အပိုင်း (၃၅၀)
Vol. 24 Ch. 350
အရူးနတ်ဆိုးရှစ်ဖုန့်၏ နောက်ကွယ်၌ ဆရာသခင်မိုယန်ကိုပင် သူ၏နောက်လိုက်တစ်ယောက်အဖြစ်ဆန္ဒရှိအောင်လုပ်ဆောင်နိုင်စွမ်းရှိသော နောက်ခံအင်အားတစ်ခု ရှိနေလိမ့်မည်ဟု ယောင်ယွင်တစ်ယောက် မမျှော်လင့်ထားခဲ့ပေ။
ထိုအရာများထက် ဤလူမှာသွေးဆာရက်စက်ကြမ်းကြုတ်ပြီး မကောင်းမှုဒုစရိုက်အားလုံးတို့အား ကျူးလွန်မည့်သူဖြစ်သည်။ အကယ်၍ သူသာတကယ်ကြီးသူမအားသတ်ဖြတ်ချင်ခဲ့ပါက သူ၏ဆန်းကြယ်သော နောက်ခံအင်အားဖြင့်ဆိုလျှင် အကယ်၍သူက သူမအား တကယ်ကြီးသတ်ခဲ့လျှင်တောင် ယင်းက ဖြုန်းတီးမှုတစ်ခုပင်ဖြစ်နေအုံးမည်ဖြစ်သည်။
ယောင်ယွင်မှာ မြေပြင်ထက်တွင်ဒူးထောက်နေသကဲ့သို့ ကျောက်စိမ်းသေတ္တာတစ်လုံးက သူမ၏ လက်ထဲတွင်ပေါ်လာသည်။ သူမက ၎င်းအား ခပ်မြင့်မြင့်မြှောက်လိုက်ပြီး တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။ျ
“အရှင်ရှစ်ဖုန့် ဒါက အရောင်စိုပန်းပါ.. ကျွန်မအနေနဲ့ အရှင့်ကိုဒါကိုပေးဖို့ဆန္ဒရှိပါတယ်…ကျေးဇူးပြုပြီးဒီငယ်သားကို ခွင့်လွှတ်ပေးပါအရှင် …အဲ့လိုသာလုပ်ပေးရင်..အရှင်ကို ကျွန်မမှာရှိတဲ့အရာအားလုံးကိုပေးအပ်ဖို့အတွက် ဆန္ဒရှိပါတယ်”
ယောင်ယွင်၏ နောက်ဆုံးစကားက အရမ်းကိုသိသာမြင်သာရှိသည်ဖြစ်သည်။ ရှစ်ဖုန့်သာ သူမအားချမ်းသာပေးသည်နှင့် သူမတွင်ရှိသော အရာအားလုံးအား ပေးအပ်ရန်ဆန္ဒရှိသည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့်သူမခန္ဓာကိုယ်ပင် ပါဝင်လေသည်။ ထိုထက်ပိုသည်ကား သူမအနေဖြင့် သူမ၏ ခန္ဓာကိုယ်အားပေးအပ်လိမ့်မည်ဟု သွယ်ဝိုက်သောနည်းလမ်းဖြင့်ပြောကြားခြင်းလည်းဖြစ်လေသည်။
ယင်းမှာလူကြားထဲတွင်ပေါ်တင် ဖြားယောင်းသွေးဆောင်ခြင်းပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ယောင်ယွင် ကြားထားဖူးခဲ့သော အရူးနတ်ဆိုးရှစ်ဖုန့်အကြောင်း မူကွဲအမျိုးအစားက သွေးဆာရက်စက်ရုံတင်သာမဘဲ တဏှာကြီးသောသူလည်းဖြစ်သောကြောင့်ဖြစ်သည်။
သူမ၏ အလှတရား၊ပုံရိပ်နှင့် ရင့်ကျတ်ဝေဆာနှစ်လိုဖွယ်ကောင်းမှုတို့ကြောင့် အကယ်၍သူမသာ သူမ၏ခန္ဓာကိုယ်အား ပေးချင်သည်ဆိုပါက ဤကမ္ဘာအတွင်းရှိ ဘယ်ယောက်ျားမဆို ဖြားယောင်းဆွဲဆောင်မှုအား ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု ယောင်ယွင်ခံစားရသည်။
“ယောင်ယွင်..ယောင်ယွင် ..မင်းဘာတွေအမှားလုပ်ထားတာလဲ”
ယောင်ယွင်၏ရုတ်တရက် ဒူးထောက်ချပြီး ရှစ်ဖုန့်အား သနားညှာတာပေးရန််တောင်းပန်မှုအား ကြားလိုက်ရသောအခါတွင် သဘာပတိ ချင်ယွမ်တစ်ယောက်တုန်လှုပ်အံ့အားသင့်သွားသည်။ တစ်ခုခုမှားယွင်းနေသည်ကိုသူ သဘောပေါက်လိုက်ပြီး အလျှင်အမြန်ပဲ တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။
ယောင်ယွင်မှာသူ၏နောက်လိုက်တစ်ဦးဖြစ်သည်။ သဘာပတိတစ်ဦးအနေဖြင့် အကယ်၍ ယောင်ယွင်သာအမှားလုပ်ခဲ့ပါကသူသည်လည်း အပြစ်တင်ခံရမှုမှ လွတ်ကင်းလိမ့်မည်မဟုတ်ပေ။ ယောင်ယွင်က ထိုဆန်းကြယ်သော ရှစ်ဖုန့်အားဒေါသထွက်စေခဲ့ပြီး သူ၏ ဂုဏ်သရေရှိ သဘာပတိဟူသော အဆင့်အတန်းရာထူးလေးကိုလည်းလက်လွှတ်လိုက်ရသည်ဖြစ်ကောင်းဖြစ်နေနိုင်သည်။
“ကျ…ကျွန်မ… ကျွန်သေဖို့ထိုက်တန်ပါတယ်…ကျ…ကျွန်မ အရှင်ရှစ်ဖုန့်လိုချင်နေတဲ့ အရောင်စိုပန်းကို ကြားဖြတ်လုယူခဲ့မိပါတယ်…အရှင်ရှစ်ဖုန့်ကို စော်ကားခဲ့မိတဲ့အထိ ကျွန်မ အမြင်တွေကန်းခဲ့ပါတယ်..”
ယောင်ယွင်မှာ ခါးသက်စွာဖြင့်ပြောနေရင်း သူမ၏မျက်နှာထက်၌ နောင်တတရားတို့ဖြင့် ပြည့်နှက်နေသည်။
“ငါဘာလို့ ဒီလို သံမဏိပြားအကြီးကြီးကိုမှာအရမ်းကို အရေးမပါဘဲ၌ သွားပြီယှဉ်ပြိုင်ကန်ကျောက်မိတာလဲ..ငါ့ရဲ့ ဂုဏ်သရေရှိအဆင့်အတန်းကိုတောင်မှ သူလိုလူရှေ့မှာထုတ်ပြပြီးတော့ သူ့ကိုအေးစက်စက်နဲ့တောင်စကားပြောခဲ့သေးတယ်…အခုပြန်စဉ်းစားကြည့်လိုက်ရင် ငါ့ရဲ့ဂုဏ်သရေရှိအဆင့်အတန်းဆိုတာမျိုးကို အဆင့်ခြောက် အဂ္ဂရိတ်သန့်စင်ဆရာသခင်ကတောင် နောက်လိုက်လုပ်ဖို့ဆန္ဒရှိနေတဲ့သူ့လိုလူရှေ့မှာ ဘာမှမဟုတ်တာဖြစ်နေလောက်တယ်..”
ယခုဤအကြောင်းအားစဉ်းစားမိသောအခါတွင် သူ၏မြင့်မားသောအဆင့်အတန်းဟူသောအရာအား ဤကဲ့သို့ပုဂ္ဂိုလ်၏ရှေ့မှောက်၌ ချပြခြင်းက မည်မျှအထိ ရယ်စရာကောင်းသည်ဆိုသည်အားသူမစဉ်းစားမိသွားသည်။
သူ၏သရုပ်မှန်နှင့်ပက်သက်ပြီး သူမအစောကတည်းကသိရှိခဲ့ပါလျှင် သူမကိုယ်တိုင် အရောင်စိုပန်းအား ယူဆောင်လာခဲ့ပြီး သူ၏ အခွင့်အရေးပေးမှုအား ရရှိအောင် လုပ်ဆောင်မည်ဖြစ်လေသည်။ ယင်းက မည်မျှတောင်ကြီးမားသောအရာတစ်ခုဖြစ်လိမ့်မည်နည်း။
ယောင်ယွင်တစ်ယောက်နောင်တရမှုတို့ဖြင့် ပြည့်နှက်နေသည်။ ကံမကောင်းစွာဖြင့် ဤကမ္ဘာပ နောတရရှိမှုအားကုသရန်အတွက်ဆေးဟူသည်ကားရှိမနေခြင်းပင်ဖြစ်သည်။ အကယ်၍သူမက အဂ္ဂရိတ်သန့်စင်သူတစ်ယောက်ဖြစ်နေခဲ့လျှင်ပင် ထိုဆေးကိုတော့ သန့်စင်ဖော်စပ်နိုင်ခြင်းမရှိပေ။
ယောင်ယွင်စကားတို့အား ကြားလိုက်ရပြီးသည့်နောက်တွင် ချင်ယွမ်၏မျက်နှာထက်၌ ဒေါသတရားတို့ဖြင့် ပြည့်နှက်နေသည်။သူက ယောင်ယွင်၏ ဦးခေါင်းအား လက်ညိုးထိုးညွှန်ပြီး အော်ပြောလိုက်သည်။
“ယောင်ယွင် ယောင်ယွင်..နင်တကယ်ပဲ..ငါနင့်ကို အဂ္ဂရိတ်သန့်စန်ဆရာသခင်များအစည်းအရုံးအတွင်းမှာ အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်အနေနဲ့ အစည်းအရုံးရဲ့ အကျိုးအတွက်ကိုတည့်သွင်းစဉ်းစားသုံးသပ်ရမယ်လို့ သတိပေးခဲ့ပြီးသား ..နင့်ရဲ့ အဆင့်အတန်းကိုအသုံးချပြီးတော့ ဝယ်ယူသူတွေကို အနိုင်မကျင့်ဖို့အတွက်ပြောခဲ့တယ်..ဒါပေမဲ့…ငါ့နောက်ကွယ်မှာ နင်ရဲ့အဆင့်အတန်းကိုအသုံးချပြီးတော့ ဖောက်သည်လိုချင်တာကို ခိုးတဲ့အပြင် အရှင်ရှစ်ဖုနု့်လိုချင်နေတဲ့ အရောင်စိုပန်းကိုတောင် ခိုးခဲ့သေးတယ်…”
ချင်ယွမ်မှာ သူ၏စကားအဆုံးသတ်သို့အရောက်တွင် စိတ်ပျက်လက်ပျက်ဖြစ်မှုနှင့် နာကျင်မှုအမူအယာတို့အား လှစ်ဟာပြသလိုက်သည်။
ချင်ယွမ်၏ စကားလုံးတို့က သူ့ကိုယ်သူ ယောင်ယွင်၏ အပြုအမူများနှင့် ဝေးကွာသောသူဖြစ်စေခဲ့သည်။ သူ့အနေဖြင့် သူသည် ဖောက်သည်များနှင့်အစည်းအရုံး၏ အကျိုးကိုကာကွယ်တတ်သော အမှန်တရားကိုသာမြတ်နိုးတန်ဖိုးထားသည့် အစည်းအရုံးခေါင်းဆောင်တစ်ဦးအဖြစ် သူ့ကိုသူပြသလိုခဲ့သည်။ ယောင်ယွင်က ရှစ်ဖုန့်ဆီမှာ သူမ၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ခိုးယူခဲ့ခြင်းဖြစ်သည်။
သို့သော် များပြားလှသော အဂ္ဂရိတ်သန့်စင်သူများမှာတော့ ချင်ယွမ် ၏စကားတို့အားကြားပြီးသည့်နောက်တွင် စိတ်ထဲ၌ကျိန်ဆဲလိုက်သည်။ ကျင့်ကြံသူတစ်ယောက်က ကြယ်အလင်းကျောက်တုံးတစ်တုံးအားနှစ်ခြိုက်သဘောကျပြီး ၎င်းအားဝယ်ယူချင်ခဲ့သည်ကိုသူတို့မှတ်မိနေကြဆဲဖြစ်သည်။ ထိုအချိန်က ချင်ယွမ်မှာသူ၏ အစည်းအရုံးခေါင်းဆောင်ဟူသော အဆင့်အတန်းကိုအသုံးပြု၍ ကြားဖြတ်လုယူခဲ့သည်။ ကျင့်ကြံသူက ထိုအချင်းအရာအား လက်သင့်ခံရန်ငြင်းဆိုခဲ့သော်လည်း ချင်ယွမ်၏ အဂ္ဂရိတ်သန့်စင်ဆရာသခင်အစည်းအရုံးမှ မောင်းထုတ်ခြင်းကိုခံခဲ့ရသည်။ သူကအမည်ပျက်စာရင်းပင်အသွင်းခံခဲ့ရပြီး အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးဆီသို့ ခြေချခွင့်မပြုခဲ့ပေ။
ဤအချိန်တွင် ချင်ယွမ်က ချက်ချင်းပဲရှစ်ဖုန့်ဘက်ကသို့ သူ၏မျက်နှာကိုလှည့်လိုက်ပြီးကူကယ်ရာမဲသော အမူအယာတစ်ခုကို လှစ်ဟာပြလိုက်သည်။ သူက နက်ရှိုင်းစွာသက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ဒါတွေအားလုံးက ကျုပ်ရဲ့ စည်းကမ်းပေါ့လျော့မှုတွေကြောင့်ပါ..ကျုပ်က အရှင်ရှစ်ကို ဒေါသထွက်စေခဲ့မိပြီ …အရှင်ရှစ်အနေနဲ့ စိတ်သဘောထားကြီးမြတ်ပြီးတော့ အသေးအဖွဲ့လေးကိုငြင်းခုန်တတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်မဟုတ်ဖူးလို့ ကျုပ်မျှော်လင့်မိပါတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ချင်ယွမ်၏ အမူအယာကလေးနက်မှုအဖြစ်ပြောင်းသွားသည်။ သူက သူ၏အကြည့်အားလူအုပ်ထံသို့ သိမ်းကျုံးကြည့်လိုက်ပြီးနောက်ဆုံး၌ ယောင်ယွင်ထံတွင်ရပ်တန့်သွားခဲ့သည်။ သူက အေးစက်စွာအော်ပြောလိုက်သည်။
“အခုကစပြီးတော့ ယောင်ယွင်ကို အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးကနေ ထုတ်ပယ်တယ်..သူမအနေနဲ့ချက်ချင်းပဲ အပြစ်ပေးခံရလိမ့်မယ်”
“အား.. “
ယောင်ယွင်၏မျက်နှာမှာ လန့်ဖျပ်မှုနှင့်အတူ ဖြူဖျော့မှုသို့ပြောင်းလဲသွားသည်။ အဂ္ဂရိတ်သန့်စင် ဆရာသခင်များအစည်းအရုံးကထုတ်ပယ်ခြင်းလား။ အကယ်၍ အဂ္ဂရိတ်သန့်စင် ဆရာသခင်များအစည်းအရုံးမှထုတ်ပယ်ခံရခြင်းတစ်ခုတည်းဆိုပါက အကြောင်းမဟုတ်ပေ။သူမ၏ အဆင့်လေး အဂ္ဂရိတ်သန့်စင်ဆရာသခင်ဟူသော အဆင့်အတန်းဖြင့်ဆိုလျှင် အကယ်၍ သူမ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၌ မနေခဲ့လျှင်ပင် ဆေးလုံးများအားသန့်စင်ရန်နှင့် လက်နက်များအားသန့်စင်ရန်အတွက် အသနားခံကြမည့်လူများစွာရှိသည်ဖြစ်သည်။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ အပေါ်ယံမျက်နှာပြင်တွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်များဖြင့် ဖွဲ့စည်းထားခဲ့သည်ဆိုသော်လည်း ယခုအခါ၌ ဤအစည်းအရုံးမှာ ထူးကဲသာလွန်သော အထွတ်အထိပ်သို့ရောက်ရှိနေခဲ့ပြီးဖြစ်သည့် အင်အားစုတစ်ခုဖြစ်သည်။ အဂ္ဂရိတ်သန့်စင်ဆရာသခင်များ အစည်းအရုံးအတွင်းသို့ဝင်ရောက်ပြီးသည့်နောက်တွင် အဂ္ဂရိတ်သန့်စင်သူတိုင်းမှာလစဉ်လတိုင်း သူတို့၏ အဆင့်များပေါ်တွင်မူတည်၍ များပြားလှသော ရင်းမြစ်များကို ရရှိလိမ့်မည်ဖြစ်သည်။
သို့သော်၎င်းအား တင်းတင်းကြပ်ကြပ်စည်းကမ်းဖြင့်ထိန်းထားသည်ဖြစ်သည်။လူတစ်ယောက်က အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးသို့တစ်ကြိဝင်ရောက်ပြီးသည်နှင့် ထိုသူအနေဖြင့်သူတို့၏လက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး သစ္စာဖောက်ခြင်းကို ပြုလုပ်၍မရနိုင်ပေ။၎င်းက ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်၍ရသော သာလေရာ ဇရပ်တစ်ခုမဟုတ်ပေ။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးတွင် ဥပဒေတစ်ခုရှိသည်ဖြစ်သည်။ မည်သူမဆို အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး စည်းမျဉ်းများအားချိုးဖောက်ခဲ့ပါက ထိုသူတို့အနေဖြင့် အစည်းအရုံးမှထုတ်ပယ်ခံရမည်ဖြစ်သည်။ပြီးလျှင် ထုတ်ပယ်ခံရသူ အဂ္ဂရိတ်သန့်စင်ဆရာသခင်၏ ကျင့်ကြံမှုအားဖျက်သိမ်းခံရမည်ဖြစ်သည်။ယင်းမှာ လျှို့ဝှက် နည်းလမ်းတစ်ခုအား ထုတ်ပယ်ခံရသူ၏ ဝိညာဉ်ပေါ်တွင်အသုံးပြုခြင်းဖြစ်သည်။အကယ်၍ ထိုလျှို့ဝှက်နည်းလမ်းသာ ယောင်ယွင်၏ ဝိညာဉ်၌ အသုံးပြုခြင်းခံရလျှင် သူမအနေဖြင့် ဘယ်သောအခါမှ အဂ္ဂရိတ်သန့်စင်ခြင်းအားထပ်မံ၍ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။
အကယ်၍ အဂ္ဂရိတ်သန့်စင်သူတစ်ယောက် က အစည်းအရုံးအားသစ္စာဖောက်ခဲ့လျှင်တော့ ဖြစ်လာမည့်အကျိုးဆက်က ပို၍ ပင် ပြင်းထန်လိမ့်မည်ဖြစ်သည်။ထိုသူများအားသတ်ရန်အတွက် အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးက အစွမ်းထက်သောသူများကိုစေလွှတ်လိမ့်မည်ဖြစ်သည်။
ယောင်ယွင်အတွက် သူမဒုက္ခသုက္ခခံ၍ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သောကျင့်ကြံမှုများ ပျက်စီးသွားရမည့် က သူမအား ဒုက္ခိတတစ်ယောက်ဖြစ်သွားစေခြင်းနှင့်ဘာမှခြားနားခြင်းမရှိပေ။ သူမအတွက် ဤသည်ကားသေခြင်းထက်ပင်ပို၍ ဆိုးရွားသောအရာဖြစ်သည်။ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏သဘာပတိတစ်ဦးအနေဖြင့် ချင်ယွမ်၌ အစည်းအရုံးအဖွဲ့ဝင်များအား အပြစ်ပေးနိုင်သောလုပ်ပိုင်ခွင့်က သေချာပေါက်ရှိနေခဲ့သည်။
ချင်ယွမ်သည်လည်းရက်စက်သောလူတစ်ယောက်ဖြစ်သည်။ အကယ်၍ ယောင်ယွင်သာသာမန်လူတစ်ယောက်အားစော်ကားခဲ့သည်ဆိုလျှင် သူဂရုပင်စိုက်မည်မဟုတ်ပေ။ သို့သော် ယောင်ယွင်မှ မျက်စိကန်းပြီးရှစ်ဖုန့်အားစော်ကားခဲ့သည်။သူမကဆန်းကြယ်သောနောက်ခံရှိပြီး အရှင်မိုယန်ပင် နောက်လိုက်လုပ်ရန်ဆန္ဒရှိသောရှစ်ဖုန့်အားစော်ကားခဲ့ခြင်းဖြစ်သည်။
ဆန်းကြယ်သာနောက်ခံရှိသည့်ရှစ်ဖုန့်၏ ထောက်ခံမှုအား ရရှိနိုင်ရန်နှင့် အစည်းအရုံး ၏ သဘာပတိဟူသော သူ၏နေရာအား တည်ငြိမ်အောင်ထိန်းထားနိုင်ရန်အတွက် ချင်ယွမ်အနေဖြင့် ယောင်ယွမ်အားရက်ရက်စက်စက် စတေးခဲ့သည်။
“အား.မဟုတ်ဖူး..သဘာပတိကြီ… ကျွန်မမှားတာကို ကျွန်မသိပါပြီ.. ကျွန်မဒီလိုမျိုးထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး..ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ…သဘာပတိကြီး…ကျေးဇူးပြပြီးကျွန်မကိုခွင့်လွှတ်ပါ သဘာပတိကြီး.. အရှင်ရှစ်ဖုန့် .. ဒီနိမ့်ကျတဲသူမှာ မျက်လုံးတွေပါပေမဲ့ အမြင်ကန်းခဲ့ပါတယ်…ကျေးဇူးပြုပြီး ဒီနိမ့်ကျတဲ့သူကိုချမ်းသာပေးပါ….ကျွန်မ အရှင့်ကိုအရာအားလုံးကိုပေးဖို့ဆန္ဒရှိပါတယ်”
ယောင်ယွင်မှာ အလျှင်အမြန်သူမ၏ကိုယ်အားနှိမ့်ချလိုက်ပြီး ရှစ်ဖုန့်အား သနားညှာတာပေးပါရန် ဦးတိုက်တောင်းပန်နေသည်။ သူမအနေဖြင့် ရှစ်ဖုန့်၏ ကာမရာဂသောင်းကျန်းသောဗီဇအကြောင်းအား မှတ်မိနေဆဲဖြစ်သည်။
“ထားလိုက်ပါ…အရမ်းကြီးပြင်းထန်တာတွေလေးနက်တာတွေလုပ်နေဖို့မလိုဘူး..”
ရှစ်ဖုန့်က ချင်ယွမ်အား ဖြည်းညှင်းစွာပြောလိုက်သည်။
“သူမဆီကနေ အရောင်စိုပန်းကိုသာ လွှဲပေးပါ..”
ယခင်ငရဲဘုံကိုးခုဧကရာဇ်တစ်ပါးအနေဖြင့် အဂ္ဂရိတ်သန့်စင် ဆရာသခင်များအစည်းအရုံး၏ ဥပဒေများကိုရှစ်ဖုန့် ကြားဖူးသည်ဖြစ်သည်။
အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံးမှာ ဤနေ့ရက်များတွင် ဖွံ့ဖြိုးတိုးတက်လာပြီး သေချာပေါက် ရိုးရှင်းသောတည်ရှိမှုတစ်ခုမဟုတ်သည်ကိုလည်းရှစ်ဖုန့်သိသည်ဖြစ်သည်။၎င်း၏အပေါ်ယံမျက်နှာပြင်တွင်ရှိနေသော ရိုးရှင်းမှုထက်များစွာ သောဝေးကွာမှုတို့ရှိသည်ဖြစ်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE