အပိုင်း(၃၄၈)
Vol. 24 Ch. 348
“အမှန်ပဲဟ…တကယ့်ကို အဆင့်ခြောက်အဂ္ဂရိတ်သန့်စင်ဆရာခင်ပဲ”
“ဂုဏ်သရေရှိ အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်…ဒါက ငါ့ရဲ့ဘဝမှာ ပထမဆုံအကြိမ် မြင်တွေ့ဖူးတာပဲ”
“သူက ဒဏ္ဍာရီလိုမျိုးပုံရိပ်တစ်ခုပဲ..ဒီအရှင်သခင်က အခြားနိုင်ငံကြီးတွေက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက ကျော်ဇောထင်ရှားတဲ့ သူတစ်ယောက်ပဲဖြစ်ရမယ်..ဒီအရှင်ကဘယ်သူလဲဆိုတာကို သိခွင့်များရှိမလား”
ထိုလေးစားမှုအပြည့်ဖြင့်ပြောဆိုနေကြသော အသံများကိုရင်ဆိုရင်း မိုယန်ကသူ၏ဦးခေါင်းအားဝင့်ကြွားစွာမော့ထားသည်။သို့သော် မိုယန်က သူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ရှစ်ဖုန့်အား သူ၏အသံကို ကူးပြောင်းပို့လိုက်ပြီး မကျေနပ်မှုအပြည့်ဖြင့်ပြောလိုက်သည်။
“ကောင်စုတ်လေး..မင်းကအဲ့လောက် ကောင်းတဲ့သူ မဟုတ်ဖူးဆို ဒီအရှင်သိထားပြီးသား …ဒီအရှင်ထွက်ပြေးမှာကို မင်းကြောက်နေတာလား”
တကယ်လည်းရှစ်ဖုန့်က မိုယန်အား အပြင်သို့ဒီအတိုင်းထုတ်ပေးခဲ့ခြင်းမဟုတ်ပေ။ မိုယန်အားသူထုတ်ပေးသည့်အချိန်တွင် ၎င်း၏ခန္ဓာကိုယ်၌ အမှတ်အသားတစ်ခုအား ထည့်သွင်းထားခဲ့သည်။ အကယ်၍ သူကအပြင်ထွက်ခွာခွင့်ပေးခဲ့လျှင်တောင် မိုယန်၏ အသက်ကရှစ်ဖုန့်၏ လက်အတွင်း၌သာရှိနေလိမ့်မည်ဖြစ်သည်။
“ဒီသခင်လေး က ခင်ဗျားမရိုးမသားလုပ်မှာကိုတော့ တကယ်ကြောက်တယ်..တကယ်တမ်းမှာ ခင်ဗျားသာ ဒီသခင်လေးနဲ့ ပူးပေါင်းဆောင်ရွက်တာနဲ့ ခင်ဗျားတော်တော်လေး ကောင်းမွန်တာကိုခံစားရမှာပါ”
ရှစ်ဖုန့်က မိုယန်အား သူ၏ ဝိညာဉ်စွမ်းအားဖြင့်ပြန်ဖြေလိုက်သည်။
“မင်းဖင်ကြီးပဲကောင်းပါ့လား”
မိုယန်က အထင်သေးစွာဖြင့်နှာခေါင်းရှုံ့လိုက်သည်။
အချိန်တိုလေးအတွင်း လူအုပ်ကြီး၏ စိတ်လှုပ်ရှားစွာဖြင့် အလန့်တကြားအော်ပြောမှုများကြောင့် ရှစ်ဖုန့်နှင့် မိုယန်တို့၏ ပတ်လည်တွင် လူအုပ်ကြီးတစ်ခုက စက်ဝိုင်းတစ်ခုကဲ့သို့ရှိနေခဲ့ပြီးဖြစ်လေသည်။သူတို့၏ကြားထဲတွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ အကူမိန်းကလေးများလည်းပါရှိသလို အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်များလည်းပါရှိသည်ဖြစ်သည်။
“အရှင်….အရှင်နဲ့ဒီအရှင်သခင်တို့ က ဘယ်သူတွေများပါလဲ”
ရှစ်ဖုန့်အားစောပိုင်း ကဝန်ဆောင်မှုပေးခဲ့သော လှပသည့်အကူမိန်းကလေးသည်လည်း လူအုပ်အတွင်းရှိနေခဲ့သည်ဖြစ်သည်။ ရှစ်ဖုန့်နှင့်မိုယန်တို့ အတူတကွရပ်နေသည်အားသူမမြင်တွေ့လိုက်ရသောအခါတွင် ကြောက်လန့်မှုများဖြင့်ပြည့်နှက်သွားရပြီး ရှစ်ဖုန့်အား အားနည်းဖျော့တော့စွာဖြင့် မေးလိုက်သည်။
သူမအနေဖြင့် သူမစော်ကား ရန်အားမထုတ်သင့်သောသူတစ်ယောက်အား ဒေါသထွက်အောင်လုပ်ခဲ့မိပြီဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။
အကူမိန်းကလေး၏ မေးခွန်းအား ပြန်ဖြေရန်တွက် ရှစ်ဖုန့်က မိုယန်အားထိုးညွှန်ပြပြီး ထီမထင်ဟန်ဖြင့်ပင် ပြောလိုက်သည်။
“ဒါကမိုယန်လို့ခေါ်တဲ့ လူအိုကြီးမိုပဲ..သူ့က ဒီသခင်လေးရဲ့နောက်လိုက်တစ်ဦးဖြစ်တယ်”
“ဘာ”
ရှစ်ဖုန့်၏ စကားတို့က လူအုပ်ကြီးအားတုန်လှုပ်အံ့အားသင့်သွားစေသည်။ ဤကဲ့သို့ မြင့်မြတ်ပြီး ဂုဏ်သရေရှိသော အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ဦးက သူ၏နောက်လိုက်တဲ့လား။
“မို…မိုယန်..သိပြီ..ငါသိပြီ..သူက ထျန်းလန်အင်ပါယာက အဂ္ဂရိတ်သန့်စင် ဆရာသခင်များအစည်းအရုံးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ မိုယန်ပဲ …ဆရာသခင်မို…သူရဲ့ဂုဏ်သတင်းက အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးကိုတောင် ဖြတ်ကျော်ပြီး သိရှိကြတယ်”
“ဒီလူကဘယ်သူလဲကွ…သူကထပ်ပြီးတော့အသက်မရှင်ချင်တော့တာလား…ဘယ်လိုဖြစ်ပြီးတော့ ဆရာသခင်မိုကို သူ့နောက်လိုက်လို့ခေါ်ရဲရတာလဲ”
“မင်းဒီပုဂ္ဂိုလ်ကိုမသိဘူးလား…သူကယွင်လိုင်အင်ပါယာရဲ့ စစ်နတ်ဘုရား ရှစ်ဖုန့်ပဲ”
“ဘာ…သူကရှစ်ဖုန့်..အရူး……စစ်နတ်ဘုရားရှစ်ဖုန့်”
“ဒါပေမဲ့ ဆရာသခင်မိုက ဘယ်လိုဖြစ်ပြီးတော့သူ့နောက်လိုက်ဖြစ်နိုင်မှာလဲ…ဒါက မြင့်မားပြီးအရှိန်အဝါကြီးမားတဲ့ နှိုင်းယှဉ်လို့တောင်မရနိုင်တဲ့ ဂုဏ်သရေရှိ အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်လေ…ထျန်းလန်အင်ပါယာရဲ့ ဧကရာဇ်က ဆရာသခင်မိုကိုတွေ့ရင်တောင် လေးလေးစားစားနဲ့ဆက်ဆံရမှာကို”
သို့သော်ခဏအကြာတွင် ရှစ်ဖုန့်က မိုယန်အားသူ၏နောက်လိုက်ဟုပြောဆိုခဲ့သော်လည်း မိုယန်က လူအများမျှော်လင့်ထားသကဲ့သို့ ဘာပေါက်ကွဲမှုမှမဖြစ်သည်ကို လူအများမှာတွေ့လိုက်ကြရသည်။ထိုအစားသူက သူက ခေါင်းကိုခပ်မြင့်မြင့်မော့ထားဆဲဖြစ်ပြီးဘာစကားကိုမှမပြောပေ။ ယင်းမှာဆရာသခင်မိုအနေဖြင့် ရှစ်ဖုန့်၏ စကားတို့အား သဘောတူညီသည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။
မိုယန်တွင် မျက်စိမှိတ်သဘောတူညီရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ယခုအချိန်တွင် သူ၏အသက်ကရှစ်ဖုန့်၏လက်အတွင်း၌ရှိသည်ဖြစ်သည်။သူ့အနေဖြင့်မည်ကဲ့သို့ အထက်စီးမှနေ၍ ရှစ်ဖုန့်၏ဆန္ဒအား ဆန့်ကျင်ရဲပါမည်နည်း။ ဤကဲ့သို့အချိန်တိုလေးအတွင်း သူ့အနေဖြင့် စိတ်ထဲ၌ရှစ်ဖုန့်အား အကြိမ်ရာဂဏန်းများစွာ ကြိမ်းမောင်းဆဲဆိုပြီးဖြစ်သည်။
“ဆရာသခင်မို…သူကတကယ်ပဲ ရှစ်ဖုန့်ရဲ့ နောက်လိုက်လား”
“ငါအစကတော့ဒါကို မယုံခဲ့ဘူး..ဒါပေမဲ့ ဆရာသခင်မိုက ဘာစကားမှမပြောဘူး…ဒါကအမှန်ပဲဆိုတာသိသာတယ်…ဘုရားရေ …ဒီရှစ်ဖုန့်က အရမ်းကိုမယုံနိုင်စရာကောင်းတာပဲ…သူကတကယ်ကြီးဆရာသခင်မိုကိုတောင်လိုလိုလားလားနဲ့ သူ့နောက်လိုက်ဖြစ်အောင်လုပ်နိုင်တယ်”
“မင်းကြီးတော်ကြီးကိုပဲသွားလိုလိုလားလားပါလား”
မိုယန်မှာထိုကဲ့သို့ပြောခဲ့သောသူအား နှလုံးသားထဲမှနေ၍ ကြိိမ်းမောင်းဆဲဆိုလိုက်သည်။ ဤကဲ့သို့မြင့်မားသောအဆင့်အတန်းမျိုးဖြင့် မည်ကဲ့သို့သူက တစ်စုံတစ်ယောက်၏ နောက်လိုက်ဖြစ်လိုပါမည်နည်း။ ၎င်း၏ဦးနှောက်ထဲတွင်တစ်ခုခုများမှားယွွင်းနေပါ၏လော။
“သောက်ရူး..မင်းဦးနှေက်က တကယ့်ကိုသောက်ရူးဦးနှောက်ပဲ”
ဤအခိုက်အတန့်၌ မိုယန်မှာ ရူးသွပ်သွားလုနီးပါးပင်ဖြစ်သည်။သူကအမြင့်တန်း ဝင့်ကြွားမော်ကြွားစွာနေခဲ့သူဖြစ်ပြီး ဤအချိန်၌ သူ့နေဖြင့် တွင်းတစ်တွင်းတွင်သာ သွား၍ ပုန်းအောင်နေချင်နေတော့သည်။ သူကခေါင်းကိုမော့ထားပြီး ယင်းက မမှန်ကန်သလိုခံစားရသည်။ အကယ်၍များသူ၏ခေါင်းအားငုံ့ထားခဲ့လျှင် ယင်းကပို၍ မှားယွင်းသည်ဟုပင် ခံစားရသည်။သူသည်တကယ့်ကိုရှစ်ဖုန့်၏ နောက်လိုက်တစ်ယောက်အဖြစ်ရှုမြင်ခံနေရလေသည်။
ဤအချိန်တွင် ရှစ်ဖုန့်နှင့်မိုယန်တို့၏ရှေ့၌ လူအုပ်ကြီးက လမ်းကြောင်းတစ်ခုကို ဖွင့်ဟပေးလိုက်သည်။ ပွရောင်းသော အဖြူရောင်ဝတ်ရုံတို့ကိုဝတ်ဆင်ထားသည့် အဂ္ဂရိတ်သန့်စင်ဆရာသခင်အုပ်စုတစ်ခုက သူတို့ထံသို့လျှောက်လှမ်းလာနေသည်။
“ဆရာသခင်..ဆရာသခင်မိုယန်..တကယ်ပဲ ဆရာသခင်ပဲကိုး”
ရှေ့ဆုံးတွင် ရှုပ်ပွနေသောအဖြူရောင်ဆံပင်များနှင့် စုတ်ဖွာနေသော အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် အစောပိုင်းကလေးတင်ကျရှုံးမှုတစ်ခုအားရင်ဆိုခဲ့ရပုံပေါ်သော အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်က မိုယန်အားမြင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
ဤပုဂ္ဂိုလ်မှာ ချင်ယွမ်ဖြစ်သည်။သူသည်လက်ရှိ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်သည်။ချင်ယွမ်အနေဖြင့် အဆင့်ငါးဆေးလုံးအား လျှို့ဝှက်အခန်းအတွင်းသန့်စင်နေခဲ့သည်မှာသုံးရက်သုံးညတိုင်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် အခြားသောအဂ္ဂရိတ်သန့်စင်ဆရာသခင်တို့က အခန်းအတင်းဇွတ်ဝင်လာခဲ့ပြီး ဆရာသခင်မိုယန် ဤနေရာသို့ရောက်နေကြောင်းကို ချင်ယွမ်အားပြောခဲ့သည်။ ဤအရာအားကြားလိုက်ရသောအခါတွင် ချင်ယွမ်မှာ သန့်စင်နေခြင်းအား အလျှင်အမြန်ရပ်တန့်လိုက်သည်။ရလဒ်အနေဖြင့်မီးတောက်များ ဒယ်စောက်အတွင်းပြည့်လျှမ်းသွားကာ လောင်ကျွမ်းသွားကာ ချင်ယွမ်အား လက်ရှိအခြေအနေသို့စိုက်ရောက်စေခဲ့ခြင်းဖြစ်သည်။
သို့သော်ချင်ယွမ်တွင် သူ၏ အဝတ်အစားများအား လဲရန်အတွက်အချိန်မရခဲ့ပေ။သူကအလျှင်အမြန်ပြေးလာခဲ့ပြီး မိုယန်အားကြိုဆိုရန်အတွက် အဂ္ဂရိတ်သန့်စင်ဆရာသခင်အုပ်စုအားခေါ်ဆောင်လာခဲ့သည်။
ချင်ယွမ်က အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံး၏ ဥက္ကဋ္ဌတစ်ယောက်ဖြစ်သော်လည်း ထျန်းမြောင်အင်ပါယာ၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ ထျန်းလန်အင်ပါယာ၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ လက်အောက်မှဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်သော အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ သဘာပတိများနှင့် အကြီးအကဲများက အဆင့်နိမ့်အစည်းအရုံးများ၏ သဘာပတိဥက္ကဋ္ဌများနှင့်အကြီးအကဲများအား ခန့်အပ်ခြင်းတို့ကိုပြုလုပ်ရန်အတွက် ဆွေးနွေးခြင်းကိုပြုလုပ်နိုင်ကြသည်ဖြစ်သည်။ အကြီးအကဲတစ်ဝက်က သဘောတူညီမှုရှိသည်နှင့် သူတို့အနေဖြင့် ချင်ယွမ်၏ သဘာပတိနေရာအား ဖယ်ရှားပစ်နိုင်သည်ဖြစ်သည်။
ထို့အပြင်မိုယန်မှာ သူ့အား ဖယ်ရှားခြင်းကို ပြုလုပ်ရန်အတွက် မဲပေးခြင်းကိုပြုလုပ်နိုင်စွမ်းရှိသော အကြီးအကဲများထဲမှတစ်ယောက်ဖြစ်သည်။ ချင်ယွမ်မှာ မိုယန်အား အကြိမ်များစွာ မြင်တွေ့ဖူးပြီး ဤပုဂ္ဂိုလ်က သူ၏ ဂုဏ်သတင်းအား ဂရုစိုက်ပြီး သဘောထားသေးသိမ်သောသူဖြစ်သည်ကိုသူသိသည်ဖြစ်သည်။အကယ်၍သူက မတော်တဆများ မိုယန်အားစော်ကားမိခဲ့သည်ရှိသော် သူ၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်အစည်းအရုံး၏ သဘာပတိနေရာအား ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကား မိုယန်မှာ ထျန်းလျန်အင်ပါယာ၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၌ နေ့တိုင်းနေထိုင်ခဲ့ပြီး သဘာပတိများအကြီးအကဲများနှင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံး၏ပညာရပ်များအား အတူတကွလေ့လာမှုပြုလုပ်ကြမည်ဖြစ်သည်ကို ချင်ယွမ်ယုံကြည်သည်။ ဤလူများမှာ မိုယန်နှင့် အထူးတလည်ဆက်ဆံရေးမျိုးရှိကြမည်သာဖြစ်သည်။ မိုယန်သာ ပါးစပ်လေးဟလိုက်ရုံနှင့်သူ၏ သဘာပတိဟူသော နေရာအား ဆုံးရှုံး ရလိမ့်မည်ဖြစ်သည်။
ထို့ကြောင့်လည်းချင်ယွမ်မှာ မိုယန် ရောက်ရှိနေသည်ဟု ကြားပြီးနောက် အလျှင်အမြန် အပြေးအလွှားရောက်လာခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မိုယန်အား စော်ကားမိသလိုဖြစ်မည်ဖြစ်သောကြောင့် နှောင့်နှေးကြန့်ကြာရဲခြင်းမရှိခဲ့ချေ။
အချို့သောလူများမှာ မိုယန်၏ သရုပ်မှန်အား သံသယဝင်ခဲ့ကြပြီး မိုယန်၏ဝတ်ရုံနှင့် တံဆိပ်တို့က အတုဟုပင် ထင်နေခဲ့ကြသည်။
သို့သော်ယခုအခါ၌ မြင့်မားပြီး အရှိန်အဝါကြီးမားသော အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံး၏ သဘာပတိဖြစ်သူ ချင်ယွမ်က တကယ်ကြီးထွက်လာခဲ့ပြီး ဤကဲ့သို့သော အသွင်အပြင်ဟန်ပန်မျိုးဖြင့် နှုတ်ဆက်လေသည်။မိုယန်မှာ အဆင့်အတန်းမြင့်မားသော သဘာပတိတစ်ယောက်ဖြစ်ပြီး အမြဲတမ်းသူတို့က ၎င်းအားတွေ့လိုက်တိုင်းတွင် ကွဲပြားသော အမူအယာတစ်ခုကို ထိန်းထားမြဲဖြစ်လေသည်။ သို့သော်ယခုအခါတွင် သူသည်အထက်လူကြီးတစ်ယောက်အား တစ်ဦးနှင့်တွေ့ဆုံနေရသော လက်အောက်ငယ်သားတစ်ယောက်၏ပုံစံကဲ့သို့ဖြစ်နေ၏။
ချင်ယွမ်၏ ပုံပန်းသွင်ပြင်မှတစ်ဆင့် မည်သူကမျှ မိုယန်၏ စစ်မှန်မှုအား ထပ်မံ၍ သံသယမဝင်ရဲကြတော့ချေ။
သူတောင်းစားတစ်ယောက်ကဲ့သို့ပုံစံပေါက်နေသော မိုယန်အား ကြည့်လိုက်ပြီး မိုယန်မှာ သူ၏ ခေါင်းအား ဝင့်ကြွားစွာမော့ထားဆဲဖြစ်ကာ ၎င်းအား ခေါင်းညိမ့်ပြလိုက်သည်။ သူကပြောလိုက်သည်။
“နှစ်တွေအများကြီး မတွေ့ရတာကြာပြီဖြစ်တာတောင် မင်းဒီအရှင်ကိုမှတ်မိနေအုံးမယ်လို့မထင်ထားဘူး”
“ဒါပေါ့..နှစ်တွေအများကြီးကုန်ဆုံးသွားတာတောင် အရှင်က အမြဲတမ်းတော်ဝင်ဆန်နေတုံးပါပဲ”
ချင်ယွမ်ကပြုံးလိုက်သည်။ သို့သော် သူ၏အိုမင်းသောမျက်နှာထက်တွင် အညစ်အကြေးများကဖုံးလွှမ်းနေပြီး သူပြုံးလိုက်သောအခါတွင် သူတောင်းစားအိုကြီးတစ်ယောက်က ငွေကြေးအတွက်တောင်းရမ်းနေသကဲ့သို့ပုံစံပေါက်နေသည်။ဩ
“အား..ပြီးသွားပြီ..ပြီးသွားပြီး..ငါတကယ်ကြီးဒီလိုမျိုးနောက်လိုက်ရှိတဲ့ ကြီးမားတဲ့ပုံရိပ်ကြီးကိုမှ စော်ကားမိခဲ့တယ်”
လှပသော အကူမိန်းကလေးကလည်း မိုယန်၏ သရုပ်မှန်အား စတင်သံသယဝင်ခဲ့သည်။ အကယ်၍သူသာ ဤကဲ့သို့ကြီးမားသောပုံရိပ်တစ်ခုရှိသူဖြစ်နေခဲ့လျှင် အဘယ်ကြောင့်များသူက တစ်စုံတစ်ဦး၏နောက်လိုက်အဖြစ်ဆန္ဒရှိနိုင်ပါမည်နည်း။
သို့သော်ယခုအခါတွင် ဂုဏ်သရေရှိ သဘာပတိကိုယ်တိုင်ကိုယ်ကျပင်လျှင် သူ၏နောက်လိုက်များဖြင့်ထွက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ဤကြီးမားသောပုံရိပ်ရှိသူမှာ မယုံနိုင်စရာကောင်းလောက်အောင်ထူးခြားသောသူတစ်ဦးဖြစ်ရမည်ဖြစ်သည်။
“သူက သူ့ရဲဒေါသတရားကို ငြိမ်းဖို့အတွက်..သဘာပတိက ငါ့. ငါ့ကို….ငါ့ကို သူ့အတွက် ဝန်ဆောင်မှုပေးခိုင်းလောက်တယ်..ဒါ..ဒါပေမဲ့ ဒါက ငါ့အတွက် ပထမဆုံးလေ..ပြောကြ တာ ပထမဆုံးအကြိမ်က နာတယ်တဲ့…လူတွေအဲ့တာကို မလုပ်နိုင်ဘူးတဲ့”
သို့သော် ပြောရလျှင် သူမအနီးကပ်ကြည့်လိုက်သောအခါ၌ ဤကြီးမားသောပုံရိပ်ရှိသူမှာ ကြည့်ရမဆိုးပေ။ ထိုထက်ပိုသည်ကားသူသည်အရမ်းငယ်ရွယ်ပြီး အံ့ဖွယ်ကောင်းလောက်အောင်ထူးခြားသော ကြီးအားသည့် ပုံရိပ်တစ်ခုဖြစ်သည်။
“ဒါ..ဒါပေမဲ့..သူအဲ့လိုအရာမျိုးတွေကိုတော့ မလုပ်နိုင်လောက်ပါဘူး”
လှပသော အကူမိန်းကလေးမှာ သူမ၏နှလုံးသားထဲ၌ စိတ်ရှုပ်ထွေးမှုများဖြင့် ပြောလိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE