက်သို့လွင့်ပျံထွက်သွားသည်။
အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေပေါ်လာသောအခိုက်အတန့်နှင့် ရှစ်ဖုန့်ကြောင့် ၎င်းနောက်သို့ လွင့်ပျံထွက်သွားရသည့် အခိုက်အတန့်တို့အားလုံးဖြစ်
ပျက်ခဲ့မှုတို့က မီးခက်ကျောက်မှ မီးပွားတစ်ပွင့်လွင့်ထွက်သော
အချိန်မျှသာကြာမြင့်သည်ဖြစ်သည်။
သို့သော် ဤအချိန်အခိုက်အတန့်လေးအတွင်း မကောင်းဆိုးဝါးတစ္ဆေက
လှံအားရှစ်ဖုန့်ထံသို့ အချိန်မှီထိုးသွင်းနိုင်ခဲ့သည်။
အကယ်၍ ရှစ်ဖုန့်က သာ အနက်ရောင်နတ်ဘုရားလွန်းအား ဤကဲ့သို့မြင့်မားသော အမြန်နှုန်းဖြင့် ရှောင်တိမ်းခဲ့လျှင် ၎င်း၏ထိမှန်မှုကို သေချာပေါက်ခံရမည်ဖြစ်သည်။
ရှစ်ဖုန့်၏ကိုယ်မှာလှုပ်ရှားသွားပြီး
ချက်ချင်းပဲ ဟင်းလင်းပြင်ထဲသို့ဇောက်ထိုး
ထိုးဆင်းလိုက်သည်။သူ၏ဘယ်လက်ဖဝါး၊နတ်ဆိုးလက်ချောင်း၊သွေးမီးတောက်နှင့် တိုက်စကားခြင်းမီးခိုးရောင်မြူအားလုံးတို့အား ယခင်အတိုင်းထပ်မံ၍ နောက်တစ်ကြိမ်အသုံးပြုလိုက်သည်။
နောက်တစ်ကြိမ်ထပ်မံ၍ သူ၏ စွမ်းအင်တို့အား အနက်ရောင် နတ်ဘုရားလွန်းကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ကုန်ခမ်းအောင်အသုံးပြုလိုက်သည်။
“ဟားဟား..ကောင်လေး ..မင်းငါ့ကိုမေ့နေတာလား”
ဤအချိန်တွင်ထျန်းရှဲ့အဓိပဓိက
ရှစ်ဖုန့်၏ရှေ့၌ ရုတ်တရက်ပေါ်လာသည်။
သူ၏လက်သီး၌ အနက်ရောင်အလင်းတို့တောက်ပနေသည်။ သူကရှစ်ဖုန့်၏ရင်ဘက်ထံသို့
လက်သီးအားပစ်သွင်းလိုက်သည်။
ရှစ်ဖုန့်က အနက်ရောင်နတ်ဘုရားလွန်းအား ရင်ဆိုင်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူ့အနေဖြင့်
ထျန်းရှဲ့အဓိပဓိ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းခြင်း၊ ဆုတ်ခွာခြင်း သို့မဟုတ် တားဆီးခြင်းတို့အား မပြုလုပ်နိုင်ပေ။
“ဝုန်း”
ပြင်းထန်သောထိမှန်မှုနှင့်အတူ
ရှစ်ဖုန့် မှာ ထျန်းရှဲ့အဓိပဓိ၏ လက်သီးချက်ကြောင့် မြေပြင်ပေါ်သို့ ပစ်လွှတ်ခံလိုက်ရသလိုကျသွားသည်။
ရှစ်ဖုန့်၏ ကိုယ်က မြေပြင်ပေါ်သို့ မပြေမပြစ်ကျရောက်သွားပြီး လေထဲတွင်ဖုန်မှုန့်များတထောင်း
ထောင်းထသွားစေသည်။
“ဟားဟားဟား”
ကောင်းကင်ထဲတွင်ထျန်းရှဲ့အဓိပဓိက ကျယ်လောင်စွာရယ်မောလိုက်သည်။
သူ၏မီးခိုးရောင်ဆံပင်တိုက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
“ငါ့ရဲ့ နတ်ဘုရားလွန်းက အများကြီးထိခိုက်မှုဖြစ်ထားတယ်ဆိုပေမဲ့..
မင်းကိုသတ်ဖို့တော့လုံလောက်တယ်လို့ ငါပြောခဲ့သားပဲ…ဒီနေ့ပြီးတဲ့နောက် မင်းသေဆုံးသွားတဲ့အခါမှာ ငါက ထျန်းမြောင်အင်ပါယာကို အုပ်ချုပ်ပြီးတော့ထျန်းမြောင်အင်ပါယာရဲ့ ဧကရာဇ်တစ်ယောက်ဖြစ်ရတာ ကဘယ်လိုမျိုးလဲဆိုတာကို ငါမြည်းစမ်းကြည့်ရမယ်…ပြောရမယ်ဆိုရင် …ငါမင်းကိုကျေးဇူးတင်ရမှာပဲ
သူတောင်းစားလေး..ဖျောင်ရှဂိုဏ်းကိုငါ့အတွက်
ရှင်းလင်းပေးပြီးတော့ အဲ့သက်ကြားအိုကြီး ထျန်းတန့် ကို သတ်ပေးတဲ့အတွက်ပေါ့”
“သွား”
ထျန်းရှဲ့အဓိပဓိက သူ၏ဓားလက်ချောင်းအားဖွဲ့စည်းလိုက်ပြီး ထပ်မံ၍အော်ပြောလိုက်သည်။
ထို့နောက်တွင် အနက်ရောင်
နတ်ဘုရားလွန်းက
အောက်သို့ထိုးဆင်းလာပြီး ရှစ်ဖုန့်နောက်သို့လိုက်လာသည်။
“သူတောင်းစားလေး..ဒီတစ်ကြိမ်မင်း
ဘယ်လိုမျိုးပုန်းအောင်းအုံးမလဲဆို
တာကြည့်တာပေါ့..ဟားဟား..အား.”
ထျန်းရှဲ့အဓိပဓိက ဟက်ဟက်ပက်ပက်ရယ်မောနေသည်။
ထို့နောက်တွင်သူ့မျက်နှာပေါ်ရှိ
အပြုံးတို့က အေးခဲသွားရသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏
မျက်နှာထက်တွင် ဒေါသတရားတို့ဖြင့်ပြည့်နှက်သွားသည်။ သူကဒေါသချောင်းချောင်း
ထွက်စွာအော်ဟစ်လိုက်သည်။
“ဟုန်ယွဲ့..ခွေးမ…အား”
ရှစ်ဖုန့်က မြေပြင်ပေါ်သို့ကျဆင်းသွားခဲ့သည်။ သူကျဆင်းသောနေရာက ဟုန်ယွဲ့၊စံပယ်လေးတို့နှင့်သိပ်မဝေးပေ။
ကောင်းကင်ထက်မှရှစ်ဖုန့်ကျ
ဆင်းလာသည်ကိုတွေ့ရသောအခါတွင် ဟုန်ယွဲ့မှာရှစ်ဖန့်အားစိုးရိမ်သွားသည်။ ထိုထက်ပိုသည်ကား ရှစ်ဖုန့်မှာသူမကြောင့် ဒုက္ခရောက်ရခြင်းဖြစ်သည်။
ဟုန်ယွဲ့ကသူမ၏ စွမ်းအား
အကုန်အသုံးပြု၍ ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦး
တည်လိုက်သည်။အနက်ရောင်
နတ်ဘုရားလွန်းက ဖုန်ထုထဲသို့ ဝင်ရောက်တော့မည်ကိုတွေ့ရသောအခါတွင် ဟုန်ယွဲ့ကသူမ၏ကိုယ်အတွင်း
မှမူလစွမ်းအင်တို့အား
လောင်ကျွမ်းစေလိုက်ပြီး ဖုန်ထုအတွင်းသို့တစ်ဟုန်ထိုးတိုးဝင်သွားသည်။သူမကသူမ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်လေးအား ရှစ်ဖုန့်အတွက် ဒိုင်းသဖွယ်အသုံးပြုလိုက်သည်။
အနက်ရောင်နတ်ဘုရားလွန်းက ဟုန်ယွဲ့၏ကျောပြင်အား
ဖြတ်သန်းထိုးဝင်သွားပြီး သူမ၏ နှစ်လိုဖွယ်ကောင်းသော ကိုယ်လေးအတွင်းသို့ဝင်ရောက်သွားသည်။
“အား…”
ဟုန်ယွဲ့၏ကိုယ်ကလေထဲ
တွင်ရပ်တန့်နေသည်။ သူမက ဝမ်းနည်းကြေကွဲဖွယ် ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်သည်။
သူမ၏အသံထဲတွင် အလွန်ပြင်းထန်သောနာကျင်
မှုများဖြည့်ပြည့်နှက်နေပြိီးတစ္ဆေတစ်ကောင်၏ စူးစူးဝါးဝါးအော်ဟစ်သံကဲ့သို့ပင်ဖြစ်သည်။
“အား..စီနီယာအမ”
အခြားတစ်ဖက်တွင် စံပယ်လေး၏မျက်နှာထက်၌ အလွန်အံ့ဩမှု၊မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။သူမကလေ
ထဲတွင်ရပ်တန့်နေသာ ဟုန်ယွဲ့အား အကြောင်သား စိုက်ကြည့်နေမိသည်။သူမဘာ
ကိုပြုလုပ်ရမည်မှန်းမသိချေ။
“ခွေးမ..ခွေးမ…မင်းက ဒီအရှင်ရဲ့ အစီအစဉ်ကို ပျက်စီးအောင်လုပ်လိုက်တာပဲ.
.သောက်ချီးပဲ..သောက်ချီးပဲ..ဒီထိခိုက်ထားတဲ့ နတ်ဘုရားလွန်းက သွေးစွန်းလို့မရနိုင်ဘူးဆိုတာကို မင်းမသိဘူးလား…အကယ်၍ သွေးစွန်းရမယ်ဆိုရင်တောင် ရှစ်ဖုန့်ရဲ့သွေးပဲဖြစ်သင့်တာ..
မင်းလိုအမှိုက်ခွေးမရဲ့ဟာမဟုတ်ဖူး..”
ထျန်းရှဲ့အဓိပဓိမှာ ရူးသွပ်သွားသကဲ့သို့လေထဲ
တွင်အော်ဟစ်နေသည်။
“အား..”
လေထဲတွင်တန့်နေသော ဟုန်ယွဲ့မှာစိတ်မချမ်းမြေ့ဖွယ်
အော်ဟစ်နေဆဲဖြစ်သည်။သူမ၏ ကိုယ်မှ ပြင်းထန်သောအနက်ရောင်
အလင်းတစ်ခုအား ထုတ်လွှတ်နေပြီး ပင့်ကူအိမ်အမှတ်အသားများက သူမ၏တစ်ကိုယ်လုံးဆီသို့
မပျံ့နှံ့ခင်အရင်ဆုံး သူမလှပသောမျက်နှာထက်၌ စတင်၍ ပေါ်လာသည်။သူမ၏ အနီရောင်ဝတ်ရုံမှ လှစ်ဟာထွက်ပေါ်နေသော လက်မောင်းများမှာလည်း အနက်ရောင်အမှတ်အသားများဖြင့် ဖုံးလွှမ်းနေ၏။
“ဟုန်…..ယွဲ့….”
မြေပြင်ထက်မှ ရှစ်ဖုန့်၏ သားရဲတစ်ကောင်ကဲ့သို့အော်ဟစ်သံထွက်ပေါ်လာသည်။ရှစ်ဖုန့်က မြေပြင်ပေါ်တွင်လဲနေပြီး သူ၏မျက်လုံးတို့က ကျယ်လောင်စွာပွင့်နေသည်။
သူမတစ်ကိုယ်လုံးအားပျံ့နှံ့နေသည့် ပင့်ကူအိမ်ကဲ့သို့အနက်ရောင်
အမှတ်အသားများကြောင့် လှပသောမျက်နှာလေးပင် မှတ်မိဖို့ခက်ခဲသွားအောင်ပြောင်းလဲသွားရသည့် ဟုန်ယွဲ့အားသူကြည့်နေသည်။
သူမ၏ မျက်နှာထက်တွင်က နာကျင်မှုများဖြင့်ပြည့်နှက်နေ၏။
“အား….ဟုန်ယွဲ့”
ရှစ်ဖုန့်၏ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး မြေပြင်ပေါ်မှထရပ်လိုက်သည်။
သူက ဟုန်ယွဲ့၏ နုနယ်သောကိုယ်လေးအားဆွဲ
ယူလိုက်ပြီး သူ၏ လက်မောင်းအတွင်းတင်း
ကျပ်စွာပွေ့ဖက်ထားလိုက်သည်။
ဟုန်ယွဲ့မှာရှစ်ဖုန့်၏ ပွေ့ဖက်မှုအားခံထားရသည်။
ဟုန်ယွဲ့၏စိတ်မချမ်းမြေ့ဖွယ်
အော်သံကရပ်တန့်သွားခဲ့သော်လည်းသူမ၏ နုနယ်သောကိုယ်လေးက သူ၏ပွေ့ဖက်ထားမှုအတွင်း ပြင်းထန်စွာတဆတ်ဆတ်
တုန်ယင်နေသည်ကို ရှစ်ဖုန့်ရှင်းရှင်းလင်းခံစားနိုင်၏။
“ဒါက…..ဘာမှမဖြစ်..ဒါကအဆင်ပြေ…ကောင်းတယ်”
ဟုန်ယွဲ့က ၎င်းစကားလုံးများကိုသာ ခက်ခက်ခဲခဲ ကြိုးစား၍ ပြောလိုက်သည်။ထို့နောက် မကြာခင်သူမ၏ ကိုယ်မှာ ခွန်အားများအားလုံးကုန်ဆုံးသွားပုံပေါ်သည်။ သူမ၏ ပြင်းထန်စွာ ဆန့်ငင်ဆန့်ငင်ဖြစ်နေခြင်းတို့ပင် ရပ်တန့်သွားခဲ့ပြီး သူမ၏ မျက်လုံးတို့က ဖြည်းညှင်းစွာပိတ်သွားခဲ့သည်။ အနက်ရောင်အကြောင်းများ ဖုံးလွှမ်းနေသောသူမ၏
နှုတ်ခမ်းထောင့်များက ဝမ်းမြောက်ကျေနပ်သော
အပြုံးတစ်ခုအား ဤအချိန်၌ လှစ်ဟာပြထားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
အနက်ရောင်နတ်ဘုရားလွန်းက သွေးစွန်း၍မရသည်ကို ဟုန်ယွဲ့အစောပိုင်းက ကြားခဲ့သည်ဖြစ်သည်။
“မဟုတ်ဖူး..”
ရှစ်ဖုန့်က ခေါင်းကိုမော့ ဒေါသတကြီးအော်ဟစ်လိုက်ပြီး
သူ၏ခန္ဓာကိုယ်ထံမှသတ်ဖြတ်ခြင်း
အရှိန်အဝါများကလည်း တစ်ဟုန်ထိုးမြင့်တက်လာသည်။
“အား..သေစမ်း..သေကြစမ်း…မင်းတို့အားလုံးသေလိုက်ကြစမ်း..”
ရှစ်ဖုန့်က ကြမ်းကြုတ်ခက်ထန်သော
သားရဲတစ်ကောင်ကဲ့သို့ ကောင်းကင်ထဲသို့ ဒေါတကြီးအော်ဟစ်လိုက်သည်။
ရှစ်ဖုန့်က သူ၏လက်များဖြင့် ဆီးလ်သင်္ကေတများကို ပုံဖော်လိုက်သည်။ သူ၏ဆီးလ်များက အဆက်မပြတ်ပြောင်းလဲနေသည်။ တစ်ချိန်တည်းမှာပင် ထူးဆန်းသော စာလုံးများက သူ၏ ဆီးလ်သင်္ကေတများထံမှပျံသန်းထွက်လာပြီး ဟုန်ယွဲ့၏ နုနယ်သောကိုယ်လေးပေါ်သို့ ကျဆင်းသွားသည်။
ငရဲဘုံကိုးခု ဧကရာဇ်က ငရဲဘုံကိုးခု သေခြင်းရှင်ခြင်းအစီအရင်ဟူသော ဖွဲ့စည်းပုံတစ်ခုကို ဖန်တီးခဲ့သည်။၎င်းက သက်ရှိတစ်ဦး၏ အသက်စွမ်းအင်အား သက်ဝင်လှုပ်ရှားသည့်အ
ခြေအနေအတိုင်းတစ်လခန့်
ဆိုင်းငံထိန်းထားပေးနိုင်သည်။
ထိုအချိန်တုံးက ယင်ရှမှာ ရှစ်ဖုန့်အတွက်လီရူ၏တိုက်ခိုက်မှုအား တားဆီးရန်သူ၏ ခန္ဓာကိုယ်အား အသုံးပြုခဲ့သည်။ယင်ရှ၏အသက်ကိုထိန်းထားရန်အတွက် ရှစ်ဖုန့်က တူညီသောနည်းလမ်းကို အသုံးပြုခဲ့လေသည်။
ထို့နောက်တွင် သွေးနီရောင်အလင်းက ဟုန်ယွဲ့၏ကိုယ်ပေါ်တွင်လင်းလက်လာပြီး သူမပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင်နတ်ဘုရားလွန်းမှာ
ပျက်ဆီးသွားခဲ့ပြီး ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်ရှိနေသော
လက်နက်အားလုံးမှာ ပုံမှန်အခြေအနေသို့ ပြန်လည်၍ဆိုက်ရောက်လာသည်။
ထို့နောက်တွင်သူက ဟုန်ယွဲ့အား သွေးကျောက်ပြား၏
နေရာလွတ်အတွင်းသို့ ထည့်ထားလိုက်သည်။
“စီနီယာအမ”
အခြားတစ်ဖက်တွင်ရှိနေသော စံပယ်လေး၏ပါးပြင်ထက်တွင် မျက်ရည်တို့က တလိမ့်လိမ့်ကျဆင်းလာသည်။သူမအားသူမ၏ဆရာဖြစ်သူက ဟုန်ယွဲ့ကသို့ပင် ကလေးဘဝကတည်းက ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပြီး ဟုန်ယွဲ့ကသူမထက်နှစ်အနည်း
ငယ်သာကြီးသည်ဖြစ်သည်။သူအား ဟုန်ယွဲ့က ဂရုစိုက်စောင့်ရှောက်ခဲ့ပြီး သူမကလည်း ဟုန်ယွဲ့အား ဤကမ္ဘာ၌ သူမ၏တစ်ဦးတည်းသောဆွေမျိုး သူမ၏ အမအရင်းတစ်ယောက်အဖြစ် မှတ်ယူထားခဲ့သည်ဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ- ARISE