← Chapters

အပိုင်း(၃၃၉)

Vol. 23 Ch. 339

အပိုင်း(၃၃၉)

Vol. 23 Ch. 339

ထို့နောက်တွင်ရှစ်ဖုန့်က

ထျန်းရှဲ့အဓိပဓိ၏  ဦးခေါင်းပေါ်မှ သူ၏ ခြေထောက်အားမလိုက်ပြီး

ထျန်းရှှဲ့ အဓိပဓိ၏ ကိုယ်ပေါ်မှ သွေးဓားအား ဆွဲနှုတ်လိုက်သည်။ထျန်းရှဲ့အဓိပဓိ၏ ကျောပြင်မှ သွေးစီးကြောင်းတစ်ခုပန်းထွက်လာပြီး ရှစ်ဖုန့်ထံသို့ရောက်ရှိလာကာ သူ၏စုပ်ယူခြင်းကိုခံလိုက်ရသည်။

“အား”

သွေးဓားကသူ၏ ကိုယ်မှာဖြတ်သန်းဆွဲနှုတ်ခံလိုက်ရ

သကဲ့သို့ထျန်းရှဲ့အဓိပဓိ၏ မြေကြီးအတွင်းနစ်ဝင်နေသော ဦးခေါင်းကလည်း ပင့်တင်ထွက်ပေါ်လာပြီး  နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

“အား..လူညစ်ကောင်..

မင်းငါ့ကိုသတ်ချင်တယ်ဆိုရင်သတ်လိုက်…

ဘယ်လိုတောင် ငါ့ကိုဒီလိုမျိုးအရှက်ခွဲရဲတာလဲ…”

ထျန်းရှဲ့အဓိပဓိ၏ ညစ်ပတ်နေသော မျက်နှာကသူ့အား ခွေးအိုကြီးတစ်ကောင်ပုံစံပေါက်

အောင်ပြုလုပ်နေသည်။ သူ၏ဒေါသအမျက်ချောင်းချောင်းထွက်စွာဖြင့် အော်ဟစ်လိုက်သည်။

“ခင်ဗျားကသေချင်တာလား”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။ သူကထပ်ပေါင်းပြောလိုက်သည်။

“ခင်ဗျားသေလို့ရတယ်..ဒါပေမဲ့  ဒီသခင်လေးက ခင်ဗျားရဲ့ဝိညာဉ်ကို နှုတ်ယူပြီးတော့ ခင်ဗျားဝိညာဉ်ကို အဆုံးမဲ့လောင်ကျွမ်းလောင်မြိုက်စေပြီး နာကျင်မှု ဒုက္ခဝေဒနာကို ခံစားစေမယ်…ခင်ဗျားရဲ့ဝိညာဉ်ကို  ဖျက်ဆီးခံရဖို့ဆိုတဲ့ခံစားချက်ကို

ခင်ဗျားခံစားစေရမယ်..

ဒါကဘယ်လိုတောင်ပျော်

စရာကောင်းတဲ့ကိစ္စလဲ”

ရှစ်ဖုန့်က စကားပြောနေသကဲ့သို့ သွေးဓားအားလက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားပြီးထျန်းရှဲ့အဓိပဓိ၏ ဦးခေါင်းအားထိုးစိုက်လိုက်သည်။

“အား..ရှစ်ဖုန့် …မင်းသေခြင်းဆိုးနဲ့သေရလိမ့်မယ်…”

ထျန်းရှဲ့အဓိပဓိ၏မျက်နှာက သွေးဓားကသူ၏ဦးခေါင်းအား

ထိုးသွင်းလာသောအခါတွင် နာကျင်မှုကြောင့် တွန့်လိမ်ရှုံ့မဲ့နေသည်။

ထို့နောက်တွင်ထျန်းရှဲ့အဓိပဓိ၏ မျက်နှာကအားကောင်းလှသော စီးဆင်းမှုတစ်ခု အောက်တွင် စတင်၍ရှုံ့တွလာ၏။

“အား”

ထျန်းရှဲ့အဓိပဓိက နာကျင်စွာဖြင့်ငယ်သံပါအောင် အော်ဟစ်သကဲ့သို့ သူ၏ခေါင်းရှိသွေးတို့ကလည်း သွေးဓားဆီသို့စီးဆင်းနေသည်။ ထို့နောက် ၎င်းတို့က သွေးဓားအားဖြတ်သန်းပြီး သွေးဓား၏လက်ကိုင်ရိုးအား

ကိုင်ဆောင်ထားသော ရှစ်ဖုန့်၏လက်တို့ထံသို့စီးဆင်းသွားသည်။

လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ထျန်းရှဲ့အဓိပဓိ၏ ခန္ဓာကိုယ်မှာ လျှင်မြန်စွာဖြင့် ရှံ့တွခြောက်သွေ့လာသည်။ဝမ်းနည်းကြေကွဲဖွယ် ငိုကြွေးသံက ရပ်တန့်သွားပြီး သူတော်စင်နယ်ပယ်ဖြစ်သူ

ထျန်းရှဲ့အဓိပဓိမှာ  နှစ်ထောင်ပေါင်းများစွာအကြာက ခြောက်သွေ့နေသော အလောင်းတစ်ခုကဲ့သို့ဖြစ်သည်။

ထျန်းရှဲ့အဓိပဓိ၏ သေခြင်းစွမ်းအင်နှင့် သွေးတို့အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူ၏ ညာလက်အား

လှုပ်ခါလိုက်ပြီး ထျန်းရှဲ့အဓိပဓိ၏ ဦးခေါင်းအား သူ၏ကိုယ်မှ ခွဲထုတ်လိုက်သည်။

ထို့နောက် သူက ထျန်းရှဲ့အဓိပဓိ၏ ဦးခေါင်းအား သွေးဓားနှင့်အတူ ပင့်မြှောက်လိုက်သည်။

ရှစ်ဖုန့်က သူ၏ဘယ်လက်ဖြင့် ဆန်းကြယ်သောလက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်က အဖြူရောင်အဖြစ်သို့ပြောင်းလဲသွားပြီး  လင်းလက်တောက်ပလာသည်။

နောက်ဆက်တွဲလိုက်ပါ၍  လက်သင်္ကေတက လက်သည်းတစ်ခုအဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားပြီး ထျန့်ရှဲ့အဓိပဓိ၏ ဦးခေါင်းပြတ်အတွင်းသို့ ထိုးသွင်းလိုက်သည်။ဟုန်းခနဲအသံနှင့်

အတူ နှိုင်းယှဉ်၍မရနိုင်အောင်

မှုန်မှိုင်းအေးစက်‌သော သွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ဘယ်လက်ဖဝါးမှ ထွက်ပေါ်လာသည်။တောက်လောင်နေသော သွေးနီရောင်မီးတောက်၏

အောက်တွင် ရှုံ့တွနေသော ဦးခေါင်းမှာရုတ်ခြည်းဆိုသလို အစအနပင်ကျန်ရစ်နေခြင်းမရှိသည်အထိ လောင်ကျွမ်းခံလိုက်ရသည်။

“အား..အား..အား..အား..”

သို့သော် မချိမဆန့်ဖြစ်မှုနှင့်နာကျမှုတို့အကြောင့် ဖြစ်ပေါ်လာသော အော်သံတစ်ခုက

ရှစ်ဖုန့်၏ လက်ဖဝါးပေါ်ရှိ  မီးတောက်ထံမှထွက်ပေါ်လာသည်။ ၎င်းမှာထျန်းရှဲ့အဓိပဓိ၏ အသံမှလွဲ၍ အခြားသူမဟုတ်ပေ။

ရှစ်ဖုန့်က သူ့ဘယ်လက်ဖဝါးအတွင်းရှိ သွေးနီရောင်မီးတောက်အား အေးစက်စွာကြည့်လိုက်သည်။ ဖောက်ထွင်းမြင်နိုင်သော လက်သီးဆုပ်သာသာအရွှယ်အစားရှိသည့် ဝိညာဉ်တစ်ခုအား မီးတောက်အတွင်းမြင်ရနိုင်သည်ဖြစ်သည်။ ဝိညာဉ်က အပြင်းအထန်ရုန်းကန်ပြီး အော်ဟစ်ငိုကြွေးနေသည်။

“အား..အား..အား..အား. မဟုတ်ဖူး..ငါသေပါရစေ ..ငါ့ကိုသေခွင်ပေးပါ”

တောက်လောင်နေသော သွေးနီရောင်မီးတောက်၏ အောက်တွင် ဝိညာဉ်ထံမှ သနားညှာတာပေးပါရန်တောင်းပန်သကဲ့သို့ စူးစူးဝါးဝါး ငယ်သံပါအောင်အော်ဟစ်သံ

ထွက်ပေါ်လာသည်။

ရှစ်ဖုန့်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ဟမ့်..ခင်ဗျား အနေနဲ့ မီးတောက်နဲ့အဆုံးမဲ့လောင်ကျွမ်း

တာခံရမယ်လို့ ဒီသခင်လေးပြောထားပြီးသား”

“ရှစ်ဖုန့်..ရှစ်ဖုန့်…မြန်မြန်လေး ငါ့ကိုသတ်လိုက်ပါ..ငါက ဘုရင်နယ်ပယ်အဆင့်ခွေးမဖြစ်တဲ့ ဟုန်ယွဲ့တစ်ယောက်တည်းကိုပဲ ထိခိုက်အောင်လုပ်ခဲ့တာပါ..မင်းဘာလို့ငါ့ကိုညှင်းပန်းနှိပ်စက်နေရတာလဲ…မင်းရဲ့ခွန်အား  မင်းရဲ့အဆင့်အတန်းမျိုးနဲ့ဆိုရင် ဒီလိုအမျိုးသမီးမျိုး မင်းလိုချင်သလောက်ရနိုင်တာပဲ..အား…”

ထျန်းရှဲ့အဓိပဓိ၏ ဝိညာဉ်မှာ နောက်တစ်ကြိမ်ထပ်မံ၍ မချိမဆန့်ဖြင့် ဟစ်အော်ညည်းညူလိုက်သည်။

“အမျိုးသမီးတွေတဲ့လား”

ထျန်းရှဲ့အဓိပဓိ၏စကားလုံးများအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကပို၍ အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ သူကထိုစကားလုံးတို့အား ခက်ထန်စွာပြောလိုက်ပြီး သူ၏ဘယ်လက်အတွင်းရှိ သွေးနီရောင်မီးတောက်တို့မှာပိုမို၍ တောက်ပစွာလောင်ကျွမ်းလာသည်။

“အား..အား.အား.”

ထို့နောက်တွင် ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“သူမက ဒီသခင်လေးရဲ့မိတ်ဆွေပဲ.,.

သူမကဒီသခင်လေးကို ကယ်တင်ဖို့အတွက်နဲ့ သူ့ကိုယ်သူစွန့်လွှတ်အနစ်နာခံစတေးရဲ့တဲ့မိတ်ဆွေပဲ…ဒီလိုမျိုးသစ္စာရှိတဲ့ မိတ်ဆွေမျိုးနဲ့ မိန်းမထောင်ပေါင်းများစွာကို လဲလှယ်ဖို့ဆိုတာ ဒီသခင်လေးအတွက်မဖြစ်နိုင်ဘူး”

“အား..ရှစ်ဖုန့်..ငါ့မှာနည်းလမ်းတစ်ခုရှိပါတယ်…ငါ့မှာဟုန်ယွဲ့ကိုကယ်တင်ဖို့အတွက် နည်းလမ်းတစ်ခုရှိတယ်..မင်းသာငါ့ကိုသတ်မယ်လို့ကတိပေးရင် ..ငါမင်းကိုပြောပြမယ်”

ထျန်းရှဲ့အဓိပဓိက ပြောလိုက်သည်။

ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိ၏ ပြောစကားအားကြားလိုက်ရသောအခါတွင်  အေးစက်စွာအော်ပြောလိုက်သည်။

“ပြောစမ်း”

ထို့နောက်တွင် သူ၏ဘယ်လက်အတွင်းရှိ သွေးနီရောင်မီးတောက်က ရုတ်တရက်မြင့်တက်လာပြီး ပို၍ပြင်းထန်လာသည်။

“အား..တားမြစ်သေခြင်းနယ်မြေ.. တားမြစ်သေခြင်းနယ်မြေမှာရောင်စုံပန်းပွင့်တစ်ခုကိုငါတွေ့ခဲ့တယ်..ငါသာ မမှားယွင်းဘူးဆိုရင် အဲ့တာက ဒဏ္ဍာရီလာ နတ်ဘုရားပန်းပွင့်တစ်ခုပဲ…အဲ့တာက အရောင်အသွေးစုံလင်ရုံတင်မကဘူး  ပြေးလဲပြေးနိုင်တယ်..ဒါပေမဲ့ နတ်ဘုရားဆေးပင်က အရမ်းကိုမြန်တယ်.အဲ့အချိန်တုံးက ငါသိလိုက်တဲ့အချိန်မှာ အဲ့တာကပျောက်ကွယ်သွားခဲ့ပြီ…ဒါပေမဲ့ အဲ့အချိန်တုံးက ငါမြင်ခဲ့ရတာသေချာတယ်..နတ်ဘုရားဆေးပင်က သေခြင်းကနေ ရှင်သန်ခြင်းကိုပြန်လည်ဆောင်ယူပေးနိုင်တယ်လို့ပြောကြတယ်.. မင်းသာ နတ်ဘုရားဆေးပင်ကို ရှာနိုင်ရင် မင်းဟုန်ယွဲ့ကိုကယ်တင်နိုင်လိမ့်မယ်..”

ထျန်းရှဲ့အဓိပဓိက အော်ပြောလိုက်သည်။

“တားမြစ်သေခြင်းနယ်မြေလား”

“ရောင်စုံပန်းပွင့်တစ်ခုလား”

လွန်ခဲ့သောရက်အချို့က  ချီလင်ဘုရင်က သူ့အားတားမြစ်သေခြင်း

နယ်မြေအကြောင်းအား ပြောပြခဲ့သည်ကိုရှစ်ဖုန့်သတိရလိုက်သည်။

တားမြစ်သေခြင်းနယ်မြေသို့ဝင်ရောင်သွားခဲ့သူမှန်သမျှ ပြန်ထွက်လာခြင်းမရှိဟု ပြောခဲ့သည်ဖြစ်သည်။

“ခင်ဗျားက ခင်ဗျားရဲ့ အနက်ရောင် ဆန်းကြယ်လွန်းကို တားမြစ်သေခြင်းနယ်မြေကနေရခဲ့တာလား…တားမြစ်သေခြင်းနယ်မြေထဲမှာဘာရှိနေတာလဲ..ဘာလို့တားမြစ်သေခြင်း နယ်မြေထဲကိုဝင်သွားတဲ့သူမှန်သမျှ ပြန်ထွက်မလာနိုင်ဘူးလို့ပြောကြတာလဲ..

ခင်ဗျားဘယ်လိုမျိုးပြန်ထွက်လာခဲ့တာလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“မွန်းစတား…အရမ်းကိုစွမ်းအားကြီးတဲ့ မွန်းစတားတစ်ကောင်…အဲ့အချိန်တုံးက ငါကငါ့ဆရာနောက်ကိုလိုက်ခဲ့တာ.

.ငါ့ဆရာဝင်ရောက်သွားတဲ့အခါမှာ နှိုင်းယှဉ်ဖော်ပြမရနိုင်တဲ့မွန်းစတား

တစ်ကောင်ပေါ်လာခဲ့တယ်..ငါ့ဆရာနဲ့လူတွေက သူတို့မြေပြင်ပေါ်ပြုတ်ကျပြီးတော့မသေခင် အသက်ရှူချိန်တစ်ဝက်လောက်ပဲ နောက်ဆုံးအချိန်ရခဲ့တယ်..ငါ့ဆရာမသေခင်သူကငါ့ကိုချောက်ကမ်းပါးအောက်ကိုတွန်းချခဲ့တယ်….အဲ့တွန်းမှုက ငါ့ကို တားမြစ်သေခြင်းနယ်မြေထဲကနေ

ထွက်လာအောင်ပါတွန်းထုတ်ပေးခဲ့တယ်…

ဒါက ငါဘယ်လိုလုပ်ကံကောင်းပြီး  လွတ်မြောက်လာခဲ့သလဲဆိုတာပဲ…

အစကနေအဆုံးအထိ ဘာမွန်းစတားလဲ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကို ငါလုံးဝ မမြင်တွေ့ခဲ့ရဘူး”

“ခင်ဗျားက ဒီသခင်လေးကိုသေစေချင်နေတာလား”

ရှစ်ဖုန့်ကသူ့လက်အတွင်းရှိ ဝိညာဉ်အားအေးစက်စွာကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

သေခြင်းတားမြစ်နယ်မြေထဲတွင် အခွင့်အလမ်းများရှိနေလိမ့်မည်ဖြစ်သည်။ ယင်းအား  ထျန်းရှဲ့အဓိအဓိရရှိခဲ့သော အနက်ရောင်ဆန်းကြယ်လွန်းကို

ကြည့်ခြင်းဖြင့် သိနိုင်သည်ဖြစ်သည်။ သို့သော်အခွင့်အလမ်းများဆိုသည်မှာ အန္တရာယ်များဖြင့်ဒွန်တွဲ၍လာခြင်းဖြစ်သည်။

“ရှစ်ဖုန့် ငါမင်းကို ငါသိတဲ့ဟာမှန်သမျှကိုပြောပြပြီးပြီ.

ဒါကြောင့် မင်းငါ့ကို မြန်မြန်လေးသေခွင့်ပေးသင့်တယ်.

.သေခြင်းတားမြစ်နယ်မြေကိုသွား

မသွားဆိုတာက မင်းရဲ့ရွေးချယ်မှုပဲ”

ထျန်းရှဲ့အဓိပဓိက နာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။

“ဒီသခင်လေးက ခင်ဗျားကို မြန်မြန်သေခွင့်ပေးမှာမဟုတ်ဖူး.

.ဆင်းရဲဒုက္ခဝေဒနာတွေကိုပဲပေးမှာ…”

ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိအား ပြန်ဖြေလိုက်သည်။

“ရှစ်ဖုန့်..မင်းသေဖို့ထိုက်တန့်တဲ့ကောင်..မင်းကမင်းစကားမင်းပြန်ရုတ်သိမ်းချင်တာလား.

.ဒီအရှင်ကမင်းကို အရာအားလုံးကိုပြောပြပြီးပြီ..

ဒါကြောင့်မင်းဒီအရှင်ကိုသတ်သင့်တယ်..မင်းကအရမ်းကိုလူမဆန်တဲ့ကောင်..

တစ်နေ့ကြရင် မင်းလည်း ဝဋ်လည်တာကိုခံရလိမ့်မယ်..အား..အား..အား..အား..ရှစ်ဖုန့် ..မင်းသေခြင်းဆိုးနဲ့သေရလိမ့်မယ်ကွ”

ရုတ်ခြည်းသွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ဘယ်လက်အတွင်းဖျက်ခနဲလင်းလက်သွားသည်။ သူ့ဘယ်လက်ရှိ သွေးနီရောင်မီးတောက်အတွင်းမှ ထျန်းရှဲ့အဓိပဓိအား  သွေးနီရောင်ကမ္ဘာအတွင်းသို့

ယူဆောင်သွားသည်။

ထျန်းရှဲ့အဓိပဓိ ၏ ဝိညာဉ်မှာ သွေးနီရောင်မီးတောက်၏ အဆုံးမဲ့လောင်ကျွမ်းမှုကိုခံရလိမ့်မည်ဖြစ်ပြီး  သူ့အနေဖြင့် ထာဝရ သေခြင်းထက်ဆိုးဝါးသော ကံတရားတစ်ခုအားခံစားရလိမ့်မည်ဖြစ်သည်။

သူကရှစ်ဖုန့်အတွက်သူမ၏

အသက်ကိုတောင်စတေးဝံ့သော ရှစ်ဖုန့်၏မိတ်ဆွေအားထိခိုက်နာ

ကျင်စေခဲ့သည်ဖြစ်သည်။

“တားမြစ်သေခြင်းနယ်မြေ..ရောင်စုံပန်းပွင့်.”

ရှစ်ဖုန့်မှာထျန်းရှဲ့အဓိပဓိ၏ စကားတို့အားပြန်အမှတ်ရ

လိုက်ပြီးတီးတိုးရေရွတ်လိုက်သည်။

ဟုန်ယွဲ့မှာသူ့အတွက်နှင့်သူမကိုယ်သူမထိခိုက်ခံခဲ့ခြင်းဖြစ်သည်။ထို့ကြော့် ဘာတွေပဲဖြစ်နေပါစေသူ့အနေဖြင့် သူမအားကယ်တင်ရမည်ဖြစ်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters