← Chapters

ငါ့ခွန်အားရဲ့ သုံးပုံတစ်ပုံ

Vol. 60 Ch. 838

ငါ့ခွန်အားရဲ့ သုံးပုံတစ်ပုံ

Vol. 60 Ch. 838

တောင်တရုတ်ပင်လယ်၊ ယောက်သွားကျွန်း။

ကုန်စည်သင်္ဘော၏ ကမ်းကပ်တော့မည့်အကြောင်း ကြိုတင်အကြောင်းကြားခံထားရသည့် ယွမ်ယဲ့တစ်ယောက် မြောက်ဘက်ဆိပ်ကမ်း၌ အချိန်အတော်ကြာကြာ စောင့်နေခဲ့ရ၏။ နောက်ဆုံးတော့ ကုန်စည်သင်္ဘောကြီးတစ်စင်း ကမ်းကပ်လာသည်။ သင်္ဘောပေါ်မှ ပျံဆင်းလာသော ထန်ရှုကို မြင်လျှင် အရပ်ရှည်ရှည်ယွမ်ယဲ့က သူ့အား နှုတ်ဆက်ဖို့ အပြေးအလွှားသွားသည်။

“နောက်ဆုံးတော့ ပြန်လာပြီပေါ့ သူဌေး”

“ငါတို့လုပ်ခဲ့တဲ့ကိစ္စကကွာ အတော်လေးကြီးကျယ်သွားတော့ အိမ်ပြန်လာဖို့ နည်းနည်းကြန့်ကြာသွားခဲ့တယ်” ထန်ရှုက အပြုံးဖြင့် ပြောသည်။ “ဒါပေမဲ့ မင်းလိုတဲ့ လူတွေကို ငါ ခေါ်လာပြီ။ နောက်ပိုင်း မင်းကို ကူညီဖို့ သူတို့ ဒီမှာနေလိမ့်မယ်”

“ဘယ်မှာလဲ သူတို့က” ယွမ်ယဲ့သည် အံ့ဩဝမ်းသာနေသောအမူအရာဖြင့် ကပျာကယာမေး၏။

ထန်ရှုက တစ်ဖက်လှည့်သွားသည်။ ဆယ်စက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက် သူသည် ပြုံး၍ ကုန်စည်သင်္ဘော့ဘက် လက်ညှိုးထိုးကာ ဖြေလိုက်သည်။ “ဟိုမှာပဲ”

ယွမ်ယဲ့သည် ထန်ရှုလက်ညှိုးထိုးပြသည့်ဘက်ကို လှမ်းကြည့်လိုက်သော်လည်း အိန္ဒိယဥရောပစပ် ကပြားများ၊ အာဖရိကန်များနှင့် အသားရောင်မတူညီသူများကိုမြင်လျှင် သူ၏အမူအရာသည် မှင်သက်သွားဟန်ဖြစ်သွား၏။ သူက သူတို့ကို ကြည့်ပြီးနောက် ဟန်လုပ်ပြုံးထားသောအပြုံးဖြင့် ထန်ရှုကို ကြည့်သည်။ “ကျွန်တော့်ကို နောက်များနောက်နေတာလား သူဌေး။

အင်မော်တယ်ကျင့်ကြံသူစစ်တပ်ကြီးတည်ဆောက်ဖို့ ဟိုကလေးတွေကို ထိန်းပြီး အထူးချွန်ဆုံးကျင့်ကြံသူတွေ ဖြစ်လာအောင် ပြောင်းလဲပေးဖို့ ကျွန်တော်တို့ကို သူဌေးပြောခဲ့တယ်။ ဒီတိုင်းတစ်ပါးတွေက ဘယ့်နှယ် ဘယ်ကနေ ရောက်လာတုန်းဗျာ။ အင်မော်တယ်လမ်းစဉ်ကို သူတို့ နားတောင်နားလည်ရဲ့လား”

“အင်မော်တယ်ကျင့်စဉ်အကြောင်း သင်ထားပေးပြီးပြီ။ ငါးယောက်က စဉီးပိုင်းချီသန့်စင်ခြင်းအဆင့်ကို ရောက်နေပြီးသား” ထန်ရှုက ခေါင်းငြိတ်ကာ ပြော၏။

“သူတို့ကို အချိန်နည်းနည်းပေးပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပေးသုံးလိုက်။ ဒီလူအများစု အချိန်တိုအတွင်း အင်မော်တယ်ကျင့်ကြံသူတွေဖြစ်လာမှာ သေချာတယ်”

“ဒါပေမဲ့ သူဌေး။ အကုန်လုံးက ... စလုံးရေ စမယ့်သူတွေလေဗျာ” ယွမ်ယဲ့သည် ကူရာမဲ့နေသောအမူအရာဖြင့် ပြော၏။ “သူတို့က ဘယ်လိုလုပ် သင်ပေးနိုင်မှာတုန်း သူဌေးကလည်း...”

ထန်ရှုက လက်ပြ၍ သူ့ကို တားပြီးနောက် ပြောသည်။ “သူတို့ရဲ့ဇစ်မြစ်ကို မသိချင်ဘူးလား”

“သူတို့ရဲ့ဇစ်မြစ် ဟုတ်လား”

ယွမ်ယဲ့သည် ကြောင်တောင်တောင်ဖြစ်သွားပြီး သင်္ဘောပေါ်မှ ဆင်းလာသော နိုင်ငံခြားသားများအား ဇဝေဇဝါ လှမ်းကြည့်သည်။ ဆယ်စက္ကန့်ကြာသော် သူ၏သူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားပြီး မျက်လုံးများ တောက်ပလာ၏။ သူတို့ထဲ၌ ရင်းနှီးသောမျက်နှာများကို သူ သတိထားမိလိုက်လေသည်။

“သူ‌ဌေး.....သူတို့ကို ဘယ်ကနေ ခေါ်လာတာလဲ....ဒီလူဆိုးတွေ ...အပယ်ခံတွေကိုလေ...”

“မင်း သူတို့ကို သိလား” ထန်ရှုက လက်ကိုမြှောက်၍ သူ့စကားစကို‌ ထပ်မံ ဖြတ်ကာ ‌‌မေး၏။

ယွမ်ယဲ့မှာ စိတ်ထဲတွင် အားနည်းသွားသည့်အလား ခံစားလိုက်ရသော်လည်း ညည်းညူခြင်းပင် မပြုနိုင်ခဲ့ချေ။ သူက ခါးသက်သက်ပြုံးလိုက်ပြီး ဖြေသည်။ “နည်းနည်းတော့ သိတယ်။ တချို့က ကျွန်တော်နဲ့အတူ တိုက်ခိုက်ခဲ့ကြတဲ့ ရဲဘော်တွေ တချို့ကတော့ တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ဖူးတဲ့ ရန်သူတွေပါ။ နှစ်ယောက်.....ယုတ်မာကောက်ကျစ်လွန်းတဲ့ လူနှစ်ယောက်ရှိတယ်။  ကျွန်တော် သူတို့နဲ့ ထိပ်တိုက်မတွေဖူးသေးပေမယ့် သူတို့တစ်ယောက်နဲ့မှ ဆက်ဆံရတာ မလွယ်ဘူး”

“သူတို့က ‌ထောင်သားတွေပဲ။ အစ္စရေးနိုင်ငံ အလုပ်သမမားစခန်း ၁၃၁၉ ကနေ ၀ယ်လာခဲ့တာ” ထန်ရှုက ခပ်ဖွဖွ ပြုံး၍ ပြောသည်။ “ငါ သူတို့ကို ရဖို့ အတော်လေး အားထုတ်ခဲ့ရတယ်။ နောင်ကျရင် ထာ၀ရခန်းမရဲ့အရံအဖွဲ့၀င်တွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ တစ္ဆေကလွဲပြီး ကျန်တဲ့လူတွေကို မင်းအုပ်ချုပ်ရမယ်”

စိတ်ဓာတ်မာသည့်တိုင် ထန်ရှု၏စကားများကြောင့် ယွမ်ယဲ့မှာ အံ့အားသင့်ကာ ပင့်သက်ရှိုက်သွားမိသေး၏။ သူ၏မျက်လုံးများမှာ အံဩလေးစားမှုတို့ဖြင့် တလက်လက် တောက်ပနေပြီး သူက အလျင်အမြန် မေးလိုက်သည်။ “အလုပ်သမားစခန်း ၁၃၁၉ က နှစ် ၁၀၀ ထက်မနည်း ပြစ်ဒဏ်ကျနေတဲ့ အန္တရာယ်အကြီးဆုံး ထောင်သားတွေ ရှိတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ‌ထောင်ပဲ...သူဌေးက အဲ့ဒီကနေ ဒီလောက် ထောင်သားတွေအများကြီး ၀ယ်လာနိုင်တယ်လား”

“မင်းသိလား။ ငွေက ကမ္ဘာကြီးကို လည်ပတ်နေစေတာ။ နတ်ဆိုးကိုတောင် မင်းအတွက် အလုပ်လုပ်ခိုင်းလို့ရတယ်” ထန်ရှုက ‌ပြုံးလျက် ပြောသည်။ “ပြီးတော့ မင်းရဲ့အဆက်အသွယ်တွေကို သုံးပြီးတော့ နည်းနည်းပါးပါး အာဏာပြလိုက်ရင် မခက်ခဲပါဘူး”

ယွမ်ယဲ့မှာ ချက်ချင်း နားလည်သွား၏။ သို့ထိတိုင် သူက ခါးသက်သက် ပြုံး၍ ပြောလိုက်သည်။ “ဒါပေမဲ့ သူဌေး ဒီအပယ်ခံတွေအားလုံးကို ကျွန်တော်တစ်ယောက်တည်း မထိန်းချုပ်နိုင်ဘူး။ ကျွန်တော် သူတို့က အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိပေမယ့် သူတို့က ကောက်ကျစ်စဉ်းလဲလွန်းတယ်။ သူတို့ကို ထိန်းချုပ်ရတာ....ခက်ခဲမှာပဲ”

“သူတို့အသက်တွေက ငါ့လက်ထဲမှာ...မင်းအမိန့်ကို မနာခံရင် သူတို့အတွက် လမ်းတစ်လမ်းပဲရှိတယ်။ သေခြင်းပဲ” ထန်ရှုက ပြောသည်။ “မင်း ကလေးတွေကို လေ့ကျင့်ပေးတဲ့အချိန်ကျရင် သူတို့ကိုပါ လေ့ကျင့်ပေးဖို့ ငါတောင်းဆိုချင်တယ်။ သူတို့ရဲ့ ရိုင်းစိုင်းယုတ်မာတဲ့ အကျင့်စရိုက်တွေကို အကြမ်းဆုံးစစ်စည်းကမ်းတွေ သုံးပြီးတော့ မြန်နိုင်သမျှ မြန်မြန် ပျောက်သွားအောင် လုပ်ပေး။ အဲ့ဒါမှ သူတို့ ထာ၀ရခန်းမရဲ့ အဆင့်မီတဲ့အဖွဲ့၀င်တွေ ဖြစ်လာမှာ”

ယွမ်ယဲ့၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး သူက ချက်ချင်း ပြန်ဖြေ၏။ “စိတ်ချပါ သူဌေး”

ထန်ရှုက သက်ပြင်းတစ်ချက် ရှုသွင်းက ဖြည်းဖြည်းချင်း ပြော၏။ “ဒါပေမဲ့ တစ်ခုတော့ မှတ်ထား။ သူတို့ကို အကြိမ်ကြိမ် ဦးနှောက်ဆေးပစ်ရမယ်။ ငါတို့ထာ၀ရခန်းမနဲ့ ငါ့အပေါ် သစ္စာခံလာအောင် လုပ်။ သူတို့ ပူးပေါင်းလိုက်လို့ ထာ၀ရခန်းမရဲ့အတွင်းပိုင်း ညီညွတ်မှုကို ပျက်မသွားစေချင်ဘူး”

“အ‌ကောင်းဆုံး ကြိုးစားပါ့မယ်” ယွမ်ယဲ့က အနည်းငယ် စိုးရိမ်နေသော အပြုံးဖြင့် ဖြေသည်။

“ထန်ရှုသည် တခဏ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြော၏။ “ကျိတန်၊ ဖုန်းယန်၊ ရွှီ‌ကွေ့၊ ဟဲ့ဝူယနဲ့ ရီရှီစန်း တို့ကို မင်းကို ကူညီဖို့ ဒီနေရာမှာ ယာယီထားခဲ့မယ်။ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာရှိရင် ငါတို့ တိုက်ရိုက်ဆက်သွယ်လိုက်”

ကျိတန်အပါအ၀င် ထိုလူငါးယောက်မှာ ထန်ရှု၏သက်တော်စောင့်များ ဖြစ်လာရန် ရွေးချယ်ခံခဲ့ရသည့် ထာ၀ရခန်းမ၏လက်ရွေးများဖြစ်ကြောင်း ယွမ်ယဲ့ ကောင်းကောင်းသိပေသည်။ သူတို့အားလုံးက သူ့ထက် အဆများစွာ သန်မာကြလေရာ သူ့နှလုံးသားအတွင်းရှိ စိုးရိမ်ပူပန်မှုတို့မှာ အစအနရှာမရတော့သည်အထိ‌ ပျောက်ကွယ်သွား၏။

“သူတို့ငါးယောက်ရဲ့ အကူအညီနဲ့ဆိုရင် သူဌေးခေါ်လာတဲ့ လူယုတ်မာတွေကို ထာ၀ရခန်းမရဲ့ လက်ရွေးစင်အဖွဲ့တွေဖြစ်တဲ့အထိ လေ့ကျင့်ပေးနိုင်ပါတယ် သူဌေး”

ထန်ရှုက ယွမ်ယဲ့၏ပခုံးကို ပုတ်ကာ ကိုယ်ပိုင်အဖွဲ့အသီးသီးနှင့်အတူ တန်းစီနေသော လူအုပ်ကြီးကို ကြည့်လိုက်၏။ သူက ခပ်ဩဩ အသံဖြင့် ပြောသည်။ “မင်းတို့ကို ဒီလူနဲ့ မိတ်ဆက်ပေးမယ်။ သူ့နာမည်က ယွမ်ယဲ့ မင်းတို့ ယောက်သွားကျွန်းမှာ နေရမယ့်အချိန်အတောအတွင်း ရာထူးအမြင့်ဆုံးတပ်မှူးပဲ။ အခုအချိန်ကစပြီး သူ့အမိန့်က ငါ့အမိန့်ဖြစ်သွားပြီ။ ‌တသဝေမတိမ်း လိုက်နာကြ။ ပြီးတော့မှ ငါ့ကို ရက်စက်တယ်ဆိုပြီး အဆိုးမဆိုနဲ့”

“နားလည်ပါပြီ”

လူအများစုက ရိုသေလေးစားသော မျက်နှာအမူအရာများဖြင့် လိုက်နာကြသည်။

သို့သော် ထူးဆန်းသော မျက်နှာအမူအရာဖြင့် သက်လတ်ပိုင်းလူနှစ်ယောက်က အဖွဲ့ထဲမှ ထွက်လာကြ၏။

“မင်းတို့ကို ဘယ်သူက ထွက်လာခိုင်းလို့လဲ။ ကိုယ့်နေရာ ကိုယ်ပြန်ကြစမ်း” မိုအာဝူက ကြိမ်းမောင်း၍ ထိုလူနှစ်ယောက်၏လမ်းကို ပိတ်ရပ်လိုက်သည်။

“ကျုပ်တို့ ပြောစရာရှိတယ်” သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြော၏။

ထန်ရှု၏မျက်လုံးများ မှေးစင်းသွားပြီး သူက လူနှစ်ယောက်ကို အကဲခတ်လိုက်သည်။ “မင်းတို့ စစ်တပ်စည်းကမ်းတွေနဲ့ လေ့ကျင့်ဖူးသလား ငါ မသိဘူး။ ဒါပေမဲ့ အခုအချိန်ကစပြီး စကားပြောချင်ရင် အဖွဲ့ကနေ ထွက်လာခွင့်တောင်းရမယ်။ ဟုတ်ပြီ လာကြ”

မိုအားဝူက ထိုလူနှစ်ယောက်အား အေးစက်စက် စိုက်ကြည့်လျက် လမ်းဖယ်ပေးလိုက်သည်။

ထိုလူနှစ်ယောက်၏နာမည်မှာ ကီစထရွန်နှင့် စတန်မက်သယူးဖြစ်၏။ သူတို့က ထန်ရှုနှင့်ယွမ်ယဲ့အရှေ့သို့ ရောက်လာပြီး ကီစထရွန်က ပြောသည်။ “သူဌေး ကျူပ်တို့က ဒီကတပ်မှူးနဲ့အတူ တိုက်ခိုက်ခဲ့ဖူးတဲ့ ရဲဘော်တွေပါ။ သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်တွေကို ကျုပ်တို့ကောင်းကောင်းသိပြီး သူက သန်မာတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ ကျုပ်နဲ့ယှဉ်ရင် အားနည်းသေးတယ်။ ဒါတောင် သူက တပ်မှူးဆိုတော့ အဲ့ရာထူးကို ကျုပ်လိုချင်တယ်”

ထန်ရှုက ထူးဆန်းစွာ ပြုံး၍ လှည့်ကာ မေးသည်။ “မင်းကရော ဒီအကြံကို သဘောတူတယ်ပေါ့”

“ဟုတ်ပါတယ်။ ယွမ်ယဲ့က ကျုပ်တို့ရဲ့ သူငယ်ချင်းပေမယ့် သူ့ကို အထက်လူကြီးအဖြစ် လက်မခံနိုင်ပါဘူး” စတန်မက်သယူးက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။

“ယွမ်ယဲ့ မင်းရဲ့ သူငယ်ချင်းနှစ်ယောက်က မင်းနဲ့ အတူတိုက်ပွဲ၀င်ခဲ့ဖူးပေမယ့် မင်းက သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးတဲ့” ထန်ရှုက ခပ်ဟဟ ရယ်၍ ပြောသည်။ “မင်း ဘာများ ပြောချင်သေးလဲ”

ယွမ်ယဲ့သည် သူ့သူငယ်ချင်းနှစ်ယောက်၏ အကျင့်စရိုက်ကို ကောင်းကောင်းသိ၏။ သူက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး ‌ထိုလူနှစ်ယောက်ရှေ့သို့ လျှောက်သွားသည်။ သူက သူက လက်နှစ်ဖက်ကို ဖြန့်၍ ပြော၏။ “ကီစထရွန် စတန် ခွေးကောင်တွေ။ မင်းတို့ သေသွားပြီတောင် မှတ်တာကွာ။ အခုလိုမျိုး ငါ့အရှေ့မှာ ‌ဒေါင်ဒေါင်မြည် ရပ်နေလိ့မ်မယ်လို့ ထင်မထားဘူး”

ဖက်၍နှုတ်ဆက်လိုက်ပြီးနောက် ကီစထရွန်က တဟားဟားရယ်ကာ ပြောသည်။ “မင်းကို အရင်တုန်းက အဖွဲ့နဲ့နေခိုင်းခဲ့ပေမယ့် မင်းက ထွက်သွားတော့ နှစ်အတော်ကြာ အဆက်အသွယ် ပြတ်သွားခဲ့တာလေ။ ခုတော့ မင်းက ဒီနန်းတော်မှာ ပျော်မွေ့နေတယ်ပေါ့ ဟုတ်လား။ အခု မင်းရဲ့သူဌေးကို ပိုတောင် လေးစားသွားပြီ။ မင်းလို လူတစ်ယောက်ကတောင် သစ္စာရှိနေတယ်ဆိုတော့ အမိုက်စားပဲကွ”

“မင်းမြင်တဲ့အတိုင်း ငါက ထာ၀ရခန်းမရဲ့ အဖွဲ့ဝင်ဆိုတော့ ငါက သူဌေးရဲ့လူပဲ” ယွမ်ယဲ့က ပြောသည်။ “ငါ အသက်ရှင်နေသရွေ့ သူ့ရဲ့လူဖြစ်နေမှာ။ သေသွားရင်တောင်မှ သူဌေးလက်အောက်က ဖုတ်ကောင် ဖြစ်နေလိမ့်မယ်”

စတန်မက်သယူးက ရယ်၍ ပြော၏။ “အဓိပ္ပာယ်မရှိ‌တာတွေ မပြောစမ်းပါနဲ့။ ငါတို့ အတိတ်အကြောင်း နောက်မှ စားမြုံ့ပြန်လို့ရတယ်။ အခု ငါတို့ကို နိုင်အောင်တိုက်။ ကြိုပြောထားမယ်နော် သားကြီး။ ငါတို့က အရင်ထက် အများကြီး သန်မာနေပြီကွ”

ယွမ်ယဲ့က မျက်ခုံးပင့်၍ ပြုံးကာ ပြော၏။ “မင်းတို့ သန်မာလာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့အမြင်မှာ ငါတို့ကြားမှာ အများကြီး ကွာနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မင်းတို့က အဆော်ခံချင်နေတော့လည်း ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ ရှုံးမှ မငိုကြေးနော်”

“ငိုရမယ်...အပြောကြီးလိုက်တာကွာ” စတန်မက်သယူးက ပြန်လည်ချေပ၍ ယွမ်ယဲ့အား တိုက်ခိုက်ရန် လက်သီးချက်များစွာ ပစ်သွင်းလိုက်၏။ သူ၏ထိုးချက်တိုင်းက ယွမ်ယဲ့၏ချက်ကောင်းများကိုသာ ပစ်မှတ်ထားလေသည်။

ကီစထရွန်က အလောတကြီး ၀င်ရောက်မတိုက်ခိုက်ဘဲ သူတို့နှစ်ယောက်၏တိုက်ပွဲအား လက်ပိုက်ကြည့်နေ၏။ သူသည် စတန်မက်သယူးထက် သန်မာသဖြင့် မက်သယူးသာ ယွမ်ယဲ့ကို အနိုင်ယူနိုင်လျှင် သူ တိုက်ခိုက်စရာ မလိုတော့ချေ။

“ဘိုင်း.....”

လက်သီးချက် ၁၀ ချက်ကို ဆက်တိုက် ရှောင်တိမ်းပြီးနောက် ယွမ်ယဲ့က မဲ့ပြုံးပြုံးလိုက်၏။ သူက မက်သယူး၏ရင်အုံအား တရစပ် ထိုးချလိုက်ပြီး သူ၏ခြေထောက်က ရိပ်ခနဲ လှုပ်ရှားသွားက မက်သယူး၏မျက်နှာနှင် ၀င်‌ဆောင့်သွားသည်။ မက်သယူးမှာ နောက်သို့ လွင့်ထွက်သွားပြီး ကမ်းခြေပေါ်သို့ ဘိုင်းခနဲ ပြုတ်ကျသွား၏။

“ငါ့ခွန်အားရံ့သုံးပုံတစ်ပုံပဲ သုံးရသေးတာနော်” ယွမ်ယဲ့က ရယ်သည်။

ကီစထရွန်မှာ ကြက်သေသေသွား၏။ ယွမ်ယဲ့သည် စတင်တိုက်ခိုက်လျှင်ချင်း စတန်မက်သယူးကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူ့ကိုပို၍ အံ့အားသင့်စေသည်က ခွန်အား၏သုံးပုံတစ်ပုံသာ သုံးရသေးသည်ဆိုသော ယွမ်ယဲ့စကားပင်။

“ငါ့အလှည့်” ကီစထရွန်က ချက်ချင်း ရှေ့သို့ ခုန်ထွက်ကာ ယွမ်ယဲ့အား အဆက်မပြတ် ထိုးလိုက်သည်။

ယွမ်ယဲ့က ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပြီး သူ၏ညာလက်တစ်ဖက်ကို နောက်ကျောသို့ ပို့လိုက်သည်။ သူ၏ဘယ်လက်ဖြင့်သာ ကီစထရွန်၏တိုက်ကွက်များကို ခုခံရင်း အဆက်မပြတ် နေရာပြောင်းနေ၏။ နောက်ဆုံးတွင် သူ၏ဘယ်လက်က ကီစထရွန်၏လက်သီးကို ဖမ်းဆုပ်လိုက်သည်။

“သေပေရော့”

ထို့နောက် သူ၏ခြေထောက်က လျှပ်စီးတမျှအမြန်နှုန်းဖြင့် ကီစထရွန်၏ရင်ဘတ်ကို ကန်လိုက်ရာ ကီစထရွန်မှာ နောက်သို့ ၇ မီတာကျော် လွင့်ထွက်သွား၏။ ယွမ်ယဲ့၏ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး ထောင်သားများ၏မျက်လုံးများတွင် ဝိုးတဝါးပုံရိပ်တစ်ခုကိုသာ မြင်ရတော့သည်။ ယွမ်ယဲ့၏ပုံရိပ်ကို ထပ်မံမြင်ရသည့်အချိန်၌ သူသည် ကီစထရွန်၏ရှေ့‌သို့ ရောက်ရှိနေလေပြီ။ သူက ပြော၏။ “မင်း တိုးတက်လာသားပဲ သားကြီးရ။ ဘာပဲဖြစ်ဖြစ် အားမလျှော့နဲ့။ သူဌေး‌ကို သစ္စာရှိမယ်ဆိုရင် အနာဂတ်မှာ ငါ့လို အစွမ်းထက်လာနိုင်တယ်”

ထိုသို့ပြောပြီးနောက် ယွမ်ယဲ့သည် ရင်ဘတ်ကို ဖိနှိပ်ထားသည့် သွေးဆုတ်ဖြူလျော့နေသော ကီစထရွန်အား ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဆန့်၍ မြေပြင်ပေါ်မှ ဆွဲထူလိုက်၏။ ကီစထရွန်မှာ အသက်ပြင်းပြင်းနှစ်ချက် ရှုသွင်းလိုက်ရလေသည်။

ထန်ရှုက ပြုံး၍ ကြည့်နေလျက် ပြော၏။ “မင်းရှုံးသွားပြီဆိုတော့ ယွမ်ယဲ့ မင်းရဲ့အထက်လူကြီးဖြစ်လာတာကို လက်မခံလို့မရတော့ဘူး။ ယောက်သွားကျွန်းမှာ နေတဲ့အချိန်အတွင်း သူ့အမိန့်ကို နာခံကြ။ မနာခံရင် မင်းတို့ ‌သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မယ်”

“ဟုတ်ကဲ့ပါ သူဌေး”

All Chapters