အပိုင်း(၃၃၇)
Vol. 23 Ch. 337
ယင်ကွေဂိုဏ်း၏ တပည့်များမှာ
ငှက်များ သားရဲများကဲ့သို့ လူစုခွဲ၍ ဦးတည်ချက်အနှံ့သို့ထွက်ပြေးကြသည်။
ယင်ကွေိဂိုဏ်း၏ အစွမ်းအထက်ဆုံးစစ်သည်
တော်ဖြစ်သော တစ္ဆေဧကရာဇ်စစ်သူကြီးမှာ အရူးနတ်ဆိုးရှစ်ဖုန့်၏ သတ်ဖြတ်ခြင်းအားခံလိုက်ရသည်ဖြစ်သည်။
ထျန်းရှဲ့ဂိုဏ်း၏ အစွမ်းအထက်ဆုံးကျင့်ကြံသူဖြစ်သော ထျန်းရှဲ့အဓိပဓိပင် စတင်ပြီးထွက်ပြေးခဲ့သည်။
ဘယ်လိုဖြစ်ပြီးသူတို့က ဤနေရာ၌ နေရဲပါမည်နည်း။
“မင်းတို့..မင်းတို့တွေအားလုံးသေကြစမ်း”
ရှစ်ဖုန့်၏ မျက်နှာကကြမ်းကြုတ်ခက်ထန်နေသည်။ ထွက်ပြေးနေကြသောယင်ကွေဂိုဏ်း၏ တပည့်များအား ကြည့်ကာ ဝိညာဉ်တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်၍ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ဖြင့် ယင်ကွေဂိုဏ်း၏ တပည့်များထံသို့ တိုက်ခိုက်လိုက်သည်။ပထမဆုံးတိုက်ခိုက်လိုက်သည့်သူက ကွေယင်ကျိကိုဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏ပုံရိပ်က ထိုဦးတည်ချက်ဆီသို့ ဖျက်ခနဲဦးတည်သွားသည်။ မှောင်မိုက်သောဟင်းလင်းပြင်ထဲတွင် သိပ်သည်းသောအဖြူရောင်ဓားချီစီး
ကြောင်းတို့က လွတ်လပ်စွာလှုပ်ရှားနေပြီး ယင်ကွေဂိုဏ်းမှတပည့်များ၏ ကိုယ်များအားအပိုင်းပိုင်းဆုတ်ဖြဲပစ်နေသည်။
ပြင်းထန်စွာတောက်လောင်နေသော သွေးနီရောင်မီးတောက်တို့ကလည်း ဟင်းလင်းပြင်အတွင်ဦးတည်ချက်အားလုံးအား တစ်ဟုန်ထိုးလောင်ကျွမ်းသွားသည်။
၎င်းတို့က ပြင်းထန်စွာတောက်လောက်နေပြီး တိုက်စားခြင်းမြူခိုးတို့ကလည်းပါဝင်နေသည်။ယင်းမှာတိုက်စားခြင်းမြူပင်လယ်ကြီးက ဟင်းလင်းပြင်အတွင်းတလိပ်လိပ်တက်လာသကဲ့သို့ဖြစ်သည်။
ဧရာမအဖြူရောင်တစ္ဆေလက်သည်း
ကြီးနှစ်ခုက ဟင်းလင်းပြင်ထဲတွင်စတင်ပေါ်လာပြီး ယင်ကွေဂိုဏ်းမှတပည့်များ၏ ထွက်ပြေးလွတ်မြောက်ရာလမ်း
ကြောင်းတို့အား ပိတ်ပင်ထားသည်။
ထို့နောက် ဟင်းလင်းပြင်အားသိမ်းကျှုံး
လွှဲယမ်းမှုနှင့်အတူ ယင်ကွေဂိုဏ်း၏ ဒါဇင်နှင့်ချီသောတပည့်များမှာ ယင်ကွေဂိုဏ်း၏တပည့်များမှာ တစ္ဆေလက်သည်းတို့၏ ပုတ်ခတ်မှုကိုခံလိုက်ရသည်။
ထို့နောက်တွင် တစ္ဆေလက်သည်းတို့က တင်းကျပ်စွာ ခပ်ကြမ်းကြမ်းဖျစ်ညှစ်လိုက်သည်။
“အား…………”
ကြောက်လန့်မှု၊ အလိုမရှိမှု၊နာကျင်မှုအသံများနှင့် စိတ်မချမ်းမြေ့ဖွယ် ငိုကြွေးသံများက ငရဲတစ္ဆေလက်သည်းများထံမှ
ထွက်ပေါ်လာသည်။ရုတ်ခြည်း အဖြူရောင်ငရဲတစ္ဆေလက်သည်းများက ဧရာမအဖြူရောင်လက်သီးကြီး
နှစ်ခုဖြစ်လာသည်။တောက်ပ နီရဲသောသွေးစီးကြောင်းများက ဧရာမလက်သီးကြီးများမှစီးဆင်း
ထွက်လာပြီး သိပ်မဝေးသောနေရာတွင်ရှိနေသည့် ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်သွားသည်။
“အား…အား..”
“အား…အား..”
“အား…အား..”
“မဟုတ်ဖူး..မလုပ်ပါနဲ့”
မှုန်မှိုင်းသောကမ္ဘာအတွင်းတွင် စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံများက အဆက်မပြတ်ပဲ့တင်ထွက်ပေါ်နေသည်။
အဖြူရောင်အလင်းတစ်ခုဖျက်ခနဲ
လင်းလက်မှုနှင့်အတူ ရှစ်ဖုန့်၏ ခန္ဓာကိုယ်အစစ်ကပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်များကိုသာ ချန်ရစ်ထားခဲ့သည်။ရှစ်ဖုန့်၏ ပုံရိပ်ပြန်လည်၍ပေါ်လာသောအခါတွင် မြေပြင်ထက်မှတစ်ဟုန်ထိုး
ထွက်ပြေးနေသော ကွေယင်ကျိ၏ အပေါ်သို့ရောက်နေပြီးဖြစ်သည်။အဖြူရောင်တို့စွန်းထင်းနေသော ဓားရှည်အား ကွေယင်ကျိ၏ ကျောပြင်သို့ရုတ်တရက်ထိုးသွင်းလိုက်သည်။ ဓားတစ်ခုလုံးက ဖောက်ထွင်းဝင်ရောက်သွားပြီး ကွေယင်ကျိ၏ ရင်ဘက်မှပြန်လည်၍ ထွက်ပေါ်လာသည်။
“အား”
ကွေယင်ကျိ၏ ကိုယ်ကပြင်းထန်စွာတုန်ယင်သွားသည်။
သူက အသတ်ခံရသည့်ဝတ်တစ်ကောင်ကဲ့သို့ နာကျင်စွာဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။
ထို့နောက် ရှဏ်ဖုန့်နှင့်ကွေယင်ကျိက အတူတကွဖျက်ခနဲပျောက်ကွယ်သွားသည်။
သူတို့ပေါ်လာသောအခါတွင် မြေပြင်ထက်၌ ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်းနေသော ထျန်းရှဲ့အဓိပဓိ၏အပေါ်သို့ရောက်ရှိလာသည်။ ထျန်းရှဲ့အဓိပဓိကလှုပ်ရှားလိုက်သောအခါတွင် ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က
သူ့အပေါ်သို့ထပ်မံ၍ ထိမှန်လာသည်။
“အား”
နောက်ထပ်စူးစူးဝါးဝါး နှင့် နာကျင်စွာအော်ဟစ်သော အသံတစ်ခုက ထွက်ပေါ်လာသည်။ အစောပိုင်းက လှုပ်ရှားလာသော ထျန်းရှဲ့အဓိပဓိ၏
ကိုယ်မှာ ရုတ်တရက်ထပ်မံ၍ ဆန့်ငင်ဆန့်ငင်ဖြစ်သွားသည်။ ထို့နောက်သူ၏တစ်ကိုယ်လုံးက မြေပြင်နှင့် ထပ်မံ၍ စုံမက်ဖူးစာလည်သွားသည်။
ထို့နောက်သူကကွေယင်ကျိအားထိုးစိုက်လျက်တန်းလန်းဖြစ်သော သွေးဓားအားအောက်တွင်ရှိနေသာ ထျန်းရှဲ့အဓိပဓိထံသို့ ပစ်လွှတ်လိုက်သည်။ ကွေယင်ကျိအားသယ်ဆောင်လာ
ခဲ့သောသွေးဓားက ထျန်းရှဲ့အဓိပဓိ၏ ကျောပြင်အားဖျက်ခနဲဆိုသလို
ထိုးစိုက်သွားသည်။ စူးစူးဝါးဝါးငယ်သံပါအောင်အော်ဟစ်သံက ယှဉ်တွဲလိုက်ပါလာပြီး သွေးဓား က ထျန်းရှှဲ့အဓိပဓိနှင့်ကွေယင်ကျိ
တို့အားမြေပြင်၌ ပင်အပ်နှင့်စိုက်ထားသကဲ့သို့ မြဲမြံစွာထိုးစိုက်ထားသည်။
အတောင်ပံပါအနက်ရောင် မြွေအားစီးနင်းထားသော သက်လတ်ပိုင်းအရွယ်ဘုရင်နယ်ပယ် ယင်ကွေဂိုဏ်း၏ တပည့်တစ်ယောက် က မြင့်မားသောအမြန်နှုန်းဖြင့်ထွက်ပြေးနေသည်။ဤတစ်ကြိမ်၌သူသည်သေခြင်း
တရားမှသီသီကလေး လွတ်မြောက်လာခဲ့သည်။ဟင်းလင်းပြင်အား သိမ်းကျုံးဖြတ်သန်းလာသော
အဖြူရောင်ဓားချီတို့က အကြိမ်များစွာသူ့ကိုယ်အား
ထွင်းဖောက်လုနီးပါးဖြစ်ခဲ့သော်လည်း
သူနှင့် သူစီးနင်းထားသော အနက်ရောင်မြွေတို့က ပွတ်ကာသီကာရှောင်တိမ်းနိုင်ခဲ့၏။
သူ့အဖော်ဖြစ်သူများ၏ နာကျင်မှုအပြည့်ဖြင့်အော်သံများအားကြားရသောအခါတွင် ယင်ကွေဂိုဏ်း၏ တပည့်မှာရပ်တန့်ရဲခြင်းမရှိချေ။ သူကနတ်ဆိုးသားရဲအား အသားကုန်အားထည့်၍ အဝေးကိုမောင်းနှင့်ပျံသန်းစေသည်။
သူ၏အနောက်ဘက်ရှိအော်ဟစ်သံများက ဖြည်းဖြည်းချင်းပျောက်ကွယ်သွား
သောအခါတွင် ယင်ကွေဂိုဏ်း၏တပည့်ဖြစ်သူမှာ တိတ်တဆိတ်စိတ်သက်သာရာရစွာ
ဖြင့်သက်ပြင်းချလိုက်သည်။
သူကခေါင်းကိုလှည့်လိုက်ပြီး အကွာအဝေးတစ်ခုအတွင်း
ရှိကောင်းကင်ပြင်အားကြည့်လိုက်သည်။
သူကသူ့ဟာသူတွေးလိုက်၏။
“ငါတို့တော်တော်ဝေးဝေးကိုပြေးလာတာ…
နတ်ဆိုးကငါတို့နောက်ကိုတော့ မလိုက်ဖမ်းလောက်တော့ဘူး”
သို့သော် ယင်ကွေဂိုဏ်း၏တပည့်ဖြစ်
သူက သူ့ခေါင်းကိုလှည့်၍ရှေ့သို့ကြည့်
လိုက်ပြီးဆက်လက်၍ ထွက်ပြေးရန်ရည်ရွယ်လိုက်သောအခါတွင် မျက်နှာပြင်ထက်တွင်အေးစက်
မှုများဖြင့်ပြည့်နှက်နေသော မြင့်မားသောသွေးရောင်ချပ်
ဝတ်နှင့်ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည်။
သူ၏မျက်လုံးအတွင်းတွင်ဤပုဂ္ဂိုလ်မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
“အား”
ထို့နောက်ပြင်းထန်သော
သွေးနီရောင်မီးတောက်များက ကြမ်းကြုတ်ခက်ထန်သော
သွေးနီရောင်သားဂရဲတစ်ကောင်ကဲ့သို့ သိမ်းကျုံးဦးတည်လာသည်။၎င်းက ယင်ကွေဂိုဏ်း၏ ဘုရင်နယ်ပယ် တပည့်ဖြစ်သူနှင့် သူ၏ အတောင်ပံပါ အနက်ရောင်မြွေတို့အား ဝါးမျိုသွားသည်။
သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့်ထံသို့ ပြန်လည်၍ လှိမ့်ဝင်လာသည်။
ရှစ်ဖုန့်က သူ့ရှေ့ရှိဘာမရှိသော မူလအခြေအနေဖြစ်သည့် တိတ်ဆိတ်ငြိမ်သက်မှုအဖြစ်
သို့ပြောင်းလဲသွားသော ဟင်းလင်းပြင်အား စိုက်ကြည့်နေ၏။
ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားခဲ့ကြသော ယင်ကွေဂိုဏ်း၏ သုံးရာထက်ပိုသော တပည့်များမှာ ရှစ်ဖုန့်၏ သုတ်သင်ရှင်းလင်းခြင်းကိုခံလိုက်ရသည်။ အဖြူရောင်ဓားချီ၊ တစ္ဆေလက်သည်း၊ သွေးနီရောင်မီးတောက်နှင့် တိုက်စားခြင်းမြူတို့၏ အောက်တွင် ၎င်းတို့အားလုံးမှာ အစုလိုက်အပြုံလိုက်ပင်အ
သတ်ခံလိုက်ရသည်။ရှစ်ဖုန့်၏တစ္ဆေလက်သည်းများဆီမှနေ၍ တစ်ယောက်တစ်လေပင် လွတ်မြောက်သွားခြင်းမရှိပေ။
ရှစ်ဖုန့်က သူတို့အားလုံးအား သေရမည်ဟုပြောခဲ့သည်။ ထို့ကြောင့်၎င်းတို့အနေဖြင့်
သေကြရမည်သာဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က မြေပြင်၌ သွေးဓားဖြင့် မြဲမြံစွာထိုးစိုက်ခြင်းခံထားရသော ပုံရိပ်နှစ်ခုအားငုံ့ကြည့်လိုက်သည်။
ထျန်းရှဲ့အဓိပဓိနှင့် ကွေယင်ကျိတို့မှာ အပြင်းအထန်ရုန်းကန်လှုပ်ရှားနေကြသည်။
လက်သီးဆုပ်အရွယ် သွေးနီရောင် လစန္ဒြာသားရဲက သွေးဓား၏ထိပ်ဖျားပေါ်တွင်ပေါ်လာသည်။
၎င်းက သွေးနီရောင်အကြေးခွံများဖြင့် ဖုံးကာထားပြီး ၎င်း၏ဦးခေါင်းထက်တွင် ချွန်မြသော ဦးချိုတစ်ခုရှိသည်။
၎င်းမှာ သွေးဓား၏ လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲပင်ဖြစ်သည်။
သွေးလစန္ဒြာသားရဲမှာသေးငယ်သော်လည်း ၎င်း၏ ပုံစံက ကြမ်းကြုတ်ခက်ထန်သည်။၎င်းက ပါးစပ်ကိုဖွင်ဟ၍ သေးငယ်သော ချွန်မြသည့် သွေးနီရောင်သွားစွယ်တန်းနှစ်ခု
အားလှစ်ဟာပြထား၏။
“ဂါး”
၎င်းက ဟိန်းဟောက်၍ ကွေယင်ကျိ၏ ကျောပြင်ပေါ်သို့ခုန်အုပ်လိုက်သည်။
ထို့နောက်တွင်၎င်းက ကွေယင်ကျိ၏ လည်းပင်နောက်ဘက်အား ကိုက်ခဲလိုက်၏။
“အား”
ကွေယင်ကျိမှာလွန်စွာနာကျင်လွန်းပြီး အေးစိမ့်မှုအောက်၌
နောက်တစ်ကြိမ်ထပ်မံ၍ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်လိုက်ရသည်။
သူ၏ခန္ဓာကိုယ်မှာ ရေခဲအတွင်းအေးခဲခံရသကဲ့သို့
ပြင်းထန်စွာဖြင့် တဆက်ဆက်တုန်ယင်နေသည်။
“ဟူး”
ကွေယင်ကျိအားတစ်ချက်ကိုက်
ခဲပြီးသည့်နောက်တွင် သွေးလစန္ဒြာသားရဲက ၎င်းအားလွှတ်ပေးလိုက်သည်။
ထို့နောက်၎င်းကသူ၏ ခွာတို့အားဆောင့်နင်းလိုက်ပြီး ကောင်းစွာပြုမူခြင်းမရှိသော ထျန်းရှဲ့အဓိပဓိပေါ်သို့ခုန်အုပ်လိုက်သည်။
ထို့နောက်၎င်းက ထျန်းရှဲ့အဓိပဓိ၏ လည်ပင်းအနောက်ဘက်အား
ကိုက်ခဲလိုက်သည်။
“အား”
ကွေယင်ကျိကဲ့သိုပင် ထျန်းရှဲအဓိပဓိက ခန္ဓာကိုယ်က ပြင်းထန်စွာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသကဲ့သို့ မချိမဆန့်ခံစားရစွာဖြင့် ဟစ်အော်လိုက်သည်။
“နာလား.”
ရုတ်တရက် အေးစက်သာအသံတစ်ခုက ကွေယင်ကျိနှင့် ထျန်းရှဲ့အဓိပဓိတို့၏ရှေ့၌ထွက်ပေါ်လာသည်။ထျန်းရှဲ့အဓိပဓိနှင့် ကွေယင်
ကျိတို့က ကြည့်လိုက်သောအခါတွင် လွန်စွာအေးစက်သောမျက်နှာနှင့် သွေးနီရောင်ပုံရိပ်တစ်ခုအား သူတို့မြင်တွေ့လိုက်ရသည်။
“ဖုန့် …သခင်လေးဖုန့်
ကျေးဇူးပြုပြီး ကျုပ် အသက်ကို ချမ်းသာပေးပါ…အခုကစပြီး ကျုပ်ကွေယင်ကျိက သခင်လေးဖုန့်မပေါ်သစ္စာရှိပါ့မယ်လို့ ကတိပေးပါတယ်”
ကွေယင်ကျိက ငယ်ရွယ်ပြီးအေးစက်သော မျက်နှာအားကြည့်၍
သနားညှာတာပေးပါရန် တောင်းပန်သည်။
“အမျိုးသမီးတစ္ဆေတွေကိုလွှဲပေးစမ်း”
ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
“ဟုတ်…ဟုတ်…ဟုတ်ကဲ့ပါ
သခင်လေးဖုန့် “
ကွေယင်ကျိက ထပ်တလဲလဲခေါင်းညိမ့်လိုက်သည်။
ထို့နောက် “ကွေ”ဟူသော စကားလုံးနှင့် ကြီးမားသော အနက်ရောင်တံခွန်တစ်ခုက သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ပျံသန်းထွက်လာသည်။
ရှစ်ဖုန့်က သူ့လက်အားဆန့်ထုတ်လိုက်ပြီး တံခွန်အားဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူ၏ဘယ်လက်ဖြင့်လက်
သင်္ကေတတစ်ခုအား ပုံဖော်လိုက်ပြီး တံခွန်ပေါ်သို့ရိုက်လိုက်သည်။
ရုတ်တရက်ကြီး ကွေယင်ကျိ၏ မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူအပါအဝင်ယခင်ယင်ကွေဂိုဏ်း၏ ခေါင်းဆောင်များ ချန်ရစ်ထားခဲ့ကြသော ဆီးလ်များအားလုံးက ရှစ်ဖုန့်ကြောင့် ဖျက်ဆီးခံလိုက်ရသည်ကို သူအစောပိုင်းက အာရုံခံမိလိုက်သည်။
ထို့နောက်မကြာခင်
ရှစ်ဖုန့်က အနက်ရောင်တစ္ဆေမျက်နှာ တံခွန်အားသူ၏လက်အတွင်း ကိုင်ထားပြီး အတင်းအကြပ်နှစ်ကြိမ် လှုပ်ခါလိုက်သည်။
“ဝူး.ဝူး..ဝူး.”
“ဝူး..ဝူး.ဝူး..ဝူး.”
“ဝူး..ဝူး.ဝူး..ဝူး.”
ထိုအသံတို့မှာ တံခွန်ထံမှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE