← Chapters

ငါ လိုအပ်နေတာ ကောင်းကင်ဆီကနေ ယူမယ်

Vol. 3 Ch. 41

ငါ လိုအပ်နေတာ ကောင်းကင်ဆီကနေ ယူမယ်

Vol. 3 Ch. 41

အခန်း (၄၁)  :  ငါ လိုအပ်နေတာ ကောင်းကင်ဆီကနေ ယူမယ်

မဟာအကြီးအကဲလုံပေါ်ကို ဖြေလိုက်သည့်သူက တာအိုအခွင့်အလမ်းဂိုဏ်းတွင် စာကြည့်တိုက် သို့မဟုတ် တိဗက်ကျမ်း စာကြည့်တိုက်ကို မဟာအကြီးအကဲ ဖန်လိန် ဖြစ်၏။ သူကလည်း လုံပေါ်နှင့် ဟန်လီလိုမျိုး အမှုထမ်းအင်အားစုမှ ဖြစ်လေသည်။

သို့သော်လည်း လုံပေါ်လို မဟုတ်ဘဲ မဟာအကြီးအကဲ ဖန်လိန်က အဖွဲ့ကစားသမားအဖြစ် မှတ်ယူနိုင်လေသည်။ သူက သူ့အင်အားစုထက် ဂိုဏ်းကောင်းကျိုးကို ဦးစားပေးသူ ဖြစ်၏။

ထို့ကြောင့် သဘောဝအားဖြင့် ကွဲပြားသော်လည်း ဖန်လိန်နှင့် လုံပေါ်တို့က အတော်လေး ရင်းနှီးသည်ဟု ပြောလို့ ရလေသည်။

စာကြည့်တိုက် စောင့်ကြပ်နေသည့် မဟာအကြီးအကဲဖန်လိန်က သူ့မိတ်ဆွေရှိရာဆီ လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

မဟာအကြီးအကဲလုံပေါ်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်အနေနှင့် သူက သူ့အတွေးများနှင့် ရည်မှန်းချက်များကို နားလည်ထားသည်။ ဖန်လိန်က လုံပေါ်သည် ဂိုဏ်းအတွင်း အမှုထမ်းအင်အားစု၏ အာဏာကို ချဲ့ထွင်လိုနေကြောင်း သိလေသည်။

ဘာက အကောင်းဆုံးနည်းလမ်း ဖြစ်မလဲ … နောက်ထပ် ဧကရာဇ်အသစ် ရှိလာဖို့ ဖြစ်၏။

တာအိုအခွင့်အလမ်းဂိုဏ်း၌ ဝမ်မိသားစုတွင် ဧကရာဇ်လေးယောက် ရှိခဲ့ပြီး လီမိသားစုနှင့် ယန်းမိသားစုတို့က ဧကရာဇ်နှစ်ယောက်ဆီ ရှိခဲ့ဖူးသည်။ အမှုထမ်းအင်အားစု၌သာ ဧကရာဇ်တစ်ယောက်တည်း ရှိနေခြင်း ဖြစ်၏။

လုံပေါ်က သူတို့အမှုထမ်းအင်အားစုမှ နောက်ထပ် ဧကရာဇ်တစ်ယောက် ထွက်ပေါ်လာသရွေ့ သူတို့အင်အားနှင့် အာဏာကြီးပွားလာလိမ့်မည်ဟု ယုံကြည်ထားသည်။

တကယ်တော့ ဖန်လိန်က လုံပေါ်သည် အတော်လေး တစ်ကိုယ်ကောင်းဆန်သူ ဖြစ်ကြောင်း သိထားတာ ကြာလှလေပြီ။ သူက အမှုထမ်းအင်အားစုဘက်မှ နောက်ထပ် မဟာဧကရာဇ်တစ်ယောက် ထွက်ပေါ်လာဖို့ လိုချင်ခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ဧကရာဇ်တစ်ပါး ပြုစုပျိုးထောင်ပေးလိုခြင်း ဖြစ်သည်။ ထို့နောက် ဧကရာဇ် အင်အားကြီးမားနေစဉ် သူကလည်း အုပ်စိုးနိုင်လိမ့်မည်။

လုံပေါ်အတွက် ကံဆိုးသည်က ဧကရာဇ်တစ်ပါး ပြုစုပျိုးထောင်ဖို့ ခက်ခဲလှသည်။ အထူးသဖြင့် တစ်ယောက်တည်း ဖြစ်နေသည့်အချိန်တွင် ဖြစ်၏။

ဖန်လိန်နှင့် အခြားအမှုထမ်း အင်အားစုမှ လူများက လုံပေါ်သည် မဟာဧကရာဇ်ကို ကိုယ့်ဘာသာ ပြုစုမပျိုးထောင်နိုင်ကြောင်း သိထားကြပြီးသား ဖြစ်၏။ ပြောရလျှင်တော့ သူ ရွေးထားသည့်လူတွင် ပြဿနာရှိနေခြင်း ဖြစ်၏။

ယခင်နှစ်ပိုင်းအတွင်း ဂိုဏ်းအဆင့်မြင့် ကျင့်ကြံသူများက သခင်ငယ်လေး မွေးဖွားမလာခင်အထိ ဟန်လီအပေါ် အာရုံစိုက်ထားခဲ့ကြသည်။ အဆင့် ၁၂ ကောင်းကင်မိုးကြိုးရုပ်ခန္ဓာ ပိုင်ဆိုင်ထားသော်လည်း ဟန်လီ၏ ရလဒ်များက သာမန်ထက် အနည်းငယ်သာ သာလွန်လေသည်။

ထိုအချက်က မျှော်နန်းဆောင် စစ်ဆေးမှု ရလဒ်ထွက်ပေါ်လာသည့်အခါတွင် သက်သေပြပြီးသား ဖြစ်သွားသည်။ လီကျွင်းပင် သူ့ထက် ရလဒ်ပိုကောင်းခဲ့၏။

ထို့ကြောင့် တာအိုအခွင့်အလမ်းဂိုဏ်းရှိ အဆင့်မြင့် ကျင့်ကြံသူတို့က ဝမ်ဝေ့ မွေးဖွားလာစဉ်အခါက မြင်ကွင်းများကြောင့် နောက်ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် ဝမ်ဝေ့ကို လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

ကံကောင်းစွာဖြင့် ဆယ်စုနှစ်အတွင်း ဝမ်ဝေ့၏ အပြုအမူနှင့် လုပ်ဆောင်မှုတို့က သူတို့သည် မှန်ကန်သည့် ရွေးချယ်မှု လုပ်ခဲ့ကြောင်း သက်သေပြနေသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အနာဂတ်က ပိုမို တောက်ပကြွယ်ဝလာတော့မည် ဖြစ်၏။

မဟာအကြီးအကဲဖန်လိန်သည် သူ့မိတ်ဆွေဟောင်းကြီး လုံပေါ်က သူ့ဘာသာ သတိမပြုမိသည့် အတော်လေး အန္တရာယ်များသည့် အခြေအနေတွင် ကျရောက်နေကြောင်း သိလိုက်သည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ဒီနှစ်တွေမှာ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွက် အများကြီး ရင်းနှီးမြှပ်နှံ့ထားခဲ့သည်။ အကယ်၍ တစ်ရက်ကျ သူတို့သည် လုံပေါ်သည် ဂိုဏ်းအနာဂတ်အတွက် အန္တရာယ်ဖြစ်စေလာလိမ့်မည်ဟု ယူဆလိုက်လျှင် သူ့အတွက် စောင့်ကြိုနေမည့် တစ်ခုတည်းသောအရာမှာ သူ့ကိုယ်ပိုင်ဂိုဏ်း ကိုင်တိုင် သူ့ကို ရှင်းထုတ်ပစ်ခြင်းသာ ဖြစ်လိမ့်မည်။

အကယ်၍ လုံပေါ်သာ ဒီလိုဆက်လုပ်နေလျှင် ထို့နေရက်က သိပ်မကွာဝေးတော့ပေ။ ဖန်လိန်က သူ့မိတ်ဆွေဟောင်းကြီး၏ အနာဂတ်ဖြစ်နိုင်ချေအကြောင်း တွေးရင်း သက်ပြင်းချလိုက်သည်။

……….....

ထိုစဉ် ဝမ်မိသားစု တောင်ထိပ်၌ …

ဝမ်ဝေ့နှင့် ဟန်လီတို့က အဖန်ရည်သောက်ရင်း စကားစမြည်ပြောနေကြသည်။

ဝမ်ဝေ့က ဟန်လီအား ကျင့်ကြံရေး ခရီးစဉ်တစ်လျှောက် ဖြတ်ကျော်ခဲ့ရသည့် အတွေ့အကြုံများကို မေးမြန်းနေလေသည်။ အကြောင်းမှာ သူက ဂိုဏ်းမှ တစ်ခါမှမထွက်သွားဖူး၍ ဖြစ်၏။

ဟန်လီက ဝမ်ဝေ့၏ ညင်သာနွေးထွေးသည့် အပြုံးကြောင့် စွန့်စားမှုများကို ပြန်ပြောနေသည်။

ကံဆိုးစွာဖြင့် တည်ငြိမ်နေသည့် ကိစ္စများက သိပ်မကြာမြင့်လိုက်ပေ။ သူတို့ အဖန်ရည်ခြောက်အိုးမြောက်တွင် ဟန်လီက ငိုက်မျဉ်းလာလေ၏။ သူက ထိုအခြေအနေမှ ရုန်းမထွက်နိုင်ခင် သူ့ကျင့်ကြံဆင့်မှာလည်း ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရတော့သည်။

သိပ်မကြာခင် သူက အခန်းထဲ သတိမေ့သွားတော့သည်။ ထိုအခါ ဝမ်ဝေ့ မျက်နှာအထက် အပြုံးက ဖြည်းဖြည်းချင်း ပြေလျော့သွားကာ နဂိုအတိုင်း ပြန်ဖြစ်သွားသည်။

အသက်ရှိုက်စာအနည်းငယ်အကြာတွင် အခန်းအတွင်း နောက်ထပ်လူများ ရောက်လာကြသည်။

သူတို့က အစီအရင်ခန်းမဆောင်၊ သန့်စင်ရေးခန်းမဆောင်၊ ဆေးလုံးခန်းမဆောင်နှင့် အဆောင်လက်ဖွဲ့ ခန်းမဆောင်တို့မှ မဟာအကြီးအကဲများ ဖြစ်ကြသည်။ ထို့အပြင် တခြားလူများကို ကွပ်ကဲကြီးကြပ်ပေးဖို့အတွက် အစီအရင်ရေးရာ၌ ကျွမ်းကျင်ပြောင်မြောက်သော အကြီးအကဲချုပ် နှစ်ယောက်လည်း ပါလာသည်။

ဝမ်ဝေ့က ထိုလူများကို မြင်လိုက်ရသည့်အခါ သူ့အနေနှင့် ရောက်လာမည်ဟု မျှော်မှန်းထားပြီးသား ဖြစ်တာကြောင့် မအံ့ဩသွားပေ။

ဝမ်ဝေ့က အားလုံးကို နှုတ်ဆက်ကာ မေးလိုက်သည်  “ အားလုံး ပြင်ဆင်ပြီးသွားပြီလား ”

အစီအရင်ခန်းမဆောင် မဟာအကြီးအကဲ လီဖုန်းက ဖြေလိုက်သည်  “ သခင်ငယ်လေး စိတ်မပူပါနဲ့။ အရာအားလုံးကို ညွှန်ကြားထားတဲ့အတိုင်း ပြင်ဆင်ထားပြီးသားပါ ”

ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

သိပ်မကြာခင် သတိမေ့နေသည့် ဟန်လီကို အစီအရင်အမျိုးမျိုး၊ ခွဲစိတ်ကုတင်နှင့် တူသည့် ပစ္စည်းအမျိုးမျိုး ရှိနေသည့် လျို့ဝှက်ခန်းထဲ ခေါ်ဆောင်သွားလေ၏။

တကယ်တော့ ထိုဖော်ပြချက်က ပြီးပြည့်စုံလေသည်။

ဝမ်ဝေ့ ဟန်လီကို ဒီလိုလုပ်လိုက်သည့် ရည်ရွယ်ချက်မှာ သူ့အား ခွဲစိတ်ပြီး သူ့တမူထူး ရုပ်ခန္ဓာ အရင်းအမြစ်အကြောင်း ရှာဖွေရန် ဖြစ်သည်။ သူ ငယ်စဉ်ကတည်းက တမူထူးရုပ်ခန္ဓာ ပိုင်ဆိုင်ထားသူများသည် မည်မျှ အရေးသာကြောင်း သိထားလေသည်။ အထူးသဖြင့် ကျင့်ကြံဆင့် အစောပိုင်းနှင့် အလယ်ပိုင်းတွင် ဖြစ်သည်။

ဝမ်ဝေ့က ထိုရုပ်ခန္ဓာများကို အမှန်တကယ် အားကျမိသည်။ သူ့အတွက် ကံဆိုးသည်က ကောင်းကင်ဘုံက သူ့အတွက် ပေးမလာခဲ့ပေ။

ထို့ကြောင့် ဝမ်ဝေ့က သူ့ဘာသာ တမူထူးရုပ်ခန္ဓာ ရလာအောင် လုပ်ဖို့ နည်းလမ်းကို စဉ်းစားခဲ့သည်။

“ ကောင်းကင်က မပေးမှတော့ ကိုယ့်ဘာသာ ယူရမှာပေါ့ ”

ထိုအတွေးမျိုး သူ့စိတ်ထဲရှိနေသည်မှာ ကြာလှလေပြီ။

ကိစ္စများဖြစ်မြောက်လာစေရန် သူက စာကြည့်တိုက်ထဲ သွားကာ တမူထူးရုပ်ခန္ဓာအကြောင်း ဖတ်လို့ရသမျှ အကုန်မှတ်သားခဲ့သည်။ တချို့စာလွှာများတွင် မဟာဧကရာဇ်များ၏ တမူထူးရုပ်ခန္ဓာအပေါ် နားလည်ထားမှုတချို့ပင် ပါဝင်နေသေး၏။

ကျမ်းပေါင်းများစွာ ဖတ်ရှုပြီးနောက် ဝမ်ဝေ့က တမူထူးရုပ်ခန္ဓာ ပိုင်ရှင်များသည် သူတို့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုလုံးတွင် စိုက်ဝင်နေသည့် စည်းမျဉ်းအပိုင်းအစဖြင့် မွေးဖွားလာကြောင်း မှန်းဆမိသည်။

ထိုစည်းမျဉ်းအပိုင်းအစများကြောင့် တမူထူးရုပ်ခန္ဓာနှင့်လူများသည် ကျင့်ကြံရေး ပါရမီကောင်းကြသည်။ သူတို့ကျင့်ကြံဆင့် မြင့်လာလေလေ သူတို့ခန္ဓာကိုယ်ရှိ စည်းမျဉ်းအပိုင်းအစသည်လည်း ပိုမို ပြည့်စုံလာကာ ထူးခြားအံ့ဖွယ် ပါရမီများ ထောက်ပံ့ပေးလိမ့်မည်။

ဝမ်ဝေ့က သူ့အမြင်ကို အတည်ပြုနိုင်ရန်အတွက် တမူထူးရုပ်ခန္ဓာရှိသည့် သူ့ဖခင်ဖြစ်သူ၏ သွေးကိုလည်း လေ့လာခဲ့သည်။ နောက်ထပ် တမူထူးရုပ်ခန္ဓာရှိသည့် လူများ၏ သွေးကိုလည်း လေ့လာခဲ့၏။

ထိုသွေးများကို ရရှိဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်းက ကမ္ဘာအနှံ့ သူလျိုများစွာကို စေခိုင်းခဲ့သည်။ သို့သော်လည်း သွေးစက်အနည်းငယ်ကို လေ့လာရုံမျှဖြင့် တမူထူးရုပ်ခန္ဓာ၏ အမှန်တရားကို သိဖို့ မလုံလောက်သေးပေ။

ဝမ်ဝေ့၏ အဖေက ကျင့်ကြံဆင့် လျော့ချခံကာ ပြန်ကောင်းဖို့ နှစ်များစွာကြာမြင့်မည် ဖြစ်သည့် အရင်းအမြစ်သွေးစက် တစ်စက် ပေးခဲ့သော်လည်း တမူထူးရုပ်ခန္ဓာ၏ ဆန်းကြယ်မှုကို ထုတ်ဖော်ဖို့ မလုံလောက်သေးချေ။

ဤဇာတ်ကြောင်း၌ ဟန်လီက ပါဝင်ပတ်သက်လာခြင်း ဖြစ်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း တစ်ဦးတည်းသော တမူထူးရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်သူ ဖြစ်ပြီး သွေးစက်အနည်းငယ်ထက် ပိုမိုများပြားသည့် သတင်းအချက်အလက်များကို ထုတ်ပေးနိုင်သည်။

သို့သော်လည်း ဟန်လီကို လေ့လာခြင်းက သူ့ဝိညာဉ်နှင့် အရင်းအမြစ်သွေးအထိ ပါဝင်လေရာ လူတစ်ယောက်အား အတော်လေး ထိခိုက်စေသည်။

ထို့ကြောင့် အရင်က ဝမ်ဝေ့သည် သူ့ကို မထိခိုက်စေလိုခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုတွင် သူက စိတ်ပြောင်းသွားပြီဖြစ်၍ ဆိုးရွားလှသည့် ကံတရားက သူ့အား စောင့်ကြိုနေတော့သည်။

All Chapters