← Chapters

အပိုင်း(၃၃၆)

Vol. 23 Ch. 336

အပိုင်း(၃၃၆)

Vol. 23 Ch. 336

စံပယ်လေးက ရှစ်ဖုန့်နှင့်ဟုန်ယွဲ့တို့ထံသို့ပြေး

သွားသောအခါတွင် ရှစ်ဖုန့်က သူ၏ဘယ်လက်အား စံပယ်လေးထံသို့ ဆန့်ထုတ်လိုက်သည်။တစ်ချိန်တည်းမှာပင်  ဟုန်ယွဲ့ကဲ့သို့ သွေးနီရောင်အလင်းတစ်ခုက သူ၏ဘယ်လက်တွင် ဖျက်ခနဲလင်းလက်သွားသည်။

အစောပိုင်းက ဟုန်ယွဲ့ကဲ့သို့ပင် စံပယ်လေးသည်လည်း  သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ ရှစ်ဖုန့်၏ ဆွဲယူခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်ကရုတ်တရက်ခေါင်း

ကိုမော့လိုက်သည်။  သူ၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှာထက်တွင် မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်နေပြီး ကောင်းကင်ထဲတွင်ရှိနေသော ထျန်းရှဲ့အဓိပဓိအဘိုးအိုအား ဒေါသထွက်စွာဖြင့်စိုက်ကြည့်နေသည်။

အကြောင်းပြချက်အချို့ကြောင့် ရှစ်ဖုန့်၏ ကြမ်းကြုတ်ခက်ထန်သောမျက်နှာနှင့် သတ်ဖြတ်ချင်စိတ်တို့ပြည့်နှက်နေသည့် မျက်လုံးများအား မြင်တွေ့ရသော

အခါတွင် ထျန်းရှဲ့အဓိပဓိ၏

နှလုံးသားအတွင်း၌ တလှပ်လှပ်ဖြစ်သွားရသည်။ယင်းမှာ သူ၏ကိုယ်ပိုင်ခွန်အားထက်များ

စွာသာလွန်သော ခွန်အားမျိုးအားပိုင်ဆိုင်ထားသည့် ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်က သူ့အားစိုက်ကြည့်နေသကဲ့သို့ပင်ဖြစ်သည်။

ဤကဲ့သို့မသက်မသာဖြစ်စေသော

ခံစားချက်က ထျန်းရှဲ့အဓိပဓိအား အနာဂတ်အန္တရာယ်များကိုတားဆီးရန်အတွက် ရှစ်ဖုန့်အားပို၍ပို၍ သတ်ဖြတ်ချင်စိတ်ဖြစ်လာစေသည်။ ထို့နောက်သူက အော်ပြောလိုက်သည်။

“ဒီနေ့ မင်းသေကိုသေရမယ်”

ဤအချိန်၌ ရှစ်ဖုန့်ကြောင့် နောက်ပြန်လွင့်ထွက်သွားသော အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေက  ကွေယင်ကျိ၏ ထိန်းချုပ်မှုအောက်တွင်  ထျန်းရှဲ့အဓိပဓိရှိရာဘက်ခြမ်းသို့ ပျံသန်းလာသည်။

“သေကြစမ်း..အား”

ဤအချိန်၌ နောက်ဆုံးတွင် ရှစ်ဖုန့်က

ထပ်မံ၍ လှုပ်ရှားမှုအား စတင်၍ပြုလုပ်လာသည်။

သူကထျန်းရှဲ့အဓိပဓိနှင့် အနက်ရောင်ချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေတို့ရှိရာ မှောင်မိုက်သောဟင်းလင်းပြင်

အတွင်းသို့တစ်ဟုန်ထိုးပြေးဝင်သွားသည်။

“သတ်”

ထျန်းရှဲ့အဓိပဓိက အော်ပြောလိုက်သည်။ သူ၏ညာလက်သီးကအားကောင်း

သောအနက်ရောင်အလင်း

တစ်ခုလင်းလက်လာသည်။ သူကသူ့ထံသို့တစ်ဟုန်ထိုးပြေးဝင်လာသောရှစ်ဖုန့်ထံသို့  အပေါ်စီးမှနေ၍ ထိုးနှက်ချလိုက်သည်။

ဧရာမအနက်ရောင်လက်သီးရိပ်ကြီးတစ်ခုက ပေါ်လာသည်။  ၎င်း၌ ကြယ်တစ်ပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်၏ စွမ်းအားအပြည့်အဝပါဝင်ပြီး ရှစ်ဖုန့်ထံသို့ ထိုးနှက်ကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ချပ်ဝတ်မကောင်း

ဆိုးဝါးတစ္ဆေ၏ အနက်ရောင်သံမဏိလှံက အနက်ရောင်လက်သီးရိပ်နောက်မှလိုက်ပါလာပြီး အောက်သို့ထိုးစိုက်ကျဆင်းလာသည်။ လှံဖြတ်သန်းသွားရာ မည်သည့်နေရာပင်ဖြစ်ပါစေ အရိုးစိမ့်အောင်အေးသော လေပြင်းများအား မွှေ့ထသွားစေသည်။

“ငရဲဘုံကိုးခု ဓားပညာရပ် …ငရဲဘုံဓား ပထမလှုပ်ရှားမှု”

ရှစ်ဖုန့်က အော်ဟစ်လိုက်ပြီး  သူ၏ဘယ်လက်ဖြင့် ဆီးလက်သင်္ကေတတစ်ခုအားပုံဖော်လိုက်သည်။ သွေးနီရောင်အလင်းတစ်ခုက သူ၏ညာလက်တွင်ဖျက်ခနဲလင်းလက်လာပြီး  သွေးဓားကသူ၏ လက်အတွင်းပေါ်လာသည်။ ထို့နောက်မကြာလိုက်ဘဲ ဓား၌  အဖြူရောင်တို့စွန်းထင်းသွားသည်။ သူကဓားရှည်အားခပ်မြင့်မြင့်

မြှောက်လိုက်ပြီး အနက်ရောင်

လက်သီးရိပ်ထံသို့ တစ်ဟုန်ထိုးဝင်ရောင်သွားသည်။ သူ၏တစ်ကိုယ်လုံးက အနက်ရောင်လက်သီးရိပ်အား တိုက်ရိုက်ပင် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားပြီး အနက်ရောင်လက်သီးရိပ်ကြီးအား ပါးလျသောလေထုအတွင်း၌ ပျောက်ကွယ်သွားစေသည်။

ထို့နောက်တွင်  ရှစ်ဖုန့်က ကြီးမားသော အနက်ရောင်သံမဏိလှံနှင့်တွေ့ဆုံလိုက်သည်။

“ထန်”

သတ္ထုချင်းထိခတ်သော  ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။ ငရဲဘုံဓား၏ အောက်တွင် ကြီးမားသော အနက်ရောင်သံမဏိလှံကြီးမှာ  အပိုင်းပိုင်းကျိုးပျက်သွားသည်။

“ဒါက….”

အရူးတစ်ယောက်ကဲ့သို့ သူ့ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော ရှစ်ဖုန့်အားကြည့်ကာ  ထျန်းရှဲ့အဓိပဓိ၏ မျက်လုံးတို့ က တုန်လှုပ်အံ့အားသင့်မှုတို့နှင့်ပြူးကျယ်နေသည်။ သူ၏စွမ်းအားအပြည့်ထိုးနှက်ချက်က

ရှစ်ဖုန့်၏ ဓားချက်အောက်တွင်ပျက်ဆီးသွားခဲ့သည်။

ဤအချိန်၌ ရှစ်ဖုန့်မှာလုံးဝကို ခြားနားသော လူတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်ဖြစ်သည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားတို့မှာ ယခင်နှင့်လုံးဝခြားနားသောအဆင့်သို့ရောက်ရှိသွားပုံရသည်။

“အူး….”

အနက်ရောင်ချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေ၏ အနက်ရောင်သံမဏိလှံမှာ အပိုင်းပိုင်းကွဲကြေသွားသည်။ ၎င်းက ၎င်း၏ ကြီးမားသောပါးစပ်ကြီးကိုဖွင့်ဟ၍

ထက်ရှသော အစွယ်များအား ထပ်မံ၍ လှစ်ဟာပြထားသည်။ ၎င်းက အစွယ်များကို ထုတ်ပြပြီး လက်သည်းတို့အားဝင့်လိုက်သည်။  ၎င်း၏ မျက်နှာထက်တွင် ကြမ်းကြုတ်ခက်ထန်သော အသွင်သဏ္ဍန်တစ်ခုရှိနေသည်။ ၎င်းက ရိုင်းစိုင်းသောသားရဲတစ်ကောင်ကဲ့သို့ ရှစ်ဖုန့်အပေါ်ခုန်အုပ်လိုက်သည်။

“မကောင်းဆိုးဝါးဝိညာဉ်တစ်ခုကများ ငါ့လမ်းကိုပိတ်ရဲသေးတယ်”

အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေအားကြည့်၍  ရှစ်ဖုန့် က ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထို့နောက်သူက နောက်ထပ် ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကိုထုတ်

ဖော်လိုက်သည်။ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က အနက်ချပ်ဝတ် မကောင်းဆိုးဝါးတစ္ဆေအားထိမှန်သွားသည်။

“ဝူး..”

ယခင်က ကဲ့သိုပင် အနက်ရောင်ချပ်ဝတ်မကောင်းဆိုး

ဝါးတစ္ဆေမှာ နာကျင်မှုအပြည့်ဖြင့်ကောင်းကင်ထက်မော့၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ရှစ်ဖုန့်၏ ပုံရိပ်က ကောင်းကင်ထဲသို့ထိုးတက်သွား

ပြီးအနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေ၏  ရှေ့သို့ရောက်ရှိလာသည်။

၎င်း၏ ဘယ်လက်က လက်သည်းတစ်ခုအသွင်ဖြစ်သွားပြီး အဖြူရောင်အလင်းတစ်ခုတ

လက်လက်တောက်ပနေသည်။

ထို့နောက်သူက အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေ၏ မျက်နှာအား  ရက်ရက်စက်စက်လက်သည်းဖြင့် ကုတ်လိုက်သည်။

“ဝူး..ဝူး..ဝူး…ဝူး..”

ရှစ်ဖုန့်၏ လက်သည်းတိုက်ခိုက်မှု

အောက်တွင် အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေက နာကျင်စွာဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။ဤအချိန်၌ ကြမ်းကြုတ်ခက်ထန်သော ရှစ်ဖုန့်၏ အသွင်အပြင်က အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေထက်ပင်ပိုမို၍ မိစ္ဆာဆန်နေသည်။

“အား..တစ္ဆေဧကရာဇ် စစ်သူကြီး…ပြန်လာခဲ့..ဒီကိုပြန်လာခဲ့”

အခြားတစ်ဖက်တွင်  ကွေယင်ကျိမှာ အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေ၏ အော်ဟစ်မြည်တမ်းသံအားကြားလိုက်ရပြီး ရှစ်ဖုန့်အားကြည့်လိုက်သည်။ တစ်စုံတစ်ခုမှားယွင်းနေသည်အား  သူရုတ်တရက်သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူ၏တစ္ဆေထိန်းချုပ်ခြင်းပညာရပ်အား

အသုံးပြု၍  အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေ အားထွက်ပြေးလွတ်မြောက်ရန် မောင်းနှင်လိုက်သည်။

သို့သော် ဤအနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေအား ရှစ်ဖုန့်က မည်ကဲ့သို့ လွတ်မြောက်ခွင့်ပေးနိုင်ပါမည်နည်း။

သူက သူ၏ ဘယ်လက်သည်း၌ စွမ်းအားများပိုမို၍ အသုံးပြုလိုက်ပြီး အနက်ရောင်သံမဏိခေါင်းဆောင်းအား ဝတ်ဆင်ထားသည့် အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေ၏ ဦးခေါင်းမှာ ချက်ချင်းပဲ ရှစ်ဖုန့်၏  ဆွဲယူမှုကိုခံလိုက်ရကာ သူ၏လက်အတွင်း၌ အကိုင်ခံထားရသည်။

“ဝူး.ဝူး..ဝူး..”

ရှစ်ဖုန့်၏ လက်အတွင်းရှိ မကောင်းဆိုးဝါးတစ္ဆေ၏ ခေါင်းမှာ ဆက်လက်၍ ကြမ်းကြုတ်ခက်ထန်မှုနှင့်

အတူ  နာကျင်မှုအပြည့်ဖြင့်အော်ဟစ်မြည်

တမ်းနေသည်။ဦးခေါင်းမဲ့နေသော အနက်ရောင်ချပ်ဝတ်ကိုယ်ကြီးမှာ ခေါင်းဖြတ်ခံလိုက်ရခြင်းကြောင့် ၎င်း၏ ပိန်းပေါက်အောင်နက်မှောင်နေသော တစ္ဆေလက်သည်းနှစ်ခုအား ဦးတည်ရာမဲ့ကုတ်ခြစ်နေသည်။

သို့သော်၎င်းတို့က ရှစ်ဖုန့်၏အနားသို့ရောက်ခါနီး

သောအခါတွင် သွေးနီရောင်အလင်းတစ်ခုကရှစ်ဖုန့်၏ ကိုယ်ပေါ်တွင်လင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်တစ်ခုက သူ့ကိုယ်ပေါ်တွင်ပေါ်လာသည်။ သွေးနီရောင်ချပ်ဝတ်၏ကာကွယ်ပေးမှုအောက်တွင် တစ္ဆေလက်သည်းများနှင့် တစ္ဆေကိုယ်တို့ကသွေးနီရောင်

အလင်း၏တားဆီးခြင်းကိုခံလိုက်ရသည်။ ၎င်းတို့ကရှစ်ဖုန့်အားလုံးဝထိခိုက်

အောင်လုပ်နိုင်စွမ်းမရှိပေ။

ဤအချိန်တွင်ရှစ်ဖုန့်က  သူ၏ခေါင်းအားမော့လိုက်သည်။ဧရာမ အနက်ရောင်လက်ဖဝါးပုံရိပ်ကြီးက ကောင်းကင်နှင့်မြေပြင်ထက်တွင်ထပ်မံ၍ ဖုံးလွှမ်းလာပြန်သည်။ယင်းမှာထျန်းရှဲ့အဓိပဓိ၏ ရှစ်ဖုန့်ထံသို့ ထပ်မံ၍တိုက်ခိုက်လိုက်သော စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခုပင်ဖြစ်သည်။

“အဘိုးကြီး  ဒီသခင်လေး ဒီမကောင်းဆိုးဝါး ဝိညာဉ်ကို သတ်ပြီးတာနဲ့ ခင်ဗျားအလှည့်ဖြစ်လာလိမ့်မယ်”

ရှစ်ဖုန့်က သူ့ဓားအားကောင်းကင်ထဲသို့ထိုးညွှန်ပြီး ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။ သူ၏ ဓားမှာ အဖြူရောင်အလင်းတစ်ခုက ပစ်လွှတ်သလိုထွက်လာပြီး  ဧရာမ အနက်ရောင်လက်ဖဝါးပုံရိပ်ကြီးထံသို့ အရှိန်အဟုန်ဖြင့်ဦးတည်သွားသည်။

ထို့နောက်ရှစ်ဖုန့်က နာကျင်စွာဖြင့် ဟစ်အော်မြည်တမ်းနေဆဲဖြစ်သော အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေ၏ ဦးခေါင်းအားမြှောက်လိုက်သည်။ သူကသူ၏ ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်လိုက်ပြီး ဝိညာဉ်တိုက်ခိုက်မှုဖြင့် အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေ၏ဦးခေါင်းအား တရစပ် တိုက်ခိုက်လိုက်သည်။

အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေ၏ စူးစူးဝါးဝါးအော်ဟစ်သောအသံက ပို၍ပို၍ စိတ်မချမ်းမြေ့ဖွယ်ကောင်းလာသည်။

ယင်ကွေဂိုဏ်း၏တပည့်များမှာသူတို့၏ အရိုးများထဲထိအေးစိမ့်မှုအားခံစားလိုက်ရပြီး  သူတို့၏ ဆံပင်များပင်ထောင်သွားသည်။

ထို့နောက်ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အားကောင်းပြီး မမြင်နိုင်သော ဝဲလ်တစ်ခုအဖြစ် ပုံပေါ်လာသည်။

အနက်ရောင်ချပ်ဝတ်မကောင်းဆိုးဝါး

တစ္ဆေ၏ ဦးခေါင်းက စတင်၍ တွန့်လိမ်လာပြီးပြောင်းလဲလာသည်။

ထို့နောက်တွင်၎င်းက ထူထဲသော အဖြူရောင်မြူခိုးတစ်ခုအဖြစ်သို့

ပြောင်းလဲသွားပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။

ဖျက်ခနဲဆိုသလို ၎င်းက ရှစ်ဖုန့်ဝိညာဉ်၏ လုံးဝဝါးမျိုမှုကိုခံလိုက်ရသည်။

ထို့နောက်ချက်ချင်းအနက်ရောင်

ချပ်ဝတ်မကောင်းဆိုးဝါး တစ္ဆေမှာ ရူးသွပ်သွားပုံရသည်။သိပ်သည်းသော မီးခိုးရောင်မြူများက  ဦးခေါင်းမဲ့နေသောအနက်ရောင်

ချပ်ဝတ်ကိုယ်မှ ရစ်ပတ်လွှမ်းခြုံ

ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးက ရှစ်ဖုန့်၏ နဖူးထံသို့ တစ်ဟုန်ထိုးဦးတည်လာသည်။

မကြာခင် သိပ်သည်းသောအဖြူရောင်မြူခိုးတို့နှင့် သန့်စင်သာယင်ဝိညာဉ်ခန္ဓာတို့မှာ

ရှစ်ဖုန့်၏ ဝါးမျိုမှုအားလုံးဝခံလိုက်ရသည်။

အဆင့်ခြောက်အထွတ်အထိပ်အဆင့်နားနီးကပ်နေသော ယင်ဝိညာဉ်အားဝါးမျိုပြီးသည့်နောက် သူ၏ယခင်တိုက်ပွဲများအတွင်း

ဝါးမျိုခဲ့သောဝိညာဉ်စွမ်းအားများကို ထပ်ပေါင်းလိုက်လျှင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားမှာ အဆင့်ခြောက်အားချိုးဖျက်သွားပြီး အဆင့်ခုနှစ်သို့ဝင်ရောက်သွားသည်။

“အဘိုးကြီး အခုမှ ခင်ဗျားက ထွက်ပြေးချင်နေတာလား”

တစ္ဆေဧကရာဇ်စစ်သူကြီးအား

ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်က ကောင်းကင်ထဲသို့ကြည့်လိုက်ပြီး ထျန်းရှဲ့အဓိပဓိက ထွက်ပြေးလွတ်မြောက်ရန်ကြိုး

စားနေသည်ကိုတွေ့လိုက်ရသည်။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်..လှုပ်ခတ်ခြင်း”

ရှစ်ဖုန့်၏မျက်လုံးများကအေးစက်နေသည်။သူကအေးစက်စွာအော်ပြောလိုက်သည်။

အစောကတင်အဆင့်ခုနှစ်သို့

ရောက်ရှိသွားသော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ထွက်ပြေးနေသော ထျန်းရှဲ့အဓိပဓိထံသို့ ပျံသန်းသွားသည်။

“အား …ရုတ်တရက်ကြီးကောင်းကင်ထဲ၌ ပျံသန်းနေသော ထျန်းရှဲ့အဓိပဓိမှာ သူ့ဦးခေါင်းအတွင်းမှစူးရှသော

နာကျင်မှုကိုခံစားလိုက်ရသည်။

ယင်းမှာမမြင်နိုင်သော ဧရာမတူကြီးတစ်လက်က ပေါ်လာပြီး သူ၏ခေါင်းအားပြင်းထန်စွာ

ထုနှက်လိုက်သကဲ့သို့ပင်ဖြစ်သည်။

သူကနာကျင်စွာဖြင့် မြည်တမ်းလိုက်ပြီးသူ၏ကိုယ်ကလည်း ကြိုးပြတ်သွားသောစွန်တစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုးပြုတ်ကျလာသည်။

“ပြီးတော့မင်းတို့တွေ”

ထျန်းရှဲ့အဓိပဓိအား တိုက်ခိုက်ပြီးသည့်နောက်တွင် ရှစ်ဖုန့်၏အေးစက်သောမျက်လုံးများက ယင်ကွေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ကွေယင်ကျိပေါ်သို့ကျရောက်သွားသည်။ ဤအချိန်တွင် ကွေယင်ကျိနှင့် ယင်ကွေဂိုဏ်း၏ တပည့်များမှာ ရှစ်ဖုန့်၏ ရှေ့၌ ရပ်နေကြသည်။အရူးတစ်ယောက်

ကဲ့သို့ဖြစ်နေသောရှစ်ဖုန့်နှင့် ထုတ်ဖော်ပြသခဲ့သော စွမ်းအားကြီးတိုက်ခိုက်ရေးစွမ်း

အားတို့ကြောင့် သူတို့၏နှလုံးသားများမှာ ကြောက်ရွံ့မှုများဖြင့်တုန်ယင်နေကြပြီဖြစ်သည်။ ဤသည်မှာ အရူးရှစ်ဖုန့် ..အရူးရှစ်ဖုန့်ပင်ဖြစ်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters