← Chapters

တောင့်ခံရန် ခက်ခဲစေသော သွေးဆောင်ဖြားယောင်းမှု

Vol. 4 Ch. 43

တောင့်ခံရန် ခက်ခဲစေသော သွေးဆောင်ဖြားယောင်းမှု

Vol. 4 Ch. 43

အခန်း (၄၃) : တောင့်ခံရန် ခက်ခဲစေသော သွေးဆောင်ဖြားယောင်းမှု

စိတ်ဝိညာဉ်ခရီးလမ်းဆိုသည်မှာ ကောင်းကင်တာအိုမှ ဖန်တီးထားသော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင် ရွေးချယ်ခံများကို သေချာလေ့ကျင့်ပေးရုံအတွက်သာမက အလွှာနိမ့်မှ ပါရမီရှင်များကို အသင်္ချေအင်ပါယာကမ္ဘာသို့ ဝင်ရောက်ရန်အတွက် သွေးဆောင်ဖြားယောင်းသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ဝမ်ဝေ့ စာကြည့်တိုက်ထဲတွင် သင်ယူခဲ့ရသော ဗဟုသုတအရ အဆုံးမဲ့လေဟာနယ်ထဲတွင် အသင်္ချေအင်ပါယာအလွှာကဲ့သို့သော ကောင်းကင်အလိုဆန္ဒ ကမ္ဘာများ ရာချီပြီး တည်ရှိနေကြောင်း သိခဲ့ရသည်။

မဟာဧကရာဇ်ကို မွေးထုတ်ပေးဖို့အတွက် စွမ်းအားရှိသော အလွှာဖြစ်သည့် ကောင်းကင်အလိုဆန္ဒအလွှာတိုင်းက ကောင်းကင်အလိုဆန္ဒအလွှာကို အလယ်ခေါင်တွင် ထားပြီး အကန့်အသတ်မဲ့ ကမ္ဘာအစုအဝေးဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

အစုအဝေး တစ်ခုစီတိုင်းတွင် မရေတွက်နိုင်သော ဧရာမကမ္ဘာများ၊ အလယ်အလတ်ကမ္ဘာနှင့် အဆင့်နိမ့်ကမ္ဘာတို့ ပါဝင်သည်။

ထိုကမ္ဘာများအားလုံး စုပေါင်းထားခြင်းကို အလွှာနိမ့်ဟု ခေါ်ဆိုနိုင်သည်။ အသင်္ချေအင်ပါယာကမ္ဘာက ထိုကမ္ဘာများနှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟု မဆိုလိုနိုင်ပေ။ အပြင်ဘက်တွင် ကမ္ဘာများစွာရှိပြီး တချို့ကို အခုထိ ရှာမတွေ့နိုင်သေးပေ။

သို့သော် ယခုလက်ရှိ တည်ရှိနေသော အစုအဝေးများ၏ အုပ်ချုပ်သူကို အသင်္ချေအင်ပါယာကမ္ဘာဟု အသိအမှတ်ပြုနိုင်သည်။

အသင်္ချေအင်ပါယာကမ္ဘာတွင် သေမျိုးများက အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း စတင်ကျင့်ကြံလေ့ ရှိကြသည်။ ထိုအရွယ်တွင် လျှို့ဝှက် အမှောင်ဒဏ်ရာ မရရှိဘဲ စတင်ကျင့်ကြံနိုင်လောက်အောင်အထိ စိတ်နှင့်ခန္ဓာနှစ်ခုလုံးက ရင့်သန်နေပြီ ဖြစ်သည်။

မျိုးဆက်တစ်ခုစီတိုင်း စတင်မကျင့်ကြံခင်တွင် ပုံမှန်လုပ်လေ့လုပ်ထရှိသော စိတ်ဝိညာဉ်ခရီးလမ်းဟု ခေါ်သည့် စစ်ဆေးမှုတစ်ခု ရှိသည်။

စိတ်ဝိညာဉ်ခရီးလမ်းဆိုသည်မှာ ကောင်းကင်တာအိုမှ ပြုလုပ်ထားသည့် လျှို့ဝှက်နယ်ပယ် တစ်ခုဖြစ်ပြီး ကောင်းကင်ရွေးချယ်ခံများအနေဖြင့်  ကျင့်ကြံဆင့် မရှိသလို အပြင်ဘက်မှ ဘာအကူအညီမှ မရနိုင်ဘဲ တိုက်ခိုက်ခြင်း၊ အချင်းချင်း သတ်ဖြတ်ခြင်းများကို တစ်နှစ်ပတ်လုံး လုပ်ဆောင်ရသည့်နေရာတစ်ခု ဖြစ်သည်။

စိတ်ဝိညာဉ်ခရီးလမ်းထဲသို့ ဝင်သွားပြီးသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံရေးကို လုံးဝပိတ်ဆို့တားမြစ်လိုက်မည်ဖြစ်ပြီး တစ်နှစ်ပတ်လုံး ကျင့်ကြံနိုင်မည် မဟုတ်ပေ။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် အပြင်ဘက်မှ မည့်သည့်လက်နက်၊ မည်သည့်အကူအညီမှ အသုံးပြုခွင့် မရှိပေ။

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု၏ ရည်ရွယ်ချက်က ပါရမီရှင်တိုင်း၏ သတ်ဖြတ်လိုစိတ်နှင့် ရှင်သန်လိုစိတ်ကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ဒီထက်ပိုပြီးအရေးကြီးသည်က တစ်နှစ်တာ သတ်ဖြတ်မှုအတွင်း ပါဝင်သူများက အချင်းချင်း၏ ချီကံကောင်းမှုကို လုယူနိုင်သည်။

လူအရေအတွက်များများ သတ်နိုင်လေလေ ကံများများကို စုဆောင်းနိုင်လေလေ ဖြစ်သည်။ လူတစ်ယောက်၏ ချီကံကောင်းမှုက ငါးအဆင့်မှ နဂါးအစစ်အမှန် အဆင့် သို့မဟုတ် အနီရောင်မှ ခရမ်းရောင်အထိ ပြောင်းလဲခြင်းက ပုံမှန်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူများက ခရမ်းရွှေရောင် ချီကံကောင်းမှုကိုတော့ မရရှိနိုင်ကြသေးပေ။

ထို့အပြင် စိတ်ဝိညာဉ်လမ်းစစ်ဆေးမှု ကျင်းပသည့် လျှို့ဝှက်နယ်ပယ်တွင် အသင်္ချေအင်ပါယာ အလွှာတစ်ခွင်၌ ဖြစ်ပွားသော မတူညီသည့် တိုက်ပွဲကွင်းပြင်များမှ ကျန်ရှိခဲ့သော မရေတွက်နိုင်သည့် အခွင့်အရေးများ ကျန်ရှိနေသည်။

တစ်စုံတစ်ယောက်အတွက် ဧကရာဇ်တစ်ပိုင်း အသုံးအဆောင်ပစ္စည်း သို့မဟုတ် ဧကရာဇ်အဆင့် ကျမ်းများပင် ရရှိနိုင်သည်အထိ ကံကောင်းနိုင်သည်။ ထိုအရာနှစ်ခုက အရမ်းကို ရှားပါးသော်လည်း စိတ်ဝိညာဉ်ခရီးလမ်းမှ ထိုပစ္စည်းများကို လူများ ရရှိသွားသည်ဟု မကြားဖူးခြင်းမျိုးတော့ မဟုတ်ပေ။

ကောင်းကင်ရွေးချယ်ခံများကို ပျိုးထောင်ပေးသော စိတ်ဝိညာဉ်ခရီးလမ်း၏ အရည်အချင်းကြောင့် ဂိုဏ်းအများစုမှ သူတို့၏ တပည့်များကို ထိုစစ်ဆေးမှုတွင် ပါဝင်စေချင်သည်။

ထို့အပြင် ကောင်းကင်တာအိုက အလွှာနိမ့်ရှိ ကမ္ဘာများမှ ပါရမီရှင်များနှင့် ကံကောင်းသူများအား စစ်ဆေးမှု အမှတ်အသားပြားများ အသုံးပြုကာ ဖိတ်ခေါ်သည်။

ဤနည်းအားဖြင့် ထိုပါရမီရှင်များက သူတို့၏ လုပ်ဆောင်မှုအပေါ် မူတည်ပြီး အသင်္ချေအင်ပါယာအလွှာရှိ ဂိုဏ်းများ၊ အဖွဲ့များတွင် ဝင်ခွင့်ရနိုင်လိမ့်မည်။

မဟာဧကရာဇ်များစွာက အလွှာနိမ့်မှ မွေးဖွားလာကြပြီး စိတ်ဝိညာဉ်ခရီးလမ်းကို ဖြတ်သန်းကာ ကောင်းကင်အလိုဆန္ဒအတွက် အခွင့်အရေးရခဲ့ကြသည်။ အလွှာနိမ့်မှလူများက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် အသိအမှတ်ပြု အမှတ်အသားပြားကို လိုအပ်နေဆဲဖြစ်သည်။

သူတို့က အသိအမှတ်ပြု အမှတ်အသားပြားတွေ ဘယ်လိုလုပ်ပြီးတော့ ရမှာလဲ။ အသင်္ချေအင်ပါယာကမ္ဘာမှာရှိတဲ့ စွမ်းအားကြီးဂိုဏ်းတွေနဲ့ မိသားစုတွေဆီက ရတာပေါ့

ထိုဂိုဏ်းခွဲများက အလွှာနိမ့်မှလူများ သူတို့၏ ထောက်ပံ့မှုမပါဘဲ မဟာဧကရာဇ်ဖြစ်လာခြင်းကို ဟန့်တားဖို့အတွက် အများကြီး အားစိုက်ထုတ်ခဲ့ရသည်။ အလွှာနိမ့်မှလူက ဘယ်လောက်ထိ အရည်အချင်းရှိသူဖြစ်နေပါစေ အသိအမှတ်ပြု အမှတ်အသားပြား မရှိပါက ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခွင့် မရှိပေ။

ထို့ကြောင့် သူတို့ မလုပ်ချင်လျှင်ပင် သူတို့ကိုယ်သူတို့ ဧကရာဇ်ဖြစ်အောင် လုပ်ဖို့ အခွင့်အရေးရရန် စွမ်းအားကြီး အဖွဲ့အစည်းများဖြင့် ဆက်နွယ်နေရသည်။

ယခုနှစ် စိတ်ဝိညာဉ်ခရီးလမ်းက အရမ်းကွဲပြားကြောင်း ဝမ်ဝေ့ သတိထားမိသည်။

ထိပ်သီးခန္ဓာ သုံးခု တစ်ချိန်တည်း ပေါ်ထွက်လာခြင်းကြောင့် ယခုနှစ် စိတ်ဝိညာဉ်ခရီးလမ်းက လူသတ်ကွင်းကဲ့သို့သော နေရာတွင် အချင်းချင်း သတ်ဖြတ်ရမည် ဖြစ်သည့်အတွက် စွမ်းအားကြီးသည့် ကောင်းကင်ရွေးချယ်ခံများ၏ ပျော်ပွဲရွှင်ပွဲတစ်ခုသဖွယ် ဖြစ်လာနိုင်သည်။

သို့သော် ထင်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပုံပေါ်သည်။ နံပါတ်တစ် ခန္ဓာက အလွှာနိမ့်၏ တစ်နေရာမှာ ရှိပုံပေါ်ပြီး နံပါတ်သုံးခန္ဓာကို ဘယ်နေရာမှာမှ ရှာမတွေ့ပေ။ နံပါတ်နှစ်ခန္ဓာကလည်း လေးနှစ်ကြာပြီးလျှင်ပင် စစ်ဆေးမှုမှာ ပါဝင်လိုသည့် ဆန္ဒရှိပုံမပေါ်ပေ။

အားလုံးက ယခုတစ်ခေါက် စိတ်ဝိညာဉ်ခရီးလမ်းကို လျစ်လျူရှုထားပုံပေါ်သည့်အတွက် ထိပ်သီးခန္ဓာပိုင်ရှင် သုံးယောက်နှင့် တွေ့ဆုံကာ ရှေ့လျှောက် အနာဂတ်အစီအစဉ်ကို ရေးဆွဲချင်သော ဝမ်ဝေ့အတွက်တော့ သတင်းဆိုး ဖြစ်သွားသည်။

ဝမ်မိသားစုတောင်ပေါ်ရှိ ပင်မခြံဝန်းထဲတွင် ဝမ်ဝေ့က သူ၏ အစေခံခေါင်းဆောင် ဝမ်ကျူကို အစည်းအဝေးထိုင်ဖို့ ခေါ်လိုက်သည်။

သူမကို မြင်သည့်အခါ ဝမ်ဝေ့က နံပါတ်နှစ်ခန္ဓာနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို လက်လွှဲပေးရန် ပြောလိုက်သည်။

ဝမ်ဝေ့က အချက်အလက်များကို ဖတ်လိုက်သည်။

“ ကျီစုန့် .. …ယောက်ျားလေး…အသက်က ၁၂နှစ်။ အကြမ်းခံပုဆိန်ခန္ဓာ၊ မဟာကျိုးတော်ဝင်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား။ သူ မွေးလာတုန်းက လူ့ဘီလူးကြီးက ပုဆိန်နဲ့ မရေတွက်နိုင်တဲ့ နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေကို နှိမ်နင်းနေတယ်ဆိုတဲ့ မြင်ကွင်းမျိုးလည်း ထွက်ပေါ်လာခဲ့တယ်”

“ အကျင့်…သူက ကြမ်းတမ်း မောက်မာတယ်။ ပြဿနာအများစုကို ခွန်အားသုံးပြီး ဖြေရှင်းရတာ ပိုပြီးကြိုက်တယ်။ သူ့မှာ သူအရမ်းချစ်ရတဲ့ ကျီစုလို့ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ သူ့မွေးဖွားမှုကြောင့် သူ့အစ်ကိုက ထီးနန်းကို စွန့်လွှတ်လိုက်ရပေမဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အတော်လေး စည်းလုံးညီညွှတ်တယ်။ အစ်ကိုကြီးကလည်း သူ့ညီလေးကို ပံ့ပိုးတဲ့နေရာမှာ ပြဿနာမရှိဘူး”

အချက်အလက်များကို ဖတ်ပြီးနောက် ဝမ်ဝေ့ စတင်တွေးတောတော့သည်။ လက်ထဲတွင် ရှိသော အချက်အလက်များကို အခြေခံကာ ကျီစုန့်လို လူမျိုးက သူ့အတွက် အကျိုးအမြတ်ရှိသည်ဟု ယုံကြည်သည်နှင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အလျင်စလို လုပ်မည့်သူဖြစ်သည်ဟု ကောက်ချက်ချလိုက်နိုင်သည်။

ထို့ကြောင့် သူ လိုအပ်သော ငါးစာပစ်နိုင်သည်နှင့်တစ်ပြိုင်နက် သူစိတ်ပြောင်းလာအောင် ဆွဲဆောင်ကာ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုတွင် ပါဝင်လာနိုင်အောင် လုပ်နိုင်သည်။

ဝမ်ဝေ့က ရုတ်တရက် ဝမ်ကျူကို မေးမြန်းလိုက်သည်

“ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း အပြည့်အစုံက စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲမှာ ရှိပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းက ကျွန်တော်ကို ကိုယ်တိုင်သွားယူခိုင်းတယ်ဆိုတဲ့ အကြောင်း မဟာကျိုးတော်ဝင်တိုင်းပြည်က ကောလဟာလကြားသွားရင် သူတို့ ဘာလုပ်မယ်လို့ ထင်လဲ”

ဝမ်ကျူက ရုတ်တရက် မေးလာသော မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ပြန်လည် ဖြေကြားလိုက်သည်

“ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အကြမ်းခံပုဆိန်ခန္ဓာရှိတဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက မဟာဧကရာဇ်တစ်ပါး ဖန်တီးခဲ့တာ။ အဲဒီကျမ်းက အကြမ်းခံပုဆိန်ခန္ဓာရှိတဲ့သူအတွက် လုံးဝကို သင့်တော်တယ်လို့ ပြောလို့ရတယ်။ မဟာကျိုးတော်ဝင်တိုင်းပြည်က အရာထမ်း၊ အမှုထမ်းတွေက အဲဒါကို ယူနိုင်မဲ့ အခွင့်အရေးရှိရင် သေချာပေါက် ရအောင် ယူမှာပဲ။ ကောလဟာလလေးဆိုရင်တောင် အဲဒါအမှန်ဆိုတာလား သိချင်လို့ စုံစမ်းကြဦးမှာပဲ”

ဝမ်ဝေ့ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သို့သော် ဝမ်ကျူက ဆက်ပြောလိုက်သည်

“ ဒါပေမဲ့ သခင်လေး အဲလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဟင်။ စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုအတွင်း ကျီစုန့်ကို သတ်ဖို့ အခွင့်အရေးရချင်လို့လား”

ဝမ်ဝေ့က သူမကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ မတုံးအစမ်းပါနဲ့ ဝမ်ကျူရယ်။ စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုက မျှတရမယ်လို့ ပြောထားပြီး ပြင်ပအကူအညီ မယူရဘူး ဆိုပေမဲ့ ငါတို့လိုမျိုး အင်အားကြီးအုပ်စုတွေက မွေးဖွားလာတဲ့ ကောင်းကင်ရွေးချယ်ခံတိုင်းမှာ အသက်အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ သူတို့ အသက်ကို ကယ်နိုင်အောင် လျှို့ဝှက်ပညာရပ်တွေကို သူတို့ကိုယ်ပေါ်မှာ စွဲမြဲအောင် လုပ်ထားတာလေ။ စစ်ဆေးမှုအတွင်း ကျီစုန့်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ထိုအကြောင်းကို ကြားပြီးနောက် ဝမ်ကျူလည်း သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ ထိတ်လန့်စွာဖြင့် မေးလိုက်သည်

“ သခင်လေး ဟန်လီကို လုပ်ခဲ့တဲ့အတိုင်း အိမ်ရှေ့စံမင်းသားကျီစုန့်ကိုရော လုပ်ချင်လား”

ဝမ်ဝေ့က ကောင်းမွန်စွာ ပြန်လည်တုံ့ပြန်လိုက်သည်

“ ဟုတ်တယ်။ ထိပ်သီးခန္ဓာပိုင်ရှင် သုံးယောက်က တခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အတော်လေး ထူးခြားတယ်။ သူတို့အကြောင်းကိုသာ လုံလုံလောက်လောက် သိထားမယ်ဆိုရင် ကိုယ်ပိုင်တမူထူးရုပ်ခန္ဓာရလာဖို့ လုပ်တဲ့အခါ အခွင့်အရေး ပိုပြီးရလာရုံမဟုတ်ဘဲနဲ့ ထိပ်သီးသုံးယောက်ထက် ကျော်လွန်တဲ့ ခန္ဓာကိုတောင် ရလာနိုင်တဲ့ အခွင့်အရေး ရှိတယ်”

ဝမ်ကျူက နားထောင်နေစဉ် ခေါင်းညိတ်ပြီးနောက် ဖြေကြားလိုက်သည်

“ ဒီအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတွေရဲ့ အကူအညီကိုလည်း ယူသင့်တယ်”

ဝမ်ဝေ့က ဝမ်ကျူ၏ အကြံပေးမှုကို သဘောတူသည်။ သူ့အစီအစဉ်က ဖြစ်နိုင်ချေအရမ်းများသည့်အတွက် အကြီးအကဲများလည်း သူ့ကို ကူညီဖို့ ပျော်ရွှင်သည်ထက် ပိုလိမ့်မည်။

သို့သော် စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု စတင်ရန် လေးနှစ် လိုနေသေးသည့်အတွက် ထိုအရာမတိုင်ခင် နောက်ထပ်လုပ်ရမည့်အရာများစွာ ရှိသေးသည်။

All Chapters