← Chapters

အရာထောင်ချီ တစ်သားတည်းကျမ်း

Vol. 4 Ch. 44

အရာထောင်ချီ တစ်သားတည်းကျမ်း

Vol. 4 Ch. 44

အခန်း (၄၄) : အရာထောင်ချီ တစ်သားတည်းကျမ်း

ဝမ်ဝေ့က ဝမ်ကျူကို ထွက်သွားဖို့အတွက် လက်ယမ်းပြလိုက်ပြီးနောက် အကြီးအကဲများ၏ အကူအညီနှင့်အတူ သူ့ အကြံအစည်များကို စတင်တော့သည်။ သူ့မှာ တခြား ကြိုတင်ပြင်ဆင်စရာများလည်း ရှိသေးသည်။ တမူထူးရုပ်ခန္ဓာရှိသူများ၏ ခန္ဓာကိုယ်ထဲတွင် စည်းမျဉ်းအပိုင်းအစရှိသည်ကို သိရုံဖြင့်တင် တစ်စုံတစ်ယောက်အား တမူထူးရုပ်ခန္ဓာရှိသူအဖြစ် ဆန်းကြယ်စွာ ပြောင်းလဲသွားစေမည် မဟုတ်ပေ။

ဒီအသိပညာကို လက်တွေ့လုပ်ဆောင်မှုအဖြစ် ဘယ်လိုပြောင်းလဲရမလဲ။ စည်းမျဉ်းအပိုင်းအစကို တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဒီအတိုင်းထည့်လို့ရသေးတာလား

မဟုတ်ဘူး စည်းမျဉ်းရဲ့စွမ်းအားက စိတ်ကူးယဉ်ကြည့်လို့ မရနိုင်လောက်အောင် စွမ်းအားကြီးတယ်။ အပိုင်းအစလေးတစ်ခုကတောင် လေဟာနယ်ပြိုပျက်ခြင်း နယ်ပယ်အဆင့်မှာရှိတဲ့ ဘယ်ကျင့်ကြံသူကိုမဆို တစ်စစီဖြစ်သွားစေနိုင်တာလေ သေမျိုးတစ်ယောက်အတွက်ဆိုရင်တော့ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ဘူး

တမူထူးရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် လူများ၏ အကျိုးအမြတ်အားလုံးကို ခံစားနိုင်ရန်အတွက် သူ စတင်မကျင့်ကြံခင် ကူးပြောင်းခြင်း ပြီးမြောက်ထားရမည်ဟု ဝမ်ဝေ့ ယုံကြည်ထားသည်။ ထို့ကြောင့် သူ့မှာ ပြင်ဆင်ဖို့ အချိန်သိပ်မရပေ။

ယခုလက်ရှိတွင် တခြားပြဿနာများလည်း ပေါ်ထွက်လာပြီဖြစ်သည်။

သေမျိုးတစ်ယောက်ကို စည်းမျဉ်းရဲ့သန့်စင်မှုမှာ သုတ်သင်ခံရခြင်းမရှိဘဲ အသက်ရှင်နိုင်အောင် ဘယ်လိုလုပ်ပေးရမလဲ။ စည်းမျဉ်းရဲ့အစိတ်အပိုင်းကို အသုံးပြုသူတွေအတွက် ထိခိုက်နာကျင်ခြင်းမရှိဘဲ အကျိုးအမြတ်ရအောင် ဘယ်လိုလုပ်ရမလဲ။ စည်းမျဉ်းရဲ့အစိတ်အပိုင်းက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို မဖျက်ဆီးသွားစေဘဲ ပိုပြီးတော့ စွမ်းအားကြီးလာအောင် အသွင်ပြောင်းပေးတယ်ဆိုတာ သေချာအောင် ဘယ်လိုလုပ်ရမလဲ

ဝမ်ဝေ့က နည်းလမ်းများစွာဖြစ်သည့် ဆေးလုံးများ၊ အစီအရင်များနှင့် တခြားအကူပစ္စည်းများ အသုံးပြုခဲ့သည်။ သို့သော် ထိုအရာ၏ အဓိကက သူ့အဖေနှင့် အဖိုး နှစ်ပေါင်းများစွာ အချိန်ယူကာ သူ့ကို ကူညီဖန်တီးပေးထားသည့် ကျင့်စဉ် ဖြစ်သည်။

ထိုကျင့်စဉ်ကို သူက အရာထောင်ချီ တစ်သားတည်းကျမ်းဟု ခေါ်ဆိုသည်။

ထိုကျင့်စဉ် သို့မဟုတ် တာအိုပညာရပ်က ယခင်ဘဝမှ ဆင့်ကဲဖြစ်စဉ်ကို နမူနာယူထားခြင်း ဖြစ်သည်။

ဆင့်ကဲဖြစ်စဉ်ဆိုသည်မှာ သာမန်အားဖြင့် တစ်ယောက်ချင်းစီရှိနေသော အဖွဲ့တွင် ပတ်ဝန်းကျင် ပြောင်းလဲမှုနှင့် ပတ်သက်ပြီး လိုက်လျောညီထွေနေနိုင်သည့် တိကျသော အကျင့်ရှိနေခြင်း ဖြစ်သည်။

ထိုအသက်ရှင်ကျန်ရစ်သူများက မျိုးဆက်ပြန့်ပွားကာ သူတို့ကို ထိုပတ်ဝန်းကျင်တွင် အသက်ရှင်နိုင်အောင် လုပ်ပေးသည့် အသိစိတ်အား နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေးသည်။

ထိုဖြစ်စဉ်က နှေးကွေးပြီး နှစ်ပေါင်းထောင်ချီမှ သန်းချီအထိ ကြာနိုင်သည်။

ဤကျင့်စဉ်ကို ဖန်တီးချိန်တွင် ဝမ်ဝေ့ ရရှိခဲ့သည့် အကြံက သဘာဝ ဆင့်ကဲဖြစ်စဉ်တွင် ပါဝင်သော “လိုက်လျောညီထွေနေခြင်း”ဆိုသည့် သဘောတရားကို ယူကာ ပြောင်းလဲခံအခြေအနေမှ ကိုယ်တိုင်ပြောင်းလဲသည့် အခြေအနေသို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။

အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံခြင်းဆိုတာက ဘာလဲ

ဝမ်ဝေ့က သူ့ ခန္ဓာကိုယ်ကို လွန်ကဲသော အခြေအနေများထံ အပ်နှင်းထားလိုက်မည် ဖြစ်သည်။ ဥပမာအားဖြင့် စည်းမျဉ်းတစ်စိတ်တစ်ပိုင်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဘဝ၏ ပိုမိုကောင်းမွန်သော၊ ပိုမိုမြင့်မားသော အခြေအနေသို့ ဆင့်ကဲပြောင်းလဲသွားမည် ဖြစ်သည်။

ထိုဖြစ်စဉ်က သဘာဝ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်လောက် မကြာရှည်ပေ။ ဖြစ်စဉ်က ခဏအတွင်း ချက်ချင်း ဖြစ်သည်။ တန်ကြေးအနေဖြင့် အလွန်များပြားသော စွမ်းအင်ပမာဏကို လိုအပ်လိမ့်မည်။

ဝမ်ဝေ့အတွက် ကံကောင်းစွာဖြင့် ဤကမ္ဘာတွင် အကန့်အသတ်မဲ့ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ဝိညာဉ်ကျောက်တုံးစသည့် တွင်းထွက်ပစ္စည်းများပုံစံအဖြစ် တည်ရှိနေသည်။

ထို့အပြင် ဝိညာဉ်ချီက လူများကို စွမ်းအားကြီးသည့် ခွန်အားနှင့် အကန့်အသတ်မဲ့ သက်တမ်းရှိသော သူများအဖြစ် ပြောင်းလဲအောင် လုပ်ပေးနိုင်သည့် အံ့ဩဖွယ်ကောင်းသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ ထိုအရာက ဝမ်ဝေ့၏ ကျင့်စဉ်အတွက် အကောင်းဆုံး ဓာတ်ကူပစ္စည်းဖြစ်သည်။

အရာထောင်ချီ တစ်သားတည်းကျမ်းနှင့် ပတ်သက်ပြီး မြင်ရသည်မှာ အတော်လေး စိတ်ကျေနပ်ဖို့ ကောင်းသော်လည်း ဖြစ်စဉ်က အတော်လေး ပင်ပန်းခက်ခဲလှသည်။

ထိုကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ဝမ်ဝေ့က ကြမ်းတမ်းသော ပတ်ဝန်းကျင်များတွင် နေထိုင်ပြီး ထိုနေရာများနှင့် လိုက်လျောညီထွေဖြစ်ကာ ရှင်သန်နိုင်ရန်အတွက် သူ၏ သေမျိုးခန္ဓာကို ဖိအားပေးရမည် ဖြစ်သည်။

အဲဒါက သူ စည်းမျဉ်းရဲ့ စွမ်းအားကို မယူနိုင်ခင် လုပ်ရမဲ့အရာပဲ။ မဟုတ်သေးဘူး စည်းမျဉ်းရဲ့ တစ်စိတ်တစ်ပိုင်းကို ရဖို့ လုပ်ရမဲ့အရာ

ပထမဆုံးအနေဖြင့် ဝမ်ဝေ့က အပူချိန် မြင့်သည့်နေရာနှင့် နိမ့်သည့်နေရာ နှစ်မျိုးလုံးတွင် နေထိုင်ရမည်ဖြစ်ပြီး ထိုအပူကို ကိုယ်တိုင်လည်ပတ်စေကာ အသက်ရှင်သန်ဖို့ ထိန်းချုပ်နိုင်သည်အထိ အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံဖို့ လိုအပ်သည်။

သူ့ခန္ဓာကိုယ် အရမ်းအေးနေသည့်အချိန်တွင် နွေးထွေးစေရန် အပူလုံလောက်စွာ ရအောင်လုပ်ပေးရမည်ဖြစ်ပြီး လွန်ကဲစွာ ပူနေသည့်အချိန်တွင် အပူချိန်ကို လျှော့ချနိုင်ရမည်ဖြစ်သည်။ ထို့အပြင် လွန်ကဲစွာ ပူနေချိန်၌ ရေဓာတ် ကုန်ခမ်းမသွားအောင်လည်း လုပ်နိုင်ရမည် ဖြစ်သည်။

အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံရာ၌ နောက်ထပ်တစ်ဆင့်က ဝမ်ဝေ့က အသက်ရှူဖို့ အောက်ဆီဂျင်မရှိသော အာကာပြင်နှင့် တူသော ဟင်းလင်းပြင်ထဲတွင် နေရမည် ဖြစ်သည်။

ဤဖြစ်စဉ်အတွင်း ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ပြင်ပအကူအညီ ယူစရာမလိုဘဲ အတွင်းပိုင်း အသက်ရှူခြင်းမျိုး ဆင့်ကဲပြောင်းလဲနိုင်ရမည်ဖြစ်ပြီး ခန္ဓာကိုယ် ကောင်းကောင်း အလုပ်လုပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ရှိ တခြားစွမ်းအင် အမျိုးအစားများကို အသုံးပြုကာ သကြားဓာတ် ထုတ်လုပ်နိုင်ရမည်။

ထိုအရာ ပြီးဆုံးသွားလျှင် ဝမ်ဝေ့ မတူညီသော အဆိပ်အမျိုးမျိုးကို ထိုးသွင်းကာ ခန္ဓာကိုယ်မှ အဆိပ်များကို စစ်ဆေးပြီး လိုအပ်သည့် ပဋိဇီဝကို ထုတ်လုပ်ပေးရမည်။ ကျင့်ကြံသူတိုင်း တိကျသော ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် ထိုကဲ့သို့ အရည်အချင်းများ ရှိလာလိမ့်မည်။ ဝမ်ဝေ့ လုပ်ဆောင်ရမည့်အရာက သူ စတင်မကျင့်ကြံခင် ကြိုတင် ရရှိအောင် လုပ်ထားဖို့ပင် ဖြစ်၏။

ထိုအရာအားလုံး ပြည့်စုံသွားသည့်အချိန်တွင် ဝမ်ဝေ့ စည်းမျဉ်းအပိုင်းအစတချို့ကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန် အဆင်သင့်ဖြစ်သွားပြီး တမူထူးရုပ်ခန္ဓာရှိသူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားမည် ဖြစ်သည်။

ထိုဖြစ်စဉ်က အနည်းဆုံး ၄ နှစ်မှ ၅ နှစ်အထိ ကြာနိုင်ပြီး ဝမ်ဝေ့၏ လုံခြုံမှုကို သေချာအောင် လုပ်ရန် များပြားသော တန်ဖိုးကြီး အရင်းအမြစ်များ လိုအပ်သည်။

ထိုနာကျင်ခံစားရမည့်အချိန်များတွင် ဝမ်ဝေ့ တစ်ယောက်ထဲ ဖြစ်နေမည် မဟုတ်ပေ။ လီကျွင်းလည်း တမူထူးရုပ်ခန္ဓာတစ်ခု ရရှိရန်အတွက် အရာထောင်ချီ တစ်သားတည်းကျမ်းကို ကျင့်ကြံမည် ဖြစ်သည်။

ဧကရာဇ်ပုလ္လင်အတွက် တိုက်ခိုက်ရာတွင် ဝမ်ဝေ့ သူ ယုံကြည်ရသည့် စွမ်းအားကြီး လူယုံတစ်ယောက် လိုအပ်သည်။ အများကြီး သေချာစဉ်းစားချင့်ချိန်ပြီးနောက်မှ လီကျွင်းကို ရွေးချယ်ခဲ့သည်။

သူနှင့် လီကျွင်းက အတူကြီးပြင်းခဲ့သည့်အတွက် ရင်းနှီးမှုက အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီး အချင်းချင်း ညီအစ်ကိုလို ဆက်ဆံကြသည်။ ထို့အပြင် ဂိုဏ်းထဲတွင် လီကျွင်းကို ကောင်းကောင်းဆက်ဆံပြီး လူတစ်ယောက်အဖြစ် အသိအမှတ်ပြုပေးသူက ဝမ်ဝေ့နှင့် လီကျွင်း၏ မိခင်သာ ရှိသည်။

ထိုကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် အရင်းအမြစ်များစွာ လိုအပ်သည့်အတွက် လီကျွင်းကို သေချာလေ့ကျင့်ပေးဖို့အတွက် အကြီးအကဲများကို စည်းရုံးသည့်နေရာတွင် ဝမ်ဝေ့ အချိန်အတော်လေး ယူခဲ့ရသည်။ သို့သော် အဆုံးတွင် ဝမ်ဝေ့၏ တိုက်တွန်းမှုကြောင့် သူတို့ သဘောတူခဲ့ကြသည်။

ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းအနည်းငယ်က မျှော်နန်းဆောင် စစ်ဆေးမှုတွင် ရရှိခဲ့သော လီကျွင်း၏ အောင်မြင်မှုများက သူသည် ဂိုဏ်းမှ သေချာလေ့ကျင့်ပေးဖို့ ထိုက်တန်သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်သည်။

............

ဝမ်ဝေ့နှင့် လီကျွင်းတို့က အရာထောင်ချီ တစ်သားတည်းကျမ်းကို စတင်ကျင့်ကြံဖို့အတွက် ပြင်ဆင်နေချိန်တွင် အလယ်ပိုင်းချီလင်ကုန်းမြေရှိ နောက်ထပ်ပိုင်နက် တစ်ခုထဲတွင် အစည်းအဝေးတစ်ခု ကျင်းပနေသည်။

ကမ္ဘာနှစ်ခုပေါင်းစပ်ထားသည့် အရွယ်အစားရှိသော ထိုပိုင်နက်က မဟာကျိုးတော်ဝင်တိုင်းပြည်၏ မြို့တော် တည်ရှိသည့် နေရာဖြစ်သည်။ ထိုပိုင်နက်က ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ကဲ့သို့ သာမန်ထက်လွန်ကဲသော မြို့တစ်မြို့ဖြစ်သည်။

သို့သော် ကျောင်းသားတစ်ယောက်ချင်းစီအပေါ် အခြေခံပြီး ခွဲခြားထားသော ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ မြို့နှင့် မတူဘဲ ဤမြို့က တစ်ခုတည်းသာ တည်ရှိပြီး အလယ်ဗဟိုတွင် ခမ်းနားသော နန်းတော်တစ်ခု တည်ရှိသည်။

ထိုနေရာတွင် အုပ်ချုပ်သူနှင့် တော်ဝင်မိသားစုဝင် အားလုံးအပြင် အကြမ်းခံပုဆိန်ခန္ဓာရှိသည့် ကျီစုန့်လည်း ထိုနေရာတွင် နေထိုင်သည်။

အသင်္ချေအင်ပါယာအလွှာတွင် ကောင်းကင်အလိုဆန္ဒနှင့် မွေးဖွားခဲ့ပြီး တာအိုကို သက်သေပြပြီးသော ကျင့်ကြံသူများမှ လွဲပြီး ဘယ်သူမှ ဧကရာဇ်ရာထူးကို မမက်မောရဲပေ။

တစ်စုံတစ်ယောက်က နယ်မြေပေါင်းများစွာနှင့် မြို့သူမြို့သားပေါင်းများစွာ အုပ်ချုပ်နိုင်ပြီး သူတို့၏ သေခြင်း၊ ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်လောက်သည်အထိ စွမ်းအားကြီးသော်လည်း ထိုလူက ဧကရာဇ်ရာထူးကို မရနိုင်သေးပေ။

ထိုသူက ဘုရင်၊ အုပ်ချုပ်သူ၊ သက်ဦးဆံပိုင် အုပ်ချုပ်သူ သို့မဟုတ် အာဏာကြီးသူ ဖြစ်နိုင်သော်လည်း ဘယ်တော့မှ ဧကရာဇ်ဖြစ်မလာနိုင်ပေ။

ထိုရာထူးက ဤအလွှာ၏ အထွတ်အထိပ် အဖြစ်ဆုံး ဖြစ်တည်မှု၊ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် တည်ရှိသော အမြင့်မြတ်ဆုံး တည်ရှိမှုအတွက် ချန်လှပ်ထားခြင်း ဖြစ်သည်။

ပြောလက်စကို ပြန်ပြောရမယ်ဆိုရင်တော့…

နန်းတော်၏ တစ်နေရာတွင် မဟာကျိုးတော်ဝင်တိုင်းပြည်၏ အုပ်ချုပ်သူက သူ၏ အမှုထမ်းများနှင့်အတူ အစည်းအဝေးတစ်ခု ကျင်းပနေသည်။

ကျီဝမ်ဟု အမည်ရသည့် အုပ်ချုပ်သူက မြင့်မြတ်သော သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်ပြီး သုံးရောင်စပ်နဂါးပုံစံ ပန်းထိုးထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ထိုအရာက မဟာကျိုးတော်ဝင်တိုင်းပြည်၏ မဟာဧကရာဇ်ကို ကိုယ်စားပြုသည်။ သူ၏ ဆံပင်ပေါ်တွင် ခမ်းနားသော သရဖူတစ်ခု ရှိသည်။

ဘုရင်မင်းမြတ်ကျီက အာဏာရှိသော အသံဖြင့် မေးလိုက်သည်

“ အဲဒီသတင်းက အမှန်ပဲလား။ အဲဒါက အတည်ပြုပြီးသားလား။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲမှာ ရှေးဟောင်းခန္ဓာသန့်စင်ခြင်းကျမ်း လက်ရေးမူတစ်ခု ရှိနေတယ်ဆိုတာ တကယ်ပဲလား”

All Chapters