← Chapters

အပိုင်း(၃၄၂)

Vol. 23 Ch. 342

အပိုင်း(၃၄၂)

Vol. 23 Ch. 342

ရှစ်ဖုန့်က မိုယန်အား အေးစက်စွာကြည့်လိုက်သည်။ အဆင့်ခြောက် သန့်စင်ဆရာသခင်တစ်ယောက်က

သူ့ကိုယ်သူ အား အဆင့်အတန့်မြင့်သိက္ခာကြီးမား

သောသူအဖြစ်တွေးထင်နေသည်။သူက အေးစက်စွာဖြင့် ထပ်မံ၍ပြောလိုက်သည်။

“ဒီသခင်လေးက စကားကိုတစ်ကြိမ်ပဲပြောမယ်.. ခင်ဗျားဒီသခင်လေးရှေ့မှာ ထပ်ပြီးတော့ မောက်မာရဲရင် ဒီသခင်လေးခင်ဗျားကိုသတ်ပစ်မယ်..

အဆင့်ခြောက်သန့်စင်သူတစ်ယောက်ဆိုတာ ဒီသခင်လေးရဲ့မျက်လုံးထဲမှာဘာမှမဟုတ်ဖူး”

“ကောင်စုတ်..မင်း…..”

ရှစ်ဖုန့်က မိုယန်နှင့်စကားပြောဆို၍ ထပ်မံအချိန်ဖြုန်းနေခြင်းမရှိတော့ပေ။ ရုတ်တရက် မိုယန်၏ကိုယ်ကသွေးနီရောင်အလင်း

လင်းလက်သွားပြီး သူ့အားရှစ်ဖုန့်၏  သွေးကျောက်ပြား နေရာလွတ်အတွင်းသို့ဆွဲယူခြင်း

ခံလိုက်ရသည်။

ထို့နောက် ရှစ်ဖုန့်၏ကိုယ်ကလည်းသွေးနီ

ရောင်အလင်းတစ်ခုလင်းလက်သွားပြီး မာနကြီးသောလူအိုကြီးနောက်သို့လိုက်ပါ၍ သွေးကျောက်ပြားနေရာလွတ်

အတွင်းသို့ရောက်ရှိသွားသည်။

“ဒါက ဘယ်နေရာလဲ”

အမှောင်ထုအတွင်း မိုယန်၏ တုန်လှုပ်အံ့အားသင့်သောအသံ

ထွက်ပေါ်လာသည်။

ထို့နောက်တွင် အလင်းတန်းများက ထွက်ပေါ်လာသည်။  မိုယန်က ကျောက်မျက်ရတနာတုံးများကို

သူ၏သိုလှောင်လက်စွပ်အတွင်းမှ

ထုတ်ယူလိုက်ပြီး သူ၏ဝန်းကျင်တွင်လွင့်မျောနေစေသည်။

ရုတ်တရက် ဧရိယာတစ်ဝိုက်က ကျောက်မျက်ရတနာတို့ကြောင့်

လင်းထိန်သွားပြီးနေ့အလင်း

ရောင်ကဲ့သို့တောက်ပသွားသည်။

ဤအခိုက်အတန့်တွင် မိုယန်၏

အကြည့်တို့က ဘာမှရှိမနေသော နေရာလွတ်တစ်ခုဆီသို့ကျရောက်သွားသည်။ ရှေ့အဝေးနေရာဆီသို့ဦးတည်၍

ကြည့်လိုက်သော်လည်း  ကျောက်မျက်ရတနာများမှ ထွန်းလင်းနိုင်သောအလင်း၏ အကန့်အသတ်ကြောင့် အမှောင်ထုကသူ၏မြင်ကွင်း

အားကာဆီးထားသည်။

ရှစ်ဖုန့်က မာနကြီးသောလူအိုကြီးအား  ဟုန်ယွဲ့နှင့်စံပယ်လေးတို့ရှိနေသော

နေရာနှင့်ဝေးကွာသောနေရာဆီသို့ ပစ်ထည့်လိုက်ခြင်းဖြစ်သည်။

“ဒါကဒီသခင်လေးလက်နက်ရဲ့ အတွင်းမှာရှိနေတဲ့ စိတ်ဝိညာဉ်ကမ္ဘာတစ်ခုပဲ”

အေးစက်သောအသံတစ်ခုက ရုတ်တရက် မိုယန်၏ ဘေးမှထွက်ပေါ်လာသည်။

ထို့နောက်တွင် သွေးနီရောင်အလင်းတစ်ခုက မိုယန်၏ဘေးတွင်လင်းလက်လာပြီးရှစ်ဖုန့်၏ပုံရိပ်က ပေါ်လာသည်။

သူ့အနေဖြင့် တစ်စုံတစ်ခုအား ခန့်မှန်းထားပြီးဖြစ်သော်လည်း ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင် မိုယန်၏ အမူအယာက ကြီးမားစွာပြောင်းလဲသွားရသည်။

သူ့အနေဖြင့် ပြင်းပြင်းထန်ထန်ကိုတုန်လှုပ်

အံ့အားသင့်သွားရခြင်းဖြစ်သည်။

လက်ရှိထျန်းဟန်တိုက်ကြီးပေါ်တွင် မည်သည့်သန့်စင်သူ အဂ္ဂရိတ်ဆရာသခင်ကမှ ကမ္ဘာငယ်လေးတစ်ခုပါဝင်သော

လက်နက်တစ်ခုအား ဖန်တီးနိုင်ခြင်းမရှိပေ။၎င်းအား

ရှေးပဝေသဏီအချိန်ကာလကတည်းက လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းစာလိပ်များတွင်သာ မှတ်တမ်းတင်ထားခဲ့သည်ဖြစ်သည်။

ရှေးပဝေသဏီအချိန်ကာလက နတ်ဘုရားအဆင့် သန့်စင်သူအဂ္ဂရိတ်ဆရာသခင်ကသလျှင် အဆင့်ကိုးထက်သာလွန်ပြီး

အဆင့်တစ်ဆယ်ရှိသောနတ်

ဘုရားလက်နက်အားဖန်တီးနိုင်သည်ဖြစ်သည်။သူတို့အနေဖြင့် ကတော့ နတ်ဘုရားလက်နက်အားအသာထားဦး အဆင့်ကိုးဧကရာဇ်အဆင့်

လက်နက်တစ်ခုကိုပင်ဖန်တီးရန်မဖြစ်နိုင်ပေ။

“နတ်ဘုရားလက်နက်..

နတ်ဘုရားလက်နက်တစ်ခု”

မိုယန်က သူ့ဖာသာသူတီးတိုးရေရွတ်နေသော်လည်း  သူ၏မျက်နှာထက်ရှိ အရူးအမူးဖြစ်နေသော ပုံစံအားဖုံးကွယ်ထားခြင်းမရှိပေ။

အစောပိုင်းကရှစ်ဖုန့်ကြောင့် ဖြစ်ခဲ့ရသော မပျော်ရွှင်မှုတို့ကိုပင်လုံးဝ မေ့ပျောက်သွားခဲ့ပုံရသည်။

မိုယန်၏မျက်နှာထက်တွင် မျှောင်လင့်ချက်မျှော်မှန်းချက်များ

ဖြင့်ပြည့်နှက်နေသည်။သူက လျှင်မြန်စွာရှစ်ဖုန့်အားပြောလိုက်သည်။

“မြန်မြန်လေး…ငါ့ကိုမြန်မြန်လေး

အပြင်ပေးထွက်စမ်းပါ..ငါမင်းရဲ့နတ်ဘုရားလက်နက်ကိုကြည့်ပါရစေ”

“အလျှင်မလိုနဲ့”

ရှစ်ဖုန့်က သူ၏လက်အားဝေ့ယမ်း၍ ပြောလိုက်သည်။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်ကြောင့် အခြားသောဧရိယာ၌ရှိနေကြသော

ဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာ ချက်ချင်းပဲ ဤနေရာသို့ရွှေ့ပြောင်းလာပြီးရှစ်ဖုန့်နှင့် မိုယန်တို့ရှိနေသောနေရာနှင့်

မဝေးလှသောနေရာ၌ ပေါ်လာ၏။

ယခင်ကအတိုင်းပင်  ဟုန်ယွဲ့၏မြင်သာသောအရေပြားနေရာတို့၌ ပင့်ကူအိမ်ကဲ့သို့အနက်ရောင်မျဉ်းများက ဖုံးလွှမ်းထားသည်။သူမက နက်ရှိုင်းစွာအိပ်မောကျနေသော အခြေအနေသို့စိုက်ရောက်နေသည်။

စံပယ်လေးက ဟုန်ယွဲ့၏ဘေးတွင်ဒူးထောက်

နေဆဲဖြစ်ပြီး  သူ၏မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများဖြင့်ပြည့်နှက်နေသည်။

ရှစ်ဖုန့်က မိုယန်အား ဟုန်ယွဲ့၏ထိခိုက်ဒဏ်ရာများ

ကိုတစ်ချက်ကြည့်စေပြီး သူမအတွက် ဆေးဝါးတစ်ခုခုများဖော်စပ်ပေး

၍ရစေလိုခြင်းဖြစ်သည်။သူ၏ အဆင့်ခြောက်သန့်စင်သူ အဂ္ဂရိတ်ဆရာသခင်ဟူသော ပုံရိပ်အပြင်  မိုယန်မှာထျန်းရှဲ့အဓိပဓိ၏ဖမ်းဆီး

မှုအားခံခဲ့ရပြီးထျန်းရှဲ့ဂိုဏ်း၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်ဖြစ်သည်။သူ့အနေဖြင့် ထျန်းရှဲ့အဓိပဓိ၏ အနက်ရောင်နတ်ဘုရားလွန်းနှင့်

ပက်သက်ပြီးနားလည်မှုအချို့

တော့ရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က စံပယ်လေးအား ဤနေရာသို့ ရွှေ့ပြောင်းလိုက်သောအကြောင်းပြချက်မှာ ဟုန်ယွဲ့တစ်ယောက် ရုတ်တရက်ပျောက်ကွယ်သွား

မည်ကိုသူစိုးရိမ်သောကြောင့်ဖြစ်သည်။ ဤကောင်မလေးက စိုးရိမ်ပူပန်ပြီး မလိုအပ်သောအတွေးများအား

တွေးနေလိမ့်မည်ဖြစ်သည်။

“ဒါက…သူမက အီးပေါလောကြီး  ထျန်းရှဲ့နတ်ဘုရားလွန်းရဲ့ အမှောင်ထုနဲထိမှန်ခဲ့တာပဲ”

မိုယန်မှာ အိပ်ပျော်နေသောဟုန်ယွဲ့နှင့်သူမ၏ကိုယ်ပေါ်ရှိ အနက်ရောင်အမှတ်အသားများအားမြင်တွေ့လိုက်ရသောအခါတွင်  ထိခိုက်ဒဏ်ရာများ၏ ရင်းမြစ်အားသူပြောနိုင်လေသည်။

နတ်ဘုရားလွန်း၏အမှောင်ထုအကြောင်းစဉ်းစားမိသောအခါတွင် မိုယန်၏နှလုံးသားအတွင်း၌ ဒေါသတရားများဖြင့်ပြည့်နှက်နေသည်။ ထိုအချိန် က လူ့အတ္တဘောကြီး  ထျန်းရှဲ့က သူ့ထံသို့ နတ်ဘုရားလွန်းအား စစ်မှန်သော နှိမ့်ချမှုမျိုးဖြင့် ယူဆောင်လာခဲ့သည်။

သို့သော်ထိုလူ့အတ္တဘောကြီးက သိုးယောင်ဆောင်ထားသော မြေခွေးတစ်ကောင်ဖြစ်နေလိမ့်မည်ဟု မည်သူကများထင်ပါမည်နည်း။

နှိမ့်ချမှု၊စိတ်ရင်းအတိုင်းဆက်ဆံမှုနှင့်လေးစားမှု အသွင်အပြင်တို့အောက်၌ သူ့အတွင် ယုတ်မာသောနှလုံးသားတစ်ခုကပုံးကွယ်နေသည်။ထိုအချက်ကိုအခွင့်ကောင်းယူ၍ မိုယန်အကာအကွယ်လျော့နေ

သောအချိန်တွင် ဟန်ဆောင်လက်ဖက်ရည်ဧည့်ခံခဲ့ပြီး မိုယန်အား သတိမေ့သွားအောင် လုပ်ခဲ့သည်။မိုယန်သတိရလာ

သောအချိန်တွင် သူ့အနေဖြင့် ထျန်းရှဲ့ဂိုဏ်း၌ နေအိမ်အကျယ်ချုပ်ဖြင့် အဖမ်းခံထားရပြီးဖြစ်သည်။

ထို့နောက်ပိုင်းတွင် မိုယန်မှလျှို့ဝှက်အခန်းတစ်ခုတွင်

သော့ပိတ်ခံထားရပြီး နှစ်ရက်သုံးရက်လျှင်တစ်ကြိမ် ထိုလူ့အတ္တဘောကြီးထျန်းရှဲ့နှင့် မျက်နှာချင်းဆိုင်ရသည်။

ယခုအခါတွင်လည်းသူသည် ဤကဲ့သို့ရိုင်းစိုင်းသော အရိုင်းအစိုင်းလေး၏ လက်အတွင်းကျရောက်ရပြန်သည်။

ဤအရာအားတွေးမိသောအခါတွင် နတ်ဘုရားလက်နက်ကြောင့် အရူးအမူးဖြစ်သွားရသောသူ၏စိတ်တို့က ပြန်လည်၍တည်ငြိမ်သွားသည်။

ထို့နောက်သူကထပ်မံ၍တွေးလိုက်သည်။

ဤလူငယ်လေး၏ လက်အတွင်းတွင် နတ်ဘုရားလက်နက်တစ်ခုရှိနေသည်။

ကမ္ဘာဦးနတ်ဘုရားလက်နက်ကိုတစ်ချက်ကြည့်၍ လေ့လာနိုင်ရန်အတွက်မိုယန်အနေဖြင့်  ၎င်းနှင့်ယခုအငြင်းအခုံမပြု

လုပ်ရန်ဆုံးဖြတ်လိုက်သည်။

မိုယန်က ဟုန်ယွဲ့၏ထိခိုက်ဒဏ်ရာများအား

တွေ့မြင်ပြီးမကြာခင် ဒဏ်ရာများ၏ အရင်းအမြစ်အားပြောနိုင်သည်ကို ရှစ်ဖုန့်ကြားလိုက်ရသောအခါတွင် သူ့အနေဖြင့်မျှော်လင့်ချက်တစ်ခု

အားတွေ့သွားပုံပေါ်သည်။သူကအသံကိုနှိမ့်၍ မေးမြန်းလိုက်သည်။

“ဘယ်လိုလဲအဲ့တာက. ခင်ဗျားမှာ သူ့ကိုကုသဖို့အတွက်နည်းလမ်းရှိလား”

မိုယန်က ရှစ်ဖုန့်၏အဖြေအားတိုက်ရိုက်ပြန်မဖြေခဲ့ပေ။

သူ၏ပုံရိပ်က ဟုန်ယွဲ့ထံသို့ ဖြည်းညှင်းစွာလွင့်မျောပျံသန်းသွားသည်။

မိုယန်၏ ဤအချင်းအရာအား မြင်ရသောအခါတွင် ရှစ်ဖုန့်ကလည်းချက်ချင်းနောက်

မှလိုက်ပါလိုက်သည်။

ဟုန်ယွဲ့၏ဘေးတွင်ရှိနေသောစံပယ်လေးမှာ ပူးဆွေးသောကများလွှမ်းမိုးနေသည်။

မိုယန်နှင့်ရှစ်ဖုန့်တို့ သူမထံသို့ပျံသန်းလွင့်မျောလာမှသာ သူမသတိထားမိခြင်းဖြစ်သည်။

ရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် စံပယ်လေးက ချက်ချင်းပဲ အသနားခံသောအမူအယာကို

ထုတ်ဖော်ပြသလိုက်သည်။

သူမကရှစ်ဖုန့်အားတောင်းပန်သည်။

“ရှစ်ဖုန့် ..ကျွန်မရှင့်ကိုတောင်းပန်ပါတယ်…

ကျွန်မရှင့်ကိုတောင်းပန်ပါတယ်..ရှင်စီနီယာအမကိုကုပေးရမယ်..

ကျွန်မရှင့်ကိုတောင်းပန်ပါတယ်ရှင်”

စံပယ်လေး၏ အသွင်အပြင်အားမြင်တွေ့လိုက်

ရသောအခါတွင်  ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်အလင်းတစ်ချက်

လင်းလက်သွားသည်။ သူကမိုယန်နှင့်ခြေတစ်လှမ်း

အကွာတွင်ရှိနေခဲ့ပြီး ဖျက်ခနဲဆိုသလိုစံပယ်လေးနားသို့ရောက်သွားသည်။ သူ၏မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေပြီး သူမအားနှစ်သိမ့်လိုက်သည်။

“မစိုးရိမ်ပါနဲ့ ..ဟုန်ယွဲ့ဒီအခြေအနေကိုရောက်ရတာ ငါ့ကြောင့်ပါ…ငါသေချာပေါက်သူ့ကို သေချာပေါက်ကုသပေးမှာပါ”

“အင်း..စီနီယာအမ သေချာပေါက်ကို အဆင်ပြေမှာပါ”

ရှစ်ဖုန့်၏  စကားတို့အားကြားရသောအခါတွင် စံပယ်လေးကခေါင်းကိုပြင်းပြင်း

ထန်ထန်ညိမ့်လိုက်သည်။ သူမ၏မျက်နှာထက်တွင်လည်း

စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသည်။

“ငါ့ဖင်ကြီးကို အဆင်ပြေပါ့လား….မင်းတို့ဟာမင်းတို့ ဆုံးဖြတ်မနေနဲ့..”

သို့သော်ထိုအချိန်တွင် မိုယန်၏အထင်အမြင်သေးသောအသံက ထွက်ပေါ်လာသည်။

“မင်းတို့တေွက ရေတွင်းအောက်ခြေကဖားသူငယ်တွေပဲ..ဘယ်လိုလုပ်ပြီးတော့ အဆင့်ကိုးဧကရာဇ်အဆင့် အမှောင်ဓာတ်အခြေပြုသတ္ထုဖြစ်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုတိုက်စားနိုင်တဲ့ အနက်ရောင်ခွေသံမဏိသလင်း

ကျောက်အကြောင်းကို မင်းတို့တွေသိနိုင်မှာတဲ့လဲ”

မိုယန်၏ စကားတို့အားကြားလိုက်ရသောအခါတွင် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်သည်ကို ရှစ်ဖန့် သဘောပေါက်လိုက်သည်။

သူ၏မျက်မှောင်အားကြုတ်လိုက်ပြီး မေးလိုက်သည်။

“ခင်ဗျားသူ့ကိုကယ်နိုင်လား”

“မကယ်နိုင်ဘူး”

ရှစ်ဖုန့်၏မေးခွန်းအားကြား

လိုက်ရသောအခါတွင် မိုယန်ကတဲ့တိုးပင်ပြန်ဖြေလိုက်သည်။

ထို့နောက်သူက ဆက်ပြောလိုက်သည်။

“ဒီကောင်မလေးက သေတောင်သေသွားလောက်ပြီ”

မိုယန်က ပြောနေရင်းဆက်လက်၍ မပြောခင်ရပ်တန့်လိုက်သည်။

“အဲ့သူတောင်းစားကြီး ထျန်းရှဲ့ရဲ့ ဧကရာဇ်အဆင့် အမှောင်ထုလွန်းက အများကြီးထိခိုက်ပျက်ဆီးနေပြီ…

အဲ့ထက်ပိုထာက ထိခိုက်ထားမှုစံနှုန်းနဲ့ အနက်ရောင်ခွေသလင်း

ကျောက်ရဲ့ဂုဏ်သတ္တိတွေအရ ဒီအမှောင်ထုလွန်းက  ဘယ်သက်ရှိမဆိုရဲ့သွေးနဲ့ထပ်ပြီထိတွေ့

လို့မရတော့တာကို ဒီအရှင်သိခဲ့ပြီးသား ..အဲ့တာက သွေးနဲ့တစ်ကြိမ်ထိတွေ့မိတာနဲ့ သွေးထဲကိုပျော်ဝင်သွားလိမ့်မယ်…ဒါပေမဲ့ ဘယ်သက်ရှိကများ အရည်အဖြစ်ပြောင်းသွားပြီး

သက်ရှိအားလုံးရဲ့သွေးကို တိုက်စားတဲ့ အနက်ရောင်ခွေသလင်းကျောက်ကို ခုခံနိုင်စွမ်းရှိမှာတဲ့လဲ”

“ဒါကြောင့် ဒီအရှင်က ဒီအမှောင်ထုလွန်းရဲ့ စွမ်းအားအကြီးဆုံးသတ်ဖြတ်ခြင်းစွမ်းအားက သက်ရှိတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားတဲ့အခါလို့ အဲ့သူတောင်းစားကြီးထျန်းရှဲ့ကိုတစ်ခါပြောခဲဖူးတယ်…လက်ရှိထျန်းဟန်တိုက်ကြီးပေါ်မှာ ဧကရာဇ်အဆင့်အဂ္ဂရိပ်သန့်စင်

သူဘယ်သူမှမရှိဘူး..အမှောင်ထုလွန်းက သက်ရှိတစ်ဦးရဲ့ကိုယ်ထဲကိုဝင်သွားတာနဲ့  အဲ့တာကသွေးထဲကိုပျော်ဝင်သွားပြီး တစ်ကိုယ်လုံးကိုတိုက်စားလိမ့်မယ်..

အဲ့နောက်မှာဘယ်သူကမှ အဲ့သက်ရှိကိုကယ်တင်နိုင်မှာမဟုတ်ဖူး…

သေချာပေါက်ကိုသေရလိမ့်မယ်”

“မဟုတ်ဖူး..မဟုတ်ဖူး.ရှင်အဓိပ္ပါယ်မရှိတာတွေကိုပြောနေတာ…ကျွန်မရဲ့စီနီယာ

အမကသေမှာမဟုတ်ဖူး..”

လူအိုကြီး မိုယန်၏ စကားတို့အားကြားလိုက်ရသောအခါတွင် စံပယ််လေးမှာ စိတ်တို့လှုပ်လှုပ်ရှားရှားဖြစ်သွား

မှုတို့ဖြင့်ပြည့်နှက်သွားသည်။

စံပယ်လေးကသူမ၏လက်သီးတို့ကိုဆုပ်၍ မိုယန်အားအော်ပြောလိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters