သူမ၏ စိတ်ကို ဖတ်လို့မရဘူး။
Vol. 1 Ch. 12
"သူမ မသေသေးဘူး ငါ့ကိုဖမ်းလို့မရဘူး!"
လုရှန်း အသက်ရှင်နေသေးတာကို အမျိုးသမီး လျို မြင်တော့ ဒေါသဖြစ်သွားသည်။ အမျိုးသမီး လျို အစောင့်အကြပ်များစီကနေ လွတ်မြောက်ဖို့ ကြိုးစားပေမဲ့လည်း သူတို့ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။
"သူမ မသေသေးပေမယ့် ရွမ်ယွဲ့ တိုင်းပြည်မှာ အကြောင်းပြချက်ကောင်းမရှိဘဲ ဆွေမျိုးတစ်ယောက်ကို သတ်လိုက်တာဟာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆယ်ခုထဲက တစ်ခုလို့ ဆိုထားတယ် ။ ဒါကြောင့် တရားခံကို သေသေချာချာ အရေးယူသင့်တယ်။"
အေးစက်စက်အသံကိုကြားတော့ လူတိုင်းက အဖြူရောင်ဝတ်စုံ ဝတ်ထားသော ကို ချောမောသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
လုရှန်း အမျိုးသမီးတစ်ယောက်နောက်ကျောကနေ ခေါင်းကို ငုံထားပြီး စကားပြောသူကို ချောင်းကြည့်သည်။
အမျိုးသမီး လျို ချူစီဟန် စူးစူးစိုက်စိုက်ကြည့်၏။ အမျိုးသမီး လျို ရဲ့အကြည့် ကြောက်စရာကောင်းနေ၏။
ချုစစ်ဟန် အမျိုးသမီး လျို လှမ်းကြည့်ပြီး အုပ်ချုပ်ရေးအရာရှိ ဝမ် ကို လက်ဝေ့ယမ်းပြလိုက်၏။ “ ခေါ်သွား။"
"မဟုတ်ဘူး! မဟုတ်ဘူး! သူမ အသက်ရှင်နေသေးတယ်လေ! မင်းငါ့ကိုဖမ်းလို့မရဘူး!"
အမျိုးသမီး လျို ရဲ့ ကြည်နူးမှု အမူအရာ ချက်ခြင်း ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှု လွှမ်းသွားသည်။
"အမေ၊ အမေ!"
လုဂျန် နဲ့ လုရှင်း ဘာတွေဖြစ်နေတာလဲ မသိကြဘူး ။ တစ်စုံတစ်ယောက်က မိခင်ကို ဖမ်းထားတာကိုတွေ့တော့ ကြောက်ရွံ့သွားသည်။
လုဒါဟွား သူတို့ကို နောက်ပြန်ဆုတ်လိုက်ပြီး အမျိုးသမီး လျို အနားကို မကပ်ဖို့ တားသည်။ သူ လုရှန်း ကို ကျေနပ်စွာ ကြည့်နေ၏။
ကောင်းလိုက်တာ!
ငါ့ ငွေငါးရာရဖို့ အခွင့်အရေးရှိသေးသည်။
အမျိုးသမီး လျို နဲ့ လုနိုင်း တို့ကို ဆွဲထုတ်သွားတာကို မြင်တော့ လုရှန်း သူမ ရဲ့ မျက်ရည်များကို သုတ်လိုက်ပြီး ကြောက်နေဟန်အမူအရာဖြင့် ကျေးဇူးတင်စကားပြော၏။
ရွာသားတွေက သူမကို နှစ်သိမ့်ပြီး တစ်ခုခုဖြစ်ခဲ့ရင် သူမ ဘက်ကနေ သက်သေပြဖို့ ဆန္ဒရှိကြောင်း ပြောသည်။ ထို့နောက် သူတို့ထွက်သွားကြသည်။
ချုစစ်ဟန် ရဲ့ စပ်စုသော အကြည့် လုရှန်း ဆီကို ရောက်သွားသည် ။ အစောပိုင်းက သနားစရာကောင်းပြီး ပျော့ညံ့ နေပေမဲ့ နီရဲနေတဲ့ မျက်လုံးများက သူ့ကို တောက်ပသော အပြုံးတစ်ခု ပြုံးပြနေခဲ့သည်။
ချုစစ်ဟန် စကားမပြောဘဲ ကျန်ရစ်ခဲ့တော့သည်။
ဒီမိန်းကလေး ရဲ့ အမူအရာက မြန်လိုက်တာ။
ဒီမြင်ကွင်းကြောင့် ချုယွမ် ခဏတာ ထိတ်လန့်သွားသည်။
"လုရှန်း မင်းနေကောင်းလို့ အဖေ အရမ်းဝမ်းသာတယ် "
လုဒါဟွား ငိုနေသေးသည့် လုဂျန် နဲ့ လုရှင်း တို့ကို လွှတ်ပေးလိုက်ပြီး လုရှန်း ကို ပြုံးပြုံးလေးပြောသည်။ "မြန်မြန် သန့်ရှင်းရေးသွားလုပ်။ နောက်ကျ မင်းကို ချူအိမ်တော်ဆီ ခေါ်သွားမယ်။"
စိတ်ကောင်းရှိတဲ့ လုရှန်း လုဒါဟွားကို မြင်တာနဲ့ အုံ့မှိုင်းသွား၏။
လုဒါဟွား လုရှန်းကို လျစ်လျူရှုပြီး ချုစစ်ဟန် နဲ့ ချုယွမ် ကို ဦးညွှတ်လိုက်၏။
ထို့နောက် လုရှန်း လုဒါဟွားကိုဖြတ်ကာ အိမ်ထဲဝင်လာခဲ့သည်။ လုဒါဟွား လုရှန်း ကို ချု အိမ်တော်ဆီ ခေါ် သွားမယ်ဆိုတာ ကြားချိန် ချုစစ်ဟန် နဲ့ ချုယွမ် ကွဲလွဲသောအမူအရာတစ်ခုပေါ်လာသည်။
လုဒါဟွား နှစ်ယောက်စလုံးကို ပြုံးပြပြီး သူ့သမီးကို လုမိသားစုရဲ့ ခြံဝင်းဆီ ပြန်ခေါ် သွား၏။
လျိုယွဲ့ ရွာက ထွက်ခွာပြီး နောက် ချုယွမ် က "တိုင်းပြည်နတ်ဆရာ ပြောချက် အရ သူတောင်းစားက သခင် နဲ့တွေ့ဖို့ ရည်မှန်းထားတဲ့မိန်းကလေး ဆိုတာ ကျွန်တော် မယုံနိုင်ဘူး!"
"တိုင်းပြည်နတ်ဆရာ က တကယ်ကို အားကိုးလို့မရဘူး။ သခင်လို အထင်ကြီးလောက်တဲ့ သူက ဒီလို မိန်းမနဲ့ ဘယ်လိုလုပ်လက်ထပ်လို့ရမှာလဲ? "
ချုစစ်ဟန် စကားမပြော။ မြင်းစီးရင်း ရှေ့ကို အေးအေးဆေးဆေး ကြည့်နေသည်။
သို့သော် သူ မအံ့သြဘဲ မနေနိုင်ဘူး။
လီကျန်း (ရွာသူကြီး) တို့လင်မယားဆီ က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ မိန်းကလေးဟာ သူစိမ်းတွေရဲ့ အလွယ်တကူ ခြိမ်းခြောက်ခံရနိုင်လောက်ပြီး ရှက်တတ်ပြီး ဆိတ်ငြိမ်တဲ့ မိန်းကလေး ဖြစ်သည်။
ဒီမိန်းကလေးကို နှစ်ကြိမ်သာမြင်ဖူးပြီး သူမနဲ့ မဆက်ဆံဖူးပေမဲ့လည်း သူမက သူတို့ပြောထားတာနဲ့ လုံးဝကွဲပြားနေတာကိုခံစားမိသည်။
သူမ အသက်ရှင် နေပေမဲ့ လု မိသားစုစီကို ချက်ခြင်းပြန်မရောက်သေးဘဲ မြို့ထဲသို့သွားရန် ရွေးချယ်ခဲ့သည်။
ဒီနေ့လည်း ပုံစံတူ အဖြစ်အပျက်မျိုး ကြုံခဲ့သည်။ လုမိသားစုမှာ ဒီလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ရှိနေပေမဲ့လည်း သူမ ဘာလို့ အိမ်ကို ချက်ချင်းမသွားတာလဲ။
မိထွေးဖြစ်သူ အမှန်တရားကို ထုတ်ဖော်မပြမချင်း စောင့်နေခဲ့ပြီး အုပ်ချုပ်ရေးအရာရှိ ဝမ် က သူတို့ကို ဖမ်းဆီးလိုက်ပြီဆိုမှ သူမ မျက်နှာကို ထုတ်ဖော်ပြသခဲ့သည်။
ချုစစ်ဟန် အစောပိုင်းက ဒါကို သိပ်ဂရုမစိုက်ပေမဲ့ သေသေချာချာ တွေးကြည့်လိုက်တော့သူမ ခြေလှမ်းတိုင်း ကို တွက်ချက်ခဲ့တာခံစားရသည်။
သူမ အစကတည်းက အရာအားလုံးကို စီစဉ်ခဲ့တာလား ဒါမှမဟုတ် အရာအားလုံးက တိုက်ဆိုင်မှုတစ်ခုလား။
သူ မျက်လုံးကို အနည်းငယ်မှိတ်လိုက်သည်။ တခြားသူတွေရဲ့ စိတ်ကို ဖတ်တာ ကျွမ်းကျင်ပေမဲ့ သူမ ရဲ့ စိတ်ကို ဖတ်လို့ မရဘူးဆိုတာကို ရုတ်တရက် သိလိုက်ရသည်။
ပြီးတော့ ဒီမိန်းကလေးက အသက် 16 နှစ်သာ ရှိသေးသော လယ်သူမလေး။