← Chapters

အပိုင်း(၃၄၃)

Vol. 23 Ch. 343

အပိုင်း(၃၄၃)

Vol. 23 Ch. 343

“ဟမ့်”

စံပယ်လေး၏ စကားအားကြားပြီး

သူမ၏  သူ့အပေါ် အလွန်ဆိုးရွားသောသဘောထား

အားမြင်ရသောအခါတွင် မိုယန်က  မကျေမနပ်ဖြစ်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။အခု နောက်ထပ်ရိုင်းပျသောသူတစ်ယောက်က သူ့လိုမြင့်မြတ်သောသူကိုအော်ငေါက်ရဲပြီး  သူ၏ အကဲဖြတ်မှုအား သံသယဝင်ရဲသည်။

မိုယန်မှာ သူ၏ မြင့်မြားသောအဆင့်အတန်းအား နောက်တစ်ကြိမ်ထပ်မံ၍ အလေးအနက်ထားပြောပြရန် လိုအပ်သည်ဟုခံစားရသည်။ထို့နောက်မကြာခင် မိုယန်က စံပယ်လေးအား မျက်နှာမူလိုက်ပြီး မာနအထင်းသားဖြင့်ပြောလိုက်သည်။

“ဒီအရှင်က ဩဇာ တိက္ကမကြီးမားတဲ့ အဆင့်ခြောက်သန့်စင်သူအဂ္ဂရိတ်ဆရာသခင် မိုယန်ပဲ ..အကယ်၍ ဒီအရှင်က သူမသေမယ်လို့ပြောရင် ..သူမသေချာပေါက်ကိုသေသွားလိမ့်မယ်”

မိုယန်က စကားပြောပြီးသည့်နောက် စံပယ်လေးအား အေးစက်သောမျက်နှာထား

ဖြင့်ကြည့်လိုက်သည်။ သူ၏ မြင့်မားသောအဆင့်အတန်းအား ထုတ်ဖော်ကြေငြာပြီးသည့်နောက်တွင်

မိုယန်က သူ၏ခေါင်းအားဝင့်ကြွားစွာဖြင့် ခပ်မြင့်မြင့်မော့ထားသည်။

သူ၏စိတ်ထဲတွင် စံပယ်လေး၏ပုံရိပ် က ကြီးစွာသောပြောင်းလဲမှုတို့ဖြစ်သွားပြီး  တုန်လှုပ်ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမအနေဖြင့် သူ့အား ရိုင်းပျစော်ကားခဲ့မိသည့်အတွက် နောင်တတရားတို့ဖြင့်ပင်ပြည့်နှက်

နေလိမ့်မည်ဖြစ်သည်။

“ဟမ့်”

အဆင့်ခြောက်သန့်စင်သူဆရာ

သခင်တစ်ယောက်အားစော်ကားခြင်းက သူမအနေဖြင့် ထိုအဆင့်ခြောက်သန့်စင်ဆရာ

သခင်ဖြစ်သူ၏ ကောင်းမွန်သောသဘောထား

ကိုဆုံးရှုံးလိုက်ရရှုံသာမက သူမအနေဖြင့်အဆင့်ခြောက်သန့်စင်

ဆရာသခင်ဖြစ်သူ၏ မနှစ်မြို့ခြင်းကိုပင်  ခံရနိုင်သည်ဖြစ်သည်။ ယင်းမှာသူမ၏ ရိုင်းပျမှုသက်သက်ကြောင့်  ကြီးမားသော အခွင့်အရေးကြီးတစ်ခုအား

ဆုံးရှုံးသွားရသည်နှင့်ညီမျှ၏။ မိုယန်အနေဖြင့်ယခင်ကလည်း

ဤကဲ့သို့တွေ့ကြုံခဲ့ဖူးသည်ဖြစ်သည်။ ထိုအချိန်တုံးက သူ့အားစော်ကားခဲ့ကြသောသူများမှာသူ၏ အဆင့်အတန်းအားသိသွားကြသောအခါတွင်သူ၏ရှေ့၌ပင်  နောင်တရခြင်းများဖြင့် ၎င်းတို့၌ ပြည့်နှက်နေကြသည်။ သူ့ရှေ့တွင်ဒူးပင်ထောက်ကြရသောသူများပင် ရှိသေးသည်ဖြစ်သည်။

သို့သော် မိုယန်အနေဖြင့် စံပယ်လေး၏ တုန်လှုပ်အံ့အားသင့်ခြင်းနှင့်

အထိတ်တလန့်ဖြစ်ခြင်း သို့မဟုတ် နောင်တရသောအမူအယာတို့ကို မတွေ့ရပေ။ သူ၏ မြင့်မားသောအဆင့်

အတန်းကိုအသုံးချ၍ ထိုမိန်းကလေးအား သေချာပေါက်သေလိမ့်မည်ဟု အကဲဖြတ်ခဲ့သော်လည်း ထိုမာနကြီးသော မိန်းကလေးက သူ့အား တကယ်ကြီး ပြင်းပြင်းထန်ထန်ကိုအော်ဟစ်လိုက်သေးသည်။

“ဘာကိုသောက်သုံးမကျတဲ့ အဆင့်ခြောက်သန့်စင်သူလဲ..ရှင်က သန့်စင်သူဆရာသခင်အတုပဲ…

ရှင်ကသာသေမဲ့သူ”

စံပယ်လေးက အဆင့်အတန်းမြင့်မားသောမိုယန် ၏ မောက်မာအထင်သေးသောမျက်နှာအား ဖြူဖပ်ဖြူရောက်ဖြစ်သွား

အောင်ကျိန်ဆဲပစ်လိုက်သည်။ မိုယန်၏တစ်ကိုယ်လုံးမှာ

ဒေါသတရားများဖြင့် တုန်ယင်နေသည်။ နောက်ဆုံးတွင်သူ၏နှလုံးသားအတွင်းရှိ ဒေါသတရားတို့အားချုပ်တည်း

မထားနိုင်တော့ဘဲ စံပယ်လေးအားအော်ဟစ်လိုက်သည်။

“ရိုင်းပျလိုက်တာ..မင်းဘယ်လို

တောင်သတ္တိရှိနေတာလဲ..

မာနကြီးနေတဲ့မိန်းမ မင်းတကယ်ကြီး ဒီအရှင်ကိုလာပြီးတော့ရိုင်းပျရဲတယ်..

ဒီအရှင်ကိုစော်ကားတဲ့အတွက်ဖြစ်လာမဲ့ အကျိုးဆက်တွေကိုရောမင်းသိရဲ့လား”

ရှစ်ဖုန့်မှာမိုယန်၏ ဒေါသအားတွေ့မြင်လိုက်ရသောအခါတွင် သူ၏ပါးစပ်ကိုဖွင့်ဟ၍ပြောလိုက်သည်။

“ကောင်းပြီ လူအိုကြီး  ရပ်တော့..ခင်ဗျားကဒီသခင်လေးရဲ့ အကျဉ်းသားပဲ….အကယ်၍

ဒီသခင်လေးသာ ခင်ဗျားကိုသတ်ပစ်ချင်တယ်ဆိုရင် အတွေးတစ်ချက်ပဲလိုတယ်…အခုကစပြီး ဒီသခင်လေးရဲ့ရှေ့မှာခင်ဗျားရဲ့ မောက်မာတဲ့အဆင့်အတန်းဆို

တာတွေကိုခဝါချ ထားလိုက်”

“မင်း..မင်း..”

ရှစ်ဖုန့်၏စကားတို့အားကြား

လိုက်ရသောအခါတွင် မိုယန်မှာပို၍ဒေါသထွက်လာသည်။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီးရှစ်ဖုန့်အား

စိုက်ကြည့်နေသည်။ သူကရှစ်ဖုန့်အား လက်ညှိုးထိုးပြီးပြောလိုက်သည်။

“မင်း..ငါကအခုချိန်မှာ မင်းရဲ့ အကျဉ်းသားဆိုပေမဲ့ ငါ့မှာ ဂုဏ်သိက္ခာဆိုတာရှိသေးတယ်….

အကယ်၍မင်းငါ့ကို အနာဂတ်မှာတစ်ခုခုကိုသန့်စင်

စေချင်တယ်ဆိုရင် ငါ့ရှေ့မှာ မင်းအရမ်းအထက်စီးဆန်ပြမ

နေတာကောင်းမယ်..မဟုတ်ရင် ငါလက်သင့်ခံမဲ့အစားသေပဲသေလိုက်မယ်”

အဆုံးသတ်၌ မိုယန်၏အိုမင်းသောမျက်နှာထက်တွင် မဆုတ်မနစ်သော စိတ်ပိုင်းဖြတ်ထားမှုများဖြင့်ပြည့်နှက်နေသည်။

သို့သော်ရှစ်ဖုန့်က မိုယန်၏ ခြိိမ်းခြောက်မှုတို့အားကြောက်နေခြင်းမရှိပေ။

ရုတ်တရက်အတွေးတစ်ချက်ဖြင့်

ထူးဆန်းသော သွေးနီရောင်မီး

တောက်တစ်ခုက အကွာအဝေးတစ်ခုဆီမှလွင့်

မျောထွက်ပေါ်လာသည်။

“အား.အား..အား..အား..”

သွေးနီရောင်မီးတောက်အတွင်းမှ မချိမဆန့်ဖြင့်စူးစူးဝါးဝါးအော်ဟစ်

သောအသံတစ်ခုက ထွက်ပေါ်လာသည်။

“ရှစ်ဖုန့်…ငါ့ကိုသတ်ပါ…ငါ့ကိုသတ်လိုက်ပါ…ငါမင်းကိုတောင်းပန်ပါတယ်”

သွေးနီရောင်မီးတောက်အတွင်းမှာ မချိမဆန့်အော်သံကသူ၏သေခြင်း

တရားကိုပေးဆောင်ရန်တောင်း

ပန်နေခြင်းဖြစ်သည်။

“ဒါ..ဒါက…”

ရုတ်တရက်ထွက်ပေါ်လာသော

သွေးနီရောင်မီးတောက်က မိုယန်၏မျက်လုံးတို့အားနောက်တစ်ကြိမ်ထပ်မံ၍ပြူးကျယ်သွားစေသည်။ သူ၏ယခင်က ပြတ်ပြတ်သားသားဖြစ်နေခဲ့သောအမူအယာမှ တုန်လှုပ်အံ့အားသင့်သော ပုံစံတစ်ခု လှစ်ဟာထွက်ပေါ်လာသည်။

သူကလေးစားရသောအဆင့်ခြောက်သန့်စင်သူအဂ္ဂရိတ်ဆရာသခင်တစ်ယောက်ဖြစ်ပြီး သူ၏ဝိညာဉ်စွမ်းအားက အဆင့်ခြောက်၌ရှိသည်ဖြစ်သည်။

ပင်ကိုယ်အားဖြင့်သူသည် သွေးနီရောင်မီးတောက်အတွင်းမှ ဝိညာဉ်များမြင်နိုင်ပြီး  မီးတောက်အတွင်းမှ သေခြင်းတရားကိုတောင်းဆိုနေသော ထွက်ပေါ်လာသည့် ငိုကြွေးအော်ဟစ်သံကိုလည်း

ကြားနိုင်သည်ဖြစ်သည်။

“ဒီသေးသွယ်တဲ့ ဝိညာဉ်နဲ့သူ့ရဲ့အော်ဟစ်သံကိုခင်ဗျား ရင်းရင်းနှီးနှီးရှိတယ်မလား”

ရှစ်ဖုန့်က မိုယန်အားသာမန်ကာလျှံကာ

ပင်ပြောလိုက်သည်။

“ဟစ်”

ထိတ်လန့်နေသောမိုယန်မှာပြင်းထန်သော သက်မတစ်ကိုပင့်သွင်းရှူရှိုက်လိုက်သည်။

ဤအခိုက်အတန့်တွင်သူ့အနေဖြင့် သွေးနီရောင်မီးတောက်မှလာနေသော စွမ်းအင်အား ခံစားနိုင်သည်ဖြစ်သည်။ သူ့အနေဖြင့်ထိတ်လန့်

ကြောက်ရွံ့ဖွယ်နှိပ်စက်ညှင်း

ပန်းခံနေရသောသူနှင့်ရင်းနှီး

ကျွမ်းဝင်ဆုံးဖြစ်သည့် သေးသွယ်သည့်ဝိညာဉ်အားသိသည်ဖြစ်သည်။ ထိုထက်ပိုသည်ကား

ယင်းအားသူမသိလျှင်ပင်

ထျန်းရှှဲ့အဓိပဓိ၏ သေခြင်းတရားအတွက်တောင်း

ဆိုနေသောငယ်သံပါအောင်အော်ဟစ်သံက သူ့အားသိရှိရန်ပြောနေသည်ဖြစ်သည်။

မိုယန်၏ အလွန်အံ့အားသင့်နေသော

မျက်နှာက ရှစ်ဖုန့်ထံသို့ဖြည်းဖြည်းချင်းလှည့်လာပြီး သူ၏ပါးစပ်အားဖြည်းညှင်းစွာဖွင့်ဟ၍  ပြောလိုက်သည်။

“ကောင်လေး..မင်းကတကယ်

ကိုရက်စက်တာပဲ”

မိုယန်၏စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်ကသရော်ပြုံးပြုံး

လိုက်ပြီးပြောလိုက်သည်။

“ဒီသခင်လေးကခင်ဗျားဒီသခင်

လေးစကားကိုနားမထောင်မှာကို မကြောက်ဘူး…အကယ်၍ခင်ဗျားဒီသခင်လေးစကားကိုနားမထောင်ဘူးဆိုရင် ခင်ဗျားလည်းထျန်းရှဲ့လို အဆုံးသတ်မှာပဲ.ဒီသခင်လေးက ခင်ဗျားရဲ့ဝိညာဉ်ကိုဆွဲနုတ်ပြီးမီးတောက်ထဲမှာကင်ပစ်မယ်..ဒါဆိုခင်ဗျားလည်း

ပျော်ပျော်ကြီးသေလို့ရတာပေါ့…

ဟုတ်တယ်ဟုတ်”

“အာ..”

မိုယန်ကတိုးဖျော့စွာ ညည်းတွားလိုက်သည်။ သူကထျန်းရှဲ့အဓိပဓိ၏ သေးသွယ်သောဝိညာဉ်ရှိရာ

တောက်လောက်နေသောသွေးနီရောင်မီးတောက်ထံသို့  သူ့ခေါင်းကိုလှည့်၍ကြည့်လိုက်သည်။ ထို့နောက် မိုယန်၏ တုန်လှုပ်အံ့အားသင့်နေသော

အမူအယာက ပို၍ပင်ထိတ်လန့်မှု၊ တုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်လာသည်။

သူကသွေးနီရောင်မီးတောက်တစ်ခုလုံးအား ဝါးမျိုချပစ်ချင်သကဲ့သို့ စိုက်ကြည့်နေသည်။သူက အရူးအမူးဖြစ်သောအမူအယာကိုပင် ပြသလိုက်သေးသည်။

“ကောင်းကင်မီးတောက်”

သူကအော်ပြောလိုက်သည်။

“ကောင်းကင်မီးတောက် ..ဒါက ဒဏ္ဍာရီလာ ကောင်းကင်မီးတောက်လား..ဘုရားရေ..ငါတကယ့်ပစ္စည်းတွေကိုပဲ မြင်တွေ့နေရတာလား”

အဂ္ဂရိတ်သန့်စင်သူဆရာသခင်တစ်ယောက် အထူးသဖြင့် အဆင့်ခြောက်သို့

ရောက်ရှိနေသော သန့်စင်သူတစ်ယောက်အနေဖြင့်

မီးတောက်များဖြင့်ပက်သက်ပြီး အရမ်းကို တုန့်ပြန်နိုင်စွမ်းက အလိုအလျောက်ရှိသည်ဖြစ်သည်။ အစောပိုင်းကသူသည်  ထျန်းရှဲ့၏ဝိညာဉ်အော်ဟစ်ငိုကြွေးသံကြောင့် တန်လှုပ်အံ့အားသင့်နေခဲ့ရပြီး ၎င်းအားသတိမပြုမိခဲ့ပေ။

ယခုသူကောင်းကင်မီးတောက်၏ အရှိန်အဝါအား ဂရုတစိုက်အာရုံခံမိသောအခါမှသာ

၎င်းက ကောင်းကင်မီးတောက်

အဆင့်ဖြစ်ကြောင်းကို ချက်ချင်းရှာတွေ့သွားခြင်းဖြစ်သည်။

“ဘုရားရေ..ရှေးဟောင်းနတ်ဘုရားလက်နက်..

ကောင်းကင်မီးတောက်…ကောင်စုတ်လေး..မင်းဘယ်လိုကံအားလျော်မှုမျိုး တွေကိုမင်းကြုံတွေ့ခဲ့တာလဲ..”

မိုယန်တစ်ယောက် အေးဆေးတည်ငြိမ်စွာနေနိုင်ခြင်းမရှိပေ။

အဘယ်ကြောင့်နည်း။သူသည်သူ့ဘဝသက်တမ်း၏ထက်ဝက်ကျော် နေထိုင်ခဲ့သော်လည်း ဤကဲ့သို့သော ဘယ်အရာကိုမှ မမျှော်လင့်ဘဲကြုံကြိုက်ခြင်းမျိုးမရှိခဲ့ဖူးပေ။

ဘယ်လိုဖြစ်ပြီး  အသက်ဆယ့်ငါးနှစ်အရွယ်

ကောင်လေးတစ်ယောက်က ဤကဲ့သို့သောအရာမျိုးများအား ကြုံတွေ့ခဲ့ရပါသနည်း။

ရှစ်ဖုန့်၏စိတ်အတွင်း အတွေးတစ်ချက်ဖြင့် ထျန်းရှဲ့အဓိပဓိ၏ဝိညာဉ်အား

လောင်ကျွမ်းနေသော  သွေးနီရောင်မီးတောက်က  အကွာအဝေးတစ်ခုအတွင်းသို့လွင့်မျောသွားသည်။ ၎င်းက ရှစ်ဖုနု့်နှင့် အခြားသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး  ဧရိယာတစ်ဝိုက်အားတိတ်

ဆိတ်ငြိမ်သက်ကျသွားစေသည်။

ရှစ်ဖုန့်က မိုယောက်ဘက်ကသို့ထပ်မံ၍

လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျုပ်တို့အားလုံးက ပါးနပ်တဲ့သူတွေပါ…အခုကစပြီး

တော့ခင်ဗျားဘာလုပ်ရမယ်ဆိုတာ

ကိုသိသင့်တယ်…

အဲ့တာထက်ပိုတာက ခင်ဗျားသာဒီသခင်လေးကိုစိတ်ကျေနပ်မှုရှိစေခဲ့မယ်ဆိုရင် ဒီသခင်လေးကလည်း ခင်ဗျားကို မမျှမတ မဆက်ဆံပါဘူး..ဒီသခင်လေးက ခင်ဗျားကို ရှေးဟောင်းနတ်ဘုရားလက်နက်နဲ့‌ကောင်းကင်မီးတောက်ကို ထိတွေ့ခွင့်ပေးမယ်..ဒီအရာတွေကိုထိတွေ့ခွင့်ရလို့ ရလာမဲ့အကျိုးကျေးဇူးကို ခင်ဗျားက ဒီသခင်လေးထက်ပိုသိပါတယ်”

ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် မိုယန်က  သက်ပြင်းချပြီး ပြောလိုက်သည်။

“မင်းကငါ့ကို ထျန်းရှှဲ့ရဲ့စိတ်မချမ်းမြေ့စရာအခြေအနေနဲ့ ခြိမ်းခြောက်ထားခဲ့တာပဲ..ငါ့မှာ ဘာရွေးချယ်စရာများရှိသေးလို့လဲ…

ငါ့ကံကြမ္မာကိုငါလက်ခံနိုင်တာပဲ တက်နိုင်တယ်…ဒါပေမဲ့ မင်းက ငါ့ကိုဒီအမျိုးသမီးကိုကယ်တင်စေချင်တာဆိုရင်တော့ ငါကတကယ့်ကိုအစွမ်းမဲ့တဲ့သူပဲ”

မိုယန်က ဟုန်ယွဲ့အား လက်ညိုးထိုးညွှန်ပြရင်းပြောလိုက်သည်။

ထို့နောက်တွင် မိုယန်က ထပ်မံ၍ ပြောလိုက်သည်။

“ဒီသခင်လေးသာမကဘူး..ထျန်းဟန်တိုက်ကြီးတစ်ခုလုံးပေါ်မှာပါရမီအကောင်းဆုံးသူဖြစ်တဲ့ ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းဒီနေရာမှာရှိနေမယ်ဆိုရင်တောင် ဒီအရှင်လိုပဲ အတူတူပဲဖြစ်နေလိမ့်မယ်”

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters