← Chapters

အပိုင်း(၃၄၅)

Vol. 23 Ch. 345

အပိုင်း(၃၄၅)

Vol. 23 Ch. 345

အဂ္ဂိရိတ်သန့်စင်ဆရာသခင်များ  အစည်းအရုံးက ထျန်းဟန်တိုက်ကြီးပေါ်တွင် တည်ရှိနေခဲ့သည်မှာ  အချိန်ကြာမြင့်နေခဲ့ပြီဖြစ်သည်။

အမျိုးမျိုးသော အဂ္ဂရိတ်သန့်စင်သူများဆရာသခင်များကက ထျန်းဟန်တိုက်ကြီးပေါ်တွင်ရှိသည်ဖြစ်သည်။ ဤကဲ့သို့သောလေးစားအပ်သည်သူများ စုစည်းနေကြခြင်းကြောင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ

အစည်းအရုံး၏ ဂုဏ်သတင်းက

ကြီးမားလာပြီး  အရှိန်အဝါ ဩဇာတိက္ကမက ထျန်းဟန်တိုက်ကြီးပေါ်တွင် ကြီးထွားလာခဲ့သည်။ ထျန်းဟန်တိုက်ကြီးအတွင်းတွင် ၎င်းတို့အားသွားစော်ကား၍မရနိုင်

သောအရာတစ်ခုအဖြစ်ပင်

ပြော၍ရသည်ဖြစ်သည်။

အဂ္ဂရိတ်သန့်စင်သူဆရာသခင်

များအစည်းအရုံးသို့  ဝင်ရောက်သည့်  မည်သည့်အဂ္ဂရိတ်သန့်စင်သူဆရာသခင်မဆို အစည်းအရုံး၏ အကာအကွယ်ပေးမှုအား ရရှိလိမ့်မည်ဖြစ်သည်။ထျန်းဟန်တိုက်ကြီး၏နေရာအနှံ့တွင် အဂ္ဂရိတ်သန့်စင်ဆရာသခင် အစည်းအရုံးအား ရှာတွေ့နိုင်သည်ဖြစ်သည်။

အရှေ့ပိုင်းဒေသကြီးအတွင်းရှိ အင်ပါယာတိုင်းတွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးတစ်ခုစီရှိသည်ဖြစ်သည်။

မှောင်မှိုင်းသော နယ်မြေအတွင်းသို့ပြန်လည်

ရောက်ရှိလာပြီးသည့်နောက်တွင် ရှစ်ဖုန့်ကအလျှင်အမြန် သူလာခဲ့သောနေရာဆီသို့ တစ်ဟုန်ထိုးသွားလိုက်သည်။

သူကအလျှင်အမြန် ဂူဝင်ပေါက်ဆီသို့ပြန်လည်၍ ရောက်ရှိသွားသည်။ ဝင်ပေါက်၌ အနက်ရောင်နံရံတစ်ခုက ရှစ်ဖုန့်အားပိတ်ကာထားသည်။ သို့သော်ရှစ်ဖုန့်၏ကိုယ်က အနက်ရောက်နံရံအတွင်းသို့

ပေါ့ပေါ့ပါးပါးပင် တိုးဝင်ဆောင့်သွားပြီးရှစ်ဖုန့်၏ကိုယ်က ၎င်းအား ဖြတ်သန်းသွားကာ နံရံတွင်လူသားပုံစံအရွယ်အစားရှိသော အပေါက်တစ်ခုကိုသာချန်ရစ်ထားခဲ့သည်။

ထို့နောက်တွင်ရှစ်ဖုန့်က ဆက်လက်၍ သူ့အားကာဆီးထားသော ယိုယွင်းနေသည့်အိမ်ခေါင်မိုး အား ဖြတ်သန်းသွားသည်။မျက်စိ

တစ်မှိတ်အတွင်းရှစ်ဖုန့်မှာ မူလလောချင်မြို့ဆီသို့ပြန်လည်၍

ရောက်ရှိသွားပြီး  လေထဲ၌ ဝင့်ကြွားစွာ ရပ်နေသည်။

“ကြည့်လိုက်..အဲ့တာဘယ်သူလဲ…

ဘယ်လိုဖြစ်ပြီးတော့သူက အရမ်းသောင်းကျန်းနေရတာလဲ…

ဘယ်လိုဖြစ်ပြီးတော့ သူက လောချင်မြို့ရဲ့လေထုထဲမှာပျံသန်းရဲရတာလဲ..သူသေချင်နေတာလား”

မကြာခင်တွင်လောချင်မြို့ရှိလူများမှာ လေထဲတွင်ဝင့်ကြွားစွာရပ်နေသော

ပုံရိပ်အားသတိထားမိသွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်၏သွေးနီရောင်ချပ်ဝတ်

ကသူ၏ကိုယ်မှပျောက်ကွယ်သွား

ခဲ့ပြီဖြစ်ပြီးသူကအနက်ရောင်

ဝတ်ရုံကိုသာထပ်မံ၍ ဝတ်ဆင်ထားသည်။

ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းစွမ်းအားကြီးမား

သောအရှိန်အဝါကိုထုတ်လွှတ်လိုက်သည်။

လေထဲတွင်ရပ်တည်နေသောပုံရိပ်အကြောင်းအား ပြောဆိုနေကြသောသူများမှာ တောင်တစ်လုံးကဲသို့သော အရှိန်အဝါအားအာရုံခံမိသောအခါတွင် ချက်ချင်းပဲ သူတို့၏ ပါးစပ်များအားပိတ်ထားလိုက်ကြသည်။ ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“လောချင်မြို့ရဲ့အရှင်သခင်.

ဒီသခင်လေးကိုထွက်လာပြီးတွေ့စမ်း”

“လောချင်မြို့ရဲ့အရှင်သခင်.

ဒီသခင်လေးကိုထွက်လာပြီးတွေ့စမ်း”

“လောချင်မြို့ရဲ့အရှင်သခင်.

ဒီသခင်လေးကိုထွက်လာပြီးတွေ့စမ်း”

ရှစ်ဖုန့်၏အသံက လောချင်မြို့အား အချိန်ကြာမြင့်စွာဖြတ်သန်း

ပဲ့တင်ထပ်သွားသည်။

“ဒါက..ဒီပုဂ္ဂိုလ်က ဘယ်သူလဲ..သူကဘယ်နေ

ရာကနေလာတာလဲ…သူတကယ်ကြီးလောချင် မြို့အရှင်သခင်ကို ထွက်လာပြီးတွေ့ဖို့တောင်းဆိုရဲတယ်”

ဤအချိန်တွင်  လူများကလေထဲတွင်ရှိနေသော

အနက်ရောင်ပုံရိပ်အား ပို၍ပို၍ကြည့်လာကြပြီး  သူတို့၏ကြားထဲတွင်ဆွေးနွေး

ပြောဆိုမှုများရှိလာကြသည်။

သို့သော် ခဏအကြာတွင် အစိမ်းရောင်ပုံရိပ်တစ်ခုက မြို့အရှင်သခင်အိမ်တော်ထံမှ လှစ်ခနဲထွက်ပေါ်လာပြီး လေထဲတွင်ရှိနေသော အနက်ရောင်ပုံရိပ်ရှေ့သို့ သူ၏ဘဝတွင်အမြင့်မား ဆုံးသော အမြန်နှုန်းမျိုးဖြင့် ရွှတ်ခနဲရောက်ရှိလာသည်။

သူကပျံသန်းလာသကဲ့သို့ရှစ်ဖုန့်အား အော်ပြောလိုက်သည်။

“ဘယ်အရှင်ကများ ကျွန်တော်မျိုးကို တွေ့ချင်တာပါလဲ”

သူ့အနေဖြင့် ရှစ်ဖုန့်အားရှင်းရှင်းလင်းမြင်

တွေ့ရခြင်းမရှိသော်လည်း  သူ့အနေဖြင့် ဟင်းလင်းပြင်ထဲရှိတင်းကျပ်

သည့်ကြီးမားသောစွမ်းအားအား ခံစားမိသည်ဖြစ်သည်။ထို့ကြောင့်

သူ့အနေဖြင့် မည်ကဲ့သို့ပေါ့ဆနေရဲပါမည်နည်း။

“အား”

လောချင်မြို့၏ အရှင်သခင်ဖြစ်သူမှာ ရှစ်ဖုန့်အနားသို့နီးကပ်လာသောအခါတွင် လေထဲတွင်ဝင့်ကြွားစွာရပ်နေသော ပုံရိပ်၏ မျက်နှာအား  မြင်တွေ့လိုက်ရသောအခါ  မြို့အရှင်သခင်ဖြစ်သူမှာ တုန်လှုပ်အံ့အားသင့်သွားသည်။

သူကအလန့်တကြားဖြစ်သွားသကဲ့သို့ လေးလေးစားစားဖြင့် ပြောလိုက်သည်။

“ဒီတော့  စစ်နတ်ဘုရားက လောချင်မြို့ဆီကိုကိုယ်တိုင်ကြွချီလာပြီပေါ့… အရှင့်ကိုထွက်လာပြီး မနှုတ်ဆက်မိတဲ့အတွက် ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ”

လောချင်မြို့၏အရှင်သခင်ဖြစ်သူမှာ မူလ ထျန်းမြောင်အင်ပါယာမှ လောချင်မြို့အရှင်သခင်ပင်ဖြစ်သည်။

လုံချန်က ယွင်လိုင်အင်ပါယာအား ပေါင်းစည်းပြီးသည့်နောက်တွင် အုပ်ချုပ်မှုလွယ်ကူစေရန်အတွက် မူလမြို့အရှင်သခင်များစွာအား  အစားထိုးခြင်းကိုမပြုလုပ်ခဲ့ပေ။

အခြေခံအားဖြင့်ဆိုလျှင် မြို့အရှင်သခင်တိုင်းထံတွင် အားထားယုံကြည်ရသော လက်အောက်ခံများကို လက်ထောက်မြို့အရှင်သခင်များ

အဖြစ်အစားထိုးခံအပ်ထားခဲ့သည်။

လောချင်မြို့အရှင်သခင်ဖြစ်သူမှာ ရှစ်ဖုန့်နားသို့နီးကပ်လာသောအခါတွင် ချက်ချင်းပဲ လေထဲ၌ဒူးထောက်ချလိုက်ပြီး

အော်ပြောလိုက်သည်။

“စစ်နတ်ဘုရားကို နှုတ်ဆက်ပါတယ်”

သူ့အနေဖြင့်ရှစ်ဖုန့်အား နှုတ်ဖြင့်နှုတ်ဆက်လိုက်သော်လည်း လောချင်မြို့အရှင်သခင်အနေဖြင့် ကြောက်စိတ်မွှန်နေမိသည်။မြို့တစ်ခု၏ အရှင်သခင်တစ်ယောက်အနေဖြင့် ရှစ်ဖုန့်၏ဆိုးရွားသော

ဂုဏ်သတင်းများအား  ကြားထားသည်ဖြစ်သည်။

ရှစ်ဖုန့်ကသူ့အား ဤကဲ့သို့ ကြီးစိုးသောအသွင်အပြင်ဖြင့်

ခေါ်ခဲ့ခြင်းကြောင့် တစ်ခုခုတော့ ဖြစ်ပျက်နေပြီဖြစ်ရမည်ဖြစ်သည်။

သူ့အတွက်ဘာမှကောင်းကျိုးမပေးသော  တစ်နေ့လုံးသောက်စားပြဿနာရှာပြီး ငွေကိုရေလိုသုံးသည့်သားဖြစ်သူက  ဤစစ်နတ်ဘုရားအား စော်ကားခဲ့ခြင်းမျိုးဖြစ်နေနိုင်မည်လော။

သို့သော်ထိုသို့ဖြစ်နိုင်ချေမရှိချေ။သူက မြို့အရှင်သခင်စံအိမ်အားသတင်း

ပို့ထားပြီးဖြစ်ပြီး အိမ်တော်ရှိလူတိုင်းအား

ဤစစ်နတ်ဘုရား၏ ပုံတူအား ပြသထားခဲ့ပြီးဖြစ်သည်။သူတိ့အနေဖြင့် ဤစစ်နတ်ဘုရားအားမှတ်မိနေရမည်ဖြစ်ပြီး  ၎င်းအားစော်ကားခြင်းကိုမ

ပြုလုပ်ကြရမည်ဖြစ်သည်။

အထူးသဖြင့်သူ၏  အသုံးအဖြုန်းကြမ်းပြီး ပြဿနာရှာတတ်သောသား

ဖြစ်သူပင်ဖြစ်သည်။သူက ဤစစ်နတ်ဘုရား၏ ပုံတူပန်းချီအား သူ့၏အခန်းတွင်အထူး တပ််ဆင်ထားပေးပြီးနေ့တိုင်း သူ့အားထိုပုံကိုရှိခိုးဝတ်ပြုခိုင်း

ထားသည်ဖြစ်သည်။ အကယ်၍သူသာ တစ်နေ့က စစ်နတ်ဘုရားနှင်တကယ်တွေ့ဆုံခဲ့လျှင်  သူ့အနေဖြင့်ဒူးထောက်ပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ရှိခိုး

ဂါရဝပြုရမည်ဖြစ်သည်။

လောချင်မြို့၏အ ရှင်သခင်ဖြစ်သူမှာကြောက်စိတ်မွှန်ပြီး ဤအကြောင်းများအားစဉ်းစား

မိနေသကဲ့သို့မြို့အရှင်သခင်အိမ်တော်၏

ဘေးရှိ အသစ်ဆက်ဆက် လောက်ထောက်မြို့အရှင်သခင်အဆောက်အဦးထံမှ အနက်ရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသောလူကြီးတစ်ယောက်က အဆင့်သုံးစိတ်ဝိညာဉ်နတ်ဆိုး

သားရဲဖြစ်သော ခရမ်းရောင်မိုးကြိုးငှက်အား စီးနင်း၍ ပျံသန်းထွက်လာသည်။

အဝေးမှနေ၍ ထိုလူကြီးက ကျယ်လောင်စွာရယ်မောလိုက်သည်။

“ဟားဟား သခင်လေးဖုန့်..ဒီတော့ဒါက သခင်လေးကိုး…ဒီအညတရ မြို့သေးလေးကို သခင်လေးဘာလာလုပ်တာတုံး”

ရှစ်ဖုန့်အနေဖြင့် မူလက  လောချင်မြို့အား အုပ်ချုပ်သူ ဖြင့် စကားပြောချင်ခဲ့သည်။

သို့သော် ဟက်ဟက်ပက်ပက်ရယ်မောသံ

အားသူကြားလိုက်ရသောအခါတွင် လောချင်မြို့၏ အုပ်ချုပ်သူအရှင်သခင်အား လျစ်လျူရှုလိုက်ပြီး  ရယ်မောသူရှိရာဦးတည်ချက်

သို့ကြည့်လိုက်သည်။ ဤလူမှာ

ရှစ်ဖုန့်နှင့်အတူ စန်းယွဲ့မြို့အပြင်ဘက်ရှိ ရှေးဟောင်းအမွေအနှစ်နယ်မြေ

ဆီသို့လိုက်ပါခဲ့သော ကျောက်ဟူပင်ဖြစ်သည်။

သူနှင့်ကျောက်ဟူ ပထမဆုံးအကြိမ်စတွေ့စဉ်တုံးက

၎င်းသည် ထိုအချိန်တွင် ကြယ်နှစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်သာရှိသေးသည်ဖြစ်သည်။နောက်ပိုင်းတွင် ရှစ်ဖုန့်၏လမ်းညွှန်ပြသမှုဖြင့် ကြယ်သုံးပွင့်စိတ်ဝိညာဉ်နယ်ပယ်

အဆင့်ဖြစ်လာခဲ့သည်။

ထို့နောက် ရှစ်ဖုန့်နှင့် ရှေးဟောင်းအမွေအနှစ်နေရာသို့ လိုက်ပါလာခဲ့ပြီး ရှစ်ဖုန့်ကသူ့အား သူ၏ခန္ဓာကိုယ်အတွင်းရှိမူလစွမ်းအင်တို့အား ဒန်တန်ဆီသို့စီးဆင်းစေသော လျှို့ဝှက်နည်းလမ်းတစ်ခုအား

သင်ကြားပေးခဲ့သည်။ ထို့နောက်တွင် ရှစ်ဖုန့်၏လမ်းညွှန်ပြသမှုဖြင့် သူသည်ကြယ်လေးပွင့်စိတ်ဝိညာဉ်နယ်ပယ်အဆင့်သို့အောက်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။

ကျောက်ဟူအားကြည့်၍ ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်ပြီး ပြောလိုက်သည်။

“ မဆိုးဘူး..အချိန်တိုလေးအတွင်း မင်းကြယ်ငါးပွင့်စိတ်ဝိညာဉ်

နယ်ပယ်တောင်ဖြစ်လာခဲ့ပြီ”

“ဟားဟား….”

ကျောက်ဟူက မိုးကြိုးငှက်နတ်ဆိုးသားရဲအား စီးနင်းပြီးရှစ်ဖုန့်ထံသို့ချဉ်းကပ်လာသည်။

ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ကျောက်ဟူက သူ့ခေါင်းအား သူ့ညာလက်ဖြင့်ပွတ်သပ်လိုက်ပြီးရိုးရှင်းပြီး ရိုးသားသောအပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

“ဒါတွေအားလုံးက  သခင်လေးဖုန့်ရဲ့ လမ်းညွှန်ပြသပေးမှုတွေကြောင့်ပါ….

သခင်လေးက ကျုပ်ကို လျှိုဝှက်နည်းလမ်းတစ်ခုကိုသင်

ပေးခဲ့ပြီးတော့ သိုင်းပညာမှာလည်းလမ်းညွှန်ပြသခဲ့တယ်…

ပြီးတော့ ပြိုင်ဘက်ကင်းဓားပညာရပ်တစ်ခု

ကိုလည်းသင်ကြားပေးခဲ့တယ်…ဒါကြောင့် ဒီနေ့ကျုပ်ဖြစ်လာရတာပဲ”

အရှေးဟောင်းအမွေအနှစ် အတွင်းရှစ်ဖုန်က ကျောက်ဟူအားပြိုင်ဘက်ကင်းဓားပညာရပ်တစ်ခုအားသင်ကြားပေးခဲ့သည်။ ၎င်းမှာကောင်းကင်မိုးကြိုး ဓားပညာရပ် ပထမလှုပ်ရှားမှုဖြစ်သည့် တားဆီးပိတ်ပင်ခြင်းလှုပ်ရှားမှုဖြစ်သည်။

ယခုစိတ်ဝိညာဉ်နယ်ပယ်တွင်ရှိ

နေပြီးအနာဂတ်၌ အကယ်၍များ ဘုရင်နယ်ပယ်သို့ချိုးဖျက်တက်

လှမ်းနိုင်ခဲ့လျှင်ပင်  သူက နယ်ပယ်တူ၌ ကျော်လွှား၍ မရနိုင်သောသူတစ်ယောက်ဖြစ်

နေလိမ့်မည်ဖြစ်သည်။

ထို့နောက်ကျောက်ဟူကရှစ်ဖုန့်၏ရှေ့၌ ဒူးထောက်နေပြီး ရှစ်ဖုန့်၏ လျစ်လျူရှုခြင်းအားခံထားရသော  လောချင်မြို့၏ မြို့အရှင်သခင်အားကြည့်လိုက်သည်။

သူက ၎င်းအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ပြီး မေးလိုက်သည်။

“လူအိုကြီးကောင်း ခင်ဗျားဘာတွေများအမှားလုပ်ထားလို့လဲ ခင်ဗျားရဲ့စိတ်ပျက်စရာကောင်းတဲ့သားက သခင်လေးဖုန့်ကို စော်ကားမိခဲ့လို့လား”

လောချင်မြို့အရှင်သခင်ဖြစ်သူ၏မိသားစုနမည်မှာကောင်းဖြစ်ပြီးသူ၏အမည်ကလီဖြစ်သည်။

သူက လောချင်မြို့၏ မြို့အရှင်သခင်တစ်ယောက်ဖြစ်သော်လည်း ကျောက်ဟူကတော့လုံချန်၏ လူယုံတော်ဖြစ်သည်။ သူ့အား လုံချန်က လောချင်မြို့အရှင်သခင်ဖြစ်သူ

အားစီမံခန့်ခွဲမှုများ၌ ကူညီရန် အတွက် ဤနေရာသို့ပို့ထားခြင်းဖြစ်သည်။

ထို့ကြောင့်လည်း အဆင့်တန်းခြင်းအရဆိုလျှင် သူတို့ကအတူတူပင်ဖြစ်သည်။

တစ်ခါတစ်ရံဆိုလျှင်  အရေးကြီးသောဆုံးဖြတ်ချက်

များအားချမှတ်ရသည့်အခါ၌

ကောင်းလီမှာ ကျောက်ဟူ၏ အမြင်ကိုပင်မေးရလိမ့်မည်ဖြစ်သည်။

ကောင်းလီတွင် လောချင်မြို့၌ ချမ်းသာသောဒုတိယမျိုးဆက်

တစ်ယောက်အဖြစ်ကျော်ကြားသည့် သားတစ်ယောက်ရှိလေသည်။ ကျောက်ဟူဤနေရာသို့ရောက်ရှိသည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သူ့အနေဖြင့် ၎င်း၏အကြောင်းတို့အားကြား

ထားပြီးဖြစ်သည်။

“စစ်နတ်ဘုရား..ကျေးဇူးပြုပြီးတော့

ကျွန်တော်မျိုးကိုရှင်းရှင်းလင်းလင်းပြောပေးပါ..ကောင်းလီအနေနဲ့ဘယ်လိုပြစ်မှုများ ကျူးလွန်ထားခဲ့မိပါသလဲ…ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုခွင့်လွှတ်ပေးပါ…

အကယ်၍စစ်နတ်ဘုရားသာ နှစ်သိမ့်ကျေနပ်နိုင်မယ်ဆိုရင်  ကောင်းလီအနေနဲ့ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ဆန္ဒရှိပါတယ်…

စစ်နတ်ဘုရားအနေနဲ့ သနားညှာတာပေးပြီးတော့  ကောင်းလီရဲ့မိသားစုကို ချမ်းသာပေးနိုင်မယ်လို့ကျွန်တော်မျိုး

မျှော်လင့်ပါတယ်”

လောချင်မြို့၏ အုပ်ချုပ်သူဖြစ်သောကောင်းလီက ဝမ်းနည်းကြေကွွဲဖွယ်ကောင်း

သောသနားစဖွယ်မျက်နှာဖြင့် ပြောလိုက်သည်။သူ၏ပုံစံမှာငို

တော့မည်ပုံစံမျိုးဖြစ်နေ၏။

ဤသည်မှာအရူးနတ်ဆိုးရှစ်ဖုန့်ဖြစ်သည်။

သူကမိသားစုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်‌သော နတ်ဆိုးတစ်ကောင်ဖြစ်နေနိုင်သည်။ ကောင်းလီအနေဖြင့်မည်ကဲ့သို့

မကြောက်ရွံ့ဘဲနေပါမည်နည်း။

ကောင်းလီ၏အမူအယာအားကြည့်၍ ရှစ်ဖုန့်တစ်ယောက်ရယ်ချင်သွားသည်။

သူကပြောလိုက်သည်။

“ဒီသခင်လေးက မင်းကိုအဲ့လိုမျိုး လေးနက်တဲ့ဟာတွေအတွက်ရှာ

တာမဟုတ်ဖူး..မင်းကို အဂ္ဂရိတ်သန့်စင်ဆရာသခင် အစည်းအရုံးကဘယ်မှာလဲဆိုတာကို မေးချင်ရုံပဲ”

“ဘာကြီး”

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters