← Chapters

မှန်ကွဲစကို အဲဒီလိုသုံးရတာမဟုတ်ဘူး

Vol. 106 Ch. 1472

မှန်ကွဲစကို အဲဒီလိုသုံးရတာမဟုတ်ဘူး

Vol. 106 Ch. 1472

အင်မော်တယ်ပိုင်ဝူချိန်မှာ မန်ဟို့အား ကျင်ယွင်ရှန်း မည်မျှဖိန့်ဖိန့်တုန်အောင် ကြောက်နေသည်ကို ထည့်မတွက်ခဲ့မိပေ။

ကျင်ယွင်ရှန်း၏ရင်ထဲတွင် အရူးမန်ဟိုကို ရန်စလိုသည့်စိတ် မြူမှုန်မျှပင် မရှိတော့ပေ။ သူ ပြောခဲ့သည့်အတိုင်း ပိုင်ဝူချိန်သာ သူ့ကို ကိုးအနှစ်သာရပြန်လည်စစ်ထုတ်ခြင်းသစ်သီးတစ်လုံး ပေးခဲ့လျှင်တော့ သူမအား သူ ချက်ချင်း ကူညီခဲ့လိမ့်မည်။ သို့သော် မည်မျှပင် သေချာသော အချက်အလက်များ ပေးစေကာမူ သူ့အား မန်ဟို့ကို အာခံအောင် မလုပ်နိုင်ပေ။

ကျင်ယွင်ရှန်းသည် စောစောက တခဏ တွန့်ဆုတ်ခဲ့၏။ သို့သော် ‌တစ္ဆေအုပ်ကြီးကို ထိန်းချုပ်မရတော့သည့်တိုင် လုံး၀ တည်ငြိမ်အေးဆေးနေသော မန်ဟို၏ပုံစံက ကျင်ယွင်ရှန်းအား ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်စေခဲ့သည်။ သူသည် အံတင်းတင်းကြိတ်ရင်း မန်ဟိုနှင့်ပက်သက်၍ ခံစားနေရသည့် သူ၏အလိုလိုသိစိတ်ကို ယုံကြည်ကာ ဘက်ပြောင်းခဲ့လေသည်။

အင်မော်တယ်ပိုင်ဝူချိန်အပါအဝင် ဘယ်သူမှ မန်ဟိုက ကျင်ယွင်ရှန်းအား ယခုလိုအတိုင်းအတာအထိ ခြောက်လှန့်နိုင်ခဲ့လိမ့်မည်ဟု ခန့်မှန်းခဲ့မိမည်မဟုတ်ချေ။ မန်ဟိုလည်း ကျင်ယွင်ရှန်းအား တအံ့တဩ လှမ်းမကြည့်ဘဲ မနေ။

ကျင်ယွင်ရှန်းက မန်ဟို့ကို ကြည့်ကာ မေးသည်။ “ဘာကြည့်နေတာလဲ တာအိုရောင်ရင်းမန်။ ကျုပ်က နောက်ကျော ဓားနဲ့ထိုးမယ့်လူလို့ ထင်နေတာလား။ ကျုပ်တို့မှာ ရန်ပြေငြိမ်းဖို့ သဘောတူထားတာ ရှိတယ်လေ။ ဒါကြောင့် ကျုပ်စကားတော့ ကျုပ်တည်တယ်။ ကျုပ် စကားတည်သလို စိတ်မထိန်းနိုင်ဘဲ နေမှာလဲမဟုတ်ဘူး။ ကျုပ်က အဲ့ဒါကို လုပ်မယ်လို့ ပြောရင် လုပ်ကိုလုပ်တယ်”

သူသည် အတော်လေး မာန်တက်နေဟန်တူပြီး သူ့အရိုးထဲထိ စိမ့်၀င်နေခဲ့သော ပြက်ရက်ပြုတတ်မှုကိုလည်း မဖုံးကွယ်နိုင်ပေ။

အင်မော်တယ်ပိုင်ဝူချိန်၏မျက်နှာ မှုန်ကုပ်သွားပြီး ရှကျုံတုံးက သက်ပြင်းချသည်။ ဂိုဏ်းချုပ်က ကျင်ယွင်ရှန်းကို ကြည့်ကာ ခပ်ယဲ့ယဲ့သာ ပြုံးလိုက်၏။

ကျင်ယွင်ရှန်းက ချောင်းဟန့်၍ မန်ဟို့ကို ဆက်ကြည့်နေသည်။

“တာအိုရောင်းရင်းမန် ကျုပ်ဆီက အကူအညီကို လိုချင်ရင် ဆွေးနွေးလို့ရပါတယ်။ အခုလောလောဆယ်တော့ အခြားတာအိုရောင်ရင်းတွေရဲ့လမ်းမှာ ကျုပ် ပိတ်မနေတော့ဘူး” ကျင်ယွင်ရှန်းသည် အားပါးတရ ရယ်ပြီးနောက် မည်သို့ပင်ဖြစ်စေကာမူ ၀င်မပါမည့်အလား ဘေးသို့ ပျံထွက်သွားသည်။

သူသည် ဘက်ပြောင်းဖို့ ရွေးချယ်ခဲ့သော်လည်း ဘက်ပြောင်းရန် နည်းလမ်းများစွာ ရှိ၏။  မန်ဟို့ကို သူ ကူညီမတိုက်ခိုက်သရွေ့ ပိုင်ဝူချိန်၊ ဂိုဏ်းချုပ်နှင့် ရှကျုံတုံးပင် ဘာမှပြောနိုင်မည်မဟုတ်ပေ။

လက်ရှိအခြေအနေကြောင့် သူသည် မန်ဟို့အတွက် ပို၍အရေးပါလာပြီး မန်ဟို ကျဉ်းထဲကြပ်ထဲ အခြေအနေမှ လွတ်မြောက်ခြင်း၊ မလွတ်မြောက်နိုင်ခြင်းကိုပင် ဆုံးဖြတ်ပေးနိုင်ပုံရ၏။ မှန်သည်။ မန်ဟို့အနေဖြင့် ထို့အတွက် တန်ဖိုးတစ်ခုတော့‌ ပေးရလိမ့်မည်။ အခြားတစ်ဖက်တွင် ပိုင်ဝူချိန်သည် သူမအစီအစဉ် ကျရှုံးမည်ကို မလိုလားပါက တန်ဖိုးတစ်ခုလည်း ပေးရလိမ့်မည်။

ကျင်ယွင်ရှန်း၏တွက်ချက်မှုများအရ သူ မည်သည့်ဘက်ကိုမှ ကူညီစရာမလိုမည့် အခြေအနေလည်း ဖြစ်သွားကောင်းဖြစ်သွားနိုင်သော်လည်း နှစ်ဖက်လုံးမှ အကျိုးအမြတ်ရဆဲဖြစ်လိမ့်မည်။ အကောင်းဆုံးကတော့ မန်ဟို့ကို အတိုက်အခံလုပ်ရမည့်အခြေအနေမှ ရှောင်ထွက်နိုင်ခြင်းပင်။

ဤသို့ တွက်ချက်ပြီးသော် ကျင်ယွင်ရှန်းက ဂုဏ်ယူစွာ ပြုံးလိုက်၏။

အင်‌မော်တယ်ပိုင်ဝူချိန်က အေးစက်စက် နှာမှုတ်ရင်း ကျင်ယွင်ရှန်းကို လျစ်လျူရှုပြီး ဂိုဏ်းချုပ်နှင့် ရှကျုံတုံးတို့ဘက် လှည့်လိုက်သည်။

“တာအိုရောင်ရင်းတို့ ကျွန်မကတိပေးထားတဲ့အတိုင်း အဲ့ဒီအချက်အလက်တွေက မှန်ပါတယ်လို့ တာအိုကျမ်း ကျိန်ဝံ့ပါတယ်” စကားလုံးများ သူမပါးစပ်မှ ထွက်သွားသည်နှင့် ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး ရှကျုံတုံး၏မျက်လုံးများက နီရဲတောက်လာသည်။

ထို့နောက် သူတို့သုံးယောက်သည် တဖန် တိုက်ခိုက်ကြပြန်၏။ ပိုင်ဝူချိန်က ရှေ့မှဦးဆောင်၍ ကျန်နှစ်ယောက်က တစ်ဖက်တစ်ချက်စီမှ လိုက်လာကာ မန်ဟို့ကို ၀ိုင်းတိုက်ခိုက်ကြသည်။

မန်ဟိုသည် တိုက်ခိုက်သူ သုံးယောက်ကို ကြည့်ရင်း တည်ငြိမ်စွာ ရှိ၏။ သူတို့ သူ့အပေါ် ထိုးဆင်းလာသည့် အချိန်မှာပင် သူက လက်ကို တွန်းထုတ်လိုက်ရာ ‌မရေမတွက်နိုင်သော တောင်များ စတင်ကျဆင်းလာသည်။ တောင်များ သူ၏ပြိုင်ဘက်သုံးဦးကို ထိလိုက်သည့်အချိန်မှာပင် မန်ဟို၏လက်များသည် လက်နှစ်ဖက် မုဒြာလက်ကွက် ဖော်လိုက်သည်။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ပေါ်လာသည်။ ထို့နောက် သတ္တမနှင့် ဆဋ္ဌမ။ ၎င်းတို့က ဆက်တိုက် ပျံထွက်သွားပြီး ပိုင်ဝူချိန်နှင့်ကျန်နှစ်ယောက် တောင်များကို ရှင်းလင်းနေစဉ် မန်ဟိုက မိစ္ဆာချုပ်နှောင်မန္တန်များကို ပထမမိစ္ဆာချုပ်နှောင်မန္တန်အထိ ထုတ်လွှတ်ခဲ့ပြီးလေပြီ။

“မန္တန်ရှစ်ခု ပေါင်းစမ်း” သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ပြောသည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ဖော်‌ပြီးနောက် လက်နှစ်ဖက်လုံးကို သူ့အရှေ့၌ ဝှေ့ရမ်းလိုက်သည်။ ချက်ချင်းပင် မိစ္ဆာချုပ်နှောင်မန္တန်ရှစ်ခုသည် ‌မရေမတွက်နိုင်သော အမျှင်များအသွင်ပြောင်းရင်း ပိုက်ကွန်ကြီးသဖွယ် ဖြစ်လာသည်။ ထို့နောက် အဆိုပါပိုက်ကွန်က သုံးယောက်အုပ်စုထံ လွင့်သွားလေ၏။

ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်ရာ မိုးမှောင်ကျလာသည်။ တစ်ချိန်တည်းမှာပင် ကြောက်ခမန်းလိလိ တောင်ထွတ်တစ်လုံးက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဂိုဏ်းချုပ်၏ခေါင်းထက်တွင် ပျံဝဲနေလေသည်။

“ဒယ်စောက်အိုးတောင်အစီအရင်” သူက ရှေးဆန်‌သောအသံဖြင့် ပြောသည်။ ထို့နောက် လက်နှစ်ဖက်ကို ဝှေ့ရမ်းရင်း တောင်အား မိုးနှင့်မြေကို စိုးမိုးနိုင်လောက်သည်အထိ လျင်မြန်စွာ ကြီးမား‌လာစေ၏။ တစ်ချိန်တည်းမှာပင် ၎င်းက မန်ဟို့ထံ တန်းတန်းမတ်မတ် ပြေး၀င်သွားလေသည်။

ထိုစဉ် ရှကျုံတုံးက ချာလပတ်လှည့်ရင်း တဝေါဝေါမြည်နေသော သဲလေဆင်နှာမောင်းဖြစ်လာ၏။ ၎င်းအတွင်း၌ ဂျိုနှစ်ခုနှင့် ခေါင်းတစ်ခေါင်းကို မြင်ရနိုင်သည်။ ခေါင်း၏မျက်လုံးများက ကြက်သွေးရောင်ဖြစ်ပြီး စူးစူးဝါးဝါး အော်သံတစ်ခု ထုတ်လွှတ်ကာ မန်ဟို့ထံ ပြေး၀င်လာ၏။

အင်မော်တယ်ပိုင်ဝူချိန်၏မျက်လုံးများက လင်းလက်တောက်ပသွားသည်။ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာတွင် သူမ၏အနှစ်သာရစွမ်းအားသည် ကမ္ဘာထဲရှိ အရာအားလုံးကို မြူများဖြင့် ဖုံးကွယ်ခံလိုက်ရစေ၏။

အဆုံးမဲ့သော မြူများက တစ်ကမ္ဘာလုံးကို မြူကမ္ဘာကြီးအသွင် ဖြစ်လာစေသည်။ မြူများက မန်ဟို့ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များမှတဆင့် ထိုးဖောက်၀င်ရောက်ဖို့ ကြိုးစားနေလေသည်။

အနှစ်သာရကိုးခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံး‌ယောက်လုံး ပြိုင်တူတိုက်ခိုက်နေသည့်မြင်ကွင်းက မိုးနှင့်မြေကို ပြင်းထန်စွာ တုန်လှုပ်နေစေသည့် ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခု ဖြစ်သည်။ မန်ဟိုသည် အစွမ်းထက်သော်လည်း သူပင်လျှင် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပညာရှင်သုံးယောက်အတွက် ပြိုင်ဘက်မဟုတ်ပေ။ သူ့မှာ ပါးစပ်မှ သွေးများစီးကျလျက် ဒယိမ်းဒယိုင် ဆုတ်သွားသည်။ အင်မော်တယ်ပိုင်၀ူချိန်၏မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်လာပြီး သူမသည် ရုတ်တရက် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ မှန်ကွဲစတစ်စ ပေါ်လာ၏။

မှန်ကွဲစသည် ပြိုးပြိုးပျက်ပျက် လက်သွားပြီး အလင်းတန်းက ၎င်းထံမှ ထွက်လာကာ မည်သည့်အရာကိုမဆို ထိုးဖောက်ရင်း မန်ဟို့ထံ ဦးတည်သွားသည်။

ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး တစ်ချိန်တည်းမှာပင် မန်ဟိုက နေရာရွှေ့ပြောင်း၍ သူတို့သုံးယောက်အား အေးစက်စွာ ကြည့်ရင်း အဝေးရောက်သွား၏။ တစ်ချိန်တည်းမှာပင် ကျင်ယွင်ရှန်းက မန်ဟို့အား သူ ရှိကြောင်း သတိပေးရန်အလား သူ၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်လိုက်သည်။ နှစ်ဖက်လုံး လက်ရည်တူနေ‌သ၍ လက်ရှိ နေမြဲတိုင်း နေ,နေခြင်းက သူ့အတွက် ကောင်းလေသည်။

မန်ဟိုက တောက်ပစွာ ပြုံးလျက် သူ့ကို ကြည့်ပြီးနောက် ချာခနဲ လှည့်သွားသည်။ တိုက်ပွဲစကတည်းက ဤအချိန်အထိ မန်ဟိုသည် တိုက်ပွဲကို ဂရုပင်မစိုက်သည့်အလား ပျာယာခတ်နေခြင်းအလျင်းမရှိပေ။

"ဒါက မန်ဟို ပထမဆုံးအကြိမ် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပညာရှင်သုံးယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နေတာပဲ" မန်ဟိုက သူ့နာမည်သူ ပထမဆုံးအကြိမ် ခေါ်ရင်း အေးစက်စွာ ပြောသည်။ "ဘယ်လောက်အဖိုးတန်လိုက်တဲ့ အခွင့်အရေးလဲ" သူက ခေါင်းခါလိုက်၏။ "ဒါပေမဲ့ အခုကတော့ ဒီပြဇာတ်ကို အဆုံးသတ်ရမယ့်အချိန်ကျပြီ"

သူက ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်တွင် သတ်ဖြတ်လိုစိတ်မရှိ။ ထိုလူ သူ့ကိုယ်သူ ထိန်းနေကြောင်း သူ ပြောနိုင်သည်။ ရှကျုံတုံးကမူ အင်မော်တယ်ပိုင်ဝူချိန်နည်းတူ သည်းကြီးမည်းကြီး တိုက်ခိုက်နေပုံရသည့်တိုင် သူ၏သဘောထားအမှန်ကို သူ၏မှော်သိုင်းကွက်များအတွင်း၌ မြင်ရလေသည်။

ဤအခြေအနေတွင် သူပင်လျှင် လွန်သွားသည်အထိ ဖိအားပေးလိုစိတ်မရှိချေ။

အင်မော်တယ်ပိုင်ဝူချိန်က အေးစက်စွာ ရယ်သည်။ “ဘယ်လောက် မောက်မာလိုက်သလဲ။ ငါ နင့်ကို ပြောမယ်။ နင် အဲ့ဒီမှန်ကွဲစကို မပေးဘူးဆိုရင် အခု နင် ဒီနေရာမှာတင် သေစေရမယ်”

သူမ၏ညာလက်က မုဒြာလက်ကွက် ဖော်လိုက်ရာ မှန်ကွဲစသည် လင်းခနဲ လက်သွားပြန်၏။

“မှန်ကွဲစကို အဲ့ဒီလို သုံးရတာမဟုတ်ဘူး” မန်ဟိုက အေးစက်စွာ ပြောသည်။ ဤသည်မှာ ထိုကဲ့သို့ ဒုတိယအကြိမ် ပြောခြင်းဖြစ်သည်။ ပထမအကြိမ်တုန်းက အင်မော်တယ်ပိုင်ဝူချိန်သည် အာရုံသိပ်မရှိခဲ့သော်လည်း ဒုတိယအကြိမ်ကြားလိုက်ရခြင်းက သူမအား ရင်တဒိန်းဒိန်း ခုန်လာစေ၏။

သူမတစ်ယောက်တည်းသာမဟုတ်။ ဂိုဏ်းချုပ်နှင့် ရှကျုံတုံးလည်း အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပညာရှင်သုံးယောက်ကို ရင်ဆိုင်နေရသည့်တိုင် မန်ဟို ဘာကြောင့် လွန်စွာတည်ငြိမ်နေသလဲ သိချင်လာကြ၏။ ကျင်ယွင်ရှန်းပင်လျှင် ရင်တဒိန်းဒိန်းခုန်စပြုလာသည်။ မန်ဟိုက အင်္ကျီလက်စခါလိုက်ရာ သူ့လက်ထဲတွင် သူ၏မှန်ကွဲစ ပေါ်လာသည်။ ၎င်းက တစ်ကမ္ဘာလုံးတွင် အဖိုးထိုက်ဆုံးရတနာအလား ကျိန်းစပ်သော အရောင်အဝါကို ထုတ်လွှတ်လျက် မြောက်တက်လာ၏။ “ကြေးမုံက မှန်ကွဲစတစ်စကို ဘယ်လိုမှန်မှန်ကန်ကန် သုံးရမလဲ မင်းကို ပြပေးရတာပေါ့”

All Chapters