ပွတ်တိုက်ခြင်းနှင့် ဖိညှပ်ခြင်း
Vol. 60 Ch. 830
ဆက်တန်ရှုသည် ဤထောင်အတွင်းသို့ ယခုမှ ရောက်ရှိလာသူဖြစ်ရာ အခန်း ၁ တွင် မည်သူရှိသည်ကို မသိချေ။ သူက လူတိုင်း၏ငေးငိုင်နေသော အမူအရာများကို ကြည့်၍ ကျယ်လောင်စွာ မေးလိုက်၏။ “ခင်ဗျားတို့မျက်နှာတွေက ဘာဖြစ်နေကြတာလဲ။ ရှုက ဒီထောင်ထဲကနေ ထွက်မသွားနိုင်ဘူးလို့ ထင်ကြတယ်မလား”
ဘိုးအန်ဂျီက သူ့ကို တစ်ချက်ကြည့်၍ ပြောလေသည်။ “ဒီထောင်မှာရှိတဲ့လူအားလုံးက အတောင်ပံတွေ ချိုးခံထားရတဲ့ ငှက်တွေ ဒါမှမဟုတ် အစွယ်ချိုးခံထားရပြီး လွတ်လပ်မှုပျောက်ဆုံးသွားတဲ့ မြွေတွေနဲ့တူတယ်။ ဒါကြောင့် ရှုက ဟာသတွေလုပ်နေတာပဲ။ သူက လေ့ကျင့်ခန်းလုပ်ဖို့၊ လေကောင်းလေသန့်ရှူဖို့ အခန်း ၁၈ ကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး။ နောက်အကြောင်းပြချက်တစ်ခုက ရှေ့ဆုံးက အခန်းက အခန်း ၁ ပဲ။ ၀င်သွားတဲ့လူတိုင်းအတွက်...... သေခြင်းတရားပဲရှိတယ်။ ထောင်စောင့်တွေတောင် အပါအ၀င်ပဲ”
“အတည်ပြောမယ်နော်။ အဲ့အခန်းက ဘာလဲ မကောင်းဆိုး၀ါးတွေ ဘာတွေများ ရှိနေလို့လား”
“မကောင်းဆိုး၀ါးမဟုတ်ဘူး” ဘိုးအန်ဂျီက ပြန်ဖြေသည်။ “နတ်ဆိုးပဲ”
ထန်ရှုမှာ မရယ်ဘဲ မနေနိုင်တော့ချေ။ “အမှန်အတိုင်းပြောရရင် ကျုပ်ကြောက်တဲ့အရာတွေတော့ ရှိပေမယ့် နတ်ဆိုးကိုတော့ ဘယ်တော့မှ မကြောက်ဘူး။ ဟေ့ မင်းတို့နှစ်ယောက် ဒီအခန်းတံခါးကို ဖွင့်စမ်း။ ငါ အခန်း ၁ ကို သွားရမယ်။ နတ်ဆိုးကို တွေ့ချင်တယ်”
ထောင်စောင့်နှစ်ယောက်သည် ထန်ရှုအာား ထောင်အတွင်းအကွာအဝေးအနည်းငယ်အထိ သွားလာခွင့်ပြုရမည်ဟု ဆန်ဒါထံမှ အမိန့်ရပြီးဖြစ်လေသည်။ သူတို့က တခဏ တီးတိုးတိုင်ပင်ပြီးနောက် တစ်ယောက်က သော့ထုတ်၍ အခန်းတံခါးကို ဖွင့်ကာ ပြော၏။ “အခန်း ၁ က နတ်ဆိုးက မင်းရဲ့အလောင်းကို ထုတ်ပေးရင် ငါတို့ မင်းရဲ့ခန္ဓာကိုယ်ကို လာကောက်ပေးမယ်”
ထန်ရှုက ပြုံးလိုက်သည်။ သူက အာစေးမိနေပြီး ကြက်သေသေနေသော အခြားသူများ၏အကြည့်များအောက်မှ အခန်း ၁ ထံ တစ်စိုက်မတ်မတ် လျှောက်သွား၏။
အခန်း ၁ မှာ အင်မတန် ကြီးမားပြီး အနည်းဆုံး ၅၀ စတုရန်းမီတာမျှ အရွယ်အစားရှိလေသည်။ အထဲ၌ ကုတင်တစ်လုံးနှင့် အရည်အသွေးမြင့် မွေ့ယာတစ်ခုရှိ၏။ ခန်း၀င်ပစ္စည်းမျိုးစုံလည်း ရှိလေရာ ထောင်ခန်းတစ်ခန်းနှင့်မတူဘဲ အိမ်ငယ်တစ်လုံးနှင့်တူနေလေသည်။
အခန်းတွင်း၌ တစ္ဆေသည် မျက်နှာအား စာအုပ်တစ်အုပ်ဖြင့် ဖုံးအုပ်ထားလျက် လှဲလျောင်းနေ၏။ အိပ်နေသည်လား...နိုးနေသည်လား မသိရချေ။ ထန်ရှုက အထဲသို့ လျှောက်သွား၍ ထိုင်ခုံတစ်လုံး ဆွဲယူလိုက်သည်။ ထို့နောက် ကုတင်၏ရှေ့တည့်တည့် နှစ်မီတာအကျော်တွင် ထိုင်လိုက်၏။ သူက တစ်၀က်သာရှိတော့သော စီးကရက်ဘူးထဲမှ တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ တစ်ရှိုက်ဖွာထုတ်၍ ခေါင်းခါရမ်းလိုက်ပြီး ပြော၏။ “ဒီစီးကရက်က စိတ်ပျက်စရာပဲ။ အနံ့ကလည်း ဆိုးလိုက်တာ”
တစ္ဆေ၏လက်ချောင်းများ လှုပ်ရွသွားသော်လည်း တခဏအကြာတွင် ပြန်လည်ငြိမ်သက်သွားသည်။ သို့သော် စာအုပ်အောက်မှ အေးစက်၍ အသက်မဲ့သော အသံတစ်သံ ထွက်ပေါ်လာ၏။ “အနံ့မကောင်းဘူးပေါ့ ဟုတ်လား။ အနည်းဆုံးတော့ အသက်ရှိသေးတယ်ဆိုတာ လူတွေသိအောင် လုပ်ပေးနိုင်သေးတယ်။ မင်း အဲ့ဒီစီးကရက်ငွေ့ကို တန်ဖိုးထားတာကောင်းမယ်....တစ်ဖွာရှိုက်ပြီးတာနဲ့ နောက်တစ်ခါ ထပ်ဖွာနိုင်ဦးမလား ဘယ်သူမှ မသိနိုင်ကြဘူး”
ထန်ရှုက ခပ်ဟဟရယ်လျက် ပြောလေသည်။ “မင်းက နာမည်ကြီးနတ်ဆိုးတစ္ဆေမဟုတ်ဘဲ စိတ်ပညာရှင်လို့ ငါ ဘာလို့ ခံစားနေရတာပါလိမ့်”
ဖတ်..
တစ္ဆေက လက်မြှောက်၏ စာအုပ်ကိုကိုင်ကာ ဘေးသို့ လွှင့်ပစ်လိုက်၏။ ထို့နောက် ကုတင်ပေါ်တွင် ထထိုင်၍ လက်ကို ထောက်ကာ ခေါင်းမှီလျက် ထန်ရှုအား ကြည့်လေသည်။ သူက ခပ်ဖျော့ဖျော့ ပြုံး၍ဆို၏။ “မင်းက အရမ်းစိတ်၀င်စားစရာပဲ ကိုယ့်လူ။ အနည်းဆုံးတော့ ငါ့နေရာဆီ တစ်ယောက်တည်း လာရဲတယ်....လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အဲဒီလိုလုပ်ဖူးတဲ့ တစ်ယောက်တည်းသောသူဆိုတော့ အခု မင်းကို မသတ်ချင်သေးဘူး”
“ကြည့်ရတာ ငါ့ ပင်ကိုယ်အကျင့်စရိုက်က နှစ်သက်စရာ ကောင်းတယ်ထင်တယ်” ထန်ရှုက ပြုံး၏။
တစ္ဆေ၏လက်ချောင်းများကြားမှ လေတစ်ဝှေ့ ရုတ်တရက် တိုက်ခတ်လာသဖြင့် တစ္ဆေ၏အမူအရာမှာ အေးစက်သွားသည်။ ထန်ရှုလက်ထဲရှိ စီးကရက်ဘူးမှာ လေပြေများကြားတွင် ပိတ်မိသွားပြီး သူ့လက်ထဲသို့ ရောက်ရှိသွား၏။ သူက တစ်လိပ်ကို ဆွဲထုတ်ကာ မီးညှိလိုက်သည်။ အကြိမ်အနည်းငယ် ရှိုက်ဖွာလိုက်ပြီးနောက် သူက အငွေ့များကို မှုတ်ထုတ်လိုက်၏။ ထို့နောက်မှ တစ္ဆေက မေးမြန်းတော့သည်။ “စကားပြောကြတာပေါ့။ မင်း ဘာလို့ ဒီကို လာတာလဲ”
“မင်းကို ကယ်ပြီး အပြင်ကိုခေါ်သွားဖို့” ထန်ရှုက ဖြေသည်။
အလွန်ရယ်စရာဟာသတစ်ခုကို ကြားလိုက်ရသည့်အလား တစ္ဆေက ဟက်ဟက်ပက်ပက် ရယ်တော့၏။ “ဟားဟားဟား စောက်ရမ်း စိတ်၀င်စားစရာပဲ။ တစ်ယောက်ယောက်က ငါ့ကို ကယ်ပြီး ခေါ်ထုတ်သွားမယ်ပေါ့လေ....ဟားဟားဟား”
“ပြဿနာရှိလို့လား” ထန်ရှုက မေးလေသည်။
တစ္ဆေက ထန်ရှုကို အရူးတစ်ယောက်အလား ကြည့်၍ ပြုံးကာ ပြော၏။ “ငါထွက်သွားချင်ရင် ဒီနေရာကနေ ထွက်မသွားနိုင်ဘူးလို့ မင်းက ထင်တယ်ပေါ့”
“ငါ့လူတွေရဲ့ ပြောစကားအရ မင်းမှာ ထွက်သွားနိုင်တဲ့ အစွမ်းရှိပါတယ်” ထန်ရှုက ခေါင်းညိတ်လျက် ဖြေသည်။ “မင်း ဘာလို့ ဒီမှာပဲ နေနေရသလဲ ငါ နားမလည်ဘူး။ ဒါပေမဲ့ မင်း ငါနဲ့လိုက်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ အနာဂတ်မှာ မင်း ငါ့လက်အောက်မှာ အလုပ်လုပ်မယ်လို့လည်း သေချာတယ်”
တစ္ဆေက မျက်လုံးမှေး၍ လက်များကို ဝှေ့ရမ်းလိုက်ရာ လေမှ ဖြစ်ပေါ်လာသော မြားချွန်သုံးစင်းက ထန်ရှု၏မျက်လုံးများနှင့် ပါးစပ်ထံ ပြေး၀င်သွား၏။
ထန်ရှုက သူ၏လက်ကို အသာအယာ မြှောက်၍ လက်ချောင်းများကို ခါလိုက်သည်။ ချီစီးကြောင်း သုံးခု ထွက်ပေါ်လာပြီး ယင်းလေမြားများကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားစေ၏။ “သဘောပေါက်ပြီ။ မင်းက လေဒြပ်စင်ပညာရှင်ပဲ။ ဂုဏ်ယူစရာစွမ်းရည်ကို ပိုင်ဆိုင်ထားတာပါလား”
တစ္ဆေ၏မျက်နှာထားနှာ အတန်ငယ် ပြောင်းလဲသွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ လှုပ်ယမ်းသွားပြီး လျှပ်တပြက် ပျောက်ကွယ်သွား၏။ သူ့အရိပ်များက ထန်ရှုအား လှည့်ပတ်နေချေသည်။ ထူထဲသိပ်သည်းသော လေဓားသွားများ ထွက်ပေါ်လာပြီး လေထုမှာ ခြောက်သွေ့သွား၏။ ခရမ်းနီရောင်မီးတောက်များက လေထဲမှ ထွက်ပေါ်လာပြီး လေဓားသွားများအား ရစ်ပတ်သွားလေသည်။
“သေစမ်း....”
ခရမ်းရောင် မီးတောက်များဖြင့် တဟုန်းဟုန်း တောက်နေသော လေဓားသွားက ထန်ရှုထံ စုပြုံပြေး၀င်သွားကြ၏။
ထန်ရှုက လက်သီးဆုပ်၍ အားကုန် ထိုးသွင်းလိုက်လေသည်။ ချီအမြောက်အမြားက သူ့လက်သီးမှ ပျံ့နှံ့လာပြီး လေထဲရှိ မီးတောက်ဓားသွာများအား ၀င်တိုက်သွား၏။ ထန်ရှု ထိုင်နေသော သံမဏိထိုင်ခုံမှာ တစ်စစီဖြစ်သွားပြီး တစ္ဆေ၏ကုတင်လည်း ပျက်စီးသွားသည်။ စွမ်းအင်စီးကြောင်းများက တစ္ဆေ၏ရင်အုံကို အရှိန်အဟုန်ဖြင့် ၀င်တိုက်သွား၏။
ဝုန်း။
ကွန်ကရစ်နံရံ၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားလေပြီ။ အခန်း ၁ ဘေးရှိ ထောင်သားနှစ်ယောက်မှာ တစ္ဆေလွင့်ထွက်သွားသည်ကို ကြည့်ရင်း ကြက်သေသေနေကြ၏။
“ဒီနံရံက ဒီလောက်ထိ စုတ်ချာနေမယ်မထင်ခဲ့ဘူး” ထန်ရှုက ပြုံး၍ ခေါင်းခါရမ်းလိုက်သည်။
အဟွတ်....အဟွတ်။
တစ္ဆေ၏နှုတ်ခမ်းထောင့်များမှ သွေးများစီးကျနေပြီး သူ၏အကြည့်များမှာ အံ့ဩနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူက ထန်ရှုကို စိုက်ကြည့်၍ မေးလေသည်။ “မင်းက ဘယ်သူလဲ။ ဘယ်ကလာတာလဲ”
“ငါ ဘယ်နေရာကဆိုတဲ့ အဓိပ္ပာယ်မရှိတာတွေ မပြောကြရအောင်လား” ထန်ရှုက လက်ဝှေ့ရမ်း၍ ပြော၏။ “ငါတို့ ဒီလူကြီးလူကောင်းနှစ်ယောက်ဆီ လာလည်တာ။ ငါ သူတို့ကို ရိုကျိုးအောင်လုပ်တာ စောင့်ဦး။ ပြီးရင် မင်းကို ဆက်နှိပ်စက်ပေးမယ်။ ကဲ မင်းတို့နှစ်ယောက်.....အမ်မို့စ်နဲ့ အမ်မိုစိုင်ပဲ ဖြစ်ရမယ်။ မီးဒြပ်စင်ပညာရှင်တွေမလား”
အမ်မိုစ့်နှင့် အမ်မိုစိုင်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အမ်မို့စ်က နှာမှုတ်၍ မေးလိုက်သည်။ “မင်းက ဘာကောင်တုန်းကွ”
“ဥပဒေက မင်းတို့ကို သေဒဏ်ချမှတ်လို့မရပေမယ့် ငါကတော့ အလွယ်လေး သတ်လို့ရတယ်” ထန်ရှုက ကြေငြာလိုက်၏။ “ဆိုတော့ မင်းတို့ကို ငါ့လက်အောက်မှာ အညံ့ခံပြီး သစ္စာရှိနောက်လိုက် ဖြစ်လာနိုင်မယ့် အခွင့်အရေးပေးမယ်။ မင်းတို့ ဆန္ဒရှိရင် ငါ အပြင်ကို ထုတ်ပေးလို့ရတယ်။ ဒါပေမဲ့ သဘောမတူရင်တော့ မင်းတို့ကို မသတ်ခင် ရက်ပေါင်း၊ ညပေါင်းများစွာ နှိပ်စက်ရလိမ့်မယ်”
“စောက်ရမ်း ဘ၀င်မြင့်နေပါလားကွ”
အမ်မိုစိုင်က ဒေါသတကြီး ဟိန်းဟောက်၍ လက်ဝှေ့ရမ်းလိုက်ရာ မီးတောက်မြွေနှစ်ကောင် ချက်ချင်းပေါ်လာပြီး သူ၏လက်တွင် ရစ်ပတ်သွား၏။ မီးတောက်မီးလျှံအလွှာများက အဆက်မပြတ် ပေါ်ထွက်နေရင်း မြွေနှစ်ကောင်က ထန်ရှုကို သတ်ရန် အဆက်မပြတ် ကြိုးစားနေချေသည်။
“အမြစ်ပြတ်သုတ်သင်ခြင်း”
ထန်ရှု ချိပ်စည်းတစ်ခုကို ဖန်ဆင်းလိုက်ပြီးနောက် အနီးရှိ မီးတောက်များမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူ၏မီးတောက်များနှင့် မြွေများမှာ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားသဖြင့် အမ်မိုစိုင်မှာ မျက်နှာပျက်ယွင်းသွားလေသည်။
“မဖြစ်နိုင်တာ”
အမ်မိုစိုင်သည် မီးဒြပ်စင်ကို အသည်းအသန် ကြိုးစား၍ အာရုံခံလိုက်သော်လည်း ကြောက်မက်ဖွယ်ပင် မီးစွမ်းအင်အပိုင်းအစတစ်ခုမှ မရှိတော့ချေ။ မီးဒြပ်စင်စွမ်းအင်ကို အာရုံခံမရတော့ခြင်းက သူ၏အထူးစွမ်းအားကို လုံး၀အသုံးမပြုနိုင်တော့သည့် အဓိပ္ပာယ်ပင်။
အမ်မိုစ့်လည်း ၎င်းအတိုင်းပင်။ အမ်မိုစိုင်ကဲ့သို့ မီးဒြပ်စပ်စွမ်းအင် တည်ရှိမှုကို အာရုံခံ၍မရတော့ချေ။ ထူးဆန်းသော အခြေအနေက သူ့ကို ကြောက်ရွံ့ တုန်လှုပ်သွားစေသည်။ သူက ထန်ရှုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်၍ အော်ဟစ်လိုက်၏။ “မင်း ဘယ်လို လုပ်လိုက်တာလဲ”
“ငါ အသုံးပြုချင်တဲ့အတိုင်း ကမ္ဘာကြီးရဲ့စွမ်းအင်တွေကို အလွယ်တကူ ထိန်းချုပ်လို့ရတယ်” ထန်ရှုက လှောင်ပြုံးပြုံးလိုက်သည်။ “ငါ သူတို့ကို ပျောက်ကွယ်သွားစေချင်ရင် မင်းတို့လို ဒြပ်စင်ပညာရှင်တွေတောင် သုံးလို့မရဘူး။ အခု ပြောစမ်း။ ငါ့လက်အောက်မှာ အညံ့ခံမှာလား”
“အဲ့ဒါ မဖြစ်နိုင်ဘူး” အမ်မိုစ့်နှင့် အမ်မိုစိုင်က ပြိုင်တူ ပြော၏။
ထန်ရှုက နောက်ထပ် မမေးတော့ဘဲ ပြင်းထန်လှသည့် အရှိန်အဝါကို ဖြန့်ကျက်လိုက်၏။ သူ၏ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး လျှပ်စီးကဲ့သို့ လက်သီးများက ထိုလူနှစ်ယောက်ကို တစ်ယောက်ပြီးတစ်ယောက် ထိုးနှက်လိုက်လေသည်။ သူတို့မှာ စွမ်းအားကြီးကောင်း ကြီးနိုင်သော်လည်း မည်သည့်အစွမ်းမှ မရှိတော့သဖြင့် ထန်ရှု၏ထိုးနှက်ချက်များကို ခုခံနိုင်စွမ်းမရှိကြချေ။
“အားးးးး.....(အားးးးးးး)”
သူတို့၏ထိတ်လန့်ဖွယ် အော်သံများက အခန်း ၂ မှ ထွက်ပေါ်လာ၏။ မီတာ ၁၀၀ အတွင်းရှိ ထောင်သားများနှင့် ထောင်စောင့်အားလုံးမှာ ၎င်းအသံများကို ကြားနေရလေသည်။ သို့ထိတိုင် ထောင်စောင့်များမှာ ပြေးမလာကြချေ။ မည်သည့်ပြဿနာဖြစ်စေ လျစ်လျူရှုရန် အထက်မှ အမိန့်ပေးထားသည့်အတွက်ကြောင့်ပင်။
ထောင်ထိန်းချုပ်ရေးအခန်းတွင်း၌။
ဆန်ဒါသည် ကြောက်ရွံ့အံ့အားသင့်နေသော မျက်နှာဖြင့် စောင့်ကြည့်ရေးစခရင်အား စိုက်ကြည့်နေ၏။ အပြင်လူများသည် အမ်မိုစ့်နှင့် အမ်မိုစိုင်တို့ မည်မျှ စွမ်းအားကြီးသည်ကို သိကြမည်မဟုတ်သော်လည်း သူကတော့ ကောင်းကောင်းသိပေသည်။ ထိုညီအစ်ကိုနှစ်ယောက်သည် တစ္ဆေပြီးလျှင် ကြောက်စရာအကောင်းဆုံး ဖြစ်တည်မှုများဖြစ်၏။ ထို့ကြောင့် အခန်း ၂ တွင် ပိတ်လှောင်ထားခြင်းပင်။
သို့ထိတိုင် ထိုနှစ်ယောက်မှာ ထန်ရှု၏ရိုက်နှက်ခြင်းခံနေရပြီး မရှုမလှ အော်ဟစ်နေကြရသည်။ ၎င်းကြောင့် သူသည် ထန်ရှုအား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေမိ၏။
“ဒီလူက နတ်ဆိုးများလား ထောင်မှူး။ ဘာလို့ အဲ့ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ” ထောင်စောင့်တစ်ယောက်က အံ့ဩမှင်သက်စွာ မေးလေသည်။
ဆန်ဒါက မျက်မှောင်ကြုတ်၍ ရုတ်တရက် ဓားမြှောင်တစ်လက်ကို ထုတ်ကာ ထောင်စောင့်၏နှလုံးသားအား ထိုးစိုက်လိုက်၏။ သူ့အနောက်ရှိ အစောင့်နှစ်ယောက်ကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြပြီး အခန်းတွင်းရှိ ကျန်နှစ်ယောက် သတ်ဖြတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း အခန်းထဲရှိ ထောင်စောင့်သုံးယောက်မှာ အသတ်ခံလိုက်ရလေပြီ။
“ငါတို့လူတွေကို ခေါ်ပြီးတော့ ဒီထိန်းချုပ်ရေးအခန်းကို ငါတို့လက်အောက်မှာပဲ ထိန်းထား။ စောင့်ကြည့်ရေးမှတ်တမ်းမှာ ဘာတွေဖြစ်လာလာ အပြင်လူတွေ လုံး၀သိလို့ မဖြစ်ဘူး” ဆန်ဒါက လေးနက်စွာ အမိန့်ပေး၏။
“နားလည်ပါပြီ” ထောင်စောင့်နှစ်ယောက်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
အခန်း ၂ အတွင်းတွင် ထန်ရှုသည် မိနစ်အတော်ကြာသည်အထိ အမ်မိုစ့်နှင့် အမ်မိုစိုင်တို့အား ထိုးနှက်နေသည်။ ထိုနှစ်ယောက် ပြင်းစွာ ဒဏ်ရာရသွားသည့်အခါမှ သူက ရပ်တန့်လိုက်ပြီး သူတို့ကို ဘေးသို့ ကန်ထုတ်လိုက်၏။ ထို့နောက် သူက အေးစက်စွာ မေးလေသည်။ “ကဲ ပြောစမ်း။ အနာဂတ်မှာ ငါ့အပေါ် သစ္စာရှိမလား”
“....”
ထိုလူနှစ်ယောက်မှာ မည်သူ့လက်အောက်ငယ်သားမှ မလုပ်လိုသည့်အတွက် မဖြေကြချေ။
“ဒါဆိုလည်း ထပ်ပြီး ထိုးပေးရမှာပေါ့” ထန်ရှုက ပြော၏။ “စိတ်ချထား။ မင်းတို့ ငါရိုက်တာကို တစ်ရက်နဲ့တစ်ညတော့ တောင့်ခံနိုင်လိမ့်မယ်။ မင်းတို့နှစ်ယောက်က သံမဏိနဲ့ လုပ်ထားရင်တောင် အဲ့သံမဏိကို အရည်ကျိုပစ်လိုက်မယ်။ စကားမစပ် ပြောရဦးမယ်။ မင်းတို့ကို ရက်ပေါင်းများစွာ ဆက်တိုက်ရိုက်ရင်တောင် မင်းတို့သေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက အစွမ်းထက်ဆရာ၀န်တစ်ယောက်လည်း ဟုတ်တာမလို့လေ”
ဘုန်း...ဘုန်း...
သူ့အသံပျောက်ကွယ်သွားသည်နှင့် ထန်ရှုက ထပ်မံထိုးနှက်တော့သည်။ သူက လက်နှစ်ဖက်လုံးသာမက ခြေထောက်များနှင့်ပါ ကန်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် ထိုနှစ်ယောက်အား အခန်း ၀၀၀၀၀၁ အတွင်း ကန်သွင်းလိုက်၏။ သို့သော် တစ္ဆေက မျက်မှောင်သာ ကြုတ်လိုက်သည်။ အမ်မိုစ့်နှင့်အမ်မိုစိုင်ကို ရိုက်နှက်နေသော ထန်ရှုကို ကြည့်ရင်း သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြတ်ပြေးနေချေသည်။