← Chapters

အပိုင်း(၃၄၆)

Vol. 24 Ch. 346

အပိုင်း(၃၄၆)

Vol. 24 Ch. 346

လောချင်မြို့၏ အရှင်သခင်ဖြစ်သူ ကောင်းလီပါ တုန်လှုပ်အံ့အားသင့်သွားရုံမကဘဲ  ကျောက်ဟူပါ တုန်လှုပ်အံ့အားသင့်သွားရသည်။ လူပေါင်းများစွာအား စုရုံးအောင်လုပ်ဆောင်ပြီး မြို့အတွင်းဤကဲ့သို့ ဂယက်ထမှုအားဖြစ်စေကာ လူအိုကြီးကောင်းအား မျက်ရည်ပိုးပိုးပေါက်ကျစေလုသည့်အထိ ဖြစ်စေရသည့်အကြောင်းပြချက်လေးက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏တည်နေရာအားမေးမြန်းခြင်းရုံသက်သက်ဖြစ်နေခြင်းဖြစ်နေခဲ့လေသည်။

ဤမွန်းစတားအား ယေဘုယျအမြင်များဖြင့် အကဲဖြတ်၍မရနိုင်ပေ။

“ငါ…ငါသိပြီး..ဒီလူက …ရှစ်ဖုန့်ပဲ..အရူး….”

လောချင်မြို့အတွင်းရှိ တစ်စုံတစ်ယောက်က ရှစ်ဖုန့်အား မှတ်မိသွားသည်။သူကရှစ်ဖုန့်အား အရူးနတ်ဆိုးဟု ခေါ်မိတော့မလိုဟန်ပြင်ပြီးမှ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုသဘောပေါက်သွားပြီး လျှင်မြန်စွာဖြင့် သူ့ကိုယ်သူ အမှန်ပြန်ပြင်လိုက်သည်။

“စစ်နတ်ဘုရားရှစ်ဖုန့်”

“ဟုတ်တယ်..အမှန်ပဲ.ရှစ်ဖုန့်..ဒါက တကယ်ကြီးရှစ်ဖုန့်ပဲ..ရှစ်ဖုန့်က ငါတို့ရဲ့ လောချင်မြို့ကို လာတယ် မြို့အရှင်ကောင်းလီရဲ့ အမူအယာကိုကြည့်ရသလောက် သူပြဿနာကြီးကြီးမားမားတက်နေတဲ့ပုံပဲ…ကောင်းလီတော့သွားပြီ…ရှစ်ဖုန့်ကိုစော်ကားတဲ့သူမှန်သမျှက အသက်ရှင်နိုင်ကြတောမဟုတ်ဖူး..ပြီးတော့ ကောင်းမိသားစုတစ်ခုလုံးတောင်မှ သုတ်သင်ခံရနိုင်တယ်…. လောချင်မြို့ရဲ့ အုပ်ချုပ်သူအရှင်သခင်နေရာကတော့ အစားထိုးခံရတော့မယ်..”

ကျင့်ကြသူတစ်ယောက်က  လက်ပိုက်ထားပြီးလေးနက်သောအသံဖြင့်ပြောလိုက်သည်။ အရာအားလုံးကူသူ၏အစီအစဉ်အတိုင်း ဖြစ်ပျက်တော့မည်သကဲ့သို့  သူ့တွင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။သူ၏ မျက်နှာထက်တွင် အကယ်၍ကောင်းလီကပဲ သူအားစော်ကားထားပြီး ကောင်းမိသားစုတစ်ခုလုံးမှာသူ့ကြောင့်သုတ်သင်ခြင်းခံရတော့မည်သကဲ့သို့  အေးစက်သောအပြုံးတစ်ခုရှိနေသည်။

“သခင်လေးဖုန့်က တကယ်ပဲကျွန်တော်မျိုးကို  ဘယ်မြို့မှာ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးရှိလဲဆိုတာတစ်ခုထဲကို မေးချင်တာလား….ကျွန်တော်မျိုးတကယ်ပဲ  ပြဿနာကြီးကြီးမားမားမတက်တော့ဘူးလား”

ကောင်းလီမှာ ယခုလေးတင်မှ ငရဲမှလွတ်မြောက်လာရသကဲ့သို့ခံစားရသော်လည်း  သူ့အနေဖြင့် ၎င်းအားအတည်ပြုရန်လိုသေးသည်ဟုခံစားရသည်။

“ဘာလဲ..မင်းက ပြဿနာကြီးကြီးမားမားတက်စေချင်လို့လား”

ရှစ်ဖုန့်က ကောင်းလီအားမေးလိုက်သည်။

“အဲ့လိုဘယ်ဟုတ်မလဲ..မဟုတ်ရပါဘူး..ကျွန်တော်မျိုးကယုံမှားသံသယဝင်သွားရုံပါ…စစ်နတ်ဘုရားကိုကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရတော့ ကျွန်တောမျိုး ကြောက်လန့်တကြားဖြစ်သွားခဲ့လို့ပါ..ကျွန်တော်မျိုး စိတ်လှုပ်ရှားမှုနဲ့အတူအလွန့်လွန် ဝမ်းသာပီတွေတွေလည်းဂွမ်းဆီထိရပါတယ်”

ရှစ်ဖုန့်၏စကားတို့အား ကြားလိုက်ရသည့်နောက်တွင် ကောင်းလီက အလျှင်အမြန်ပဲ ပြန်လည်၍ ဖြေကြားလိုက်သည်။

“ငါ့ဖင်ကြီးကို ဝမ်းသာပီတိတွေဂွမ်းဆီထိပါ့လား”

ကောင်းလီ၏ စကားတို့အားကြားလိုက်ရသောအခါတွင် ကျောက်ဟူမှစိတ်ထဲမှနေ၍ သရော်လိုက်သည်။

“ခင်ဗျားခုဏတုံးက ဘယ်လောက်တောင်ကြောက်ချီးပန်းနေလဲဆိုတာကိုလည်းကြည့်လိုက်အုံး”

ထို့နောက်တွင်  ကောင်းလီကရှစ်ဖုန့်အားတင်ပြလိုက်သည်။

“စစ်နတ်ဘုရား…အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက   အန်းချီမြို့မှာတည်ရှိပါတယ်…လောချင်မြို့ကနေဆိုရင် အရှင့်အနေနဲ့  ပို့ဆောင်ဆက်သွယ်ရေးဂိတ်ကိုအသုံးပြုပြီးတော့ မြို့သုံးမြို့ကိုပဲ ဖြတ်သန်းသွားဖို့လိုတာပါ”

“ကောင်းပြီ  ဒီသခင်လေးနားလည်ပြီ”

ရှစ်ဖုန့်က ကောင်းလီအား သွားခွင်းပြု၍ပြောလိုက်သည်။

“မင်းထွက်သွားလို့ရပြီ”

“အမ်..”

ကောင်းလီမှာ အမ်ဟုသာအသံထွက်နိုင်သည်။ အရူးနတ်ဆိုးက သူ့အား  ဤအရာလေးတစ်ခုတည်းအတွက်နှင့်ရှာဖွေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သေခြင်းတရားမှထွက်ပြေးလွတ်မြောက်လာသောခံစားချက်များ တည်ငြိမ်သွားပြီးသည့်နောက်တွင် ကောင်းလီတစ်ယောက် ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ဖြည်းဖြည်းချင်းပဲဆုတ်ခွာလိုက်သည်။ဤကဲ့သို့တိုတောင်းလှသော အချိန်ကာလလေးအတွင်း ကောင်းလီတစ်ယောက် ရှစ်ဖုန့်အား  သူ၏နှလုံးသားထဲမှနေ၍ အကြိမ်ထောင်ပေါင်းများစွာတိုင်အောင်ကျိန်ဆဲခဲ့ပြီးဖြစ်သည်။သူ့အနေဖြင့် သူနှလုံးသားက ခုန်ထွက်မတက်ပင် အရမ်းကို ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်ဖြစ်သည်။၏

“လခွီး..ငါ့မှာတော့ အဲ့သူတောင်းစားက  ပြစ်မှုတစ်ခုခုကိုကျူးလွန်ခဲ့ပြီလို့ထင်နေတာ..ဒါပေမဲ့ အဆုံးသတ်ကြ သူက ဒီနေရာကိုဒီလိုမျိုးမြင့်မားတဲ့ပုံရိပ်နဲ့ ရောက်ချလာခဲ့တာက  အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏တည်နေရာကိုမေးချင်ရုံသက်သက်ဖြစ်နေတယ်…အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးများ  တွေ့ရာလူ ဒါမှမဟုတ် ပို့ဆောင်ဆက်သွယ်ရေးဂိတ်က အစောင့်တွေမေးတာင်ရတဲ့ဟာကို… ဘယ်အစောင့်များမသိဘဲနေမှာမို့လဲ”

“စစ်နတ်ဘုရား..ဒီငယ်သား ထွက်ခွာပါတော့မယ်”

အကွာအဝေးတစ်ခုအထိဆုတ်ခွာပြီးသည့်နောက်  ကောင်းလီက သူ၏ လက်သီးတို့အားဆုပ်၍ ရှစ်ဖုန့်အားဦးညွတ်ဂါရဝပြုလိုက်သည်။ထို့နောက်သူကလှည့်လိုက်ပြီး   မြို့အရှင်သခင် စံအိမ်သို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

“ဒီလိုလုပ်လို့မဖြစ်ဖူး…ဒီတစ်ကြိိမ်က အရမ်းကိုအန္တရာယ်များလွန်းတယ်…ငါနှလုံးက တဒုတ်ဒုတ်နဲခုန်နေတုံးပဲ… ငါအိမ်တော်ကိုပြန်ရောက်တဲ့အခါကြရင် ငယ်ရွယ်ပြီးလှပတဲ့ကိုယ်လုပ်တော်သုံးယောက်ကိုဆင့်ခေါ်ပြီးတော့ အချိန်ကောင်းလေးတစ်ခုကို ကုန်ဆုံးမှရမယ်…မဟုတ်သေးဘူး…ဒီတစ်ကြိမ်ကဘယ်လောက်တောင်အန္တရာယ်များလိုက်သလဲ…သုံးယောက်က မလုံလောက်သေးဘူး..ငါခြောက်ယောက်ဆင့်ခေါ်ရမယ်”

ကောင်းလီမှလေထဲ၌ ထိုးခွင်းပျံသန်းနေရင် သူ့ဟာသူ တွေးနေသည်။လှပပြီးနှစ်လိုဖွယ်ကောင်းသော ကိုယ်လုပ်တော်လေးများ၏ ခန္ဓာကိုယ်များအား တွေးမိသောအခါတွင် ကောင်းလီ၏  တစ်ကိုယ်လုံးပူထူသွားရသည်။ ထို့နောက်သူကသူ၏အမြန်နှုန်းအားတိုးမြှင့်လိုက်ပြီး  မြို့အရှင်သခင်အိမ်တော်အတွင်းပျောက်ကွယ်သွားသည်။

ကောင်းလီထွက်ခွာသွားပြီးသည့်နောက်တွင် ကျောက်ဟူက ရှစ်ဖုန့်အား ပြောလိုက်သည်။

“သခင်လေးဖုန့် ဘာလို့ဒီငယ်သားရဲ့ အိမ်တော်ကိုလိုက်ပြီး‌တော့ မလည်ပတ်ရတာလဲ”

“မလိုတော့ဘူး”

ရှစ်ဖုန့်ကသူ၏လက်အားဝေ့ယမ်း၍ ပြောလိုက်သည်။

“ဒီသခင်လေးမှာအရေးကြီးတဲ့ကိစ္စတွေကိုလုပ်ဆောင်ဖို့ရှိသေးတယ် ဒီတော့ဒီသခင်လေးအနေနဲ့ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးဆီကိုအရင်သွားရမယ်….အကယ်၍ နောက်တစ်ခါများလွတ်လွတ်လပ်လပ်ရှိခဲ့ရင် ..ဒီသခင်လေး လောချင်မြို့ကိုလာပြီးတော့  မင်းအိမ်ကိုလာလည်ပါ့မယ်”

“ဒါဆိုလည်းကောင်းပါပြီ…သခင်လေးမှာ  အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ဖို့ရှိတာကြောင့် ဒီငယ်သားအနေနဲ့သခင်လေးကိုထပ်ပြီးတော့ဆွဲမထားတော့ပါဘူး… “

ကျောက်ဟူက သူ့မျက်နှာထက်ရှိစိတ်ပျက်လက်ပျက်ဖြစ်မှုများဖြင့်ပြောလိုက်သည်။ သူအနေဖြင့်ရှစ်ဖုန့်အားဖိတ်ခေါ်ရခြင်းမှာ သူ့အား သိုင်းပညာ၌ ရှစ်ဖုန့်၏လမ်းညွှန်ပြသပေးမဲ့မှုများအတွက် ကျေးဇူးတင်ခြင်းကို ပြသလို၍ဖြစ်သည်။သူ့အနေဖြင့် ရှစ်ဖုန့်နှင့်လည်းပိုမို၍ ထိတွေ့ဆက်ဆံချင်မိသည်။သူတို့အတူတကွကုန်ဆုံးခဲ့သည့်အချိန်က အရမ်းကိုတိုတောင်းလှသော်လည်း ကျောက်ဟူအနေဖြင့် အကျိုးကျေးဇူးတော်တော်များများအား တကယ်ရှိခဲ့သည်ဖြစ်သည်။ရှစ်ဖုန့်၏  သိုင်းပညာအပေါ်တွင်နားလည်သဘောပေါက်နိုင်မှုများက အရမ်းကိုနက်ရှိုင်းသည်ဖြစ်၏။

ထို့နောက်တွင် ကျောက်ဟူက သူ၏လက်သီးတို့ကိုဆုပ်၍ ရှစ်ဖုန့်အားလေးလေးနက်နက်ဦးညွတ်ဂါရဝပြုလိုက်ကာ  ဘေးသို့ဆုတ်ခွာလိုက်သည်။

ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ထို့နောက်သူကလောချင်မြို့တွင်ရှိသော ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပေါ်သို့ ထိုးဆင်းလိုက်သည်။ဤအခိုက်အတန့်တွင် ကျောက်ဟူ၏ ခမ်းနားထည်ဝါသောအသံက သူ၏နောက်ဘက်မှထွက်ပေါ်လာသည်။

“ဒူးထောက်ပြီး စစ်နတ်ဘုရားကို နှုတ်ဆက်ကြ..မလိုက်နာတဲ့သူမှန်သမျှ ကွပ်မျက်သုတ်သင်ခံရမယ်”

“ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်က ကွမ်းလျောင်မြို့ တည်နေရာ ဆုံမှတ်တွေကို ချိန်ညှိပါ”

ကွမ်းလျောင်မြို့မှာ ရှစ်ဖုန့်အဂ္ဂရိတ်ဆရာသခင်များအစည်းအရုံးသို့သွားရာလမ်းတွင် ဖြတ်သန်းသွားရမည့် နောက်မြို့တစ်မြို့ဖြစ်သည်။

လက်ထောက်မြို့အရှင်သခင်ကျောက်ဟူ၏ ခမ်းနားထည်ဝါသောအသံအောက်တွင်  လောချင်မြို့ရှိ လူအုပ်ကြီးမှာ စစ်နတ်ဘုရားအားခစားရန်အတွက် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်ရှိရာ နေရာတွင်ရှိနေကြသောအစောင့်များမှာ  ယွင်လိုင်အင်ပါယာ၏ မြင့်မားပြီး အရှိန်အဝါကြီးမားသော စစ်နတ်ဘုရားအား အနှောက်အယှက်အဟန့်အတားမဖြစ်စေရန်အတွက်  ပို့ဆောင်ဆက်သွယ်ရေးအစီအရင်နားရှိလူအုပ်အား  ရှင်းလင်းဖယ်ရှားရင်းအလုပ်များကုန်ကြသည်။

ရှစ်ဖုန့်က ထိုးဆင်းလာပြီး ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်ထက်သို့ရောက်ရှိချိန်တွင်  ပလ္လင်ပေါ်၌ ရှင်းလင်းနေခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင်ရှိနေကြသောလူများသည်လည်းအဝေးသို့ရှင်းလင်းသွားသည်။ ချပ်ဝတ်တန်ဆာများအားဝတ်ဆင်ထားသော အစောင့်များသာ ပလ္လင်ထက်တွင်ဒူးထောက်ကျန်ရစ်နေခဲ့ပြီး  စစ်နတ်ဘုရားရောက်ရှိလာမှုအားလေးလေးစားစားဖြင့်ကြိုဆိုသမှုပြုပြီးနောက်  လေးလေးစားစားဖြင့်သူ့အား နောက်တစ်မြို့ဆီသို့ပို့ဆောင်ပေးလိုက်သည်။

အဖြူရောင်အလင်းတစ်ခုဖျက်ခနဲလင်းလက်သွားပြီး ရှစ်ဖုန့်၏ဒေါင်မြင့်မြင့်အနက်ရောင်ပုံရိပ်မှာ  အဖြူရောင်အလင်းနှင့်ယှဉ်တွဲ၍ ပို့ဆောင်ဆက်သွယ်ရေး ပလ္လင်ထက်မှပျောက်ကွယ်သွားသည်။

……………………………………………………….

အန်းချီမြို့၏ ဗဟိုအရပ်ဒေသရှိ မြို့အရှင်သခင်ဖြစ်သူ စံအိမ်၏ဘေးတွင် မြိို့အရှင်သခင်အိမ်တော်ထက်ပို၍မြင့်မားပြီး ပိုမို၍ ခမ်းနားထည်ဝါသော ရှေးဟောင်းအဆောက်အဦးကြီးတစ်လုံးရှိလေသည်။ မြင့်မားပြီး ခံ့ညားထည်ဝါသောတံခါးကြီးအထက်တွင်ပြောင်လက်ပြီးအားမန်ပါသော” အဂ္ဂရိတ် သန့်စင်သူ ဆရာသခင်များ အစည်းအရုံး” ဟူသော စကားလုံးတို့ကို ရေးထိုးထားသည်။

ဝင်ပေါက်တွင် ဝင်ထွက်သွားလာနေကြသောလူများများစားစားမရှိပေ။ ရှစ်ဖုန့်က ရှေ့သို့လျှောက်လှမ်းသွားလိုက်ပြီး အဂ္ဂရိတ်သန့်စင်သူဆရာသခင်များအစည်းအရုံး၏ ဝင်ပေါက်အား ဖြတ်သန်းသွားလိုက်ကာ ရှေး ဟောင်းအဆောက်အဦးကြီးအတွင်းသိုဝင်လိုက်သည်။ ထိုနေရာအတွင်းပိုင်းက အဂ္ဂရိတ်သန့်စင်သူ ဆရာသခင်များ အစည်းအရုံး၏ ခန်းမပင်ဖြစ်သည်။

“လူကြီးမင်းရှင့် ဘာများအကူအညီလိုအပ်ပါသလဲရှင့်”

ဤအချိန်တွင် နှစ်သက်ဖွယ်ကောင်းသော ပန်းရောင်ဝတ်စုံကိုဝတ်စင်ထားသည့် အလှလေးတစ်ဦးက ရှစ်ဖုန့်ထံသို့ရောက်လာသည်။သူ၏မျက်နှာထက်တွင် ပညာရှင်ဆန်သောအပြုံးတစ်ခုရှိနေခဲ့ပြီးသူမက ရှစ်ဖုန့်အား ရည်မွန်သောအပြုံးတစ်ခုဖြင့်မေးလိုက်သည်။

အစည်းအရုံးခန်းမအတွင်းသို့ဝင်လာကြသောလူအများစုက  ဆေးလုံးများ၊ဆန်းကြယ်လက်နက်များ သို့မဟုတ် သန့်စင်မည့်ကုန်ကြမ်း ပစ္စည်းများအား ဝယ်ယူကြသည်ဖြစ်သည်။အဂ္ဂရိတ်သန့်စင်သူဆရာသခင်များအစည်းအရုံးအတွင်းတွင် များပြားလှသော လှပသည့် အကူများ အား  ဝယ်ယူသူများကို ဝန်ဆောင်မှုပေးရန် သို့မဟုတ် သက်စောင့်ဆေးများ၊ ဆန်းကြယ်လက်နက်များနှင့် ဝယ်ယူသူအတွက်ချခင်းပြသထားသော ကုန်ကြမ်းပစ္စည်းများအကြောင်းကိုရှင်းပြပေးရန်အတွက်ခန့်အပ်ထားသည်။

“မင်းမှာ ဒီဆေးအမယ်တွေများရှိနေမလားဆိုတာကို တစ်ချက်ယူပြီးကြည့်ပေးပါ”

ရှစ်ဖုန့်က အဖြူရောင်စာရွက်အပိုင်းအစတစ်ခုအား အကူအမျိုးသမီးထံသို့လွှဲပြောင်းပေးလိုက်သည်။အဖြူရောင်စာရွက်ပေါ်တွင်  ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်ဆေးလုံးအားသန့်စင်ရန်အတွက်လိုအပ်သော ဆေမယ်စာရင်းတစ်ခုရှိသည်ဖြစ်သည်။ယင်းမှာ  အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးသို့မဝင်ရောင်ခင် အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်ဖြစ်သူမိုယန်အား  ရှစ်ဖုန့်တောင်းဆိုခဲ့သော ဆေးအမယ်စာရင်းပင်ဖြစ်သည်။

လှပသောအကူလေးက ရှစ်ဖုန့်ထံမှ  စာရွက်ဖြူကိုယူလိုက်ပြီး ၎င်းအားသူမ၏ နှစ်လိုဖွယ်ကောင်းသောမျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။ သူမက စာရွက်ဖြူပေါ်ရှိသ သုံးဆယ့်ခုနှစ်မျိုးသော ဆေးအမယ်နမည်တို့ကို တိုးဖျော့စွာဖြင့်တီးတိုးရေရွတ်လိုက်သည်။

“မညှိုးပန်း…ကောင်းကင်ပန်းသစ်သီး..ယွမ်ယန်မြက်ပင်..နဂါးဒဏ်ရာသစ်သီး……”

ဖတ်ရှုပြီးသည့်နောက်တွင် လှပသောအကူလေးက သူမ၏ခေါင်းအားရှစ်ဖုန့်ထံခါယမ်းပြလိုက်ပြီးပြောလိက်သည်။

“လူကြီးမင်းရှင့် လူကြီးမင်းရဲ့ဆေးအမယ်တွေဟာ  အတော်လေးကိုရှားပါးအဖိုးတန်တဲ့ဆေးအမယ်တွေပဲဖြစ်ပါတယ်….ကျွန်မမကြားဖူးတဲ့ ဆေးအမယ်တွေတောင်မှပဲ အများကြီးပါဝင်နေပါတယ်…သူတို့ထဲက လောလောဆယ်မှာ ရှစ်မျိုးလောက်ပဲ ကျွန်မတို့ရဲ့ အဂ္ဂရိတ်သန့်စင်သူ ဆရာသခင်များအစည်းအရုံးမှာရှိပါတယ်  ပြီးတော့သူတို့ထဲက အများစုက သိုလှေင်ထားတဲ့လက်ကျန်တောင်မရှိတော့ပါဘူး”

ဆက်ရန်..

ဘာသာပြန်သူ - ARISE

All Chapters