← Chapters

အပိုင်း(၃၄၄)

Vol. 23 Ch. 344

အပိုင်း(၃၄၄)

Vol. 23 Ch. 344

ကမ္ဘာနံပါတစ်ဆေးဝါးဖော်စပ်သူ

ချင်ယူဖန်းမှာ ငရဲဘုံကိုးခုဧကရာဇ်၏ တပည့်တစ်ယောက်ဖြစ်သည်။ လက်ရှိထျန်းဟန်တိုက်ကြီး၏

အဂ္ဂိရိတ်ကမ္ဘာ၌  ဤနမည်က အခွင့်အာဏာကိုကိုယ်စားပြုသည်။

အကယ်၍  အဆင့်မြင့်ဆရာသခင်ဖြစ်သူ ချင်ယူဖန်းပင် သူအား ကုသမပေးနိုင်ခဲ့လျှင် ယင်းမှာ ဤကမ္ဘာပေါ်ရှိမည်သူကမျှသူမအား  ကုသပေးနိုင်ခြင်းမရှိဟု ပြောခြင်းပင်ဖြစ်သည်။

“ဒါပေမဲ့”

မိုယန်က စကားပြောနေရင်း ရုတ်တရက် ဒါပေမဲ့ဟုပြောလိုက်သည်။ သူကဟုန်ယွဲ့အားကြည့်လိုက်ပြီး

နောက်ရှစ်ဖုန့်အားပြောလိုက်သည်။

“ဒီအရှင် တစ်ခါက အခွင့်အရေးရပြီးတော့ ဆေးညွှန်းတစ်ခုကို ရထားတယ်..အဲ့တာကနေဆေးလုံး

ကိုသန့်စင်ပြီးတော့  သူမရဲ့သက်တမ်းကိုတစ်နှစ်လောက်

တော့ဆွဲဆန့်နိုင်လိမ့်မယ်…ဒါပေမဲ့  သူမက ဒီအရှင်ဆေးလုံးကိုသန့်စင်ပြီးတဲ့ အချိန်အထိတော့  နေနိုင်စွမ်း မရှိလောက်ဖူး..အမ်..တစ်ခုခုတော့ မဟုတ်သေးဘူး”

မိုယန်မှာ ဟုန်ယွဲ့အားကြည့်လိုက်ပြီးနောက် ရုတ်တရက် အံ့အားသင့်သောအသံတစ်ခု

ထွက်ပေါ်လာသည်။ ထို့နောက်မိုယန်က ပင့်ကူအိမ်ကဲ့သို့သောအနက်ရောင်

မျဉ်းများဖြင့်ဖုံးလွှမ်းနေသည့် ဟုန်ယွဲ့၏လက်အားဆုပ်ကိုင်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။

“ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ဟုန်ယွဲ့၏ဘေးတွင်ရှိနေသောစံပယ်လေးက မိုယန်၏ ဆိုးယုတ်သောလက်က  ဟုန်ယွဲ့၏လက်အားဆုပ်ကိုင်တော့မည်ကို မြင်တွေ့လိုက်ရသည်။သူမကချက်ချင်းပဲ အော်ဟစ်လိုက်ပြီး  သူ့အားတားဆီးရန်အတွက်သူမ၏ လက်အား ဆန့်ထုတ်လိုက်သည်။

“သူ့ကိုကြည့်ပါစေ”

မိုယန်အားရန်လိုမှုတို့ဖြင့် စိတ်လှုပ်လှုပ်ရှားရှားဖြစ်နေသော  စံပယ်လေးအားမြင်တွေ့ရသောအခါ

ရှစ်ဖုန့်က သူမအားပြောလိုက်သည်။

“မလိုတော့ဘူး”

မိုယန်က သူ့လက်အား ဟုန်ယွဲ့ထံမှရုတ်သိမ်းလိုက်ပြီး နောက်  သူ့ခေါင်းအားရှစ်ဖုန့်ကိုမျက်နှာချင်းဆိုင်ရန် ထပ်မံ၍လှည့်လိုက်သည်။သူက အံ့အားသင့်သောလေသံဖြင့်ပြောလိုက်သည်။

“ကောင်လေး..မင်းကဘယ်သူလဲ……

ဒီအရှင်သာမှန်းတာမမှားဘူးဆိုရင် …မင်းက ဒီမိန်းကလေးအပေါ်မှာ  အစီအရင်တစ်ခုကို ခင်းကျင်းထားတာပဲ…ပြီးတော့ ဒီအစီအရင်ကလည်း မြင့်မြတ်သောဆရာသခင်ဖြစ်သူ ရှောင်းထျန်းယီဖန်တီးခဲ့တဲ့ဟာပဲ”

မိုယန်ကစကားပြောနေရင်းတစ်စုံတစ်ခုအားသူနားလည်သွားသည့်ပုံပေါ်သည်။ သူ၏တုန်လှုပ်အံ့အားသင့်မှု

အပြည့်ဖြစ်သောမျက်နှာဖြင့် ရှစ်ဖုန့်အားပြောလိုက်သည်။

“မင်း..မင်းက မြင့်မြတ်ဆရာသခင် ဖြစ်သူ ရှောင်းထျန်းယီရဲ့တပည့်တစ်ယောက်ပဲ”

ငရဲဘုံကိုးခုဧကရာဇ်၌ ရှောင်းထျန်းယီဟုခေါ်သောနောက်ထပ်တပည့်တစ်ဦးရှိသည်။မြင့်မြတ်ဆရာသခင်ဖြစ်သူ ရှောင်းထျန်းယီမှာ  အဆင့်ရှစ်မဟာသူတော်စင်

အဆင့်ရှိသူ သန့်စင်သူအဂ္ဂရိတ်ဆရာသခင်

တစ်ယောက်ဖြစ်ပြီး အဂ္ဂိရိတ်သန့်စင်သူများ၏ အထွတ်အထိပ်၌ ရပ်တည်နေကြသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

မိုယန်၏ စကားအား ကြားလိုက်ရပြီးနောက်တွင် ရှစ်ဖုန့်က  ပြောလိုက်သည်။

“ဒီသခင်လေးက ရှောင်းထျန်းယီနဲ့ ဆက်နွယ်မှုအချို့တော့ရှိတယ်..ဒါပေမဲ့ ခင်ဗျားမှားနေတယ်..ဒီအစီအရင်

ကိုငရဲဘုံကိုးခု သေခြင်းရှင်ခြင်းအစီအရင်လို့ခေါ်တယ် အဲ့တာကို ငရဲဘုံကိုးခု ဧကရာဇ်ဖန်တီးခဲ့တာ ရှောင်းထျန်းယီမဟုတ်ဖူး”

ငရဲဘုံကိုးခု သေခြင်းရှင်ခြင်းအစီအရင်မှာ  ယခင်ဘဝ၌ ရှစ်ဖုန့် တကယ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး

ထို့နောက်မှသာ ရှောင်းထျန်းယီအား လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်က မိုယန်အား မေးလိုက်သည်။

“ခင်ဗျား ရှောင်းထျန်းယီနဲ့‌ တွေ့ခဲ့တာလား”

“အဲ့အချိန်တုံးက မြင့်မြတ်ဆရာသခင်ရှောင်းထျန်းယီက  အရှေ့ပိုင်းဒေသကြီးကိုလာခဲ့ပြီးတော့ အဲ့မှာတာအိုတရားကိုဟောပြောခဲ့တယ်…

ငါလည်းအဲ့မှာကံကောင်းလို့ရောက်သွားခဲ့တာ..အဲ့အချိန်တုံးက ငါဟာတော်

တော်လေးကို အကျိုးအမြတ်တွေရခဲ့တယ်”

မိုယန်မှာ အတိတ်အကြောင်းအား ပြန်အောင့်မေ့ပြီး ရှောင်းထျန်းယီအကြောင်းအား ပြောနေသောအခါတွင် သူ့အနေဖြင့် ကွဲပြားသောလူတစ်ယောက်ဖြစ်လာပုံရသည်။သူကသူ့ကိုယ်သူရည်ညွှန်းသော ဒီအရှင်ဆိုသည်အစား ငါဟုသာ သုံးနှုန်းတော့သည်။ ယင်းမှာ သာမန်ညောင်ည သန့်စင်သူအဂ္ဂရိတ်ဆရာသခင်တစ်ယောက်က  စစ်မှန်သောဆရာသခင်တစ်ယောက်အား လေးစားခြင်းပင်ဖြစ်လေသည်။

ထို့နောက်မိုယန်က ဆက်လက်၍ပြောသည်။

“အဲ့အချိန်တုံးက  ဆရာသခင်ရှောင်းထျန်းယီတာ

အိုတရားဟောပြောနေချိန်မှာ အဲ့မှာရှိနေတဲ့လူတွေထဲကတစ်ယောက်မှာ မတော်တဆမှုတစ်ခုထဖြစ်ခဲ့တယ်….

ဆရာသခင်ရှောင်းထျန်းယီက သူကိုယ်တိုင် ကိုင်တွယ်မှုပြုပြီးတော့  အဲ့လူရဲ့ အသက်ကို ဆီးလ်ခတ်ဖို့အတွက်ဒီအစီအ

ရင်ကိုအသုံးပြုခဲ့တယ် ..ဒါကြောင့်လည်း သူမရဲ့အခြေအနေကို မြင်တဲ့အခါမှာ  ငါပြောနိုင်စွမ်းရှိတာ”

“ဒီတော့..ဒါဆို ဒီအစီအရင်က ငရဲဘုံကိုးခုဧကရာဇ် ဖန်တီးခဲ့တာပေါ့ …

မအံ့ဩ တော့ပါဘူးလေ..အဲ့လိုသာဆိုရင် မင်းက  ငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အမွေဆက်ခံသူလား”

“ခင်ဗျားအဲ့လိုတွေးလဲရတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ သူကမိုယန်အားသူ၏သရုပ်မှန်ကို ရှင်းမပြခဲ့ပေ။ထို့နောက်သူက

ဟုန်ယွဲ့လားလက်ညိုးထိုးညွှန်ပြ၍ မိုယန်အားပြောလိုက်သည်။

“အစောက သူ့အသက်ကိုတစ်နှစ်ဆွဲဆန့်ထားနိုင်ဖို့အတွက် ခင်ဗျားဆေးသန့်စင်ပေးနိုင်တယ်လို့ ပြောခဲ့တယ်မလား”

“အမှန်ပဲ”

မိုယန်က သူ၏ခေါင်းကိုညိမ့်လိုက်ပြီးပြောလိုက်သည်။

“ဒီဆေးကိုခေါ်တာက ကောင်းကင်ဘုံသက်တမ်းဆွဲဆန်ဆေးတဲ့…

.ဒါပေမဲ့ ကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးလုံးကို သန့်စင်ဖို့က မလွယ်ကူဘူး..အဲ့တာကိုသန့်စင်

ဖို့အတွက်လိုအပ်တဲ့ ဆေးအမယ်တွေက  မတူညီတဲ့ အမျိုးအစားသုံးဆယ့်ခုနှစ်မျိုးဖြစ်ပြီးတော့  သူတို့တစ်ခုချင်းစီတိုင်းကလည်း

ထူးခြားတဲ့ အဖိုးထိုက်တန်မှုရှိတယ်…

မင်းကအခုထျန်းမြောင်အင်ပါယာထဲမှာ ရှိနေတာမလား…..မင်းအနေနဲ့  ထျန်းမြောင်အင်ပါယာရဲ့ အဂ္ဂရိတ်သန့်စင်သူ အစည်းအရုံးကိုသွားပြီးတော့ အကယ်၍များဘာဆေးအမယ်

ပဲဖြစ်ဖြစ်ရှိနေမလားဆိုတာ

ကိုသွားကြည့်နိုင်တယ်”

“ဒါပေမဲ့ ငါဒါကိုတော့ပြောရလိမ့်မယ် အကယ်၍မင်းအနေနဲ့ ကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးလုံးအတွက်လိုအပ်တဲ့ ဆေးအမယ်တွေကိုရှာတွေ့တယ်ဆိုရင်တောင် ကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးလုံးကိုသန့်စင်ရတာက  အခြားအဆင့်ခြောက် အထွတ်အထိပ်ဆေးလုံးတွေထက်ကို  အများကြီးပိုပြီးတော့ ခက်ခဲတယ်….

အဲ့တာက အဆင့်ခုနှစ်အထွတ်အထိပ်ဆေး

လုံးကိုသန့်စင်ရခက်သလိုမျိုးတောင် ခက်ခဲကောင်းခက်ခဲလိမ့်မယ်..ငါအဲ့တာကိုသန့်စင်နိုင်မယ်ဆိုတာကိုတော့ အာမမခံနိုင်ဘူး”

“ဒါပေမဲ့..မင်းသာ ဆေးအမယ်တွေအားလုံးကိုရှာပေးနိုင်တာနဲ့ ဒီအရှင်ကအဲ့တာကိုမင်းအ

တွက်စိတ်ပါလက်ပါနဲ့ သန့်စင်ပေးမယ်လို့ မင်းကိုကတိပေးတယ်…ထျန်းရှဲ့ရဲ့ အသေသေးတဲ့ဝိညာဉ်ကိုသာ ဒီအရှင်ဖြစ်သူကိုခြောက်လှန့်ဖို့ မလွှတ်ပေးနဲ့”

“ကောင်းပြီ ဒီသခင်လေးခင်ဗျားကို ကြီးကြပ်လိမ့်မယ်..ခင်ဗျားသာ ခင်ဗျားရဲ့ မနှစ်မြို့ခြင်းတွေကို ဖုံးကွယ်မထားဘဲ စိတ်ပါလက်ပါနဲ့ ဒီသခင်လေးအတွက်ဆေးလုံးသန့်စင်ပေးမယ်ဆိုရင်  ဒီသခင်လေးကလည်း ခင်ဗျားကိုဘာကိစ္စကိုမှ ခက်ခဲနေအောင်မလုပ်ဖူး…

ဒါပေမဲ့ အကယ်၍ အဲ့လိုသာလုပ်ခဲ့ရင်တော့ အကျိုးဆက်တွေနဲ့ ပက်သက်ပြီးဒီသခင်လေး

ခင်ဗျားကိုထပ်ပြီးပြောနေစ

ရာမလိုလောက်တော့ပါဘူး… ခင်ဗျားလည်းကောင်းကောင်းသိထားပြီးပြီပဲ…အခုတော့ ဒီနေရာမှာပဲ နာနာခံခံနဲ့နေအုံး..ဒီသခင်လေး

ခင်ဗျားကိုလိုအပ်တဲ့အခါ ကိုယ်တိုင်လာပြီးတော့ခေါ်မယ်”

မိုယန်က  အဆင့်ခြောက် ဘိုးဘေးအဆင့်ဆေးလုံးဖြစ်သည့် ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်ဆေးအား  သန့်စင်နိုင်သောကြောင့် ယင်းကဟုန်ယွဲ့၏အသက်အား တစ်နှစ်ခန့်ဆွဲဆန့်ထားနိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က  သူ့အတွက်၎င်းအားသန့်စင်ပေးရန် ဆေးအမယ်အားလုံးအား ရှာဖွေချင်သည်။

အဘိုးကြီးထျန်းရှဲ့က နတ်ဘုရားဆေးပင်အား  တားမြစ်သေခြင်းနယ်မြေတွင်

တွေ့ခဲ့သည်ဆိုသော်လည်း ယင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။

ဝင်ရောက်သွားခဲ့သော သူတော်စင်နယ်ပယ်များပင်

ဘယ်သောအခါမှ ပြန်လည်၍ ထွက်လာခြင်းမရှိပေ။ရှစ်ဖုန့်၏

လက်ရှိစွမ်းအားက သူတော်စင်နယ်ပယ်နှင့် တူညီသော အဆင့်မျိုးတွင်သာရှိသည်ဖြစ်သည်။ အကယ်၍သူဝင်ရောက်သွားခဲ့လျှင် ယင်းကအရမ်းကိုအန္တရာယ်များ

လိမ့်မည်ဖြစ်သည်။ထိုသို့သာဆိုပါက သူ့အနေဖြင့် ဟုန်ယွဲ့အား

ကယ်တင်ရန်အတွက် နတ်ဘုရားဆေးအား  ရရှိအောင်စွမ်းနိုင်ခြင်းမရှိ ရုံသာမကဘဲ သူ၏အသက်ကိုပါထိုနေရာ၌ အသက်ဆုံးရှုံးရလိ့မ်မည်ဖြစ်သည်။

တစ်နှစ်။တစ်နှစ်ဆိုသောအချိန်ကာလတွင်  သူ၏နယ်ပယ်နှင့်ခွန်အားက  သေချာပေါက် အခြားသောအဆင့်တစ်ခုသို့

ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင်  သူ့အနေဖြင့်ထိုနေရာအား

ဝင်ရောက်ရန်အတွက်ပိုမို၍ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်

ရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က မိုယန်နှင့်စကားပြောပြီးသည့်နောက်တွင်  ဟုန်ယွဲ့နှင့် စံပယ်လေးတို့အား

သူမတို့၏ မူလနေရာသို့ ပြန်လည်၍အတွေးတစ်ချက်ဖြင့် ပို့ဆောင်လိုက်သည်။  စံပယ်လေးနှင့် ဤမာနကြီးသောလူအိုကြီးတို့ကြား၌ မျိုးဆက်ကများစွာကွာခြားသည်ဖြစ်သည်။ ဤလူအိုကြီးက မာနကြီးပြီး  တဇွတ်ထိုးနိုင်သောသူဖြစ်သည်။ သူ၏ပင်ကိုဗီဇအား ပြောင်းလဲပစ်ရန်ဆိုသည်မှာခက်ခဲလေသည်။

သူတို့သာအတူတကွရှိနေခဲ့လျှင် သေချာပေါက်သူတို့ စကားများရန်ဖြစ်နေကြလိမ့်မည်ဖြစ်သည်။ ထို့နောက် ရှစ်ဖုန့်၏  ခန္ဓာကိုယ်တွင်

ထပ်မံ၍ သွေးနီရောင်အလင်းတစ်ခုလင်း

လက်လာသည်။ထို့နောက်တွင် ဟုန်ယွဲ့နှင့်စံပယ်လေးတို့ကလည်း သူမတို့၏ မူလနေရာသို့ရောက်ရှိသွားသည်။

ဤအခိုက်အတန့်တွင်  ရှစ်လင်၊စံပယ်လေးနှင့် ဟုန်ယွဲ့တို့သာ ဤနယ်မြေထဲ၌ ကျန်ရစ်နေခဲ့သည်။ ယဲ့ဝူရှင်း၊ဝူရှောင်းယွင်နှင့် လုံမုန့်တို့မှာ အင်ပါယာမို့တော်ထဲ၌ ယာယီနေထိုင်နေကြသည်။

ရှစ်လင်၏သေးငယ်သောခန္ဓာကိုယ်လေးက  သန့်စင်ပြီး ပေါကြွယ်ဝသော  ဤနယ်မြေအတွင်းရှိ မူလစွမ်းအင်များအား အရူးအမူးစုပ်ယူနေဆဲဖြစ်သည်။ ရှစ်ဖုန့်က ဤအသေးလေးအား အနှောက်အယှက်ပြုခြင်းမရှိပေ။

ထိုအစားသူက ဟုန်ယွဲ့ဘေးတွင်တိတ်ဆိတ်စွာဖြင့် ယှဉ်တွဲရှိနေသောစံပယ်လေး

အားကြည့်လိုက်သည်။သူကသူမအား

နှစ်သိမ့်လိုက်သည်။

“ကောင်မလေး…အရမ်းဝမ်းနည်းမနေပါနဲ့…

တားမြစ်သေခြင်းနယ်မြေထဲမှာ နတ်ဘုရားဆေးပင်ပေါ်လာခဲ့တယ်..

ဒီသခင်လေးက မင်းရဲ့အမအတွက် သေချာပေါက်  နတ်ဘုရားဆေးပင်ကိုသွားပြီးရှာပေးမှာပါ..

တို့တွေနတ်ဘုရားဆေးပင်ကိုသာ

ရှာတွေ့တာနဲ့ သေချာက်ပေါက်သူမကို

ကယ်တင်နိုင်လိမ့်မယ်”

စံပယ်လေးက ရှစ်ဖုန့်၏စကားတို့အားကြား

ပြီးသည့်နောက်တွင် သူမ၏ခေါင်းလေးကိုငုံ့၍ ဟုန်ယွဲ့၏ကိုယ်အားကြည့်လိုက်သည်။

သူမ၏ မျက်နှာထက်တွင် ပူဆွေးသောကဝမ်းနည်းမှုများ

ဖြင့်ပြည့်နှက်နေသည်။သူမက

ရှစ်ဖုန့်အားအသံနိမ့်လေးဖြင့်မေးလိုက်သည်။

“တကယ်လား”

“ဟုန်ယွဲ့သေချာပေါက် အဆင်ပြေမှာပါ…”

ရှစ်ဖုန့်က ပြတ်သားသောမျက်နှာထားဖြင့် သူမအားပြန်ဖြေလိုက်သည်။

ယင်းစကားက စံပယ်လေးနှင့်သူ့ကိုယ်သူအား သူမအဆင်ပြေအောင်သေချာ

ပေါက်ပြုလုပ်ရန်အတွက်ပြောခြင်းဖြစ်သည်။

ဤအချိန်အတောအတွင်း ကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးလုံးအားသန့်စင်ရန်အတွက် ဆေးအမယ်များအားသူရှာမတွေ့နိုင်ခဲ့လျှင် ရှစ်ဖုန့်အနေဖြင့် သူမအတွက် တားမြစ်သေခြင်းနယ်မြေဆီသို့သေချာပေါက် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ အရာအားလုံးထက် ဟုန်ယွဲ့က ဤအခြေအေနသို့ စိုက်ရောက်ရခြင်းမှာ သူ့အားကယ်တင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

သူဤနေရာ ၌ရပ်နေနိုင်ပြီး အသက်ရှင်နေရသေးသည့် အကြောင်းပြချက်မှာ ဟုန်ယွဲ့ကြောင့်ဖြစ်သည်ဟု

ပြောနိုင်သည်ဖြစ်သည်။

“အင်း”

ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင် စံပယ်လေးကသူမ၏ခေါင်းအား

လေးလေးပင်ပင်ညိမ့်လိုက်သည်။

သူမကလည်းပြတ်သားခိုင်မာ

သောမျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

“စီနီယာအမ သေချာပေါက် အဆင်ပြေလိမ့်မယ်..စီနီယာအမ က ကြင်နာတတ်တဲ့သူမျိုးပဲ..ကောင်းကင်ဘုံက သေချာပေါက် သူမကိုကာကွယ်ပေးလိမ့်မယ်..”

စံပယ်လေးအားအနည်းငယ်ခေါင်း

ညိမ့်ပြလိုက်ပြီးသည့်နောက်  ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်အလင်းတစ်ချက်

လက်သွားပြီးနောက် ဤနေရာအတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး များပြားလှသော အောက်လမ်းဂိုဏ်းများတည်ရှိရာ မူလမှောင်မိုက်သော ကမ္ဘာအတွင်းသို့ပြန်လည်၍

ရောက်ရှိလာခဲ့သည်။ ယခုရှစ်ဖုန့်အနေဖြင့်ဟုန်ယွဲ့အတွက် ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်ဆေးလုံးအားသန့်စင်ရန်အတွက်လိုအပ်

သောဆေးအမယ်များအား ဖြစ်နိုင်သမျှ မြန်မြန်ရှာဖွေနိုင်ရန် အဂ္ဂရိတ်သန့်စင် အစည်းအရုံးသို့  လက်တွေ့ခရီးထွက်ခြင်း

ကိုပြုလုပ်လိုနေသည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters