အပိုင်း(၃၄၇)
Vol. 24 Ch. 347
“ရှစ်မျိုးပဲရှိတာလား”
အကူမလေး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်တစ်ယောက် မတက်နိုင်ဘဲ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်မှုကိုခံစားလိုက်ရသည်။ ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်ဆေးလုံးအတွက် စုစုပေါင်း ဆေးအမယ်သုံးဆယ့်ခုနှစ်မျိုးကိုလိုအပ်သည်ဖြစ်သည်။ အကယ်၍အဂ္ဂရိတ်သန့်စင်သူဆရာသခင်များအစည်းအရုံးလိုမျိုးနေရာတစ်ခုတွင်ပင် ရှစ်မျိုးတည်းသာရှိနေခဲ့လျှင် အခြားသောနေရာများ၌ ၎င်းတို့အား ရရှိနိုင်ရန်မှာမူ ပို၍ပင်ခက်ခဲလိမ့်မည်ဖြစ်သည်။
“အဲ့ရှစ်မျိုးကို မင်းတို့ဆီမှာသိုလှောင်ထားတဲ့လက်ကျန်ပစ္စည်းဘယ်လောက်ပဲရှိနေပါစေ ဒီသခင်လေး အကုန်လုံးယူမယ်..အဲ့တာတွေကိုဒီသခင်လေးအတွက်သွားပြင်ဆင်ပေးပါ….မင်းပြင်ဆင်ပြီးတာနဲ့ ဒီသခင်လေးနဲ့ကျသင့်ငွေကို စာရင်းရှင်းနိုင်တယ်…”
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါလူကြီးမင်းရှင့် ..ကျေးဇူးပြုပြီး ခေတ္တစောင့်ဆိုင်းပေးပါရှင့်.”
အကူမိန်းကလေးကရှစ်ဖုန့်အားလေးစားစွာဖြင့် အနည်းငယ်ဦးညွှတ်၍ ပြောဆိုလိုက်သည်။
“အင်း”
ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။
ထို့နောက်တွင် လှပသော အကူမိန်းကလေးက လှည့်၍ထွက်ခွာသွားပြီး ရှစ်ဖုန့်အား ချန်ရစ်ထားခဲ့သည်။ရှစ်ဖုန့်က ခန်းမအတွင်းဆိတ်ငြိမ်စွာဖြင့်စောင့်ဆိုင်းနေသည်။
“လူအိုကြီးမို..ဆေးအမယ်ကရှစ်မျိုးပဲရှိတယ်”
ရှစ်ဖုန့် က သွေးနီရောင်ကျောက်ပြား နေရာလွတ်အတွင်းမှ မိုယန်နှင့် သူ၏ဝိညာဉ်စွမ်းအားကိုဖြတ်သန်းအသုံးပြု၍ ဆက်သွယ်ပြောဆိုလိုက်သည်။
“ရှစ်မျိုးလား..ထျန်းမြောင်အင်ပါယာလိုမျိုး အဆင့်နိမ့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ ရှစ်မျိုးရှာတွေ့တာနဲ့တင် ကောင်းနေပြီ..ဒီအရှင်အစကတုံးက ထင်ထားတာ လေးမျိုးဒါမှမဟုတ်ငါးမျိုးလောက်ပဲရမယ်လို့..”
မိုယန်က သူ၏အိုမင်းသောအသံဖြင့် ချက်ချင်းပဲရှစ်ဖုန့်၏စိတ်တွင်းတုန့်ပြန်ဖြေကြားလိုက်သည်။
“အနာဂတ်မှာငါ့အနေနဲ့ ပိုပြီးတော့ကြီးမားတဲ့အင်ပါယာဆီကို ခရီးတစ်ခုထွက်ဖို့လိုတဲ့ပုံပဲ”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။သို့သော်သူ့အနေဖြင့် လုံချန်နှင့်ချီလင်ဘုရင်တို့အား ဆေးအမယ်များကိုကူရှာပေးရန် သတင်းပို့ထားပြီးဖြစ်သည်။သူ့အနေဖြင့် ယွင်လိုင်အင်ပါယာနှင့်ပေါင်းစည်းထားသောနိုင်ငံများအတွင်းရှိ အဂ္ဂရိတ်ဆရာသခင်များ အစည်းအရုံးတို့ထံသို့လည်းလူများအားစေလွှတ်ထားသည်ဖြစ်သည်။
ဆေးအမယ်များစာရင်းအား ရှစ်ဖုန့်ကြည့်လိုက်သောအခါတွင် “မြွေလူသားမျိုးနွယ်မှ အဆင့်ခြောက် ဘိုးဘေးနယ်ပယ် အဆင့်မိန်းကလေးတစ်ယောက် ၏သွေး”ဟူသော ပါဝင်ဆေးအမယ်တစ်မျိုးကိုလည်း ရှစ်ဖုန့်တွေ့လိုက်သည်။ ၎င်းတွင် “အပျိုစင်ဖြစ်ရမည်”ဟူသော မှတ်ချက်တစ်ခုလည်းပါရှိသေးသည်ဖြစ်သည်။
၎င်းက ဆေးအမယ်စာရင်းဝင်တစ်ခုဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤဆေးအမယ်အားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်တစ်ယောက်သိပ်မဝေးလှသော အနောက်မြောက်သဲကန္တရတွင်ရှိသည့် ဖြူစင်ပြီးကြင်နာတတ်သော ဇီယာဆိုသည့်ကောင်မလေးအား တွေးမိသွားသည်။သူမယခုအချိန်၌ ဘာတွေလုပ်နေမည်အားသူသိချင်မိသည်။
ဆေးအမယ်အတွက်အလို့ငှာ သူ့အနေဖြင့် ဤမိန်းကလေးအားတွေ့ရန်အတွက် အနောက်မြောက်သဲကန္တရာတွင်ရှိသောမြွေလူသားမျိုးနွယ်စုထံသို့ ခရီးတစ်ခုထွက်ရလိမ့်မည်ဖြစ်သည်။
“လူကြီးမင်းရှင့် ဟောဒီမှာ လူကြီးမင်းလိုအပ်တဲ့ဆေးအမယ်တွေပါ”
ဤအချိန်တွင်နူးညံ့ပျော့ပျောင်းသောအသံတစ်ခုက ရှစ်ဖုန့်၏ ရှေ့မှထွက်ပေါ်လာသည်။ လှပပြီးနှစ်လိုဖွယ်ကောင်းသော အကူမိန်းကလေးက သူမ၏လက်အတွင်းသိုလှောင်လက်စွပ်တစ်ခုအားကိုင်ဆောင်ပြီးပြန်ရောက်လာသည်။သူမကရှစ်ဖုန်အား လက်လွှဲပေးလိုက်ပြီးနောက်ပြောလိုက်သည်။
“နံ့သာဒီရေမြက်ပင် လေးပင်…ကောင်းလောလန် လေးပင် ..ထျန်းကန်းပန်းသုံးပွင့် …. ပိုးစာရွက် သုံးရွက် …နဂါးဒဏ်ရာသစ်သီးသုံးလုံး…မြွေသစ်သီးတစ်လုံးနဲ့ လျှပ်စီးသစ်သီးတစ်လုံး တို့ဖြစ်ပါတယ်..ဒါတွေအားလုံးဟာ ရှားပါးပြီး အဖိုးထိုက်တန်တဲ့ အဆင့်ခြောက် ကုန်ကြမ်းပစ္စည်းတွေဖြစ်ပါတယ်…ဈေးနှုန်းကလည်း နှိုင်းယှဉ်လိုက်ရင် ပိုပြီးတော့မြင့်မားပါတယ်..ကျသင့်တန်းဖိုးကတော့ အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးပေါင်း ရှစ်ဆယ့်ရှစ်သိန်းကျပါတယ်ရှင့်”
အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးပေါင်းရှစ်ဆယ့်ရှစ်သိန်းက သာမန်ကျင့်ကြံသူတစ်ယောက်အတွက် မိုးထိအောင်မြင့်မားလှသော တန်ကြေးတစ်ခုသေချာပေါက်ဖြစ်မည်ဆိုသော်လည်း လူများအားသတ်ဖြတ်ပြီး ၎င်းတို့၏ စစ်ပွဲအကျိုးအမြတ်များအားရိတ်သိမ်းထားသော ရှစ်ဖုန့်လိုလူအတွက်တော့ ယင်းကဘာမှမဟုတ်ပေ။မူလစွမ်းအင်များဖြင့်ပြည့်နှက်နေသော နေရာလွတ်တစ်ခုအားဖန်တီးနိုင်ရန်အတွက် သူသည် အဆင့်မတူညီသောကမ္ဘာဦးကျောက်တုံးပေါင်း ဆယ်ဘီလီယံကို ပေါက်ကွဲစေခဲ့ပြီးဖြစ်သည်။
အထူးသဖြင့်ရှစ်ဖုန့်မှာ ယခုလေးတွင်ထျန်းရှဲ့ဂိုဏ်းနှင့်ယင်ကွေဂိုဏ်းတို့အား လုယက်ထားပြီး အထူးသဖြင့် ထျန်းရှဲ့အဓိပဓိ၏ သိုလှောင်လက်စွပ်အားရရှိထားသည်ဖြစ်သည်။သူ့တွင် ထျန်းရှဲ့ဂိုဏ်းအဖွဲ့ဝင်များနှင့်အခြားသောအောက်လမ်းဂိုဏ်းဝင်များထံမှ သိမ်းပိုက်ထားမှုများရှိသည်ဖြစ်၏။ထို့ကြောင့် သူ၏သိုလှောင်လက်စွပ်အတွင်းရှိနေသော အဆင့်မတူညီသောကမ္ဘာဦးကျောက်တုံးအရေအတွက်က တစ်ဘီလီယံနီးပါးမြင့်မားလှသည်ဖြစ်သည်။
သို့သော် အကူမိန်းကလေး၏ တင်ပြမှုအားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်က သူမလက်အတွင်းရှိ သိုလှောင်လက်စွပ်အား ယူလိုက်ပြီး သူ၏စိတ်ဖြင့်ကြည့်ရှုစစ်ဆေးလိုက်သည်။ သူကမပျော်မရွှင်ဖြစ်စွာဖြင့်မျက်မှောင်ကြုတ်လိုက်ပြီး အကူမိန်းကလေးအား အေးစက်စွာပြောလိုက်သည်။
“မင်းထွက်သွားတုံးက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ ဆေးအမယ်ကရှစ်မျိုးရှိိတယ်လို့ပြောခဲ့တယ်မဟုတ်လား…ဘာလို့အခုခုနှစ်မျိုးပဲပါလာတာလဲ…မင်းကဒီသခင်လေးကို မသိတဲ့သူဆိုပြီး အခွင့်ကောင်းယူပြီးတော့အလွယ်တကူ အရူးလုပ်ဖို့ကြိုးစားနေတာလား”
ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် လှပသေားအမျိုးသမီးအကူလေး၏မျက်နှာထက်၌ ခက်ခဲသောအမူအယာတစ်ခုပေါ်လာပြီး သူမအနေဖြင့် ချီတုံချီချတို့ဖြစ်လာသည်။
“အရောင်စိုပန်းက အလှအပရေးရာဆေးအတွက် သန့်စင်ဖို့ကောင်းတဲ့ကုန်ကြမ်းပစ္စည်းတစ်ခုပါ..ငါက အဲ့တာကို အသုံးပြုမလို့… ဘာလဲ နင်ကဒီထူးခြားတဲ့ပန်းအတွက် ငါနဲ့ယှဉ်ပြိုင်ဖို့ကြိုးစားနေတာလား”
ဤအချိန်တွင် အေးစက်သော အမျိုးသမီးတစ်ဦး၏ အသံက ရှစ်ဖုန့်၏ ရှေ့မှထွက်ပေါ်လာသည်။မာနကြီးပြီးအေးစက်သောအမူအယာနှင့် လှပသောသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က သူတို့ထံသို့ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသမီးက အဖြူရောင်ဝတ်ရုံပွတစ်ခုကို ဝတ်ဆင်ထားသည်။ သူမ၏ညာပခုံးထက်တွင် သူမ၏ အဆင့်အတန်းဖြစ်သော အဆင့်လေး အဂ္ဂရိတ်သန့်စင်သူဆရာသခင်တစ်ယောက်ကိုဖောက်ပြသည့်သင်္ကေတ တံဆိပ်တစ်ခုရှိနေသည်။၎င်းက တော်တော်လေးကို မျက်စိဖမ်းစားသည်ဖြစ်သည်။
“မိန်းကလေးယောင်ယွင်”
သက်လက်ပိုင်းအမျိုးသမီး၏အသံအားကြားလိုက်ရသောအခါတွင် အကူမိန်းကလေးက အလျှင်အမြန်လှည့်လိုက်ပြီး ဦးညွှတ်လိုက်သည်။
“အရမ်းယဉ်ကျေးနေဖို့မလိုဘူး”
လှပသောသက်လတ်ပိုင်းအမျိုးသမီးယောင်ယွင်က သူမ၏လက်ကိုဝေ့ယမ်း၍ အကူမိန်းကလေးအားပြောလိုက်သည်။
ထို့နောက်သူမက ရှစ်ဖုန့်အား ကြည့်၍ပြောလိုက်သည်။
“အရောင်စိုပန်းကတစ်ခုတည်းပဲ ကျန်တော့တယ်..အဲ့တာက ငါ့အတွက်အသုံးဝင်တယ်”
သတ်လက်ပိုင်းအမျိုးသမီးကထိုစကားတို့ကိုသာပြောသည်ဖြစ်သည်။သူကရှစ်ဖုန့်အား တစ်ခြားသော ဘာစကားကိုမှထပ်ပြောရန်ရည်ရွယ်ချက်မရှိပေ။ထို့နောက်သူမကလှည့်လိုက်ပြီးရှစ်ဖုန့်နှင့်အကူမိန်းကလေးတို့အား လျစ်လျူရှုလိုက်တော့သည်။
လှပသောအကူမိန်းကလေးက လှည့်လိုက်ပြီးရှစ်ဖုန့်အားကြည့်လိုက်သည်။သူမက ဦးညွှတ်၍ အသံနိမ့်လေးဖြင့်အနူးအညွတ်တောင်းပန်သည်။
“ကျွန်မတောင်းပန်ပါတယ်ရှင်..ကျွန်မ အရောင်စိုပန်းကို ရခဲ့ပါတယ်..ဒါပေမဲ့ မိန်းကလေးယောင်ယွင်က အဲ့တာကိုသဘောကျပြီးတော့ယူသွားခဲ့လို့ပါ..ဒါကြောင့် …ဒါကြောင့် ကျွန်မတောင်းပန်ပါတယ်…ဒါပေမဲ့ မိန်းကလေးယောင်ယွင်ရဲ့အဆင့်အတန်းက…ကျွန်မတို့..ကျွန်မတို့လုပ်ပေးနိုင်တာဒီလောက်ပဲရှိလို့ပါရှင်”
သူမက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှခန့်အပ်ထားသည့် အကူမိန်းကလေးတစ်ယောက်သာဖြစ်သည်။ သူမအနေဖြင့် အဆင့်လေး အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်ကိုအသာထား အစည်းအရုံးအဖွဲ့ဝင် အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်၏ ဆန္ဒအားဆန့်ကျင်ရဲခြင်းမရှိပေ”
“ကောင်းပြီ..ဒါကမင်းနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး..ဒီမှာအဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး ရှစ်ဆယ့်ရှစ်သိန်း …ယူပြီးတော့ရေတွက်ကြည့်လိုက်အုံး..”
ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိ၏ သိုလှောင်လက်စွပ်အတွင်းမှ ကမ္ဘာဦးကျောက်တုံးရှစ်ဆယ့်ရှစ်သိန်းအား ထုတ်ယူလိက်ပြီး အခြားသောသိုလှောင်လက်စွပ်အတွင်းသို့ထည့်လိုက်သည်။ ထို့နောက် သူက၎င်းအား လှပသော အကူအမျိုးသမီးထံသို့လွှဲပေးလိုက်သည်။
“ကောင်းပါပြီ..”
လှပသောအကူအမျိုးသမီးက လက်ကိုဆန့်ထုတ်လိုက်ပြီးလေးလေးစားစားဖြင့် ရှစ်ဖုန့်ထံမှသိုလှောင်လက်စွပ်အားလက်ခံရယူလိုက်သည်။ သူမက ကမ္ဘာဦးကျောက်တုံးများအားရေတွက်ပြီးနောက်ဦးညွှတ်ဂါရဝပြုလိုက်သည်။
“လူကြီးမင်းရှင့် ..လူကြီးမင်းရဲ့နောက်ထပ်အလည်အပတ်လာရောက်မှုကို ကျွန်မတို့စောင့်မျှော်နေပါ့မယ်ရှင့်”
ရှစ်ဖုန့်ကလှည့်ပြီးထွက်ခွာလိုက်သည်။သို့သော်သူက အဂ္ဂရိတ်သန့်စင်သူ ဆရာသခင်များအစည်းရုံးမှ ထွက်မသွားခဲ့ပေ။ထိုအစားသူက သွေးကျောက်ပြားနေရာလွတ်အတွင်းရှိနေသောမိုယန်နှင့်စိတ်ချင်းဆက်သွယ်ပြီးမေးလိုက်သည်။
“ခင်ဗျားက အဂ္ဂရိတ်သန့်စင်ဆရာသခင်အဖွဲ့ဝင်တစ်ယောက်လား”
“ဒါပေါ့.”
မိုယန်၏ ဝင့်ကြွားသောအသံက ရှစ်ဖုန့်၏စိတ်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။
“ဒီအရှင်ရဲ့ကျွမ်းကျင်မှုတွေနဲ့ဆိုရင် … အဂ္ဂရိတ်သန့်စင်ဆရာသခင်များအသင်းကတောင်ဒီအရှင်ကို ဝင်ဖို့အတွက်ဖိတ်ခေါ်ရအုံးမှာ…အဲ့ထာထက်ပိုတာဒီအရှင်က ထျန်းလန်အင်ပါယာ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးရဲ့ အကြီးကဲတစ်ယောက်ပဲ…ဒီအရှင်ရဲ့အဆင့်အတန်းက ထျန်းမြောင်အင်ပါယာမှာရှိတဲ့ သေးငယ်တဲ့ အစည်းအရုံးလေးက အကြီးအကဲတစ်ယောက်ထက်အများကြီးပိုပြီးမြင့်မားတယ်…ထျန်းမြောင်အင်ပါယာကလိုသေးငယ်တဲ့အစည်းအရုံးလေးက ခေါင်းဆောင်ကတောင် ဒီအရှင်ကို အရှင်သခင်တစ်ယောက်အဖြစ်နဲ့လေးလေးစားစားဆက်ဆံရတယ်”
“ဒါဆိုလည်းကောင်းပြီ…ခင်ဗျားရဲ့ အဂ္ဂရိတ်သန့်စင်ဆရာသခင်ဝတ်ရုံကိုချက်ချင်းဝတ်လိုက်..ဒီသခင်လေးခင်ဗျားကို အပြင်ထုတ်ပေးမယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီအရှင် ကိုအပြင်ထွက်ခွင့်ပေးမှာလား….မင်းကအဲ့လောက်တောင်ကြင်နာတတ်လို့လားဟ”
မိုယန်၏ ယုံရခက်ဖြစ်နေသောအသံက ရှစ်ဖုန့်၏စိတ်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။ သို့သော် ရှစ်ဖုန့်၏ဘေးတွင်သွေးနီရောင်အလင်းတစ်ချက်ဖျက်ခနဲလင်းလက်လာပြီး မိုယန်မှာရှစ်ဖုန့်၏နံဘေးနားတွင်သူ၏ အဖြူရောင်အဂ္ဂရိတ်သန့်စင်ဆရာသခင်ဝတ်ရုံနှင့်အတူ ပေါ်လာသည်။အဆင့်ခြောက်အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်၏တံဆိပ်က သူ၏ညာဘက်ပခုံးထက်တွင် ပို၍ အထင်ကြီးလောက်စရာကောင်းလောက်အောင်တလက်လက်တောက်ပနေပြီး သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ ဟာထက်ပို၍ လှပလေသည်။
အမျိုးသမီး၏ တံဆိပ်ကကြယ်တစ်ခုဆိုလျှင် မိုယန်၏ပခုံးထက်ရှိ တံဆိပ်က နေမင်းပင်ဖြစ်သည်။
ခမ်းနားထည်ဝါပြီး တောက်ပကာ မျက်စိကျိန်းလောက်စရာဖြစ်သော အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်၏တံဆိပ်က အနီးအနားတွင်ရှိနေသည့်မရေတွက်နိုင်သော လူတို့၏ အာရုံအားဖမ်းစားသွားသည်။
“ဘုရားရေ..ဒါက ဂုဏ်သရေရှိ အဆင့်ခြောက်အဂ္ဂရိတ်သန့်စင်ဆရာသခင်ပဲ ..အဆင့်ခြောက်သန့်အဂ္ဂရိတ်သန့်စင်ဆရာသခင် အရှင်တစ်ဦးက ဒီနေရာကိုရောက်လာတယ်”
ဆက်ရန်…
ဘာသာပြန်သူ-ARISE