← Chapters

အပိုင်း(၃၃၈)

Vol. 23 Ch. 338

အပိုင်း(၃၃၈)

Vol. 23 Ch. 338

အမျိုးသမီးငိုကြွေးသောအသံများနှင့်အတူ ပုံရိပ်နှစ်ခု အနက်ရောင် တစ္ဆေမျက်နှာဖုံးတံခွန်အတွင်းမှ လွင့်မျောထွက်ပေါ်လာသည်။ ၎င်းတို့မှာဖရိုဖရဲရှုပ်ထွေးသော ဆံပင်များနှင့်အတူ အဝတ်ဗလာခန္ဓာကိုယ်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။

သူတို့၏ခန္ဓာကိုယ်များတွင် ခေါင်းအစခြေအဆုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ အထူးသဖြင့်၎င်းတို့၏ ငေါထွက်နေသော ဝမ်းဗိုက်သားများဖြစ်ပြီး ယင်းတို့က မျက်လုံးတို့အားတုန်လှုပ်သွားစေနိုင်သော ရှည်လျားသည့်ဓားဒဏ်ရာများဖြစ်ကြသည်။

ဤဒဏ်ရာမှ သွေးများကဆက်လက်၍ ယိုစီးကျနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်သို့စီးဆင်းနေကြသည်။

ဤသည်မှာ ဤနာကြည်းချက်အာဃာတ တစ္ဆေများ ၎င်းတို့ မ

သေဆုံးခင်ဖြစ်ပွဲ့ခဲ့သော စိတ်မချမ်းမြေ့ဖွယ်ရာအ

ခြေအနေပြင်ဖြစ်သည်။၏

“ဝူး..ဝူး..ဝူး..ဝူး..ဝူး.ဝူး.”

သူတို့၏ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ငိုကြွေးသံများနှင့် သူတို့၏ခန္ဓာကိုယ်များမှ ထုတ်လွှတ်နေသည့် အားကောင်းသော မကျေချမ်းမှုများအရ လူတစ်ယောက်အနေဖြင့်သ

ူတို့မည်ကဲ့သို့သောနာကျင်မှု

အပြည့်ဖြင့်သေဆုံးခဲ့ကြရသည်ကို ပြောနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်က အနက်ရောင်တစ္ဆေမျက်နှာ

ဖုံးတံခွန်ကိုဝေ့ယမ်းလိုက်ပြီး သွေးနီရောင်အလင်းက သူ၏ ခန္ဓာကိုယ်နှင့်အာဃာတ တစ္ဆေတို့ထံတွင် လင်းလက်လာသည်။သူတို့အတူတကွ သွေးနီရောင်ကမ္ဘာအတွင်းသို့ဝင်ရောက်သွားကာ အမှောင်ကမ္ဘာအတွင်း လေထဲ၌ သေးငယ်သောသွေးကျောက်ပြား

လေးတစ်ခုသာ လွင့်မျောကျန်ရစ်နေခဲ့သည်။

“ဝါး.ဝါး.စီနီယာအမ..အမဘာဖြစ်ခဲ့တာလဲ….စီနီယာအမ..”

သူတို့သွေးနီရောင်ကမ္ဘာအတွင်းသို့ ဝင်လာသောအခါတွင်အဝေးမှနေ၍ စံပယ်လေး၏ ဝမ်းနည်းကြေကွဲဖွယ်ငိုကြွေးသံ

ကိုကြားရနိုင်သည်ဖြစ်သည်။

အကွာအဝေးတစ်ခုတွင် ဟုန်ယွဲ့၏ ခန္ဓာကိုယ်က လေထဲတွင်လွင့်မျောနေသည်။

သူ၏သိသာမြင်သာသောပါးပြင်များ၊လည်ပင်းနှင့်လက်များတွင် ပင့်ကူအိမ်ကဲ့သို့အနက်

ရောင်မျဉ်းများက  ဖုံးလွှမ်းနေဆဲဖြစ်သည်။

စံပယ်လေးက ဟုန်ယွဲ့၏ နံဘေးနားတွင် ဒူးထောက်နေသည်။သူမ၏

မျက်နှာထက်တွင် မျက်ရည်များဖြင့်ဖုံးလွှမ်းနေပြီး

ပူဆွေးသောကများဖြင့် ငိုကြွေးနေခြင်းဖြစ်သည်။

ရှစ်ဖုန့်ကသူမတို့အား အနှောင့်အယှက််ပေးခြင်းမရှိပေ။

ထိုအစားသူက အာဃာတတစ္ဆေနှစ်ကောင်အား အမိန့်ပေးရန်အတွက် သူ၏လက်အတွင်းရှိ အနက်ရောင်တစ္ဆေမျက်နှာဖုံးတံခွန်ကို အသုံးပြုလိုက်သည်။ဖြည်းဖြည်းချင်း ဆင်တူမှုရှိသော သွေးရောင် တစ္ဆေကလေးငယ်နှစ်ဦးက  ဟုန်ယွဲ့နှင့် စံပယ်လေးတို့၏ ခန္ဓာကိုယ်ထံမှလွင့်မျောထွက်လာပြီး ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာပျံသန်းသွားသည်။

“ကလေး..အား…”

“ငါ့ကလေး…အား..”

သူမတို့၏စိတ်များလွတ်သွားပုံရသည့်  ငိုကြွေးနေသောတစ္ဆေအမျိုးသမီးနှစ်ဦးမှာ သူမတို့၏ တစ္ဆေကလေးငယ်များအား မြင်တွေ့လိုက်ရသောအခါတွင် ရုတ်တရက်ကျယ်လောင်စွာဖြင့်

ဝမ်းနည်းကြေကွဲဖွယ်ငိုကြွေးအော်ဟစ်လိုက်သည်။သူတို့၏ ခန္ဓာကိုယ်များက လေထဲတွင်လွင့်မျောတက်လာပြီး  သူတို့၏  တစ္ဆေကလေးငယ်များအား  ထွေးဖက်လိုက်သည်။

ထို့နောက်တွင်အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်နှင့် တစ္ဆေကလေးငယ်စုံတွဲနှစ်ခုက သွေးနီရောင်ကမ္ဘာအတွင်းမှ အတူတကွထွက်လာပြီး မှောင်မိုက်နေသောကမ္ဘာသို့ ပြန်လည်၍ ရောက်ရှိလာသည်။

ရှစ်ဖုန့်အားထပ်မံ၍ မြင်တွေ့လိုက်ရသောအခါတွင် ကွေယင်ကျိက အလျှင်အမြန်ထပ်မံ၍တောင်းပန်လိုက်သည်။

“သခင်လေးဖုန့် ..ဒီလက်အောက်ခံက သခင်လေးကို တစ္ဆေကလေးငယ်တွေနဲ့ ယင်ကွေဂိုဏ်းက မျိုးဆက်များစွာလက်ဆင့်ကမ်းလာခဲ့တဲ့ အနက်ရောင်တစ္ဆေမျက်နှာဖုံးတံခွန်ကို  လက်လွဲပေးခဲ့ပြီးပါပြီ…ကျေးဇူးပြုပြီး ဒီလက်အောက်ငယ်သားကိုခွင့်လွှတ်ပေးပါ…

ဟုန်ယွဲ့ထိခိုက်ဒဏ်ရာရသွား

တာတွေအကုန်လုံးက  အဲ့သူတောင်းစားအိုကြီးထျန်းရှဲ့ကြောင့်ပါ…

.ပြီးတော့ ဟုန်ယွဲ့နဲ့စံပယ်လေးတို့ကို ကျိန်စာတိုက်ထားခဲ့ရတဲ့ အကြောင်းပြချက်က အဲ့သူတောင်းစားအိုကြီး ထျန်းရှဲ့ကြောင့်ပါပဲ…သူက အိုမင်းရွတ်တွနေတာတောင် နွားအိုမြက်နုကြိုက်လုပ်ချင်နေတုံးပါပဲ”

“ကွေယင်ကျိ…မင်းဘယ်လိုတောင်…”

ဤအချိန်တွင်ကွေယင်ကျိ၏ အောက်၌ရှိနေသောထျန်းရှဲ့အဓိပဓိက  ဒေါသတကြီး ဖြင့် အော်ဟစ်လိုက်သည်။

“ငါသာဒီနေ့ကံကောင်းပြီးတော့ ရှင်သန်နိုင်ခဲ့ရင် ..ဒီကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးသော အပြစ်ပေးမှုမျိုးနဲ့ မင်းကိုဒုက္ခဝေဒနာတွေခံစား

ရအောင်လုပ်ပြမယ်”

ထျန်းရှဲ့အဓိပဓိ၏  စကားတို့အား ကြားရသောအခါတွင်  ကွေယင်ကျိက ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဟမ့်…ထျန်းရှဲ့..သခင်လေးဖုန့်သာဒီမှာရှိနေရင် ခင်ဗျားက  ပျက်ကိန်းစိုက်နေပြီ..အဘိုးကြီး  ခင်ဗျားက ကျုပ်ရဲ့ယင်ကွေဂိုဏ်းကို ဆယ်စုနှစ်ပေါင်းများစွာဖိနှိပ်ချုပ်ချယ်ခဲ့ပြီးတော့ ကျုပ်ရဲ့ယင်ကွေဂိုဏ်းကနေ အမျိုးသမီးများစွာကို  တောင်းဆိုခဲ့တယ်….သူတောင်းစားအိုကြီး ဒီနေ့တော့ ခင်ဗျား ဝဋ်လည်တာပဲ..”

လူနှစ်ဦး၏ ခွေးကဲ့သို့ ကိုက်နေမှုကိုကြားရပြီး ရှဏ်ဖုန့်က အနက်ရောင်တစ္ဆေမျက်နှာဖုံးတံခွန်ကို ဝေ့ယမ်းလိုက်သောအခါ မိခင်နှင့်ကလးတစ္ဆေစုံတွဲနှစ်ခုနှင့် အနက်ရောင်တစ္ဆေမျက်နှာတံခွန်တို့ကြားထဲရှိ ဆက်သွယ်မှုတို့မှာ ရုတ်တရက် ပျောက်ဆုံးသွားသည်။

ကွေယင်ကျိမှာ ရှစ်ဖုန့်၏ အပြုအမူများနှင့် တစ္ဆေစုံတွဲနှစ်ခုတို့ကြားရှိ ပြောင်းလဲမှုတို့အားမြင်တွေ့

လိုက်ရသောအခါတွင်  သူ၏မျက်နှာမှာကြီးမားသောပြောင်းလဲမှုတို့ဖြစ်သွားသည်။သူကရှစ်ဖုန့်အားဆက်လက်၍ သနားညှာတာပေးပါရန်တောင်းပန်သည်။

“အား..အား…သခင်လေးဖုန့်..မဟုတ်ဖူး..သခင်လေးဖုန့်..ကျုပ်သခင်လေးရဲ့ ခွေး၊နွား၊မြင်း၊ဝက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်..သူတို့ကိုဝေးဝေးထားပေးပါ…သူတို့ကိုဝေးဝေးမှာထားပါ..မဟုတ်ရင် ……..ကျုပ်သေလိမ့်မယ်”

ရှစ်ဖုန့်က ကွေယင်ကျိ၏ တောင်းပန်မှုအားဂရုစိုက်ခြင်းမရှိပေ။

သူက၎င်းအားအေးစက်စွာ

သာကြည့်လိုက်သည်။

“ခီး..ခီး..ခီး..ခီး..ခီး..ခီး..ခီးခီးခီး…”

ရုတ်တရက် အမျိုးသမီးတစ္ဆေနှစ်ဦးက ထူးဆန်းပြီး ချောက်ချားဖွယ်ရယ်မောလိုက်သည်။

“ခီး..ခီး..ခီး..ခီး…ခီး..”

“ဝူး..ဝူး..ဝူး..ဝူး…ဝူး..ဝူး…”

သူမတို့က စိတ်မချမ်းမြေ့ဖွယ်ငိုကြွေးနေစဉ် ထူးဆန်းသောနည်းလမ်းတစ်ခုဖြင့် ရယ်မောနေသည်။ သူမတို့၏ ရှုပ်ပွနေသောဆံပင်ရှည်တို့က  သူမတို့၏ ဖြူဖျော့သောမျက်နှာတစ်ဝက်အား ဖုံးအုပ်နေသည်။သူမတို့က  ကွေယင်ကျိအားမျက်နှာခြင်းဆိုင်လိုက်ပြီး  သူမတို့၏နှုတ်ခမ်းထောင့်များက

အကျည်းတန်သောအပြုံးမျိုးဖြင့် လှောင်ပြုံးတွန့်ကွေးသွားသည်။

“ခီးခီးခီး..ခီးခီးခီးခီး..ခီးခီး.”

“ဝါး.ဝါး..ဝါး..ဝါး..ဝါး. ဝါး.ဝါး..ဝါး..ဝါး..ဝါး….ဝါး”

ဤအချိန်တွင်သူမတို့၏ လက်အတွင်းရှိနေသောကလေးများကလည်း  စူးရှထူးဆန်းပြီးဝမ်းနည်း

ကြေကွဲဖွယ်ငိုကြွေးကြသည်။တစ္ဆေကလေးငယ်နှစ်ယောက်ကလည်း နိုးထလာပြီး မိခင်တစ္ဆေဖြစ်သူတို့၏ လက်မောင်းအတွင်းမှ လွင့်မျောထွက်လာသည်။ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေရင်း သူတို့၏သွေးစွန်းထင်းနေသော

မျက်နှာကလည်း အကျည်းတန်သောအပြုံးတို့

ကိုလှစ်ဟာပြထားသည်။

“ခီးခီးခီး..ခီးခီးခီး..ခီးခီးခီး..ခီးခီးခီး”

ကွေယင်ကျိမှာ တစ္ဆေမျက်လုံးလေးစုံအား  ခုခံနိုင်စွမ်းမရှိဘဲ အေးစက်မှုနှင့်ကြက်သီးမွှေးညှင်းထမှုများကို သူ၏တစ်ကိုယ်လုံးတွင်ခံစားလိုက်ရသည်။

ထို့နောက်တွင် ကြီးမားသောလက်ကြီးတစ်ဖက်က ကျဆင်းလာပြီး ကြက်လေးတစ်ကောင်အားဖမ်းသကဲ့သို့ ကွေယင်ကျိ၏ ဆံပင်အား ဆုပ်ကိုင်လိုက်သည်။ကွေယင်

ကျိ၏ကိုယ်မှာ  သွေးဓား၏ လက်ကိုင်ရိုးမှ တိုက်ရိုက် ဆွဲထုတ်ခြင်းခံလိုက်ရသည်။

“အား”

ကွေယင်ကျိ၏ကိုယ်မှာရှစ်ဖုန့်ကြောင့်  သွေးဓားလက်ကိုင်ရိုးမှတစ်ဆင့်

ရက်ရက်စက်စက်ဆွဲထုတ်ခံလိုက်ရသည်။ ရုတ်ခြည်းသူ့အနေဖြင့်အရမ်းနာကျင်သွားရကာ တစ်ကိုယ်လုံးဆန့်ငင်ဆန့်င်ဖြစ်သွားရကာ  စိတ်မချမ်းမြေ့ဖွယ်ငယ်သံပါအောင်အော်ဟစ်လိုက်သည်။ ကွေယင်ကျိမှာရှစ်ဖုန့်၏ ရည်ရွယ်ချက်ကိုနားလည်ပုံရသည်။ သူက သူ့အားစိုက်ကြည့်နေသော တစ္ဆေဝိညာဉ်လေးယောက်ကိုကြည့်လိုက်ပြီး မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ

ဖြင့်ပြည့်နှက်နေသည်။

“မဟုတ်ဖူး..မဟုတ်ဖူး”

ကွေယင်ကျိကသူ၏ပါးစပ်ကိုဖွင့်ဟ၍   ထပ်မံ၍သနားညှာတာပေးရန်

တောင်းပန်လိုက်သည်။ ထိုမကျေချမ်းမှုများဖြင့် ပြည့်နှက်နေသော အမျိုးသမီးနှစ်ယောက်နှင့် တစ္ဆေကလေးငယ်နှစ်ယောက်တို့မှာ  မိခင်နှင့်ကလေး နာကျည်းမှုကျိန်စာကို ကျင့်ကြံရန်အတွက် သူကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်သူက ၎င်းတို့အားသူ၏လက်များဖြင့်

ကိုယ်တိုင်ကိုယ်ကျပြင်းထန်ရက်

စက်သောနည်းလမ်းဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုမကျေမချမ်းဖြစ်မှုနာကျည်း

ချက်များအားလုံးက သူ့ထံမှနေ၍လာခြင်းဖြစ်သည်

ဟုပြောနိုင်သည်ဖြစ်သည်။

သို့သော်ထို့နောက်တွင် ကွေယင်ကျိမှာ  ဂေါ်ဖီထုပ်တစ်ခုကဲ့သို့  တစ္ဆေလေးကောင်ထံသို့ ရှစ်ဖုန့်၏ ရက်ရက်စက်စက်ပစ်ထုတ်

လိုက်မှုကိုခံလိုက်ရသည်။

“အား..မလုပ်နဲ့…..”

လွင့်မျောပျံသန်းနေရင်းကွေယင်ကျိတစ်ယောက် နှိုင်းယှဉ်ဖော်ပြ၍ မရနိုင်သော ထိတ်လန့်မှုမျိုးဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ခီး..ခီး..ခီး..ခီး..ခီး..”

အချိန်အကြာကြီး ကွေယင်ကျိအား

အချိန်အကြာ

ကြီးကတည်းက ငမ်းငမ်း

တက်ဖြစ်နေသော  နာကျည်းချက်တစ္ဆေလေးကောင်က

သူက ၎င်းတို့ထံသို့ပျံသန်းလာနေသည်ကို မြင်လိုက်ရသောအခါတွင် သားရဲရောင်းများကဲ့သို့ ချက်ချင်းပဲ

သူ၏ အပေါ်သို့ခုန်အုပ်လိုက်သည်။

တစ္ဆေလေးကောင်က ကွေယင်ကျိပေါ်သို့ ဖျက်ခနဲ့ခုန်အုပ်လိုက်ခြင်းဖြစ်သည်။

“အား..အား..အား..အား..မလုပ်နဲ့..အား..”

ကွေယင်ကျိ၏ နာကျင်စွာဖြင့် စူးစူးဝါးဝါးငယ်သံပါအောင်

အော်ဟစ်သောအသံတို့ က ဤကမ္ဘာအတွင်စတင်၍ ရှည်ကြာစွာကျယ်လောင်ပဲ့တင်

ထွက်ပေါ်လာသည်။သူ၏

အော်ဟစ်သောအသံက  တော်တော်လေးကို ဝမ်းနည်းဖွယ်ကောင်းသည်ဖြစ်သည်။

“ခီးခီး..ခီးခီးခီး..ခီးခီးခီး…”

“အား”

ထို့နောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး သူဖော်သည့်ဆေးသူပြန်စားနေရသော ကွေယင်ကျိအားလျစ်လျူရှုလိုက်သည်။ ချက်ချင်းပဲသူကအေးစက်သောမျက်လုံးများဖြင့် ထျန်းရှဲ့အဓိပဓိအားငုံ့ကြည့်လိုက်သည်။

ထျန်းရှဲ့အဓိပဓိက  သူ၏ခေါင်းအားမော့၍  ရှစ်ဖုန့်၏ မျက်လုံးများထံသို့ကြည့်လိုက်သည်။ အဘိုးကြီးက ခါးသီးစွာပြုံးလိုက်ပြီးပြောလိုက်သည်။

“ငါဒါကိုလက်မခံချင်ဘူး..

ငါတကယ်ဒါကိုလက်သင့်မခံချင်ဘူး..

ငါမင်းကို သတ်ဖို့အတွက် အရမ်းကိုနီးစပ်ခဲ့တာ..

မကောင်းဆိုးဝါးကောင်….ဒါပေမဲ့အဲ့တာက အဲ့သောက်ခွေးမကြောင့်ပျက်စီးသွားခဲ့တယ်…တစ်ချက်လေးမှားလိုက်တာနဲ့ ကစားပွဲတစ်ခုလုံးရှုံးလိုက်ရတော့တာပဲ…

ငါဟာ အဲ့သောက်ခွေးမနှစ်ကောင်ကို လာမဲ့ဘေးကိုတားဆီးဖို့အတွက် အရင်သတ်ပစ်လိုက်ရမှာ အဲ့တာသာဆို..ဒီနေရာမှာ အခုလဲနေရာမှာက ငါမဟုတ်တော့ဘူး..ဒါပေမဲ့မင်း…ငါ့ရဲ့အစီအစဉ်က လေထဲကတိုက်အိမ်လိုပဲ ပျက်ဆီးသွားခဲ့ရတယ်…ငါဒါကို လက်သင့်မခံချင်ဘူး..ငါနောင်တတွေအများကြီးရတယ်”

ထျန်းရှဲ့အဓိပဓိမှာနောက်ဆုံး

စကားအားပြောသောအခါတွင်

သူ၏ ကိုယ်က စတင်၍ တုန်ယင်လာသည်။သူကဖြည်းဖြည်း

ချင်းလှုပ်လှုပ်ရှားရှားဖြစ်လာပြီး

လက်သင့်မခံနိုင်ခြင်းများဖြင့်ပြည့်

နေသောအော်သံအားကျယ်လောင်စွာအော်ဟစ်လိုက်ပြီးသူ၏မျက်နှာထက်တွင် နောင်တတို့ဖြင့်ပြည့်နှက်နေသည်။

ထျန်းရှဲ့အဓိပဓိ၏စကားများအားကြားပြီး ထျန်းရှဲ့အဓိပဓိ၏ မျက်နှာအားကြည့်၍  မြူနှင်းလွှာများဖုံးလွှမ်းထားသကဲ့သို့

ရှစ်ဖုန့်၏ မျက်နှာမှာ ပို၍ပို၍ အေးစက်လာသည်။ ထို့နောက်ရှစ်ဖုန့်က သူ၏ ခြေထောက်အားမြှောက်လိုက်ပြီး ထျန်းရှဲ့အဓိပဓိ၏ ဦးခေါင်းအား

ရုတ်တရက် ဆောင့်နင်းချလိုက်သည်။

“ဝုန်း”

ရှစ်ဖုန်ု့က ထျန်းရှဲ့အဓိပဓိ၏ဦးခေါင်းအား မြေကြီးထဲသို့နစ်ဝင်သွားအောင် ဆောင့်နင်းလိုက်ခြင်းဖြစ်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters