← Chapters

တောက်ပရွှေကိုယ်ထည်

Vol. 60 Ch. 832

တောက်ပရွှေကိုယ်ထည်

Vol. 60 Ch. 832

ထန်ရှုသည် ထောင်ထဲတွင် သုံးရက်တိတိ နေခဲ့ပြီး ထောင်သားများနှင့် တွေ့ဆုံခဲ့၏။ အခြေအနေကို လေ့လာပြီးနောက် သူသည် ထောင်သားအယောက် ၁၀၀ ကို စာရင်းပြုစုခဲ့သည်။  ယွမ်ယဲ့၏တောင်းဆိုချက်ကြောင့် သူသည် ထပ်မံရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။ သူ၏လူ ၁၀၀ မှာ များပြားနေပြီးဖြစ်ကာ ‌ထောင်သား ၁၀၀၀ မှ ၂၀၀၀ ကြားရှိသည့် ထောင်မှ ထောင်သား ၁၀၀ သို့မဟုတ် ၂၀၀ ခန့် ခေါ်သွားခြင်းက မပြောပလောက်တော့ပေ။

သူက ‌နောက်ထပ်လူသုတ်ကို အလျင်အမြန်ရွေးချယ်ပြီး နောက်ဆုံး ငါးရက်မြောက်နေ့တွင် ထောင်သား ၂၀၀ ကို စာရင်းပြုစုနိုင်ခဲ့၏။

အခန်း ၁၈ အတွင်း၌ ထန်ရှုသည် စာရင်းကို ကိုင်ထား၏။ ထို့နောက် သူက ဘိုးအန်ဂျီ၊ အမ်မလီ၊ ခတူနှင့် ဆက်တန်ရှုတို့ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က ကျန့်ရှောင်ဟွာထံ ကျရောက်သွားလေသည်။ “မင်း ငါနဲ့ ပြန်လိုက်ဖို့ကို သေချာစဉ်းစားသွားပြီးပြီလား”

ကျန့်ရှောင်ဟွာ၏အမူအရာမှာ ဂရုစိုက်ခြင်းအလျင်းမရှိပေ။ ထန်ရှုက ထောင်သားများကို ၀ယ်ယူ‌နေသည့်သတင်းက သူ့ကို အတန်ငယ်သာ အံ့ဩစေခဲ့သည်။ သူက လက်မြှောက်၍ မျက်မှန်အား ကိုင်လိုက်ပြီး တည်ငြိမ်စွာ ပြော၏။ “ဒီမှာနေတာနဲ့ ထွက်သွားတာက သိပ်ပြီး ထူးခြားမှုမရှိဘူး။ ငါ ဒီမှာ နေသားကျနေပြီ။ ဘာလို့ ထွက်သွားရမှာလဲ”

တခဏ တိတ်ဆိတ်သွားပြီးနောက် ထန်ရှုက ခေါင်းခါရမ်းကာ ပြောသည်။ “မင်း အသက်က ငယ်သေးပေမယ့် မင်းနှလုံးသားကတော့ သေသွားခဲ့တာ နှမြောစရာပဲ။ မင်း ထွက်မသွားချင်ရင် ငါ မင်းကို ဖိအားမပေးပါဘူး”

ကျန့်ရှောင်ဟွာက စကားမပြောတော့ပေ။ သူ၏အကြည့်က သူ့လက်ထဲရှိ စာအုပ်အပေါ် ပြန်လည်ကျရောက်သွား၏။

ဆက်တန်ရှုက အလိုမကျသည့် မျက်နှာထားဖြင့် အော်လိုက်၏။ “ဦးနှောက်ချောင်သွားပြီထင်တယ် သူဌေး။ အပြင်လောကရဲ့ စည်ကားပျော်ရွင်မှုကို မခံစားနိုင်တော့ဘူး။ ရူးနေလို့ ဒီမှာနေခဲ့တာပဲ”

ကျန့်ရှောင်ဟွာ၏မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူ၏လက်ညှိုးမှ အဖြူရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ဆက်တန်ရှု၏ညာပခုံးအား လျှပ်တစ်ပျက် ဖောက်ထွက်သွားလေသည်။

“အားးးးးးး....ချီးပဲ........ ငါ့လက်”

ဆက်တန်ရှုက အော်ဟစ်လိုက်ပြီး သူ၏ညာပခုံးအား ဘယ်လက်ဖြင့် ဖုံးလိုက်၏။ သူသည် သူ့လက်မောင်းတစ်ခုလုံးမှာ အလင်းတန်း ဖောက်ထွက်သွားသည့်အချိန်တည်းက မြှောက်၍မရတော့သလို လက်မောင်းတစ်ခုလုံးကို ခံစား၍မရတော့ကြောင်း သိလိုက်၏။

ကျန့်ရှောင်ဟွာထံ အစစ်အမှန်အဆီအနှစ်ကို တခဏ အာရုံခံလိုက်မိသဖြင့် ထန်ရှု၏မျက်လုံးများမှာ ၀င်းလက်သွားလေသည်။

သူက ကျင့်ကြံသူလား

ထန်ရှုက မျက်မှောင်ကြုတ်၍ ဆက်တန်ရှု၏ ညာဘက်လက်မောင်းကို လှမ်းဆွဲလိုက်သည်။ သူ၏လက်ချောင်းများ လှုပ်ရှားနေစဉ် ဆက်တန်ရှု၏လက်မောင်းအတွင်းမှ ငွေအပ်မျှင်တစ်ခု ထွက်လာ၏။ သူက ၎င်းကို လက်ချောင်းများကြားတွင် ဖမ်းယူလိုက်လေသည်။

“မင်းက တာအိုကျင့်ကြံသူမလား”

ကျန့်ရှောင်ဟွာမှာ အံ့အားသင့်သွားပြီးနောက် ပြုံး၍ ပြော၏။ “မင်းက တ‌စ္ဆေကို အနိုင်ယူခဲ့တဲ့အပြင် တရုတ်ကလာတာဆိုတာကို ငါ သဘောမပေါက်လိုက်ဘူး။ မင်းလည်း ကျင့်ကြံသူမလား”

ထန်ရှု၏ခြေထောက်များက ရိပ်ခနဲ လှုပ်ရှားသွားပြီး ကျန့်ရှောင်ဟွာအရှေ့တွင် ပေါ်လာ၏။ သူ၏လက်ချောင်းများက ဆန့်တန်းသွားပြီး သူတို့နှစ်ယောက်သည် တခဏအတွင်း လက်သီးချက်များ ဖလှယ်လိုက်ကြသည်။

“မလှုပ်နဲ့”

ထန်ရှုက ဟိန်းဟောက်၍ ကျန့်ရှောင်ဟွာ၏လက်မောင်းများကို ချုပ်နှောင်လိုက်ပြီး သူ၏လက်ချောင်းများက ထိုလူ၏ပခုံးကို ဖိချလိုက်၏။ သို့သော် သူ၏မူလဖရိုဖရဲစွမ်းအား ကျန့်ရှောင်ဟွာ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့်အခါ သူ့မှာ အံ့အားသင့်သွားလေသည်။

“တောက်ပရွှေကိုယ်ထည်။ မင်းလည်း ရွှေအမြုတေအဆင့်ကနေ ခြေတစ်လှမ်းပဲ လိုတော့တာလား” ထန်ရှုက ကျန့်ရှောင်ဟွာကို လွှတ်ပေးလိုက်၏။

ကျန့်ရှောင်ဟွာ၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ လှုပ်ရှားနိုင်သည့်အချိန်တွင် သူက နောက်သို့ ၇ မီတာမျှ ခုန်ထွက်လိုက်၏။ သူက နံရံတွင် ကျောကပ်ရင်း ထန်ရှုကို စိုက်ကြည့်နေလေသည်။ “မင်းက ဘယ်သူလဲ။ ဘာလို့ ငါ့ရဲ့ကိုယ်ထည်နဲ့ ခွန်အားကို မြင်နိုင်တာလဲ”

“ငါ တောက်ပရွှေကိုယ်ထည်နဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ အဲ့ဒီလူ အရွယ်တောင်မရောက်သေးတဲ့ ကြောက်စရာလူတစ်ယောက်ဆီမှာ သေသွားရတာ နှမြောစရာပဲ။ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုပေမယ့် မင်းရဲ့ကျင့်ကြံခြင်းက ငါ့အတွက်တော့ ဟာသတစ်ခုလိုပဲ” ထန်ရှုက ပြော၏။

သူထိုသို့ ပြောပြီး သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး‌ ပေါ်လာသည်။ သူက ခပ်ဖွဖွ ပြုံးကာပြော၏။ “ဒါက ငါကိုယ်တိုင် သန့်စင်ထားတဲ့ စဦးပေါက်ကွဲခြင်း ဆေးလုံးပဲ။ အခြေတည်ဝိညာဉ်အဆင့်ကနေ စိတ်ဝိညာဉ်ဖွဲ့စည်းအဆင့်ကို ရောက်ရှိစေနိုင်တဲ့ အကူဆေးလုံးပဲ။ မင်း ဒီနေရာကနေ ထွက်သွားပြီး အနာဂတ်မှာ ငါ့လက်အောက်ငယ်သားဖြစ်လာမယ်ဆိုရင် မင်းကို ဒီဆေးလုံးပေးမယ်”

ကျန့်ရှောင်ဟွာက အံ့ဩမှုတို့ဖြင့် ကြောင်အနေ၏။ သူ့မှာ တုန်ရီနေလျက်‌ ကျောက်စိမ်းပုလင်းကို စိုက်‌ကြည့်နေသည်။ သူသည် အခြေတည်ဝိညာဉ်အဆင့်နှင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်  မဆိုထားနှင့် ရွှေအမြုတေအဆင့်ကိုပင် မရောက်ရှိသေးချေ။ သို့ထိတိုင် စဦး‌ပေါက်ကွဲဆေးလုံး၏ဖြစ်တည်မှုက သူ၏နှလုံးသားတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာစေ၏။

“မင်းက တကယ်ပဲ ဘယ်သူလဲ” ကျန့်ရှောင်ဟွာမှာ ကျောက်စိမ်းပုလင်းမှ ခက်ခက်ခဲခဲ အကြည့်လွှဲ၍ ထန်ရှုကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ အနည်းဆုံးတော့ အခု မင်း သိဖို့ မလိုသေးဘူး” ထန်ရှုက ‌ပြုံးရင်း ပြော၏။ “မင်းသိထားရမှာက ငါ့နောက်လိုက်ရင် ကျင့်ကြံအဆင့် အလွယ်အတကူတက်မယ်ဆိုတာပဲ။ ရွှေအမြုတေ၊ ‌အခြေတည်ဝိညာဉ်၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ဘယ်အဆင့်ဖြစ်ဖြစ် အရေးမကြီးဘူး။ ကောင်းကင်ဘုံကိုတောင် တက်လှမ်းနိုင်တဲ့၊ ငှက်မွှေးတွေကို အတောင်ပံအဖြစ် ပြောင်းလဲနိုင်တဲ့ အတိုင်းအတာအထိ ရောက်နိုင်တယ်....မင်းမှာ ပါရမီပါရင်ပေါ့”

“ကောင်းကင်ဘုံကို တက်ပြီး အင်မော်တယ်ဖြစ်လာမှာလား” ကျန့်ရှောင်ဟွာက တအံ့တဩ ရေရွတ်လိုက်၏။ ထို့နောက် သူက အော်သည်။ “မဖြစ်နိုင်ဘူး။ ဒီခေတ်မှာ ဘယ်သူက ကောင်းကင်ဘုံအထိတက်ပြီး အင်မော်တယ်ဖြစ်မှာလဲ။ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတောင် ရှိမှာမဟုတ်ဘူး”

“မင်း မသိလို့ မရှိတာလေ” ထန်ရှုက အထင်သေးစွာ ပြော၏။ “မင်း ဘယ်ကနေ သင်လာခဲ့လဲ ငါမသိဘူး။ ဒါပေမဲ့ မင်းကို ရှင်းရှင်းလင်းလင်း ပြောနိုင်တာတစ်ခုရှိတယ်။ ငါ ထန်ရှုအတွက် ဒီကမ္ဘာမှာ မဖြစ်နိုင်တာ မရှိဘူး”

“ဟင်း...ဟင်း...”

ကျန့်‌ရှောင်ဟွာ၏အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး သူ့စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးနေ၏။ သူ၏ချစ်ရသူ သေဆုံးသွားပြီးနောက် သူစိတ်ဝင်စားသည့်အရာမရှိခဲ့ချေ။ သို့ထိတိုင် ထန်ရှုက စကားလုံးများက သူ့အတွက် အလင်းရောင်အသစ်များကို တောက်ပလာစေ၏......သူ ရှေ့ဆက်တိုးနိုင်မည့် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပင်။

အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှုသွင်း၍ ခပ်သြဩ ဆို၏။ “နောက်ဆုံးမေးခွန်းပဲ။ မင်း ဘာလို့ ထောင်သားတွေအများကြီး ၀ယ်နေတာလဲ”

“ကျင့်ကြံသူစစ်တပ် တည်ထောင်ဖို့” ထန်ရှုက ဖြေသည်။

စိတ်ကို ပြင်ဆင်ထားသည့်တိုင် ကျန့်ရှောင်ဟွာမှာ ထန်ရှု၏စကားကြောင့် မှင်သက်ခြောက်ခြားသွားမိ၏။ ကျင့်ကြံသူစစ်တပ်တည်ထောင်မယ်....နောက်နေတာများလား။ ကျင့်ကြံသူတစ်ယောက်အတွက် သင့်တင့်သော ကျင့်ကြံအဆင့်သို့ ရောက်ရန်ပင် အင်မတန် ခက်ခဲလွန်း၏။ ကျင့်ကြံသူစစ်တပ်တစ်တပ် တည်ထောင်ရန် အရင်းအမြစ်များ မည်မျှ လိုမည်နည်း။ ကမ္ဘာပေါ်ရှိ အရင်းအမြစ်အားလုံးကို စုပေါင်းလိုက်လျှင်ပင် ကျင့်ကြံသူစစ်တပ်အဖွဲ့၀င်များ သုံးရန် လုံလောက်ပါမည်လော။ သူ့အတွေးများ၏အဖြေကား မဖြစ်နိုင်ဟူ၍ပင်။

“ငါ မင်းနဲ့လိုက်မယ်” ကျန့်ရှောင်ဟွာမှာ ထိုသို့ပြောပြီးနောက် စိတ်အေးလက်အေး ဖြစ်သွားလေသည်။

ထန်ရှုက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှေယက်လာပြီး လေးနက်စွာ ပြော၏။ “မင်း ငါ့နောက်လိုက်ဖို့ ရွေးချယ်တယ်ဆိုရင် ဒီနေ့ကစပြီး မင်းရဲ့ဘ၀ကို ငါ ထိန်းချုပ်ရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ လွတ်လပ်မှုကို ပြန်ရဖို့ ငါ အခွင့်အရေးပေးနိုင်တယ်။ မင်းရဲ့ ကျင့်ကြံအဆင့်က ပြီးပြည့်စုံတဲ့ ရွှေရောင်အင်မော်တယ်အဆင့်ကို ရောက်‌ရင်ပေါ့”

“ပြီးပြည့်စုံတဲ့ ရွှေရောင်အင်မော်တယ်အဆင့်” ကျန့်ရှောင်ဟွာက ခေါင်းခါရမ်း၍ သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။

ပြီးပြည့်စုံသော ရွှေရောင်အင်မော်တယ်အဆင့်မှာ ဒဏ္ဍာရီများတွင်သာ ရှိပြီး ဤကမ္ဘာပေါ်တွင် ရယူနိုင်သည့် အရာတစ်ခုမဟုတ်ချေ။ သူ၏အနာဂတ်သူဌေးနှင့် ထိုသို့ သဘောတူထားခြင်းက ပြက်လုံးတစ်ခုနှင့်ပင် တူနေ၏။

.......

ညနက်ချိန်တွင် အလုပ်သမားစခန်း ၁၃၁၉ ၏သံမဏ်ဂိတ်တံခါးများမှာ ဖြည်းဖြည်းချင်းပွင့်လာပြီး ကျည်ကာ SUV နှစ်စီးက အတွင်းမှ ထွက်လာကြသည်။ ထောင်စောင့်ယူနီဖောင်းကို ၀တ်ဆင်ထား‌သော ထန်ရှုသည် သူ့ဘေးရှိ လက်ထောက်ထောင်မှူး ဆန်ဒါနှင့်အတူ ဒုတိယကား၏နောက်ခန်းတွင် ထိုင်နေ၏။

“မင်း အကုန်လုံး စီစဉ်ပြီးပြီလား” စိတ်မအေးဖြစ်နေသော ဆန်ဒါက ထန်ရှုဘက်လှည့်ကာ မေးလေသည်။

“စိတ်မပူပါနဲ့။ တစ္ဆေ၊ ကျင်းရှီနဲ့ ရွှဲ့ရှတို့က အော်ဂတ်စတီနိုအနားက စွမ်းရည်အသုံးပြုသူတွေနဲ့ ရင်ဆိုင်ဖို့ လုံလောက်ပါတယ်” ထန်ရှုက ခေါင်းညိတ်ကာ ခပ်ဖျော့ဖျော့ ပြုံး၏။ “သူတို့နာရီ၀က်အတွင်း သူ့ကို ခေါ်ထုတ်နိုင်လိမ့်မယ်။ ခင်ဗျား တာ၀န်ပေးထားတဲ့ လူတွေက ထောင်သားတွေကို ချောချောမွေ့မွေ့ ခေါ်မထုတ်နိုင်မှာကိုပဲ ကျုပ် စိတ်ပူတယ်”

“စာရွက်စာတမ်းအတုတွေအားလုံးကို အော်ဂတ်စတီနုဲ့ တံဆိပ်နှိပ်ပြီးပြီ။ ကိုယ်ပိုင်တံဆိပ်ပဲဖြစ်ဖြစ် ရာထူးတံဆိပ်ပဲဖြစ်ဖြစ် အရေးမကြီးဘူး” ဆန်ဒါက ချက်ကျလက်ကျ ပြော၏။ “အလုပ်သမားစခန်းက တခြားအင်အားကြီးလူတွေတောင် သူတို့ကို ဟန့်တားရဲမှာမဟုတ်ဘူး။ အော်ဂတ်စတီနို အလုပ်သမားးခန်း ၁၃၁၉ ထဲရောက်ပြီလို့ သတင်းရတာနဲ့ ငါ့လူတွေက ထောင်သား ၂၀၀ ကို ခေါ်ထုတ်လာလိမ့်မယ်။ ဒါပေမဲ့ ပိုက်ဆံက....”

ထန်ရှုက လက်ညှိုးကို ကွေး‌၍ ပြောလိုက်၏။ “ကျုပ်ကို လက်ပ်တော့ပေး”

ဆန်ဒါက သူပြင်ဆင်ထားသည့် လက်ပ်တော့အား ထန်ရှုကို ပေးလိုက်သည်။ သူက ၎င်းကို ဖွင့်ပြီးနောက် ငွေလွှဲဆော့ဖ်ဝဲကို ဖွင့်ကာ ပြော၏။ “ငါ့ရဲ့ အကောင့်နံပါတ်ကို မင်းကို ပြောပြီးပြီ။ ငါ ပိုက်ဆံရတာနဲ့ မင်း အထဲက လူအားလုံးကို ခေါ်သွားလို့ရပြီ”

ထန်ရှုက ပြုံးလိုက်ပြီး သူ၏အကောင့်နံပါတ်ကို ရိုက်ထည့်ကာ ဆန်ဒါ၏ဆွစ်ဇာလန်ဘဏ်အကောင့်ထဲသို့ ဒေါ်လာ သန်း ၄၀၀ လွှဲလိုက်၏။ လွှဲပြောင်းခြင်း ပြီးဆုံးသွားပြီးနောက် သူက လက်ပ်တော့ကို ပိတ်ကာ ပြောသည်။ “ခင်ဗျားအကောင့်ထဲ ငွေလွှဲလိုက်ပြီ။ စစ်ကြည့်လိုက်ပါဦး”

ဆန်ဒါက ဖုန်းခေါ်လိုက်ရာ ငွေရောက်ကြောင်း အတည်ပြုနိုင်လိုက်၏။ သူက ချက်ချင်း စိတ်‌ကျေနပ်စွာ ခေါင်းညိတ်၍ ဆိုသည်။ “မင်းနဲ့အလုပ်လုပ်ရတာ စိတ်ကျေနပ်စရာပဲ။ ဒါနဲ့ အော်ဂတ်စတီနိုကို မရှင်းလင်းရသေးဘဲ ငါ့အကောင့်ထဲ ငွေလွှဲလိုက်တယ်။ မတော်တဆ တစ်ခုခု ဖြစ်သွားမှာ မစိုးရိမ်ဘူးလား”

“ခင်ဗျားက ကျုပ်‌ငွေတွေကို ငမ်းငမ်းတက် လိုချင်နေတာလား”

ဆန်ဒါမှာ ကြက်သီးတဖြန်းဖြန်း ထသွားသော်လည်း ခေါင်းခါရမ်းကာ ဖြေ၏။ “မဟုတ်ပါဘူး။ ငါ အမှန်အတိုင်း ပြောတာပါ”

“အေးဆေးပေါ့။ အော်ဂတ်စတီနိုက ကျုပ်အတွက် အရေးမပါဘူး” ထန်ရှုက ပြုံး၍ ဆက်ပြောသည်။ “ကျုပ်တို့ ဒီတစ်ခေါက် ပူးပေါင်းတာ အဆင်ပြေခဲ့တယ်။ နောက်ကျရင်လည်း အတူအလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေရှိလာဖို့ ကျုပ်မျှော်လင့်မိတယ်။ ခင်ဗျားရဲ့ထောင်မှာ နှစ်တိုင်း သေဆုံးမှုတွေ များတယ်မလား။ ထောင်သားတွေကို သေချာဂရုစိုက်ပြီး မူမမှန်တဲ့ သေဆုံးမှုတွေကို လျှော့ချနိုင်ရင် ကောင်းမယ်။ အပေးအယူမှာ အရေအတွက်က အရေးပါတယ်လေ”

“နားလည်ပါပြီ” ဆန်ဒါက တုံ့ဆိုင်းခြင်းမရှိဖြေ၏။

........

အလုပ်သမားစခန်း ၁၃၁၉၏ ထောင်မှူး နားနေခန်းတွင်။

အော်ဂတ်စတီနိုသည် အိပ်မောကျနေပြီး သူ၏သစ္စာရှိစွမ်းရည်အသုံးပြုသူများလည်း အခန်းအပြင်တွင် တိတ်တဆိတ် ငိုက်မြည်းနေကြလေသည်။ သူ၏ယုံကြည်ရဆုံးနောက်လိုက်နှစ်ယောက် သေနတ်များကိုင်၍ အနီးတွင် စောင့်ကြပ်နေ၏။

ဝှစ် ဝှစ်။

သွေးနီရောင်အလင်းများ ရုတ်တရက် ပေါ်လာပြီး အနက်ရောင်အရိပ်နှစ်ခုက လူနှစ်ယောက်၏လည်ပင်းအား ရစ်ပတ်ကာ တိတ်တဆိတ် ချုပ်‌နှောင်လိုက်သည်။ ထို့နောက် နက်မှောင်နေသော အရိပ်အတွင်းမှ ဓားနှစ်ဘက်က တောက်ပစွာ ထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်၏ မျက်ခုံးများနှင် လည်ပင်းများကို ထိုးစိုက်ရန် ပြင်လိုက်သည်။

“ရန်သူ”

စွမ်းရည်အသုံးပြုသူမှာ မျက်နှာပျက်သွား၏။ သို့သော် သူ ဘေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည့်အချိန်မှာပင် လက်တစ်ဖက်က သံမဏိညှပ်ကြီးကဲ့သို့ သူ၏လည်ပင်းကို ဖြစ်ညစ်လိုက်၏။ လေဓားသွားတစ်လက်က ဝဲပျံ၍ သူ့အား လှည့်ပတ်နေလေသည်။ “မင်းက ဘယ်သူလဲ”

တစ္ဆေက ဟိတ်ဟန်ပါပါ ပြုံးလိုက်သော်လည်း သူ့အမေးအား မဖြေဘဲ သူ၏လည်ပင်းအား လှီးဖြတ်လိုက်၏။ သူက လိုက်မီလာသော ကျင်းရှီထံ အလောင်းကို ပစ်ပေးလိုက်ပြီး တံခါးအား လေဓားသွားဖြင့် အလွယ်တကူ ပိုင်းဖြတ်လိုက်လေသည်။

All Chapters