← Chapters

ငါ့စံအိမ်ကို လာပူးပေါင်းမလား

Vol. 3 Ch. 38

ငါ့စံအိမ်ကို လာပူးပေါင်းမလား

Vol. 3 Ch. 38

၎င်းမှာ အမှန်တကယ်ပင် မီးလောင်ပြင်ဓားသိုင်း ဖြစ်သည်။

သူသည် ထိုဓားသိုင်းကို တစ်ခါမှ မသင်ကြားဖူးသော်လည်း ရှန်မုယန်သည် သူ့ရှေ့မှ မျက်နှာဖုံးတပ်လူ သရုပ်ပြသည်ကိုမြင်သည်နှင့် မီးလောင်ပြင်ဓားသိုင်းဖြစ်ကြောင်း သိသည်။

မီးတောက်အလင်းများမှာ အဆုံးမဲ့ကာ ၎င်းတွင် အားကောင်းသော အရှိန်အဝါများ ရှိနေသည်။ ဤသည်က မီးလောင်ပြင်ဓားသိုင်းမဟုတ်လျှင် တခြား မည်သည့်အရာ ဖြစ်မည်နည်း။

ရှန်မုယန်သည် နံရံကို မှီကာ ရပ်နေရင်း တွေဝေမိန်းမောနေ၏။

“ဘာလဲ… ခင်ဗျား ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးလား”

ဟန်မူယဲ့က ခေါင်းယမ်းကာ ဓားကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။

သူက လက်ကိုင်ကို ထိလိုက်သည်နှင့် ဓားအတွင်းမှ မှတ်ဉာဏ်များကို မြင်ခဲ့သည်။

ရှန်မုယန်သည် ယခင်က မဟာအကြီးအကဲတောက်ရင်ကို မြင်ဖူး၏။

ထိုစဉ်က အကြီးအကဲတောက်ရင်၏ မီးဓာတ်ဓားသိုင်းမှာ သန့်စင်ကာ သူ့ခွန်အားမှာလည်း တခြား မဟာအကြီးအကဲ သုံးဦးထက် ပို၍ သန်မာသည်။

အကြီးအကဲတောက်ရင်သည် တစ်ခါတစ်ရံ လူငယ်မျိုးဆက်များအား သင်ကြားပြသပေးတတ်၏။

သူသည် နံပါတ် ၃ အံ့ဖွယ်ဓားသိုင်း မြူဆိုင်းမီးခိုးဓားသိုင်းကို တတ်မြောက်ခဲ့သည်။

သူသည် နံပါတ် ၂ အံ့ဖွယ်ဓားသိုင်း ရေခဲမီးတောက်ကို တတ်မြောက်ခဲ့၏။

လက်ထဲမှ ဓားကိုကိုင်ကာ ဟန်မူယဲ့က ရှန်မုယန်အား ကြည့်သည်။

ရှန်မုယန်၏ကျင့်ကြံဆင့်ဖြင့် သူသည် မီးလောင်ပြင်ဓားသိုင်းကို နားမလည်သေးပေဘူးလား။

သို့သော်လည်း သူက မှတ်သားကာ သူ၏ဆရာ စုယွမ်ကို ပြန်ပြောပြနိုင်၏။

ဟန်မူယဲ့က ဓားကို ဖြေးလေးစွာ လှုပ်ရှားပြသည်။

“ဒီမီးလောင်ပြင်ဓားသိုင်းဟာ နံပါတ် ၅ အဆင့် အံ့ဖွယ်ဓားသိုင်းဖြစ်ပြီးတော့ ဓားမာန်ဟုန်တစ်စွန်းတစ်စ ပါနေတယ်”

“မာန်ဟုန်ဟာ ဓားဆန္ဒကနေ ဖြစ်လာတာ။ ဓားချက် ဖြစ်လာတဲ့အခါ အဲဒါဟာ ရပ်တန့်မရနိုင်ဘူး”

ရှန်မုယန်က မျက်လုံးများပြူး နားစွင့်ကာ စကားတစ်လုံးမှ မလွဲအောင် မှတ်သားသည်။

ဟန်မူယဲ့၏ဓားသည် လေနှင့်မိုးကြိုး ဆန္ဒအငွေ့အသက်များ ရောနှောလျှက် ဖြေးလေးစွာ လှုပ်ရှားနေသည်။

“လေဟာ မီးကို ထောက်ပံ့တယ်။ လေသာ မရှိရင် မီးတောက်ဟာ စက္ကန့်ပိုင်းအတွင်း မိုင်တစ်ထောင်ကို ခရီးသွားနိုင်မှာ မဟုတ်ဘူး”

လေနှင့်မိုးကြိုးများနောက်တွင် ပူပြင်းသော မီးတောက်သည် ဓားအလင်းထံမှ ထွက်ပေါ်လာ၏။

ဟန်မူယဲ့က တီးတိုးပြောသည်။

“မီးလောင်ပြင်ဓားသိုင်းထဲမှာ ဘာတွေ လောင်ကျွမ်းနေတယ်လို့ ခင်ဗျား ထင်သလဲ”

“ပြန်သွားပြီးတော့ ခင်ဗျားဆရာကို ပြောလိုက်။ မီးတောက်ဟာ အဆုံးမဲ့ပြီးတော့ သစ်ပင်တွေနဲ့ မြေပြင်တွေကို လောင်ကျွမ်းပြာကျစေတယ်။ ပြီးတော့ ဓားဟာ မီးလောင်ပြင်ကို မိုင်တစ်ထောင်သို့အထိ ဖြန့်ကျက်နိုင်တယ်”

ဝုန်း…

ရှန်မုယန်၏မြင်ကွင်းမှာ တဖန် မီးတောက်များဖြင့် ပြည့်လျှံသွား၏။ သူက လက်မြောက်ကာ အပူလှိုင်းအား ကာလိုက်ရသည်။

“ခင်ဗျား အခု ကျုပ်ကို အကျိုးဆောင်မှတ် ၁၀၀၀ အကြွေးတင်သွားပြီ”

မီးတောက်များ ပျက်ပြယ်သွားပြီး အခန်းမှာ ရှင်းလင်းသွားသောအခါ ဟန်မူယဲ့သည် သူ့ရှေ့တွင် မရှိတော့ပါ။ အခန်းအလယ်တွင် ဓားတစ်လက်သာ ကျန်ရစ်တော့သည်။

ရှန်မုယန်က မသက်မသာ ပြုံးလိုက်ကာ သူ၏ဓားကို ပြန်ယူလိုက်၏။

သူ့တွင် အကျိုးဆောင်မှတ် ၁၀၀၀ မရှိပါ။

သူ၏ဆရာတွင်ပင် အကျိုးဆောင်မှတ် ၁၀၀၀ မရှိပေ။

မီးမျိုးဆက်တပည့်များ၏ဘဝမှာ ခက်ခဲကြမ်းတမ်းသည်။

အသက်ပြင်းပြင်းရှုကာ သူက အခန်းထဲမှ ထွက်သွားတော့သည်။

သူက သူမြင်ခဲ့သည်များအား သူ၏ဆရာကို ပြန်ပြောရမည် ဖြစ်သည်။

၎င်းက သူ၏ဆရာအား နောက်တစ်ဆင့်သို့တက်လှမ်းရန် အကူအညီဖြစ်စေလောက်သည်။

သရုပ်ပြခန်းဆောင်မှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့ စိတ်အေးလက်အေး ဖြစ်နေသည်။

မီးလောင်ပြင်ဓားသိုင်းကို မီးဓာတ်မျိုးဆက်တပည့်များထံသို့ သင်ကြားပေးပြီးနောက်တွင် ခရမ်းမီးတောက်ဓားထံမှ ရခဲ့သော ဓားဆန္ဒမှာ ပိုမိုစုစည်းလာခဲ့သည်။

အကယ်၍ ဓားဆန္ဒတွင် အတွေးရှိပါက ၎င်းသည် မီးလောင်ပြင်ဓားသိုင်းအား မီးဓာတ်မျိုးဆက်၌ ပျောက်ဆုံးသွားသည်ကို လိုလားမည် မဟုတ်ပါ။

အကြီးအကဲတောက်ရင် ဂိုဏ်းကို သစ္စာဖောက်သွားစဉ်က မည်သို့တွေးသည်ကို သူ မသိပါ။

ထိုကိစ္စများအား တွေးတောခြင်းမှာ အသုံးမဝင်ပေ။ ဟန်မူယဲ့က သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို အာရုံစိုက်ရပေဦးမည်။

သူသည် အတွင်းစည်းဂိုဏ်းသား ကျောက်ဖူထံသို့ ဦးတည်လိုက်သည်။

အတွင်းစည်းဂိုဏ်း၊ ကျောက်တုံးသုံးတုံး အိမ်တော်။

ကျောက်တုံးသုံးတုံးအိမ်တော်၏ဆရာမှာ ထို့ပါ့ချန် ဖြစ်သည်။ သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မြေကမ္ဘာမျိုးဆက် ထိပ်သီးပညာရှင်ဖြစ်ကာ ဂိုဏ်း၏အကြီးအကဲချုပ်တစ်ဦးလည်း ဖြစ်သည်။

ကျောက်ဖူသည် ထို့ပါ့ချန်၏လက်အောက်တွင် ကျင့်ကြံသည်။

ဟန်မူယဲ့သည် ကျောက်ဖူပေးသော တံဆိပ်ပြားကို ကိုင်ကာ ရောက်လာသည်။ တံခါးစောင့်က တံဆိပ်ပြားကို စစ်ဆေးပြီး ဟန်မူယဲ့အား အထဲသို့ ဝင်ခွင့်ပြု၏။

“ဒီလူက ဘာလို့ ငါတို့ ကျောက်တုံးသုံးတုံးအိမ်တော်ကို ရောက်လာတာလဲ”

ဟန်မူယဲ့ ခြံဝင်းထဲကို ရောက်လာလျှင် တံခါးဝအနီးတွင် အဖြူရောင်ဝတ်လူငယ်တစ်ဦးက မျက်မှောင်ကြုတ်သည်။

“ဟင်း… လင်းရှန်က လက်မလျှော့သေးဘူးပဲ။ ငါက သူ့ကို တပည့်အဖြစ် လက်မခံတော့ သူက ငါ့စီနီယာအစ်ကိုတွေကို လာရှာတဲ့သဘောပဲ”

လူငယ်က ဟန်မူယဲ့အား လှမ်းကြည့်ကာ တီးတိုးရေရွက်သည်။

“သူ့စိတ်နှလုံးက မသန့်စင်ဘူး။ ဒါတောင် ငါ့တပည့် ဖြစ်ချင်သေးတယ်”

“နောက်ပိုင်း မင်း မရှုမလှထွက်သွားရအောင် ငါလုပ်ပေးမယ်”

…

အတွင်းစည်းဂိုဏ်းသည် အမှန်တကယ်ပင် အပြင်စည်းဂိုဏ်းနှင့် ကွဲပြား၏။

ဟန်မူယဲ့ တွေ့မြင်ရသော လူတစ်ယောက်စီတိုင်းမှာ ထူးခြားထက်မြက်ဟန်ရကြသည်။

ကျောက်တုံးသုံးတုံးစံအိမ်သည် ကမ္ဘာမြေဓာတ်ကို ကျင့်ကြံကာ ၎င်းတို့ တပည့်များအားလုံးမှာ သန်မာသော ခန္ဓာကိုယ်များ ရှိကြ၏။

တပည့်အများစုသည် သူတို့၏ဓားသိုင်းများကို အာရုံစူးစိုက်ကာ လေ့ကျင့်နေကြ၏။

သူတို့၏ဓားသိုင်းမှာ အားကြီးပြီး ပြင်းထန်သည်။

မြေကွက်လပ်တွင် အဖြူရောင်ဝတ်လူငယ်တချို့ ဓားသိုင်းများနှင့် လက်သီးသိုင်းများကို လေ့ကျင့်နေကြ၏။

“ဟန်မူယဲ့…”

သူတို့ထဲမှ တစ်ယောက်က ဟန်မူယဲ့ကိုမြင်လျှင် ဝမ်းသာအားရ လှမ်းခေါ်သည်။

ဟန်မူယဲ့ကလည်း ပြုံးလျှက် ပြန်နှုတ်ဆက်သည်။

“စီနီယာအစ်ကို ကျောက်ဖူ”

အရပ်ရှည်ရှည်ဖြင့် သန်မာသော ခေါင်းတုံးလူငယ်သည် မြေကမ္ဘာမျိုးဆက် ပင်မတပည့်တစ်ဦးဖြစ်သော ကျောက်ဖူ ဖြစ်သည်။

ကျောက်ဖူအနီးမှ လူများအားလုံး ဟန်မူယဲ့ကို စိတ်ဝင်တစား ကြည့်ကြသည်။

“ဆက်လေ့ကျင့်ကြ… ငါ သူ့ကို ဆရာ့ဆီ ခေါ်သွားရမယ်”

ကျောက်ဖူက ရယ်မောကာ ဟန်မူယဲ့အား စံအိမ်ထဲသို့ ခေါ်လာသည်။

“ဆရာက မင်းရောက်လာရင် သူ့ဆီ တိုက်ရိုက်ခေါ်လာဖို့ ပြောတယ်”

ကျောက်ဖူသည် အလွန်ရင်းနှီးဖော်ရွေကာ သရုပ်ပြခန်းဆောင်၌ကဲ့သို့ အေးစက်တင်းမာသော ဟန်ပန်ကင်းမဲ့နေသည်။ သူက ဟန်မူယဲ့၏ပုခုံးအား လှမ်းဖက်ရန် ရွယ်လိုက်ပြီးမှ သူကိုယ်တိုင်က အလွန်သန်မာသည်ဟု တွေးထင်ကာ လက်ကို ပြန်ချလိုက်သည်။

သူတို့နှစ်ဦး စံအိမ်ထဲကို ဝင်လာကြသည်။ စံအိမ်မှာ ရိုးရှင်းကာ ရှေးဆန်၏။

“ဆရာ… ဟန်မူယဲ့ ရောက်လာပါပြီ”

ကျောက်ဖူက အသံတိုးတိုးဖြင့် ပြောသည်။

ဆံပင်ဖြူနှင့်အဖိုးအိုတစ်ဦးသည် စားပွဲရှည်ရှေ့တွင် ထိုင်ကာ စုတ်တံတစ်ချောင်းအား ကိုင်ထား၏။ သူသည် တစ်စုံတစ်ခုကို ရေးနေဟန်ရကာ ရုတ်တရက် ရပ်လိုက်ခြင်းက မှင်ရည်များ စာရွက်ပေါ်သို့ စွန်းသွားစေသည်။

အဖိုးအိုက စုတ်တံနှင့် စာရွက်ကို သိမ်းဆည်းလိုက်ကာ သက်ပြင်းချလျှက် မော့ကြည့်သည်။

သူသည် ဝက်ဝံတစ်ကောင်ကဲ့သို့ သန်မာကာ အရပ်ရှည်သည်။ သူ၏မျက်နှာမှာ တည်ငြိမ်ဟန်ရသော်လည်း ဖုံးကွယ်နေသော ကြမ်းကြုတ်မှု အငွေ့အသက်များအား ခံစားနိုင်သည်။

အဖိုးအိုမှာ ကျောက်တုံးသုံးတုံးစံအိမ်သခင် ထို့ပါ့ချန် ဖြစ်သည်။

ဟန်မူယဲ့ ရှေ့ကို တက်သွားကာ ဦးညွှတ်သည်။

“ဟန်မူယဲ့က အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်”

ထို့ပါ့ချန်က ဟန်မူယဲ့အား ကြည့်ကာ ခေါင်းညိတ်သည်။

“ငါက ဓားစံအိမ်အကြီးအကဲကောင်းနဲ့ ဆက်ဆံရေးကောင်းရှိတယ်။ မင်းက ငါ့ကို ဆရာဦးလေးလို့ ခေါ်နိုင်တယ်”

‘အကြီးအကဲကောင်း’

ယခုမှ ဓားစံအိမ်အကြီးအကဲ၏မျိုးရိုးနာမည်မှာ ‘ကောင်း’ ဖြစ်သည်ကို ရီဖူရှင်း သိလိုက်သည်။

“ဆရာဦးလေးကို နှုတ်ခွန်းဆက်ပါတယ်”

ဟန်မူယဲ့က ချောမွေ့စွာ ခေါ်လိုက်သည်။

ဆရာဦးလေးဟု ခေါ်ခြင်းနှင့် အကြီးအကဲဟု ခေါ်ခြင်းက အလွန်ကွာခြားပေသည်။

သူက ဆရာဦးလေးဟု ခေါ်လျှင် ထို့ပါ့ချန်က ပြုံးလျှက် ပြောသည်။

“မင်းဟာ ကျင့်ကြံခြင်းမှာ ပါရမီရှင်လို့ ကျောက်ဖူက ပြောတယ်။ သံမဏိနွားသိုးကျင့်စဉ်ရဲ့လျှို့ဝှက်ချက်ကို မင်း ရှာတွေ့ခဲ့တာဆို”

ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“ကျွန်တော် ပါရမီရှင် မဟုတ်သေးပါဘူး။ အဲဒါက ကံကောင်းသွားတာပါ”

သူ၏စကားများကိုကြားလျှင် ထို့ပါ့ချန်က မာန်မဲသည်။

“မင်းတို့ ဓားစံအိမ်ကလူတွေက အပိုတွေ လျှောက်ပြောတတ်တယ်။ မင်းက အဲဒီလျှို့ဝှက်ချက်ကို တွေ့တာ မင်းရဲ့စွမ်းရည်ပဲ”

‘သေချာတာပေါ့… ခင်ဗျားက ဆရာပဲလေ… ခင်ဗျားသဘောပဲ’

အတွေးထဲမှ စကားများကို မျိုသိပ်ကာ ဟန်မူယဲ့ ဘာမှ မပြောပါ။

“ငါ သံမဏိနွားသိုးကျင့်စဉ်ကို လေ့လာပြီးပြီ။ အဲဒါက မရိုးရှင်းဘူး”

ထို့ပါ့ချန်က ဟန်မူယဲ့ ရောက်လာသော ရည်ရွယ်ချက်ကို နားလည်ဟန်ဖြင့် ပြောသည်။

အကြီးအကဲတစ်ယောက်က ဝိညာဉ်ကျောက်တုံး ၈၀ သာတန်ဖိုးရှိသော ကျင့်စဉ်အား သာမန်မဟုတ်ဟု ပြောခြင်းက အမှန်တကယ် တန်ဖိုးကြီး၍ ဖြစ်ပေမည်။

“ကျောက်ဖူ… ကောင်လေးကို သံမဏိနွားသိုးကျင့်စဉ်ရဲ့ ဆင့်ကဲပြောင်းလဲထားတဲ့နည်းစနစ်ကို ပြလိုက်”

ထို့ပါ့ချန်က ကျောက်ဖူကို ပြောသည်။

ကျောက်ဖူက ခေါင်းညိတ်သည်။ သူက ခြေထောက်ကို ကားလိုက်လျှင် သူ့နောက်၌ အစိမ်းရောင်နွားသိုးပုံရိပ်ပေါ်လာသည်။

သူက လက်ဆန့်ကာ လက်သီးတစ်ချက် ထိုးလိုက်၏။ လက်သီးထိုးချက်တိုင်းသည် တိကျကာ ခွန်အားပြင်း၏။

အားလှိုင်း စီးဆင်းသွားလျှင် ဒုတိယနွားသိုးပုံရိပ်, တတိယ နွားသိုးပုံရိပ်…

နွားသိုးပုံရိပ် မှာ ရှစ်ခုအထိ တိုးလာကာ ကျောက်ဖူ၏အမူအရာမှာလည်း ပိုမိုလေးနက်လာသည်။

ထို့ပါ့ချန်သည်ပင် အနည်းငယ် ထရပ်လိုက်သည်။

ဟန်မူယဲ့၏မျက်လုံးများက စူးရှစွာဖြင့် ကျောက်ဖူကို ကြည့်နေသည်။

သူ၏အာရုံထဲတွင် ပုံရိပ်များ အဆက်မပြတ် ပြေးလွှားနေ၏။

ဝုန်း…

ကျောက်ဖူ၏နောက်တွင် နဝမမြောက် နွားသိုးပုံရိပ် ပေါ်လာသည်။ နွားသိုးကိုးကောင်ပုံရိပ် ဖြစ်လာလျှင် သူတို့သည် အဆက်မပြတ် တုန်ခါကာ ပျောက်ကွယ်သွား၏။

ကျောက်ဖူနှင့် ထို့ပါ့ချန်တို့နှစ်ဦးလုံး စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

ကျောက်ဖူက တီးတိုးရေရွက်သည်။

“နွားသိုးပုံရိပ်ကိုးခု ဖြစ်လာတာဟာ သံမဏိနွားသိုးကျင့်စဉ်ရဲ့ နောက်ဆုံးပုံစံ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က တစ်ခုခုလိုနေတယ်လို့ ခံစားနေရတယ်”

‘တစ်စုံတစ်ခု လိုအပ်နေသည်လား’

ဟန်မူယဲ့၏အာရုံထဲမှ ပုံရိပ်မှာ ပြောင်းလဲသွားကာ ကြီးမားသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။

ဟန်မူယဲ့က ထို့ပါ့ချန်အား ကြည့်ကာ ပြောသည်။

“ဆရာဦးလေး… တကယ်လို့ နွားသိုးပုံရိပ်ကိုးခုဟာ တစ်ခုတည်းဖြစ်လာပြီး ခန္ဓာကိုယ်ထဲ တန်ပြန်ဝင်သွားရင်…”

ဘန်း…

ထို့ပါ့ချန်က စားပွဲကို လက်ဖြင့်ရိုက်လိုက်ကာ အားပါးတရ ရယ်လျှက် ပြောသည်။

“ပုံစံအရင်တည်… ပြီးတော့ သွေးကို စုစည်း… အဲဒါက အကန့်အသတ်မဲ့ပဲ။ ဒါက ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ မူလဇစ်မြစ်ပဲ”

“ငါ့စံအိမ်ကို လာပူးပေါင်းမလား ကောင်လေး…”

All Chapters