← Chapters

ငါးကြိမ်

Vol. 7 Ch. 92

ငါးကြိမ်

Vol. 7 Ch. 92

အခန်း(၉၂) - ငါးကြိမ်

ပညာရှင်ကြီးယန်က သူ့ကိုလာတွေ့တာလား။ ယဲ့ရှောင်ချန်း သိပ်ပြီး အရေးမစိုက်ဘဲ ဖန်းယွမ်ဖြင့် စကားပြောပြီးသွားသောအခါ ဖုန်းချလိုက်သည်။

ထိုအချိန်တွင် သူ အင်မော်တယ်မြေတွင်  ရှိနေသည်။

ဖူဆန်သစ်ပင်က အပင်ပေါက်လေး တစ်ပင်အဖြစ်တောင် ပြောင်းလဲသွားလေပြီ။

သစ်ပင်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေနက်ရောင်ဖြစ်သော်လည်း ထိပ်ဆုံးတွင် အသက်စွမ်းအင်များ ပြည့်ဝနေသော စိမ်းရွှေရောင် အဖူးလေး တစ်ဖူးရှိနေပါသည်။

ယဲ့ရှောင်ချန်းက စိတ်ဝိညာဥ်ပါရမီကို အသုံးပြုပြီး ဖူဆန်သစ်ပင်၏ အသိစိတ်နှင့် နေ့တိုင်း ဆက်သွယ်နေခဲ့သည်။

အခြား အင်မော်တယ် အပင်များနှင့် ယှဥ်လျှင် ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကို အများကြီး ပိုမို ဂရုစိုက်ပါသည်။

သို့သော်လည်း ဖူဆန်သစ်ပင်က ဘာကြောင့် အခြားအပင်များထက် အရေးကြီးနေရသလဲ။

မီးဂုဏ်သတ္တိက ယဲ့ရှောင်ချန်းအတွက် အနီရောင် အင်မော်တယ် ပဲစေ့များကို စိုက်ပျိုးနိုင်ဖို့ လိုအပ်ချက်များကို ပြည့်ဝစေနိုင်သည်။

၎င်းကလည်း အင်မော်တယ် သစ်ပင်တစ်မျိုး ဖြစ်ပြီး ရှန်းမူတွင် ရှိသည့် ဖူဆန်သစ်ပင်နှင့် ဆက်နွယ်မှုလည်း ရှိပါသည်။

ဖူဆန်သစ်ပင်နှင့် နီးကပ်စွာ နေပါက နွေးထွေးမှုတချို့ကို ခံစားရသည်။ အခြားနေရာများထက် အပူချိန် ၁ ဒီဂရီ၊ ၂ ဒီဂရီလောက် ပိုမြင့်မားသည်။

သိတော့ မသိသာသေးပါ။ မကြာသေးခင်ကမှ ရှင်သန်ခဲ့ပြီး အပင်ပေါက် အခြေအနေတွင်သာ ရှိနေသေးသောကြောင့်ဖြစ်ပါသည်။

အရွယ်ရောက်လာသည်နှင့် မီးဂုဏ်သတ္တိ၏ ဝိသေသလက္ခဏာများက ပိုပိုပြီး သိသာလာမည်ဖြစ်သည်။

ထိုအချိန်တွင် ဖူဆန်သစ်ပင်အား အခြားနေရာတွင် ပြောင်းရွှေ့စိုက်ပျိုး၍ မရတော့မည်ကို သူစိုးရိမ်နေမိသည်။ မဟုတ်ပါက ဒီအပူချိန်ဟာ အခြားအင်မော်တယ်အပင်များအပေါ် သက်ရောက်မှု ရှိနိုင်သည်။

"အင်မော်တယ် မုန်လာဥနီနဲ့ အင်မော်တယ် မုန်လာဥဖြူတွေ ကြီးနေပြီပဲ။ မြန်မြန်ခူးမှပဲ။"

ယဲ့ရှောင်ချန်းက အင်မော်တယ် မြေကွက် ၁ ကို သွားလိုက်သည်။

အပင်များအားလုံးက အင်မော်တယ် မုန်လာဥဖြူများဖြစ်ကြသည်။

မြစိမ်းရောင် မုန်လာဥဖြူအပင်များက သိပ်သည်းပြီး ပြည့်နှက်နေကြသည်။

"ဟားဟား... ကြည့်ရတာ ဒီတစ်ခေါက် အရည်အသွေးကတော့ အတော်လေး ကောင်းတော့မယ်ထင်တယ်။"

ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်ပေါက်လာသည်။

အပင်များ ပိုပြီးသန်မာလေလေ မြေကြီးထဲရှိ မြေအောက်ပင်စည်များ ပိုမို တုတ်ခိုင်လေဖြစ်ပြီး ကိုယ်ထည် ပိုမို ပြည့်ဝလေလေဖြစ်သည်။

သူ အင်မော်တယ် ပေါက်ပြားကို ထုတ်လိုက်ပြီး တူးကြည့်လိုက်သည်။

ယခင်လများက နေ့တိုင်း အင်မော်တယ်မြေမှ အသီးအရွက်များစားပြီး ထိုမြေမှ လေများကို ရှူခဲ့ရသဖြင့် လေ့ကျင့်ခန်း မှန်မှန် မလုပ်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က ပိုပိုပြီး သန်မာလာနေပါသည်။

သူ ရှန်းနုန်စနစ်ကို မရခင်ကထက် သုံးဆလောက် ပိုမို သန်မာလာသည်ဟု ခံစားရသည်။

အလွန်အံ့အားသင့်ဖို့ကောင်းပါသည်။

သူ့အရပ်လည်း ရှည်လာကြောင်း သိလိုက်ရသည်။ အရင်က ၅ပေ ၇ လက်မ အောက် နိမ့်သော်လည်း ယခုတော့ ၅ပေ ၇ လက်မအတိဖြစ်သည်။

၅ ပေ ၇ လက်မက ခေတ်သစ်တွင် အနည်းငယ် ပုသေးသည်ဟု ဆိုနိုင်သော်လည်း ယဲ့ရှောင်ချန်းက ကျေနပ်ပါသည်။

နောက်ပိုင်း သူ့အရပ် ထပ်ရှည်လာမည်ဟု သူယုံကြည်သည်။

အင်မော်တယ် ပေါက်ပြားကို ကိုင်ရင်း ယဲ့ရှောင်ချန်း အကြိမ်ကြိမ် ပေါက်ကာ မုန်လာဥလုံးတစ်လုံးကို တူးထုတ်လိုက်သည်။

သူ မရပ်နားခဲ့ပါ။ တစ်ခါတည်း သုံးတန်းလောက် တူးခဲ့သည်။ ထိုအခါမှ သူ့လက်များ အားနည်းလာပြီး ပင်ပန်းလာသည်ဟု ခံစားရကာ အနားယူလိုက်သည်။

အရင်ကဆိုလျှင် တစ်လုံး တူးပြီးတိုင်း တစ်ခါ အနားယူရမည်ဖြစ်သည်။

ဒါတိုးတက်လာခြင်းသာ။

ယဲ့ရှောင်ချန်းသည် အင်မော်တယ် မုန်လာဥနီများနှင့် မုန်လာဥဖြူများ အားလုံးကို တူးဆွဖို့အတွက် နာရီပေါင်းများစွာ ကြာခဲ့သည်။

နီရဲပြီး ဖြူဖွေးနေသော မုန်လာဥများကို ကြည့်ရင်း ယဲ့ရှောင်ချန်းသည် အောင်မြင်မှုများနှင့် ကျေနပ်မှုများ ပြည့်ဝနေခဲ့သည်။

သူ အင်မော်တယ်ယွမ်တွေ အများကြီး ရတော့မည်။

သူ အနည်းငယ်လောက် ပိုသုံးနိုင်တော့မည်။

အင်မော်တယ် မုန်လာဥဖြူ အလုံး ၁၀၀။

အင်မော်တယ် မုန်လာဥနီ အလုံး ၁၀၀။

ယဲ့ရှောင်ချန်းက မုန်လာဥဖြူများအားလုံးကို ဂရုတစိုက် တိုင်းတာရင်း ချက်ချင်း အားရသွားသည်။

ထိုမုန်လာဥများက အရင်တစ်ခေါက်ကထက် ပို၍ ကြီးမားပုံပေါ်ပြီး ပိုပြီးရောင်းရမည့်ပုံပင်။

အထူးသဖြင့် အင်မော်တယ် မုန်လာဥ အများစုက သိသာပါသည်။

သူ တူးဆွခဲ့စဥ်တုန်းက စိုက်ပျိုးရာတွင် သုံးခဲ့သော မြေသြဇာအပေါ် မူတည်ပြီး အမှတ်အသား တိတိကျကျ မှတ်သားခဲ့၏။

အကောင်းဆုံး ရောင်းချနိုင်မှုများက သဘာဝ မြေသြဇာများကြောင့် ဖြစ်သည်။

သူ မစဥ်းစားချင်တော့ပါ။ အကြီးဆုံး အင်မော်တယ် မုန်လာဥကို ဓားဖြင့် ပိုင်းလိုက်သည်။

ယဲ့ရှောင်ချန်း၏ မျက်လုံးများ ကြက်သေသေသွား၏။ အံ့သြစရာပါလား။ စက်ဝိုင်းပုံစံ ငါးကွက်တောင်ရှိသည်။

အရင်တစ်ခေါက်ကထက် စက်ဝိုင်းသုံးဝိုင်း ပိုပါသည်။

တိုးတက်လာမှုက ပုံမှန် သိသာရုံတင်မဟုတ်တော့ပါ။

ယဲ့ရှောင်ချန်းသည် ချက်ချင်း မျက်စိဖွင့်လိုက်ပြီး ရယ်မောလိုက်၏။

ကောင်းလိုက်တာ။

ထို့ကြောင့် အခြား အင်မော်တယ် မုန်လာဥလုံးတစ်လုံးကိုလည်း ထပ်ပိုင်းကြည့်လိုက်သည်။ စက်ဝိုင်းပုံစံ ငါးကွက် အတူတူပဲဖြစ်သည်။ သူ ချက်ချင်း အားရကျေနပ်သွားပါသည်။

ရှန်းနုန်ပါရမီများ၏ ဖြည်းဖြည်းခြင်း တိုးတက်လာမှုကြောင့် အပြင် စက်ဝိုင်းပုံစံကွက် ငါးကွက်ရှိနေရခြင်း၏ အဓိက အကြောင်းအရင်း ရှိနေပါသည်။ သဘာဝမြေသြဇာကြောင့်လားဟု သူတွေးနေမိ၏။

ယခုတော့ အင်မော်တယ် မြေသြဇာများ၏ အရေးပါပုံကို သူနားလည်ခဲ့ရလေပြီ။

သူ့လက်ထဲတွင် အင်မော်တယ်မြေသြဇာအစစ် တစ်သုတ်လောက် ရှိပါက အင်မော်တယ် အပင် ခုနစ်သုတ် ရှစ်သုတ်လောက် စိုက်ပျိုးဖို့ ခက်ခဲမည် မဟုတ်တော့ပါ။

"ဒီသဘာဝမြေသြဇာက ဘယ်လောက် အာနိသင်ရှိလဲမသိဘူး။"

ယဲ့ရှောင်ချန်း စိတ်ထဲတွင် မြေသြဇာ မထည့်ထားသည့် အင်မော်တယ် မုန်လာဥတစ်လုံးကို လှီးကြည့်လိုက်သည်။

စက်ဝိုင်းပုံစံ သုံးကွက်ရှိသည်။

သို့သော်လည်း ထိုစက်ဝိုင်းသုံးကွက်က အလွန်ရှင်းလင်းနေပါသည်။

သူအံကြိတ်လိုက်ပြီး ဓာတ်မြေသြဇာ သုံးထားသော အင်မော်တယ် မုန်လာဥတစ်လုံးကို လှီးကြည့်လိုက်သည်။ ပုံစံကွက်သုံးကွက်ပဲဖြစ်ပြီး ဘာမှမပြောင်းလဲပါ။

သူသေချာသွားပါသည်။

အစကတော့ အင်မော်တယ် အပင်များအတွက် မြေသြဇာက အာဟာရအချို့ကို ထောက်ပံ့ပေးနိုင်သော်လည်း အင်မော်တယ်အပင်ပေါ်တွင်တာ့ အာနိသင်မရှိပေ။

လှီးထားသည့် အင်မော်တယ်  မုန်လာဥနှင့် အင်မော်တယ် မုန်လာဥလုံး သုံးလုံးတို့ကို ကြည့်ကာ သူ့ရင်ထဲတွင် နာကျင်သွား၏၊ ဤ အလုံးများက အင်မော်တယ် ယွမ် ၈ ယွမ် ၉ ယွမ်လောက် တန်နိုင်သည်။

နှမြောစရာကြီးပင်။

"ဒါကို လနတ်သမီး လိုချင်မလားမသိဘူး။"

ယဲ့ရှောင်ချန်းက သူဖြုန်းတီးလွန်းအားကြီးနေပြီဟု ခံစားလိုက်ရသည်။

အရင်တစ်ခေါက်က အလကား ဖြစ်သွားသော မုန်လာဥများကိုလည်း သိုလှောင်နေရာကွက်ထဲ ထည့်ထားပြီး အခုထိ မကိုင်တွယ်ရသေးပါ။

ထိုသို့စဥ်းစားပြီး ယဲ့ရှောင်ချန်း လနတ်သမီးနှင့် အမြန်ဆုံး ဆက်သွယ်လိုက်သည်။

ဒီတစ်ခေါက် မုန်လာဥများကို စတိုးဆိုင်တွင်  တင်ရောင်းဖို့ အသင့်မဖြစ်သေးပါ။

လနတ်သမီးနှင့် တိုက်ရိုက် ရောင်းချခြင်းက သူ့ကို ငွေပိုရစေနိုင်သည်။

ဒီတစ်ခေါက် လနတ်သမီးကို အကြာကြီး စောင့်မနေရဘဲ သိပ်မကြာမီ စာပြန်လာခဲ့၏။

"အင်မော်တယ် မုန်လာဥဖြူတွေ ရှိတာလား။"

လနတ်သမီးက အံ့အားသင့်သွား၏။

"ဟုတ်ကဲ့၊ မုန်လာဥနီနဲ့ မုန်လာဥဖြူတွေ ရှိပါတယ်။ လိုချင်ပါသလား။"

ယဲ့ရှောင်ချန်းက အမြန်စာပြန်လိုက်သည်။

"လိုချင်တာပေါ့။ ရှင့်မှာ ရှိသလောက် လိုချင်တယ်၊ ပြီးတော့ ယဲ့ရှောင်ချန်း နောက်တစ်ခါ အနက်ရောင် အင်မော်တယ် ပဲစေ့တွေရှိရင် ၅ ယွမ်နဲ့ဝယ်ချင်တယ်။" လနတ်သမီးက ပြောလိုက်၏။

"အနက်ရောင် အင်မော်တယ် ပဲစေ့ဟုတ်လား။" ယဲ့ရှောင်ချန်းက အလွန် အံ့အားသင့်သွား၏။

ထိုအင်မော်တယ် ပဲစေ့က ရေဂုဏ်သတ္တိရှိသည်။ လောလောဆယ် သူ မစိုက်ပျိုးနိုင်သေးပါ။ ဖူဆန်သစ်ပင်လို ရတနာမျိုး သို့မဟုတ် အထူးဂုဏ်သတ္တိ အင်မော်တယ် မြေသြဇာမျိုးကို မဝယ်ပါက အနက်ရောင် အင်မော်တယ် ပဲစေ့များအတွက် အထူးဂုဏ်သတ္တိ စွမ်းအင်ကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပါ။

အင်မော်တယ် ယွမ် ၅ ယွမ်တောင်လား။

ယဲ့ရှောင်ချန်း သွားရည်ကျလုနီးပါးဖြစ်သွားသည်။

အရင်တစ်ခေါက် သူ့အဝါရောင် အင်မော်တယ် ပဲစေ့များကို လေလံတင်သည့်အခါ ၃.၅ အင်မော်တယ် ယွမ်သာရခဲ့ပြီး ဒါက အမြင့်ဆုံးစျေးလည်း ဖြစ်သည်။

ဒါက သူ့ကို အင်မော်တယ်ယွမ် များစွာ ပိုရစေနိုင်ပါသည်။

"လနတ်သမီး အနီရောင် အင်မော်တယ် ပဲစေ့ကော မလိုချင်ဘူးလား။"

ယဲ့ရှောင်ချန်းက အမြန်မေးလိုက်သည်။

"အနီရောင် အင်မော်တယ် ပဲစေ့က မီးဂုဏ်သတ္တိဆိုတော့ ကျွန်မရဲ့ ဂုဏ်သတ္တိနဲ့ ကိုက်ညီမှုမရှိဘူး။ မီးဂုဏ်သတ္တိကို လေ့ကျင့်တဲ့ အခြား နတ်သမီးကို မေးကြည့်ပေါ့။"

လနတ်သမီးက ထိုသို့ ပို့လိုက်သည်။

ယဲ့ရှောင်ချန်းက မေးခွန်းထပ်မမေးတော့ပါ။ သူက လနတ်သမီးနှင့် ချက်ချင်း ကုန်ဖလှယ်လိုက်သည်။

မုန်လာဥဖြူ အကောင်းများသာ မကဘဲ လှီထားသည့် မုန်လာဥများကိုပင် လနတ်သမီးက ဘာမှမပြောဘဲ ယူသွားသည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ် ၄၀၄ ယွမ် ရသွားသည်။

ပထမဆုံးအကြိမ်အဖြစ် ယဲ့ရှောင်ချန်းတွင် ဒီလောက် အများကြီး ရဖူးခြင်း ဖြစ်သည်။

သူက ရုတ်တရတ် ချမ်းသာလာပြီး ဘဝင်မြင့်သွားသလို ခံစားမိ၏။

သူ ဘာဝယ်ရမလဲ။

အင်မော်တယ်မြေကတော့ သေချာပေါက် ဝယ်ရမည်။

အင်မော်တယ် စမ်းရေကော။

ယခု အင်မောတယ် စမ်းရေ တစ်ခုတည်းနှင့် အဆင်ပြေနိုင်သော်လည်း နောက်တစ်ခုဝယ်ဖို့က ပြဿနာနည်းနည်းရှိနိုင်သည်။

"ငါဘာဝယ်ရဦးမလဲ။"

ယဲ့ရှောင်ချန်းက ထိုအတွေးကို ထပ်ခါထပ်ခါ တွေးနေမိသည်။

အင်မော်တယ်မြေနှစ်ကွက်ကို ဝယ်ဖို့တော့ လက်တွန့်မနေပါ။ အင်မော်တယ်ယွမ် ၂၀၀ ကျော်ကုန်သွားခဲ့သည်။

စတိုးဆိုင်ထဲတွင် အင်မော်တယ် ပျားအုံကို ဝယ်ဖို့  အင်မော်တယ်ယွမ် ၃၀ ထပ်ကုန်သွားသည်။ အင်မော်တယ် ပျားအုံသည် အင်မော်တယ် ဝတ်မှုန်ကူးပျားကဲ့သို့ အင်းဆက်များကို သိုလှောင်သော နေရာတစ်ခုဖြစ်၏။

ထိုအင်မော်တယ် ပျားအုံဖြင့်သာဆိုလျှင် သာမန်ဖန်ပုလင်းကိုသုံးပြီး ဝတ်မှုန်ကူး ပျားပိုးလောင်းကို ထည့်ထားစရာ မလိုတော့ပါ။

ယဲ့ရှောင်ချန်းသည် အင်မော်တယ် မျိုးစေ့အားဆေးရည်တစ်ပုလင်း ဝယ်ခဲ့သည်။

ယွမ် ၅၀ ကုန်ကျသည်။

အနီရောင်အင်မော်တယ် ပဲစေ့ ၃၀ စေ့ ထပ်ဝယ်လိုက်ပြီး ၃၀ ယွမ် ထပ်ကုန်သွားသည်။

အင်မော်တယ် မုန်လာဥမျိုးစေ့ ၂ ထုပ်။ အင်မော်တယ် မုန်လာဥဖြူ မျိုးစေ့ ၂ ထုပ်။ အဝါရောင် အင်မော်တယ် ပဲစေ့ ၃၀ ဝယ်ပြီး ယွမ် ၇၀ ကုန်သွားသည်။

ထိုနည်းလမ်းဖြင့် အင်မော်တယ်ယွမ် ၃၈၀ ယွမ် ကုန်သွားခဲ့သည်။

တစ်ပြိုင်တည်း အင်မော််တယ် ယွမ်ပမာဏမှာ ၉၀ ရာခိုင်နှုန်းကျော် လျော့သွားပြီး အင်မော်တယ်ယွမ် ၂၄ ယွမ်သာကျန်တော့သည်။

ဒီတစ်ခါတော့ သူ့အင်မော်တယ် ကျန်ငွေများကို မသုံးတော့ပါ။ အရေးပေါ်အခြေအနေတွင် သုံးဖို့သာ စုထားလိုက်သည်။

ဒီတစ်ခေါက်လို ဖြစ်မှာစိုး၍ဖြစ်သည်။ သူဖူဆန်သစ်ပင်ကို စိုက်ပျိုးစဥ်က တစ်ချိန်တည်း အနီရောင် အင်မော်တယ် ပဲစေ့များကိုပါ စိုက်ပျိုးနိုင်သော်လည်း သူ့မှာ အင်မော်တယ်ယွမ် မရှိသဖြင့် ရက်အနည်းငယ်သာ စောင့်နေနိုင်ခဲ့သည်။

All Chapters