← Chapters

အဘိုးအို’မော့’ ၏ လက်ဆောင်

Vol. 43 Ch. 600

အဘိုးအို’မော့’ ၏ လက်ဆောင်

Vol. 43 Ch. 600

အခန်း (၆၀၀) အဘိုးအို’မော့’ ၏ လက်ဆောင်

ပြင်းထန်သောစွမ်းအားက ဟွမ်ကွမ်လီ၏ ခန္ဓာကိုယ်တစ်ခုလုံးအား တစ်စစီ ဖြိုခွဲပစ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ အဆုံးမရှိ တောက်ပနေသောအလင်းတန်းများ နောက်ဆုံးအကြိမ် ဖြာထွက်လာသည်။ ထို့နောက်မှာတော့ နေအလင်းရောင်ပျောက်ကွယ်ပြီး ထာဝရအမှောင်သို့ ရောက်ရှိသွားသည့်အလား ၊ လေထဲတွင် ယိမ်းယိုင်တောက်ပနေသည့်ဖယောင်းတိုင်ငယ် အဆုံးသတ်တွင် ငြိမ်းသတ်သွားသည့် အလင်းတန်းများ ပျောက်ကွယ်သွားတော့၏။

သူ့ကိုကြည့်ရာသည်မှာ အလွန်တရားခမ်းနားပြီး သူရဲကောင်းဆန်လှသော်လည်း အရေးမပါလှပေ။

တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာအား နှစ်ပေါင်းများစွာ အုပ်စိုးခဲ့ပြီး သူတို့ဝါဒတောင်ကို ခေါင်းငုံ့ကြည့်ခဲ့လေသော “အရှေ့အရပ်မှထွက်သောနေသူတော်စင်” ဟွမ်ကွမ်လီသည် အရှေ့ပင်လယ်တွင် အသက်ဆုံးသွားပြီ ဖြစ်သည်။

သူ့ကို သတ်ဖြတ်လိုက်သူမှာ သူ့ထက် မျိုးဆက်နှစ်ဆက်ငယ်ရွယ်ပြီး အသက် (၃၀)ပင်မပြည့်သေးသော လူငယ်လေးတစ်ယောက် ဖြစ်၏။

ဘေးနားမှ မြင်ကွင်းကိုကြည့်နေသော ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ မှာ ရန်သူတော်ကြီးအသက်ပျောက်သွားသဖြင့် ပျော်ရွှင်သွားသည့်တိုင် လမ်းပျောက်သွားသလိုမျိုးလည်း ခံစားလိုက်ရသည်။

ကျောက်စိမ်းပင်လယ်မြို့တော်နှင့် နေသူတော်စင်ဂိုဏ်းမှ ကမ္ဘာမကြေရန်သူများဖြစ်ကြပြီး အစောပိုင်းနှစ်များတွင် သူတို့ သိုင်းဂိုဏ်း (၂) ဂိုဏ်းကြား ဆက်ဆံရေးက ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းအကြား ဆက်ဆံရေးထက်ပင် ပိုမိုဆိုးရွားခဲ့သည်။

နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသလို အနိုင်အရှုံးများစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။

ကျောက်စိမ်းပင်လယ်မြို့တော်က ပိုပြီးအားနည်းခဲ့သည်ကိုတော့ ဝန်ခံရမည်ပင်။ အမှန်တော့ စုန့်ဝူလျန်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်က ရပ်တည်ရန် အလွန်တရာ ခက်ခဲခဲ့သည်။

သို့ပေသိ နေသူတော်စင်ဂိုဏ်းက အင်အားကြီးသည်ဖြစ်စေ ၊ အင်အားနည်းသည်ဖြစ်စေ အဆုံးထိ ရင်ဆိုင်တိုက်ခိုက်ရန် သူတို့ ဆုံးဖြတ်ချက်ချခဲ့ကြ၏။

ကျောက်စိမ်းပင်လယ်မြို့တော်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အတော်လေး ချီးကျူးထိုက်သော သိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။

စုန့်ဝူလျန်က သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော်လည်း ရန်တိ ၊ ဖန်ကျွင်း ၊ ဟွမ်ရှု ၊ လင်ထျန်းဖုန်း တို့နှင့် မျိုးဆက်တူသူ ဖြစ်သည်။ သူက အသက်အနည်းငယ်ပိုကြီးပြီး ကျင့်စဉ်လမ်းကို စောစီးစွာလျှောက်လှမ်းခဲ့ခြင်းသာ ရှိ၏။

သို့ပေသိ သူက အခြား ဝါရင့်ဘိုးဘေးများကို ကျော်လွှားလျှက် မျိုးဆက်တူသူများထဲတွင် ပထမဆုံး သိုင်းသူတော်စင် ဖြစ်လာခဲ့သည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ ထူးကဲယင်မိန်းမပျို ‘ချန်စုထင်’ သည်လည်း ထူးကဲယင်ပြိုင်ပွဲတွင် နေသူတော်စင်ဂိုဏ်းအပေါ် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။ သူမက စွမ်းအားကုန်အသုံးပြုပြီး ဒုတိယအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် မန်ဝမ်ကို အနိုင်ယူကာ ထူးကဲယင်သရဖူကို ရေနယ်မြေသို့ ဆောင်ယူလာခဲ့သည်။

ကောင်းကင်မိုးကြိုးခန်းမ ၊ လှိုင်းနက်ဂေဟာနှင့် ကျောက်စိမ်းပင်လယ်မြို့တော်တို့သည် အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ရန် အပြိုင်အဆိုင် ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွေင် ကျောက်စိမ်းပင်လယ်မြို့တော်က ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ပထမဆုံး သန့်စင်သွန်းလောင်းနိုင်ခဲ့သည်။

အကယ်၍ မီးတောက်မိစ္ဆာများ၏ ကျူးကျော်မှုကိုသာ ရင်မဆိုင်ရပါက ဤသို့ ထူးချွန်ထက်မြက်မှုများပြည့်ဝခဲ့သော ကျောက်စိမ်းပင်လယ်မြို့တော်သည် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ မဟာမိတ် (၂) ဂိုဏ်းကို အတော်လေး အကျပ်ရိုက်စေမည် ဖြစ်၏။

မြို့တော်သခင်’စုန့်ဝူလျန်’ နှင့် ကျောက်စိမ်းပင်လယ်မြို့တော်သည် နေသူတော်စင်ဂိုဏ်းကို ဖြတ်ကျော်ကာ အထွတ်ထိပ်သို့ ရောက်ရှိသွားနိုင်ပေသည်။

သို့သော်...

ယခုတော့ နေသူတော်စင်ဂိုဏ်း ဖျက်ဆိးခံလိုက်ရပြီဖြစ်သလို နောက်ဆုံးကျန်ရစ်ခဲ့သော ထိပ်တန်းအဆင့် သိုင်းသူတော်စင် ဟွမ်ကွမ်လီသည်လည်း မျက်စိရှေ့တင် အသက်ပျောက်သွားပေပြီ။

မြင်ကွင်းကိုကြည့်ရင်း သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော စုန့်ဝူလျန်သည်ပင် ခဏတာမျှ မှင်တက်လျှက် သတိပြန်ဝင်မလာနိုင်အောင် ရှိရသည်။

သူတို့ ကျောက်စိမ်းပင်လယ်မြို့တော်က သတ်ဖြန်ရန်ရည်မှန်းထားသော ရန်သူတော်သည် သူတို့မသတ်နိုင်ခင်မှာပင် ရုတ်တရက် သေဆုံးသွားခဲ့ပြီး အရာအားလုံးက အိပ်မက်ပမာပင်။

ယခု ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသည့်အလား အိပ်မက်မှနိုးထလာသလို ခံစားရပြီး စုန့်ဝူလျန်၏စိတ်အစဉ် အံ့သြတုန်လှုပ်လျှက်ရှိသည်။

ဤအရာများအားလုံး ပြုလုပ်လိုက်သူက သူ့အရှေ့တွင် ရှိနေသည်။

ငယ်ရွယ်နုနယ်သည့်တိုင် အလွန်တည်ငြိမ်သော ရန်ကျောက်ကဲမျက်နှာကိုကြည့်ရင်း စုန့်ဝူလျန် မှင်တက်နေမိသည်။

ဟွမ်ကွမ်လီ သေဆုံးသွားပြီး အရှေ့ပင်လယ်စည်းတံဆိပ် အပြည့်အဝ ခိုင်ခန့်ပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် စုန့်ဝူလျန်သည်လည်း ရန်ကျောက်ကဲတို့သားအဖကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

ကျောက်စိမ်းပင်လယ်မြို့တော်သို့ပြန်ပြီး အကြီးအကဲများနှင့် တွေ့ဆုံကာ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းပြီး ရှေ့ဆက်ဘာလုပ်ရမည်ကို လေ့လာသုံးသပ်ရပေမည်။

ယခုတော့ မဟာမိတ်ဖြစ်ခဲ့သော ဝါဒတောင်သည် မဟာမိတ် မဟုတ်တော့ပေ။ ယှဉ်ပြိုင်ချင်သည့်တိုင် စွမ်းအားမရှိသလို ခံစားရသည်။

ရွေးချယ်စရာ အများကြီးမကျန်တော့ဟု ထင်ရသော်လည်း စုန့်ဝူလျန်ကတော့ ဘယ်လိုရှေ့ဆက်မည်ကို အေးအေးဆေးဆေးဖြင့် သေသေချာချာ စဉ်းစားရန် လိုအပ်သည်။

ရန်ကျောက်ကဲတို့ကလည်း လက်ရှိတွင် စုန့်ဝူလျန် စိတ်ရှုထွေးနေနိုင်ကြောင်း နားလည်သဖြင့် သူ့ကို မတားဆီးကြတော့ပေ။ သားအဖနှစ်ယောက်မှာလည်း ယခုမှ ပြန်လည်ဆုံတွေ့သည်ဖြစ်ရာ အလွန်တရာ ပျော်ရွှင်နေကြသည်။

အရှေ့ပင်လယ်စည်းတံဆိပ်ချိတ်ပိတ်စဉ်က ရန်ကျောက်ကဲက စည်းတံဆိပ်ကြောင့် ဖြစ်ပေါ်လာသော ဗလာနယ်ပုံပျက်ခြင်း စွမ်းအားများကို ရှောင်တိမ်းရန် စန့်ချုန်ကြေးမုံမှန်ကို အသုံးပြုပြီး ယာယီကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်ကာ ထွက်ခွာသွားခဲ့သည်။ ထိုအဖြစ်အပျက်ကို ရန်တိ တွေ့မြင်ခဲ့သော်လည်း နောက်ဆုံးအခြေအနေ မည်သို့ရှိမည်ကို မသိခဲ့ပေ။

စည်းတံဆိပ် ချိတ်ပိတ်သည့်စွမ်းအားများမှ ရန်ကျောက်ကဲ ဘေးကင်းစွာ လွတ်မြောက်ပါရဲ့လား ၊ အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားပါက ထိုနေရာတွင် အန္တရယ်ကင်းပါမည်လား ၊ မည်သည့်အချိန်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်လာနိုင်မည်နည်း။

ထိုအချက်များအားလုံး ရန်တိ စိုးရိမ်ပူပန်နေခဲ့သော်လည်း ယခု ရန်ကျောက်ကဲ ပြန်ရောက်လာသည့်အပြင်  အရင်ကထက်ပင် ပိုမိုစွမ်းအားမြင့်မားလာသဖြင့် စိုးရိမ်မှုများအားလုံး ပြေပျောက်ခဲ့ရသည်။

သူက သက်ပြင်းတစ်ချက်ချရင်း သားဖြစ်သူကို ကျေနပ်စွာကြည့်လိုက်သည်။

“မင်း ဘာမှမဖြစ်လို့ တော်သေးတာပေါ့”

ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာမှ ပြန်လာပြီး ရင်ဆိုင်ခဲ့ရသည်များကို အသေးစိတ်ပြောပြသည့်အခါ ရန်တိ တုန်လှုပ်သွားရသည်။ ထို့နောက် သူက သမုဒ္ဒရာကမ္ဘာတွင် ကြုံတွေ့ခဲ့ရသည်များကိုလည်း ရန်တိ မမေးရပါဘဲ ဆက်လက်ပြောပြခဲ့သည်။

ရန်တိမှာ သားဖြစ်သူကို စိတ်ထဲမှ အကြိမ်ကြိမ် ချီးကျူးမိပြီး စိတ်ပူပန်မှုများသည်လည်း မီးကို ရေအေးဖြင့် ငြိမ်းသတ်ခံရသလို သက်သာရာရသွားသည်။

သို့သော် သားဖြစ်သူ မည်မျှတော်ကြောင်း ထုတ်ဖော်ချီကျူးခြင်းမရှိဘဲ ချို့ယွင်းချက်များ ရှာဖွေထောက်ပြရန်သာ စဉ်းစားနေသည်။ ဤသည်က သူ့သားပိုမိုကောင်းမွန်လာဖို့ပဲ မဟုတ်လား။

ဖူအန်းစု အန္တရယ်ကင်းပြီး ရွှီဖေးနှင့် ရှီကျွင်းလေးတို့ အခြေအနေကောင်းသည်ကို ကြားသိရသည့်အခါ ရန်တိစိတ်ထဲ ပိုပြီး သက်သောင့်သက်သာ ခံစားရသည်။

သူက ကွမ်းမင်ဂိုဏ်းနှင့် နောက်ဆက်တွဲပြဿနာများကို အရေးမစိုက်ပေ။

“စစ်သေနာပတိတွေလာရင် စစ်သားတွေနဲ့တိုက် ၊ ရေနဲ့တိုက်ရန် မြေကြီးနဲ့ ပိတ်ဆို့ထားရုံပေါ့ ၊ ငါတို့တွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီး သူတို့ထပ်ရောက်လာရင် ထပ်တိုက်ခိုက်ရုံပေါ့”

ရန်ကျောက်ကဲ ပြုံးရင်း...

“အမှန်ပဲ...”

သူက ဘေးသို့လှည့်ကြည့်လိုက်တော့ ထွက်ခွာသွားခြင်းမရှိသေးဘဲ ကောင်းကင်ထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည့် အဘိုးအို’မော့’ ကို တွေ့လိုက်ရသည်။

အဘိုးအို’မော့’ က ရန်တိတို့သားအဖ ပြန်လည်ဆုံစည်း စကားပြောဆိုနေခြင်း ပြီးဆုံးသည်အထိ စောင့်နေခြင်းပင်။

ယခု ရန်ကျောက်ကဲနှင့် ရန်တိတို့ သူ့ထံလှည့်ကြည့်လာတော့ အဘိုးအို’မော့’ က စကားဆိုသည်။

“မင်းတို့သားအဖ အချိန်အားရင် စိမ်းလန်းဆေးလုံးကျွန်းကို အလည်အပတ် လိုက်ခဲ့ပါလား”

ရန်ကျောက်ကဲနှင့် ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ အဘိုးအို’မော့’ ၏ စကားတွင် အဓိပ္ပါယ်တစ်ခုခုရှိကြောင်း နားလည်လိုက်သည်။

အဘိုးအို’မော့’ က အမြဲတမ်း အေးအေးဆေးဆေး နေထိုင်သူဖြစ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးများအရေးတွင် တစ်ခါမှ ပါဝင်ပတ်သက်ဖူးခြင်း မရှိပေ။

လက်ရှိတွင် ဝါဒတောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားသော်လည်း အဘိုးအို’မော့’ က စိတ်ဝင်စားမည်မဟုတ်သလို ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်း စိမ်းလန်းဆေးလုံးကျွန်းကို တိုက်ခိုက်သိမ်းပိုက်မည့်သူများ မဟုတ်ပေ။

ထိုသို့သော အခြေအနေမျိုးတွင် အဘိုးအို’မော့’ က မကြုံစဖူး နွေးထွေးစွာ ဖိတ်ခေါ်စကားဆိုလေရာ ရန်ကျောက်ကဲစိတ်ထဲ ထူးခြားသည်ဟု ခံစားရ၏။

အဘိုးအို’မော့’ က ...

“မင်းတို့ ဝါဒတောင်က မီးတောက်မိစ္ဆာတွေနဲ့ ငရဲကိုးထပ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတိုင်းမှာ မကြောက်မရွံ့ ရှေ့တန်းကပါဝင်ကြပြီး အမြဲတမ်း ပေးဆပ်အနစ်နာခံကြတယ် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာ အန္တရယ်ကင်းဖို့အတွက် အစွ်းကုန်ပံ့ပိုးပေးခဲ့ကြတယ် ၊ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ‘ကျန်းဒေါင်ဂီ’ လက်ထက်ကတည်းက အဲဒီအတိုင်းပဲဖြစ်ပြီး ဒီအဘိုးကြီးက ဒါကို အမြဲတမ်း သဘောကျခဲ့တယ်”

ရန်ကျောက်ကဲစိတ်ထဲမှ သံသယများကို နားလည်သည့်အလား အဘိုးအို’မော့’ က ပြုံးလိုက်၏။

“မိတ်ဆွေလေး’ရန်’ ပြောတာကို စောစောကပဲ ဒီအဘိုးကြီး ကြားလိုက်မိတာ... ၊ နေသူတော်စင်ဂိုဏ်းကို ကျောထောက်နောက်ခံပေးထားတာက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာက ကွမ်းမင်ဂိုဏ်းလား ၊ ပြီးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းသက်လာတဲ့ ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင်တွေအားလုံးကို မိတ်ဆွေလေး’ရန်’ က သတ်လိုက်တာလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကျွန်တော်တော့ အကြီးအကဲရှေ့မှာ လှောင်ရယ်စရာဖြစ်အောင် လုပ်မိပြီထင်တယ်”

အဘိုးအို’မော့’ က ခေါင်းခါယမ်းရင်း...

“ဒီအဘိုးကြီးက မိတ်ဆွေလေး’ရန်’ ရဲ့စကားကို မေးခွန်းထုတ်စရာမလိုအောင် ယုံကြည်ပါတယ် ၊ ပြီးတော့ တကယ်လည်း ဝမ်းသာကျေနပ်မိတယ်”

ရန်ကျောက်ကဲက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဖြစ်နိုင်ခြေများကို စိတ်ထဲတွင်တွေးတောလျှက် အဘိုးအို’မော့’ ကို စူးစိုက်ကြည့်လိုက်သည်။

“ဖြစ်နိုင်တာက....”

အဘိုးအို’မော့’ က ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ... ဒီအဘိုးကြီးလည်း အထက်ဘုံကမ္ဘာက ရောက်လာခဲ့တဲ့သူပါပဲ ၊ ဒါပေမဲ့ နှစ်တွေကြာလာတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေပါပြီ”

အဘိုးအိုက တိုးတိတ်စွာသက်ပြင်းချရင်း...

“ဒီအဘိုးကြီးက အန္တရယ်တစ်ခုကို ရှောင်တိမ်းဖို့ ဒီကမ္ဘာမှာလာပြီး ပုန်းအောင်းနေခဲ့ရတယ်”

ထိုစကားကို ကြားတော့ ရန်တိနှင့် ရန်ကျောက်ကဲတို့ ပြိုင်တူ မေးမြန်းလိုက်ကြသည်။

“ကွမ်းမင်ဂိုဏ်းကြောင့်လား...”

အဘိုးအို’မော့’ က ...

“အမှန်ပဲ...”

ထို့နောက် သူက ရန်ကျောက်ကဲတို့သားအဖကို အကဲခတ်ရင်း...

“မင်းတို့သားအဖရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာက မင်းတို့ရဲ့ စမှတ်ဖြစ်ပြီး တစ်ချိန်ချိန်မှာတော့ မင်းတို့ဟာ အထက်ဘုံကမ္ဘာကို တက်ရောက်နိုင်မယ်လို့ ဒီအဘိုးကြီး ယုံကြည်တယ် ၊ ဒါပေမဲ့ အခု မင်းတို့က ကွမ်းမင်ဂိုဏ်းနဲ့ ရန်ငြိုးရှိခဲ့ကြပြီ ၊ ဒီတော့ ဒီအဘိုးကြီး အထောက်အကူပြုမယ့် အကြောင်းအရာနည်းနည်းပါးပါးကို ဒီအဘိုးကြီး ပြောပြချင်ပါတယ်”

All Chapters