← Chapters

အင်မော်တယ် ပျားအုံ

Vol. 7 Ch. 93

အင်မော်တယ် ပျားအုံ

Vol. 7 Ch. 93

အခန်း(၉၃) - အင်မော်တယ် ပျားအုံ

ယဲ့ရှောင်ချန်းသည် အင်မော်တယ် မြေကွက်များကို နေရာကောင်းကောင်းချလိုက်ပြီး အင်မော်တယ် ပျားအုံကို ထုတ်ယူလိုက်သည်။

အင်မော်တယ် ပျားအုံက လက်သီးဆုပ် အရွယ်လောက်သာရှိပြီး စက်ဝိုင်းခြမ်းပုံ ရှိကာ အောက်ခြေပြားသည်။ ကိုယ်ထည်တစ်ခုလုံးက သာမန်သစ်သားပုံစံနှင့်တူပြီး စိမ်းပြာရောင်ရှိသည်။ မျက်နှာပြင်ပေါ်တွင်လည်း ထူးဆန်းသော အသွင်အပြင်ရှိသည်။

အင်မော်တယ် ပျားအုံ တစ်ခုလုံးက ထင်ထင်ရှားရှားဖြစ်ပြီး သဲလွန်စ လုံးဝမတွေ့ရပါဘူး။

ဒီပျားအုံကို လွယ်လွယ်ကူကူ ဖွင့်လို့မရမှန်း ယဲ့ရှောင်ချန်း သတိထားမိပါသည်။

သို့သော်လည်း ဒီပျားအုံကို ဖွင့်ချင်ပါက သူ အထူးနည်းလမ်းများကို သုံးရလိမ့်မည်။

ဒီအင်မော်တယ် ပျားအုံက အင်မော်တယ် ရေဖြန်းဗူးနှင့် ခြားနားသည်။ ပိုင်ရှင်ရှိ ပစ္စည်းဟု အမျိုးအစား ခွဲခြားနိုင်ပြီး ပိုင်ရှင်ကို အသိအမှတ်ပြုဖို့အတွက် သန့်စင်ပေးရမည်။

ယဲ့ရှောင်ချန်းက ကျွမ်းကျင်သူ မဟုတ်သဖြင့် ကျွမ်းကျင်သူတစ်ယောက်၏ နည်းလမ်းကို သုံးပြီး သန့်စင်လို့မရပါ။ အနိမ့်ကျဆုံးဖြစ်သည့် သွေးယဇ်ပူဇော်သည့် နည်းလမ်းကိုသာ အသုံးပြုနိုင်သည်။

လက်ချောင်းကို ဓားဖြင့် လှီးလိုက်ပြီး အင်မော်တယ် ပျားအုံပေါ်သို့ သွေးစက် တစ်စက် ချလိုက်သည်။

ယဲ့ရှောင်ချန်းသည် အင်မော်တယ် ပျားအုံကို ကိုင်ထားရင်း စိတ်ဝိညာဥ် ပါရမီကို အသုံးပြုလိုက်သည်။

သွေးယဇ်ပူဇော်သည့် နည်းလမ်းကလည်း အလွယ်တကူ သုံးလို့မရပါ။ သွေးကို ကြားခံနယ်အဖြစ် အသုံးပြုပြီး အင်မော်တယ် ပျားအုံနှင့် ဆက်သွယ်ဖို့ သူ့စိတ်ဝိညာဥ် ပါရမီလို ပါရမီမျိုး ရှိရမည် ဖြစ်သည်။ အသိအမှတ်ပြုခြင်း စနစ်ကို နှိုးဆွနိုင်ဖို့ ဖြစ်သည်။

ရုတ်တရက် သွေးစက်က အင်မော်တယ် ပျားအုံအတွင်း စိမ့်ဝင်သွားသည်။

ရုတ်ချည်းဆိုသလို ယဲ့ရှောင်ချန်းက သူ့စိတ်ဝိညာဥ်ပါရမီဖြင့် အင်မော်တယ်ပျားအုံမှ အတက်အကျ အာရုံတစ်ခုကို ခံစားလိုက်ရသည်။ သူ့စိတ်အပြောင်းအလဲနှင့်အတူ အင်မော်တယ်  ပျားအုံအပေါ်တွင် အပေါက်တစ်ပေါက် ပေါ်လာ၏။

ယဲ့ရှောင်ချန်းက စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သွေးယဇ်ပူဇော်ခြင်း နည်းလမ်းကို ပြီးမြောက်သွားပြီဖြစ်သည်။ ဒီနည်းလမ်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်း မလွယ်ကူပါ။

အင်မော်တယ်ပျားအုံအတွင်းသို့ သူ ကြည့်လိုက်သည်။ အတွင်းဘက်နေရာက လုံးဝိုင်းပြီး ငွေရောင်သလင်းကျောက် စက်လုံးတစ်လုံးလို ဖြစ်သည်။

ဘွိုင်လာအိုးကို အမြန်ထုတ်လိုက်ပြီး ဝတ်မှုန်ကူးပျား ပိုးလောင်းလေးကို အင်မော်တယ် ပျားအုံထဲသို့ ထည့်လိုက်သည်။

လက်ရှိတွင် ဝတ်မှုန်ကူးပျား ပိုးလောင်းလေးမှာ ယခင်ကလို မသေးငယ်တော့ပါ။ အရွယ်ရောက်ပြီးသား ပိုးစာကောင်နှင့်တူပြီး ဖြူဖြူတုတ်တုတ်ဖြစ်သည်။

ပိုးလောင်း၏ အမြှီးပိုင်းတွင်တော့ မှေးမှေးမှိန်မှိန် မြင်သာသော ရွှေရောင်မျဥ်းကြောင်းတစ်ခုက အမြှီးပိုင်းမှ ခေါင်းပိုင်းအထိ အရောင်လက်နေသည်။ လောလောဆယ် အရှည်က သုံးပုံတစ်ပုံလောက်သာ ရှိသေးသည်။

ရွှေရောင်မျဥ်းကြောင်းက ခေါင်းနားသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝတ်မှုန်ကူးပျား ပိုးလောင်းလေးမှာ အရွယ်ရောက်သွားကြောင်း ကိုယ်စားပြုကာ ပိုးတုံးလုံး အခြေအနေဖြစ်သွားမည်ဖြစ်သည်။

ဝတ်မှုန်ကူးပျား ပိုးလောင်းက အင်မော်တယ် ပျားအုံအတွင်းသို့ ဝင်ရောက်နေသည်။

ယဲ့ရှောင်ချန်းက ပိုးလောင်းကို ထိစရာမလိုပါ။ သူက အင်မော်တယ် ပျားအုံကို အသုံးပြုနေသ၍ စိတ်ဝိညာဥ်ပါရမီဖြင့် ပိုးလောင်းကို ဆက်သွယ်နိုင်ပါသည်။

ပြောရမည်ဆိုလျှင် ဒီအင်မော်တယ် ပျားအုံက တကယ်ပဲ မှော်ဆန်လှပါသည်။

ပိုးလောင်း၏ အသိစိတ်မှ ပိုးလောင်းမှာ အလွန်ပျော်ရွှင်နေပြီး အင်မော်တယ် ပျားအုံကို သဘောကျကြောင်း အာရုံခံစားမိသည်။

ထိုကိရိယာက အင်းဆက်များအတွက် အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ထိုကိရိယာထဲတွင် နေထိုင်ပါက သူ့ရဲ့ ကြီးထွားနှုန်းမှာ မြန်ဆန်စွာ တိုးမြင့်လာမည်ဖြစ်သည်။

ယဲ့ရှောင်ချန်းက ချက်ချင်း ရောစပ်ထားသော ပျားရည်တချို့ကို ကိရိယာထဲ လောင်းထည့်လိုက်ပြီး အင်မော်တယ် ပျားအုံ၏ အပေါက်ကို ပိတ်လိုက်သည်။

အပေါက်ကို ပိတ်ထားသော်လည်း ပျားပိုးလောင်း အသက်ရှူကြပ်မည်ကို စိုးရိမ်စရာမလိုပါ။

"ဟားဟား ငါ့မှာ ဒီအင်မော်တယ် ပျားအုံရှိနေပြီဆိုတော့ နောက်ပိုင်း တကယ် အဆင်ပြေချောမွေ့နေတော့မှာပဲ။"

ယဲ့ရှောင်ချန်း လက်တစ်ဆုပ်စာ အင်မော်တယ် ကိရိယာကို ကိုင်ရင်း နောက်ပိုင်းတွင် သယ်ဆောင်ဖို့ အဆင်ပြေမည်ဖြစ်ပါသည်။ အပြင်သို့ထုတ်လျှင်တောင် အရမ်းသံသယဖြစ်စရာကောင်းမည် မဟုတ်တော့ပါ။

ယဲ့ရှောင်ချန်းသည် အင်မော်တယ် မျိုးစေ့များ စိုက်ပျိုးဖို့ ပြန်ပြင်ဆင်ရသည်။ ဒီတစ်ခေါက် အင်မော်တယ် ဆေးရည်ကို ဝယ်ခဲ့ပြီး အင်မော်တယ်မျိုးစေ့များကို ထိုဆေးရည်ထဲ ထည့်စိမ်မည် ဖြစ်သည်။

သူ့စိတ်ကူးနှင့်အတူ လည်ရှည်ရှည်၊ အဝကျဥ်းကျဥ်း ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာသည်။

ထိုကျောက်စိမ်းပုလင်းတွင် ပိုသားလို ဖြူဖြူ အနေအထားရှိသည်။

အင်မော်တယ် ဆေးရည်ကို ထည့်ထားနိုင်သည်ဆိုသဖြင့် ဤကျောက်စိမ်းပုလင်းက သာမန်ထက်ပိုရမည်။

သူအဖုံးကိုဖွင့်လိုက်သောအခါ ထူးဆန်းသည့်အနံ့တစ်ခုက ပုလင်းထဲမှထွက်လာသည်။

အင်မော်တယ် ဆေးရည်တွင် ပေးထားသည့် အညွှန်းများအရ သူအင်မော်တယ် ဆေးရည်ကို သုံးသည့်အခါတိုင်း တစ်ခါကို အစက်အနည်းငယ်သာ သုံးဖို့လိုသည်။

သူ အလွန် သတိထားရပါသည်။ အများကြီး လောင်းမိပါက အလကားဖြစ်သွားမည်။

တစ်ပုလင်းကို အင်မော်တယ်ယွမ် ၅၀ တောင် ပေးရပါသည်။

မကြာမီ အင်မော်တယ် ဆေးရည်တစ်စက်က ပုလင်းဝမှ ထွက်လာသည်။

"ဟ ဒီလည်ပင်းရှည်ရှည်၊ အဝကျဥ်းကျဥ်းပုလင်းက အရည်ကျနှုန်းကို ကန့်သတ်ပေးနိင်တာလား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားရသည်။

သူ ကျောက်စိမ်းပုလင်းကို အထက်အောက် လှန်လိုက်ရင်တောင် တစ်စက္ကန့်ကို အစက်တစ်စက်လောက်သာ ကျမည်ဖြစ်သည်။

အင်မော်တယ် ဆေးရည် သုံးစက်ကို အင်မော်တယ် စမ်းရေထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် ပုလင်းအဝကို အမြန်ပိတ်လိုက်သည်။ သိုလှောင်နေရာကွက်ထဲ ပြန်ထည့်လိုက်ပြီး အင်မော်တယ် မျိုးစေ့အားလုံးကို ထုတ်လိုက်သည်။

အင်မော်တယ် မုန်လာဥ နှစ်ထုပ်၊ အင်မော်တယ် မုန်လာဥဖြူ နှစ်ထုပ်၊ အနီရောင် အင်မော်တယ် ပဲစေ့ ၃၀၊ အဝါရောင် အင်မော်တယ် ပဲစေ့ ၃၀။

စုစုပေါင်း အင်မော်တယ် ယွမ် ၁၀၀ ဖြစ်သည်။

ဒီပမာဏနဲ့ဆို အင်မော်တယ် မြေတစ်ကွက်တောင် ဝယ်လို့ရပါသည်။

ယဲ့ရှောင်ချန်းက အသက်ဝဝရှူကာ အင်မော်တယ် မျိုးစေ့အားလုံးကို ဘွိုင်လာအိုးထဲ မထည့်ဘဲ အင်မော်တယ် မျိုးစေ့တချို့ကို ဒီတိုင်း စိုက်ဖို့ ချန်ထားလိုက်သည်။ ဒါမှ ကွာခြားချက်ကို သိနိုင်မည်ဖြစ်သည်။

ရှန်းနုန်တစ်ယောက် အနေဖြင့် သူ့အကြံနှင့်သူ ရှိတတ်ရပြီး သုတေသန လုပ်တတ်ရသည်။ ဒါမှသာ တိုးတက်နိုင်မည် ဖြစ်ပါသည်။

"မျိုးစေ့ရဲ့ အလားအလာကို မြင့်တက်နိုင်စေဖို့ ၁၂ နာရီ စိမ်ရမယ်။"

ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များပေါ်လာသည်။

မျိုးစေ့များကို အင်မော်တယ် ဆေးရည်ထဲ စိမ်လိုက်ခြင်းဖြင့် ဘယ်လိုပြောင်းလဲမှုမျိုး ဖြစ်လာမည်မှန်းမသိပါ။

ရုတ်တရက် သူ့ရင်ထဲတွင် အတွေးတစ်ခုပေါ်လာ၏။ သာမန်မျိုးစေ့များကိုသာ အင်မော်တယ် ဆေးရည်ဖြင့် စိမ်လိုက်ပါက ဘယ်လို ပြောင်းလဲသွားမလဲမသိပေ။

ညအချိန်တွင်။

ယဲ့ရှောင်ချန်းက အင်မော်တယ် မြေပေါ်က ဝါးကုတင်ပေါ်လှဲလျောင်းရင်း ဝီချက်တွင် ဝမ်ရှင်းယီနှင့် စကားပြောနေသည်။

အခုတော့ သူတို့နှစ်ယောက်က ဘာအကြောင်းအရာမဆို ပြောကြပြီး ဘာမှ အားမနာတတ်ကြတော့ပါ။

ဝီချက်တွင် ဝမ်ရှင်းယီက အလွန် စိတ်သက်တောင့်သက်သာရှိပြီး တစ်ခါတစ်ရံ ဟာသများပင် ပြောတတ်သည်။

"ကျွန်မ အိပ်တော့မယ်။"

ဝမ်ရှင်းယီက စာပို့လိုက်၏။

ယဲ့ရှောင်ချန်းက အချိန်ကို ကြည့်လိုက်သည်။ အချိန်က အကုန်မြန်လွန်းပါသည်။ ၁၀ နာရီပင် ကျော်နေလေပြီ။

ဝမ်ရှင်းယီတွင် ပုံမှန် အချိန်ဇယားရှိ၏။ ညဘက် ၁၀ နာရီမကျော်ခင် အိပ်ယာဝင်ပြီး မနက်ပိုင်း ၆နာရီတွင် အိပ်ယာထမည်ဖြစ်သည်။

စကားပြောခန်းထဲတွင် သူမက ယဲ့ရှောင်ချန်းကို စောစောအိပ်ဖို့နှင့် ညဘက်နောက်ကျသည်အထိ မနေဖို့ တိုက်တွန်းတတ်သည်။ ဒါက ခန္ဓာကိုယ်အတွက် မကောင်းဘူးဟု ဆိုသည်။

ယဲ့ရှောင်ချန်းကလည်း သဘောတူပါသည်။

သို့သော် နောက်ကျမှ အိပ်စက်လျှင်တောင် သူဘာမှမဖြစ်ပါ။ ယခင်က အလွန်ခက်ခဲခဲ့သော်လည်း ယခုတော့ စိုက်ပျိုးရေးခြံမှ ဟင်းသီးဟင်းရွက်များကို နေ့တိုင်းစားပြီး ခြံမှ လေများကို နေ့စဥ်ရှူရှိုက်နေရသဖြင့် သူ့ခန္ဓာကိုယ် ကျန်းမာရေးက ကောင်းမွန်နေပါသည်။

သူ ဝီချက်ကို ပိတ်ဖို့ ပြင်လိုက်စဥ် ရုတ်တရက် လီထျင်ထျင်ကို အပ်ခဲ့သည့် နေ့အကြောင်း သတိရသွားသည်။

ဒီရက်ပိုင်းထဲ သူအလုပ်များလွန်းနေသဖြင့် လီထျင်ထျင်နှင့် စကားပြောဖို့ အချိန်မရှိခဲ့ပါ။

"လီထျင်ထျင် အိပ်နေပြီလား။"

ယဲ့ရှောင်ချန်းက သူမကို မက်ဆေ့ချ်ပို့လိုက်သည်။

သို့သော်လည်း လီထျင်ထျင်က အိပ်နေလောက်ပြီဟု ခန့်မှန်းမိပါသည်။

မိန်းမလှလေး တစ်ဦးအတွက် အိပ်ယာဝင်နောက်ကျခြင်းက အလှအပမျက်နှာအတွက် အကြီးမားဆုံးရန်သူဖြစ်သည်။

ရှရှီမြို့၊ အဆင့်မြင့် တိုက်ခန်းတွင် လီထျင်ထျင်က စာကြည့်စားပွဲတွင်ထိုင်ရင်း စာအုပ်ထူထူကြီး တစ်အုပ်ကို လှန်ကြည့်နေသည်။

အချိန်အကြာကြီး ကြည့်ပြီးနောက် ပင်ပန်းသွားသည့်ပုံပေါက်ပြီး  ခါးကိုပျင်းပျင်းရိရိ ဆန့်ကာ ဘေးနားရှိ ခွက်တစ်ခုကို ယူပြီး သောက်လိုက်သည်။

ထို့နောက် ကိုင်းနက်မျက်မှန်ကို ချွတ်လိုက်ပြီး တံတောင်ဆစ်နှစ်ခုကို စားပွဲပေါ်တင်ကာ လက်နှစ်ဖက်လုံးဖြင့် မျက်လုံးလေ့ကျင့်ခန်း လုပ်လိုက်သည်။

ရုတ်တရက် ဖုန်းမြည်သံတစ်ခု ထွက်လာ၏။

လီထျင်ထျင်က မျက်လုံးလေ့ကျင့်ခန်း လုပ်နေတာ ကြာပြီဖြစ်သည်။ သူမ၏ မျက်လုံးများကို ခေတ္တပိတ်ပြိး ပြန်ဖွင့်လိုက်သည်။ ထို့နောက်မတ်တပ်ရပ်ပြီး ပြတင်းပေါက်အနားသွားကာ မြို့တော်၏ ညမြင်ကွင်းကို ကြည့်လိုက်သည်။

ခေတ္တမတ်တပ်ရပ်ပြီးတော့ သူမမျက်လုံးများ သက်တောင့်သက်သာရှိသွားပြီး စားပွဲသို့ပြန်သွားကာ ဖုန်းကိုယူလိုက်သည်။

"ဟင် သူပါလား။"

ဒီရက်ပိုင်း ယဲ့ရှောင်ချန်းထံမှ မက်ဆေ့ကို သူမစောင့်မျှော်နေခဲ့၏။ သို့သော်လည်း ယဲ့ရှောင်ချန်း သူမကိုမေ့သွားပြီး ဘာမှလှုပ်ရှားမှုမရှိသဖြင့် သူမအချိန်အတော်ကြာ အပြစ်တင်နေခဲ့ပါသည်။

သို့သော်လည်း သူမစိတ်ထဲတွင်တော့ ယဲ့ရှောင်ချန်း၏ ပုံရိပ်က အမြဲတွယ်ငြိနေခဲ့သည်။

All Chapters