← Chapters

အပိုင်း(၃၄၀)

Vol. 23 Ch. 340

အပိုင်း(၃၄၀)

Vol. 23 Ch. 340

“ဒီသခင်လေးဆီကို ထွက်လာခဲ့ကြစမ်း”

ရှစ်ဖုန့်က သူ၏ခေါင်းအားမော့လိုက်ပြီး အကွာအဝေးတစ်ခုအတွင်းရှိ မှောင်မိုက်နေသော ကောင်းကင်ပြင်အားကြည့်လိုက်သည်။ သူကအေးစက်စွာအော်ပြောလိုက်ပြီး သူ၏ အသံက နယ်မြေတစ်ခုလုံးအားဖြတ်သန်း၍ ရိုက်ခတ်သွားသည်။

ဟုတ်ပေသည်။ရှစ်ဖုန့်မှာထျန်းရှဲ့အဓိပဓိ၊ ယင်ကွေဂိုဏ်း၏ တစ္ဆေဧကရာဇ်စစ်သူကြီးတို့နှင့်

တိုက်ခိုက်စဉ်ကတည်းက ၎င်းတို့အားအာရုံ့ခံမိထားခြင်းဖြစ်သည်။

၎င်းတို့က ထိုနေရာတွင်ပုန်းကွယ်နေကြကာ တိုက်ခိုက်မှုအားစောင့်ကြည့်

နေကြခြင်းဖြစ်သည်။

ရှစ်ဖုန့်၏ခေါ်ဆိုမှုအောက်တွင် ပုံရိပ်များမှာ အချိန်ဆွဲကြန့်ကြာခြင်းတို့မပြုလုပ်ရဲကြချေ။

သူတို့က အနက်ရောင်တောင်များထံမှ တစ်ယောက်ပြီးတစ်ယောက်ရှစ်ဖုန့်ထံသို့ ပျံသန်းထွက်လာကြသည်။

ထျန်းရှဲ့အဓိပဓိမှာသေဆုံးခဲ့ပြီဖြစ်သည်။ ရှစ်ဖုန့်အားဆန့်ကျင်ခဲ့သော ယင်ကွေဂိုဏ်း၏ခေါင်းဆောင်ဖြစ်

သူကွေယင်ကျိမှာ မကောင်းဆိုးဝါးတစ္ဆေလေးကောင်၏ အပိုင်းပိုင်းဆုတ်ဖြဲနေမှုအားဆက်

လက်၍ခံနေရဆဲဖြစ်သည်။သို့သော် သူ၏စူးစူးဝါးဝါးအော်ဟစ်သံများကတော့ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူ့အနေဖြင့်သေဆုံးသွားပြီဖြစ်ရမည်ဖြစ်သည်။

ကွေယင်ကျိမှာတကယ်သေဆုံး

သွားခဲ့ပြီဖြစ်သည်။သို့သော် ထိုလူများအနေဖြင့်ကွေယင်ကျိ၏ အားနည်းလှသောဝိညာဉ်အား မြင်တွေ့နိုင်ခြင်းမှရှိချေ။ အခြားတစ်ဖက်တွင်ရှိနေသောရှစ်ဖုန့်က ကွေယင်ကျိ၏ ဝိညာဉ်အား တစ္ဆေဝိညာဉ်လေးကောင်က စတင်၍ ဆုတ်ဖြဲနေသည်ကိုတွေ့ရသည်ဖြစ်သည်။ ကွေယင်ကျိ၏ဝိညာဉ်ထံမှာလွန်စွာ

ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံတို့က ထွက်လာနေဆဲဖြစ်သည်။

ထို့နောက်တွင် အနကရောင်တောင်များဆီမှ ဒါဇင်ပေါင်းများစွာသောပုံရိပ်များက ပျံသန်းထွက်လာပြီး ရှစ်ဖုန့်နှင့်သိပ်မဝေးလှသောနေရာ၌ ဆင်းသက်လိုက်ကြသည်။ ၎င်းတို့အားလုံးမှာထူးဆန်းစွာ

ဝတ်စားဆင်ယင်ထားကြသည့် အောက်လမ်းဂိုဏ်းများမှလူများဖြစ်ကြသည်။

ထို့နောက်တွင် အောက်လမ်းဂိုဏ်းမှ

လူများ က ဒူးထောက်လိုက်ကြပြီး ရှစ်ဖုန့်အားဂါရဝပြုလိုက်ကြသည်။

“စစ်နတ်ဘုရားကိုနှုတ်ခွန်းဆက်သပါတယ်”

“စစ်နတ်ဘုရားကိုနှုတ်ခွန်းဆက်သပါတယ်”

“စစ်နတ်ဘုရားကိုနှုတ်ခွန်းဆက်သပါတယ်”

…………………………………….

“ကျွန်ုပ်က ဖုန်းချင်းကူ ပါ …အရိုးဖြူဂိုဏ်းက ခေါင်းဆောင်တစ်ယောက်ပါ…ကျွန်ုပ်အနေနဲ့ အရိုးဖြူဂိုဏ်းရဲ့ အဖွဲ့ဝင်ငါးရာသုံးဆယ့်ခုနှစ်ယောက်ကိုဦးဆောင်ပြီးတော့ စစ်နတ်ဘုရားထံမှာ ကတိကဝတ်ပြု သစ္စာခံဖိုအတွက်ဆန္ဒရှိပါတယ်…အခုကစပြီး  ကျွန်ုပ် ဖုန်းချင်းကူ စစ်နတ်ဘုရားရဲ့ဦးဆောင်မှု

နောက်ကိုလိုက်ပါ့မယ်”

ဖြူဖျော့သောမျက်နှာနှင့် လူငယ်တစ်ယောက်က ပြောလိုက်သည်။ သူသည် ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

“ကျွန်ုပ်က လျိုယန်မိန်ပါ ..ရှဲ့မိန်ဂိုဏ်းရဲ့ခေါင်းဆောင်

တစ်ယောက်ဖြစ်ပါတယ်..ကျွန်ုပ်ကလည်း စစ်နတ်ဘုရားထံမှာ ကတိကဝတ်ပြု သစ္စာခံဖို့ဆန္ဒရှိပါတယ်…အခုကစပြီးတော့ ကျွန်ုပ်နဲ့ ရှဲ့မိန်ဂိုဏ်းဟာ စစ်နတ်ဘုရားနဲ့ သက်ဆိုင်ပါတယ်..”

အသက်သုံးဆယ်အရွယ်ရှိသော နီနီရဲရဲပုံစံနှင့် နီမြန်းသောမျက်နှာတစ်ခုအား

ပိုင်ဆိုင်ထားပြီးနှစ်လိုဖွယ်ကောင်း

ပြီးညှို့ယူဆွွဲဆောင်သောအသွင်ရှိသည့် အမျိုးသမီးတစ်ယောက်က ကလူ၏သို့မြူ၏သို့ပုံစံဖြင့် ရှစ်ဖုန့်အားပြောလိုက်သည်။

“ကျွန်ုပ်က ရှစ်ပါ ပါ..ရှစ်ရှဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်ပါတယ်.

.ရှစ်ရှဲ့ဂိုဏ်းက ကလည်း စစ်နတ်ဘုရားဆီမှာ ကတိကဝတ်ပြု သစ္စခံဖို့ဆန္ဒရှိပါတယ်”

“ကျွန်ုပ်က ရှဲ့သဲ ပါ…ရှဲ့ယွဲ့ ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်ပါတယ်..

ကျွန်ုပ်ကလည်းစစ်နတ်ဘုရားဆီမှာ  ကတိကဝတ်ပြု သစ္စာခံချင်ပါတယ်”

……………………………………………………………………………………………

ရှစ်ဖုန့်၏ ထျန်းရှဲ့အဓိပဓိအားသတ်ဖြတ်ပြီး ယင်ကွေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူနှင့် တပည့်များအားသုတ်သင်ပစ်လိုက်

သောဖိအားအောက်တွင်  အမျိုးမျိုးသောအောက်လမ်းဂိုဏ်းများ

မှာရှစ်ဖုန့်ထံသူတို့၏သစ္စာစောင့်သိမှုအား ဖော်ပြကြသည်။

ရှစ်ဖုန့်ကသူတို့အားကြည့်လိုက်ပြီး ပြောလိုက်သည်။

“အခုတော့ ဒီသခင်လေးလွှတ်ပေးလိုက်မယ်..အ

ကယ်၍ တစ်နေ့ကြ ဒီသခင်လေး  မင်းတို့ကိုအသုံးပြုဖို့လိုလာတဲ့အခါကြရင် မင်းတို့ကိုဒီသခင်လေး အမိန့်ပေးမယ်”

“ဟုတ်ကဲ့ပါ စစ်နတ်ဘုရား”

ရှစ်ဖုန့်၏ စကားများအားကြားပြီးသည့်နောက်တွင် သူတို့၏ စိုးရိမ်ကြောင့်ကြဖြစ်နေသော

နှလုံးသားများမှာ ဖြည်းညှင်းစွာဖြင့်စိတ်သက်သာ

ရာရသွားခဲ့သည်။ သူတို့က အောက်လမ်းဂိုဏ်းများမှဖြစ်ကြသော်လည်း  သူတို့အနေဖြင့်သွေးဆာသူအရူးနတ်ဆိုးရှစ်ဖုန့်၏ နမည်အားကြားထားခဲ့ကြပြီးဖြစ်သည်။ ကျော်စောမှုများရ ၎င်းသည်သူတို့

ထက်ပင်ပိုမို၍ မိစ္ဆာဆန်သောသူဖြစ်သည်။

သူဒေါသထွက်သောအခါတွင် အလောင်းများကတောင်လိုပုံကာပြန့်ကျဲပြီး သွေးများကမြစ်များကဲ့သို့စီးဆင်း

လိမ့်မည်ဖြစ်သည်။

ဂိုဏ်းများအားအမြစ်ဖြတ်သုတ်သင်ခြင်း၊မိသားစုများအားအမြစ်ဖြတ် သုတ်သင်ခြင်း၊မြိုးများအား အစုလိုက်အပြုံလိုက်သတ်ခြင်း စသည်ဖြင့်ဤပုဂ္ဂိုလ်မှာဘာ

မဆိုလုပ်ဆောင်နိုင်သောသူဖြစ်သည်။

အစောပိုင်းကလေးတင်ဝမ်းနည်းဖွယ်ကံကြမ္မာအား တပည့်များနှင့်ဂိုဏ်းခေါင်းဆောင်ဖြစ်

သူများမှာ မြင်တွေ့ခဲ့ကြပြီးဖြစ်သည့်ပုံပေါ်သည်။

အထူးသဖြင့် သူတို့ ဤလူရူးသွပ်သွားသည်ကိုမြင့်ခဲ့ရ

သောအခါတွင်ဖြစ်သည်။ အစောပိုင်းက မိန်းမတစ်ယောက်ကြောင့်သူသည် ရူးသွပ်ပြီးဒေါသထွက်သွားခဲ့သည်။ သူသည်နိုးထလာသော ကြမ်းကြုတ်ခက်ထန်သည့်

သားရဲကြီးတစ်ကောင်နှင့်တူလေသည်။

“နေအုံး”

သူတို့ မတ်တပ်ထရပ်တော့မည့်အချိန်တွင် ရှစ်ဖုန့်က သူ၏လက်ကိုဝေ့ယမ်း၍ သူတို့အား တားလိုက်သည်။

ရှစ်ဖုန့်၏ စကားလုံးနှင့်အပြုအမူက ဂိုဏ်းခေါင်းဆောင်များအား  ရှစ်ဖုန့်၏ ရှေ့တွင်ထပ်မံ၍ ဒူးထောက်သွားစေသည်။

“စစ်နတ်ဘုရား..စစ်နတ်ဘုရားမှာ အမိန့်ပေးစရာများရှိနေပါသလား”

ရှစ်ရှဲ့ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူရှစ်ပါက  သူ၏ ခေါင်းအားမော့လိုက်ပြီး ဂရုတစိုက်နှင့်မေးလိုက်သည်။

သူ့အနေဖြင့်ရှစ်ဖုန့်၏‌ရှေ့တွင်အရမ်းမာန်စွယ်ကျိုးနေသည်။

“ထျန်းရှဲ့ဂိုဏ်းရဲ့ကျန်တဲ့ အဖွဲ့ဝင်တွေမလာဘူးလား…သူတို့လာလား”

ရှစ်ဖုန့်က အေးစက်စွာမေးလိုက်သည်။

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်

ရှစ်ပါက ဘေးပတ်လည်ကိုကြည့်လိုက်သည်။ ထို့နောက်သူကရှစ်ဖုန့်အား လေးစားစွာဖြင့်ပြောလိုက်သည်။

“စစ်နတ်ဘုရား..ထျန်းရှဲ့ဂိုဏ်းရဲ့ကျန်တဲ့အဖွဲ့ဝင်တွေက စစ်နတ်ဘုရားရဲ့ ခွင့်လွှတ်ပေးမှုကို တောင်းဆိုဖို့အတွက် မလာကြပါဘူး”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးမေးလိုက်သည်။

“ထျန်းရှဲ့ ခေါင်းဆောင်ဖြစ်သူသေပြီးတဲ့နောက်မှာ  ထျန်းရှဲ့ဂိုဏ်းရဲ့ ကျန်တဲ့အဖွဲ့ဝင်ဘယ်လောက်လောက်ရှိလဲ.. သူတို့ရဲ့အဆင့်တွေကဘယ်လောက်ရှိကြလဲ”

မေးမြန်းမှုအားကြားလိုက်ရသောအခါတွင် ရှစ်ပါက ချက်ချင်းပဲလေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။

“စစ်နတ်ဘုရားကိုတင်ပြပါတယ်… ထျန်းရှဲ့ဂိုဏ်းမှာလူငါးရာကျော်ကျန်နေပါသေးတယ်..သူတို့ကြားထဲက အမြင့်ဆုံးကျင့်ကြံမှုနယ်ပယ်က ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်အဆင့်ဖြစ်ပါတယ်…ဒါပေမဲ့ အဲ့မှာ ထျန်းရှှဲ့အဓိပဓိဖမ်းဆီးထားတဲ့ အဆင့်ခြောက်သန့်စင်သူဆရာ

သခင်တစ်ယောက်ရှိနေပါသေးတယ်”

“အဆင့်ခြောက်သန့်စင်သူဆရာသခင်”

ရှစ်ပါ၏နောက်ဆုံးစကားအားကြား

ပြီးနောက်ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူက အောက်လမ်းဂိုဏ်းမှ အဖွဲ့ဝင်များအား ပြောလိုက်သည်။

“ထျန်းရှဲ့ဂိုဏ်းရဲ့လူတွေ တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့..နောက်ပိုင်းမှာ

ထျန်းရှဲ့ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်နဲ့များငါကြုံတွေ့ခဲ့ရင်  မင်းတို့တွေဘယ်သူမှ ထပ်ပြီးအသက်မရှင်စေရဘူး”

“အဆင့်ခြောက်သန့်စင်သူကိုလည်း ဒီသခင်လေးဆီကိုခေါ်လာခဲ့”

“ဟုတ်ကဲ့”

“ဟုတ်ကဲ့ပါစစ်နတ်ဘုရား..”

“ဟုတ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အောက်လမ်းဂိုဏ်းခေါင်းဆောင်များ

မှာချက်ချင်းပဲတုံ့ပြန်ဖြေဆိုလိုက်ကြသည်။

ထို့နောက်တွင်ရှစ်ဖုန့်ကထိုလူများအား လက်ဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“သွားတော့”

“ဟုတ်ကဲ့ပါစစ်နတ်ဘုရား..”

“ဟုတ်ကဲ့ပါစစ်နတ်ဘုရား..”

ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက်

ထရပ်လိုက်ကြပြီး  အနက်ရောင်တောင်ထွတ်ဆီသို့ လှစ်ခနဲပျံသန်းသွားကြသည်။

သူတိုအားလုံး ကြီးမားပြီး ဧကရာဇ်တစ်ပါးကဲ့သို့ရပ်တည်နေသည့် အလယ်တွင်ရှိနေသော အကြီးမားဆုံးအနက်ရောင်

တောင်ထွတ်ထံသို့ ရွှတ်ခနဲပျံသန်းသွားကြသည်။

ထို့နောက်တွင် အနက်ရောင်တောင်များဆီမှ လူပုံရိပ်များ၊နတ်ဆိုးသားရဲများက သိပ်သည်းထူထပ်သောကျိုင်းကောင်

များကဲသို့ကောင်းကင်အားထိုးခွင်းသွားပြီး သူတို့၏ ဂိုဏ်းအသီးသီးအားကိုယ်စား

ပြုကြသောခေါင်းဆောင်များ၊အကြီးအကဲဆရာသခင်များနောက်သို့လိုက်ကြကာ ထျန်းရှဲ့ဂိုဏ်းဆီသို့ ထိုးခွင်းပျံသန်းသွားကြသည်။

ဤအောက်လမ်းဂိုဏ်းများမှလူများ

ထွက်ခွာသွားပြီးသည့်နောက်တွင်  ရှစ်ဖုန့်ကသူ၏အကြည့်အား တစ္ဆေလေးကောင်၏ ဆုတ်ဖြဲမုကိုခံနေရသောကွေယင်

ကျိထံသို့ပြောင်းလဲလိုက်သည်။ဤအချိန်၌ ကွေယင်ကျိ၏ အလောင်းမှာ တစ္ဆေလေးကောင်၏ အပိုင်းပိုင်းဆုတ်ဖြဲထားမှုအား ခံထားရပြီးဖြစ်သည်။ ၎င်း၏ ဝိညာဉ်က တစ္ဆေလေးကောင်၏ ဆက်လက်ဝါးမျိုမှုကိုခံနေရသည်။

ထို့နောက်တွင် တစ္ဆေလေးကောင်က  ကွေယင်ကျိ၏ ဝိညာဉ်အားလုံးဝဝါးမျိုသွားခဲ့ပြီး  ၎င်း၏ ဝိညာဉ်အား  အစိတ်စိတ်အမွှာမွှာဖြစ်သွားစေပြီး အနိဋ္ဌာ အာရုံဖြစ်သွားစေသည်။

သို့တိုင်အောင်တစ္ဆေလေးကောင်က ရပ်တန့်ခဲ့ခြင်းမရှိသေးပေ။ထို့နောက်တွင် သူတို့၏ ကြမ်းကြုတ်ခက်ထန်သော

မျက်နှာများအားရှစ်ဖုန့်ထံသို့လှည့်လိုက်သည်။

ရှစ်ဖုန့်က တစ္ဆေလေးကောင်အား ဖြည်းညှင်းစွာပြောလိုက်သည်။

“မင်းတို့အားလုံး ဝမ်းနည်းဖွယ်သေဆုံးခဲ့ကြရတာ..ငါက ကရုဏာစိတ်ရှိပြီးတော့ မင်းတို့ကိုခေါ်ဆောင်ထားမှာ

မဟုတ်ဖူး.သွားကြတော့”

ထို့နောက်တွင် ဝမ်းနည်းကြေကွဲဖွယ် ပုံစံနှင့်တစ္ဆေများဖြစ်ကြသည့် အမျိုးသမီးနှစ်ယောက်နှင့်

ကလေးငယ်နှစ်ယောက်တို့အားလုံးမှာ ရှစ်ဖုန့်၏ရှေ့တွင်ဒူးထောက်လိုက်ကြသည်။

“ကျေးဇူးရှင်..”

“ကျေးဇူးတင်ပါတယ်..ကျေးဇူးရှင်”

အမျိုးသမီးတစ္ဆေနှစ်ဦးထံမှ အော်ပြောရန်အတွင် အပြင်းအထန်ရုန်းကန်နေရသကဲ့သို့ စူးရှရှအက်ကွဲကွဲအသံတို့ထွက်ပေါ်လာသည်။

“သွားတော့”

ရှစ်ဖုန့်ကသူ၏ လက်အားဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ ထို့နောက် ဒူးထောက်နေကြသော အာဃာတစ္ဆေလေးကောင်၏ ပုံရိပ်တို့မှာ မြူခိုးများကဲ့သို့ ဖြည်းညှင်းစွာမှေးမှိန်လာပြီး သူတို့၏ပုံရိပ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ထို့နောက်တွင် ရှစ်ဖုန့်က သူ၏မျက်လုံးတို့အား  အနက်ရောင်တောင်များရှိရာ

ဝန်းကျင်ဆီသို့ပြောင်းလဲလိုက်ပြီး  အနက်ရောင်တောင်ထွတ်အား ထပ်မံ၍ ကြည့်လိုက်ကာ ဆိတ်ငြိမ်စွာဖြင့်စောင့်ဆိုင်းနေသည်။

ကြီးမားသော အနက်ရောင်တောင်ထွတ်ပေါ်တွင် အမျိုးမျိုးသောပြင်းထန်သည့်

စွမ်းအင်များက ပြင်းထန်စွာ သဲကြီးမဲကြီးဖြစ်ပေါ်နေသည်။

အမျိုးမျိုးသော အရောင်အသွေးစုံလင်သည့်

အလင်းများက အနက်ရောင်တောင်ထွတ်အပေါ်တွင် ထွက်ပေါ်နေသည်။

တိုက်ပွဲညှာသံများ၊ဒေါသတကြီး အော်ဟစ်သံများနှင့် ဝမ်းနည်းဖွယ်ရာ  ငယ်သံပါအောင်အော်ဟစ်

သောအသံများကိုလည်း အနက်ရောင်တောင်ထွတ်ထံမှ ကြားရနိုင်သည်ဖြစ်သည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

အားထိုအနက်ရောင်တောင်

ထွတ်ဆီသို့ယူဆောင်လာခဲ့ပြီဖြစ်သည်။ ထျန်းရှဲ့အဓိပဓိသေဆုံးသွားပြီးသည့်နောက် များစွာသောအောက်လမ်း

ဂိုဏ်းများကပူးပေါင်း၍ ထျန်းရှဲ့ဂိုဏ်းများဖျက်ဆီး

ကပစ်နေကြသည်။ အကယ်၍ ရှစ်ဖုန့်၏ အမိန့်မပါခဲ့လျှင်ပင် ထိုသို့ဖြစ်လာရန်မှာ အချိန်တစ်ခုသာလိုအပ်မည်ဖြစ်လေသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters