← Chapters

မျှော်လင့်ချက်

Vol. 7 Ch. 94

မျှော်လင့်ချက်

Vol. 7 Ch. 94

အခန်း(၉၄) - မျှော်လင့်ချက်

"ဟင်း ရှင်စောစောစီးစီးကတည်းက ပို့ရမှာ အခုတော့ ကျွန်မ စာမပြန်နိုင်ပါဘူးနော်။"

လီထျင်ထျင်က စာပြန်ဖို့ ကြံလိုက်စဥ် ပါးပါးနပ်နပ် ပြုံးလိုက်၏။

ထူးဆန်းသည်။ အစက သူမ၏ စရိုက်မှာ ဒီလိုပုံစံမျိုး မဟုတ်ပေ။

သူဌေးသားတွေ ဘယ်နှယောက်၊ အရာရှိသားတွေ ဘယ်နှယောက် သူမကို လိုက်ဖို့ ကြံနေသလဲ ဆိုတာ မှတ်ပင် မမှတ်မိတော့ပါ။ သို့သော်လည်း သူမသည် သူတို့ကို ဟန်ဆောင်ပန်ဆောင် စကားပင် ပြန်မပြောခဲ့ပါ။ အလွန်နည်းပါးသော စကားလုံးလေးများကတောင် သူမအား အလွန်သဘောကျသွားစေနိုင်သည်။

ထို့နောက် ယဲ့ရှောင်ချန်းကို တွေ့ခဲ့၏။ သာမန်ပုံစံနှင့် သိပ်ပြီးလည်း မချောမောသော ယောက်ျားလေး တစ်ဦးဖြစ်သည်။ သို့သော် သူမ ရင်ထဲတွင်တော့ လေးလေးနက်နက် သဘောကျနေမိ၏။

ဧကန္တ အထူးအပင်သုတေသနအဖွဲ့အစည်းတွင် ယဲ့ရှောင်ချန်း ကမ္ဘာ့ထိပ်တန်း ရုက္ခဗေဒပညာရှင်များနှင့် ရင်ဆိုင်ကာ အံ့အားသင့်စရာ သူ့ပါရမီကို ထုတ်ပြခဲ့စဥ်က သူမ သဘောကျသွားမိခဲ့ခြင်း ဖြစ်နိုင်သည်။

အချိန်အတော်ကြာသည်အထိ ယဲ့ရှောင်ချန်းက သူမကို မက်ဆေ့ချ်ချ်များ ပို့လိမ့်မည်ဟု ထင်ထားမိသည်။ သို့သော်လည်း ဝီချက်ထဲတွင် ယဲ့ရှောင်ချန်း ဘာမှလှုပ်ရှားမှု မရှိသည်ကို မြင်လိုက်ရသည်။

"ပျော်စရာ မကောင်းလိုက်တာ။ နောက်တစ်ခု ထပ်ပို့လိုက်လေ၊ ဒါဆို ချက်ချင်း စာပြန်ပေးမယ်။"

လီထျင်ထျင်က အနည်းငယ် စိတ်လှုပ်ရှားလာ၏။

လီထျင်ထျင်သည် ခပ်မြန်မြန်ပင် အရင်မက်ဆေ့ချ်ကိုပဲ စာပြန်လိုက်တော့သည်။ "ကျွန်မ မအိပ်သေးဘူး။ အခုနက ရှင့်မက်ဆေ့ချ်ကို မမြင်လို့၊ ဘာကိစ္စရှိလို့လဲ။"

ထိုသို့ သူမ စာပို့ပြီးသွားတော့ အားရကျေနပ်သွား၏။ သူမ၏ သွေးအေးအေးစတိုင်ကို ထုတ်ပြနိုင်လိုက်နိုင်သည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း ဝီချက်ထဲတွင် ယဲ့ရှောင်ချန်းက မည်သည့် လှုပ်ရှားမှုမှ မရှိချေ။

"သူ အိပ်သွားတာတော့ မဟုတ်ပါဘူးနော်။"

လီထျင်ထျင်က နှုတ်ခမ်းကိုက်လိုက်၏။ သူမ အနည်းငယ် ဒေါသထွက်သွားသည်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်က အစောကြီး အိပ်နေသည်တဲ့လား။ နောက်ကျမှ အိပ်စက်အနားယူခြင်းက လူငယ်များ၏ အကြီးမားဆုံး အကျင့်ဆိုတာ မသိဘူးလား။

သူမ ဘာပဲတွေးတွေး ယဲ့ရှောင်ချန်း ဝီချက်ထဲတွင် ဘာမှလှုပ်ရှားမှုမရှိပါ။

သူမ နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့ချင်သော်လည်း သူမကို စိတ်မရှည်လွန်းသည်ဟု ယဲ့ရှောင်ချန်းအား မထင်စေချင်ပါ။

လီထျင်ထျင်တစ်ယောက် ဆူပုတ်နေရင်း စာပင်ဆက်မဖတ်နိုင်တော့ပေ။

မနက်အစောပိုင်း နာရီများအထိ ဝီချက်တွင် မည်သည့်လှုပ်ရှားမှုမျိုးမှ မရှိခဲ့ပါ။

မတတ်နိုင်တော့ဘဲ စိတ်အခြေအနေ မကောင်းစွာဖြင့် လီထျင်ထျင်တစ်ယောက် အိပ်ယာဝင်သွားရတော့သည်။

အမှန်တကယ်တော့ ယဲ့ရှောင်ချန်းသည် သူ မက်ဆေ့ချ်ပို့ပြီးနောက် လီထျင်ထျင်က စာမပြန်တာကို မြင်ပြီး သူမ အိပ်ပျော်နေသည်ဟု ယဲ့ရှောင်ချန်းက ထင်သွားခြင်းဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အချိန်ကို ကြည့်လိုက်သောအခါ စောနေပါသေးသည်။ ထို့ကြောင့် ရှန်းနုန်မိတ်ဆက် စာအုပ်ကို ထုတ်ပြီး စာဖတ်နေခဲ့၏။

သူ့ခေါင်းထိပ်တွင် မီးလုံးတစ်လုံးက လင်းထိန်နေသည်။

ထို့ကြောင့် စာလုံးများကို သေသေချာချာ မြင်နေရပါသည်။

"ရှန်းနုန်စနစ်မိတ်ဆက်လမ်းညွှန် စာအုပ်က တကယ် ကျယ်ပြန့်တာပဲ။ ငါ အခုချိန်ထိ သိခဲ့မြင်ခဲ့ရတာတွေအားလုံးက အဲ့တာရဲ့ တစိတ်တပိုင်း သေးသေးလေးပဲ ရှိသေးတယ်။"

ယဲ့ရှောင်ချန်းသည် တောင့်တင်းနေသော သူ့လည်ပင်းကို ခါလိုက်သည်။

သူ စာဖတ်နေသည်မှာ အတော်ကြာပြီဖြစ်၏။

သူက အချိန်အားတိုင်း ဒီစာအုပ်ကိုပဲ ဖတ်ဖြစ်သည်။ ဒီစာအုပ်ထဲတွင် ကမ္ဘာမြေပေါ်၌ မတွေ့နိုင်သော အံ့အားသင့်စရာ အသိပညာများစွာ ပါဝင်နေသည်။

ဒီစာအုပ်ထဲမှ မည်သည့်အသိပညာကိုမဆို ကမ္ဘာမြေပေါ်တွင် အသုံးချပါက မြေပြိုလောက်သည့် ရလဒ်များ ရလာနိုင်မည်ကို စိုးရိမ်နေသည်။

ကံမကောင်းစွာဖြင့် သူ ဒီတိုင်းသာ မြိုသိပ်ထားပြီး အတင်းမှတ်သားထားရသည်။

အခြေခံသာဖြစ်ပြီး စာအုပ်က ကြီးမား ကျယ်ပြန့်လှပါသည်။

သူ ဖရဲသီးဖျော်ရည် သောက်လိုက်၏။ အေးမြ လန်းဆန်းပြီး အလွန်သက်တောင့်သက်သာ ရှိလှပါသည်။

ဒီဒုတိယ ဖရဲသီးတစ်သုတ်က စိုက်ပျိုးရေးခြံထဲမှ ယခင်ဖရဲသီးအသုတ်ကပဲ ကြီးထွားလာခြင်းဖြစ်သည်။

ထိုဖရဲသီးများမှာ ကြီးမား၊ ဆူဖြိုး၊ ပုံသဏ္ဌာန် လှပပြီး အလွန်အရသာရှိလှပါသည်။

အစကတည်းက သူ မည်သည့်ပိုးသတ်ဆေးမှ မသုံးခဲ့ပါ။

ဖရဲသီးများတင်မဟုတ်ဘဲ ရှန်းနုန်စနစ်ရပြီး ကတည်းက ဘယ်လိုပိုးသတ်ဆေးကိုမှ အသုံးမပြုခဲ့ပါ။

ဒါက သူ့အင်းဆက်ခုခံနိုင်စွမ်း  ပါရမီနှင့်သာ သက်ဆိုင်နေသည်။

ယဲ့ရှောင်ချန်းသည် ဖုန်းကို စစ်ကြည့်လိုက်၏။ မနက်အစောကြီးသာ ရှိသေးသဖြင့် စာဆက်ဖတ်နေလိုက်သည်။

ရုတ်တရက် ယဲ့ရှောင်ချန်းတစ်ယောက် ခါးမတ်သွားပြီး ရှန်းနုန်မိတ်ဆက်လမ်းညွှန်ထဲက စာကြောင်း တစ်ကြောင်းကို ဖတ်ကြည့်လိုက်သည်။

"အင်မော်တယ် လေမြက်၊ အဝါရောင်အတန်းအစား သတ္တမအဆင့်၊ အဲ့ဒီမြက်ပင်မှာ နားတွင်းအင်္ဂါများကို အားကောင်းစေကာ ပြန်လည်ပြုပြင်ပေးနိုင်သည့် မှော်ဆန်တဲ့ အာနိသင်များရှိသည်။ ၎င်းကို အကြားအာရုံကို မြှင့်တင်ရန်အတွက် မှော်စွမ်းအားများကို သန့်စင်ရန်အတွက် ကုန်ကြမ်းအဖြစ်လည်း အသုံးပြုနိုင်သည်..."

ယဲ့ရှောင်ချန်းက ထိုစာပိုဒ်ကို ဖတ်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

"ကောင်းလိုက်တာ။ နောက်ဆုံးတော့ နားအကြားအာရုံကို ပြန်ပြင်ပေးနိုင်တဲ့ အင်မော်တယ် အပင်တစ်မျိုးတွေ့ပြီ။ ရှင်းယီကို ကုသပေးနိုင်ဖို့ မျှော်လင့်ချက် ရှိလာပြီ။"

ယဲ့ရှောင်ချန်း၏ မျက်လုံးများ တောက်ပသွားသည်။

ယဲ့‌ရှောင်ချန်းသည် အမြဲတမ်း ဝမ်ရှင်းယီ၏ ချို့ယွင်းချက်ကို ကုသပေးချင်ခဲ့သည်။ စတိုးဆိုင်တွင် သူ တစ်ခါ ရှာကြည့်ဖူး၏။ သက်ဆိုင်သော ဒန် ဆေးဝါးများ ရှိပါသည်။

သို့သော်လည်း ထိုကဲ့သို့ ဒန် ဆေးဝါးများက စျေးအလွန်ကြီးကာ အရေးအကြီးဆုံးက သာမန် မော်တယ်များ မသောက်သုံးနိုင်ခြင်း ဖြစ်သည်။

ထို့အပြင် ထိုဒန်ဆေးဝါးများမှ အင်မော်တယ် ချီကိုလည်း ထုတ်ယူလို့ မရနိုင်ပါ။

ထိုဒန်ဆေးဝါးများက အင်မော်တယ် အပင်များနှင့် ခြားနားသည်။ ၎င်း၏ တန်ခိုးနှင့် အင်မော်တယ်ချီကို တင်းကျပ်စွာ ထည့်သွင်းထားပြီး စကားဖြင့် မရှင်းပြနိုင်သော မှော်အာနိသင်များကို ဖြစ်ပေါ်စေသည်။

အင်မော်တယ်ချီကို ဖယ်ရှားလိုက်ပါက ဆေးစွမ်းအင်က ပျောက်ကွယ်သွားပြီး ထိုဆေးဝါးက ချက်ချင်း အာနိသင်မဲ့သွားလိမ့်မည်။

စိိတ်ဝိညာဥ်ကို ဖယ်ထုတ်ပြီးနောက် အင်မော်တယ် အပင်များကိုသာ သုံးနိုင်သည်။

အခုတော့ နားအကြားအင်္ဂါကို ပြန်လည် ပြုပြင်နိုင်သော အင်မော်တယ် အပင်တစ်မျိုးကို ရှာတွေ့ခဲ့လေပြီ။

ထို့အပြင် စိတ်ဝိညာဥ်ကိုလည်း ဖယ်ရှားနိုင်၏။

အပျော်နှစ်ဆ လွန်သွားခဲ့ပါသည်။

သူ့အတွေးများကို အမြန်ဆုံး လုပ်ဆောင်ခဲ့သည်။ ရှန်းနုန်စနစ်ကို ဖွင့်ပြီး သူ့အာရုံအားလုံးကို စတိုးဆိုင်ထဲတွင်သာ နှစ်ထားလိုက်သည်။

သူ့ဖုန်းသံ မြည်လာ၏။

ယဲ့ရှောင်ချန်းက ဂရုမစိုက်ပါ။ လောလောဆယ် စတိုးဆိုင်ထဲတွင် အင်မော်တယ် လေမြက်ကို ရှာဖွေနေသည်။

"စတိုးဆိုင်ထဲမှာ အင်မော်တယ် လေမြက် တကယ်ရှိတာပဲ။"

ယဲ့ရှောင်ချန်းက အင်မော်တယ် လေမြက် တည်ရှိမှုကို တကယ်မြင်ခဲ့ပါသည်။

သို့သော်လည်း စျေးနှုန်းကိုတော့ သူမတတ်နိုင်ခဲ့ပါ။ ထိုအင်မော်တယ် လေမြက်က အဝါရောင်အဆင့် သတ္တမစဥ် အင်မော်တယ် အပင်များဖြစ်ပြီး ချွတ်ယွင်းအဆင့်လည်းမဟုတ်ဘဲ အနည်းဆုံး အဆင့်နိမ့် ထွက်ကုန် လောက်ရှိနိုင်သည်။

အဆင့်နိမ့် အင်မော်တယ် လေမြက်က အနည်းဆုံး အင်မော်တယ် ယွမ် ၂၀၀ ကျော်ကုန်ကျနိုင်သည်။

အလယ်အလတ်အဆင့်နှင့် ထိပ်တန်းအဆင့် အင်မော်တယ်လေမြက်များကတော့ အလွန့်အလွန် စျေးကြီးနိုင်ပါသည်။

ယဲ့ရှောင်ချန်း ဘာမှမတတ်နိုင်ဘဲ နာနာကျင်ကျင် ရယ်လိုက်ရသည်။

လောလောဆယ် သူ့တွင် အင်မော်တယ်ယွမ် ၂၀ သာရှိသည်။ သူ့အင်မော်တယ် ပဲစေ့များ အရွယ်ရောက်လာပြီး မရောင်းချနိုင်သေးခင် အထိ သူ ဝယ်နိုင်လောက်မည် မဟုတ်ပါ။

သို့သော်လည်း ရလဒ်အနေဖြင့် သူ့စိုက်ပျိုးရေး၏ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်ခြင်းက အလွန်ကောင်းမွန်ပါလိမ့်မည်။

အင်မော်တယ် ယွမ် ၂၀၀ ကျော်တောင် ဖြစ်သဖြင့် အင်မော်တယ် မြေနှစ်ကွက်ပင် ဝယ်နိုင်လောက်သည်။

"ဟုတ်သားပဲ အင်မော်တယ် လေမြက် မျိုးစေ့လည်း ရှိမှာပေါ့။ ငါ့ဖာသာငါ စိုက်လိုက်ရမလား။"

ရုတ်တရက် ယဲ့ရှောင်ချန်းသည် တစ်စုံတစ်ခုကို စဥ်းစားမိပြီး မျက်လုံးများ အရောင်လက်သွားသည်။

ဧကန္တ အင်မော်တယ် လေမြက်ကို သူစိုက်ပျိုးပါက ချွတ်ယွင်းအဆင့်ထွက်လာနိုင်သော်လည်း ချွတ်ယွင်းအင်မော်တယ်အပင်က အင်မော်တယ်အပင်ပဲဖြစ်သည်။

အာနိသင်ကတော့ သေချာပေါက် အလုပ်ဖြစ်မှာပါ။

ဆန့်ကျင်ဘက်အနေဖြင့် အင်မော်တယ် လေမြက်များက အဆင့်မြင့်သည်။ အင်မော်တယ်ချီကို လုံးဝ မဖယ်ရှားပါက မော်တယ်များအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။

သူ မစွန့်စားရဲပါ။

စိတ်ချရသည်က ပိုကောင်းပါသည်။ ချွတ်ယွင်းအဆင့် အင်မော်တယ် မြက်ပင်က ထင်သလောက် မကောင်းရင်တောင် စတိုးဆိုင်မှ အဆင့်နိမ့် အင်မော်တယ် လေမြက်ကို ဝယ်ယူနိုင်သေးသည် မဟုတ်ပါလား။

ထိုအထိစဥ်းစားပြီး ယဲ့ရှောင်ချန်း စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

ချက်ချင်း စတိုးဆိုင်ထဲတွင် အင်မော်တယ် လေမြက်မျိုးစေ့ကို ရှာကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပင်။

အဝါရောင်အတန်းအစား သတ္တမအဆင့် အင်မော်တယ် လေမြက်မျိုးစေ့ စျေးနှုန်းများကလည်း မနည်းပါ။

အဝါရောင်အတန်းအစား ဒုတိယအဆင့် ပဲစေ့များက တစ်စေ့ကို အင်မော်တယ်ယွမ် ၁ ယွမ်ကုန်သည်။

အင်မော်တယ် လေမြက်မျိုးစေ့များကတော့ တစ်စေ့ကို အင်မော်တယ်ယွမ် ၁၂ ယွမ်ကုန်ကျပါသည်။

"စျေးကြီးလိုက်တာကွာ။"

ယဲ့ရှောင်ချန်းက မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။

အင်မော်တယ် လေမြက်များနှင့် အင်မော်တယ် ပဲစေ့များက မတူညီကြပေ။ အင်မော်တယ် ပဲပင်များက အင်မော်တယ် ပဲတောင့်များစွာ သီးနိုင်ပြီး ဒီအင်မော်တယ် လေမြက်ပင်များကတော့ အင်မော်တယ် အပင်တစ်ခု အဖြစ်သို့သာ ဖွံဖြိုးနိုင်သည်။

ချွတ်ယွင်းအဆင့် အင်မော်တယ် လေမြက်စျေးက အင်မော်တယ်ယွမ် ၈ - ၉ ယွမ်လောက်သာ ရှိသည်။

ထို့ကြောင့် သူ့တွင် သန့်စင်မှုပါရမီ မရှိပါက စိုက်ပျိုးလျှင် ငွေရှုံးမည်ဖြစ်သည်။

ယဲ့ရှောင်ချန်းလို သန့်စင်မှုပါရမီရှိသော ရှန်းနုန်တစ်ယောက်ကသာ ပိုမြင့်သော စျေးကို ရနိုင်ပြီး အရင်းပြန်ရကာ အမြတ်အစွန်း သေးသေးလေး ရနိုင်ပါလိမ့်မည်။

"ကြည့်ရတာ အပင်ရဲ့ အဆင့် ပိုမြင့်လေလေ စိုက်ပျိုးဖို့ စွန့်စားရတာ ပိုကြီးလေလေထင်တယ်။"

ယဲ့ရှောင်ချန်း ရုတ်တရက် နားလည် သဘောပေါက်သွားသည်။

နောက်ဆုံးတွင် ချွတ်ယွင်းအဆင့် ထွက်ကုန်က အရည်အသွေး မပြည့်မှီသဖြင့် အမြတ်ရဖို့ဆိုတာက ထူးဆန်းပါသည်။

ယဲ့ရှောင်ချန်းသည် အင်မော်တယ် အပင်များကို စိုက်ပျိုးပြီး သန့်စင်မှုစွမ်းအင်ပါရမီ ဘောနပ်စ်ကို မရထားပါက ဘာမှရောင်းနိုင်လိမ့်မည် မဟုတ်ပါ။

All Chapters