← Chapters

စုံစမ်းစစ်ဆေးရေး

Vol. 7 Ch. 91

စုံစမ်းစစ်ဆေးရေး

Vol. 7 Ch. 91

အခန်း(၉၁) - စုံစမ်းစစ်ဆေးရေး

ရှရှီမြို့တော်။ အထူးအပင်သုတေသနအဖွဲ့အစည်း။

ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကို ကယ်တင်ပေးနိုင်ခဲ့ပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ထိပ်တန်းအပင်ပညာရှင်များက ထွက်မသွားကြသေးပါ။

သူတို့အတွက် အသက်ရှိနေသော ဖူဆန်သစ်ပင်က ပိုဆွဲဆောင်မှုရှိပါသည်။

တကယ်တမ်း ဖူဆန်သစ်ပင်က မီးကို ခံနိုင်ရည်ရှိသည်။ ထိုအချက်က အပင်ပညာရှင်များ၏ ကမ္ဘာကြီးအပေါ်မြင်သော အမြင်ကို ပြောင်းလဲသွားစေပါသည်။

"မစ္စတာယဲ့ ဒီမှာ မနေတာ နှမြောစရာပဲ၊ မဟုတ်ရင် ငါတို့ သူ့ကို ဒီသစ်ပင်အကြောင်း မေးလို့ရတယ်။"

အချိန်အကြာကြီး လေ့လာလိုက်စားခဲ့လျှင်တောင်၊ သူတို့က ထိပ်တန်းရုက္ခဗေဒပညာရှင်များ၏ အသိပညာများကို ဆက်ခံစုဆောင်းခဲ့လျှင်တောင် ဖူဆန်သစ်ပင်၏ ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ဖို့ ခက်ခဲနေပါသေးသည်။

ဖူဆန်သစ်ပင်မှ သူတို့ သစ်ကိုင်းတစ်ကိုင်း ချိုးကြည့်ဖို့ ကြိုးစားခဲ့သေးသည်။ ထိုလုပ်ဆောင်ချက်အားလုံးကို ယဲ့ရှောင်ချန်း လုပ်သလိုမျိုး အမှားမရှိ လိုက်လုပ်ခဲ့သော်လည်း သစ်ကိုင်းက အချိန်တိုအတွင်း ပြာကျသွားသည်။

သူတို့က ကူးပမ်းဖေးယွမ်ကို အသုံးပြုလျှင်တောင် ဘာမှမထူးပါ။

ဖူဆန်သစ်ပင်ကို အခြားရှုထောင့်များမှ လေ့လာကြည့်သည်။ သို့သော် အဓိကအချက်ကို နားမလည်နိုင်ကြသေးပါ။ ဖူဆန်သစ်ပင်ကြီးမှာ အထဲတွင် ဆန်းကြယ်မှုများစွာကို ပိတ်လှောင်ထားသော ဆန်းကြယ်ခြင်း တံခါးချပ်ကြီး တစ်ချပ်လိုပင်။

ယဲ့ရှောင်ချန်းတွင် ထိုတံခါးချပ်ကို ဖွင့်ဖို့ သော့တစ်ချောင်း ရှိနိုင်သည်ကို သူတို့သိသည်။

ကူးပမ်းဖေးယွမ်ကို အကောင်းဆုံး ကြိုးစားပြီး လေ့လာဆန်းစစ်ခဲ့သော်လည်း ဖွဲ့စည်းပုံကို မသိနိုင်ခဲ့ကြပါ။

ထိုအချက်အားလုံးကြောင့် သူတို့သည် ယဲ့ရှောင်ချန်းနှင့် ပိုမိုစကားပြောချင်လာစေသည်။

"ပညာရှင်ကြီးယန် ကျွန််တော်တို့ မစ္စတာယဲ့ဆီ အတူတူသွားကြရအောင်လား။"

တစ်စုံတစ်ယောက်က အကြံပြုသည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ သူ့ဆီသွားပြီး အကြံဉာဏ်တောင်းလို့ရတယ်။"

"ဟုတ်တာပေါ့၊ ကျွန်တော်တို့ ဒီမှာ စုံလုံးကန်းပြီး လေ့လာနေရင်တောင် အဓိကအချက်ကို နားမလည်နိုင်ဘူး။ မစ္စတာယဲ့ကို အကြံဉာဏ်တောင်းမှသာ ရုက္ခဗေဒနယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရနိုင်လိမ့်မယ်။”

"ကျွန်တော်တို့ အများကြီး အကြံဉာဏ် လာတောင်းရင်တော့ မစ္စတာယဲ့က လက်ခံပေးမှာပါ။"

"ပညာရှင်ကြီးယန် ခင်ဗျားတော့ ဦးဆောင်ရမယ်။"

...

အခြားသူများကလည်း ထိုအကြောင်းကို စတင်ပြောလာကြသည်။ နိုင်ငံခြား အပင်ပညာရှင်များပင် အလွန်အမင်း စိတ်ဝင်စားနေကြပြီး မပြန်ချင်ကြသေးပါ။

ပညာရှင်ကြီးယန်က ခဏလောက် စဥ်းစားလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ဟုတ်ပြီ၊ မစ္စတာယဲ့ရဲ့ မွေးရပ်မြေကိုသွားပြီး ငါတို့ လူကိုယ်တိုင် သွားတွေ့ကြတာပေါ့။"

သူ့ရဲ့ အသိပညာ ဆာလောင်စိတ်ကလည်း ထိုလူများအောက် မနိမ့်ကျပါ။ တကယ်တော့ ပို၍ပင် များပြားပါသေးသည်။

ချက်ချင်းဆိုသလိုပင် သူတို့အုပ်စုက ဆုံးဖြတ်ချက်ချကာ စတင်ထွက်ခွာတော့သည်။

ကျန်းခယ့်ချင်းက ယဲ့ရှောင်ချန်းနှင့် အဆက်အသွယ်အရှိဆုံးဖြစ်သဖြင့် ကံကောင်းကာ သူတို့ထဲတွင် ပါဝင်နိုင်ခဲ့သည်။

ကျန်းဖျင်က ဒါကို သိသွားသောအခါ သူတို့အတွက် အမြန်ဆုံး ခရီးစီစဥ်ပေးရသည်။

ပညာရှင်ကြီးယန်ကတော့ အကြီးအကျယ် မဖြစ်စေချင်ဘဲ ကျန်းဖျင်အား တိုးတိုးတိတ်တိတ် ကိုင်တွယ်နိုင်လျှင် ပိုကောင်းမည်ဟု ဆိုသဖြင့် ကျန်းဖျင်လည်း သဘောတူခဲ့ပါသည်။

ပညာရှင်ကြီးယန် တစ်ယောက်တည်း ကျေးရွာ သို့မဟုတ် မြို့တော်တစ်ခုသို့သွားလျှင် စံနှုန်းမြင့် ဧည့်ခံမှုကို ခံစားရမည်ဖြစ်သည်။ ကျေးရွာ သို့မဟုတ် မြို့တော်များ၏ ခေါင်းဆောင်ပိုင်းကြီးများကတောင် သူ့ကို ကြည်ညိုလေးစားကာ ဧည့်ခံကြပါလိမ့်မည်။

ပညာရှင်ကြီးယန်တွင် အာဏာများစွာ ရှိသောကြောင့် မဟုတ်ပါ။ နယ်ပယ်တစ်ခုတွင် ထွန်းပေါက်အောင်မြင်သည့် သူ့ရဲ့ ကျွမ်းကျင်မှုကို လေးစားသောကြောင့်သာ ဖြစ်ပါသည်။

ပညာရှင်ကြီးယန်လို ရုက္ခဗေဒပညာရှင်များက နိုင်ငံတော်၏ ရတနာများ ဖြစ်ကြသည်။ နိုင်ငံတော် ခေါင်းဆောင်များပင် သူနှင့် တွေ့ဆုံသောအခါ အလွန်ယဥ်ကျေးပြလေ့ရှိသည်။

လူတစ်ယောက်က လုပ်ငန်းတစ်ခုတွင် ထိပ်ဆုံးတစ်နေရာကို ရောက်လာပါက အဆင့်မြင့် အရာရှိတစ်ဦး မဟုတ်လျှင်တောင် လွှမ်းမိုးနိုင်မှုက အံ့သြလောက်စရာကောင်းအောင် ရှိနေဦးမည်ဖြစ်သည်။

ထို့အပြင် ဒီတစ်ခေါက်က ပညာရှင်ကြီးယန် တစ်ယောက်တည်း မဟုတ်ပါ။ ထိပ်တန်းရုက္ခဗေဒပညာရှင် အယောက် ၂၀ ကျော်ပါဝင်ပြီး သူတို့ထဲက အနည်းစုက ပညာရှင်ကြီးယန်အောက် ပညာမနိမ့်ကျပါ။

နိုင်ငံခြားသား ရုက္ခဗေဒပညာရှင်နှစ်ယောက်လည်း ရှိနေပါသေးသည်။ တစ်ယောက်က အင်္ဂလန်နိုင်ငံမှ ဒေါက်တာဂျိမ်းစ်ဟုခေါ်၏။ သူက ကမ်းဘရေ့ဂျ်တက္ကသိုလ်တွင် နာမည်ကျော် ပရော်ဖက်ဆာတစ်ယောက် ဖြစ်ရုံသာ မကသေးဘဲ အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ဘွဲ့ဂုဏ်ထူး ပေးအပ်ခြင်း ခံခဲ့ရဖူးသည်။

အခြားတစ်ယောက်က အိန္ဒိယနိုင်ငံသား ဖြစ်သည်။ နာမည်က ဂန္ဒီတိုနီဖြစ်ပြီး ရုက္ခဗေဒနိုင်ငံကျော်ပညာရှင်ကြီးတစ်ဦးဖြစ်သည်။

သို့သော်လည်း ခရီးစဥ်က အလွန်လျှို့ဝှက်ရမည်ဖြစ်သည်။ မရေမတွက်နိုင်သော မျက်လုံးများကို ဘယ်လိုလုပ် ရှောင်နိုင်မည်လဲ။

ရုက္ခဗေဒနယ်ပင် ထိပ်တန်းပညာရှင်များစွာက ရှရှီမြို့တွင် စုရုံးနေကြသည်။ ထိုအချက်နှင့်ပင် အတော်လေး သိသာနေပါပြီ။

ထိုအချိန်တောအတွင်း လူဘယ်နှယောက် လည်ပတ်ခဲ့သလဲ မသိပါ။

သူတို့ထဲတွင် တောင်ပိုင်းဒေသ မြို့နယ်များစွာမှ စိုက်ပျိုးရေးဌာနများ၏ အလုပ်သမားများ၊ ကုမ္ပဏီအချို့၊ ကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးနည်းနှင့် ဆက်နွယ်သော သုတေသနအဖွဲ့အစည်းများလည်း ပါဝင်သည်။ သူတို့၏ ရည်ရွယ်ချက်က ထိုထိပ်တန်းအပင်ပညာရှင်များကို သူတို့၏ ကုမ္ပဏီများ၊ ကျောင်းများ၊ ဌာနဆိုင်ရာများ သို့မဟုတ် လယ်ယာမြေများကို စစ်ဆေးရန် ဖိတ်ခေါ်ပြီး အကြံဉာဏ်များ တောင်းဆိုဖို့ဖြစ်ကြသည်။

ရှိုးထုတ်ရုံသာ ဖြစ်မည်ဆိုလျှင်တောင် အံ့သြဖို့ကောင်းသော အကျိုးကျေးဇူးများ ရှိနိုင်ပါသည်။

ပညာရှင်ကြီးတစ်ဦးက ကျောင်းတစ်ကျောင်းထံသို့ လှည့်လည်ကြည့်ရှုနေသည့်ပုံကို ကျောင်းနံရံတစ်ခုတွင် ချိတ်ဆွဲထားပါက တကယ့် ကြော်ငြာကြီးတစ်ခု ဖြစ်သွားနိုင်သည်။

ထို့အတွက် လူတွေက အထင်ကြီးလာနိုင်သည်။

ကံမကောင်းစွာဖြင့် ပညာရှင်ကြီးယန်နှင့် အခြားပညာရှင်များက ထိုအချိန်တွင် အထူးအပင်သုတေသန အဖွဲ့အစည်းအတွင်းသာ စားသောက်နေထိုင်နေကြသဖြင့် သူတို့ မတွေ့နိုင်ခဲ့ကြပါ။

ခုတော့ ပညာရှင်ကြီးယန်နှင့် အခြားသူများက အပင်သုတေသနအဖွဲ့အစည်း ဂိတ်ဝမှ ထွက်လာသည်နှင့် အချိန်အကြာကြီး စောင့်နေခဲ့ရသော လူများမှာ သွေးနံ့ရသော ငါးမန်း တစ်ကောင်လို အသည်းအသန် ရောက်လာကြသည်။

ပညာရှင်ကြီးယန်နှင့် အခြားသူများလည်း ကြောင်စီစီ ဖြစ်သွားကြသည်။

သူတို့သည် ဖြစ်ရပ်များစွာကို မြင်ဖူး ကြုံဖူးသော်လည်း ဒါမျိုး မြင်ဖူးသည်ကတော့ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

မဖြစ်နိုင်ပါ။ သူတို့ ကျင်းရှန်မြို့ကို တိုးတိုးတိတ်တိတ်သွားပြီး ယဲ့ရှောင်ချန်းနှင့် တွေ့ဖို့က မဖြစ်နိုင်သည်ကို သူတို့သိလိုက်ရသည်။

နောက်ဆုံးတော့ အားလုံး ပြောကြသောအခါ စူးစမ်းလေ့လာရေးခရီး ခေါင်းစဥ်တပ်၍သာ သွားလိုက်ရသည်။

ပထမဆုံး ရပ်နားသည့်နေရာက ထန်မြို့တော်။ ထို့နောက် ရှန်မြို့တော်၊ ထို့နောက် ယန်မြို့တော်... မဲပေါက်သွားသည့် ထိုအဆင့်မြင့် မြို့တော်ကြီးများက အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့အကောင်းဆုံး ကြိုးစားပြီး စံနှုန်းမြင့် ဧည့်ဝတ်ကျေပွန်နိုင်အောင် လုပ်ခဲ့ကြသည်။ ကမ္ဘာကြီးက မသိမြင်မည်ကို စိုးရိမ်နေသလိုပင်။

ပညာရှင်များအသင်းက မရောက်လာသေးပေမယ့် ကျေးရွာ၊ မြို့နယ်၊ လမ်းမများ၊ လမ်းငယ်များတွင် ကြိုဆိုသော အလံမျိုးစုံကို ချိတ်ဆွဲထားပြီးကြပြီ ဖြစ်သည်။

အစိုးရက ပြည်သူများကို ရှင်းလင်းပြီး လမ်းကြောင်း လုံခြုံရေးကိုလည်း တင်းကျပ်လိုက်သည်။

အားလုံးက ပညာရှင်များ သူတို့မြို့တွင် ကြာကြာနေအောင် တတ်နိုင်သမျှ သဘောကျသွားစေရန် ကြိုးစားခဲ့ကြသည်။

ထိုအချိန်တွင် ထိုမြို့ရွာများရှိ ကျောင်းများ၊ ကုမ္ပဏီများ၊ လယ်များက ကြိုးကြိုးစားစား လုပ်ခဲ့ကြပြီး ပညာရှင်များက သူတို့ပိုင်နက်သို့ လာလည်ကြမည်ဟု မျှော်လင့်နေမိသည်။

...

ယန်ရှစ်မြို့တော်၊ မြို့တော် စိုက်ပျိုးရေးနည်းပညာ ပရိုမိုးရှင်းဌာနက ထိုမြို့တော်၏ စိုက်ပျိုးရေး နည်းပညာအပိုင်းတွင် အရေးပါသော ဌာနတစ်ခုဖြစ်ပါသည်။

ရုံးတစ်ရုံးသာဖြစ်သော်လည်း လက်ထောက်ဌာနတစ်ခုဖြစ်ပြီး အာဏာအစစ်က မသေးငယ်လှပါ။

ပညာရှင်အသင်းက ယန်ရှစ်မြို့တော်ကို ရောက်လာတော့မည် ဆိုသဖြင့် ယန်ရှစ်မြို့တော်က အခြေအနေများ တင်းကျပ်နေခဲ့သည်။ စိုက်ပျိုးရေးနည်းပညာ ဌာနတစ်ခုဖြစ်သော ပရိုမိုးရှင်းဌာနက ဧည့်ခံဖို့ အဓိက တာဝန်ရှိသော ဌာနဖြစ်သည်။ မြူနီစီပယ် အစိုးရကလည်း ဒုမြို့တော်ဝန်ကို ဧည့်ခံမှုအပိုင်းအတွက် တာဝန်ယူရန် စေလွှတ်ခဲ့သည်။

ထိုအချိန်တွင် ဌာန၏ တံခါးများ ကျိုးလုနီးပါးဖြစ်နေပြီး လူဘယ်လောက်တောင် ဝင်ချင်နေသလဲမသိပါ။ ပညာရှင်အသင်းနှင့် အဆက်အသွယ် ရချင်ကြပြီး လူတိုင်းက နေရာတစ်ခု လိုချင်နေကြသည်။

"ဟေ့ကောင် အဲ့ဒီပညာရှင်တွေက ဘာတွေလုပ်နေမှန်း မသိပါဘူးကွာ။ အဲ့လောက်ကြီး ကြီးကြီးကျယ်ကျယ် လုပ်စရာလိုလို့လား။ ငါ တော်တော် ပင်ပန်းနေပြီ၊ ဝိတ်တွေလည်း ထပ်ကျသွားပြန်ပြီ၊ အခု ငါ ချီချီထက်တောင် ပိုပေါ့နေပြီကွ။"

ဖန်းယွမ်က ယဲ့ရှောင်ချန်းနှင့် သူ့မကျေနပ်ချက်များကို ဖုန်းဖြင့် ပြောပြနေသည်။

အရင်တစ်ခေါက်က သူ့အောင်မြင်မှုကြောင့် ဌာနာတွင် သူ့ရာထူးက မြင့်နေပြီဖြစ်ပြီး မိသားစုအကူအညီဖြင့် ဌာနခေါင်းဆောင်၏ ရုံးခန်းသို့ ပို့ဆောင်ခံလိုက်ရကာ ယခု ဒုဌာနမန်နေဂျာ ဖြစ်နေလေပြီ။

ဒီတစ်ခေါက်တော့ သူ သေချာပေါက် အလုပ်ကြိုးစားရသည်။ အသက်ရှူဖို့ အချိန်မရလောက်သည့် အထိတောင် ကြိုးစားရသည်။

"စိုက်ပျိုးသိပ္ပံက လီယန်နဲ့ ပြည်တွင်း ပြည်ပ ထိပ်တန်း ရုက္ခဗေဒပညာရှင်တွေ အသင်းဖွဲ့ပြီး ယန်ရှစ်မြို့ကို လာလည်နေကြတယ်ဟုတ်လား။"

ယဲ့ရှောင်ချန်းက ဖန်းယွမ်၏ စကားကို နားထောင်ပြီး အလွန်ထူးဆန်းနေသလို ခံစားလိုက်ရသည်။ ပညာရှင်များက သူ့ထံသို့ လာနေသည့်ပုံ မဟုတ်ပါလား။

ယန်ရှစ်မြို့တော်က စီးပွားရေးကြောင့် တော်ပိုင်းဒေသတွင် အဆင့် တော်တော်နိမ့်ပြီး ကြီးမားသည့် စိုက်ပျိုးရေးနည်းပညာ မြို့တော်လည်း မဟုတ်ပါ။ ဒီလို ဆုကြီးကြီးမျိုး မရနိုင်သည့် နေရာဟု ပြောနိုင်သည်။

"ဟုတ်တယ်၊ ငါပြောပြီးပြီလေ အဲ့လူတွေက ရုက္ခဗေဒနယ်ပယ်မှာ ထိပ်တန်းအာဏာရှိသူတွေကွ။ သူတို့တစ်ယောက်ချင်းစီတိုင်းက နိုင်ငံ့ရတနာတွေပဲ။ ဖူဆန်သစ်ပင်ကြီးကိုလည်း သူတို့ ကုသလိုက်တာလို့ ပြောနေကြတယ်။ အဲ့တော့ ငါပြောထားမယ်၊ အဲ့လို ပညာရှင်အသင်းကြီးကသာ မင်းခြံနားမှာ ရပ်ရင် ဘာမှမလုပ်ရင်တောင် စကားကောင်းကောင်း တစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်ကွာ ကြားလား။ မင်းရဲ့ စိုက်ပျိုးရေးခြံက ဟင်းသီးဟင်းရွက်တွေ ချက်ချင်း နာမည်ကြီးသွားလိမ့်မယ်။"

ဖန်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "ဒါပေမယ့် အိပ်မက်ပါကွာ။ သူတို့က မင်းရဲ့ စိုက်ပျိုးရေးခြံလေးကို ဘယ်လိုလုပ်ပြီး လာမှာလဲ။ ငါ မင်းကိုပြောဦးမယ်၊ အခုလေးတင် ထျန်ဟန့်စိုက်ပျိုးရေးသိပ္ပံကုမ္ပဏီပိုင်ရှင်က ယန်ရှစ်မြို့တော်မှာ အတော်လေး ကြီးမားတဲ့ ခြံကြီးတစ်ခြံ ပိုင်ဆိုင်ထားတယ်၊ သူက ငါတို့ဌာနခေါင်းဆောင်ဆီ လူကိုယ်တိုင် လာတွေ့သွားသေးတယ်။ သူ့ရဲ့ ထျန်ဟန့်စိုက်ပျိုးရေးခြံက အနည်းဆုံး မင်းခြံထက် အဆတစ်ရာလောက် ပိုကြီးတယ်။ အလုပ်သမားတွေလည်း ရာနဲ့ချီ ရှိတယ်။ အဆက်အသွယ်တွေလည်းများပြီး ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူးကွ။"

"အေးပါကွာ။"

ယဲ့ရှောင်ချန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ မကြာသေးခင်က ထိုပညာရှင်ကြီးများရှေ့တွင် သူရပ်နေခဲ့ရပြီး လေးစားခံခဲ့ရသည်ကို ဖန်းယွမ်သာသိလျှင် ဘယ်လိုမျက်နှာများ ဖြစ်သွားမလဲမသိပါ။

All Chapters