အပိုင်း (၃၄၉)
Vol. 24 Ch. 349
ချင်ယွမ်၏သူ့အား ယခင်အတိုင်းခန့်ညားနေဆဲဖြစ်ကြောင်းပြောသည်ကိုကြားလိုက်ရသောအခါတွင် မိုယန်က ခေါင်းညိမ့်ပြီးသဘောတူလိုက်သည်။ သူက ဝင့်ကြွားစွာဖြင့်ပြောလိုက်၏။
“ဒီနှစ်တွေတစ်လျှောက်လုံးမှာ ဒီအရှင်က ဒီအရှင်ရဲ့ ရုပ်ရည်ရူပကာပေါ်မှာ ကျင့်ကြံမှုတွေကို ပြုလုပ်ခဲ့တယ်….ဒါကြောင့်လဲ ဒီအရှင်က အရင်အတိုင်း ချောမောခံ့ညားနေတယ်လို့ မင်းထင်ရတာပဲ..တကယ်တော့ ဒီအရှင်အနေနဲ့ အရင်ကထက်တောင် ဒီအရှင်က ချောမောခံ့ညားလာတယ်လို့ထင်နေသေးတယ်”
“ဟားဟား အမှန်ပါပဲ အရှင် အရှင်က တကယ့်ကို ယခင်ကထက်ပိုပြီးအများကြီး ငယ်ရွယ်နုပျိုလာသေးတယ်”
ချင်ယွမ်မှာ ပိန်သွယ်သောသူတစ်ယောက်ဖြစ်သည်။သူ၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏ သဘာပတိနေရားအား အာမခံချက်ရရှိနိုင်ရေးအတွက် ချင်ယွမ်မှာ အစည်းအရုံးခန်းမအတွင်းရှိလူတိုင်း၏ရှေ့မှောက်တွင် မိုယန်အား မျက်နှာချိုသွေးနေ၏။
ထို့နောက်တွင်ချင်ယွမ်မှာ မိုယန်၏ဘေးတွင်ရပ်နေသော ရှစ်ဖုန့်အားသတိထားမိသွားပြီး ပြောလိုက်သည်။
“ဒီလူငယ်လေးက အရှင့်ရဲ့တပည့်များလား..မျှော်လင့်ထားသလိုမျိုးပါရမီရှိတဲ့လူတစ်ယောက်ပါပဲ”
ချင်ယွမ်က အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးခန်းမအတွင်းနောက်ကျမှရောက်လာသောကြောင့် သူ့အနေဖြင့် ရှစ်ဖုန့်၏ ပြောစကားအားမကြားခဲ့ပေ။
ရှစ်ဖုန့်က ခေါင်းခါလိုက်ပြီး မိုယန်အားညွှန်ပြလိုက်ကာ ပြောလိုက်သည်။
“မဟုတ်ဖူး..သူကမှဒီသခင်လေးရဲ့နောက်လိုက်”
“အင်း ဟုတ်တယ် မင်းသာ အရှင်မိုနောက်ကိုလိုက်ပါတာနဲ့ မင်းမှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိလာလိမ့်မယ်”
ချင်ယွမ်က အကြီးအကဲတစ်ဦး၏ဟန်ပန်ဖမ်း၍ ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်သည်။
သို့သော် ချက်ချင်းပဲ ရှစ်ဖုန့်၏စကားလုံးများ ရိုက်ခက်မှုကိုခံလိုက်ရသည်။ သူ၏ အမူအယာက သိသိသာသာကိုပြောင်းလဲသွားခဲ့ပြီး မယုံကြည်နိုင်သော အမူအယာတစ်ခုကို လှစ်ဟာပြနေသည်။သူအနေဖြင့် နားကြားများမှားသွားသလားဟုပင်ထင်ရသည်။ သူကအလန့်တကြားဖြင့်ပြောလိုက်သည်။
“မင်းခုဏက ဘာပြောလိုက်တာလဲ”
ချင်ယွမ်က မသိစိတ်က ရှစ်ဖုန့်အား မိုယန်၏တပည့်အဖြစ်တွေးထင်ခဲ့ပြီး ထို့ကြောင့်လည်းရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏ မိုယန်၏နောက်လိုက်ဖြစ်သည်ဟုပင် သူ၏မသိစိတ်က ယူဆခဲ့ခြင်းဖြစ်သည်။
ချင်ယွမ်သည်သာမကဘဲ သူ၏နောက်တွင် ရှိနေကြသော အဂ္ဂရိတ်သန့်စင်ဆရာသခင်များပင် တုန်လှုပ်အံ့အားသင့်သွားကြသည်။သူတို့ထဲက အများစုက မိုယန်၏ နမည်အားကြားဖူးကြသော်လည်း မိုယန်ကိုတော့တွေဖူးခြင်းမရှိကြချေ။ ချင်ယွမ်၏မိုယန်အပေါ်ထားရှိသော သဘောထားနှင့် မိုယန်၏ အဂ္ဂရိတ်သန့်စင် ဆရာသခင်ဝတ်ရုံပေါ်ရှိ အဆင့်ခြောက်အမှတ်တံဆိပ်တို့အား မြင်တွေ့ရသောအခါမှသာ မိုယန်၏ မြင့်မားသော အဆင့်အတန်းအား အလိုအလျောက်နားလည်သွားကြခြင်းဖြစ်သည်။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များကြားထဲတွင် တုန်လှုပ်အံ့အားသင့်မှုအဖြစ်ရဆုံးသောသူမှာ ရှစ်ဖုန့်ထံမှ အရောင်စိုပန်းအားခိုးယူခဲ့သည် အဆင့်လေး အဂ္ဂိိရိတ်သန့်စင်ဆရာသခင် ယောင်ယွင်ဟုခေါ်သည့် လှပသော အမျိုးသမီးပင်ဖြစ်သည်။အဆင့်လေး အဂ္ဂရိတ်သန့်စင်သူတစ်ယောက်အနေဖြင့် ယောင်ယွင်၌မြင့်မားသောအဆင့်အတန်းရှိပြီး သူမက သဘာပတိ ချင်ယွမ်၏ နောက်နား၌ ရပ်နေသည်။
ဤအချိန်၌ သူမအနေဖြင့် စော်ကားဖို့ကြားစားအားထုတ်ရန်မသင့်သောသူတစ်ယောက်အား သူမစော်ကားခဲ့မိလိုက်သည်ကိုသဘောပေါက်လိုက်သည်။
ရှစ်ဖုန့်က ချင်ယွမ်၏မေးခွန်းအားပြန်မဖြေခဲ့ပေ။ ထိုအစားသူက မိုယန်ကိုအေးစက်စွာအော်ပြောလိုက်သည်။
“လူအိုကြီးမို ခင်ဗျားဘာဖြစ်နေတာလဲ..မြန်မြန်လေးသူတို့ကို ဒီသခင်လေးနဲ့မိတ်ဆက်ပေးလိုက်”
ရှစ်ဖုန့်၏လေသံက တကယ့်ကိုနောက်လိုက်ငယ်သားတစ်ဦးအား ဆူပူကြိမ်းမောင်းနေသည့်လေသံမျိုးဖြစ်သည်။
ရှစ်ဖုန့်၏စကားလုံးများက အစည်းအရုံးသဘာပတိ ဖြစ်သူ ချင်ယွမ်အပါအဝင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးခန်းမအတွင်းရှိနေကြသော အဂ္ဂရိတ်သန့်စင် သူများအားလုံးမှာ သူတို့၏ မျက်လုံးများပြူးကျယ်သွားရသည်။သူတို့မျက်စံများက သူငယ်အိမ်ထဲမှာကျွတ်ထွက်လာတော့မည့်သကဲ့သို့ပင်ဖြစ်၏။ ၎င်းတို့က တုန်လှုပ်အံ့အားသင့်မှု မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဆရာသခင်မိုယန် ဂုဏ်သရေရှိပြီး မြင့်မြတ်သော အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်သူတစ်ယောက်က တကယ်ကြီး အားလုံး၏မျက်လုံးထဲ၌ အပြစ်တင်ဆုံးမခြင်းကိုခံရမည့် နောက်လိုက်ဟုထင််နေကြသည့်လူငယ်လေးတစ်ယောက်၏ အပြစ်တင်ဆုံးမမှုကိုတကယ်ကြီးခံနေရသည်။
မိုယန်မှာမူ အဂ္ဂရိတ်သန့်စင်သူများ၏ တုန်လှုပ်အံ့အားသင့်နေသောမျက်နှာများကိုကြည့်နေခဲ့သည်။ အကယ်၍သူသာလုပ်နိုင်မည်ဆိုလျှင် ရှစ်ဖုန့်အား သေသသည်အထိပင်တကယ်ကိုက်သတ်ချင်နေမိသည်။ သူသည် သူ၏ နမည်ဂုဏ်သတင်းနှင့်ပက်သက်ပြီး ဂရုစိုက်သောသူဖြစ်သည်။အခုရှစ်ဖုန့်က သူ့အား ဘာမျက်နှာမှထောက်ထားနေခြင်းမရှိဘဲ များပြားလှသောလူများ၏ ရှေ့မှောက်၌ သူ့အား အခက်ကြုံအောင်လုပ်နေသည်။
သို့သော်သူ့တွင်ရွေးချယ်စရာရှိမနေခဲ့ပေ။ ထိုသူတောင်းစား၏လက်အတွင်း၌ သူ၏အသက်ရှိနေသည်ဖြစ်သည်။ျ
ရှစ်ဖုန့်၏ မမြင်နိုင်သော ခြိမ်းခြောက်မှုအောက်တွင် မိုယန်မှာ ကူကယ်ရာမဲ့သည့်ခံစားချက်ကို ခံစားရသော်လည်း သူ့အနေဖြင့် ရူးသွပ်တော့မည်သကဲ့သို့ဖြစ်နေသည်။ သူ၏မျက်နှာထက်တွင် အေးစက်သောအမူအယာတစ်ခုကရှိနေပြီး ဤလူများအားပြောလိုက်သည်။
“ဒါက အရှင်ရှစ်ဖုန့်ပဲ..သူရဲ့ပုံရိပ်က ဆန်းကြယ်ပြီးတော့ အသေးစိတ်အချက်အလက်တိတိကျကျကို ဖော်ပြဖို့အတွက်တော့ဒီအရှင်အတွက် အဆင်မပြေဘူး..ဒီတစ်ကြိမ် ဒီအရှင်က တကယ်ပဲ အရှင်ရှစ်ဖုန့်ရဲ့နောက်ကို လိုက်လာခဲ့တာ …ကြီးကြီးငယ်ငယ်အရာအားလုံးကို ဒီအရှင်အနေနဲ့ အရှင်ရှစ်ဖုန့်ရဲ့အမိန့်တွေကိုနာခံရလိမ့်မယ်”
မိုယန်က သူသည်ရှစ်ဖုန့်၏နောက်လိုက်ဖြစ်သည်ဟု တိုက်ရိုက်ဝန်မခံခဲ့သော်လည် သူ့စကားများ၏နောက်ကွယ်ကအဓိပ္ပါယ်က ရှင်းလင်းသည်ဖြစ်သည်။သူ့အနေဖြင့် ရှစ်ဖုန့်အမိန့်ပေးသောကိစ္စများအား ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေ နားထောင်လိမ့်မည်ဖြစ်သည်။
မိုယန်မှာရှစ်ဖုန့်၏ သရုပ်မှန်က ဆန်းကြယ်သည်ဟု ရည်ရွယ်ချက်ရှိရှိပြောခဲ့ခြင်းဖြစ်သည်။ ယင်းကရှစ်ဖုန့်၏ အဆင့်အတန်းအား တိုးမြှင့်ပေးရန်အတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်ပြီး လူအများအား သူ၏သရုပ်မှန်အား ခန့်မှန်းခိုင်းခြင်းဖြစ်သည်။အကယ်၍ရှစ်ဖုန့်၏ သရုပ်မှန်က သာ အဆင့်အတန်းမြင့်မားနေခဲ့လျှင် အတင်းအကျပ်နောက်လိုက်အဖြစ်လုပ်ခံခဲ့ရသောသူ့အတွက် မျက်နှာအချို့ရရှိလိမ့်မည်ဖြစ်သည်။
“ရှစ်ဖုန့်..ဒီတော့သူက ရှစ်ဖုန့်ပေါ့”
“ရှစ်ဖုန့်..ဒီတော့ ဒီလူငယ်လေးက ရှစ်ဖုန့်ပေါ့”
များပြားလှသော အဂ္ဂရိတ်သန့်စင်သူများမှာ အံ့အားသင့်စွာဖြင့် အလန့်တကြားအော်လိုက်ကြသည်။
ထိုထက်ပိုသည်ကား အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးမှာ ယခင်ထျန်းမြောင်အင်ပါယာအတွင်း၌တည်ရှိြခင်းဖြစ်သည်။သူတို့အနေဖြင့် ထျန်းမြောင်အင်ပါယာအတွင်းပြောင်းလဲမှုများအား ပင်ကိုယ်အားဖြင့် သတိပြုမိသည်ဖြစ်ပြီး ဤပြောင်းလဲမှုများအားဖြစ်ပွားစေခဲ့သော အရူးနတ်ဆိုး၏နမည်ကိုလည်းကြားဖူးသည်ဖြစ်သည်။
သို့သော် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးဆိုသည်ကား ထျန်းဟန်တိုက်ကြီးပေါ်တွင် ထူးကဲသာလွန်သော အထွတ်အထိပ်တည်ရှိမှုတစ်ခုဖြစ်သည်။သူတို့က ရှစ်ဖုန့်၏ပုံတူပန်းချီများအား စုဆောင်းရပြီး ကြောက်ရွံ့ကြသောကြောင့် သူတို့၏မိသားစုဝင်များအား မစော်ကားမိစေရန်သတိပေးရလောက်သည့် အင်ပါယာအတွင်းအခြားသော ဂိုဏ်းများ၊မိသားစုများကဲ့သို့ မဟုတ်ပေ။
သူတို့၏နောက်တွင် အဂ္ဂရိတ်သန့်စင် ဆရာသခင်များ အစည်းအရုံးအဖွဲ့အစည်းကြီးတစ်ခုလုံးရှိနေပြီး သူတို့က ဤအရူးနတ်ဆိုးအား စော်ကားမိခြင်းကို ကြောက်ရွံ့နေခြင်းမရှိပေ။
သို့သော် ဤအခိုက်အတန့်တွင် မိုယန်၏ အသွင်အပြင်နှင့် စကားလုံးများက ရှိနေသူအားလုံးတို့အား ရှစ်ဖုန့်၏ဆန်းကြယ်သော သရုပ်မှန်အား စတင်၍ခန့်မှန်းစေသည်။
“ဒီတော့ ဒီလိုမျိုးပေါ့..ဒီရှစ်ဖုန့်မှာ စွမ်းအားကြီးတဲ့ နောက်ခံတစ်ခုရှိတာပေါ့ ..မအံ့ဩတော့ပါဘူး..မအံ့ဩတော့ပါဘူး…ဖျောင်ရှဂိုဏ်း၊တောင်ဝင်ကျင်းမိသားစု နဲ့ ဒဏ္ဍာရီလိုကျော်စောတဲ့ ထျန်းတန့်ဘိုးဘေးတို့တွေ အားလုံးသူဖျက်ဆီးတာခံလိုက်ရတာကို မအံ့ဩတော့ပါဘူး”
“အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်သူ ဆရာသခင်တစ်ယောက် ဖြစ်တဲ့ အရှင်သခင်မိုယန်လိုလူကတောင် ရှစ်ဖုန့်ရဲ့စကားတွေကိုနားထောင်ရတယ်….ရှစ်ဖုန့်ရဲ့ နောက်ကွယ်မှာရှိနေတဲ့ ဂိုဏ်းက အဂ္ဂရိတ်သန့်စင် ဆရာသခင်များ အစည်းအရုံး လို့ မင်းထင်လား ..ဖြစ်နိုင်တာက..ရှစ်ဖုန့်က ထျန်းလန်အင်ပါယာက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး သဘာပတိရဲ့ တရားမဝင်သားများဖြစ်နေမလား”
“အဲ့လိုပဲဖြစ်ရမယ်….အကယ်၍ သူက သဘာပတိဖြစ်သူရဲ့ တရားမဝင်သား မဟုတ်ခဲ့ရင်တောင်သူက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ တော်တော်လေးကိုထူးခြားတဲ့အဆင့်အတန်းတစ်ခုရှိတဲ့သူတစ်ယောက်ပဲဖြစ်လိမ့်မယ်..သူက အစည်းအရုံးအတွင်းက အရေးကြီးတဲ့ပုံရိပ်အချို့ထဲက တစ်ဦးဦးရဲ့သားတစ်ယောက်ဖြစ်ရမယ်…အဲ့လိုမှမဟုတ်ရင် အဆင့်ခြာက်အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်ဖြစ်တဲ့ မိုယန်အနေနဲ့ သူ့စကားကိုနားထောင်မှာမဟုတ်ဖူး”
မိုယန်၏ သူကရှစ်ဖုန့်၏ နောက်လိုက်ဖြစ်ကြောင်းဝန်ခံမှုအားကြားပြီးသည့်နောက်တွင် သဘာပတိချင်ယွမ်မှာ အလျှင်အမြန်သူ၏ လက်သီးတို့အား ဆုပ်လိုက်၍ ရှစ်ဖုန့်အား လေးလေးစားစားဖြင့်ပြောလိုက်သည်။
“ဒီတော့ ဒါက အရှင်ရှစ်ဖုန့်ပေါ့.. ကျုပ်အနေနဲ့ အရှင်ရှစ်ဖုန့်အကြောင်းကို ကြားဖူးတာကြာပါပြီ… ဒီနေ့မှပဲ အရှင့်ကိုတွေ့ရတော့တယ်… အ ရှင်က တကယ့်ကို လူငယ်သူရဲကောင်းတစ်ယောက်ပါပဲ”
ချင်ယွမ်အနေဖြင့် ဤအရူးနတ်ဆိုးရှစ်ဖုန့်အကြောင်းအား တကယ်ကြားဖူးသည်ဖြစ်သည်။ သူက မျက်တောင်တစ်ချက်မခတ်ပဲသတ်ဖြတ်ပြီးသွေးဆာ ရက်စက်ကာ ရာဇဝတ်မှုအားလုံးအား ကျူးလွန်သည့်သူမျိုးဖြစ်သည်။ချင်ယွမ်သူ့အကြောင်းအားကြားရသောအခါက ချင်ယွမ်အနေဖြင့် အထင်သေးမှုတို့သာရှစ်ဖုန့်အပေါ်ရှိခဲ့သည်။ အကယ်၍ သူက မျက်တောင်မခတ်ပဲ လူသတ်နိုင်ဦးတော့ ရှစ်ဖုန့်အနေဖြင့် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးဆီသို့တစ်ယောက်တည်းလာပြီး လူများအားသတ်ခြင်းကို မပြုလုပ်ရဲလောက်ဟု ချင်ယွမ်ခံစားခဲ့ရသည်။အကယ်၍ထိုသို့လုပ်ခဲ့မည်ဆိုလျှင် သူ့အနေဖြင့် ထျန်းဟန်တိုက်ကြီးတစ်ခုလုံးပေါ်တွင်ရှိသော အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးအဖွဲ့အစည်းကြီး၏ ရန်သူတစ်ယောက်ဖြစ်သွားလိမ့်မည်ဖြစ်သည်။
သို့သော် ကောလဟလများကြောင့် သူအထင်အမြင်သေးနေခဲ့သော ပုဂ္ဂိုလ်၌ တကယ်ကြီး ဆန်းကြယ်သော နောက်ခံတစ်ခုရှိနေလိမ့်မည်ဟုသူမမျှော်လင့်ထားခဲ့မိချေ။ မိုယန်ပင်လျှင်ထိုပုဂ္ဂိုလ်၏ စကားတို့အားနားထောင်ရသည်ဖြစ်သည်။
ချင်ယွမ်စကားပြောပြီးပြီးချင်း အမျိုးသမီးတစ်ဦး၏ သနားညှာတာပေးပါရန် တောင်းပန်သော အသံက အနောက်ဘက်ဆီမှထွက်ပေါ်လာသည်။
“အ…အရှင် …ဒီငယ်သား သေဖို့ထိုက်တန်ပါတယ်…”
ရှစ်ဖုန့်၏ အရောင်စိုပန်းအား ခိုးယူခဲ့သည့် အဆင့်လေး အဂ္ဂရိတ်သန့်စင်သူ ယောင်ယွင်မှာ ယခုအခါ၌ ကြောက်လန့်မှုများဖြင့် မြေပြင်ထက်တွင်ဒူးထောက်နေသည်။သူ၏မျက်နှာထက်တွင် နာကျင်မှုများဖြင့်ပြည့်နှက်နေသကဲ့သို့ ရှစ်ဖုန့်အား သနားညှာတာပေးရန်အတွက် တောင်းပန်နေသည်။
ယောင်ယွင်တစ်ယောက် သူမစော်ကားခဲ့သောသူက နမည်ကျော်အထင်ကရဖြစ်သော သတ်ဖြတ်ခြင်းနတ်ဆိုးရှစ်ဖုန့် ဖြစ်နေခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။သူမအနေဖြင့် “အရူးနတ်ဆိုး ရှစ်ဖုနု့်”ဟူသော အမည်အားကြားဖူးသည်ဖြစ်သည်။ မူလက အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏လေးစားရသော အဂ္ဂရိတ်သန့်စင်သူတစ်ယောက်အနေဖြင့် သူမသည် အရူးနတ်ဆိုးနှင့်သူ၏သွေးဆာမှု၊ရက်စက် မှုတို့အား ဂရုစိုက်ခဲ့ခြင်းမရှိပေ။
သို့သော် ယခုအခါ၌ သူမ မမျှော်လင့်ထားခဲ့သည့် ထိုအရူးနတ်ဆိုး၏နောက်ကွယ်၌ ဆရာသခင်မိုယန်ကိုပင် သူ၏နောက်လိုက်ဖြစ်စေသော နောက်ခံအင်အား တစ်ခုကရှိနေလေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE