← Chapters

ငါ့အပိုင်မလို့ပေါ့

Vol. 106 Ch. 1473

ငါ့အပိုင်မလို့ပေါ့

Vol. 106 Ch. 1473

မန်ဟို သူ၏မှန်ကွဲစကို ကြည့်လိုက်သည့်အခါ ကြေးမုံကို သတိရသွားသဖြင့် သူ၏အကြည့်သည် အတော်လေးနူးညံ့သွား၏။ သူက နတ်ဘုရားအာရုံတချို့အား မှန်ကွဲစအတွင်း ပို့လွှတ်ပြီးနောက် ကြေးမုံကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သောနည်းလမ်းအတိုင်း မှန်ကွဲစထံမှ အရောင်အဝါများ ဖြာထွက်လာစေသည်။

သူ့လက်ထဲတွင် နေအသေးလေးတစ်စင်း ရှိနေသည့်အလား အဆိုပါအရောင်အဝါသည် အင်မော်တယ်ပိုင်ဝူချိန်ကိုင်ထားသော မှန်ကွဲစထံမှအရောင်အဝါကို စိုးမိုးကာ တစ်ကမ္ဘာလုံးတွင် အတောက်ပဆုံးအရာ ဖြစ်လာ၏။

၎င်းနှင့်ယှဉ်လျှင် ကျန်အလင်းရောင်အားလုံးသည် အရောင်မဲ့၍ မှောင်မိုက်ကုန်သည်။ မှန်ကွဲစအား မြင်လိုက်သည့်မည်သူမဆို ဖြစ်ပျက်နေသောအရာကြောင့် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်မိလိမ့်မည်။

ပိုင်ဝူချိန်၏မျက်လုံးများ ဝိုင်းစက်သွားသည်။ သူမ၏မှန်ကွဲစကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက် ၎င်း၏သဘာဝကို သူမ နားလည်ခဲ့၍ မှန်ကွဲစ၏အရောင်အဝါ တောက်ပလေလေ ၊ စွမ်းအားများများ၊ ဖိအားများများ ထုတ်လွှတ်နိုင်လေလေဖြစ်ကြောင်း သူမ ကောင်းစွာသိလေသည်။

သူမသည် ရင်တဒိန်းဒိန်းခုန်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်ပုံပေါ်အောင် ကြိုးစားနေ၏။ သို့သော် သူမ ကြာကြာဟန်မဆောင်နိုင်ခင် မန်ဟို ကိုင်ထားသည့် မှန်ကွဲစက... အရည်ပျော်စပြုလာကြောင်း မြင်လိုက်ရသည်။

“ဘယ်လို...” အင်မော်တယ်ပိုင်ဝူချိန်မှာ ချာချာလည်စပြုလာတော့သည်။ လက်ရှိအဖြစ်အပျက်သည် သူမ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေ၏။ မှန်ကွဲစက အရည်ပျော်နိုင်သည်ဟု သူမ တစ်ခါမှ မခန့်မှန်းမိခဲ့ပေ။ သူမသည် တအံ့တဩ ကြည့်နေစဉ် မှန်ကွဲစသည် အရည်ပျော်ရင်း မန်ဟို့ညာလက်ကို ဖုံးလွှမ်းသွားသော သံလက်အိတ်တစ်ခုကို ဖန်တီးနေ၏။

သံလက်အိတ်က မည်းနက်နေပြီး ချပ်ဝတ်တန်ဆာတစ်စုံ၏ အစိတ်အပိုင်းတစ်ခုသယောင် ထင်ရသည်။ ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက လန့်ဖွယ်ကောင်းပြီး အရိုင်းဆန်သော ရက်စက်မှုအအငွေ့အသက်များဖြင့် ထကြွနေလေသည်။

ထိုအငွေ့အသက်က မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည့်အပြင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖိနှိပ်ချုပ်ချယ်ခံထားရခြင်းမှ လွတ်မြောက်တော့မည့်လား စိတ်အားတက်ကြွနေပုံပေါ်သည်။ ၎င်းကား ၎င်း၏ခမ်းနားသောဂုဏ်သရေဖြင့် တောက်ပလျက် နေရောင်ခြည်အောက်သို့ ပြန်ထွက်လာနိုင်တော့မည့် အမြှုပ်ခံရတနာတစ်ပါးအလားပင်။

ပိုင်ဝူချိန်၏စိတ်ထဲတွင် မန်ဟို၏စကားများ ပဲ့တင်ထပ်နေသည်။

“ငါ တလွဲသုံးနေခဲ့မိတာလား” သူမမှာ တွေးရင်း ချာချာလည်လာသည်။ သူမအတွက် မည်သို့တုံ့ပြန်ရမလဲ စဉ်းစားနေရန် အချိန်မရှိပေ။ သူမ စိတ်ထိန်း၍ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပဲ သူမ၏မှန်ကွဲစက သူမလက်ထဲမှ လွတ်ထွက်သွားတော့မည့်အလား တုန်ခါလာတော့သည်။

“မ..မဖြစ်နိုင်တာ...” သူမက မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပြောသည်။ ပိုင်ဝူချိန်သည် သူမသုံးနေသလို သုံးနိုင်ဖို့အတွက် ကြေးမုံအား နှစ်ပေါင်းမရေမတွက်နိုင်အောင် လေ့လာခဲ့၍ မှန်မှန်ကန်ကန် သုံးနေသည်ဟု အမြဲယုံကြည်ခဲ့၏။ သို့သော် ယခုတော့ မန်ဟို သူ၏မှန်ကွဲစအား သံလက်စွပ်အသွင် ပြောင်းလိုက်သည်ကို မြင်ပြီးနောက်တွင် သူမမှာ ဦးနှောက်ခြောက်လာလေသည်။ “နင် ဘယ်.. ဘယ်လိုလုပ်..”

သူမ စကားပြောမဆုံးခင် မန်ဟိုက  သူ့လက်ကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်သည်။ အင်မော်တယ်ပိုင်ဝူချိန်ကို ဝန်းရံနေသော မှန်ကွဲစ၊ သူမနှစ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့သော မှန်ကွဲစမှာ ရုတ်တရက် တုန်ခါလာသဖြင့် တဝုန်းဝုန်းပဲ့တင်ထပ်လာသည်။ ထို့နောက် မှန်ကွဲစသည် အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ သူမနှင့်၎င်း၏ဆက်သွယ်မှုကို ဖြတ်တောက်ကာ မန်ဟို့ဘေးသို့ ပျံသန်းသွားလေပြီ။

“မသွားနဲ့” ပိုင်ဝူချိန်မှာ သွေးရူးသွေးတန်း အော်သည်။ မမြင်ရသောလက်သီးတစ်လုံးက သူမကို ထိုးနှက်လိုက်သည့်အလား သူမမျက်နှာသည် သွေးဆုပ်ဖြူလျော်သွားပြီး သွေးတစ်ပွက်အန်လိုက်ရ၏။ လက်ရှိဖြစ်နေသောအရာကို သူမ မည်ကဲ့သို့လက်ခံပေးရမည်နည်း။ ဤမှန်ကွဲစသည် သူမအတွက် အဖိုးထိုက်ဆုံးရတနာ၊ အိမ်ပြန်နိုင်မည့်အခွင့်အ‌ရေး၊ သူမ၏မျှော်လင့်ချက် ဖြစ်၏။ အတိတ်တုန်းက အနီးနားရှိ ကျန်မှန်ကွဲစများ၏တည်နေရာကို ခံစားကြည့်ဖို့ မှန်ကွဲစအား သူမ သုံးခဲ့ဖူးလေသည်။ သို့သော် ယခုတော့... မှန်ကွဲစနှင့်ပတ်သက်၍ သူမနားလည်ခဲ့သမျှ တလွဲဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ကလေးတစ်ယောက်ကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း နောက်ပိုင်းမှ ထိုကလေးက မိမိ၏သွေးသားအရင်းမဟုတ်ကြောင်း သိလိုက်ရသည့် ခံစားချက်မျိုးပင်။ ထို့နောက် ထိုကလေးသည် သူ၏မိသားစုအရင်းနှင့် ထွက်ပြေးသွား၏....

နှစ်ပေါင်းများစွာ တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်သွားနေပြီးနောက် အမျိုးတစ်ယောက်နှင့် ဆုံးစည်းသွားသကဲ့သို့ မှန်ကွဲစ ပျော်ရွှင်နေသည်ကိုပင် ပိုင်ဝူချိန် ခံစားနေရသည်။

“ဘာကြောင့် ဒီလိုဖြစ်နေတာလဲ” ပိုင်ဝူချိန်က နီရဲနေသောမျက်ဝန်းများဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ကာ မေးသည်။ သူမဆံပင်များသည် ဖွာလန်ကြဲနေပြီး ရူးတော့မည့်ပုံရ၏။ ထို့နောက် သူမ၏မှန်ကွဲစက မန်ဟို့လက်မောင်းတစ်လျှောက်လုံး ဖုံးလွှမ်းသွားသော လက်မောင်းကာတစ်ခုဖြစ်သွားသည်ကို သူမမှာ ကြည့်ရုံသာ ကြည့်နေနိုင်လေသည်။

လက်မောင်းကာသည် မည်းနက်နေပြီး အံ့ဖွယ်အရှိန်အဝါတစ်ခုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သောအရောင်အဝါကို ထုတ်လွှတ်နေ၏။ ၎င်းကို ပထမဆုံးအကြိမ် မြင်လျှင်ချင်း ပိုင်ဝူချိန်နှင့် ကျန်ရှိသူများအားလုံး အမှန်စင်စစ် အံ့အားသင့်သွားတော့သည်။

ရှုပ်ထွေးဆန်းပြားသော အဆင်တန်ဆာများနှင့် တိမ်ဆုပ်လိုအကွက်များက လက်မောင်းကာကို ဖုံးလွှမ်းနေသည်။ ချပ်ဝတ်၏ အံ့ဖွယ်အရှိန်အဝါအရ မန်ဟို၏လက်မောင်းတစ်ဖက်လုံးသည် ဤကမ္ဘာနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ဆက်စပ်လာခဲ့သယောင်ပင်။

ဤသို့ဖြစ်ပျက်နေစဉ် ရပ်တန့်နေခဲ့သော တစ္ဆေများ တစတစနိုးလာကြသည်။ ၎င်းတို့သည် ‌ခေါင်းမော့၍ မန်ဟို့ကို လှည့်ကြည့်လိုက်သောအခါ သူဝတ်ထားသည့် ချပ်ဝတ်ကို မြင်သည်နှင့် ဒူးထောက်ဂါဝရပြုကြလေ၏။

သင်္ချိုင်းတစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသည်။ မျက်လုံးအားလုံးသည် မန်ဟို့အပေါ်မှ မခွာကြပေ။ သူ့လက်မောင်းနှင့် လက်ပေါ်ရှိ ချပ်ဝတ်ကြောင့်ဆိုလျှင် ပိုမှန်မည်။

ဂိုဏ်းချုပ်သည် အန္တရာယ်ကို ခံစားလိုက်ရသဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ရှကျုံတုံး၏မျက်လုံးများ ကျဉ်းမြောက်သွားပြီး သူ၏မျက်ဝန်းထဲရှိ ကြမ်းတမ်းမှုမှာ မှိန်ပျလာတော့သည်။

အင်မော်တယ်ပိုင်ဝူချိန်တစ်ယောက်သာလျှင် အခြေအနေကို လက်မခံနိုင်ပေါ်၏။ စောစောက သူမသည် အသာစီးရခဲ့၍ သူမမှန်ကွဲစကို အားကိုးခဲ့သည်။ သို့သ်ော အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။

ဤအခိုက်အတန့်တွင် မန်ဟိုက ပိုင်ဝူချိန်၏အမေးကို ဖြေသည်။

“ငါ့အပိုင်မလို့ပေါ့” သူက တိုးညင်းစွာ ပြောရင်း ချပ်ဝတ်ကို ငုံ့ကြည့်လိုက်သည့်အခါ မျက်ဝန်းများ နူးညံ့ပျော့ပျောင်းသွားလေသည်။ လွမ်းဆွေးမှုက သူ၏မျက်ဝန်းများတွင် ဖြတ်ပြေးသွား၏။ သူ့စကားကို ကြားသောအခါ ပိုင်ဝူချိန်မှာ တဆတ်ဆတ် တုန်ယင်သွားတော့သည်။

“မဖြစ်နိုင်တာ” သူမမှာ ဣန္ဒြေမဆည်နိုင်တော့ဘဲ အော်ဟစ်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ လက်ရှိအဖြစ်ကို လက်ခံနိုင်၍ သူမသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်ရင်း ရိပ်ခနဲ လှုပ်ရှား၏။ အနှစ်သာရကိုးခု၏စွမ်းအားသည် တစ်ကမ္ဘာလုံးပြည့်နှက်သွားသော မြူငွေ့များကို ဖန်တီးရင်း ပေါ်လာပြီးနောက် မန်ဟို့ထံ ဝေါခနဲ ပြေးဝင်လာလေပြီ။

ပိုင်ဝူချိန်သည် မှန်ကွဲစ မန်ဟို့လက်ထဲ ရောက်သွားခဲ့သည့်တိုင် လက်မလျှော့နိုင်သေးပေ။ သူမကား မည်သည့်အရာကိုမဆို ပုံအောလိမ့်ဦးမည်။

“ဂိုဏ်းချုပ် ၊ တာအိုရောင်ရင်းရှ ကျေးဇူးပြုပြီး နောက်ဆုံးအကြိမ် ကူညီပေးပါ” သူမအသံသည် တောင်းပန်နေသံပင် ပေါက်နေ၏။ ဂိုဏ်းချုပ်က သက်ပြင်းချပြီးနောက် ရှေ့တစ်လှမ်းလှမ်းကာ ပိုင်ဝူချိန် ဖန်တီးထားသော အနှစ်သာရမြူများကို ထိုးခွင်းသွားသည့် အလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။

ထို့နောက် ရှကျုံတုံး။ သူသည် အံတင်းတင်းကြိတ်ပြီးနောက် ချာလပတ်လည်ကာ မြူများနှင့် ရောထွေးသွားသော လေပွေတစ်လုံးဖြစ်လာ၏။ ဤအစွမ်းထက်ပညာရှင်သုံးဦး၏ ပူးပေါင်းမှုက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြင်းထန်စွာ တုန်ရီလာစေရင်း မန်ဟို့အပေါ် ထိုးဆင်းလာသော ဖျက်စီးခြင်းတိုက်ကွက်တစ်ကွက် ဖြစ်လာသည်။

မန်ဟိုက မျက်လုံးများလင်းလက်တောက်ပနေလျက် မော့ကြည့်သည်။ သူ၏တိုက်ခိုက်လိုစိတ် ရုတ်တရက် တဟုန်ထိုးမြင့်တက်သွား၍ သူကား လှစ်ခနဲ သုံးယောက်ထဲမှတစ်ယောက်၏အရှေ့တွင် ပေါ်လာသည်။

ထို့နောက် လက်သီးဆုပ်လိုက်သည့်အခါ တိမ်အဆုပ်များလို လှိုင်းများ ဖြာထွက်စပြုလာသည်။ လက်သီးသည် နှေးသယောင်ထင်ရသော်လည်း ပိုင်ဝူချိန်နှင့်ကျန်ရှိသူများ ရှောင်နိုင်မည့်ပုံမပေါ်ပေ။ သူ ထိုးချလိုက်သောအခိုက်အတန့်၌ .... လက်သီးချက်သည် အနှစ်သာရမြူအပေါ် ကျရောက်သွားခဲ့ပြီဖြစ်သည်။

လေပြင်းမုန်တိုင်းတစ်လုံးဖြင့် ဆောင့်တိုက်ခြင်းခံလိုက်ရသကဲ့သို့ မြူများ အုန်းအုန်းထလာပြီးနောက်‌ ပေါက်ကွဲသံများ ကြားလိုက်ရသည်။ မြူများမှာ အငွေ့ပျံသွားရာ သွေးတစ်လုပ်အန်လိုက်သော ပိုင်ဝူချိန်ကို ဖော်ပြလိုက်၏။ တစ်ချိန်တည်းမှာပင် မန်ဟိုက ဂိုဏ်းချုပ်ထံသို့ လက်သီးနောက်တစ်ချက်ပစ်သွင်းရင်း ရှေ့တစ်လှမ်းတက်သည်။

သူသည် ဂိုဏ်းချုပ်ကို အမှန်တကယ်မထိ၊ ထိုအစား လက်သီးစွမ်းအားကို သူ့အရှေ့၌ ရပ်တန့်လိုက်စေသည်။ အုန်းခနဲ ကြားလိုက်ရပြီး လေအဟပ်က ဂိုဏ်းချုပ်မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ စစချင်း ဂိုဏ်းချုပ်သည် နတ်ဘုရားစွမ်းရည်တစ်ခုဖြင့် ပြန်တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဘာမှမတတ်နိုင်တော့မှန်း သဘောပေါက်လိုက်၍ သက်ပြင်းချလိုက်၏။ ထို့နောက် တိုက်ကွက်မှ တွန်းအားကို အခွင့်ကောင်းယူကာ နောက်ပျံသန်းရင်း မန်ဟို့အတွက် လမ်းဖယ်ပေးလိုက်သည်။

မန်ဟိုက သဲမုန်တိုင်းထဲရှိ ရှကျုံတုံးကို လှည့်ကြည့်ရင်း နောက်တစ်လှမ်းတက်သည်။ ရှကျုံတုံးလည်း ဂိုဏ်းချုပ်နည်းတူ ပြန်မတိုက်ခိုက်နိုင်မှန်း နားလည်၍ သက်ပြင်းချရင်း လျင်မြန်စွာ ဆုတ်သွားသည်။

ဂိုဏ်းချုပ်နှင့် ရှကျုံတုံး ဆုတ်သွားပြီးနောက် မန်ဟိုက အင်မော်တယ်ပိုင်ဝူချိန်၏အရှေ့တည့်တည့်၌ ပေါ်လာကာ လက်သီးနောက်တစ်ချက် ပစ်သွင်းလိုက်သည်။

လက်သီးချက်က သူမရင်ဘတ်ပိုင်းကို အုန်းခနဲ တိုက်ဆောင့်သည်။ တိမ်တိုက်လိုအခိုးအငွေ့များက ချပ်ဝတ်ထံမှ ထွက်လာပြီး ပိုင်ဝူချိန်မှာ သွေးတစ်ပွက်အန်ပြီးနောက် အရိုးကျိုးသံများနှင့်အတူ ကြိုးပြတ်သွားသောစွန်ငယ်ပမာ လွင့်ထွက်သွားတော့သည်။ သူမသည် ချက်ချင်း မရပ်နိုင်ဘဲ သွေးများစွာအန်လျက် ဆက်လက်လွင့်ထွက်သွား၏။ ထို့နောက် မီတာသုံးထောင်အကွာရောက်မှ ရပ်လိုက်နိုင်တာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့်‌ ခေါင်းမော့လာသည်။ နောက်ဆုံးတော့ သုံးလုပ်မြောက်သွေးလုပ်အား သူမ အန်လိုက်ရ၏။

သူမ၏ချီနှင့်သွေးများ ပြောင်းပြန်စီးနေသကဲ့သို့ သူမ၏အရှိန်အဝါမှာ ဖရိုဖရဲဖြစ်နေလေသည်။ သူမသည် ၎င်းကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားလိုက်သော်လည်း ရလဒ်အနေဖြင့် သူမနှုတ်ခမ်းထောင့်မှ သွေးများသာစီးကျလာသည်။

ဂိုဏ်းချုပ်မှာ မျက်လုံးပြူးသွားသော်လည်း ဘာမှမပြောပေ။ ရှကျုံတုံးလည်း ထိတ်လန့်နေသောမျက်လုံးများဖြင့် အလိုလိုနောက်ဆုတ်မိသွားသည်။

ကျင်ယွင်ရှန်းမှာတော့ အသက်ပြင်းပြင်းရှူ၍ ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်ကို ကျေးဇူးတင်၍မဆုံးတော့ပေ။

“ငါ ပြောခဲ့သလို ပြဇာတ်ပြီးပြီ” မန်ဟိုက အေးအေးစက်စက် ဆိုသည်။ သူက အင်္ကျီလက်စဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ တစ္ဆေများသည် ဟိန်း‌‌ဟောက်ရင်း သူ့ကို ဝန်းရံလှည့်ပတ်နေကြ၏။ ၎င်းတို့က ဝဲကြီးသဖွယ် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ကီလိုမီတာ ၅၀၊ ကီလိုမီတာ ၅၀၀၊ ကီလိုမီတာ ၅၀၀၀၊ ကီလိုမီတာ ၅၀၀၀၀၊ ကီလိုမီတာ ၅၀၀၀၀၀... နောက်ဆုံးတော့ အဆုံးပင် မမြင်ရလောက်အောင် အရပ်လေးမျက်နှာသို့ ဖြာထွက်နေချေပြီ။

မန်ဟိုသည် ဤကမ္ဘာ၏ အုပ်စိုးသူနတ်မင်းကြီးသဖွယ် အားလုံး၏အလယ်ဗဟိုတွင် ဖြစ်၏။

သူ့ထံမှ ထုတ်လွှတ်နေသောဖိအားက မိုးကောင်းကင်မှဖိအားပမာ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်နေသည်။ တစ္ဆေများလည်း ဖိအားကို ထုတ်လွှတ်နေ၏။ ထိုဖိအားက မန်ဟို၏ဖိအားနှင့် ပေါင်းစည်းကာ မိုးနှင့်မြေသည် မန်ဟို့အား ဝပ်တွားရှိခိုးနေသည့်အလား မြေငလျင်များ လှုပ်ခတ်လာစေသည်။

ကျင်ယွင်ရှန်က မျက်နှာပျက်သွားပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လျက် နောက်ဆုတ်သွားသည်။ ဂိုဏ်းချုပ်က သက်ပြင်းချ၍ မန်ဟို့အား လက်ယှက်အရိုအသေပေးသည်။ ထို့နောက် ဖမ်းဆုပ်ဟန်လုပ်လိုက်ကာ ပေါ်လာသောသိုလှောင်အိတ်ကို မြေကြီးပေါ် ချပြီး နောက်ဆုတ်လိုက်၏။ အကွာအဝေးတစ်ခုအထိ ဆုတ်ပြီးနောက် ပြင်းထန်သောဖိအားဒဏ်ကို ကာကွယ်ဖို့ ကျင့်ကြံခြင်းအခြေခံအား လှည့်ပတ်လိုက်သည်။

ရှကျုံတုံးလည် သက်ပြင်းချပြီး သိုလှောင်အိတ်တစ်လုံး ထုတ်ကာ မြေကြီးအပေါ် ချ၍ နောက်ဆုတ်သွားသည်။

သူတို့၏အပြုအမူက ရှင်းသည်။ သူတို့သည် တိုက်ပွဲအတွင်း သူတို့ကိုယ်သူတို့ ထိန်းထားခဲ့သလို၊ လျော်ကြေးလည်း ပေးခဲ့ပြီးပြီဖြစ်၏။ သူတို့တွက်ချက်မိသလောက် မန်ဟိုက အခြေအနေပိုဆိုးသွားအောင် ဖိအားပေးမည်မဟုတ်ပေ။

All Chapters