ငါးစာ ဟပ်သွားပြီလား
Vol. 4 Ch. 45
အခန်း (၄၅) : ငါးစာ ဟပ်သွားပြီလား
တော်ဝင်နန်းတော်ထဲတွင် မဟာကျိုးတော်ဝင်တိုင်းပြည်၏ အမှုထမ်းများစွာက ယခုလေးတင် ရရှိထားသော သူတို့၏ သူလျှိုအဖွဲ့များဆီမှ အချက်အလက်များအကြောင်းကို စတင်ဆွေးနွေးနေတော့သည်။
ဘုရင်မင်းမြတ် ကျီဝမ် မေးသော မေးခွန်းကို ကြားပြီး တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။ အားလုံးက ထိုပြဿနာအကြောင်းကို စဉ်းစားကာ ချက်ချင်းဖြေကြားဖို့အတွက် အခြေအနေနှင့် သင့်တော်သော အဖြေကို စဉ်းစားနေကြသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အမှုထမ်းအရာရှိတစ်ယောက်က အားလုံး၏ ရှေ့ဆုံးအတန်းတွင် မတ်တပ်ရပ်ကာ ရှေ့သို့ တိုးလိုက်ပြီး ဖြေကြားလိုက်သည်
“ ဘုရင်မင်းမြတ်ခင်ဗျာ အချက်အလက်ရရှိထားတဲ့ အရင်းအမြစ်အရဆိုရင်တော့ သတင်းက မှန်မဲ့ပုံပါပဲ။ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ရအောင် ကြိုးစားဖို့ ချက်ချင်း လှုပ်ရှားသင့်တယ်လို့ ထင်ပါတယ်”
ထိုအမှုထမ်း စကားပြောနေချိန်တွင် သူက ပေအနည်းငယ်ဝေးသော နေရာမှ လူကို စိုက်ကြည့်လိုက်သည်။ ထိုလူက အတွင်းပိုင်းနှင့် အပြင်ပိုင်းနှစ်ခုလုံးနှင့် ပတ်သက်ပြီး အကြံပေးနေရာတွင် တာဝန်ယူထားရသည့် ဘုရင်၏ သက်တော်စောင့် ခေါင်းဆောင် ဖြစ်သည်။
သူ့အမှုထမ်း၏ စကားကို ကြားပြီး ကျီဝမ်လည်း သတင်းက ယုံကြည်ရသည်ဟု အသိအမှတ်ပြုနေသည့် သက်တော်စောင့်ကို စိုက်ကြည့်လိုက်သည်။
ပထမလူတစ်ယောက် ပြောပြီးသွားသည့်နောက်တွင် နောက်ထပ် အဆင့်မြင့် အမှုထမ်းအရာရှိတစ်ယောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်
“ ဒီအဆိုတင်သွင်းချက်ကို ကျွန်တော်လည်း လက်ခံပါတယ်။ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းက အိမ်ရှေ့စံမင်းသား ကျီစုန့် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် တကယ်ကို အရေးပါတယ်။ ကျွန်တော်တို့ရဲ့ မဟာကျိုးတော်ဝင်တိုင်းပြည်မှာ မဟာဧကရာဇ်အဆင့် ကျင့်ကြံရေးကျမ်းတွေ သုံးခုတောင် ရှိပေမဲ့လည်း အိမ်ရှေ့စံမင်းသားလေးနဲ့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းလောက် မကိုက်ညီဘူး။ အဲဒီကျမ်းကို ရဖို့ အခွင့်အရေး နည်းနည်းလေးပဲ ရှိမယ်ဆိုရင်တောင် လက်လွှတ်မခံသင့်ဘူး”
ထိုအမှုထမ်း၏ အဆိုတင်သွင်းမှုကို လူအများစုက သဘောတူကြသည်။ ဤမျိုးဆက်တွင် သူတို့၏ တိုင်းပြည်မှ လေးယောက်မြောက် မဟာဧကရာဇ်ရှိလာရန် အခွင့်အရေးရှိသည့်အတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးရပါစေ သူတို့ ကြိုးစားရမည် ဖြစ်သည်။
ဘုရင်မင်းမြတ်ကျီဝမ်လည်း အမှုထမ်းများပြောသော စကားကို သေချာလေးနက်စွာ စဉ်းစားပြီးနောက် ထိုကျမ်းက သူ့သား ဧကရာဇ်ပုလ္လင်အတွက် တိုက်ခိုက်သည့်အခါ ကြီးမားသော အထောက်အကူဖြစ်လာနိုင်သည့်အတွက် ထိုကျမ်းကို ရဖို့ ဖြစ်နိုင်တာ ဘာမဆိုလုပ်ဖို့ သူလည်း သဘောတူလိုက်သည်။
သို့သော် သူက အုပ်ချုပ်သူတစ်ယောက်ဖြစ်သလို သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည့်အတွက် သူ့အမြင်က အမှုထမ်းအများစုထက် ပိုမိုကျယ်ပြန့်သည်။ ထို့ကြောင့် သူက သူတို့နှင့် ချက်ချင်း သဘောမတူလိုက်ပေ။
ထိုအစား သူက အုပ်ချုပ်စဉ်ကာလအတွင်း နှစ်ပေါင်းများစွာ ယုံကြည်အားကိုးခဲ့ရသည့် လူတစ်ယောက်၏ အမြင်ကို မေးမြန်းလိုက်သည်။
ဘုရင်မင်းမြတ် ကျီဝမ်က သူနှင့်အနီးဆုံးမတ်တပ်ရပ်နေသူကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်
“ အမတ်ချုပ် ကျောက်ယန် ဒီအဆိုတင်သွင်းမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုထင်လဲ”
သူ့နာမည်ခေါ်တာကို ကြားလိုက်သည့်အတွက် အစည်းအဝေးတစ်လျှောက်လုံး မျက်လုံးမှိတ်နေခဲ့သည့် အမတ်ချုပ် ကျောက်ယန်က ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ တည်ငြိမ်စွာဖြင့် ဖြေဆိုလိုက်သည်
“ ဘုရင်မင်းမြတ် ကျွန်တော်ကတော့ ကိစ္စတွေ အဲလောက်ထိ ရိုးရှင်းနေမယ်လို့ မထင်ပါဘူး”
“ ဟုတ်လား မင်းက ဘာလို့ အဲလိုထင်ရလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါဦး” ဘုရင်ကျီဝမ်က မေးမြန်းလိုက်သည်။
ထို့ကြောင့် အမတ်ချုပ်ကျောက်ယန်က ဆက်လက်ပြောကြားလိုက်သည်
“ ပထမဆုံးအနေနဲ့ ဘာလို့ ရုတ်တရက်ကြီး အဲလိုမျိုး စွမ်းအားကြီးကျမ်းရဲ့ သတင်းက ထွက်လာရတာလဲ။ အဲဒီသတင်းကို ရထားတာက ကျွန်တော်တို့ ကျိုးတိုင်းပြည်တစ်ခုထဲလား ဒါမှမဟုတ် တခြားသူတွေရော ဒီသတင်းကို ရထားလား”
ထိုမေးခွန်းများကို ကြားပြီးနောက် သက်တော်စောင့်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
သူက ကြမ်းတမ်းသော လေသံဖြင့် ဖြေလိုက်သည်
“ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်အရဆိုရင်တော့ အဲဒီသတင်းကို ရထားတာက ကျွန်တော်တို့ ကျိုးတိုင်းပြည်တစ်ခုထဲဆိုတာကို ယုံကြည်တယ်”
အခန်းအတွင်းရှိလူများ သူ ဖြေကြားခြင်းကို ကြားလိုက်ရသည့်အခါ သူတို့၏ မျက်နှာထားများ ပိုမိုလေးနက်လာကြသည်။
ကြည့်ရတာ ကိစ္စက အဲလောက်မရိုးရှင်းဘူးထင်တယ်
အမတ်ချုပ် ကျောက်ယန်က ဆက်လက်မေးမြန်းလိုက်သည်
“ အဲလိုဆိုရင်တော့ ပိုပြီးတော့များတဲ့ ပြဿနာတွေကို ဖြေရှင်းရတော့မယ်။ ဥပမာအားဖြင့် ဘယ်သူက သတင်းလွှင့်တာလဲ… ရည်ရွယ်ချက်က ဘာလဲဆိုတာမျိုးတွေပေါ့”
“ ငါတို့ရတဲ့ အချက်အလက်မှာ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း ပါနေတယ်ဆိုတော့ သူတို့ရဲ့ ပစ်မှတ်က အိမ်ရှေ့စံမင်းသားလေးပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ တာအိုအခွင့်အလမ်းဂိုဏ်းက သတင်းလွှင့်တာဆိုရင် သူတို့မှာ ဘာရည်ရွယ်ချက် ရှိနေတာလဲ”
နောက်ထပ် အမတ်တစ်ယောက်က ခဏတာစဉ်းစားကာ ဖြေလိုက်သည်
“ သူတို့က အိမ်ရှေ့စံမင်းသားလေးကို စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲ မျှားခေါ်ပြီးတော့ အနာဂတ်ပြိုင်ဘက်ကို နှိမ်နင်းနိုင်ဖို့ မင်းသားလေးကို သတ်မလို့ ဖြစ်နိုင်တယ်”
လူအများစုက အတွေးတူနေကြသည်။ ထိုအရာက သူတို့စဉ်းစားနိုင်သော ဖြစ်နိုင်ချေအရှိဆုံး အကြောင်းပြချက် ဖြစ်သည်။ သို့သော် အမတ်ချုပ်က တခြားသူများနှင့် သဘောထားမတူညီပေ။
ထို့ကြောင့် သူပြန်ပြောလိုက်သည်
“ ကိစ္စတွေက အဲလောက်ထိ ရိုးရှင်းတယ်လို့ မထင်ဘူး။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုက ကောင်းကင်တာအိုကိုယ်တိုင်ရဲ့ ဆုံးဖြတ်မှုအောက်မှာ တည်ရှိတယ်။ အဲဒါကြောင့် အပြင်လူတွေ ဝင်ရောက်စွက်ဖက်ဖို့အတွက် မလွယ်ကူဘူး”
“ ကျွန်တော်တို့ မဟာကျိုးတော်ဝင်တိုင်းပြည် နောက်ခံကြောင့် အိမ်ရှေ့စံမင်းသားလေးရဲ့ လုံခြုံမှုကို သေချာအောင် လုပ်ဖို့အတွက် လွယ်ကူပါတယ်။ ပြီးတော့ အချင်းချင်းရဲ့ ကောင်းကင်ရွေးချယ်ခံတွေကို တိတ်တဆိတ် မသုတ်သင်ဘဲ အချင်းချင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးရမယ်ဆိုပြီးတော့ ကမ္ဘာရဲ့ ဧကရာဇ်မျိုးဆက်မှာ ထုတ်ပြောမထားတဲ့ သဘောတူညီမှုတစ်ခု ရှိတယ်”
“ တာအိုအခွင့်အလမ်းဂိုဏ်းသာ အိမ်ရှေ့စံမင်းသားကို တိတ်တဆိတ်သတ်ရဲတယ်ဆိုရင် ငါတို့လည်း သူတို့ရဲ့ ဂိုဏ်းချုပ်ငယ်လေးကို တူညီတဲ့အရာမျိုး ပြန်လုပ်လို့ရတာပဲ”
အမတ်ချုပ်၏ စကားဆုံးသွားသည့်အခါ အခန်းတစ်ခန်းလုံး ငြိမ်ကျသွားသည်။ အမတ်ချုပ် ကျောက်ယန်ပြောသည့်စကား မှန်ကန်ကြောင်း အခန်းထဲရှိလူများအားလုံး သိကြသော်လည်း သူတို့က စွမ်းအားကြီးကျင့်စဉ်တစ်ခုဖြစ်သည့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ရရှိနိုင်သည့် အခွင့်အရေးကို လက်မလွှတ်နိုင် ဖြစ်နေသည်။
ထို့နောက် နောက်ထပ် အမတ်တစ်ယောက်က မေးမြန်းလိုက်သည်
“ ဒါဆိုရင် ကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပြီးတော့ ဘာမှမလုပ်တော့ဘူးလား”
“ အဲလိုတော့ ဘယ်ဟုတ်ပါ့မလဲ။” အမတ်ချုပ်က ဖြေကြားလိုက်သည်။
“ ငါတို့ လုပ်ရမဲ့အရာက တည်တည်ငြိမ်ငြိမ်နေပြီးတော့ အရာအားလုံးကို ဖြည်းဖြည်းလုပ်ဖို့ပဲ။ ငါတို့ သတင်းအရင်းအမြစ်နဲ့ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း စုံစမ်းလို့ရတယ်”
“ ပြီးတော့ တစ်နှစ် နှစ်နှစ်အတွင်း စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှု မစတင်ခင် တာအိုအခွင့်အလမ်းဂိုဏ်းကို တရားဝင်သွားရောက်လည်ပတ်ဖို့ အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်မယ်။ သူတို့ အဲဒီရောက်သွားတဲ့အခါ နောက်ထပ် သတင်းလည်း စုံစမ်းလို့ရသေးတာပေါ့”
အမတ်ချုပ်၏ အစီအစဉ်ကို ကြားပြီး တခြားအမှုထမ်းများ၏ အကြည့်က ဆောင်းရာသီည၏ ကြယ်လေးများကဲ့သို့ လင်းလက်နေသည်။ ထို့နောက် သူတို့က အစီအစဉ်ကောင်းမွန်စေရန်အတွက် စတင်ဆွေးနွေးကြတော့သည်။ သူတို့လို ကျင့်ကြံသူများအတွက် တစ်နှစ် နှစ်နှစ်ဆိုသည်မှာ ခဏတာ အိပ်စက်ခြင်းသာ ရှိသည်။ သူတို့ စိတ်ရှည်ရှည်ဖြင့် ပိုမိုကောင်းမွန်သော အစီအစဉ်ကို ရေးဆွဲနိုင်သည်။
ထိုအချိန်တွင် တာအိုအခွင့်အလမ်းဂိုဏ်းထဲတွင် ဝမ်ဝေ့နှင့် လီကျွင်းတို့က သူတို့၏ ခက်ခဲသော ကျင့်ကြံခြင်းကို လွန်ကဲစွာ အေးပြီး လွန်ကဲစွာပူသော ပတ်ဝန်းကျင်၌ စတင် ကျင့်ကြံကြသည်။
ဝမ်ဝေ့က ယနေ့အတွက် ပြီးသွားပြီဖြစ်သည့်အတွက် ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို ကာကွယ်ဖို့အတွက် အားဖြည့်ဆေးကို သောက်နေသည်။ ထိုဆေးကို အနည်းဆုံး နှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်သာ ယခုထက်ပိုပြီး ခံနိုင်ရည်ရှိပါက သက်တမ်းပိုမိုမြင့်မားသော ဂျင်ဆင်းကို အသုံးပြုနိုင်လိမ့်မည်။
ထိုအခိုက်အတန့်တွင် ဝမ်ဝေ့က ရာထူး၏ အရေးပါပုံနှင့် ဤကဲ့သို့သော အင်အားကြီးဂိုဏ်းတွင် မွေးဖွားလာရသည့်အတွက် ဘယ်လောက်ထိ ကံကောင်းကြောင်း သတိထားမိသွားသည်။
ဝမ်ဝေ့က ဆိတ်ငြိမ်မှုကို ခံစားနေစဉ် ဝမ်ကျူက သူ့ကို အစီရင်ခံဖို့ ဝင်လာသည်။ သူမနှင့် ကွေ့ပတ်ပြောမနေတော့ဘဲ သူ တိုက်ရိုက်မေးမြန်းလိုက်သည်
“ ဘာကိစ္စလဲ”
ဝမ်ကျူက ယဉ်ကျေးစွာ အရိုအသေပေးရင်း ဖြေလိုက်သည်
“ သခင်လေး ကျွန်မတို့ ရထားတဲ့ အချက်အလက်တွေအရ မဟာကျိုးတော်ဝင်တိုင်းပြည်ကနေ နောက်ထပ် ဘာလှုပ်ရှားမှုမှ မရှိပါဘူး။ သူတို့ တစ်စုံတစ်ခုကို သတိထားမိသွားပြီးတော့ ကျွန်မတို့ရဲ့ ငါးစာ ကျရှုံးသွားတာများလား”
ဝမ်ဝေ့က ထိုသတင်းကြောင့် အံ့ဩခြင်းလည်း မရှိသလို သတင်းကြောင့် ထိတ်လန့်ခြင်းလည်း မရှိပေ။ အဲဒီအစား သူက တည်ငြိမ်စွာ ဖြင့်မေးလိုက်သည်
“ ဝမ်ကျူ ကောင်းမွန်တဲ့ ငါးစာဆိုတာ ဘာလဲသိလား”
“ ကောင်းမွန်တဲ့ ငါးစာ ဟုတ်လား” သူမက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဝမ်ဝေ့က ဉာဏ်များစွာ ပြုံးရင်း ဆက်ပြောလိုက်သည်
“ ကောင်းမွန်တဲ့ ငါးစာဆိုတာ မင်းရဲ့ ပစ်မှတ် လိုချင်တဲ့အရာ မဟုတ်ဘူး။ ကောင်းမွန်တဲ့ ငါးစာဆိုတာ ပစ်မှတ်က ငါးစာဆိုတာ သိရဲ့နဲ့ ဟပ်ချင်တာမျိုးပေါ့။ ဖြစ်စဉ်က ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါးမျှားချိတ်မှာ ချိတ်မိသွားတဲ့ ငါးပဲ ဖြစ်သွားမှာ”